Wednesday, 10 December 2014

ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား

Photo: ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄

ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား
“ဖေဖော်ဝါရီ (၁၃) ဟာ၊ ဗိုလ်ချုပ်မွေးနေ့ပါ၊ ထောင့်ကိုးရာတစ်ဆယ့်ငါး၊ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား၊ မိခင်ဒေါ်စုသား ’’ကျွန်တော်တို့ငယ် စဉ် ကလေးဘ၀ကတည်းမှစတင်၍ရွတ်ဆိုခဲ့ရပြီး ယနေ့ထက်တိုင် ခေါင်းထဲတွင် စွဲမြဲစွာမှတ်မိ နေသောကဗျာလေးတစ်ပုဒ်ပင် ဖြစ်ပါသည်။ ထိုကဗျာလေးကို စွဲမြဲစွာမှတ်မိနေသကဲ့သို့ ကျွန်တော်တို့အားလုံး၏ ရင်ထဲ တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းဆိုသည့်အမည်နာမမှာ စွဲမြဲစွာတည်ရှိနေပေလိမ့် အုံးမည်ဖြစ်ပါသည်။

မြန်မာပြည်တွင်မွေးသော၊ မြန်မာပြည်တွင်နေထိုင်သော၊ မြန်မာပြည်သား မဟုတ်သော်လည်း မြန်မာသွေးပါ သောသူအားလုံးသည် ဗိုလ်ချုပ်အောင်ဆန်းဟူ သည့် အမည်ကိုကြားရယုံဖြင့် ဂုဏ်ပြုဦးညွတ်ကြမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဟူသည့်အမည်နှင့် သမိုင်းကြောင်းများကို အပျံသင်စအရွယ်စာသင်ကျောင်းများမှ စတင်၍သင်ကြားခဲ့ရသောကြောင့် ကျွန်တို့အားလုံးသိရှိဂုဏ်ယူခဲ့ကြရသည် မဟုတ်ပါလား။

အမိအဖ၊ အဖိုးအဖွားများ၏ ပြောဆိုဆုံးမ သင်ကြားပြသပေးခဲ့ခြင်း များကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်မှာ ကျွန်ပ်တို့ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းပင် ဇာတ်လိုက်ဖြစ်ခဲ့ရပေသည်။ဗိုလ်ချုပ်မွေးဖွားခဲ့သောနေ့ အား မြန်မာနိုင်ငံကလေးများနေ့ဟုလည်းကောင်း၊ ဗိုလ်ချုပ်နှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရသောနေ့အား အာဇာနည်နေ့ဟူ ၍လည်းကောင်းသတ်မှတ်ခဲ့ပြီး ထိုနေ့ရက်များရောက်သည်နှင့် အစိုးရအဆက် ဆက်မှ အခမ်းအနားများ ပြုလုပ်ကျင်းပပေးခဲ့ခြင်းကြောင့်လည်း ပြည်သူအားလုံး ၏ရင်ထဲတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့နှင့် ဇူလိုင် ၁၉ ရက်နေ့ ရောက်သည်နှင့် မည်သူမှ နှိုးဆော်စရာမလိုပါဘဲနှင့် တစ်ညီတစ်ညွတ်ထဲ ဂုဏ်ပြုဦးညွတ်နေကြ မည် မှာလဲ အမှန်တရား ပင်ဖြစ်ပေသည်။

ထို့အပြင် ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ကြေးရုပ် စသည့်အထိမ်း အမှတ်နေ ရာများသည် မြန်မာနိုင်ငံရှိမြို့တိုင်းတွင် တစ်ခုမဟုတ်တစ်ခု တည်ရှိနေကြပေသည်။ ထိုအရာကား ကျွန်ပ်တို့အားလုံး၏ ဗိုလ်ချုပ် အောင်ဆန်းအပေါ်တွင်ထားရှိသော ရိုသေလေးစားဂုဏ်ပြုမှုများ ပင်ဖြစ်ပေတော့သည်။

ယခုဆိုလျှင် ဗိုလ်ချုပ်မွေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့ ရောက်လျှင်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့သည်မှာ နှစ်တစ်ရာပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ဒါကိုလည်း မြန်မာပြည်သူ ပြည်သားအားလုံးက သိရှိကြပြီးဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုဦးညွတ်ရန်လည်း အသင့် ရှိနေကြပြီဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ပြည်သူအားလုံး စိတ်မကောင်းစရာတစ်ခု ပေါ်ပေါက်ခဲ့ရပါသည်။ ထိုအရာက တော့ ကျွန်ုပ်တို့အားလုံး တန်ဖိုးထားလေးစားမြတ်နိုးရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံများသည် လမ်းမထက်တွင် အသုံးတော်ခံကာ အလှူခံလှည့်လည်နေရခြင်းပင် ဖြစ်တော့သည်။ ဒီထက်ဆိုးရွာသည်ကား ဗိုလ်ချုပ်ဓါတ်ပုံအား လူစည်ကားရာနေရာများတွင်ထောင်ကာ ထိုဓါတ်ပုံရှေ့တွင် အလှူခံပုန်းထားရှိထားခြင်းပင်ဖြစ်ပေတော့သည်။မည်ကဲ့သို့ စိတ်ကူးစိတ်သန်း ရည်ရွယ်ချက်များဖြင့်လုပ်သည်မသိ မြင်ရသူအပေါင်းကတော့ စိတ်နှလုံးမချမ်းမြေ့ဖွယ်ဖြစ်ခဲ့ရ ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အလှုခံပုဂ္ဂိုလ်ဖြစ်နေပြီလား၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းသည် ဤမျှလောက် ရိုင်းခဲ့ပြီလား၊ ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏မွေးနေ့ကိုဗန်းပြ၍ ပိုက်ဆံတောင်းသူဖြစ်သွားခဲ့ပြီလားဟု ထိုကဲ့သို့ စီစဉ်သူများအား ရင်နာနာနှင့်မေးလိုက်ချင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း သည် ပါတီတစ်ခု၏ အကြီးအကဲလည်းမဟုတ်ပါ၊ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်လည်း မဟုတ်ပါ၊ လူတစ်စု၏ အသုံးချခံပုဂ္ဂိုလ်လည်းမဟုတ်ပါ၊ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသား ခေါင်းဆောင်တစ်ဦးသာဖြစ်ပါသည်။ ယခုလို ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမ၊ ဓါတ်ပုံတို့အားအသုံးချ၍ လူထုလှုံ့ ဆော်နေခြင်းများ၊ အလှုခံပိုက်ဆံတောင်းခြင်းများသည် လွန်စွာရွံရှာစက်ဆုပ်ဖွယ်ကောင်း၍နေပေသည်။

ဆန္ဒပြလည်း ဗိုလ်ချုပ်အောင်ဆန်း၊ စတိတ်ရှိုးပွဲလဲ ဗိုလ်ချုပ်အောင်ဆန်း၊ မုန့်ဟင်းခါးရောင်းလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဂစ်တာတီးလည်း ဗိုလ်ချုပ်အောင်ဆန်း၊ အလှူခံလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ပိုက်ဆံတောင်းလဲ ဗိုလ်ချုပ်အောင်ဆန်း စသည်တို့ဖြင့် ဗိုလ်ချုပ် အောင်ဆန်းမှာ နိုင်ငံရေးသမား တို့၏ အသုံးတော်ခံ၊ စီးပွားရေးသမားတို့၏ အသုံးချခံဖြစ်နေသည်မှာ ရင်နာစရာကောင်း လှပါသည်။

ယခုဆိုလျှင် ဗိုလ်ချုပ်မွေးနေ့အကြိုလှုပ်ရှား မှုဟု ဆိုကာ အဖွဲ့အစည်းအချို့မှ နယ်လှည့်၍ အလှူခံနေသည် ကိုလည်းတွေ့မြင်ရပေသည်။ ပန်းရဲ့လမ်း ဟူသည့်အဖွဲ့မှာလည်း ကားတစ်စီး၊ မိုက်တစ်လုံးနှင့် နယ်လှည့်စည်းရုံးနေသည် ဟုဆိုပေသည်။ မည်သို့ပင်ဆိုစေ နိဂုံးချုပ် စကားကတော့ အလှုငွေများထည့်ဝ င်လှုဒါန်းနိုင်ပါ သည်ဟူသော စကားပင် ဖြစ်ပေသည်။ လှုပ်ရှားသည့်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များမှာလည်း မြင်နေကြ၊ လုပ်နေကြ၊ လူများသာဖြစ်နေပြန်သည်။ ဗိုလ်ကြီးဟောင်းဆိုသူ နေမျိုးဇင်လည်း ပါလာပေသည်။ တစ်သက်လုံး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်၊ ဓါတ်ပုံများဖြင့် ပွဲတိုင်းတွင် လုပ်စားလာခဲ့သူများအတွက် ဗိုလ်ချုပ်ရာပြည့်မွေးနေ့ပွဲမှာ ၄င်းတို့အတွက် ငွေတွင်းတစ်ခုလိုသာ ဖြစ်နေပေ တော့သည်။

