Monday, 1 December 2014

ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး အကြမ်းဖက်သမားများ အပါအ၀င် လူ ၁၅ ဦးသေဆုံး

Photo: ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး အကြမ်းဖက်သမားများ အပါအ၀င် လူ ၁၅ ဦးသေဆုံး
Monday, December 1, 2014

ပေကျင်း၊ နိုဝင်ဘာ၃၀။ တရုတ်နိုင်ငံရှိ မွတ်စလင် အများစု နေထိုင်ရာ ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု နိုင်ငံပိုင် သတင်း အေဂျင်စီက နိုဝင်ဘာ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် အုပ်စု တစ်စုသည် သောကြာနေ့က ရှာချေခရိုင်တွင် အရပ်သားများကို တိုက်ခိုက်ခဲ့ရာ လေးဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရ ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှု အတွင်း အကြမ်းဖက်သမား ၁၁ ဦး ပစ်သတ် ခံခဲ့ရသည်ဟု နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ထုတ်လွှင့်ခဲ့ သည်။ ဒေသခံအာဏာပိုင်များ၏ ကြေညာချက်ကို ကိုးကား၍ နိုင်ငံပိုင် သတင်း အေဂျင်စီ ရှင်ဟွာက အတည်ပြု ခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်၊ ဒေသ စံတော်ချိန် နေ့လည် တစ်နာရီခွဲခန့်က ဓါးများ ကိုင်ဆောင်ထားသော အမျိုးသားများသည် ပေါက်ကွဲစေသော အရာများဖြင့် ပစ်ပေါက်၍ စီးပွားရေး အချက်အခြာ ကျသည့် လမ်းပေါ်ရှိ လူအုပ်ကို တိုက်ခိုက်ခဲ့သည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

တိုက်ခိုက်သူ ၁၁ ဦးကို အဆိုပါ နေရာတွင် ကင်းလှည့် နေသော ရဲတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဗုံးများ၊ ဓါးများနှင့် ပုဆိန်များကို အခင်း ဖြစ်နေရာတွင် သိမ်းဆည်း မိခဲ့သည်။ ဒဏ်ရာရသူ များကို ဆေးရုံသို့ ပို့ခဲ့သည်။ ရှာချေ ခရိုင်သည် ဇူလိုင်လ ကလည်း အစ္စလာမ် ဥပုသ်လ မကုန်မီ အချိန်ကလေးတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သေးသည်။ အသစ် ဖြစ်ပေါ် လာသည့် တိုက်ခိုက်မှု များက ရှန်ကျန်တွင် အခြေအနေ ယိုယွင်း နေသည်ကို ပြသလျက် ရှိသည်။

ပေကျင်း အစိုးရသည် တိုက်ခိုက်မှု များကို ပြင်းထန်စွာ နှိမ်နင်းလျက် ရှိပြီး ဒါဇင်ပေါင်း များစွာကို တရားခွင်တွင် လျင်မြန်စွာ စစ်ဆေးပြီး ကွပ်မျက်ခဲ့သည်။ ရာပေါင်း များစွာ ကိုလည်း ဖမ်းဆီး ခဲ့သည်။  အကျဉ်းကျ နေသည့် ၀ီဂါလူမျိုး ပညာရှင် အီလ်ဟမ်တိုတီ၏ ကျောင်းသား များကို ခွဲထွက်ရေး ၀ါဒ လိုလားမှုဖြင့် တရုတ်တရားရုံး တစ်ခုတွင် လျို့ဝှက် တရားခွင် စစ်ဆေးမှု စတင်ပြီး ငါးရက်အကြာ ယခု တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ရှင်ကျန် ပြည်နယ်တွင် တရုတ်နိုင်ငံ၏ လူများစု ဟန်လူမျိုးများနှင့် တူရကီ စကားပြော မွတ်စလင် ၀ီဂါ လူမျိုးများ အကြား တင်းမာမှုများကြောင့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

ပေကျင်းက ၀ီဂါ စစ်သွေးကြွ များကို အပြစ်တင်ခဲ့ပြီး ၀ီဂါ အချို့ကလည်း ပေကျင်း၏ ဦးဆောင်မှုကို ကျေနပ်မှု မရှိဘဲ ၎င်းတို့ အနေဖြင့် ခွဲခြားဆက်ဆံ ခံရသည့် အပြင် တိုးတက်မှု၏ အသီးအပွင့် များကို မခံစားရဟု ယူဆလျက် ရှိသည်။ ထို့အပြင် ယင်းပြည်နယ်သို့ ဟန်တရုတ် များလည်း စီးဝင်လျက် ရှိသည်။ ပေကျင်း၏ ဖိနှိပ်ရေး ပေါ်လစီသည် ပဋိပက္ခကို ပိုမိုဆိုးဝါး စေသည်ဟု ကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်လျက် ရှိသည်။

Ref: AFP
Mizzima - News in Burmese 

ရှင်းကျန် ပြည်နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲများ
ရှင်းကျန် ပြည်နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲများ 
ပေကျင်း၊ နိုဝင်ဘာ၃၀။ တရုတ်နိုင်ငံရှိ မွတ်စလင် အများစု နေထိုင်ရာ ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု နိုင်ငံပိုင် သတင်း အေဂျင်စီက နိုဝင်ဘာ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။

လယ်ယာမြေပြဿနာများအား အဓိကထားဖြေရှင်းရမည့် ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကာ ယခုအစိုးရ လက်ထက်၌ပင် ဆောင်ရွက်ပေးရန် သမ္မတနှင့်တွေ့ဆုံစဉ် နိုင်ငံရေးပါတီများ တင်ပြ

လယ်ယာမြေပြဿနာများအား အဓိကဖြေရှင်းရမည့် ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကာ ယခုအစိုးရ လက်ထက်၌ပင် ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများ ဘက်မှ တင်ပြမှုများ ရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

Photo: ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ
Monday, December 1, 2014

ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေမှုများ အပါအ၀င် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၃၀ ရက်က သိရသည်။

ယင်းကဲ့သို့ အဆုံးစီရင်မှုများထဲတွင် အဆိပ်သောက်သေဆုံးမှု ခုနစ်မှုပါဝင်ပြီး ဖြစ်စဉ်များမှာ နိုဝင်ဘာ ၂၅ ရက်တွင် မှော်ဘီမြို့နယ်တွင် အမျိုးသားတစ်ဦး၊ နိုဝင်ဘာ ၂၈ ရက်၊ ၂၁ ရက်၊ ၁၄ ရက်နှင့် ၇ ရက်တို့တွင် တိုက်ကြီးမြို့နယ်၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ နိုဝင်ဘာ ၁၉ ရက်၌ တွံတေးမြို့နယ်၌ ညီအစ်မနှစ်ဦးနှင့် နိုဝင်ဘာ ၈ ရက်တွင် ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များထဲမှ ဖြစ်စဉ်တချို့မှာ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေမှု၊ အရက်ကြောင်ကြောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကဲ့သို့ အဆိပ်သောက်သေဆုံးမှု ဖြစ်များထဲမှ ဖြစ်စဉ်တစ်ခုမှာ နိုဝင်ဘာ ၁၉ ရက် တွံတေးမြို့နယ် ခလုပ်ကျေးရွာအုပ်စု၊ ဂရက်ခရာကျေးရွာ နေ မ......(၁၆)နှစ်နှင့် ၎င်း၏ ၀မ်းကွဲညီအစ်မတော်စပ်သူ မ.......(၁၆)နှစ်တို့မှာ ပိုးသတ်ဆေးသောက်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။

“သူတို့မိဘတွေက ဆင်းရဲပြီး ကျောင်းမထားနိုင်တာ မဟုတ်ဖူး။ ကျောင်းထားနိုင်ပါတယ်။ ဒါပေမဲ့ ညီအစ်မနှစ်ဦးက နှာခေါင်းသွေးလျှံတာတို့ ခဏခဏဖြစ်တဲ့ ရောဂါရှိတဲ့အတွက် ကျောင်းတက်ပြီး ပညာမသင်နိုင်ဘူး။ အဲဒီကြောင့် စိတ်ခံစားမှုတွေဖြစ်ပြီး နှစ်ဦးဆုံမိတဲ့အခါမှာ ဘ၀ကို အားငယ်စိတ်တွေဖြစ်ပြီး အခုလိုလုပ်မိသွားတာလို့ ယူဆရပါတယ်။ သေဆုံးရတဲ့ အခြားအကြောင်းအရင်းတော့ မရှိပါဘူး” ဟု ထန်းတပင်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ထွန်းထွန်းသန်းက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

ဆက်လက်၍ “အဆုံးစီရင်မှုတွေက ဆင်ခြေဖုံးမြို့နယ်ကရွာတွေမှာ အများဆုံးဖြစ်ပွားနေတယ်။ တချို့က အရက်ကြောင်ကြောင်ပြီး အရက်ရဲ့ကျေးကျွန်ဘ၀ရောက်သွားတော့ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်မရှိတော့ဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်။ ပြီးတော့လူတွေအနေနဲ့လည်း စီးပွားရေးအဆင်မပြေတာတို့၊ အိမ်ထောင်ရေး အဆင်မပြေတာတို့ရှိရင်လည်း ထွက်ပေါက်ရှာတဲ့အနေနဲ့ အဆုံးမစီရင်ဖို့၊ စိတ်အေးအေးထားပြီး ဖြေရှင်းတတ်ဖို့ ပြောချင်ပါတယ်။ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်မပြေတိုင်း အဆုံးစီရင်ရင် ကိုယ့်ရဲ့ကျန်ခဲ့တဲ့ မိသားစုတွေက အဆင်ပြေသွားမှာ မဟုတ်သလို ကျန်ခဲ့မယ့်မိသားစုဘ၀ကို ထည့်ပြီးတွေးသင့်တယ်” ဟု ပြောကြားခဲ့သည်။

အလားတူ ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု ရှစ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များမှာ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် တစ်မှုစီနှင့် ခရမ်းမြို့နယ်တွင် နှစ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးမှုများထဲမှ အချို့ဖြစ်စဉ်များမှာ စာမေးပွဲကျမှု၊ မိဘနှင့်စကားများမှု၊ ကျန်းမာရေးမကောင်းမွန်မှု၊ အလုပ်အကိုင် အဆင်မပြေမှု၊ စိတ်ကျန်းမာရေး မကောင်းမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ရဲတာဝန်ရှိသူများ စစ်ဆေးချက်များအရ သိရသည်။

“စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေမှာ စိတ်အားငယ်တတ်တဲ့စိတ်တွေ အများအပြား ရှိနေတတ်တဲ့အတွက် အခုလိုမဖြစ်သင့်တာ မဖြစ်ပွားရအောင် မိသားစုတွေအနေနဲ့ အားပေးစကားတွေပြောဖို့ စနစ်တကျ ဂရုစိုက်စောင့်ရှောက်ဖို့ လိုအပ်တယ်။ ပြီးတော့ တချို့မိဘတွေကလည်း မိမိတို့ရဲ့သားသမီးတွေကို ပညာရေးအတွက်ရော၊ ဘယ်အကြောင်းအရာကြောင့်ဖြစ်စေ ဆိုဆုံးမတဲ့အခါကျရင် အရမ်းဖိအားပေးတဲ့ ပုံစံနဲ့ မဆုံးမဖို့ အထူးလိုအပ်ပါတယ်။ လူငယ်တွေဟာ များသောအားဖြင့် စိတ်ကိုအလိုလိုက်ပြီး ကိုယ်ထင်ရာကို အလွယ်တကူလုပ်တတ်တဲ့အတွက် သူတို့ရဲ့အနာဂတ်တွေ မပျက်စီးစေဖို့ ထိန်းထိန်းသိမ်းသိမ်း၊ အေးအေးဆေးဆေးနဲ့ ပြောဆိုဆုံးမတတ်ဖို့ အထူးလိုအပ်ပါတယ်” ဟု အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

စာမွေးပွဲကျ၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ် မြို့သစ်(က+ခ) ရပ်ကွက်၊ ခ-၅ လမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်စဉ်မှာ မှော်ဘီနည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သည့် ကို..... (၂၀)နှစ်မှာ နေအိမ်ရှေ့ခန်းထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာကုန်အထိ ကျန်းမာရေးအခြေအနေကြောင့် သေကြောင်းကြံစည်မှု ၂၆၁ မှု၊ စီးပွားရေးမပြေလည်မှုကြောင့် သေကြောင်းကြံစည်မှု ၂၂၁ မှု၊ လူမှုရေးကြောင့် ၆၃ မှုနှင့် အခြားအကြောင်းအရာများကြောင့် ၄၅၄ မှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ပြုလုပ်ခဲ့မှုတွင် ကြိုးဆွဲချမှု ၇၇၅ မှု၊ အဆိပ်သောက်မှု ၂၂၇ မှု၊ ရေထဲခုန်ချ ၂၉ မှု၊ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ် ငါးမှု၊ ကိုယ့်ကိုယ်ကိုယ် ဓါးဖြင့်ထိုး ၃၄ မှု၊ ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုခုနစ်မှုနှင့် တိုက်အမြင့်မှခုန်ချမှု ၁၄ မှုတို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရှိရသည်။

Eleven Media Group 

ခရမ်းမြို့နယ်တွင် ရဲတာဝန်ရှိသူများမှ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောနေမှုအား တွေ့ရစဉ်
ခရမ်းမြို့နယ်တွင် ရဲတာဝန်ရှိသူများမှ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောနေမှုအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေမှုများ အပါအ၀င် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၃၀ ရက်က သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၊ JICA တို့နှင့် ဆွေးနွေးနေ

Photo: ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၊ JICA တို့နှင့် ဆွေးနွေးနေ
Monday, December 1, 2014

ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အကူအညီများပေးရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

စနစ်ကျနမှုမရှိသေးဘဲ အားနည်းချက်များစွာ ရှိနေသေးသည့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအား အဆင့်မြှင့်ရန် လွန်ခဲ့သည့်တစ်ပတ်ခန့်က အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ JICA အဖွဲ့တို့မှ ကိုယ်စားလှယ်များ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆွေးနွေးတဲ့အခါမှာ ADB၊ JICA တို့ ကိုယ်စားလှယ်တွေပါတယ်။ ဒီဘက်က ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေလည်း ပါပါတယ်။ လက်ရှိကတော့ ဖြစ်နိုင်ခြေရှိတာတွေကို ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်။ အဓိကကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်ဖို့ပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ရည်မှန်းထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားများ၏ ၈၅ ရာခိုင်နှုန်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးဖြစ်သည့် ဘတ်စ်ကားကို အဓိကစီးနင်းနေကြခြင်းဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ခေတ်မီမှုမရှိတော့သည့် ယာဉ်တိုက်မှုအချို့လည်း မကြာခဏဖြစ်ပွားသည့် ဘီအမ်၊ ဒိုင်နာစသော ယာဉ်များကို အသုံးပြုနေရသေးကြောင်း သိရသည်။

အဆိုပါနေရာများတွင် အဆင့်မြင့် သယ်ယူပို့ဆောင်ရေးစခန်းများ အစားထိုးရန် ဘဏ္ဍာငွေများစွာလို အပ်နေပြီး (ADB)၊ JICA စသည်တို့၏ ငွေကြေးအင်အားများဖြင့် ပြုလုပ်မည်ဆိုပါက အပြောင်းအလဲများ ရှိလာမည်ဟု သိရသည်။

“အဓိကကတော့ ဘဏ္ဍာငွေကြေးပါပဲ။ ငွေကြေးတောင့်တင်းရင်တော့ ပြောင်းလဲရတာလွယ်ကူမှာပါ” ဟု ဦးအောင်ခင်က ဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အချိန်များစွာ ကုန်ဆုံးနေရ၍ အမြန်ဘတ်စ်ကားလိုင်းစနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ရာ မကြာမီ စတင်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို ဝေဇယန္တာလမ်းပေါ်တွင် ဦးစွာစတင် ပြေးဆွဲသွားမည်ဖြစ်ပြီး လက်ရှိတွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဦးအောင်ခင်က ဆက်လက်ပြောကြားသည်။

ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးနည်းတူ ရထားစနစ်သယ်ယူပို့ဆောင်ရေးအတွက်လည်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ကွင်းနိုင်မည့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင်တင်ရန် ဂျပန်နိုင်ငံမှ ကူညီမည်ဟု သိရသည်။

Eleven Media Group 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အကူအညီများ ပေးရန် အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင် က ပြောကြားသည်။

မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာဘက်မှ ခွင့်ပြုထားသော်လည်း ထိုင်းဘက်မှ အသင့်မဖြစ်သေး

Photo: မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာဘက်မှ ခွင့်ပြုထားသော်လည်း ထိုင်းဘက်မှ အသင့်မဖြစ်သေး
Monday, December 1, 2014

မြန်မာ-ထိုင်းနယ်စပ် မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာနိုင်ငံဘက်မှ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ အဆင်သင့်မဖြစ်သေးဟု သိရသည်။ မြ၀တီ-မဲဆောက် သောင်ရင်းဖြတ်ကျော် ချစ်ကြည်ရေးတံတားအား နံနက် ၆ နာရီမှ ညနေ ၆ နာရီ ဖွင့်လှစ်နေရာမှ ခရီးသွားပြည်သူများနှင့် နယ်စပ်ကုန်သွယ်မှု ပိုမိုလွယ်ကူ မြန်ဆန်လာစေရန် ရည်ရွယ်၍ နံနက် ၅ နာရီတွင် ဖွင့်လှစ်ရန်နှင့် ည ၈ နာရီ တံခါးပိတ်ရန် နှစ်နိုင်ငံဆွေးနွေးနေခြင်းဖြစ်သည်။

“တံတားဆိုတော့ တစ်ဖက်တည်းဖွင့်လို့ မရပါဘူး။ နှစ်နိုင်ငံ ဟိုဘက်ဒီဘက် အဆင်သင့်ဖြစ်မှသာ အချိန်တိုးမယ့်ကိစ္စ အဆင်ပြေမှာပါ။ မြန်မာဘက်မှ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက် ရထားတာကြာပြီ။ ထိုင်းဘက်မှာတော့ အောက်ခြေထိ ညွှန်ကြားချက်မရောက်သေးဘူးလို့ သိရပါတယ်” ဟု မြ၀တီချစ်ကြည်ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

ထိုင်းဘက်ကမ်းတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးကလည်း “တံတားအချိန် တိုးမြှင့်ဖွင့်လှစ်မယ်ဆိုတာတော့ ကြားပါတယ်။ တရားဝင်ညွှန်ကြားချက် မရှိသေးသလို ထိုင်းဘက်က အဆင်သင့်လည်း မဖြစ်သေးဘူး” ဟုဆိုသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ချိန်ကို နံနက် ၅ နာရီ တိုးမြှင့်ဖွင့်လှစ်ခြင်းဖြင့် မဲဆောက်ဘက်သို့သွားရန် နံနက်စောစော နေရာဦးနေရာလုပြီး တိုးဝှေ့ပြေးလွှားနေရသော မြ၀တီမှ ခရီးသည်ကြိုပို့ကားများနှင့် သောင်ရင်းကမ်းနဖူးသို့ နံနက်စောစောဆိုက်ရောက်သည့် ဘန်ကောက်-မဲဆောက် ခရီးသည်ယာဉ်များပေါ်မှ နေရပ်ပြန်မြန်မာနိုင်ငံသားများ သွားလာမှု ပိုမိုအဆင်ပြေမည်ဟု ဆိုသည်။

တံတားပိတ်ချိန်အား လက်ရှိ ၆ နာရီမှ ည ၈ နာရီသို့ တိုးမြှင့်လိုက်လျှင် ထိုင်းနိုင်ငံဘက်သို့ နေ့ချင်းပြန်သွားလာကြသော မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းနိုင်ငံဘက်မှ မြ၀တီကုန်သွယ်ရေးဇုန်သို့ ကုန်ပစ္စည်းလာရောက်ပို့ဆောင်သည့် ကုန်တင်ယာဉ်များ ကုန်စည်ပို့ဆောင်ရာတွင် ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်တစ်ဦးက ပြောကြားသည်။

Eleven Media Group 

မြ၀တီနယ်စပ် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်တွင် ဖြတ်သန်းနေသော မော်တော်ယာဉ်များကို တွေ့ရစဉ်
မြ၀တီနယ်စပ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားပေါ်တွင် ဖြတ်သန်းနေသော မော်တော်ယာဉ်များကို တွေ့ရစဉ်
မြန်မာ-ထိုင်းနယ်စပ် မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာနိုင်ငံဘက်မှ ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ အဆင်သင့်မဖြစ်သေးဟု သိရ သည်။ မြ၀တီ-မဲဆောက် သောင်ရင်းဖြတ်ကျော် ချစ်ကြည်ရေးတံတားအား နံနက် ၆ နာရီမှ ညနေ ၆ နာရီ ဖွင့်လှစ်နေရာမှ ခရီးသွားပြည်သူများနှင့် နယ်စပ်ကုန်သွယ်မှု ပိုမိုလွယ်ကူ မြန်ဆန်လာစေရန် ရည်ရွယ်၍ နံနက် ၅ နာရီတွင် ဖွင့်လှစ်ရန်နှင့် ည ၈ နာရီ တံခါးပိတ်ရန် နှစ်နိုင်ငံဆွေးနွေးနေခြင်းဖြစ်သည်။

မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့်ကိစ္စများ ဆောင်ရွက်ရန်စီစဉ်နေ

Photo: မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့်ကိစ္စများ ဆောင်ရွက်ရန်စီစဉ်နေ
Monday, December 1, 2014

မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့် ကိစ္စများဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအရ သိရသည်။

