Saturday, 31 January 2015

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ ၁၀ နှစ်အတွင်း စံချိန်တင် အနိမ့်ဆုံးရေမှတ်အောက် ရောက်ရှိ

မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်ရေ ကျဆင်းလာမှုကြောင့် သဲသောင်များ ပေါ်ထွန်းနေသည်ကို ဇန်န၀ါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မောင်မောင်မိုးထက်) 
မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ၁ဝ နှစ်တာကာလအတွင်း စံချိန်တင်အနိမ့်ဆုံး ရေမှတ်အောက် ရောက်ရှိသည်အထိ ကျဆင်းလျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး) ၏ မှတ်တမ်းများအရ သိရသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ချက်ကို မလိုက်နာပါက ဥပဒေကို ချိုးဖောက်ရာ ရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား



ဇန်န၀ါရီ ၃၀ ရက်က နေပြည်တော် လွှတ်တော်အဆောက်အအုံ၌ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မီဒီယာများ တွေ့ဆုံပွဲကို တွေ့ရစဉ်

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို မလိုက်နာပါက ဥပဒေကို ချိုးဖောက်ရာ ရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းက သတင်း ထောက်များအား ပြောကြားသည်။
သလင်းကျောက်တစ်တန် ၁၅ ဒေါ်လာခန့်ဖြင့် တရုတ်သို့ တန် ၂၀,၀၀၀ တင်ပို့ရန် ကုမ္ပဏီတစ်ခုကို ခွင့်ပြု
Saturday, January 31, 2015

သလင်းကျောက်တန်ချိန် နှစ်သောင်းကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ငွေကမ္ဘာကျော်ကုမ္ပဏီ အား အစိုးရက ဇန်နဝါရီ ၁၆ ရက် တွင် ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။

ကုမ္ပဏီက တင်ပြမှုတွင် သလင်းကျောက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ခန့် (၁၄ ဒသမ ၇၅ ဒေါ်လာ)ဖြင့် အမေရိကန်ဒေါ် လာ ၂၉၅,၀၀၀ ဖိုးကို တင်ပို့ခွင့်ပြုပေးခဲ့ခြင်းဖြစ် သည်။ သလင်းကျောက်သည် အပြစ်အနာအဆာ ကင်းပါက တစ်ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ ၆၀၀ ကျော် တန်ဖိုးရှိ ကြောင်း မူဆယ်မြို့မှ လုပ်ငန်းရှင် အချို့က ပြောသည်။

တရုတ်နိုင်ငံသို့ သလင်း ကျောက်တင်ပို့ရန် ယင်းကုမ္ပဏီ ကို ၂၀၁၄ က ပို့ကုန်လိုင်စင်ချ ထားပေးပြီး သက်တမ်းကာလ အတွင်း မပို့နိုင်သဖြင့် ၂၀၁၅ ဖေဖော်ဝါရီ ၁၄ရက်အထိ လိုင်စင်ကို သက်တမ်းတိုးပေးထားသည်။ ကုမ္ပဏီက လိုင်စင်လျှောက်ရာ တွင် ဝန်ကြီးဌာနသို့ တင်ပြသော နှုန်းထားမှာ သလင်းကျောက်တစ် တန်လျှင်အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၅ ဒေါ်လာဖြင့် ဖော်ပြ ထားသည်။

လက်ရှိ တရုတ်-မြန်မာနယ် စပ်တွင် သလင်းကျောက်ဈေး ကွက်သည် ကျောက်စိမ်းကဲ့သို့ ခိုင်မာသည့် ဈေးကွက် မရှိသေး သော်လည်း မကြာခဏအရောင်း အဝယ်ဖြစ်လေ့ရှိကြောင်း မူဆယ် မြို့မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ဈေးကွက်ရယ်လို့တော့ မည်မည်ရရမရှိပါဘူး။ ဒါပေမဲ့ အရောင်းအဝယ်တော့ရှိတယ်’’ ဟု ကြယ်ခေါင်မြို့နေကျောက် ကုန်သည်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ ထုတ်ယူသော သလင်းကျောက်မှာ ယခင်က တရားဝင်တင်ပို့ခဲ့ခြင်း မရှိပေ။ ထုတ်လုပ်မှုမှာလည်း တရားမဝင်လုပ်ကိုင်နေရသဖြင့် မိုင်းခွဲထုတ်လုပ်မှုကြောင့် အရည်အသွေးညံ့ဖျင်းပြီး ဈေးနှုန်းမရရှိကြောင်း ကုန်သည်များက ပြောသည်။

