Tuesday, 6 January 2015

ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမည့်ရက် တိကျစွာ မပြောနိုင်သေးဟု ဦးအောင်မင်းပြော

Photo: ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမည့်ရက် တိကျစွာ မပြောနိုင်သေးဟု ဦးအောင်မင်းပြော
Tuesday, January 6, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးနိုင်မည့်ရက်ကို တိတိပပ မပြောနိုင်သေးဟု ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။ ဇန်န၀ါရီ ၅ ရက်က နေပြည်တော် MICC- 2 တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီး ဖြစ်သောကြောင့် ယုံကြည်မှု ပိုမိုရရှိရန် နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံခြင်းဖြစ်သည်ဟု ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။

ဇန်န၀ါရီ ၅ ရက်က နေပြည်တော်MICC- 2 တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက “မြန်မြန်သွားချင်တဲ့သူ တိုင်းရင်းသားတွေက ပြည်ထောင်စုနေ့ကြီးမှာ လက်မှတ်ထိုးရအောင် ပြော တာတွေရှိတယ်။ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးနိုင်ဖို့ဆိုတာက ကြား ထဲမှာ အများကြီးလုပ်စရာတွေရှိတယ်။ ကြားထဲမှာ နိုင်ငံတော် သမ္မတနဲ့လည်းတွေ့ သင့်တာပေါ့”ဟု တွေ့ဆုံပွဲအပြီးတွင် ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ခေါင်းဆောင်များက နိုင်ငံတော်သမ္မတထံ လိုချင်သည့် အချက် အလက်များ တောင်းဆို ကြပြီး နိုင်ငံတော် သမ္မတကလည်း အချို့ကိစ်္စရပ်များ တာဝန်ယူထားသည့်အတွက် ယုံကြည်မှု ပိုပြီးတည် ဆောက်နိုင်သည်ဟုလည်း ဦးအောင်မင်းက ဆက်ပြောသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေး ဖြစ်စဉ်က ရှေ့သို့ တိုးနိုင်သည်ဟုဆိုသော်လည်း မည်သည့်ရက်တွင် လက်မှတ်ထိုးနိုင်မည်ကို တိတိကျကျ ပြောဆိုနိုင်ခြင်းမရှိသေးဘူးဟု ဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ပြည် တွင်းငြိမ်းချမ်းရေး ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပါတယ်။ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံရေးဆွေနွေးပွဲဖြစ်တယ် ဆိုတာကို အားလုံးသဘောပေါက်ကြပြီး ဖြစ်ပါတယ်။ နိုင်ငံရေး သဘောတူညီချက်တွေကို ခိုင်ခိုင်မာမာ ရရှိနိုင်မှာသာ ပေါင်းစည်းရေး နည်းလမ်းကို အာမခံနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အထွေထွေ အတွင်းရေးမှူး၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုစော ကွယ်ထူးဝင်းကလည်း “ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုး ဖို့က နောက်ဆုံးရက် ညှိုနှိုင်းတွေ့ဆုံမှုမှာ ကျွန်တော်တို့သဘောတူညီတဲ့အချက်များ ရှိခဲ့တယ်။ အချက်အလက် အနည်းငယ်ကျန်ပြီးတော့ ဆက်လက် ညှိနှိုင်းမှုများရှိတဲ့အတွက် ဒီကာလအတွင်းထဲမှာ ဖေဖော်ဝါရီလ ၁၂ ရက်မတိုင်ခင် ညှိနှိုင်းမှုတွေ လုပ် ဆောင်နိုင်မယ်ဆိုရင် အကုန်လုံး သဘောတူနိုင်မယ့် အနေအထားရှိတဲ့အတွက် ပြောတာပေါ့။ ဒါကလည်း ဆန္ဒရှိတာပေါ့”ဟု ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရေးအတွက် စစ်ရေး ဆိုင်ရာကိစ္စများ သဘောတူညီပြီဆိုပါက လက်မှတ်ရေးထိုးရန်နီးစပ်လာပြီဟု ဆိုနိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ရွေးကောက်ပွဲကို ကူညီပေးရန် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကို သမ္မတ တောင်းဆို

ယင်းအပြင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်စွာ ကျင်းပနိုင်ရန် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့အားကူညီပေးရန် သမ္မတ ဦးသိန်းစိန်က တောင်းဆိုလိုက်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က

“အထူးမေတ္တာရပ်ခံပြောကြားလိုတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနဲ့ မိမိတို့နေတဲ့ဒေသ တွေ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်ဖို့အတွက် ၀ိုင်းဝန်းကူညီပေး ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ “ယေဘုယျ အားဖြင့် ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီစနစ်ရဲ့ မဏ္ဍိုင်တစ်ခု ဖြစ်တာ။ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ရွေးကောက်ပွဲက မပါမဖြစ်မဏ္ဍိုင် တစ်ခုဖြစ်တာ ပေါ့”ဟု ဆိုသည်။

နေပြည်တော်တွင် နိုင်ငံတော် သမ္မတ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ပထမဆုံးအကြိမ် နှစ်နာရီကြာ တွေ့ဆုံခြင်း ဖြစ်သည်။

Mizzima - News in Burmese 

ပဉ္စမအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၇ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ပဉ္စမအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၇ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပစဉ် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးနိုင်မည့်ရက်ကို တိတိပပ မပြောနိုင်သေးဟု ပြည်ထောင်စုငြိမ်ချမ်းရေး ဖော်ဆောင်ရေးကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။ ဇန်န၀ါရီ ၅ ရက်က နေပြည်တော် MICC- 2 တွင် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို
Tuesday, January 6, 2015

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မှ ကိုယ်စားလှယ်များက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေး တောင်းဆိုခဲ့ သည်ဟု သတင်းရရှိသည်။

ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ စစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက “အဓိကကတော့ အပစ်အခတ်ရပ်စဲရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ဖို့အရေးပေါ့။ အဲဒီမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း အင်မတန်မှအရေးကြီးတဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ အားလုံးကတော့ အဲဒီလိုတောင်းဆိုကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း သူ့အနေနဲ့ ဒါကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်အောင် လုပ်နေတယ်ဆိုတဲ့သဘောမျိုး ရည်ညွှန်းပြောကြားသွားပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် လက်ရှိအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ဆွေးနွေးရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအကြား များစွာပြောဆိုဆွေးနွေးခဲ့ရမှုများရှိခဲ့သည့် စကားလုံးပိုင်းဆိုင်ရာကိစ္စများ၊ လာမည့် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးဖြစ်နိုင်ရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ပြောင်းလဲရာတွင်ရှိသည့် လုပ်နည်းလုပ်ဟန်များနှင့် ပတ်သက်၍လည်း ရည်ညွှန်းပြောကြားမှုများရှိခဲ့ကြောင်း သိရသည်။

“ကာကွယ်ရေးဦးစီးချုပ်က သူတို့တွေကတော့ ပြည်ထောင်စုနေ့မှာ ဒီလို တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ကိုသာ ပြောကြပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီပြည်ထောင်စုနေ့မှာ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရင် အကောင်းဆုံးဆိုတဲ့ အမြင်သဘောထားတွေ ရှိကြပါတယ်”ဟု ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဠ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

ယခုတွေ့ဆုံပွဲသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ပထမဆုံး အကြိမ် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နှစ်ဖက်သဘောထားများအား အပြန်အလှန် တင်ပြခဲ့ကြကာ တွေ့ဆုံချိန်နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် KIA၊ TNLA၊ KNPP၊ CNF တို့သည် အကြောင်းအမျိုးမျိုး ကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိချေ။

Eleven Media Group 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံစဉ် (Photo:Senior General Min Aung Hlaing Facebook)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံစဉ် (Photo:Senior General Min Aung Hlaing Facebook) 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည် ဖော်နိုင် ရေး တောင်းဆိုခဲ့ သည်ဟု သတင်းရရှိသည်။

တောင်ကိုရီးယား မြားပစ်အသင်း မြန်မာအသင်းနှင့်ပူးတွဲလာရောက်လေ့ကျင့်

အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ပါဝင်သည့် တောင်ကိုရီးယား နိုင်ငံဂါဝန်ဒိုပြည်နယ် မြားပစ်အဖွဲ့ သည် စင်ကာပူ ဆီးဂိမ်းအတွက် ပြင်ဆင်နေသည့် မြန်မာမြားပစ်အဖွဲ့နှင့်နေပြည် တော်၌ပူးတွဲလာရောက် လေ့ကျင့် လျက်ရှိကြောင်းသတင်းရရှိသည်။

စည်ပင်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တချို့ ကျန်းသစ္စာကျိန်ဖို့ ဝန်လေး

Photo: စည်ပင်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တချို့ ကျန်းသစ္စာကျိန်ဖို့ ဝန်လေး
Tuesday, January 6, 2015

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲမှာ အရွေးခံရတဲ့ကိုယ်စားလှယ်တွေ နိုင်ငံ့ဝန်ထမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အသိပေးလာတဲ့ အပေါ် လက်မခံနိုင်တဲ့ အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြု အရွေးခံ ကိုယ်စားလှယ် က ပြောပါတယ်။ ပြည်သူက ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေ ဟာ ဝန်ထမ်းတွေ မဟုတ်တဲ့အတွက် ဝန်ထမ်းအဖြစ်ကျမ်းကျိန်စရာ မလိုအပ်ဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၆ ရက် ဒီကနေ့ မနက် ၉ နာရီမှာ စည်ပင်သာယာရေးကော်မတီ ဝင်အဖြစ် အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေကို ကျမ်းသစ္စာကျိန်ဆိုဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးလာတာပါ။ ဒီလို ကျမ်းကျိန်ဖို့ပေးပို့လာတဲ့ပုံစံထဲမှာ ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေအတိုင်း လိုက်နာရမယ်လို့ ပါရှိနေတဲ့အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြုအရွေးခံထားရတဲ့ ဦးခင်လှိုင်က ပြောပါတယ်။ ကျမ်းကျိန်ဖို့ထဲမှာ ဒီအချက်ပါရှိနေတာကို ဘာကြောင့် လက်မခံနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး သူက အခုလို ဆက်ပြောပါတယ်။

“နောက်တခုက ကျနော်တို့ ဘာကြောင့် အခက်တွေ့စေလဲဆိုတော့ နိုင်ငံဝန်ထမ်းဥပဒေ…ကို ကျနော်တို့ လေးစားပါတယ်။ ကျနော်တို့က လိုက်နာဖို့ကျ တာဝန်မရှိဘူးဗျ။ ဘာကြောင့်လဲဆိုတော့ အရိုးသားဆုံး ပြောရမယ်ဆိုရင် နိုင်ငံတော်အတွင်းမှာရှိတဲ့ ဒီဝန်ထမ်းတွေအတွက် လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေကိစ္စရပ်တွေနဲ့ ပတ်သက်လို့ရှိရင် လျှို့ဝှက်ပေါက်ကြားမှု ဆိုတာ ရှိပါတယ်။ အပြင်ကို မပြောရဘူးဆိုတာ ရှိပါတယ်။ ဘာတွေလုပ်ရမယ်၊ ဘယ်လိုဆိုတာ မပြောရဘူးဆိုတာ ပါပါတယ်။ အဲဒါကို ကျနော်တို့ နှုတ်ပိတ်နေလို့ မရပါဘူး။ ပြည်သူက ရွေးချယ်လိုက်ပြီးတော့မှ ကျနော်တို့က ဒီအထဲမှာ နှုတ်ပိတ်ပြီးနေရမယ်ဆိုရင် ကျနော်တို့ မလုပ်လိုပါဘူး။ ဒီကိစ္စကို။ ပြည်သူကိုလည်း ကျနော်တို့ အသိပေးရမှာဖြစ်ပါတယ်။ ပြည်သူက ရွေးလိုက်တာဖြစ်လို့ ပြောရမယ့်တာဝန် ရှိပါတယ်။ အဲဒီတော့ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ၊ နည်းဥပဒေအရ ကျနော်တို့ ချုပ်ကိုင်လိုက်မယ်ဆိုရင် ပြည်သူကို ကျနော်တို့ ဘာမှ သတင်းပေးလို့ မရဘူးဖြစ်နေပါတယ်။ ကျနော်တို့က သတင်းပေးလိုက်မယ်ဆိုလည်း လျှို့ဝှက်ဥပဒေကို ပေါက်ကြားစေမှုနဲ့ ပြဿနာတက်နိုင်ပါတယ်။ ဒါကြောင့် ဒီဟာကို ကျနော်တို့ မဆိုနိုင်ပါဘူး။ ကျနော် မလုပ်ပေးနိုင်ပါဘူး။”

ဒီအချက်နဲ့ပတ်သက်ပြီး စည်ပင်ရွေးကောက်ပွဲတွေ မကျင်းပခင်ကတည်းက သူ့အနေနဲ့ကန့်ကွက်ခဲ့ပြီး စည်ပင်ဥပဒေမှာ နိုင်ငံဝန်ထမ်းအဖြစ် ကျမ်းကျိန်ရမယ်ဆိုတဲ့အချက်မပါရှိသလို ကော်မရှင်ကရွေးဆွဲတဲ့ နည်းဥပဒေထဲမှာကျမှ ဒီအချက်ပါဝင်ခဲ့တာလို့လည်း ဦးခင်လှိုင်က ပြောပါတယ်။

 “ကျနော်ပြောတာနော်၊ ကျနော်ဆန့်ကျင်တာက ရန်ကုန်မြို့တော် ရွေးကောက်ပွဲကော်မရှင်မှာ နည်းဥပဒေမှာ ပါတဲ့ဟာကို ဆန့်ကျင်တာဖြစ်ပါတယ်။ ….. ဥပဒေကို ကျနော် ထောက်ခံပါတယ်။ ထောက်ခံလို့ ဒီစကားပြောတာပါ။ -- ဥပဒေမှာ ဒါကို ပယ်ဖျက်ပြီးသား ဖြစ်ပါတယ်။ ဒါကြီးကို --- တော့ ဘာဖြစ်လဲဆိုတော့ ဝန်ကြီးချုပ်အနေနဲ့လည်း သိက္ခာကျပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ရှိရင် ကျနော် ဘာပြောသေးလဲဆိုတော့ ဒေါ်ညိုညိုသင်းတို့၊ ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်းမှာလည်း ဒီကိစ္စကို ပြောပြပြီးသားဖြစ်တဲ့အခါ၊ သူက ဘာပြောလဲဆိုတော့ အဲဒီမှာ ပါတဲ့ဥစ္စာတွေက ကျမတို့ မဆွဲလိုက်ရဘူး၊ ကျမတို့ မသိရဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒီကျရင် အခုလာမယ့် သူတို့ရဲ့…ရန်ကုန်တိုင်းဒေသကြီး (အစည်းအဝေးကျရင်) တင်ပြမှာဖြစ်ပါတယ်။”

နိုင်ငံ့ဝန်ထမ်းအဖြစ်ကျမ်းကျိန်ဖို့ သက်ဆိုင်ရာက တွန်းအားပေးလာတာဟာ အစိုးရဝန်ထမ်းနဲ့ ပြည်သူကိုယ်စားလှယ်ကို ကွဲကွဲပြားပြားနားမလည်နိုင်တဲ့ သဘောကြောင့် အခုလို တွန်းအားပေးတဲ့ပုံစံ ဖြစ်နေတာလ ရှုမြင်နိုင်တဲ့အကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“နိုင်ငံ့ဝန်ထမ်းဆိုတာက နိုင်ငံတော်ရဲ့လစာကို စားပြီးတော့ ပြည်သူ့ဝန်ကိုထမ်းဖို့၊ အရွေးကောက်ခံရတဲ့ပုဂ္ဂိုလ်တွေရဲ့ အဓိပ္ပာယ်ကျတော့ သူက ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေတယ်။ ပြည်သူ့ဝန်ထမ်းမဟုတ်ဘူး။ ပြည်သူတို့ရဲ့ကိုယ်စားလှယ်၊ ပြည်သူတို့ရဲ့ကိုယ်စား ဒီလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရမှာ။ ဒါကြောင့် သူတို့ကို ပြည်သူ့ဝန်ထမ်းစည်းမျဉ်းကို လိုက်နာမယ်ဆိုတဲ့ ကျန်းကျိန်ခိုင်းလို့ မရဘူး။ အဲဒါဆိုရင်တော့ တော်တော့်ကို မဆီလျော်သောကိစ္စ ဖြစ်သွားပြီ။ ”

စည်ပင်သာယာရေး ကော်မတီဝင်တွေကို အခုလို နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ခိုင်းဖို့ ရည်ရွယ်တယ်ဆိုရင် အစောပိုင်းထဲက ရွေးကောက်ပွဲဝင်ခိုင်း စရာတောင် မလိုအပ်ဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။

“စည်ပင်သာယာရွေးကောက်ပွဲကတက်လာတဲ့ ကိုယ်စားလှယ်တွေပေါ့။ ဒါ ပြည်သူလူထုရဲ့ကိုယ်စားလှယ်တွေပဲ။ အဲဒီကိုယ်စားလှယ်တွေကတော့ လူထုကိုယ်စား ဆောင်ရွက်နိုင်ခွင့် ရှိမယ်လို့ မျှော်လင့်ထားတယ်လေ။ အခုက ဝန်ထမ်းဥပဒထဲကို သွတ်သွင်းတယ်ဆိုတဲ့အခါကျတော့ မေးစရာ တခုရှိတာက ဘာလဲဆိုတော့ ဒါ အစိုးရဝန်ထမ်းလား၊ ပြည်သူလူထုကိုယ်စားလှယ်လားဆိုတဲ့ မေးခွန်းတစ်ခုပဲ ကျနော်တို့ မေးကြရလိမ့်မယ်။ အစိုးရဝန်ထမ်း၊ စည်းမျဉ်းစည်းကမ်းအောက်မှာလုပ်မယ်ဆိုရင် လူထုက ရွေးချယ်စရာအကြောင်းကို မရှိဘူး။”

နှစ်ပေါင်း ၆၅ နှစ်ကြာပြီးမှ တစ်ကျော့ပြန် ပြန်လည်ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ဒီဇင်ဘာလ ၂၇ ရက်က ကျင်းပခဲ့တာပါ။

ရန်ကုန် စည်ပင်သာယာရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမှာဖြစ်တဲ့အတွက် အဲဒီ ကော်မတမှာ ပါဝင်မဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တာလည်း ဖြစ်ပါတယ်။ မြို့တော်ဝန်ကိုတော့ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်မှာဖြစ်ပြီး ပြည်သူက မဲပေးရွေးချယ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၄ ဦး၊ တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ရွေးချယ်မယ့်သူ ၄ ဦးနဲ့ပြန်ဖွဲ့မှာလည်း ဖြစ်ပါတယ်ခင်ဗျား။

VOA 

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲ မဲပေးစဉ်
ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲ မဲပေးစဉ် 
ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲမှာ အရွေးခံရတဲ့ကိုယ်စားလှယ်တွေ နိုင်ငံ့ဝန်ထမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အသိပေးလာတဲ့ အပေါ် လက်မခံနိုင်တဲ့ အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြု အရွေးခံ ကိုယ်စားလှယ် က ပြောပါတယ်။ ပြည်သူက ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေ ဟာ ဝန်ထမ်းတွေ မဟုတ်တဲ့အတွက် ဝန်ထမ်းအဖြစ်ကျမ်းကျိန်စရာ မလိုအပ်ဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ရုပ်တု စတင်ထုလုပ်

Photo: နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ရုပ်တု စတင်ထုလုပ်
Tuesday, January 6, 2015

 နေပြည်တော်ရှိအား ကစားမော်ကွန်းတိုက်တွင် ဂုဏ် ပြုမှတ်တမ်းတင်ပြသမည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားကြီးများ၏ ပလတ်စတာရုပ်တုပြု လုပ်ခြင်းကို စတင်ဆောင်ရွက် နေပြီဖြစ်ပြီး နှစ်ဦး၏ရုပ်တုပြုလုပ်ပြီးသွားပြီ ဖြစ်ကြောင်းသတင်းရရှိသည်။