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီကို နိုင်ငံတော်အတွင်း မြေသယံဇာတအသုံးချမှု မူဝါဒရေးဆွဲရန်လိုအပ်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲအသုံးချရေး ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဗဟိုကော်မတီတွင် ဒုတိယသမ္မတ (၂) က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန(၅)၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်၊ သတ္တုတွင်း၊ ဘဏ္ဍာရေး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆောက်လုပ်ရေးစသည့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌများ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီသည် အမျိုးသားမြေအသုံးချမှု မူဝါဒရေးဆွဲနိုင်ရေး စီမံဆောင်ရွက်ခြင်း၊ မြေအရင်းအမြစ်ဆိုင်ရာ ဥပဒေအသီးသီးကို လွှမ်းခြုံသည့် အမျိုးသားမြေအရင်းအမြစ် ဥပဒေတစ်ရပ် ပြုစုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ အမျိုးသားမြေအရင်းအမြစ်ဥပဒေ ရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် ဥပဒေရေးဆွဲပြုစုရေး ကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ကာ သတ်မှတ်ကာလအတွင်း ဥပဒေအတည်ပြုနိုင်ရေး လမ်းညွှန်ကြပ်မတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒအစီအမံ ညှိနှိုင်းရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့်ကိစ္စများ စနစ်တကျစီမံခြင်း၊ စီးပွားရေးအကျိုးဖြစ်ထွန်းမှု အများဆုံးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် မြေအသုံးချမှုဦးစားပေး အစီအစဉ်များ ရေးဆွဲနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အခွန်စနစ်နှင့်အတူ တရားဥပဒေစိုးမိုးမှု အားနည်းချက်များက အိမ်ခြံမြေဈေးကစားမှုများနှင့် ဈေးနှုန်းအလွန်အမင်း မြင့်တက်နေမှုတို့ကို ထိန်းချုပ်၍မရနိုင်သော အကြောင်းအရင်းများဖြစ်နေကြောင်း စီးပွားရေးပညာရှင်အချို့နှင့် ဥပဒေပညာရှင်အချို့က သုံးသပ်ထားမှုများလည်း ရှိခဲ့သည်။

အိမ်ခြံမြေဈေးကစားမှုများနှင့် ဈေးနှုန်းအလွန်အမင်း မြင့်တက်မှုများကို နိုင်ငံတကာတွင် အခွန်စနစ်ဖြင့် ထိန်းချုပ်ထားသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခွန်စနစ်သည် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုအား ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ထို့အတွက် ကောင်းမွန်ပြီးစနစ်ကျသည့် အခွန်စနစ်တစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေကြောင်းလည်း သိရသည်။

အိမ်ခြံမြေဈေးကစားမှုများအပေါ် အရေးယူခဲ့မှုများရှိကြောင်း၊ အခွန်တိမ်းရှောင်မှုများ ရှိပါကလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ဖူးသည်။

အိမ်ခြံမြေ ရောင်းဝယ်နေသူများ ရင်းနှီးလုပ်ကိုင်သည့် ငွေကြေးမှာ တရားဝင်ငွေများဖြစ်ပြီး ၎င်းတို့ရရှိသည့် မြတ်စွန်းငွေများအပေါ် ၀င်ငွေခွန်ဥပဒေနှင့်အညီ အခွန်ပေးဆောင်ထားပါက အဆိုပါ အိမ်ခြံမြေ ရောင်းဝယ်သူများအား အရေးယူဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ သို့ရာတွင် တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးအသုံးပြုကာ အိမ်ခြံမြေဝယ်ယူခြင်း၊ အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ပေးဆောင်ရသည့် ၀င်ငွေခွန်များအား တိမ်းရှောင်ခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးဆောင်ရွက်ချက်နှင့် စီမံချက်များကို ထိခိုက်စေရန် ကြံရွယ်ပြုလုပ်ခြင်းများ ကျူးလွန်ပါက အိမ်ခြံမြေ ရောင်းဝယ်သူများအား တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

Eleven Media Group 

ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေကွက်များအား အပေါ်စီးမှ တွေ့ရစဉ်
ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေကွက်များအား အပေါ်စီးမှ တွေ့ရစဉ်
မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒရေးဆွဲခြင်းနှင့် မြေအသုံးချမှုများ အပေါ် အခွန်အခကောက်ခံသည့် ကိစ္စများဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအရ သိရသည်။

နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ ရန်ကုန်သို့ ရောက်ရှိ နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော်၌ ယနေ့ တွေ့ မည်

Photo: နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ ရန်ကုန်သို့ ရောက်ရှိ နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော်၌ ယနေ့ တွေ့ မည်
Monday, December 1, 2014

နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ သည် နိုဝင်ဘာ ၃၀ ရက်ညနေပိုင်း၌ ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁ ရက်)တွင် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော်၌ တွေ့ ဆုံ မည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ခုနှစ် နော်ဝေခရီးစဉ်အတွင်းက
နော်ဝေဘုရင် HaraldV နှင့်ကြင်ယာတော်တို့ အား တွေ့ ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ 
လာလည်ပါရန် ဖိတ်ကြားခဲ့မှုကြောင့် မြန်မာနိုင်ငံသို့ ယခုကဲ့သို့ လာရောက်ခြင်း
ဖြစ်ကာ ဒီဇင်ဘာာ ၅ ရက်အထိမြန်မာနိုင်ငံတွင်ရှိနေမည်ဖြစ်ကြောင်းသိရသည်။ ဘုရင် Harald V နှင့်ကြင်ယာတော် Queen Sonja တို့ သည် ရန်ကုန်တွင် ညအိပ်ခဲ့ကြပြီး ဒီဇင်ဘာ ၁ရက်တွင်နေပြည်တော်သို့ ထွက်ခွာ၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ ကို တွေ့ ဆုံသွားမည်ဟုသိရသည်။ ၄င်း၏ခရီးစဉ်အတွင်း ဒီဇင်ဘာ ၂ ရက်၌ ရန်ကုန်တက္ကသိုလ်တွင် မိန့် ခွန်းပြောကြားမည်ဖြစ်ပြီး ယင်းမှ တစ်ဆင့် ယဉ်ကျေးမှု မြို့ တော် ပုဂံသို့ သွားရောက်ကာ ပုဂံဘုရားများကို ဖူးမြော်ကြမည်ဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်အတွင်း၌ နှစ်ညအိပ်နေထိုင်သွား
မည်ဖြစ်ကြောင်းလည်းသိရသည်။ ထူးခြားမှုအဖြစ် အင်္ဂလိပ်-မြန်မာ
ပထမစစ်ပွဲရပ်ဆိုင်းရန် စာချုပ်ချုပ်ဆိုခဲ့သည့် ရန္တပိုကျေးရွာမှ နာမည်ကျော် အိုးဖုတ်သည့်လုပ်ငန်းများကိုလည်းလေ့လာသွားမည်ဖြစ်ကြောင်းသိရသည်။ ဘုရင် Harald V သည် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ၎င်း၏ခမည်းတော် ကွယ်လွန်ပြီးနောက် နော်ဝေနိုင်ငံ၏ ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်ပြီး ပဉ္စမမြောက် အော်လက်ဗ်ဘုရင်နှင့် မင်းသမီးမာသာတို့၏ တစ်ဦးတည်းသော သားတော်ဖြစ်ကြောင်းလည်းသိရသည်။ 

ယင်းအပြင် Harald V ဘုရင် သည် နော်ဝေကြည်းတပ်၊ လေတပ်နှင့် ရေတပ်တို့၏ ဗိုလ်ချုပ်ကြီးဖြစ်ပြီး နော်ဝေနိုင်ငံ၏ အဆင့် အမြင့်ဆုံး အရာရှိလည်း ဖြစ်ကြောင်း၊ နော်ဝေတော်ဝင်မိသားစုသည် အားကစားနှင့် ပြင်ပအပန်းဖြေလှုပ်ရှားမှုများတွင် ဝါသနာထုံပြီး Harald V ဘုရင်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အလေးအနက်ပါဝင်ဆောင်ရွက်သူဖြစ်ကာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ နော်ဝေရုံး၏ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ကြောင်းလည်းသိရသည်။ 
၎င်း၏ သမိုင်းဝင် မြန်မာခရီးစဉ်အတွင်း ၄င်းနှင့်အတူ ပါလာခဲ့သော ၀န်ကြီးများနှင့် မြန်မာနိုင်ငံဘက်မှ ၀န်ကြီးများက နှစ်နိုင်ငံစီးပွားရေးနှင့်
ကဏ္ဍမျိုးစုံအတွက်လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်းသိရကာ နော်ဝေနှင့်
မြန်မာမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တွင် တည်ထောင်ထားသော Green Productivity Institute ကို ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

Pyimyanmar
နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ သည် နိုဝင်ဘာ ၃၀ ရက်ညနေပိုင်း၌ ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁ ရက်)တွင် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော် ၌ တွေ့ ဆုံ မည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

Saturday, 29 November 2014

နိုင်ငံကို ချစ်လျှင် အလံကို ချစ်ပါ

Photo: နိုင်ငံကို ချစ်လျှင် အလံကို ချစ်ပါ
Saturday, November 29, 2014

သိန်းထက်အောင်

လွန်ခဲ့သောအပတ်က ပန်းဆိုးတန်းဘက်သို့ ပင်စင်လစာသွားထုတ်ပြီး အပြန် တွင် ကုန်သည်လမ်း ပေါ်ရှိ စာပေဗိမာန်စာအုပ်ဆိုင်သို့ဝင်ကာ လိုအပ်သော စာအုပ်များကို ဝယ်ယူပါသည်။ ထို့နောက် ကျွန်တော် သည် ကုန်သည်လမ်း ကိုဖြတ်ကူးပြီး လမ်းတစ်ဖက်ရှိကား မှတ်တိုင်မှ ဘတ်စ်ကားစီးပြီးပြန်လာရာ ဆူးလေဘုရား လမ်းကိုကျော်သည်နှင့် ကုန်သည်လမ်းမပေါ်တွင် ယခင် က ခြောက်ထပ်ရုံးဟုကျော်ကြားခဲ့သည့်ရုံးကြီး၏နောက် ကျောကိုတွေ့မြင် လိုက်ရပါသည်။ ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏လက်သို့ လွှဲပြောင်းပေး လိုက်သည်ဟု ယူဆရပြီး သစ်လွင်တောက်ပသော ဆေးရောင်များဖြင့် လှပနေသော်လည်း တစ်ချိန်က ဝန်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ရုံးထိုင်ခဲ့ပြီး ကျွန်တော်တို့တစ်တွေ အလုပ် ဝင်စာမေးပွဲဖြေဆိုသည်မှအစ နောက်ပိုင်းလည်း မကြာ ခဏဝင်ထွက်ခဲ့သောရုံးကြီးဖြစ်၍ လွမ်းမိသလိုလိုပင် ဖြစ်မိပါသည်။

ထို့နောက် ဆက်လက်၍ လမ်းဘေးသို့ ကြည့်ရှုငေးမောခဲ့ရာ လမ်း၏လက်ဝဲဘက် တွင် ကိုလိုနီ ခေတ်လက်ရာ ရုံးအဆောက်အအုံ အချို့ကိုတွေ့ရှိရပါ သည်။ ထိုရုံးများမှာ ယနေ့ထက်တိုင် အစိုးရအဆောက် အအုံအဖြစ်တည်ရှိနေဆဲဖြစ်၍ ပုဂ္ဂလိကသို့လွှဲပြောင်းပေးလိုက်သော အဆောက်အအုံကဲ့သို့သစ်လွင်တောက်ပ ခြင်းတော့မရှိပါ။ သို့သော်ခံ့ညားခြင်း၊ ထည်ဝါခြင်းတို့ မှာကား ယခုခေတ် အဆောက်အအုံတို့ လိုက်၍မမီပါ။ ပို၍လိုက်မမီသည်မှာကား အဖိုးမဖြတ်နိုင် သော သမိုင်းတန်ဖိုးပင်ဖြစ်ပါသည်။