အချုပ်ဆိုရသော် ကျွန်ပ်တို့ပြည်သူအားလုံးလေးစားကြည်ညိုရသည့် ဗိုလ်ချုပ်အောင်ဆန်းသည် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ ပါတီကိုမျှကိုယ်စား မပြုပါ။ မြန်မာတစ်မျိုးသားလုံးကိုသာ ကိုယ်စားပြုသည်ဖြစ်ကြောင်းကို သိရှိစေ ချင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား လှုံ့ဆော်နေစရာမလိုပါ။ မြန်မာပြည်သူများ ဒီလောက်မရိုင်းပါ။ အားလုံး၏ ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း ရှိနေသကဲ့သို့ ဗိုလ်ချုပ်အား အချိန်တိုင်းဦးညွတ်နေမည် မှာလည်း အမှန်တရားပင် ဖြစ်ပါသည်။ ယခုလို ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အားဗန်းပြ၍ အသုံးချလုပ်စားနေသည်ကို မြင်တွေ့ရသည်မှာလည်း လွန်စွာစက်ဆုပ်မိပါကြောင်းနှင့် ဗိုလ်ချုပ်မွေးနေ့အား လောဘသားတို့၏ အသုံးချခံမဖြစ်စေလိုကြောင်းကို ပြည်သူ တစ်ယောက်အနေဖြင့် ၀မ်းနည်း စွာဖော် ထုတ်ရေးသားအပ်ပါသည်။

မြင့်နိုင် (မြန်မာစာ)
ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား
“ဖေဖော်ဝါရီ(၁၃)ဟာ၊ ဗိုလ်ချုပ်မွေးနေ့ပါ၊ ထောင့်ကိုးရာတစ်ဆယ့်ငါး၊ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား၊ မိခင်ဒေါ်စုသား ’’ကျွန်တော် တို့ငယ်စဉ် ကလေး ဘ၀ကတည်းမှစတင်၍ရွတ်ဆိုခဲ့ရပြီး ယနေ့ထက်တိုင် ခေါင်းထဲတွင် စွဲမြဲစွာမှတ်မိနေသော ကဗျာလေး တစ်ပုဒ်ပင်ဖြစ်ပါသည်။ ထိုကဗျာလေးကို စွဲမြဲစွာမှတ်မိနေသကဲ့သို့ ကျွန်တော်တို့ အားလုံး၏ ရင်ထဲတွင် လည်း ဗိုလ်ချုပ်အောင်ဆန်းဆိုသည့်အမည်နာမမှာ စွဲမြဲစွာတည်ရှိနေပေလိမ့် အုံးမည်ဖြစ်ပါသည်။

Buddha Bar ကျင်းပမယ်ဆိုတဲ့ ဆိုင်ကို ယာယီပိတ်သိမ်း၊ တာဝန်ရှိသူတွေကို အရေးယူမယ်

Photo: Buddha Bar ကျင်းပမယ်ဆိုတဲ့ ဆိုင်ကို ယာယီပိတ်သိမ်း၊ တာဝန်ရှိသူတွေကို အရေးယူမယ်
Wednesday, December 10, 2014 

ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပုံတော်မှာ ခေတ်မီ Headphone တပ်ဆင်ထားပြီးတော့ Buddha Bar ကျင်းပမယ်ဆိုပြီး အင်တာနက်လူမှုကွန်ရက် စာမျက်တွေကနေ ကြော်ငြာမှုတွေ လုပ်နေတဲ့ VGastro.Bar ကို ယာယီ ပိတ်သိမ်းလိုက်ပြီး တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောပါတယ်။

အဲဒီကိစ္စကို စီစဉ်တဲ့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းမှာရှိတဲ့ VGastro.Bar က တာဝန်ရှိသူတွေကို စစ်ဆေးဖို့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေကို သွားရောက် စစ်ဆေးခဲ့တယ်လို့ သူက ဆိုပါတယ်။

Buddha Bar အမည်ရ ကြော်ငြာကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်သူဟာ နိုင်ငံခြားသားတွေဖြစ်ပြီး သူတို့ကိုလည်း ဥပဒေအရ အရေးယူမယ်လို့ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောဆိုပါတယ်။

ဒီဇင်ဘာ ၁၄ရက်နေ့မှာ ကျင်းပမယ့် အဲဒီဘားကို Buddha Bar လို့ အမည်ပေးထားပြီးတော့ ဗုဒ္ဓပုံတော်ကို အသုံးပြုထားတာဟာ ဗုဒ္ဓဘာသာကို စော်ကားတာလို့ VGastro.Bar ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ အပါအဝင် အခြားလူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ ဆက်တိုက် ပြုလုပ်လာပြီးနောက်မှာ အဲဒီကြော်ငြာကို VGastro.Bar အင်တာနက် လူမှုကွန်ရက်စာ မျက်နှာကနေ ဖယ်ရှားခဲ့ပါတယ်။

The Voice Weekly 

(ဓာတ်ပုံ - VGastro.Bar)
ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပုံတော်မှာ ခေတ်မီ Headphone တပ်ဆင်ထားပြီးတော့ Buddha Bar ကျင်းပမယ်ဆိုပြီး အင်တာနက်လူမှုကွန်ရက် စာမျက်တွေကနေ ကြော်ငြာမှုတွေ လုပ်နေတဲ့ VGastro.Bar ကို ယာယီ ပိတ်သိမ်းလိုက်ပြီး တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောပါတယ်။

ဂါဇာ ထိုးစစ် အတွင်း အစ္စရေးက စစ်ရာဇဝတ်မှုများ ကျူးလွန် ခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ စွပ်စွဲ

ဟားမာ့စ်တို့အပေါ် ထိုးစစ် တစ်ခုအတွင်း တွေ့ရသည့် အစ္စရေး စစ်သားများ
အစ္စရေး စစ်တပ်သည် ယခုနှစ် နွေရာသီက ပြုလုပ် ခဲ့သော ဂါဇာ ထိုးစစ် အတွင်းတွင် စစ်ရာဇ ဝတ်မှုများ ကျူးလွန်ခဲ့ရာ ထိုကိစ္စကို စုံစမ်း စစ်ဆေး ရမည်ဖြစ်ေ ကြာင်း လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့က ဒီဇင်ဘာလ ၉ ရက်နေ့တွင် စွပ်စွဲလိုက်သည်။

တောင်ငူ မဘသ အထူးဓမ္မသဘင် ဦးဝီရသူ ဟောပြောမည်

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် တောင်ငူ မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)က ပထမဦးဆုံးအကြိမ် ကျင်းပမည့် အထူးဓမ္မသဘင်ကို ဦးဝီရသူ အပါအဝင် မဘသအဖွဲ့ဝင် ဆရာတော်ကြီးများ ဟောပြောမည်ဖြစ်ကြောင်း ဦးဆောင်ကျင်းပသူများ ထံမှ သိရသည်။

ကမ္ဘာမြေချစ်သူဆု ဆရာတော်နှစ်ပါးနှင့် အဖွဲ့အစည်းနှစ်ခု ရရှိ

ကမ္ဘာကြီးကို ချစ်မြတ်နိုးကာ သစ်ပင်များကို အမြတ်တနိုး စိုက်ပျိုးသူများကို ဂုဏ်ပြုသည့်အနေနှင့် ယခုနှစ် အတွက် ပေးအပ်သော ကမ္ဘာမြေ ချစ်သူဆုကို ဆရာတော်နှစ်ပါးနှင့် အဖွဲ့အစည်း နှစ်ခုတို့ ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် တော်ဝင်နှင်းဆီ ခန်းမတွင် ဒီဇင်ဘာလ ၉ နေ့က ကျင်းပသော ယင်းပွဲထံမှ သိရှိရသည်။

ရန်ကုန်ဘူတာကြီး အနီး ပလက်ဖောင်း ပေါ်တွင် အိပ်နေသော သံဃာ အတု (၁၀) ဦးအား လူဝတ်လဲ အရေးယူ