သလင်းကျောက်ကို တရုတ် နိုင်ငံမှ ဝယ်ယူခြင်းသည် တန်ဖိုး မြင့်အိမ်အလှဆင်ပစ္စည်းများ၊ မီး အလှဆင်ပစ္စည်းများပြုလုပ်ရန် ဝယ်ယူခြင်းဖြစ်သည်။ သလင်း ကျောက်ကို ပြည်တွင်းတွင် ဘုရား စိန်ဖူးတော်များ ပြုလုပ်လေ့ရှိ သည်။ သလင်းကျောက်ဖြင့်ပြု လုပ်ထားသော ဘုရားစိန်ဖူးတော် တစ်ခုလျှင် ပြည်တွင်းဈေးကွက် တွင် ကျပ်သိန်း ၃၀ မှ သိန်း ၄၀ ကြားဈေးရှိကြောင်း သတင်းရရှိ သည်။ သလင်းကျောက်ကို မြန်မာ နိုင်ငံတွင် ဧရာဝတီအနောက်ခြမ်း မြဝတီနှင့် ကရင်ပြည်နယ်တို့မှ ထွက်ရှိသည်။

7Day DAILY

Friday, 30 January 2015

နိုင်ငံတကာက ကန့်ကွက်သော်လည်း ပြည်ပနိုင်ငံသား မူးယစ်အကျဉ်းသား ခုနစ်ဦးကို အင်ဒို ကွပ်မျက်မည်

မကြာသေးမီက လုပ်ဆောင် ခဲ့သောသေဒဏ် ချမှတ်မှုများနှင့် ပတ်သက် ၍နိုင်ငံတကာက ကန့်ကွက်ပြော ကြားမှုများ ရှိနေသော် လည်း အင်ဒို နီးရှား အစိုးရ သည်နိုင်ငံ တွင်သေဒဏ် ကျခံနေ ရသည့်ပြည်ပနိုင်ငံ  သားခုနစ်ဦးကို ကွပ်မျက်သွား  မည်ဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦးက ဇန်နဝါရီ ၂၉ရက် တွင်ပြော ကြားသည်။ ၄င်းတို့သည် အင်ဒို သမ္မတထံသို့ အသနား ခံစာတင် ခဲ့သော်လည်း ပယ်ချခံ ခဲ့ရသည်။

ခိုတောင်ကျွန်း အမှု (၃) လအတွင်း အပြီးဖြတ်မည်

ငါးလခန့် ကြာမြင့်နေပြီ ဖြစ်သော ထိုင်းနိုင်ငံ ခိုတောင်ကျွန်း အမှုအား ၂၀၁၅ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာသုံးလအတွင်း အပြီးဖြတ်မည် ဖြစ်ကြောင်း မြန်မာသံရုံး အထူး အဖွဲ့ထံမှသိရသည်။

လူမှုဖူလုံရေးအာမခံထားသည့် လုပ်သားများဝယ်ယူနိုင်မည့် အိမ်ရာစီမံကိန်းစနစ် အကောင် အထည် ဖော်ရန် အလုပ်သမားဝန်ကြီးဌာနမှ ငွေကျပ် သန်း ၁၀၀၀ လျာထား

၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေး အာမခံထားရှိသည့် လုပ်သားများ ဝယ်ယူနိုင်မည့် အိမ်ရာ စီမံကိန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ငွေကျပ်သန်း ၁၀၀၀ လျာထားကြောင်း အလုပ်သမားဝန် ကြီးဌာနမှ လွှတ်တော်သို့တင်သွင်းသည့် ဘဏ္ဍာငွေလျာထားချက်အရ သိရသည်။

ကာလုံအစည်းအဝေး ပုံမှန်ရက်ထက် တစ်ရက်စော၍ ပြုလုပ်

မြန်မာနိုင်ငံ၏ အဆင့်အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ပုံမှန်ပြုလုပ်သည့်ရက်ထက် တစ်ရက်စော၍ ဇန်န၀ါရီ ၂၉ ရက်တွင် ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

မှတ်ပုံတင် ပြုလုပ်ရန် ကျန်နေသူ များကို ကျပ်(၂၁၀ ဒသမ ၅) သန်း အသုံးပြု၍ (၆) လအတွင်း အပြီး ပြုလုပ်မည်

တစ်နိုင်ငံလုံးတွင် မှတ်ပုံတင် ပြုလုပ်ရန် အတွက် ကျန်နေသူ အားလုံးကို ယခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ခြောက်လ အတွင်း အပြီး ပြုလုပ် သွားရန် အတွက် ကျပ်ငွေ (၂၁၀ ဒသမ ၅) သန်း အသုံးပြု သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

ခြောက်ပွင့်ဆိုင်ထက် တိုင်းရင်းသား ကိုယ်စားလှယ်များ ပိုမိုပါဝင်သည့် ဆွေးနွေးပွဲကိုသာ ပြုလုပ်ရန် တပ်မတော်သား ကိုယ်စားလှယ် အကြံပြု

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးထက် တိုင်းရင်းသား ကိုယ်စားလှယ်များ ပိုမိုပါဝင်သည့် ဆွေးနွေးပွဲကိုသာ ပြုလုပ်ရန် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ အကြံပြုတင်ပြ လာကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု KIA က စစ်ဆေးခံမည် မဟုတ်ဟုဆို

မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကျောင်းဆရာမ နှစ်ဦး၏ အမှုနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင်များ၏ လက်ဗွေရာနှင့် DNA များကို လုံးဝအစစ်ဆေးခံမည် မဟုတ်ကြောင်း KIA မှ ဗိုလ်မှူးကြီးရာထူး အဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

