Friday 28 November 2014

ပြန်ကြားရေးခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ကြော်ငြာကုမ္ပဏီတစ်ခုမှ နိုင်ငံ့ဘဏ္ဍာသို့ ကြော်ငြာခ ကျပ်သိန်းရာချီမသွင်းဘဲ ဖျောက်ထားပြီး လုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် ကြော် ငြာလုပ်ငန်းများ လုပ်ကိုင် နေသော ကုမ္ပဏီ တစ်ခုသည် နိုင်ငံတော်သို့ ကြော်ငြာခ ကျပ် သိန်းရာနှင့်ချီကာ မပေးသွင်းဘဲဖျောက်ထား ပြီး လုပ်ကိုင်နေမှုကို စစ်ဆေးတွေ့ရှိသော် လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး မဆောင်ရွက် သည့်အပြင် လုပ်ငန်းအချို့ကိုလည်း ဆက်လက်လုပ်ကိုင်ခွင့် ပေးထား ကြောင်း သတင်း ရရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့ အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် ကြားညှပ် အချပ်ပိုကြော်ငြာများထည့်သွင်းခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီများ ထဲမှ Heart Media သည် ကြေးမုံသတင်းစာတိုက် သို့ ကြိုတင်ပေးပို့ ခွင့်ပြုချက်မယူဘဲကြော်ငြာ အချပ်ပို ကြား ညပ်ထည့်သွင်းခြင်း၊ ကြော်ငြာခ များကိုလည်း ဖျောက်ထားပြီး လုပ်ကိုင်နေ ခြင်းဖြစ်ကြောင်း တိုင်ကြားတင်ပြစာအရလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနတာ ဝန်ရှိသူ၏ ပြန်လည်ဖြေကြားချက်အရ လည်း ကောင်း သိရသည်။

ဖြစ်စဉ်မှာ Heart Media သည် ကြော် ငြာများကောက်ယူပြီး နိုင်ငံပိုင်သတင်းစာတို့ တွင် ကြားညှပ် အချပ်ပိုကြော်ငြာလုပ်ငန်း လုပ်ကိုင်ကြောင်း၊ ကြားညှပ်ကြော်ငြာသည့် အခါတွင် မိမိတို့ကြော်ငြာသည့် စာမျက်နှာ အလိုက် ကျသင့်ကြော်ငြာခကို နိုင်ငံတော်မှ သတ်မှတ်ထားသည့်အတိုင်း ပေးသွင်းရကြောင်း၊ ထိုသို့လုပ်ကိုင်ရာတွင် မြန်မာ့အလင်း၊ ကြေး မုံအမှတ်တံဆိပ်ကို အသုံးပြု၍ လုပ်ကိုင် ကြောင်း၊ Heart Media သည် ကြေးမုံသတင်း စာ၌ ကြားညှပ်အချပ်ပိုကြော်ငြာ ထည့်သွင်း ရာတွင် ရှစ်မျက်နှာ ထည့်သွင်းရာ၌ လေးမျက် နှာစာအတွက်သာ ကြေးမုံသတင်းစာတိုက်မှ ကြိုတင်ခွင့်ပြုချက်ယူကာ ထည့် သွင်းပြီး ကျန်လေးမျက်နှာကို ကြိုတင်ပေးပို့ခွင့်ပြုချက် မယူဘဲ ဖြန့်ချိနေခြင်းဖြစ်ကြောင်း၊ ကြိုတင် ပေးပို့ သည့် လေးမျက်နှာအတွက်ကိုသာ နိုင်ငံတော်မှ သတ်မှတ်သည့်နှုန်းဖြင့် ကြော်ငြာခ ပေးသွင်းကြောင်း၊ ကျန်လေးမျက်နှာအတွက် ကိုမူ ကြော်ငြာခလည်းမသွင်းဘဲ ဖျောက်ထား ပြီးလုပ်ကိုင်ကြောင်း၊ ထိုသို့ ဖျောက်ထားပြီး လုပ်ကိုင်နေမှုအပေါ် ကြော်ငြာကုမ္ပဏီအချို့ မှသိရှိသွားပြီး အထောက်အထားများဖြင့် တိုင်ကြား ခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment