၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲမသမာမှုများကို အတတ်နိုင်ဆုံး အကာအကွယ် ပေးသွား မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ဧပြီလ ၂ ရက် ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလ မီဒီယာနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် မီဒီယာများ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။
Friday, 3 April 2015
ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်လာသည့် မြန်မာအယောက်၂၀ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်ထဲမှာ ဧပြီလ ၁ ရက်နေ့က တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၀ ဦးကို ဖမ်းဆီးရမိတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှားရောက် မြန်မာတွေ ဌာနေပြန်ဖို့ ထိုင်းအဖွဲ့ ကူမယ်

အင်ဒိုနီးရှားနိုင်ငံ အမ်ဘွန်းကျွန်းမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ငါးဖမ်းလှေလုပ်သားတွေ နေရပ် ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမယ်လို့ ထိုင်းအခြေစိုက် NGO တခုဖြစ်တဲ့ LPN အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှား ပင်လယ်ပြင်မှာ ငါးသွားဖမ်းတဲ့ ထိုင်းငါးဖမ်းလှေတွေနဲ့ မြန်မာ အလုပ်သမားတွေ လိုက်ပါသွားရာကနေ အကြောင်းအမျိုးမျိုးနဲ့ အဲဒီမှာ သောင် တင်နေကြတာ ဖြစ်ပါတယ်။
အောက်လွှတ်တော်အမတ် နန်စီ ဦးဆောင်သောအဖွဲ့ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ အဓိကဆွေးနွေး

သမ္မတဦးသိန်းစိန်နှင့် ကန်အောက်လွှတ်တော်အမတ် နန်စီပလိုစီ (ဓာတ်ပုံ −သမ္မတရုံး)
အမေရိကန်အောက် လွှတ်တော်အမတ် နန်စီပလိုစီ ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊ ကုန်သွယ်ရေးနှင့် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲအရေးတို့ကို ဦးစားပေးဆွေး နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်သည်။
ကယားပြည်နယ်ရှိ မူလတန်းပြ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအတွက် (မွမ်းမံ)သင်တန်း ဖွင့်လှစ်
ကယားပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ပညာသင်ကြားပေးနေသည့် မူလတန်းပြ စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမများ အတွက် မွမ်းမံသင်တန်းကို ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာ ဖွင့်လှစ် သွားမည်ဟု ယင်းသင်တန်းကို ဦးစီးဖွင့်လှစ်သည့် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ပညာရေး လက် ထောက် တာဝန်ခံ ခူးဝေလင်းဦးက မဇ္ဈိမကို ပြောသည်။
စာရေးဆရာထင်လင်းဦး အမှု (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

စာရေးဆရာထင်လင်းဦးအား ရုံးထုတ်စစ်ဆေးနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
ချောင်းဦးမြို့နယ် ဟော ပြောပွဲတစ်ခုတွင် ဘာသာသာ သနာစော်ကားပြောဆိုသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံရ သော စာရေးဆရာထင်လင်းဦး အား ချောင်းဦးမြို့နယ် တရားရုံး၌ ဧပြီ ၂ ရက်က (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။
စစ်လေယာဉ်ဗုံးကျ၍ လူသေဆုံးမှု တရုတ်ကို မြန်မာအစိုးရ တောင်းပန်

သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့သော နိုင်ငံ ခြားရေးပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီတို့ ဧပြီ ၂ ရက်တွင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − ဆင်ဟွာ)
တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ စစ်လေယာဉ်မှဗုံးကျခဲ့ပြီး လူငါးဦး သေဆုံးခဲ့ရခြင်းအပေါ် မြန်မာအစိုးရက တောင်းပန်ပြီး တာဝန်ရှိ ကြောင်း လက်ခံလိုက်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ကြား သည်။
တရားမမှုများ သီးသန့်စစ်ဆေးသည့် တရားရုံးများ ဖွဲ့စည်းရန် အစီအစဉ်မရှိဟုဆို
နှစ်နှင့်ချီ၍ ရင်ဆိုင်နေကြရသော တရားမမှုများကို သီးသန့်စစ်ဆေးစီရင်ရသည့် တရားရုံးများ ဖွဲ့စည်း ဆောင်ရွက်ရန် မရှိသေးကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးစိုးညွန့်က ပြောကြား သည်။
ကင်ညာကောလိပ် တိုက်ခိုက်မှု ၁၇၄ ဦးသေဆုံး

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ အရှေ့ဘက်အရပ်က တက္ကသိုလ်တခုမှာ တနေကုန် စီးနင်းတိုက်ခိုက်မှု အတွင်း အယ်ရှာဘတ် အစ္စလာမ်မစ် စစ်သွေးကြွ ၄ ယောက်နဲ့ လူပေါင်း ၁၄၇ ယောက် သေဆုံးပြီး၊ အဆုံးသတ်ခဲ့တဲ့ အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ငြိမ်းချမ်းရေး အလင်းတန်း ဘယ်လောက် လင်းနိုင်မလဲ
"ငြိမ်းချမ်းရေး အလင်းရောင်သာမက ငြိမ်းချမ်းရေး အလင်းတန်းတွေပါ လင်းလာပါပြီ" မတ်လ ၃၁ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ်မူကြမ်း NCA တွင်ပါရှိမည့် အချက်များကို နှစ်ဘက် သဘောတူ လက်မှတ်ထိုးပြီးနောက် သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့သည့် စကားဖြစ်သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဋ္ဌာန MPC တွင် မတ်လ ၃၁ ရက်က ပြုလုပ်သည့် လက်မှတ်ထိုးပွဲသို့ သမ္မတကိုယ်တိုင် တက်ရောက် လာခဲ့ခြင်းသည် လက်မှတ်ထိုးမှုကို အထူးတလည် အလေးထားကြောင်း ထင်ရှားသည်။
အရည်အသွေးမရှိသည့် ပညာရေးပေးရန် အမျိုးသား လွှတ်တော် ဆုံးဖြတ်ဟု NNER ထုတ်ပြန်
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၏ ဥပဒေကြမ်း ကော်မတီက ပြန်လည်ပြင်ဆင်ရေးသားပြီး အတည်ပြုလိုက်သည့် အချက်များကို ရည်ညွှန်းလျက် အမျိုးသား လွှတ်တော်သည် အရည်အသွေးမရှိသည့် ပညာရေးကို ပေးရန် ဆုံးဖြတ်ပေးလိုက်သည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER က ထုတ်ပြန်လိုက်သည်။
ဗန်းမော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ လွယ်ဂျယ်နယ်စပ်သို့ ၁၀ ဘီးကားကြီးများဖြင့် တစ်ရက်လျှင် မီးသွေးတန် ၁၀၀ ခန့် ခိုးထုတ်နေ

ဗန်းမော်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံသို့တင်ပို့မည့် မီးသွေးအိတ်များကို ဧပြီ ၁ ရက်က တွေ့ရစဉ်
ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ဂိတ်မှ တစ်ရက်လျှင် တန် ၁ဝဝ နီးပါးတင်ပို့နေမှုကို မတ် ၂၃ ရက်က ကချင်ပြည်နယ် လွှတ်တော်တွင် မေးမြန်းဆွေးနွေးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်ငါးဦး သေဆုံးမှုကို တရားဝင်တောင်းပန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်း တုကျွေးရွာအနီး ကြံခင်း တွင် မြန်မာစစ်လေယာဉ်က ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက တရုတ်အား ဧပြီ ၂ ရက်က တရားဝင်တောင်းပန်ခဲ့ကြောင်းသတင်းဖော်ပြချက်များအရသိရသည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရေး ဆန္ဒပြခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦးကို စတင်ရုံးထုတ်သည့် နေ့မှာပင် ပြည်မြို့နယ် ဒုတိယတရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလ ချမှတ်
ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့မှ တရားလွှတ်တော်ရှေနေ့ ဦးမြင့်အေးနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ကိုမျိုးသူထွဋ်တို့ နှစ်ဦးအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ရုံးတင်စစ်ဆေးသည့် နေ့မှာပင် ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံသဖြင့် ဒုမြို့ နယ် တရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလအမိန့် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီတို့ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:NLD Chairperson facebook)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမို ကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် နေပြည် တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက် ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွှတ်ပေးရေး လှည်းတန်းတွင် စတစ်ကာ လှုပ်ရှားမှု ပြုလုပ်

ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ဧပြီ ၂ ရက်က လှည်းတန်းတွင် စတစ်ကာလှုပ်ရှားမှု ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသားများကို အမြန်ဆုံး ပြန်လွှတ် ပေးရန်အတွက် ရန်ကုန်မြို့ လှည်းတန်းအနီးတစ်ဝိုက်တွင် ဧပြီ ၂ ရက် ညနေပိုင်းက စတစ်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
အဓမ္မကျင့်ခံရကာ သေဆုံးသွားသည့် ဆရာမနှစ်ဦးအမှု မျက်မြင်ဟုယူဆရသူများကို ခေါ်မေးရန် ကေဘီစီ စီစဉ်

အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သော ကချင်ကျောင်းဆရာမ နှစ်ဦး၏ အမှုနှင့် ပတ်သက်၍ မျက်မြင်များဟု ယူဆရသူများကို တွေ့ဆုံ မေးမြန်းရန် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) က စီစဉ်နေသည်ဟု မူဆယ်မြို့နယ် မုံမောင်ဇုံနယ်မှ KBC အထွေထွေအတွင်းရေးမှူး ဇော်ရာက မဇ္ဈိမကို ပြောသည်။
Thursday, 2 April 2015
ဖားကန့်တွင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားသူများမှာ ကေအိုင်အေတပ်ဖွဲ့ဝင် သုံးဦးဖြစ်ပြီး သင်းအုပ်ဆရာတော်တစ်ပါး ညှိနှိုင်း၍ ပြန်လွတ်လာ
ဖားကန့်မြို့မှ အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်းဝင်၍ ဖမ်းဆီးသွားသူများမှာ ကေအိုင်အေအဖွဲ့မှဖြစ်ပြီး သင်းအုပ်ဆရာတော်တစ်ပါး၏ ညှိနှိုင်းပေးမှုဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသတင်းရရှိသည်။
စီမံကိန်းငွေကြေး မမှန်မကန်သုံးစွဲ မှု အရေးယူဖို့အဆို လွှတ်တော် အတည်ပြု
ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့ အစိုးရစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ငွေကြေးကို မှန်မှန်ကန်ကန် သုံးစွဲဖို့နဲ့ မမှန်မကန်သုံးစွဲမှုတွေကို အရေးယူဖို့ တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
‘‘အာ့လာပြောတာ’’၊ ‘‘ဆေးထိုးကြမ်းတယ်’’တို့နှင့် ဖေ့စ်ဘွတ်ခ်ဗန်းစကားရေစီးကြောင်း
‘‘ဆေးထိုးကြမ်းတယ်’’၊‘‘၀ုန်းသွားတယ်’’
ရုတ်တရက် နားထောင်ကြည့်ပါက မသိသူများအဖို့ အူလည်လည် ဖြစ်သွားနိုင်သော်လည်း မြန်မာနိုင်ငံသားအများစု အသုံးပြုလာကြသော လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ အဆိုပါ စကားလုံးများက အဆန်းမဟုတ်ဘဲ ဆိုလိုရင်းကို ဒက်ခနဲ နားလည်ကြစမြဲ။ ‘‘ဆေးထိုးတယ်’’ ဟူသည့် စကားလုံးက လူမှုကွန်ရက်ပေါ်မှာ ဆေးပညာဆိုင်ရာ အသုံးအနှုန်းမဟုတ်ပါ။ တစ်ဦးနှင့်တစ်ဦး အပျော်သဘောနှင့် ချောက်ချခြင်းဟု အဓိပ္ပာယ်ရပါသည်။
Subscribe to:
Posts (Atom)