ဒီဇင်ဘာလ (၈) ရက်နေ့ ညပိုင်းက ရန်ကုန်ဘူတာကြီး အနီး ပလက်ဖောင်းပေါ်တွင် အိပ်နေသော သံဃာ အတုအယောင် (၁၀) ဦးအား လူဝတ်လဲ၍ သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူ လိုက်ကြောင်း ရန်ကုန် ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ သတ်မှတ် စည်းကမ်းချက်နဲ့ မညီတဲ့ သာသနာ ညှိုးနွမ်းစေသူတွေပါ၊ လူဝတ်လဲပြီး သံဃ နာယကက အရေးယူပေးပါ ဆိုပြီး ပြောကြား လို့ပါ။ ပလက်ဖောင်းပေါ် အိပ် ဟိုအိပ် ဒီအိပ်နဲ့ ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှူး ရဲမှူး သိန်းအောင်က The Messenger Media သို့ ပြောသည်။

လူသတ်သမားဝတ်စုံ ဝတ်ထားလို့ တကယ်လို့ ထင်ပြီး LAPD ရဲတို့ ပစ်သတ်ခဲ့

Photo: လူသတ်သမားဝတ်စုံ ဝတ်ထားလို့ တကယ်လို့ ထင်ပြီး LAPD ရဲတို့ ပစ်သတ်ခဲ့
Wednesday, December 10, 2014

Scream ရုပ်ရှင်စီးရီး ကြည့်ဖူးသူတို့ ယင်းထဲက ဗီလိန် လူသတ်သမားကို သိကြ ပါလိမ့်မယ်။ မျက်နှာလုံးစွတ်ပြီး အနက်ရောင် ဝတ်ဆုံနဲ့ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို ဟောလိဝုဒ် လမ်းမထက်မှာ လူတစ်ယောက် ဝတ်ဆင်ပြီး လျှောက်သွားနေတော့ ရဲနှစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ဝမ်းနည်းစရာ သတင်းပါပဲ။ J လို့ အမည်ရတဲ့ ယင်း လူငယ်ဟာ ငွေရရှိဖို့အတွက် တိုးရစ်များနဲ့ အတူ ဓာတ်ပုံ ရိုက်ကူးဖို့အတွက် ယင်း ဝတ်ဆုံကို ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ထဲမှာ ကိုင်ထားခဲ့တဲ့ ဓားကတော့ ငွေနဲ့ လုပ်ထားတဲ့ တကယ့် ဓား အစစ်ကြီးပါ။ ပတ်ဝန်းကျင်မှာလည်း လူတွေ ကြောက်လှန့်နေတာကို မြင်တော့ ရဲလည်း နေရာကို ရောက်ရှိလို့ ပစ်ခတ်ခဲ့ ပါတယ်။ တစ်ချက်တောင် မကပဲ အချက်ပေါင်းများစွာ ခေါင်းကို ပစ်ခဲ့ လို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ ပါတယ်။

ဒီတော့ ဘယ်သူ့ အမှားဆိုတာ ပြောရခက်ပါတယ်။ ရဲတို့ အနေနဲ့လည်း လုံခြုံရေးအရ ပြုလုပ်ပေမယ့် လူတစ်ယောက် အသက်သေဖို့အထိ ခေါင်းကို ပစ်ရန် မသင့်တော် ဘူးလို့ ဟောလိဝုဒ်နေ မြို့ခံများက ပြောဆိုနေပါတယ်။ ယင်း J အနေနဲ့လည်း ဓားအစစ်ကိုင်ပြီး လူစည်ကားရာ နေရာမှာ Performance လုပ်မနေသင့်ဘူးလို့လဲ ရဲတို့ဘက်ကမှ ထောက်ခံသူများက ပြေဆိုပါတယ်။ ယင်းဖြစ်ရပ် ကြောင့် ဟောလိဝုဒ်က Street Performance လုပ်သူတွေ အကုန်လုံး ကြောက်ရွှံ့သွားခဲ့ကြ ပါတယ်။

Ref: Dailymail
www.yoyarlay.com
အောင်ခမ်း (ရိုးရာလေး)
Scream ရုပ်ရှင်စီးရီး ကြည့်ဖူးသူတို့ ယင်းထဲက ဗီလိန်လူသတ်သမားကို သိကြ ပါလိမ့်မယ်။ မျက်နှာလုံး စွတ်ပြီး အနက်ရောင် ဝတ်ဆုံနဲ့ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို ဟောလိဝုဒ် လမ်းမထက်မှာ လူတစ်ယောက် ဝတ်ဆင်ပြီး လျှောက်သွားနေတော့ ရဲနှစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ခိုးဝင် မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ

Photo: ခိုးဝင် မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ
Wednesday, December 10, 2014

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ သွားပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနက် ၂ နာရီအချိန် သတင်းပေးပို့ချက်အရ ထာ့ချဲ့မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးယာဉ်တွေနဲ့ သွားရောက်စစ်ဆေးရာ ထာ့ချဲ့မြို့နယ် ဘန့်နမ့်ယဉ် ကျေးရွာအုပ်စု ဖစ်ကဆဲမ်လမ်းကွေ့တခုမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိရဲဝန်ထမ်းတွေက သတင်းထောက်တွေကို ပြောပါတယ်။

ဖြစ်ပွားပုံမှာ အခင်းဖြစ်တဲ့ မနက်က တရားမ၀င်အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကား ၃ စီးဟာ ဖစ်ကဆဲမ်လမ်းမကြီးပေါ်ကနေ ထာ့ချဲ့မြို့ကို ဦးတည်လာနေပြီး လမ်းခုလပ်မှာ ထိုင်းစစ်တပ်စစ်ဆေးရေးကားနဲ့ တိုးမိလို့ ယာဉ်မောင်းသူက ထိတ်လန့်ပြီး မော်တော်ကားကို အရှိန်မြှင့် မောင်းပြေးရာကနေ အကွေ့တခုမှာ တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။

နောက်ကလိုက်လာတဲ့ယာဉ်ကို ရှေ့က ပိတ်ထားလိုက်သလိုဖြစ်ပြီး တတိယကားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တာဝန်ရှိ ရဲဝန်ထမ်းက ပြောပါတယ်။

စစ်ဆေးချက်အရ ကားပေါ်တင်ဆောင်လာသူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ အယောက် ၃၀ ကိုတော့ ချွန်းဖွန်းခရိုင်ဆေးရုံကြီးနဲ့ ထာ့ချဲ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အားလုံးကို ထာ့ချဲ့မြို့မရဲစခန်းက တရားမ၀င် ၀င်ရောက်မှုနဲ့ အမှုဖွင့် အရေးယူထားပြီး နေရင်းနိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိရဲဝန်ထမ်းရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီဗွီဘီ

ဓာတ်ပုံ – thairath.co.th
ဓာတ်ပုံ – thairath.co.th
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ သွားပါတယ်။

မလေးရှားက မြန်မာလူသတ်မှုများ ဖော်ထုတ်နိုင်တော့မည်

မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ မြန်မာတစ်ဦး အသတ်ခံရတဲ့ အမှုဟာ မကြာခင်က ဖမ်း ဆီးမိခဲ့တဲ့ ၁၇ ဦးပါဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ရကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။

နာဂဒေသအတွက် သီးခြားလွှတ်တော်တစ်ရပ် တောင်းဆို

Photo: နာဂဒေသအတွက် သီးခြားလွှတ်တော်တစ်ရပ် တောင်းဆို
Wednesday, December 10, 2014

နာဂတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်အဖြစ် သီးခြားလွှတ်တော်တစ်ရပ် ပေါ်ပေါက်ရန် တောင်းဆိုကြောင်း နာဂအမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ ကော်မတီဝင်များက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အချက် ၂၇ ချက် ပါဝင်သည့် နာဂအမျိုးသား ညီလာခံဆိုင်ရာ ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့သည့် နာဂအမျိုးသား ညီလာခံ ဆုံးဖြတ်ချက်အရ ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဆိုပါ ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

နာဂမျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ဥပဒေပြုရေးကဏ္ဍ အပါအဝင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ စသည့် မဏ္ဍိုင်သုံးရပ်လုံးကိုပါ ဌာနေလူမျိုးများ၏ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် နာဂလူမျိုးများ၏ ရေခံမြေခံကို အခြေခံကာ သီးခြားကျင့်သုံးခွင့် ရရှိရန် အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် မဏ္ဍိုင်ကြီးသုံးရပ်လို့ ပြောမှတော့ ကျွန်တော်တို့ လွှတ်တော်ကို တောင်းဆိုနေတာလား ဆိုတော့ လွှတ်တော်ကို လိုအပ်တယ် ဆိုတာကို ပြောရမှာပေါ့။ ဥပဒေပြုရေး အခန်းကဏ္ဍ ပါလာတဲ့အခါမှာ ဒီလွှတ်တော်ကြီး မရှိဘဲနဲ့ ကျွန်တော်တို့ ဒီဥပဒေပြုရေး အခန်းကဏ္ဍကို ဘယ်လိုပီပီပြင်ပြင် တည်ဆောက်နိုင်မှာလဲ” ဟု နာဂအမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် ဦးနော်အောင်ဆန်းက ပြောဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်း မြို့နယ်သုံးခုကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသအဖြစ် သတ်မှတ်ထားသည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသာဖြစ်ပြီး ဥပဒေပြုရေး ကဏ္ဍတွင် ပါဝင်ခွင့် မရှိသေးသောကြောင့် ယင်းသို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ကော်မတီဥက္ကဌ ဦးအောင်ထွဋ်က The Voice သို့ပြောဆိုသည်။

ယင်းအပြင် သမိုင်းကြောင်းအရ နာဂနယ်မြေဟု အသိအမှတ် ပြုခဲ့သည့် နယ်မြေများကို နာဂနယ်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသွားမည် ဖြစ်ပြီး ယင်းနာဂ နယ်မြေများတွင် မည်သည့် ဒေသများ ပါဝင်ထည့်သွင်း သတ်မှတ်မည်ကိုမူ ဆွေးနွေးဆဲဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုသည်။

“နိုင်ငံတော် အစိုးရကလည်း ကျွန်တော်တို့ နာဂတွေ ဘယ်မှာ နေထိုင်ခဲ့တယ်ဆိုတာ လုံးဝအတိအကျ သိထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ ကျွန်တော်တို့ နာဂတွေ နေထိုင်တဲ့ နေရာတွေက ချန်လှပ်ခြင်း ခံခဲ့ရတယ်။ ဒါတွေကို ကျွန်တော်တို့က ပြန်လည် ပြုပြင်ပေးဖို့ကို ပြန်ပြီးတော့ တောင်းဆိုထားတာပါ” ဟု ၎င်းကဆိုသည်။

နာဂဒေသအတွင်း တရားစီရင်ရေး စနစ်ကိုလည်း နိုင်ငံတော် ဥပဒေအရ မဟုတ်ဘဲ ဌာနေ နာဂမျိုးနွယ်စုများအလိုက် ရိုးရာတရားစီရင်မှု ထုံးတမ်းဖြင့်သာ တရားစီရင်ခွင့်ပြုရန် ညီလာခံတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူး ဦးရှုမောင်က ပြောကြားသည်။

ယနေ့ ထုတ်ပြန်သည့် နာဂအမျိုးသား ညီလာခံဆိုင်ရာ ထုတ်ပြန်ချက်တွင် နာဂရိုးရာ ယဉ်ကျေးမှုပွဲများကို အစိုးရမှ တိုက်ရိုက် လွှမ်းမိုးခြင်း မရှိရန်၊ နာဂမျိုးနွယ်စု နှစ်သစ်ကူးနေ့ ဖြစ်သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်၊ နာဂဒေသသို့ နိုင်ငံခြားသားများ လွတ်လပ်စွာ သွားလာခွင့်ပြုရန်တို့ အပါအဝင် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ စုစုပေါင်း သဘောထား ၂၇ ချက်ကို ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

The Voice Weekly
နာဂတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် များကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်အဖြစ် သီးခြားလွှတ်တော်တစ်ရပ် ပေါ်ပေါက်ရန် တောင်းဆိုကြောင်း နာဂ အမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

မြန်မာနှစ်ဦး နောက်အမှုချိန်း နှစ်လစောနေကြောင်း ထိုင်းသတင်းစာဖော်ပြ

Photo: မြန်မာနှစ်ဦး နောက်အမှုချိန်း နှစ်လစောနေကြောင်း ထိုင်းသတင်းစာဖော်ပြ
Wednesday, December 10, 2014 

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ တရားစွဲဆိုခံနေရသူ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်နှစ်ဦးရဲ့ အမှုကိုစစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာက ဖော်ပြပါတယ်။

မူလသတ်မှတ်ထားတဲ့ ရုံးချိန်းက ၂ဝ၁၅ ခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမရုံးချိန်းမှာ မြန်မာလူငယ်နှစ်ဦးအပေါ် စွဲဆိုထားတဲ့ လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် စွဲချက် ၆ ခုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ၊ လူငယ် နှစ်ဦးက ပြစ်မှုအားလုံးမကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။အဲ့ဒီလို ထွက်ဆိုအပြီး၊ နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို တရားရုံးက သတ်မှတ်လိုက်တာဖြစ်ကြောင်း နေးရှင်းသတင်းစာက ဖော်ပြပါတယ်။

လူငယ်နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့များအဖွဲ့ ခေါင်းဆောင်က နဂိုကမှ သူတို့အတွက် သက်သေလိုက်ထွက်ဆိုပေးဖို့ စိုးရိမ်ကြောက်လန့်သူတွေ များပြားနေရတဲ့အထဲ၊ နောက်တစ်ကြိမ် သတ်မှတ်လိုက်တဲ့ ရုံးချိန်းက သိပ်ပြီးနီးကပ်လွန်းနေတဲ့အတွက် လိုအပ်တဲ့ သက်သေတွေ ခေါ်ယူစုဆောင်းဖို့ အချိန်နည်းသွားကြောင်း၊ ဒါပေမဲ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အကြီးတန်းအရာရှိတစ်ဦးကတော့ လူငယ်နှစ်သီး အာမခံရဖို့ လိုအပ်တာတွေ ဆောင်ရွက်နေကြောင်း၊ သူတို့နှစ်ဦးဟာ ထိုင်းကနေ ထွက်ပြေးကြမှာ မဟုတ်ဘူးဆိုတာ အာမခံပါကြောင်း ပြောကြားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

RFA Burmese
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ တရားစွဲဆိုခံနေရသူ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်နှစ်ဦး ရဲ့ အမှုကိုစစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်း သတင်းစာက ဖော်ပြပါတယ်။

မြစ်သားမြို့နယ် ဒုလဝကမှူး မူးယစ်သယ်ဆောင်မှုဖြင့် တာဝန်ယာယီရပ်ဆိုင်း

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ ပြောင်းရွှေ့လာသည့် ဒုတိယလဝကမှူးကို မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်း ဝယ် မှုဖြင့် သံသယရှိ၍ တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်း တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းဇော်က ပြောကြားသည်။

မာဂရက်သက်ချာကို လုပ်ကြံသတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်မှု၌ FBI တစ်ဦး ပါဝင်ခဲ့ဟုဆို

Photo: မာဂရက်သက်ချာကို လုပ်ကြံသတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်မှု၌ FBI တစ်ဦး ပါဝင်ခဲ့ဟုဆို
Wednesday, December 10, 2014 

နယူးယောက်မြို့ရှိ ပြည်ထောင် စု ထောက်လှမ်းရေးဗျူရို(FBI) ရုံးမှ အမျိုးသမီး အတွင်းရေးမှူးတစ်ဦးက မာဂရက်သက်ချာကို လုပ်ကြံမည့် အိုင်ယာလန် ရီပတ်ဘလီကန်အကြမ်း ဖက်သမားများထံသို့ မာဂရက်သက် ချာ အမေရိကန်သို့ အလည်အပတ် လာမည့်သတင်းကို ပေါက်ကြားခဲ့ သည်ဟု သံသယရှိကြောင်း အသစ် ထုတ်ပြန်လိုက်သည့် အချက်အလက် များအရ သိရသည်။

စာမျက်နှာပေါင်းများစွာပါသော အစီရင်ခံစာ၌ အမေရိကန်အထက် တန်း ထောက်လှမ်းရေးအရာရှိများ သည် မာဂရက်သက်ချာဝန်ကြီးချုပ် ဘဝမှာရော၊ အနားယူပြီးအချိန်များ မှာပါ လုပ်ကြံမှုများအတွက် ခြိမ်း ခြောက်မှုများစွာတို့ကို အချိန်များစွာ ပေး၍ လုပ်ဆောင်ပေးခဲ့ရကြောင်း ဖော်ပြထားခဲ့သည်။

