
ရန်ကုန်မြို့တော်တွင် ဆန္ဒဖော်ထုတ်မှု အများဆုံးဖြစ်ပွားသော နယ်မြေဖြစ်သည့် ရန်ကုန်အနောက်ပိုင်း ခရိုင်မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်ကို ဧပြီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင်သို့ မူလရာထူးဖြင့် ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အသိုင်း အဝိုင်း ထံမှ စုံစမ်းသိရှိရသည်။