ဧရာဝတီကျောင်းသားတွေ သပိတ်မှာ ပါဝင်လာပြီ

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမယ့် ဧရာဝတီတိုင်းက ကျောင်းသားတွေ ပုသိမ်မြို့ကို စု စည်း ရောက်ရှိနေ ပြီး သပိတ်စစ်ကြောင်းချီတက်ပွဲ ဒီနေ့ စတင်မယ်လို့ ပြောကြားပါတယ်။

IS အဖွဲ့နှင့် ဓားစာခံလဲသည့် ကောလာဟလနှင့် ပတ်သက်ပြီး လူနှစ်ဦး ဂျော်ဒန်အစိုးရ ဖမ်းဆီး

IS အဖွဲ့က ဖမ်းဆီးထားသော ဂျပန်လူမျိုးတစ်ဦးနှင့် ဂျော်ဒန်လူမျိုး လေယာဉ်မှူးတို့ကို ကယ်တင်နိုင်ရန် အတွက် အကြမ်းဖက်တိုက်ခိုက်မှုဖြင့် သေဒဏ်ချမှတ် ခံထားရသော အီရန်အမျိုးသမီးကို လွှတ်ပေးလိုက်ပြီ ဟူသော သတင်းကို လွှင့်တင်ခဲ့သည့် ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူနှစ်ဦးကို ဂျော်ဒန်အစိုးရက ဖမ်းဆီး လိုက်ပြီဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

တက္ကသိုလ်ကျောင်းသားဘဝမှ မူးယစ်ဆေးကြောင့် ထောင်နန်းစံဘဝရောက်ရမှု များစွာ ဖြစ်ပေါ် နေ၊ အချို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာ မူးယစ်ဆေးဝါးရောင်းသည့် အဖွဲ့များနှင့် ချော်လဲ ရောထိုင်ပြုလုပ်နေဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

တက္ကသိုလ် ကျောင်းသားဘဝမှ မူးယစ်ဆေးကြောင့် ထောင်နန်းစံဘဝရောက်ရမှုများစွာဖြစ်ပေါ်နေပြီး အချို့မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ မူးယစ်ဆေးဝါးရောင်းသည့် အဖွဲ့ များနှင့် ချော်လဲ ရောထိုင်ပြုလုပ်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးမှုတွင် တပ်မတော်က အပြည့်အဝကူညီနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာရှိ ခရစ်ယာန်ဘာသာရေး ကျောင်းဝင်းအတွင်း စေတနာ့ ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် တပ်မတော် အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှုများတွင် အပြည့်အဝဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိနေကြောင်း သိရသည်။

ဖိအားပေးမှ တွေ့ဆုံဆွေးနွေးမှုကို လက်ခံခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးမှု သည် သမ္မတပေါ်တွင် မူတည်နေပြီး ဖိအားပေးမှုများနှင့် မကျေ နပ်မှုများအရှိန်တက်လာသည့်အချိန်မှ တွေ့ဆုံဆွေးနွေးမှုကို လက်ခံခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

မန္တလေး၌ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့မဟာအောင်မြေမြို့နယ်ရှိ မဟာအရှေ့အကွက် (၅၂၈) မျက်ဝန်း ရပ်ကွက် (၃၈) လမ်းနှင့် (၃၉) လမ်းကြား၊ (၈၂) လမ်းနှင့် (၈၃) လမ်းကြားရှိ အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ ညနေ ၄ နာရီ မိနစ် ၄ဝ ခန့် က ဆီသယ်ယာဉ်မှ တစ်ဆင့် ဆီလှောင်ကန်သို့ ဖလှယ်စဉ် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကချင်ဆရာမ ၂ ဦး သတ်ဖြတ်မှု ဆက်လက်စစ်ဆေး၊ စွပ်စွဲမှုတွေကို တပ်မတော် သတိပေး

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ရွာသား ၆ ဦးကို မူဆယ်မြို့နယ်တရားရုံးမှာ ဒီနေ့ စစ်ဆေးနေပါတယ်။

အိန္ဒိယ၌ ၀က်တုပ်ကွေးကြောင့် ၇၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ခြောက်ပတ်အတွင်း ဝက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူပေါင်း ၇၅ ဦး သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။

ကျိုင်းတုံ၌ လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီ(ဗဟို)က ကြီးမှူးစီစဉ် ဆောင် ရွက်မှုဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ မိုင်းဇင်းအုပ်စု ဟွေခါးကျေးရွာ၌ တတိယအကြိမ်မြောက် လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)ရှိ လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ နှစ်စဉ်မပျက် ကျင်းပသည်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများ သံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူးက ရှင်းလင်းခဲ့ကြောင်း သိရ

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများ သံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းနိုင်ဦးက ရှင်းလင်းပြောဆိုမှု ရှိခဲ့ ကြောင်း သိရသည်။