အားကစား ဝန်ကြီးဌာန သည် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများ၌ ရွှေတံဆိပ်လေးခုနှင့် အထက်ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြသည့် အားကစား သမား ဟောင်းကြီးများပလတ်စတာရုပ် ပြုလုပ်၍ အားကစားမော်ကွန်း တိုက်တွင် ဂုဏ်ပြု မှတ်တမ်းတင် ပြသရန် စီစဉ်လျက်ရှိပြီး ဇန်နဝါရီ ၅ ရက်အထိလက်ရွေးစင် ဘောလုံး သမားဟောင်း ဦးမျိုးဝင်းညွန့်နှင့် ဦးအေးမောင်လေးတို့နှစ်ဦး၏ရုပ် တုထုလုပ်ပြီး သွားပြီဖြစ်ကြောင်း ပန်းပုဆရာဦးကျော်ကျော်မင်းက ပြောသည်။

‘‘လက်ရှိအထိ ရွှေတံဆိပ် ၁၆ ဆုရှင်လက်ရွေးစင်ဘောလုံး သမားဟောင်း ဦးမျိုးဝင်းညွန့်နဲ့ ရွှေတံဆိပ် ၁၃ ဆုရှင်ဦးအေးမောင် လေးတို့နှစ်ဦးရဲ့ရုပ်တုပြု လုပ်ပြီး သွားပါပြီ။  အားကစား ဝန်ကြီး ဌာနအနေနဲ့ စာရင်းဆက်လက်ပြု လုပ်နေပြီး ကျွန်တော့်ဆီမှာတော့ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားဟောင်း ၁၁ ဦးစာရင်းတော့ ရရှိထားပြီးပါပြီ’’ဟုဦးကျော်ကျော်မင်းက ပြောသည်။

‘‘ကွယ်လွန်သွားတဲ့ နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားကြီးတွေကိုလည်း အတတ်နိုင်ဆုံး ဓာတ်ပုံတွေပြန်ရှာဖွေပြီး ရုပ်တုပြု လုပ်သွားမှာပါ။ ရန်ကုန်မှာရှိတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားဟောင်းကြီးတွေအနေနဲ့ အဆင်ပြေမယ်ဆိုရင် ဓာတ်ပုံတွေ ကို ကိုယ်တိုင်လာပေးပို့နိုင်ပြီး ရပ်ဝေးကအားကစားသမားဟောင်းကြီးတွေနဲ့ မလာနိုင်တဲ့သူတွေဆိုရင် ရန်ကုန်အား/ကာ (လူထုပညာ)ကို အမြန်ချောပို့နဲ့ ပို့ပေးရမှာဖြစ်ပါတယ်’’ဟု အား ကစားဝန်ကြီးဌာနတာဝန်ရှိသူကပြောသည်။

၂၀၁၃ ဆီးဂိမ်းမတိုင်မီ ပေါ်ပေါက်လာသည့် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရှိ အားကစားပြတိုက်တွင် လက်ရှိ၌ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်း ကြီးများ၏ ဆုတံဆိပ်များနှင့် ဓာတ်ပုံ မှတ်တမ်း များ ပြသထားသည်။

7Day DAILY 

လက်ရွေးစင်ဘောလုံးသမားဟောင်းဦးအေးမောင်လေးအား ပလတ်စတာ ရုပ်တုထုလုပ်နေစဉ် (ဓာတ်ပုံ - -ကျော်ကျော်မင်းဖေ့စ်ဘွတ်ခ်)
လက်ရွေးစင်ဘောလုံးသမားဟောင်းဦးအေးမောင်လေးအား ပလတ်စတာ ရုပ်တုထုလုပ်နေစဉ် (ဓာတ်ပုံ - -ကျော်ကျော်မင်းဖေ့စ်ဘွတ်ခ်)
နေပြည်တော်ရှိအား ကစားမော်ကွန်းတိုက်တွင် ဂုဏ်ပြုမှတ်တမ်းတင်ပြသမည့် နိုင်ငံ့ဂုဏ်ဆောင် အား ကစား သမားကြီးများ၏ ပလတ်စတာရုပ်တုပြု လုပ်ခြင်းကိုစတင်ဆောင်ရွက်နေပြီဖြစ်ပြီး နှစ်ဦး၏ ရုပ်တုပြုလုပ် ပြီးသွားပြီ ဖြစ်ကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြည်ခိုင်ဖြိုးအား မဲပေးရန်ဟောပြောခြင်းမှန်ပါက ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမည်ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် တစ်ဦးပြော

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တရားဝင် မဲဆွယ်စည်းရုံးရန် ခွင့်ပြုချက်မ ပေးသေးမီကာလတွင် ၂၀၁၅အ ထွေထွေရွေးကောက်ပွဲ၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို မဲပေးရန် ရန်ကုန် တိုင်းဒေ သကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက မဲ ဆွယ်ဟောပြောခဲ့ခြင်းသည် အမှန်ဖြစ်ပါက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တိုင်ကြား သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ် အမှုဆောင်ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

မြန်မာဘောလုံးအကြောင်းနှင့်ပတ်သက်၍ အေဗရာမိုဗစ်ထံမှသိရှိထားဟု ရန်ကုန်နည်းပြသစ်ပြော

ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ်သစ် ဆားဗီး ယားလူမျိုး ဂျက်ဆစ်က မြန်မာ လိဂ်ပြိုင်ပွဲစတင်ရန် ရက်အနည်းငယ်အလိုမှ ရောက်လာသော်လည်း လက်ရွေးစင်နည်းပြအေဗ ရာမိုဗစ်ထံမှ အကူအညီများရရှိ ထားမှုကြောင့် ခက်ခဲမည်မထင် ကြောင်း ပြောကြားသည်။