ဤမှတ်သားလောက်စရာ အ ချက်အလက်များမှာ ၁၉၉၂ခုနှစ်၊ ထိုအချိန်က FBI ညွှန်ကြားရေးမှူး ဝီလီယံဆက်ရှင်လက်ထက်က ဖြစ် သည်။ ဆက်ရှင်က FBI အထက် တန်း ထောက်လှမ်းရေးအုပ်စုတစ်စု အား ရီပတ်ဘလီကန် ထောက်လှမ်း ရေးများ၏ အထဲသို့ဝင်ရောက်ထောက် လှမ်းရန် ညွှန်ကြားခဲ့သည်။

မစ္စတာဆက်ရှင်က ၄င်း၏ မှတ်တမ်း၌ ဖော်ပြရာတွင် ဘော်စတွန်မြို့ အိုင်းရစ် အမျိုးသားရေးဝါဒီများ၏ လူဆိုးဂိုဏ်းတစ်ခုမှ တိကျသောသ တင်းတစ်ခုရရှိခဲ့ကြောင်း FBI အဖွဲ့ မှ ဝန်ထမ်းတစ်ဦးက အိုင်းရစ်ယာ ယီတပ်မတော်(PIRA)သို့ အဆိုပါ သတင်းကို ပေါက်ကြားခဲ့ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါသတင်းက နယူး ယောက်မြို့ FBI ရုံးရှိ အမျိုးသမီး အတွင်းရေးမှူး တစ်ဦးက PIRA သို့ ကွန်ပျူတာအချက်အလက်များ အမည်စစ်ဆေးမှု၊ မည်သူမည်ဝါဖြစ် ကြောင်း၊ ID တို့ကိုပေးခဲ့ကြောင်း ဆက်ရှင်က ဖော်ပြထားခဲ့သည်။

ထို့ အပြင် နယူးယောက် FBI ရုံးမှ အ ခြားတစ်ဦးကိုလည်း အခြားစွပ်စွဲချက် များဖြင့် ဖော်ထုတ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

လျှို့ဝှက်လုပ်ကြံမည့်သူများထံ သို့ သတင်းမရောက်နိုင်ရန် အတွင်း မှသတင်းပေါက်ကြားသူ စုံထောက် သို့ မည်သည့်သတင်းမှ မပေါက်ကြား ရန် မစ္စတာဆက်ရှင်က ထိပ်တန်း စိတ်ချရသည့် စုံထောက်အရာရှိနှစ် ဦးကို တာဝန်ပေး၍လုပ်စေခဲ့ရသည် ဟု ဆိုသည်။

ဤလျှို့ဝှက်ဖိုင်အား ပထမဆုံး အဖြစ် ဂါဒီးယန်းသတင်းစာတွင် ဖော် ပြခဲ့သည်။ သို့ရာတွင် သတင်းပေါက် ကြားသည့် စုံထောက်ကို ပထမတွေ့ ရှိခဲ့သော်လည်း FBI က မာဂရက် သက်ချာကို PIRA က အမေရိကန် ၌ လုပ်ကြံနိုင်သည်ကို အထူးစိုးရိမ် မိကြောင်း အသေးစိတ်ဖော်ပြခဲ့သည် ဟု ဆိုသည်။

FBI က PIRA အဖွဲ့ဝင်နှစ်ဦး ကို အထူးစောင့်ကြည့်ခဲ့ရသည်။ ၄င်း တို့မှာ ၁၉၉၂ခုနှစ်ကတည်းက အမေ ရိကန်၌ လုပ်ကိုင်နေခဲ့ကြသည်ဟု ဆိုသည်။

FBI က PIRA အဖွဲ့ဝင်နှစ်ဦး မှ တစ်ဦးမှာ ၁၉၉ဝပြည့်နှစ် လန်ဒန် အကြမ်းဖက်တိုက်ဖျက်ရေး ညီလာခံ ကိုဗုံးခွဲရန် ကြံစည်ခဲ့သည်ဟု ဆိုသည်။

နောက်တစ်ဦးမှာ ဥရောပရှိ ဗြိတိသျှ တပ်သားများကို သတ်ဖြတ်ရန်ကြံ စည်ခဲ့ပြီး ဒတ်ခ်ျရဲ၏လက်မှ ရှောင် ထွက်ခဲ့သူဖြစ်သည်။

မာဂရက်သက်ချာ ခရီးစဉ်လာ ပြီးသည်အထိ FBI က နယူးယောက် မြို့ရှိ အိုင်းရစ်လူမျိုးများ အသိုင်းအ ဝိုင်းကို ထောက်လှမ်းနေခဲ့ရသည်ဟု ဆိုသည်။

မာဂရက်သက်ချာ၏ ၁၉၉၂ခုနှစ် အမေရိကန်ခရီးစဉ်မှာ ခလုတ်မထိဘဲ ပြီးဆုံးခဲ့သည်။

Yangon Media Group
နယူးယောက်မြို့ရှိ ပြည်ထောင် စု ထောက်လှမ်းရေးဗျူရို(FBI) ရုံးမှ အမျိုးသမီး အတွင်းရေးမှူးတစ်ဦးက မာဂရက်သက်ချာကို လုပ်ကြံမည့် အိုင်ယာလန် ရီပတ်ဘလီကန်အကြမ်း ဖက်သမားများထံသို့ မာဂရက် သက်ချာ အမေရိကန်သို့ အလည်အပတ် လာမည့်သတင်းကို ပေါက်ကြားခဲ့ သည်ဟု သံသယရှိကြောင်း အသစ် ထုတ်ပြန်လိုက်သည့် အချက်အလက် များအရ သိရသည်။

မွန်ဒေသခံများ ထိုင်းနှင့် ဂျပန် နိုင်ငံတို့မှ ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ကောင်းကျိုး ဆိုးကျိုးများ သွားရောက် လေ့လာ

Photo: ဟောင်ကောင် ဆန္ဒပြ နေရာများကို ရဲများက အပြီးတိုင်ရှင်းလင်း ဖယ်ရှားတော့မည်
Wednesday, December 10, 2014 

ဟောင်ကောင်တွင် ဒီမိုကရေစီ အရေး ဆန္ဒပြသည့် အဓိကသပိတ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် အပြီးတိုင် ရှင်းလင်း တော့မည် ဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာသည်။

သို့သော် နှစ်လကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆန္ဒပြမှုများကို ဆက်လက်ဆင်နွှဲ သွားမည်ဟု ဆန္ဒပြသူအချို့ က ပြောကြားထားသည်။ ဆန္ဒပြသူများက အရှိန်အမြင့်ဆုံး ဆန္ဒပြမှုတွင် လမ်းမများကို ပိတ်ဆို့ခဲ့ရာ ၎င်းတို့အပေါ် ပြည်သူတို့၏ ထောက်ခံမှုများ ကျဆင်းသွားခဲ့ သည်။ မြို့ တွင်းရှိ အဓိကလမ်းမများကို နောက်ဆုံးသိမ်းပိုက်ရန် လုပ်ဆောင်ရာတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။

တရုတ်လက်အောက်မှ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် ၂၀၁၇ ခုနှစ်အတွက် အုပ်ချုပ်ရေးမှူးများကို လွတ်လပ်စွာရွေးချယ်ခွင့် အတွက် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ သို့ သော် တရုတ် ကွန်မြူနစ်ပါတီ အာဏာပိုင်များက အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ် လောင်းများကို ဗဟိုကော်မတီကသာ ရွေးချယ်ရမည်ဟု အလျော့မပေးဘဲ ရှိနေသည်။ အထူးခုံရုံးတစ်ရပ်က ဟောင်ကောင်၏ စီးပွားရေးအချက်အခြာကျရာတွင်ရှိသည့် အဓိကဆန္ဒပြစခန်းမှ အပိုင်းသုံးပိုင်းကို ရှင်းလင်းဖယ်ရှားရန် ဒီဇင်ဘာ ၉ရက်က ထုတ်ပြန်လိုက်သည်။

ယင်းအမိန့် ထုတ်ပြန်ချက်အရ ဆန္ဒပြစခန်းများကို ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းတွင် စတင်ရှင်းလင်းမည်ဖြစ်ရာ ဆန္ဒပြသူများအနေဖြင့် ကိုယ်သဘောနှင့်ကိုယ် စခန်းမှ ထွက်ခွာသွားရန် အာဏာပိုင်များက တိုက်တွန်းမည်ဖြစ်သည်။