ကျွန်တော်သည် အောက်ကိုကြည့်နေရာမှ အမှတ် မထင်အပေါ်သို့ မော့ကြည့် လိုက်သောအခါ ခံ့ညား ထည်ဝါသောရုံးနှင့် မည်သို့မျှကြည့်ရှု၍ မတင့်တယ် သည့် ဟောင်းနွမ်းနေသော နိုင်ငံတော်အလံကို တွေ့မြင် လိုက်ရသဖြင့် ရင်ထဲတွင် အမည်မဖော်ပြနိုင်သောခံစားမှု တစ်ခုကို ခံစားလိုက်ရပါသည်။ ရုံးကဟောင်းနေ၍ပဲ အလံဟောင်းကိုမလဲဘဲ သည်အတိုင်းထားလေသလား မသိပါ။ တစ်ရုံးတည်းမဟုတ်ပါ။ နှစ်ရုံးဆက်တိုက်မြင် တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ အလံ၏အရောင်များ ဖြစ်သော အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် စသည် တို့မှာ မူလအရောင်ပျောက်၍ ဂျီး(ချေး)ရောင်ဖြစ် နေသည့် အပြင် အဖြူရောင်ကြယ်ပွင့်ကြီးမှာ လက်နှီး စုတ်ရောင်ဖြစ်နေပါသည်။

နိုင်ငံတော်၏ ဘတ်ဂျက် အခြေအနေအရ ရုံးကိုပြုပြင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း မပြုနိုင်သည်ကိုနားလည်သော်လည်း ရုံး၏ကျက်သရေ ဆောင်ဖြစ်သော နိုင်ငံတော်အလံကိုဤမျှအထိ အရောင် အဆင်းကင်းမဲ့အောင်၊ ကျက်သရေ ကင်းမဲ့အောင်မူကား လျစ်လျူမရှုသင့်ဟု ယူဆပါသည်။

နိုင်ငံတော်အလံဆိုသည်မှာ ရုံးတစ်ရုံး၏ကျက် သရေဆောင်အဖြစ်သာမကပါ၊ နိုင်ငံ၏ ကျက်သရေ ဆောင်လည်းဖြစ်ပါသည်။ အလံသည် နိုင်ငံကိုကိုယ်စား ပြုပါသည်။ အလံတစ်ခုသည် နိုင်ငံ၏ပုံရိပ်ပင်ဖြစ်ပါ သည်။ ပြီးခဲ့သောလက ကျင်းပခဲ့သည့်အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များတွင် နိုင်ငံတကာ၏အလံများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏အလံကို မြင်တွေ့ရသည်မှာ ကျက် သရေမင်္ဂလာရှိ လှပါသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် အမေရိကန်စ သည့်ကမ္ဘာ စီးပွား ရေး အင်အားကြီးနိုင်ငံတို့၏ ခေါင်းဆောင်များနှင့် မြန်မာခေါင်းဆောင်တို့ နှစ်ဦးချင်းစီတွေ့ဆုံဆွေးနွေး ကြရာတွင်လည်း နှစ်နိုင်ငံအလံများကို တန်းတူညီတူ လွှင့်ထူထားခြင်းဖြင့် နှစ်နိုင်ငံ တန်းတူရည်တူရှိမှု၊ တစ်ဦး ၏အချုပ်အခြာအာဏာကို တစ်ဦးကလေးစားမှု စသည့် သရုပ်သကန်ကို ပေါ်လွင်စေပါသည်။

၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပခဲ့သော အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ၌အားကစားပြိုင်ကွင်းပတ်လည်တွင် နိုင်ငံ ကိုယ်စားပြု အလံများကို စိုက်ထူထားပြီး အားကစားသမားများ ချီ တက်အလေး ပြုကြရာတွင် မိမိနိုင်ငံအလံကိုင်ဆောင်သူ က ရှေ့ဆုံးမှချီတက်ပြီး နောက်မှအားကစားသမားများ ကလိုက်ပါချီတက်ရပါသည်။

အားကစားကွင်းအတွင်း သို့ စတင်ဝင်ရောက်လာသော မြန်မာနိုင်ငံအလံတော် ကို စတင်မြင်ကြရသည်နှင့် ကွင်းလုံးညံမျှဟိန်းသွားသည့် 'မြန်မာ'ဟူသည့် အသံသည် နေပြည်တော်တစ်ခွင်သာမက တစ်နိုင်ငံလုံးကကြည့်ရှုနေသည့် ရုပ်သံပရိသတ်များပင် ကြက်သီးဖြန်းဖြန်းထခဲ့ရပါသည်။ အားကစားပွဲများ ကျင်းပသည့်အခါတွင်လည်း မြန်မာနိုင်ငံမှအားကစား သမားအနိုင်ရ၍ ဆုယူသည့်အခါ နိုင်ငံတော်သီချင်းကို တီးမှုတ်၍ နိုင်ငံတော်အလံကို တိုင်ထိပ် အထိ လွှင့်တင် သည့်အချိန်တွင် အားကစားသမား၏ ဂုဏ်ယူဝင့်ကြွား ခြင်း နှင့်အတူ ၄င်းမြင်ကွင်းကို တွေ့မြင်ခံစားရသူအား လုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များတဖွားဖွားပေါ်ပေါက် လာသည်မှာမငြင်းနိုင်သော အချက်ပင်ဖြစ်ပါသည်။ ထို့ ထက်ပို၍ သိသာထင်ရှားစေသောအချက်မှာ အသက် (၁၉)နှစ်အောက်ဘောလုံးအသင်း အနိုင်ရပြီး ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ခွင့်ရသည့်အချိန်က နိုင်ငံတော် အလံကိုကိုင်မြှောက်၍ ကွင်းကိုပတ်၍ ပြေးသည့် အချိန် ၌ ပရိသတ်များ၏ ကွင်းလုံးညွတ်မျှအားပေးသံများက မျိုးချစ်စိတ်ဓာတ်ကို အထွတ်အထိပ်သို့ ရောက်ရှိစေပါ သည်။

နိုင်ငံသူ၊ နိုင်ငံသားများ၏စိတ်ကို ဤရွေ့ဤမျှ ဆွဲဆောင်သိမ်းသွင်းနိုင်သည့် လက်ရှိသုံးရောင်ခြယ် အလံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံဥပဒေ(၂ဝဝ၈) ပုဒ်မ၄၃၇(က)တွင်ပုံနှင့်တကွ ပြဋ္ဌာန်းခဲ့ပါသည်။

နိုင်ငံတော်အလံဥပဒေတွင်လည်း အလံတော်တွင်ပါဝင်သည့် အရောင်များနှင့် ပတ်သက် ၍ အောက်ပါအတိုင်းဖော်ပြထားရှိသည်ကို ကောက်နုတ် ဖော်ပြပါသည် -

- အဝါရောင်သည် 'စည်းလုံးညီညွတ်ခြင်း၊ Óဏ် ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအား လုံးချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း' ဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်။

- အစိမ်းရောင်သည် 'မြေဆီသြဇြာ<ွကယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်း စို ပြည်သည့် နိုင်ငံဖြစ်ခြင်း' ဟူသောအဓိပ္ပာယ်ကို ဖော် ညွှန်းသည်။

- အနီရောင်သည် 'ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း'ဟူသောအဓိပ္ပာယ်ကို ဖော်ညွှန်းသည်။

- ကြယ်၏ အရောင်ဖြစ်သော အဖြူရောင်သည် 'သန့် ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာ တရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့် စုံခြင်း' ဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်ဟူ၍ ဖော်ပြပါရှိပါသည်။

- ထို့အပြင် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ကို အောက်ခံအရောင် အဖြစ်သုံးစွဲထားခြင်း မှာလည်း တစ်နည်းအားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလက အသုံးပြုခဲ့သော သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ပြခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် အချို့သောလွှတ်တော် ကိုယ်စားလှယ်များက အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာ တွင် လက်ရှိနိုင်ငံတော်အလံကိုသဘောမကျ၍ပြင်ဆင် ရန်တင်ပြသည်ကို လည်းကြားလိုက်မိပါသည်။ အကယ် ၍ လွှတ်တော်နှင့်ပြည်သူက ပြင်ဆင်သည်ဆိုပါကလည်း ပြင်ဆင်အတည်ပြုလိုက်သည့် နိုင်ငံတော် အလံသစ်ကို ကျွန်တော်တို့သည် အလေးအမြတ်ပြုရမည်သာဖြစ်ပါ သည်။ ကျွန်တော်တို့ငယ်စဉ်က အလယ်တွင် ကြယ်ဖြူ တစ်ပွင့်နှင့် ကြယ်ငါးလုံး ဝန်းရံပါဝင်သည့် 'ပြည်ထောင် စုမြန်မာနိုင်ငံတော်အလံ'ကို ကျောင်းတက်တိုင်း၊ ရုပ်ရှင် ကြည့်တိုင်း အလေးပြုခဲ့ရပါသည်။ လမ်းစဉ်ပါတီခေတ် တွင် ဖောင်ကြီး သင်တန်း တက်ခဲ့ရစဉ်ကလည်း 'ပြည် ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ တော်အလံအား အလေးပြု'ဆိုသောအမိန့်ကို ကိုယ်တိုင်ပေး၍ ကိုယ်တိုင် လည်းအလေးပြုခဲ့ရပါသည်။ ယခုလည်း ကြိုက်သည် ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ 'ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်'၏ သုံးရောင်ခြယ်အလံကို ကျွန်တော်တို့ တစ်တွေ အလေးအမြတ်ထားကာ အလေးပြုနေရပါ ဦးမည်ဖြစ်ပါသည်။

အကယ်၍သာ ကျွန်တော်တို့တစ်တွေ မိမိနိုင်ငံ၏အလံတော်ကို အလေးအမြတ် မထားဘူးဆိုလျှင် မည်သို့ အရေးယူခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်ကို ပြည်သူ တို့သိရှိကြစေရန် ဗဟုသုတအဖြစ်ဖော်ပြအပ်ပါသည်။

နိုင်ငံတော်အလံဥပဒေအခန်း(၄) တားမြစ်ချက်နှင့် ပြစ် ဒဏ်အခန်း၌ အောက်ပါ အတိုင်းပြဋ္ဌာန်းထားရှိပါသည်-

(က) နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတစသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့်အရာထင်စေခြင်း၊

(ခ) နိုင်ငံတော် အလံကို-

(၁) အဆင်းအရွယ်၊ ပုံသဏ္ဌာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုလုပ်ခြင်း၊

(၂) ပြဋ္ဌာန်း ခွင့်ပြုထားခြင်း မရှိသည့်နေရာ၊ ဒေသနှင့်ကိစ္စများတွင် အသုံးပြုခြင်း၊

(၃) မလေးမစားပြုခြင်း။

(ဂ) နိုင်ငံတော် အလံ၏အထက်နှင့်တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့အ စည်းများ၏ အလံတစ်ခုခုလွှင့်ထူခြင်းမပြုရဟူ၍လည်း ကောင်း၊ နိုင်ငံတော်အလံကို အတင်အချပြုရာ၌ မြေ ပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့် မထိစေရဟူ၍ လည်းကောင်း၊ နိုင်ငံတော်အလံကို ဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ ဂုဏ်ကျက် သရေ ပျက်ပြား စေရန် တမင်သက်သက်မပြုရဟူ၍လည်း ကောင်း၊ ပစ္စည်းတစ်စုံ တစ်ရာကို ထုပ်ပိုးခြင်းမပြုရ၊ အခင်းအဖြစ် အသုံးမပြုရ၊ ပစ္စည်းတစ်ခုခု၏ အမှတ် တံဆိပ်အဖြစ်လည်းကောင်း၊ အဝတ်အထည်ခြယ်လှယ် မှုအဖြစ် လည်းကောင်း၊ ဆင်ယင်မှုအဖြစ်လည်းကောင်း သုံးစွဲခြင်း မပြုရဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားရှိပါ သည်။

အထက်ဖော်ပြပါပြဋ္ဌာန်းချက်များအရ အရောင် မှေးမှိန်လျက်ရှိသော၊ အရောင်အဆင်းပျက်ပြယ်လျက် ရှိသော၊ စုတ်ပြဲနေသော အလံတော်ကို လွှင့်ထူခြင်း၊ အသုံးပြုခြင်းတို့သည်

ဖော်ပြပါပြဋ္ဌာန်းချက်နှင့်ငြိစွန်းသည်ဟုယူဆပါသည်။ ထို့ကြောင့် မည်သူမဆို သိလျက် နှင့်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ နိုင်ငံတော်အလံကို ပေါ့ဆ စွာအသုံးပြုပါက ဥပဒေ၌ သတ်မှတ်ထားသော ပြစ်ဒဏ် များကို ကျခံရ မည်ဖြစ်ပါသည်။ ယခုအခါ အစိုးရရုံး အချို့နှင့် ပုဂ္ဂလိကရုံး အဆောက်အအုံ အချို့တွင် ဤ ဆောင်းပါးအစ၌ဖော်ပြခဲ့သကဲ့သို့ အရောင်အဆင်း မရှိသော အလံများ၊ စုတ်ပြဲလျက်ရှိသောအလံများ လွှင့်ထူ ထားခြင်းကို မကြာခဏ ဆိုသလို တွေ့ရှိနေရပါသည်။

ထို့ကြောင့်သတိပြုဆင်ခြင်ဖွယ်ရာအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။

အချို့သောပုဂ္ဂိုလ်တို့သည် စကားပြောဆို ရာတွင် နိုင်ငံတော်ကိုမည်မျှချစ်သည့် အကြောင်း၊ နိုင်ငံ တော်အတွက် မည်သို့မည်ပုံအကျိုးပြုဆောင်ရွက်မည် ဖြစ်ကြောင်း နှုတ်မှတဖွဖွ ပြောဆိုလျက်ရှိသော်လည်း နိုင်ငံတော်ကို ကိုယ်စား ပြုသည့် နိုင်ငံတော်အလံကိုမူချစ် ခင်မြတ်နိုးရမှန်းမသိကြပါ၊ အလေးအမြတ် ပြုရကောင်း မှန်းလည်း မသိကြပါ။ ဤဆောင်းပါးသည် ထိုသို့သော သူများ အတွက် ရည်ရွယ်ပါသည်။

နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ နိုင်ငံတော် အစိုးရဝန်ကြီးဌာနများ၊ ဦးစီးဌာနများ အနေဖြင့် မိမိ လက်အောက်ခံရုံးများအတွက် နှစ်စဉ်ဘဏ္ဍာရန်ပုံ ငွေစာရင်းတွင် အလံတော်ဝယ်ယူဖြည့်တင်းရန် လျာ ထားရန်ပုံငွေများ ထည့်သွင်းရေးဆွဲပေးရန်နှင့် သို့မ ဟုတ်ပါကလည်း ရေရှည်ခံမည့် ပိတ်သား အစကို အသုံး ပြုလျက် ရေရှည်ခံဆေးသား အသုံးပြုချုပ်လုပ်ထား သော နိုင်ငံတော်အလံများကို လက်အောက်ခံရုံးဌာန များသို့ခွဲဝေချထား ပေးသင့်ပါ ကြောင်း စေတနာကောင်း ဖြင့် အကြံပြုတင်ပြအပ်ပါသည်ခင်ဗျား။

Democracytoday
သိန်းထက်အောင်
လွန်ခဲ့သောအပတ်က ပန်းဆိုးတန်းဘက်သို့ ပင်စင်လစာသွားထုတ်ပြီး အပြန် တွင် ကုန်သည်လမ်း ပေါ်ရှိ စာပေဗိမာန်စာအုပ်ဆိုင်သို့ဝင်ကာ လိုအပ်သော စာအုပ်များကို ဝယ်ယူပါသည်။ ထို့နောက် ကျွန်တော် သည် ကုန်သည်လမ်း ကိုဖြတ်ကူးပြီး လမ်းတစ်ဖက်ရှိကား မှတ်တိုင်မှ ဘတ်စ်ကားစီးပြီးပြန်လာရာ ဆူးလေဘုရား လမ်းကိုကျော်သည်နှင့် ကုန်သည်လမ်းမပေါ်တွင် ယခင်က ခြောက်ထပ်ရုံးဟုကျော်ကြား ခဲ့သည့် ရုံးကြီး၏နောက် ကျောကိုတွေ့မြင် လိုက်ရပါသည်။ ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏လက်သို့ လွှဲပြောင်းပေး လိုက်သည်ဟု ယူဆရပြီး သစ်လွင်တောက်ပသော ဆေးရောင်များဖြင့် လှပနေသော်လည်း တစ်ချိန်က ဝန်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ရုံးထိုင်ခဲ့ပြီး ကျွန်တော်တို့တစ်တွေ အလုပ်ဝင်စာမေးပွဲ ဖြေဆိုသည်မှအစ နောက်ပိုင်းလည်း မကြာ ခဏဝင်ထွက်ခဲ့သောရုံးကြီးဖြစ်၍ လွမ်းမိသလိုလိုပင် ဖြစ်မိပါသည်။

အသက် ၁၂၀ ရှည်စေမည့် ဆေးကို ရုရှားသိပ္ပံပညာရှင်တို့ စမ်းသပ်တွေ့ရှိ

ရုရှားသိပ္ပံပညာရှင်တို့သည် အိုမင်းမှု ဖြစ်စဉ်အစကို နှောင့်နှေးကြန့်ကြာစေမည့် နည်းဗျူဟာအသစ်ကို စမ်းသပ်ခဲ့သည်။ ထိုဆေးလုံးအား ကြွက်များ၊ ငါးများနှင့်ခွေး များတွင် စမ်းသပ်ခဲ့ပြီးနောက် လူတို့တွင် အနည်းဆုံး အသက် ၁၂၀ အထိ ရှည်စေနိုင်လိမ့်မည်ဟုသိပ္ပံပညာရှင်တို့က မျှော်လင့်ထားသည်။ ““အိုမင်းစေတဲ့ ရောဂါအများစုဟာ ပိုမိုနှေးကွေးစွာ ဖြစ်ပေါ်လာနေတာပါ”” ဟုမတ်စကော့ပြည်နယ် တက္က သိုလ် မှ လေ့လာသူ ဒေါက်တာမက်ဇင်းက ဆိုသည်။

ကျောင်းသားများ တောင်းဆိုထားသည့် အချက် အချို့ကို ဖြည့်ဆည်းပေး သွားမည်ဟု ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ် ပြောကြား

Photo: ကျောင်းသားများ တောင်းဆိုထားသည့် အချက် အချို့ကို ဖြည့်ဆည်းပေး သွားမည်ဟု ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ် ပြောကြား
Saturday, November 29, 2014

ကျောင်းသားများ တောင်းဆိုထားသည့်အချက်အချို့ကို ဖြည့် ဆည်းပေးသွား မည်ဖြစ်ကြောင်း ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ်ကပြောကြားသည်။

အမျိုးသားပညာရေးဥပဒေကို သပိတ် မှောက်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ရတနာပုံတက္က သိုလ်မှ ကျောင်းသားသမဂ္ဂများနှင့် မန္တလေး တိုင်းဒေသကြီးရှိ ပါမောက္ခချုပ်ခြောက်ဦး တို့သည် နိုဝင်ဘာ ၂၈ ရက်က ကျောင်းသား ဆရာအလွတ်သဘော တံခါးပိတ်တွေ့ဆုံဆွေး နွေးမှုပြုလုပ်ခဲ့ရာ ကျောင်းသားသမဂ္ဂများမှ ရတနာပုံတက္ကသိုလ်တွင် ကားပါကင်ရရှိရန်၊ မိန်းတံခါးနှစ်ခုကို ပြန်ဖွင့်ပေးရန်၊ ကျောင်း သားသမဂ္ဂများနှင့် ပတ်သက်၍ အစည်းအဝေး ပွဲတစ်ခုကို ပြုလုပ်နိုင်သည့်နေရာ စီစဉ်ပေး ရန်၊ စာကြည့်တိုက် တွင် စာဖတ်ဝိုင်းစီစဉ် ပေးရန်၊ ဝေဖန်အကြံပြုနိုင်သည့် ပညာရေး ဆွေးနွေးပွဲ များပြုလုပ်ခွင့်ရရှိရန်ဟူသော အ ချက်ငါးချက်ကို တောင်းဆိုလိုက်ကြကြောင်း သိရသည်။

''ကျောင်းသားတွေနဲ့ တွေ့ဆုံရတယ်ဆို တာက သားအဖတွေ တွေ့သလို တွေ့ဆုံရ ခြင်းဖြစ်ပါတယ်။ ဘာလိုတာရှိလဲဆိုပြီး ရှိရင် ပြောဆိုပြီး ခေါ်တွေ့ ကြတာပါပဲ။ သူတို့က လဲ သူတို့လိုချင်တာလေးတွေကို ပြောသွား တယ်။ ဆရာတို့ဘက်ကလဲ သူတို့တောင်းဆို ထားတာတွေထဲက တတ်နိုင်တာ မှန်သမျှလုပ် ပေးမယ်လို့ ပြောခဲ့ကြပါတယ်''ဟု မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင် သင်းက ပြောသည်။

ယင်းကဲ့သို့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သော ပါမောက္ခချုပ်များ သည် အထက်မှညွှန်ကြားချက်ကြောင့်သာ ယင်းတို့နှင့်တွေ့ဆုံခြင်းဖြစ်ကြောင်း ကျောင်း သားသမဂ္ဂများကလည်း ဝေဖန်ပြောကြား ခဲ့သည်။