ရဝမ်လူမျိုးများတည်ထောင်သည့် ဖုန်ကန်အက်ဖ်စီ မြန်မာလိဂ်-၂ တွင် ဝင်ပြိုင်ရန်စီစဉ်

လာမည့် ၂၀၁၅ ရာသီ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ရဝမ်လူမျိုးများ တည်ထောင်ထားသည့် ဖုန်ကန်အက်ဖ်စီ အ သင်းပါဝင်ယှဉ်ပြိုင်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

မြန်မာနိုင်ငံတွင် နိုင်ငံ သားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။

အသန့်ရှင်းဆုံး မြို့နယ်ဆု ဇန်နဝါရီ ၇ ရက်တွင် ကြေညာမည်

ရန်ကုန်မြို့တွင် ပထမဆုံးပေးအပ်သည့် အသန့်ရှင်းဆုံး မြို့နယ်ဆုကို ဇန်နဝါရီ ၇ ရက် ၌ကြေညာကာ ရန်ကုန်မြို့ တော်ခန်းမ၌ ချီးမြှင့်မည်ဟု ရန်ကုန်မြို့တော် စည်ပင်မှ    သတင်း ရရှိသည်။

တောင်ကိုရီးယားသို့ အလုပ်သမား တရားမ၀င်စေလွှတ်ရန် စည်းရုံးမှုများရှိ

တောင်ကိုရီးယားသို့ အလုပ်သမား တရားမ၀င်စေလွှတ်ရန် ကုမ္ပဏီအချို့က ဆွဲဆောင်မှုများပြုလုပ်နေ ကြောင်း သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

မြန်မာနိုင်ငံတွင် နိုင်ငံ သားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။

အမျိုးသမီး ဗိုလ်လောင်းများ ဒုတိယအကြိမ်ခေါ်ယူ

Photo: အမျိုးသမီး ဗိုလ်လောင်းများ ဒုတိယအကြိမ်ခေါ်ယူ
Tuesday, January 6, 2015

တပ်မတော်က အမျိုး သမီးဗိုလ်လောင်းများကို ဒုတိယ အကြိမ် ခေါ်ယူရာတွင် ပါရဂူနှင့် မဟာဘွဲ့ရအိမ်ထောင်မရှိသူများ ကို ဦးစားပေးရွေးချယ်ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ သတင်းရရှိသည်။

နှစ်ပေါင်း ၆၀အတွင်း တပ်မ တော်က ပထမဆုံးအကြိမ်အဖြစ် အရပ်သား အမျိုးသမီး ဘွဲ့ရများ ကို ၂၀၁၃ ဒီဇင်ဘာတွင်ခေါ်ယူခဲ့ သည်။

‘‘ဇန်န၀ါရီ ၃ ရက်မှ ဖေဖော် ၀ါရီ ၃ ရက်အထိ တစ်လအတွင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် တွေမှာ   လျှောက်လွှာ   လာ ရောက်ထုတ်ယူနိုင်ပါတယ်။ ဖောင်ဖြည့်ပြီးရင် ဖေဖော်ဝါရီ ၃ ရက် ထက် နောက်မကျဘဲ ပြန်ပို့ပေးရ မှာ ဖြစ်ပါတယ်။ အခုတစ်ခေါက် ခေါ်တဲ့ ဘွဲ့တွေက အမျိုးအစား ၄၂ မျိုးသတ်မှတ် ထားပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးစစ်ဌာန ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဗိုလ်သင်တန်းတက်ရောက် ရန် လျှောက်ထားသူ အမျိုးသမီး များသည် ရိုးရိုး ဘွဲ့ရ ဖြစ်ပါက အ သက် (၂၅) နှစ်၊ မဟာဘွဲ့ရဖြစ်ပါက အသက် (၂၇) နှစ်နှင့် ပါရဂူဘွဲ့ရဖြစ်ပါက အသက် (၃၀) ထက်မ ကျော်ရဟု သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

‘‘ဒီနှစ်လည်း ပါရဂူနဲ့ မဟာ ဘွဲ့တွေကို ဦးစားပေးခေါ်ဖို့ ရှိပါ တယ်။ ဘွဲ့ကတော့ ၄၂ မျိုး သတ် မှတ်ထားတယ်ဆိုတော့ ဘွဲ့အမျိုး အစားအစုံပဲ ဖြစ်ပါတယ်’’ဟု ၎င်း က ပြောသည်။

ပြီးခဲ့သည့်နှစ်က မြန်မာတစ် နိုင်ငံလုံးမှ လျှောက်ထားသူ ဘွဲ့ရ အမျိုးသမီး ၃,၀၀၀ ကျော်အနက် ၁၀၀ ဦးအား  ဗိုလ်သင်တန်းတက် ရောက်ရန် ရွေးချယ်ခဲ့ပြီးနောက် ၂၀၁၄ ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း မှော်ဘီရှိ အမျိုးသမီးဗိုလ်သင်တန်းကျောင်းတွင် ခြောက်လကြာ စစ်သင်တန်းပေးခဲ့သည်။