"တရားရုံးညွန်ကြားချက်က ဆန္ဒပြဧရိယာတစ်ခုကိုရှင်းလင်းဖို့ ပဲဖြစ်တယ်။ တကယ် လို့ သပိတ်စခန်းတစ်ခုလုံးကိုသာ ရှင်းလင်းခဲ့မယ် ဆိုရင် ပြည်သူတွေ ဘက်ကလည်း အကြမ်းဖက်တုံ့ ပြန် လာလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘာ တိုး တက် မှုမှ မရှိဘဲ ဆန္ဒပြမှုတွေကို ရုပ်သိမ်းသွားဖို့ မရှိပါဘူး။ ဒီနေရာမှာ ကျွန်တော် တို့ ဆန္ဒဖော်ထုတ်နေတာ ၇၃ရက်ရှိပြီ။ သပိတ်လှန် ပစ်ဖို့ အချိန် မတိုင်သေးဘူး လို့ တော့ ကျွန် တော် ထင်တယ်"ဟု အယ်လက်စ်ဟုခေါ်သော အသက် ၂၇နှစ်ရှိ ဆန္ဒပြသူ တစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ကျောင်းသားဆန္ဒပြ ခေါင်းဆောင် ဂျိုရှုအာဝန်း ဒီဇင်ဘာ ၆ ရက်က အက်မာရတီ အရပ်တွင် မိန့်ခွန်းပြော နေစဉ်။ ဓာတ်ပုံ - AFP
လေ့လာရေးခရီးစဉ်၌ လိုက်ပါသွားမည့် ကိုဝင်းနိုင်သက်နှင့် ဦးညီသွေးတို့ ခရီးစဉ် မသွားရောက်မီ ဒေါက်တာ ခင်မောင်ညိုနှင့် သတ္တုတွင်းပညာရှင် ဦးစိန်မြင့် တို့နှင့်သွားရောက် ဆွေးနွေးခဲ့စဉ် လေ့လာရေး ခရီးစဉ်၌လိုက်ပါသွားမည့် ကိုဝင်းနိုင်သက်နှင့် ဦးညီသွေးတို့ ခရီးစဉ် မသွားရောက်မီ ဒေါက်တာ ခင်မောင်ညိုနှင့် သတ္တုတွင်း ပညာရှင် ဦးစိန်မြင့် တို့နှင့် သွားရောက် ဆွေးနွေး ခဲ့စဉ် ဓါတ်ပုံ - (ဦးညီသွေး)
Toyo Thai ကုမ္ပဏီမှ ဖိတ်ခေါ်ချက် အရ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံ အတွင်းရှိ ကျောက်မီးသွေး လောင်စာ သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ၏ ကောင်းကျိုး ဆိုးကျိုး များကို လေ့လာ နိုင်ရန် အတွက် မွန်ပြည်နယ်မှ ဒေသခံ (၁၅) ဦး ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လေ့လာရေး ခရီး သွားရောက်မည် ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါ သွားမည့် မြစ်မခ သတင်းဌာနမှ သတင်းထောက် ကိုဝင်းနိုင်သက်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြားသည်။

အုန်းဆီက သွားတိုက်ဆေးအမျိုးအစားအားလုံးထက် ပိုမိုကောင်းမွန်

Photo: အုန်းဆီက သွားတိုက်ဆေးအမျိုးအစားအားလုံးထက် ပိုမိုကောင်းမွန်
Wednesday, December 10, 2014 

အုန်းသီးက သွားတွေ ထိခိုက်ပျက်ဆီးစေတဲ့ ဘက်တီးရီးယားပိုးတွေကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သိပ္ပံပညာရှင်များက အတည်ပြုပြောဆိုခဲ့ပါတယ်။ 

Streptococcus mutans ခေါ် ရောစက်ပျံ့နှံ့စေတဲ့ ဘက်တီးရီးယားပိုးတွေအပေါ် အုန်းဆီရဲ့ အကျိုးသက်ရောက်မှုကို အိုင်းရစ်သိပ္ပံပညာရှင်တစ်စုက စမ်းသပ်ခဲ့ကြ တယ်။ သွားတွေပေါ် ၎င်းဘက်တီးရီးယားတွေ တွယ်ကပ်ရောက်လာတဲ့အခါ သွားကို တိုက်စားပြီး ပုံသဏ္ဍာန်ပျက်ဆီးစေပါတယ်။ အုန်းဆီဟာ ဘယ် ဘက်တီးရီးယား အမျိုးစားမဆို ရှင်းလင်းသုတ်သင်ပေးမယ့် အကောင်းဆုံးလက်နက်ဖြစ်ကြောင်း လေ့လာစမ်းသပ်မှုရဲ့ ရလဒ်တွေက ဖော်ပြထားပါတယ်။ သွားတိုက်ဆေးတွေနဲ့ ပလုတ်ကျင်းဆေးတွေရဲ့ အဓိက အသုံးပြုပစ္စည်းမှာ အုန်းဆီသာဖြစ်သင့်ကြောင်း သိပ္ပံပညာရှင်တွေက ရှင်းပြထားပါသေးတယ်။ ဒီနည်းနဲ့ ကျွန်ုပ်တို့သွားတွေကို အရင်ထက် ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ကြမှာဖြစ်တယ်။ 

သွားပိုးစားတာဆိုရင်လည်း အကျိုးဆက်က ကလေးငယ်တွေအပေါ် မကြာခဏ ဖြစ်ပွားပြီး တစ်ခါတစ်လေ အရွယ်ရောက်သူတွေတောင် ရင်ဆိုင်နေရပါတယ်။ 

ဓာတုပစ္စည်းများနေရာမှာ ပြောင်းလဲသုံးစွဲပြီး သွားသန့်ရှင်းရေး ထုတ်ကုန်တွေ ထပ်ပေါင်ချိန်မှာတော့ အုန်းဆီဟာ သွားတွေကို ပျက်ဆီးစေတတ်သလို ဘက်တီးရီးယား မျိုးစုံ ခုခံကာကွယ်ပေးတဲ့ အကောင်းဆုံးလက်နက် ဖြစ်လာနိုင် မှာဖြစ် တယ်။ ကူးစက်ရောဂါတွေ၊ ကိုယ်ဝန်ပျက်မှုဖြစ်စေတဲ့ ဖန်ဂက်စ်၊ နာကျင်ကိုက်ခဲခြင်း၊ ယားယံခြင်း နဲ့ ဆီးသွားတဲ့အခါ ကျိန်းစပ်လာတဲ့ ခံစားမှု စတာတွေ ကုသရာမှာ အုန်းဆီက အကောင်းဆုံးဖြစ်ပါတယ်။ 

Source: Healthyfoodhouse
Trend Myanmar
အုန်းသီးက သွားတွေထိခိုက်ပျက်ဆီးစေတဲ့ ဘက်တီးရီးယားပိုးတွေကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သိပ္ပံပညာ ရှင်များက အတည်ပြုပြောဆိုခဲ့ပါတယ်။ 

ဟောင်ကောင် ဆန္ဒပြ နေရာများကို ရဲများက အပြီးတိုင်ရှင်းလင်း ဖယ်ရှားတော့မည်

Photo: ဟောင်ကောင် ဆန္ဒပြ နေရာများကို ရဲများက အပြီးတိုင်ရှင်းလင်း ဖယ်ရှားတော့မည်
Wednesday, December 10, 2014 

ဟောင်ကောင်တွင် ဒီမိုကရေစီ အရေး ဆန္ဒပြသည့် အဓိကသပိတ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် အပြီးတိုင် ရှင်းလင်း တော့မည် ဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာသည်။

သို့သော် နှစ်လကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆန္ဒပြမှုများကို ဆက်လက်ဆင်နွှဲ သွားမည်ဟု ဆန္ဒပြသူအချို့ က ပြောကြားထားသည်။ ဆန္ဒပြသူများက အရှိန်အမြင့်ဆုံး ဆန္ဒပြမှုတွင် လမ်းမများကို ပိတ်ဆို့ခဲ့ရာ ၎င်းတို့အပေါ် ပြည်သူတို့၏ ထောက်ခံမှုများ ကျဆင်းသွားခဲ့ သည်။ မြို့ တွင်းရှိ အဓိကလမ်းမများကို နောက်ဆုံးသိမ်းပိုက်ရန် လုပ်ဆောင်ရာတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။

တရုတ်လက်အောက်မှ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် ၂၀၁၇ ခုနှစ်အတွက် အုပ်ချုပ်ရေးမှူးများကို လွတ်လပ်စွာရွေးချယ်ခွင့် အတွက် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ သို့ သော် တရုတ် ကွန်မြူနစ်ပါတီ အာဏာပိုင်များက အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ် လောင်းများကို ဗဟိုကော်မတီကသာ ရွေးချယ်ရမည်ဟု အလျော့မပေးဘဲ ရှိနေသည်။ အထူးခုံရုံးတစ်ရပ်က ဟောင်ကောင်၏ စီးပွားရေးအချက်အခြာကျရာတွင်ရှိသည့် အဓိကဆန္ဒပြစခန်းမှ အပိုင်းသုံးပိုင်းကို ရှင်းလင်းဖယ်ရှားရန် ဒီဇင်ဘာ ၉ရက်က ထုတ်ပြန်လိုက်သည်။

