Friday 30 January 2015

လူမှုဖူလုံရေးအာမခံထားသည့် လုပ်သားများဝယ်ယူနိုင်မည့် အိမ်ရာစီမံကိန်းစနစ် အကောင် အထည် ဖော်ရန် အလုပ်သမားဝန်ကြီးဌာနမှ ငွေကျပ် သန်း ၁၀၀၀ လျာထား

၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေး အာမခံထားရှိသည့် လုပ်သားများ ဝယ်ယူနိုင်မည့် အိမ်ရာ စီမံကိန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ငွေကျပ်သန်း ၁၀၀၀ လျာထားကြောင်း အလုပ်သမားဝန် ကြီးဌာနမှ လွှတ်တော်သို့တင်သွင်းသည့် ဘဏ္ဍာငွေလျာထားချက်အရ သိရသည်။

အလုပ်သမားအလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ''အာမခံ ကြေး၊ မကျန်းမာမှု၊ မီးဖွားမှု၊ ဖခင် ဘဝဖြစ်မှု၊ အာမခံထားသူ ဇနီးမီးဖွား စရိတ်၊ နာရေးစရိတ် စတဲ့ အာမခံ ထားသူများအား ထောက်ပံ့သည့် အကျိုးခံစားခွင့်ငွေများနှင့် အာမခံထားသူများ မှတ်ပုံတင်စရိတ်တို့အ တွက် ငွေကျပ် သန်း ၇၇၆၅ဒသမ ၇၄၂ လျာထားမှုမှာ၂၀၁၂ခုနှစ် လူ မှုဖူလုံရေးဥပဒေအရ ထပ်မံတိုးပွား လာမယ့် အာမခံစနစ်များအတွက် အကျိုးခံစားခွင့်များ ထုတ်ပေးနိုင်ရန် ဖြစ်ပါတယ်။ 

အိမ်ရာစီမံကိန်းအတွက် ငွေကျပ် သန်း ၁၀၀၀ လျာထားမှုမှာ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေသစ် မှာ ပါဝင်တဲ့ အိမ်ရာစီမံကိန်းအတွက် ဖြစ်ပါတယ်''ဟု ဘဏ္ဍာငွေလျာထား ချက်များကို လွှတ်တော်တွင် ရှင်း လင်းခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂ရရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွက် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ လည်းတင်ပြခဲ့သည့် ဘဏ္ဍာငွေလျာ ထားချက်များတွင် ၂၀၁၂ လူမှုဖူလုံ ရေးဥပဒေပါ အာမခံစနစ် ခြောက် မျိုးအနက်မှတစ်မျိုးအပါအဝင်ဖြစ် သည့် အိမ်ရာစီမံကိန်းစနစ်ကို အ ကောင်အထည်ဖော်ရန် ဘဏ္ဍာငွေ လျာထားချက်တင်ပြမှုများတွင် ထည့် သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိတွင် အာမခံအ လုပ်သမား ၇၅၀၀၀ဝရှိရာမှ ၂၀၁၅- ၂၀၁၆ခုနှစ်တွင် အာမခံအလုပ်သ မားဦးရေ သိန်း၂ဝအထိတိုးမြင့်လာရန် လျာထားသည့်အတွက်လည်း မြို့နယ် ၁၁ဝတွင် ဖွင့်လှစ်ထားသည့် လူမှုဖူလုံရေးရုံးခွဲနှင့် ဆေးခန်းများ အပြင် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန် တို့အတွက်လည်း ဘဏ္ဍာငွေလျာ ထားချက်များကို တင်ပြခဲ့သည်။

လူမှုဖူလုံရေးအာမခံထားရှိ သည့်ဝန်ထမ်းတစ်ဦးက ''ဒီစနစ်သာ တကယ် အကောင်အထည်ဖော်နိုင် ရင် အာမခံထားတဲ့ အလုပ်သမားတွေ အတွက်တော့ အများကြီးကောင်းပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ရာစီမံကိန်းက အလုပ်သမားတွေရဲ့ လစာပေါ်မူ တည်ပြီး အာမခံလုပ်ထားတဲ့အောက် ခြေက လုပ်သားတွေအထိပါ လက် လှမ်းမီနိုင်ဖို့လိုတယ်''ဟု ယင်းအမြင်ကို ပြောသည်။

ယခုလက်ရှိတွင်လည်း ၂၀၁၂ ခုနှစ်လူမှုဖူလုံရေးဥပဒေသစ်အရ-
-ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊
-မိသားစုထောက်ပံ့မှုအာမခံစနစ်၊
-အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုး ခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုး ခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုး ခံစားခွင့်အာမခံစနစ်-
-အလုပ်လက်မဲ့အကျိုးခံစားခွင့် အာမခံ စနစ်၊
-အခြားလူမှုဖူလုံရေးစနစ်(အိမ်ရာ စီမံကိန်း)၊
-အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်ဟူ၍ ခြောက်မျိုးအနက် အာမခံစနစ်သုံးမျိုးကိုသာ ကျင့် သုံးလျက်ရှိသည်။

အဆိုပါအိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ လျှောက်ထားလိုသည့် အာမခံထားရှိမည့်နှုန်းထားအား လစာ နှုန်းထား၏ ၂၅ရာခိုင်နှုန်းကို အာမခံကြေးပေးသွင်းရန် အလုပ်သမားများဘက်မှ တင်ပြထားမှုများရှိ ကြောင်း အလုပ်သမားအရေးဆောင် ရွက်သူများထံမှ သိရသည်။

ZCH
‎Democracytoday‬

No comments:

Post a Comment