''အခုလို ပါမောက္ခချုပ်တွေ လာတွေ့ တာက အထက်ကလာခိုင်းတဲ့အတွက် လာ တာမျိုးဖြစ်နေတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လာတဲ့သဘောမဖြစ်နိုင်ပါဘူး။ အရင်ကပါ ချုပ်နဲ့ တွေ့ဖို့သွားတဲ့အခါ တွေ့ဆုံခွင့်မရခဲ့ ဘူး။ လက်ရှိတွေ့ဆုံ ခဲ့တာတွေကိုတော့အားရ ခြင်းမရှိပါဘူး။ တောင်းဆိုထားတဲ့အချက် တွေကိုလည်း ညှိနှိုင်းမယ်၊စဉ်းစားဦးမယ်ပြော နေတယ်။ ပညာရေးနဲ့ပတ် သက်ပြီး ကျောင်း တွင်းဆွေးနွေးပွဲတွေလုပ်ပေးမယ်။ ဖြစ်အောင် လုပ်ပေး မယ်လို့တော့ ပြောသွားတယ်''ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြင်ပပြန်ကြားရေးတာဝန်ခံ ကိုနိုင်ရဲဝေက ပြောသည်။

ကျောင်းသားသမဂ္ဂများမှ တောင်းဆိုခဲ့ သောအချက်အချို့သည် အကောင် အထည် ဖော်သည့်လုပ်ငန်းစဉ်များတွင်ပါဝင်နေသည့် အတွက် တောင်းဆိုချက် အချို့သည် အဆင် ပြေနိုင်ကြောင်း၊ မိန်းတံခါးကို လုံခြုံရေးအ တွက် ပိတ်ထားခြင်း ဖြစ်သည့်အတွက် ပြန် လည်ဖွင့်ပေးရန် ညှိနှိုင်းမှုများ ပြုလုပ်ရန် လို အပ်ကြောင်း ရတနာပုံတက္ကသိုလ်ပါမောက္ခ ချုပ်က ပြောသည်။

''ကျောင်းတွင်းရေးရာကိစ္စနဲ့ပတ်သက် ပြီး တွေ့ဆုံတာဖြစ်ပါတယ်။ ဆရာတပည့် တွေ့ဆုံခြင်းသာဖြစ်ပါတယ်။ ကျောင်းသား တွေက လိုအပ်ချက်တွေကို ပြောပြတာ ဝမ်း သာပါတယ်။ လုပ်ပေးနိုင်တာမှန်သမျှ လုပ် ပေးမှာပါ''ဟု ယင်းက ဆက်လက်ပြောသည်။

ကျောင်းသားသမဂ္ဂများ ဝေဖန်သော အထက်မှ ညွှန်ကြားချက်ကြောင့် တွေ့ဆုံခြင်း ဆိုသည်ကို မန္တလေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ မောင်သင်းက ''ဆရာတို့က အထက်က ညွှန်ကြားလို့ ဒီလိုတွေ့ဆုံတာမျိုး မဟုတ်ပါဘူး။ ဆရာတို့က ဝန်ထမ်းဆိုတော့ လည်း ဒီလိုတွေ့ဆုံပါတယ် ဆိုတာတော့ ဖုန်း ဆက်ပြီးတော့ ပြောရတာပေါ့''ဟု ပြန်လည် ပြောကြားသည်။

ရတနာပုံတက္ကသိုလ်မှ ကျောင်းသားဦး ရေ ၅ဝ ခန့်ပါဝင်သော ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၇ ရက်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်မှုများအား မန္တလေးမြို့တွင်း လှည့်လည်ပြုလုပ်ခဲ့သည်။

Democracytoday
ကျောင်းသားများ တောင်းဆိုထားသည့်အချက်အချို့ကို ဖြည့် ဆည်းပေးသွား မည်ဖြစ်ကြောင်း ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ်ကပြောကြားသည်။

MH 17 လေယာဉ်ပေါ်ပါ ခရီးသည်အလောင်းများကို နောက်ဆုံးအသုတ် ပြန်ပို့

Photo: MH 17 လေယာဉ်ပေါ်ပါ ခရီးသည်အလောင်းများကို နောက်ဆုံးအသုတ် ပြန်ပို့
Saturday, November 29, 2014

ယူကရိန်းနိုင်ငံ အရှေ့ဘက်က စစ်မက်ဇုန်မှာ ဇူလိုင်လက ပျက်ကြသွားခဲ့တဲ့ လေယာဉ်ပေါ် ပါသွားခဲ့တဲ့ ခရီးသည်အလောင်းတွေထဲက နောက်ဆုံးအသုတ်ကို မနေ့က ယူကရိန်းကနေ နယ်သာလန်ကို ပြန်ပို့လိုက်ပါတယ်။

ကာကက်မြို့မှာ အကျဉ်းရုံး အခမ်းအနားတခုကို ကျင်းပခဲ့ပြီး ခေါင်းတလား ၆ ခုကို ဒတ်ခ်ျနိုင်ငံက ကုန်တင်လေယာဉ်ပေါ်ကို တင်ပို့လိုက်တာပါ။

နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေဟာ ဒတ်ခ်ျနိုင်ငံသားတွေ ဖြစ်ပြီး မလေးရှားလေယာဉ် MH 17  လေယာဉ်နဲ့ လိုက်ပါရင်း ကံဆိုး မိုးမှောင်ကျခဲ့ ရသူတွေဖြစ်ပါတယ်။

ဘိုရင်း  777 လေယာဉ်ဟာ ရုရှားလိုလားတဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်း ဒုံးကျည်နဲ့ ပစ်ခတ်တာ ခံလိုက်ရတယ်လို့  ယုံကြည်နေကြတာပါ။

လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ဦး လိုက်ပါခဲ့ပြီး သုံးပုံနှစ်ပုံဟာ နယ်သာလန် နိုင်ငံသားတွေ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျသွားတဲ့နေရာမှာ ရှင်းလင်းရေးလုပ်ငန်းတွေ တပတ်ကြာ လုပ်တာ ပြီးခဲ့တဲ့အပတ်က အဆုံးသတ်လိုက်ပြီလို့ ဒတ်ခ်ျ အစိုးရက ပြောပါတယ်။

လေယာဉ်ကို ဘယ်သူက ပစ်ချလိုက်သလဲဆိုတာကို တိတိကျကျ မသိရသေးပါဘူး၊ ယူကရိန်းအစိုးရက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေကို စွပ်စွဲထားသလို၊ ရုရှားကလည်း ယူကရိန်းအစိုးရ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဒီဗွီဘီ
ယူကရိန်းနိုင်ငံ အရှေ့ဘက်က စစ်မက်ဇုန်မှာ ဇူလိုင်လက ပျက်ကြသွားခဲ့တဲ့ လေယာဉ်ပေါ် ပါသွားခဲ့တဲ့ ခရီးသည်အလောင်းတွေထဲက နောက်ဆုံးအသုတ်ကို မနေ့က ယူကရိန်းကနေ နယ်သာလန်ကို ပြန်ပို့ လိုက်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်ကိုယ်စားလှယ်လောင်းများ ပြည်သူကရွေးချယ်မည် ဖြစ်သော်လည်း လူထုနှင့် ထိတွေ့ မှုအားနည်းသဖြင့် ဒေသအကျိုးပြု ကိုယ်စားလှယ် ဖြစ် မဖြစ် ပြည်သူများ သံသယရှိနေ

Photo: ရန်ကုန်မြို့တော်စည်ပင်ကိုယ်စားလှယ်လောင်းများ ပြည်သူကရွေးချယ်မည် ဖြစ်သော်လည်း လူထုနှင့် ထိတွေ့ မှုအားနည်းသဖြင့် ဒေသအကျိုးပြု ကိုယ်စားလှယ် ဖြစ် မဖြစ် ပြည်သူများ သံသယရှိနေ
Saturday, November 29, 2014

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအား ပြည် သူရွေးချယ်မှုဖြင့် တင်မြှောက်ခွင့်ရ ရှိမည်ဖြစ်သော်လည်း ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို့သည် ကိုယ်စားလှယ်အရည် အချင်း ရှိမရှိ ပြည်သူများသိရှိစေရန် လူထုနှင့် ထိတွေ့မှုအားနည်းခြင်း ကြောင့် ယင်းတို့အပေါ် သက်ဆိုင် ရာ လူထုက ပြည်သူ့အကျိုးပြုကိုယ် စားလှယ်ဖြစ် မဖြစ် သံသယရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့်တွင် ရွေးချယ်ခံရန် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသူကိုယ်စားလှယ်လောင်း ၂၉၃ဦး ရှိပြီး ယင်းကိုယ်စား လှယ် လောင်းများ အနေဖြင့် မိမိတို့ရွေးကောက်ခံမည့် မြို့နယ်များတွင် မြို့နယ်နေ ပြည်သူ များကို နိုဝင်ဘာ ၅ရက်တွင်စတင် မဲဆယ်စည်းရုံး နိုင်ကြောင်း ရန်ကုန် မြို့တော်ကော်မရှင်က ကြေညာထား သည်။

ယင်းသို့ ကြေညာထားသော် လည်း ရွေးကောက်ခံကိုယ်စားလှယ် အများစု အနေဖြင့် သက်ဆိုင်ရာမြို့ နယ်များရှိ လူထုကိုထိတွေ့မှု၊ မဲဆွယ် စည်းရုံး မှုပြုလုပ်ခြင်းများ အားနည်းနေကြောင်း ရန်ကုန်မြို့အတွင်းရှိပြည်သူ များကြား ဝေဖန်ပြောကြားမှု များရှိနေကြောင်း သိရသည်။

''ဒီဇင်ဘာ၂၇မှာ ကိုယ့်မြို့နယ် ရဲ့စည်ပင်ဥက္ကဋ္ဌနေရာအတွက် တစ် အိမ်ထောင် တစ်ယောက် မဲဆန္ဒပေး ရမည်ဆိုတာ သတင်းစာဖတ်လို့သာ သိရတယ်။ ခုချိန်ထိကို မြို့နယ်မှာဝင် ရောက်ယှဉ်ပြိုင်မယ့်သူက ဘယ်သူ လဲ မသိသေးဘူး။ ရပ်ကွက်ရုံးမှာ သွားကြည့်ဖို့ကလဲ ကိုယ့်စီးပွားရေးနဲ့ ဆိုတော့ မကြည့်ဖြစ်ဘူး။ တကယ်ဆို ဝင်ရောက်ယှဉ်ပြိုင်မယ့်သူက ကိုယ့် မြို့နယ်၊ ရပ်ကွက်က ပြည်သူတွေသိ အောင် မဲဆွယ်စည်းရုံးရေးဆင်းတာ တွေ၊ ပြည်သူတွေကို အသိပေး အ ကြောင်းကြားတာတွေ၊ လက်ကမ်း စာစောင်တွေဖြန့်ဝေဖို့တော့ လိုမယ်။ မြို့တော်၊ မြို့နယ်၊ ရပ်ကွက်တိုးတက် အောင် လုပ်ပေးမယ့်သူက ခုချိန်ထိ ဘာအကောင်အထည်မှ မဖော်သေး တော့ ကျွန်တော်တို့က ဘယ်လိုယုံ ကြည်ရမှာလဲ''ဟု စည်ပင်ရွေးကောက် ပွဲနှင့်ပတ်သက်၍ သာကေတမြို့နယ် ရှိ ပြည်သူတစ်ဦးဖြစ်သူ ဦးညီညီ အောင်က ပြောသည်။