ယင်းအမိန့် ထုတ်ပြန်ချက်အရ ဆန္ဒပြစခန်းများကို ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းတွင် စတင်ရှင်းလင်းမည်ဖြစ်ရာ ဆန္ဒပြသူများအနေဖြင့် ကိုယ်သဘောနှင့်ကိုယ် စခန်းမှ ထွက်ခွာသွားရန် အာဏာပိုင်များက တိုက်တွန်းမည်ဖြစ်သည်။

"တရားရုံးညွန်ကြားချက်က ဆန္ဒပြဧရိယာတစ်ခုကိုရှင်းလင်းဖို့ ပဲဖြစ်တယ်။ တကယ် လို့ သပိတ်စခန်းတစ်ခုလုံးကိုသာ ရှင်းလင်းခဲ့မယ် ဆိုရင် ပြည်သူတွေ ဘက်ကလည်း အကြမ်းဖက်တုံ့ ပြန် လာလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘာ တိုး တက် မှုမှ မရှိဘဲ ဆန္ဒပြမှုတွေကို ရုပ်သိမ်းသွားဖို့ မရှိပါဘူး။ ဒီနေရာမှာ ကျွန်တော် တို့ ဆန္ဒဖော်ထုတ်နေတာ ၇၃ရက်ရှိပြီ။ သပိတ်လှန် ပစ်ဖို့ အချိန် မတိုင်သေးဘူး လို့ တော့ ကျွန် တော် ထင်တယ်"ဟု အယ်လက်စ်ဟုခေါ်သော အသက် ၂၇နှစ်ရှိ ဆန္ဒပြသူ တစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ကျောင်းသားဆန္ဒပြ ခေါင်းဆောင် ဂျိုရှုအာဝန်း ဒီဇင်ဘာ ၆ ရက်က အက်မာရတီ အရပ်တွင် မိန့်ခွန်းပြော နေစဉ်။ ဓာတ်ပုံ - AFP
ကျောင်းသားဆန္ဒပြ ခေါင်းဆောင် ဂျိုရှုအာဝန်း ဒီဇင်ဘာ ၆ ရက်က အက်မာရတီ အရပ်တွင် မိန့်ခွန်းပြော နေစဉ်။ ဓာတ်ပုံ - AFP
ဟောင်ကောင်တွင် ဒီမိုကရေစီ အရေး ဆန္ဒပြသည့် အဓိကသပိတ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် အပြီးတိုင် ရှင်းလင်း တော့မည် ဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာသည်။

ဆီးရီးယားနှင့်အီရတ်တွင် သြစတြေးလျ စစ်သွေးကြွ ၂၀ ဦး သေဆုံး

Photo: ဆီးရီးယားနှင့်အီရတ်တွင် သြစတြေးလျ စစ်သွေးကြွ ၂၀ ဦး သေဆုံး
Wednesday, December 10, 2014 

သြစတြေးလျ အစိုးရအဖွဲ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံ တို့တွင် အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့အတွက် သွားရောက် တိုက်ခိုက် ပေးနေသည့် သြစတြေးလျ နိုင်ငံသား စစ်သွေးကြွများ အနက်မှ ၂၀ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ထုတ်ဖော် ပြောကြားခဲ့ပြီး အိုင်အက်စ် စစ်သွေးကြွများသည် ပြည်ပ နိုင်ငံသား တိုက်ခိုက်ရေးသမားများကို အသေခံတပ်သားနှင့် ၀ါဒဖြန့် လက်နက် များအဖြစ် အသုံးပြုနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သြစတြေးလျနိုင်ငံသား ၇၀ ဦးခန့်သည် ယင်းနှစ်နိုင်ငံတွင် တိုက်ပွဲများ ဆင်နွှဲလျက်ရှိ ကြောင်းနှင့် ညွှန့်ပေါင်းအဖွဲ့ တိုက်ခိုက်ရေးလေယာဉ်များက အိုင်အက်စ်စခန်းများအပေါ် တိုက်ခိုက်ခဲ့ခြင်း ကြောင့် သေဆုံးသူများ များပြားလျက်ရှိကြောင်း အစိုးရ အဖွဲ့က ပြောကြားသည်။

ရှေ့နေချုပ် ဂျော့ဘရန်ဒစ်က “ဆီရီးယားနှင့် အီရတ်နိုင်ငံတို့မှာ ဖြစ်ပွားတဲ့ ပဋိပက္ခအတွင်း သြစတြေးလျ နိုင်ငံသား ၂၀ ဦးခန့် သေဆုံးခဲ့တာ ကို အစိုးရအဖွဲ့က သိရှိခဲ့ပါတယ်။ ကိုဘာနီမြို့ အပါအ၀င် အစိုးရတပ်ဖွဲ့ အပေါ် တိုက်ခိုက်သော တိုက်ပွဲများအတွင်း သြစတြေးလျနိုင်ငံသား အ များအပြား သေဆုံးခဲ့ပါတယ်။ ဒါ ကြောင့် ယခုသီတင်းပတ်တွေအတွင်း သေဆုံးသူ ဦးရေ မြင့်တက်ခဲ့ပါတယ်” ၎င်းက The Australian သ တင်းစာသို့ ပြောကြား ခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်းရှိ မဟာဗျူ ဟာကျသော ကိုဘာနီမြို့တစ်ဝိုက်တွင် တိုက်ခိုက်မှုများ မြင့်တက်လာမှု ကြောင့် သေဆုံး သူဦးရေ မှာ မြင့်တက်ခဲ့ကြောင်းနှင့် သြစတြေးလျအစိုးရအဖွဲ့က ယခင်က သြစတြေးလျ နိုင်ငံသား ၁၅ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ IS အဖွဲ့က နိုင်ငံခြားသားများကို လူသစ်စုဆောင်းမှုများတွင် အသုံးချခဲ့ခြင်းကြောင့် သေဆုံးသူများ မြင့် တက်လာခဲ့ခြင်း ဖြစ်သည်။

IS အဖွဲ့သည် အနောက်နိုင်ငံသားများကို လူသစ်စုဆောင်းမှု ပြုလုပ်ခဲ့ခြင် သည် ၀ါဒဖြန့်စစ်ပွဲတွင် အနောက်နိုင်ငံသားများ ပါဝင်လာပါက ဘာသာရေးစစ်ပွဲ၏ အရေးပါသော အစိတ်အပိုင်း တစ်ရပ် ဖြစ်စေ ရန်ဖြစ်ကြောင်း ဘရန်ဒစ်က စွပ်စွဲ ပြောကြားခဲ့သည်။ IS အဖွဲ့ဟာ အနောက်နိုင်ငံသားaတွကို အသေခံစစ်သား၊ အသေခံဗုံးခွဲ တိုက်ခိုက်သူများနှင့် ၀ါဒဖြန့်လက် နက်များ အဖြစ် အသုံးပြုခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘရန်ဒစ်က “သြစတြေးလျ လူငယ်များ၊ အနောက်နိုင်ငံများမှ လူငယ်အမျိုး သားများနဲ့ အမျိုးသမီးများဟာ ရန်သူများကို တိုက်ခိုက်တဲ့ မြင့်မြတ်တဲ့ စစ်ပွဲတစ်ရပ်ကို ပါဝင်ဆင်နွှဲခြင်းဖြစ်တယ်ဆိုတဲ့ မုသား သုံးကာ ဖြား ယောင်းခြင်း ခံခဲ့ရပါတယ်။

အမှန်တကယ်တော့ သူတို့တွေဟာ IS အဖွဲ့ကိုယ်စား ကျွန်ပြုခြင်း၊အဓမ္မပြုကျင့်မှု လုပ်ရပ်တွေနဲ့ သတ်ဖြတ် မှုတွေ၊ အပြစ်မဲ့တဲ့ ပြည်သူတွေ ကို တိုက်ခိုက်တဲ့လုပ်ရပ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင် လုပ်ဆောင် နေပါတယ်” ဟု ပြောကြားခဲ့သည်။ သြစတြေးလျအစိုးရက အကြောင်းပြချက်မရှိဘဲနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ရန် ခရီးသွားလာခဲ့ပါက ရာဇ၀တ်မှုမြောက်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း ထားသည်။