တပ်မတော်သမိုင်းတွင် ပထမဆုံးအမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်း ၁၀၀ ဦး အား တပ်မတော်ကြည်း၊ ရေ၊ လေတပ်ဖွဲ့အားလုံး၌ ပြန်တမ်းဝင်အရာရှိအဖြစ် သြဂုတ် ၂၇ ရက်မှ စ၍ ခန့်အပ်ခဲ့ပြီး တပ်မတော်ကြည်းတွင် ၉၂ ဦး၊ တပ်မတော် ရေတွင် ငါးဦးနှင့် တပ်မတော်လေတွင် သုံးဦးခန့်အပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က အဝေးသင် ဘွဲ့ရများကို လျှောက်ထားခွင့်ပြု ခဲ့သော်လည်း နောက်ပိုင်းတွင် ဗိုလ်လောင်းလျှောက်ထားသူအ မျိုးသမီးများပြားသည့်အတွက် အ ဝေးသင်ဘွဲ့များကို လျှောက်လွှာ ထုတ်ပေးခြင်းရပ်ဆိုင်းခဲ့သည်။ ယခင်နှစ်က ခေါ်ယူထားသူများမှာပါရဂူဘွဲ့၊ မဟာဘွဲ့နှင့် နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ကျောင်းပြီး သူ အများစုဖြစ်ကြောင်း ဗိုလ်ရွေးအဖွဲ့မှ သတင်းရရှိသည်။

7Day DAILY 

ဗိုလ်ရှုခံအခမ်းအနားတွင် တက်ရောက်ချီတက်နေသော အမျိုးသမီး ဗိုလ်လောင်းများ -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဗိုလ်ရှုခံအခမ်းအနားတွင် တက်ရောက်ချီတက်နေသော အမျိုးသမီး ဗိုလ်လောင်းများ -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
တပ်မတော်က အမျိုးသမီးဗိုလ်လောင်းများကို ဒုတိယ အကြိမ် ခေါ်ယူရာတွင် ပါရဂူနှင့် မဟာဘွဲ့ရ အိမ်ထောင် မရှိသူများ ကို ဦးစားပေးရွေးချယ်ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ သတင်း ရရှိသည်။

ကုလက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်ဟု ဆုံးဖြတ် ချက် အပေါ် ရခိုင်အမျိုးသားပါတီ ပြင်းပြင်းထန်ထန်ကန့်ကွက်မည်

ကုလသမဂ္ဂအထွေထွေ ညီလာခံက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု ရမည်ဟု ဆုံးဖြတ် ချက်ချမှတ်ခဲ့ခြင်းအပေါ် လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက သဘောထားထုတ်ပြန်ကြေညာသည်။

Wednesday, 31 December 2014

မကွေးတွင် တောင်သူ ငါးထောင်ကျော်ပါဝင်သည့် ဆန္ဒပြပွဲစီစဉ်သူ ထောင်ဒဏ်ကျခံ

Demonstration-Maguye
 တိုင်းအစိုးရရုံးစိုက်ရာ မကွေးမြို့ပေါ် ဆင်ပေါင်ဝဲမြို့နယ်အတွင်း သိမ်းဆည်ခံ လယ်ယာမြေများ ပြန်ရရေး တောင်သူ ၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြပွဲ စီစဉ်သူ ဦးတင်ထွန်းအောင်ကို မြို့နယ်တရားရုံးက ဒီဇင်ဘာ ၃၁ ရက်တွင် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ငွေဒဏ်ကျပ်တစ်သောင်း (သို့) မဟုတ် ထောင်တစ်လ ကျခံရန် အမိန့်ချမှတ်ခြင်းကို ကာယကံရှင်က ထောင်ဒဏ်ကို သာ ရွေးချယ်လိုက်သည်။
“ကျွန်တော်လုပ်ဆောင်တာက တောင်သူလယ်သမားတွေ ကောင်းကျိုးအတွက် ဦးဆောင်ခဲ့တာပါ။ လုံးဝ အပြစ်မရှိပါဘူး၊ ဒဏ်ငွေဆောင်ရင် တရားရုံးတော်ကို အပြစ်ရှိတယ်လို့ ဝန်ခံရာရောက်သွားမှာပါ။ ဒါကြောင့် တောင်သူငါးထောင်ကျော်အတွက် မှန်ကန်တဲ့ အလုပ်ဖြစ်လို့ ထောင်ဒဏ် တစ်လအကျခံခြင်းဖြစ်ပါတယ်။ အစကထဲက အများကောင်းကျိုးအတွက် နိုင်ငံရေးလုပ်ရင်ထောင်ကျရုံက မပိုဘူးဆိုတာ ကြိုတင်တွက်ဆပြီးသားပါ’’ဟု  ဦးတင်ထွန်းအောင် မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည့် ဦးကိုကိုကြီးထံ ရဲစခန်းက လာရောက် အကြောင်းကြားခြင်း မရှိသေး

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း) ကို အဆောက်အဦးအဖြစ်  ဆောက်လုပ်ရန်   စီစဉ်နေသည့်အပေါ် ဆန္ဒဖော်ထုတ်ဟောပြောခဲ့သည့် အတွက် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံ ထားရသည့် ဦးကိုကိုကြီးထံသို့ မြို့နယ်ရဲစခန်းက လာရောက်အကြောင်းကြား ခြင်းမရှိသေးဟု ၈၈မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဒီဇင်ဘာ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ကူညီပေးမည့် အစီအစဉ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးကို တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌအနေနှင့် ကူညီလုပ်ဆောင်ပေးရန် အစီအစဉ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဆက်စပ်လုပ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ အစိုးရက လုပ်ပေးနေတယ်လို့ပဲ နားလည်ပါတယ်” ဟု ၎င်းကဆိုသည်။
အမှုမှ လွတ်မြောက်ရေး အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အဖမ်းဆီခံ မြန်မာနှစ်ဦး အကျဉ်းထောင်အတွင်းမှ စာရေးသား ပေးပို့ထားမှုနှင့် ပတ်သက်၍ The Voice ၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ဖြစ်ပွားတဲ့ လုယက်မှုတွေ ရဲက အရေးမယူ

ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ကျောင်းသား ကျောင်းသူတွေရဲ့ ဆိုင်ကယ် ပျောက်ဆုံးမှုတွေနဲ့ ပစ္စည်းလုယူခံရမှုတွေကို ပခုက္ကူမြို့ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူခြင်းမရှိဘဲ ထိန်ချန်ထားတယ်လို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
ကျောင်းပတ်ဝန်းကျင်မှာ ဆိုင်ကယ်ပျောက်မှုတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ဆီကနေ လက်ဝတ်ရတနာတွေနဲ့ အသုံးဆောင် ပစ္စည်းတွေကို အုပ်စုဖွဲ့ ရိုက်နှက် လုယူမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းပေးတာ မရှိဘူးလို့ ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

အိုဘားမားက ၄င်း၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် မင်္ဂလာဆောင် တစ်ခုကို နေရာပြောင်းရွှေ့စေခဲ့ ရသဖြင့် တောင်းပန်

အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ဟာဝိုင်ယီရှိ ၄င်း ၏ ဂေါက်ကစားပွဲ အစီအစဉ်ကြောင့် မင်္ဂလာပွဲတစ်ခုကို နေရာပြောင်းရွှေ့ စေခဲ့သဖြင့် ထိုဇနီးမောင်နှံအား တောင်း ပန်စကားပြောကြားခဲ့သည်။
အိုဘား မားသည် ဟာဝိုင်ယီသို့ မိသားစုအ ပန်းဖြေခရီးလာရောက်မည်ကို သိသ ဖြင့် စစ်တပ်မှဗိုလ်ကြီးများဖြစ်သော ထိုဇနီးမောင်နှံက အိုဘားမားကို မင်္ဂလာဆောင်သို့ လာရန် ဖိတ်ကြားခဲ့ ကြောင်း ဘလွန်းဘတ်သတင်းများ အရ သိရသည်။
နာတာလီဟီမယ်လ်နှင့် အက် ဒဝပ်မယ်လူဂျေအာတို့သည် ၄င်း၏ ဖိတ်ကြားချက်ကို သမ္မတက ပယ်ချ ခဲ့သော်လည်း ဆုမွန်ကောင်းများ ပို့ သကြောင်း ဒီဇင်ဘာ ၂၇က စာတစ် စောင်လက်ခံရရှိခဲ့သည်။
ဒီဇင်ဘာ ၂၇ရက် ညဘက်တွင် သမ္မတ၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် ဟာ ဝိုင်ယီရေတပ်စခန်းတည်ရှိရာ ဂေါက် ကွင်းအနီးရှိ မင်္ဂလာခန်းမတွင် ကျင်း ပမည့် မင်္ဂလာပွဲကို တခြားနေရာသို့ ပြောင်းလဲကျင်းပရန် ပြောကြားခဲ့သည်။
''ဒါဟာ စိတ်ထိခိုက်စရာပါပဲ၊ အထူး သဖြင့် သူမအတွက်ပေါ့၊ သူမဟာ သတို့သမီးတစ်ယောက်ဖြစ်တယ်၊ ၂၄ နာရီ မပြည့်ခင်အချိန်လေးမှာ သူတို့ တွေ စီစဉ်ထားခဲ့တဲ့ အရာတွေအား လုံး ပြောင်းလဲသွားခဲ့တယ်''ဟု သတို့ သား၏ အစ်မဖြစ်သူက ပြောသည်။

ကရင်ရွာမှ ပဟေဠိလူသား

အိမ်ဦးခန်း ဘုရားစင်ရှေ့ ပလ္လင်ပေါ်တွင် သစ်လွင်တောက်ပသော အ၀ါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိုင်နေသည်။ ပလ္လင်ရှေ့တွင် ၀တ်ဖြူစင်ကြယ်နှင့် သက်ကြီးရွယ်အို နှစ်ဆယ်ခန့်က လက်အုပ်ချီမိုး ရှိခိုးနေကြသည်။ ပေနှစ်ဆယ်ပတ်လည်ခန့်သာကျယ်သည့် ထိုအိမ်လေးပေါ်တွင် လူအပြည့်ဖြစ်သည်။ ထို့ကြောင့် ၀တ်ဖြူစင်ကြယ်ဝတ်အချို့မှာ အိမ်ရှေ့မြေကွက်လပ်မှနေ၍ပင် ၎င်းရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီလျက်။