ရန်ကုန်မြို့တော်နှင့် မြို့နယ်ဖွံ့ ဖြိုးတိုးတက်အောင်ပြုလုပ်မည်ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများ လူ ထုနှင့် ထိတွေ့မှုအားနည်းနေသဖြင့် မည်သူ့ကိုရွေးချယ်ရမည်ကိုပင် မသိ ဖြစ်နေကြောင်း ရန်ကုန်မြို့နေ ပြည် သူများထံမှ သိရသည်။

''ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ သူတို့သာ မြို့တော်စည်ပင် အဆင့်ဆင့် ရွေးချယ်ခံ ရရင် သူတို့ အနေနဲ့ သူတို့ကို ရွေးချယ်ပေးလိုက် တဲ့ပြည်သူတွေကို သူတို့တွေအနေနဲ့ ဘာတွေလုပ်ပေးမယ်။ ဘယ်လိုကတိ တွေပေးမယ်ဆိုတာ ကျွန်တော်တို့ တွေ သိပ်သိချင်နေကြပါတယ်''ဟု ရန်ကင်းမြို့နယ်နေ ကိုငြိမ်းပြည့်က ပြောသည်။

''အခုအချိန်ထိတော့ ကျွန် တော်တို့အနေနဲ့ သူတို့ဘာတွေလုပ် ပေးမယ်ဆိုတာ မသိရှိရသေးဘူး။ကတိစကားတွေမကြားရသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ အခုချိန်ထိ မသိရှိသေးပါဘူး''ဟု ယင်းက ဆက်လက်ပြောကြားသည်။

''ကျွန်တော်တို့လသာမြို့နယ် မှာဆိုရင် ရပ်မိရပ်ဖက ရွေးချယ်ပေး မယ့် ဥက္ကဋ္ဌနေရာအတွက် မဲဆွယ် ယှဉ်ပြိုင်ရမယ့် ကိုယ်စားလှယ်လောင်း က တစ်ဦးပဲရှိတယ်လို့ သိရတယ်။ ရပ်မိရပ်ဖကရွေးချယ်ပေးမယ့် ကိုယ် စားလှယ် လောင်းက သူတစ်ဦးတည်း ပဲ။ လသာမြို့နယ်အတွက် ယှဉ်ပြိုင်ရ မှာဆိုတော့ သူမဲမဆွယ်လဲ ရဖို့ကျိန်း သေနေတယ်။ အခုချိန်ထိတော့ လ သာမြို့နယ်က ရပ်မိရပ်ဖတွေ သိ အောင် မဲဆွယ်စည်းရုံးတာတွေလဲ မရှိသေးဘူး။ တကယ်ဆို လသာမြို့ နယ်တိုးတက်အောင် ဘာတွေလုပ် ပေးမယ်၊ ပြည်သူတွေက ကိုယ်စား လှယ်လောင်းကို သိရှိအောင် မဲပေး ချင်အောင် မဲဆွယ်စည်းရုံး ရေးဆင်း ဖို့လိုပါတယ်။ ဒီဇင်ဘာ၂၇ရက်မှာ ကျင်းပမှာ ခုပဲ နိုဝင်ဘာပဲရှိနေပြီ။ အခုလိုမျိုးသာဆို ကိုယ့်မြို့နယ်တိုး တက်ဖို့ မဲဆန္ဒပေးတဲ့အခါ ဘယ်လို ယုံကြည်ပြီးပေးရမှာလဲ''ဟု လသာမြို့ နယ်မှ ကိုခင်မောင်သန်းက ထပ် လောင်းပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့် ရွေး ကောက်တင် မြှောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စား လှယ်လောင်းများအား မဲအရေအ တွက်များသူကိုသာ ရွေးချယ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် ကော်မရှင်မှ သိရသည်။

''ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ကိုယ်စားလှယ်လောင်းတွေထဲက အ နိုင်ရရှိတဲ့သူကို ရွေးချယ်တဲ့အခါ မဲ အရေအတွက်များတဲ့သူကိုသာ ရွေး ချယ်သွားမယ်။ အနိုင်ရရှိနေတဲ့သူက တစ်မဲအသာနဲ့ အနိုင်ရလဲ အနိုင်ရရှိ တာပဲ။ လွှတ်တော် ရွေး ကောက်ပွဲ မဲ ပေးတဲ့စနစ်အတိုင်းပါ''ဟု ရန်ကုန် မြို့တော်ကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့်ရွေး ကောက် တင်မြှောက်ပွဲတွင် ခရိုင် လေးခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သည့် လူဦးရေမှာ စုစုပေါင်း ၄ဝ၁၆၃၄ ဦးရှိပြီး အရှေ့ပိုင်းခရိုင်တွင် ၁၁၅၁၅၂ ဦး၊ အနောက်ပိုင်း ခရိုင်တွင် ၄၈၂၂၇ ဦး၊ တောင်ပိုင်းခရိုင်တွင် ၈၈၃၉၈ဦး၊ မြောက်ပိုင်းခရိုင်တွင် ၁၄၉၈၅၇ဦး တို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း သိရ သည်။

ခရိုင်အလိုက် မဲရုံများမှာလဲ စု စုပေါင်း ၁ဝ၈၆ရုံရှိပြီး အရှေ့ပိုင်း ခရိုင်တွင် ၃၂၄ရုံ၊ အနောက်ပိုင်းခရိုင် တွင် ၁၃၉ရုံ၊ တောင်ပိုင်းခရိုင် တွင်၂၅၆ရုံ၊ မြောက်ပိုင်းခရိုင်တွင် ၃၆၅ ရုံတွင် မဲရုံထားရှိပေးထားသည်။ မဲရုံများတွင် အနိုင်ရသည့်ကိုယ် စားလှယ်လောင်းမဲ၊ ပယ်မဲများကို ပြည်သူများရှေ့တွင် ရေတွက်၍ ပွင့် လင်းမြင်သာစွာ ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာအဆင့်ဆင့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ် စားလှယ်လောင်း ၂၉၃ဦးတွင် ကိုယ် စားလှယ် လောင်း ၂၆၁ဦးမှာ အမျိုး သားများဖြစ်ပြီး ကိုယ်စားလှယ် ၃၂ ဦးမှာ အမျိုးသမီးများ ဖြစ်ကာ ယင်း တို့က ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင် ကိုယ်စားလှယ် လေးဦး၊ ခရိုင် လေးခရိုင်မှ တစ်ခရိုင် လျှင် သုံးဦးစီ စုစုပေါင်းကိုယ်စားလှယ် ၁၂ဦး၊ မြို့နယ် ၃၃မြို့နယ်မှ တစ်မြို့နယ်လျှင် သုံးဦးစီ စုစုပေါင်း မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ် ၉၉ဦး စုစုပေါင်း ၁၁၅ဦးရွေးချယ်ခံ ရမည်ဖြစ်သည်။

''လူထုနဲ့ ထိတွေ့မှုနည်းတာ မဲ ဆွယ်စည်းရုံးမှုနည်းတဲ့သူတွေက တော့သူတို့ လုပ်တဲ့ ရလဒ်ကို သူတို့ရ မှာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ပြည်သူတွေ ဘယ်လိုပုံစံနဲ့ရွေးချယ် ရမယ်ဆိုတဲ့ ကျွန်တော်တို့လုပ်ရမယ့် တာဝန်တွေကိုတော့ မလစ်ဟင်းစေရ ပါဘူး''ဟု ရန်ကုန်မြို့တော်ကော်မရှင် မှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီ တူဒေးသတင်းစာသို့ပြောသည်။

Yangon Media Group
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအား ပြည် သူရွေးချယ်မှုဖြင့် တင်မြှောက်ခွင့်ရ ရှိမည်ဖြစ်သော်လည်း ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို့သည် ကိုယ်စားလှယ်အရည် အချင်း ရှိမရှိ ပြည်သူများသိရှိစေရန် လူထုနှင့် ထိတွေ့မှုအားနည်းခြင်း ကြောင့် ယင်းတို့အပေါ် သက်ဆိုင် ရာ လူထုက ပြည်သူ့အကျိုးပြုကိုယ် စားလှယ်ဖြစ် မဖြစ် သံသယရှိနေကြောင်း သိရသည်။

အင်ဂျင်နီယာတပ်ဝင်းအတွင်းလူတစ်ဦးဝင်ရောက် သေနတ်ပစ်ဖောက်

အရပ်သားဆိုသူတစ်ဦးသည် ဒဂုံမြို့နယ၊်မြို့မကျောင်းလမ်းရှိ အမှတ်၉၅၄ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲအတွင်းသို့ ကားဖြင့်အတင်းဝင်ရောက်ပြီး အသင့်ပါလာသည့် ပစ်္စတိုသေနတ်ကို မိုးပေါ်ထောင် ဖောက်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဘာသာရေး တင်းကျပ်မှုနဲ့ အကြမ်းဖက် ဝါဒ အဆုံးသတ်ဖို့ ပုပ်ရဟန်း မင်း တောင်းဆို


Photo: ဘာသာရေး တင်းကျပ်မှုနဲ့ အကြမ်းဖက် ဝါဒ အဆုံးသတ်ဖို့ ပုပ်ရဟန်း မင်း တောင်းဆို
Saturday, November 29, 2014

ဘာသာရေး ကိုးကွယ်သူတိုင်းဟာ အခွင့်အရေးတွေ တန်းတူရှိကြတယ်ဆိုတဲ့ ခံယူချက်ကို ကိုင်ဆွဲပြီး ကိုးကွယ်တဲ့ ဘာသာအချင်းချင်းကြား ပိုမိုကျယ်ပြန့်တဲ့ အခြေအတင်ဆွေးနွေးမှုကတဆင့် အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis တိုက်တွန်းခဲ့ပါတယ်။

တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan နဲ့ Ankara မြို့မှာ သောကြာနေ့ ကတွေ့ဆုံပြီးနောက် ဆီးရီးယားနဲ့ အီရတ်နိုင်ငံက ခရစ်ယာန်တွေ အခြား လူနဲစု ဘာသာဝင်တွေအပေါ် IS တွေ တိုက်ခိုက်နေတာကို ပုပ်ရဟန်းမင်းက ပြစ်တင် ရှုံ့ချလိုက်ပါတယ်။ ဒုက္ခသည် ၁.၆ သန်းကို တူရကီနိုင်ငံမှာ ခိုလှုံခွင့်ပေးထားတဲ့အပေါ်မှာလည်း ကျေးဇူးတင်တယ်လို့ ပုပ် Francis ကပြောပါတယ်။

အကြမ်းဖက် စစ်သွေးကြတွေက သူတို့ နယ်မြေဆိုပြီး ကြေညာထားတဲ့ တူရကီတောင်ဘက် နယ်စပ်က တိုက်ပွဲတွေနဲ့ အကြမ်းဖက် ရက်စက်မှုတွေကြောင့် ဒီဒုက္ခသည်တွေဟာ တူရကီဖက်ကို ခိုလှုံလာတာပါ။ ဒီဒုက္ခသည်တွေကို ကူညီနေသူတွေကို နိုင်ငံတကာအနေနဲ့လည်း ၀ိုင်းဝန်း အထောက်အပံ့တွေပေးဖို့ ပုပ်ရဟန်းမင်းက ပြောဆိုခဲ့ပါတယ်။

ထိပ်တန်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ Mehmet Gormez နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘာသာရေးကို အကြောင်းပြပြီး အကြမ်းဖက် တိုက်ခိုက်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချသင့်တယ်လို့ ဒီလိုတွေ့ဆုံမှု အပြီး ပုပ်ရဟန်းမင်းက ပြောပါတယ်။

တူရကီနိုင်ငံကို တည်ထောင်သူ Mustafa Kemal Ataturk ရဲ့ အထိမ်းအမှတ် ဂူဗိမာန်ကိုလည်း ပုပ်ရဟန်းမင်း သွားရောက်ပြီး ပန်းခွေချခဲ့ပါတယ်။ ကမ္ဘာ့ Orthodox ခရစ်ယာန် ဘာသာရေးခေါင်းဆောင် Patriarch Bartholomew ကို ပုပ် Francis သွားရောက် တွေ့ဆုံမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 

ပုပ်ရဟန်းမင်းကြီး Francis နဲ့  အစ္စလာမ် ဘာသာရေး ခေါင်းဆောင် Mehmet Gormez တွေ့ဆုံစဉ်

ပုပ်ရဟန်းမင်းကြီး Francis နဲ့  အစ္စလာမ် ဘာသာရေး ခေါင်းဆောင် Mehmet Gormez တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၈၊ ၂၀၁၄)

ဘာသာရေး ကိုးကွယ်သူတိုင်းဟာ အခွင့်အရေးတွေ တန်းတူရှိကြတယ်ဆိုတဲ့ ခံယူချက်ကို ကိုင်ဆွဲပြီး ကိုးကွယ်တဲ့ ဘာသာအချင်းချင်းကြား ပိုမိုကျယ်ပြန့်တဲ့ အခြေအတင်ဆွေးနွေးမှုကတဆင့် အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် ရဲတပ်ဖွဲ့ လုပ်ဆောင်ပုံ စုံစမ်း စစ်ဆေးဖို့ ကုလတောင်းဆို

Photo: အမေရိကန် ရဲတပ်ဖွဲ့ လုပ်ဆောင်ပုံ စုံစမ်း စစ်ဆေးဖို့ ကုလတောင်းဆို
Saturday, November 29, 2014

ရဲတပ်ဖွဲ့ရဲ့ မတရား ပြုမူလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ နှိပ်စက် ညှဉ်းပန်းမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ ကော်မတီက အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းနေပါတယ်။ မစ်ဇူရီပြည်နယ်မှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တဦး ကို သေနတ်နဲ့ပစ်သတ်လိုက်တဲ့ လူဖြူရဲအရာရှိတဦးကို တရားမစွဲဖို့ ဂျူရီလူကြီးတွေပါဝင်တဲ့ အဖွဲ့တဖွဲ့က ဆုံးဖြတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ အခုလို တိုက်တွန်းတာပါ။

အထူးသဖြင့် လူနည်းစု လူမျိုးစုတွေနဲ့ တိုင်းရင်းသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ရက်စက်တဲ့ပြုမူမှုနဲ့ အင်အားအလွန်အကျွံ အသုံးပြုမှု တွေနဲ့ပတ်သက်ပြီး တင်ပြချက်အများအပြား ရှိနေတဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကုလသမဂ္ဂကော်မတီက ပြောထားပါတယ်။ လက်နက်မဲ့ လူမည်းပုဂ္ဂိုလ်တွေကို ရဲတွေက ပစ်ခတ်တာ ဒါမှမဟုတ် အသက်သေ ဆုံးရတဲ့ထိ လိုက်လံဖမ်းဆီးတာတွေဟာ မကြာခနဆိုသလိုနဲ့ ထပ်ခါတလဲလဲ ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို စောဒကတက်တာတွေနဲ့ ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတွေက အချက်အလက်တွေ မပေးသလို ဘယ်လို စုံစမ်း စစ်ဆေး အရေးယူတယ်ဆိုတာတွေကိုလည်း မပြောဘူးလို့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူ ကော်မတီအဖွဲ့ဝင် ဆယ်ဦးထဲက တဦးဖြစ်တဲ့ Jens Modvig ကပြောပါတယ်။ ဒါဟာဖြင့် ၂၀၀၆ ခုနှစ်ကတည်းကဆိုရင် ဒီကုလသမဂ္ဂကော်မတီက အမေရိကန်ပြည်ထောင်စုကို လေ့လာသုံးသပ်တာ ပထမဆုံး အကြိမ်ပါပဲ။

ဗွီအိုအေ (မြန်မာပိုင်း)

Ferguson အရေး ဆန့်ကျင် ဆန္ဒပြပွဲများ

Ferguson အရေး ဆန့်ကျင် ဆန္ဒပြပွဲများ

ရဲတပ်ဖွဲ့ရဲ့ မတရား ပြုမူလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ နှိပ်စက် ညှဉ်းပန်းမှု တိုက် ဖျက်ရေး ကုလသမဂ္ဂ ကော်မတီက အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းနေပါတယ်။ မစ်ဇူရီပြည်နယ်မှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တဦး ကို သေနတ်နဲ့ပစ်သတ်လိုက်တဲ့ လူဖြူရဲအရာရှိတဦးကို တရားမစွဲဖို့ ဂျူရီလူကြီးတွေပါဝင်တဲ့ အဖွဲ့တဖွဲ့က ဆုံးဖြတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ အခုလို တိုက်တွန်းတာပါ။

စစ်တွေမှာ တရားမ၀င် ဒိုင်ယာဇီပင်ထိုးဆေး သုံးသောင်းခွဲ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရန်ကုန်ကိုတင်ပို့မယ့် တရားမ၀င် ဒိုင်ယာဇီပင် အလုံး ၃၅၀၀၀ ကျော်ကို မူးယစ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။

Friday, 28 November 2014

ပြန်ကြားရေးခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ကြော်ငြာကုမ္ပဏီတစ်ခုမှ နိုင်ငံ့ဘဏ္ဍာသို့ ကြော်ငြာခ ကျပ်သိန်းရာချီမသွင်းဘဲ ဖျောက်ထားပြီး လုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် ကြော် ငြာလုပ်ငန်းများ လုပ်ကိုင် နေသော ကုမ္ပဏီ တစ်ခုသည် နိုင်ငံတော်သို့ ကြော်ငြာခ ကျပ် သိန်းရာနှင့်ချီကာ မပေးသွင်းဘဲဖျောက်ထား ပြီး လုပ်ကိုင်နေမှုကို စစ်ဆေးတွေ့ရှိသော် လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး မဆောင်ရွက် သည့်အပြင် လုပ်ငန်းအချို့ကိုလည်း ဆက်လက်လုပ်ကိုင်ခွင့် ပေးထား ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီဆိုင်ရာ ၀န်ကြီး H.E.Mr. Nikolay, P. Patrushev အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ ဆိုင်ရာ ၀န်ကြီး H.E.Mr. Nikolay, P. Patrushev အား လက်ခံတွေ့ဆုံသည်။

နော်ဝေဘုရင်နှင့်မိဖုရား မြန်မာနိုင်ငံ လာမည်

Photo: နော်ဝေဘုရင်နှင့်မိဖုရား မြန်မာနိုင်ငံ လာမည်
Friday, November 28, 2014

နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နဲ့ မိဖုရား ဆွန်ယာတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်း တရားဝင် လာရောက်လည်ပတ်မယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

သမ္မတ ဦးသိန်စိန်ရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်တာ ဖြစ်ပြီး ခရီးစဉ်အသေးစိတ်ကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

သတင်းတွေမှာတော့ နော်ဝေဘုရင်ဟာ ဒီလကုန်ပိုင်းမှာ လာရောက်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း ပြောကြား မယ်လို့ ရေးသားထားပါတယ်။

နော်ဝေနိုင်ငံဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အစဉ်တစိုက် အကူအညီပေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ်က နော်ဝေနိုင်ငံကို ရောက်ရှိခဲ့ပြီး နော်ဝေ ဘုရင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီဗွီဘီ
နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နဲ့ မိဖုရား ဆွန်ယာတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်း တရားဝင် လာရောက်လည်ပတ်မယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နျူကလီးယားဆွေးနွေးပွဲ ရက်တိုးမှု အီရန်ခေါင်းဆောင် ထောက်ခံ

Photo: နျူကလီးယားဆွေးနွေးပွဲ ရက်တိုးမှု အီရန်ခေါင်းဆောင် ထောက်ခံ
Friday, November 28, 2014

အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ရပ်ထပ်တိုးတာကို သူထောက်ခံတယ်လို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးတာ မအောင်မြင်ရင် အနစ်နာရဆုံးက အမေရိကန်ပြည်ထောင်စု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေကို အခုချိန်ထိ မကန့်ကွက်သေးတဲ့ အကြောင်းပြချက်အတိုင်းပဲ ခုနစ်လ သပ်တမ်း ထပ်တိုးတာကို သူမကန့်ကွက် ဘူးလို့ Khamenei က နိုင်ငံပိုင်ရုပ်သံကနေ ကြာသပတေးနေ့က ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဆွေးနွေးပွဲတွေကို နောက်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ ထပ်တိုးဖို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ တနင်္လာနေ့က သဘောတူ ထားကြတာပါ။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက် ဖြစ်တယ် ဆိုတာ သေချာစေပြီး အပြန်အလှန်အား ဖြင့် အီရန်စီးပွားရေးကို ထိခိုက်နေတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ပေးရေးဆိုင်ရာ သဘောတူညီချက် တခုရဖို့ နောက်ဆုံးသတ်မှတ်ရက် တနင်္လာနေ့မှာ နှစ်ဘက် သဘောတူညီချက်မရတာကြောင့် ရပ်ထပ်တိုးတာဖြစ်ပါတယ်။

နျူကလီးယား စေ့စပ်ဆွေးနွေးပွဲတွေအတွင်း အီရန်နိုင်ငံ ဒူးထောက် အရှုံးပေးသွားအောင် အမေရိကန်နဲ့ ဥရောပ ကိုလိုနီဝါဒီ အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေ ကျဆုံးသွားပြီလို့ အစောပိုင်းမှာ Khamenei ကပြောထားပါတယ်။

အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ လုပ်နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက သံသယရှိကြတာပါ။ အီရန် နိုင်ငံကတော့ သူ့ရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေ အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာသုတေသန နဲ့ စွမ်းအင်ထုတ်လုပ်ဖို့လို အရပ်ဘက် ရည်ရွယ်ချက်တွေအတွက်ဖြစ်တယ်လို့ အခိုင်အမာပြောနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ရပ်ထပ်တိုးတာကို သူထောက်ခံတယ်လို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးတာ မအောင်မြင်ရင် အနစ်နာရ ဆုံးက အမေရိကန်ပြည်ထောင်စု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။