Ref: AFP
Mizzima - News in Burmese 

ဆီးရီးယား နိုင်ငံအတွင်းမှ အိုင်အက်စ်တို့၏ စစ်စခန်းတစ်ခု။ ဓာတ်ပုံ - AFP
ဆီးရီးယား နိုင်ငံအတွင်းမှ အိုင်အက်စ်တို့၏ စစ်စခန်းတစ်ခု။ ဓာတ်ပုံ - AFP
သြစတြေးလျ အစိုးရအဖွဲ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံ တို့တွင် အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့အတွက် သွားရောက် တိုက်ခိုက် ပေးနေသည့် သြစတြေးလျ နိုင်ငံသား စစ်သွေးကြွများ အနက်မှ ၂၀ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ထုတ်ဖော် ပြောကြားခဲ့ပြီး အိုင်အက်စ် စစ်သွေးကြွများသည် ပြည်ပ နိုင်ငံသား တိုက်ခိုက်ရေးသမားများကို အသေခံတပ်သားနှင့် ၀ါဒဖြန့် လက်နက်များအဖြစ် အသုံးပြုနေသည် ဟု စွပ်စွဲပြောကြားခဲ့သည်။

အင်ဒိုနီးရှား အရှေ့ပိုင်း ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူလေးဦးသေဆုံး

Photo: အင်ဒိုနီးရှား အရှေ့ပိုင်း ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူလေးဦးသေဆုံး
Wednesday, December 10, 2014 

အင်ဒိုနီးရှား နိုင်ငံအရှေ့ပိုင်းရှိ ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသော ပါပူအာဒေသတွင် လုံခြုံရေး တပ်ဖွဲ့များ နှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး ဆယ်ကျော်သက် လူငယ် လေးဦး ပစ်သတ်ခံခဲ့ရသည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၉ ရက် ကပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲများက ဆန္ဒပြသူများကို ပစ်ခတ်ခဲ့သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲပြောကြားခဲ့သည်။

ဒီဇင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့သော ယင်းအဖြစ်အပျက်သည် နိုင်ငံအရှေ့ခြမ်းတွင် နောက်ဆုံးဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ်စဉ်ဖြစ်ပြီး ယင်းဒေသတွင် ရရာလက်နက်စွဲကိုင်ထားသည့် တိုက်ခိုက်ရေးသမားများက ဒေသရှိ မီလာနီရှန် လူမျိုးစုများကိုယ်စား ဆယ်စုနှစ်များစွာ အကြာကတည်းက အင်ဒိုနီးရှား အစိုးရအပေါ် ဆန့်ကျင်မှုများ လုပ်ဆောင်ခဲ့သည်။

အခင်းဖြစ်ပွားစဉ်က ရာပေါင်းများစွာသော ဆန္ဒပြသမားများသည် နိုင်ငံရှိ ဝေးလံသော မာဒီအရပ်ရှိ စစ်တပ်နှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။ ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူများအား ပစ်ခတ်ခဲ့သူများကို ရှင်းရှင်းလင်းလင်းမသိရသေးဟု ရဲများက ပြောသည်။

ဖြစ်စဉ်တွင် ဆန္ဒပြလူအုပ်အတွင်းသို့ လုံခြုံရေး တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်းသား ငါးဦး သေဆုံးခဲ့သည်ဟု အင်ဒိုနီးရှားရှိ လူ့အခွင့်အရေး လှုပ်ရှားသူ အန်ဒရီယက် ဟာဆိုနိုကပြောသည်။ အဆိုပါ ပါပူအာ ဒေသတွင် လက်ရှိအချိန်၌ အစိုးရက ရဲများနှင့် စစ်တပ်တို့ကို တိုးမြင့်ချထားပြီး  ပြည်ပနိုင်ငံသားများ သတင်းရယူမှုများကို လည်း တင်းကျပ်ထားသည်။

ဒေသတွင် ဒီဇင်ဘာ ၇ ရက် ညပိုင်းက ကားဒရိုင်ဘာတစ်ဦးနှင့် လူငယ်များ အချင်းများခဲ့ရာမှ တင်းမာမှုများ စတင်ဖြစ်ပွားခဲ့သည်ဟု ရဲများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ ယင်းကားဒရိုင်ဘာသည် ဒေသတွင်း စစ်တပ်တစ်ခုမှ ဖြစ်ပြီး အချင်းများပြီးနောက်ပိုင်းတွင် လူအုပ်စုတစ်စုနှင့် အတူ ပြန်လာ၍ လူငယ်များကို ရိုက်နှက်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ဒီဇင်ဘာ ၈ ရက်တွင် ဒေသရှိ ရွေးကောက်ပွဲ ရုံးခန်းတစ်ခုမီးရှို့ခံရပြီး နောက် ရဲစခန်းများနှင့် စစ်တပ်တို့လည်း တိုက်ခိုက် ခံခဲ့ရသည်ဟု ပါပူအာ ဒေသ ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူလစ်ယို ပူဂျိုက ပြောသည်။း “ ဒီဖြစ်စဉ်မှာ ထိခိုက်သေကျေ မှုတွေရှိခဲ့ပါတယ်၊ ဘယ်သူတွေက ပစ်တာလဲဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး၊ လေးယောက်သေပြီး ၁၀ ဦးဒဏ်ရာရခဲ့ပါတယ်” ဟု ၎င်း ကပြောကြားသွားသည်။

Ref: AFP
Mizzima - News in Burmese 

ပဋိပက္ခ တစ်ခုကို နှိမ်နင်းနေသည့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ
ပဋိပက္ခ တစ်ခုကို နှိမ်နင်းနေသည့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ
အင်ဒိုနီးရှား နိုင်ငံအရှေ့ပိုင်းရှိ ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသော ပါပူအာဒေသတွင် လုံခြုံရေး တပ်ဖွဲ့များ နှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး ဆယ်ကျော်သက် လူငယ် လေးဦး ပစ်သတ်ခံခဲ့ရ သည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၉ ရက် ကပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲများက ဆန္ဒပြသူများ ကို ပစ်ခတ်ခဲ့သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲပြောကြားခဲ့သည်။

ရန်ဖြစ်ဖူးသည့် ကိစ္စကို မကျေနပ်သည့် ရှစ်တန်းကျောင်းသားက ကျောင်းသူကို ဓားဖြင့်ထိုး

ခိုက်ရန်ဖြစ်ဖူးသည့်ကိစ္စကို မကျေနပ်၍ ရှစ်တန်းကျောင်းသားတစ်ဦးက အတန်းဖော်ကျောင်းသူကို ဓားဖြင့် ထိုးခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၂ နာရီ ၁၀ မိနစ်က လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် ပညာရေးမှူး ဦးတင်လှိုင်က ပြောသည်။

မလေးရှားတွင် မြန်မာများအသတ်ခံရမှုအတွက် သံသယရှိ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး

Photo: မလေးရှားတွင် မြန်မာများအသတ်ခံရမှုအတွက် သံသယရှိ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး
Wednesday, December 10, 2014
  
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ အမှုတွေအတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ မလေးရှားနိုင်ငံ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဧပြီလ အတွင်းက ပီနန်မြို့မှာ မြန်မာနိုင်ငံသားတွေကို သတ်ဖြတ်တဲ့ လူသတ်မှု ၁၈ မှုဖြစ်ပွားခဲ့ပြီး လောလောဆယ်မှာ လူသတ်မှု ၁၃ မှုအတွက် သံသယရှိသူတွေကို ဖမ်းဆီ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ မြန်မာတွေမှာ တရားဝင်လက်မှတ်နဲ့ အလုပ်လုပ်နေသူတွေအပြင် တရားမ၀င် နေထိုင်သူတွေလည်း ပါဝင်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

မလေးရှားမှာ ပေါ်ပေါက်ခဲ့တဲ့ မြန်မာတွေ ရက်ရက်စက်စက် အသတ်ခံရမှုဟာ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေနဲ့ ဆက်စပ်နေတယ်လို့လည်း မလေးရှားသတင်းစာတွေက သုံးသပ်ရေးသားကြပါတယ်။

ဒီဗွီဘီ

မလေရှားနိုင်ငံ ပီနန်မှာ မြန်မာနိုင်ငံသား ၂ ဦး စက်တင်ဘာ ၁၄ ရက်နေ့က အသတ်ခံရစဉ်
မလေရှားနိုင်ငံ ပီနန်မှာ မြန်မာနိုင်ငံသား ၂ ဦး စက်တင်ဘာ ၁၄ ရက်နေ့က အသတ်ခံရစဉ်
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ အမှုတွေအတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ မလေးရှားနိုင်ငံ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။