
နိုဝင်ဘာ ၁၈ ရက်ကပြုလုပ်သော မီဒီယာတွေ့ဆုံရှင်းလင်းပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ၂၀၁၅ ရွေးကောက်ပွဲအား ပြုလုပ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများအား ၂၀၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူတည်ကာ ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။





