မန္တလေးမြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင် အိမ်ငှားခများ ယခင်နှစ်များထက် ပိုမိုဈေးမြင့်လာခဲ့ရာ တစ်လလျှင် ထရံကာ၊ သွပ်မိုးကို အနည်းဆုံး ငွေကျပ်ခြောက်သောင်းခွဲမှ ရှစ်သောင်းခွဲထိ၊ ရိုးရိုးနံကပ်တိုက် ပေ ၂ဝx ၆ဝကို ငွေကျပ်သုံးသိန်း မှ လေးသိန်းထိ၊ RC သုံးထပ်တိုက်တွင် ခြံကျယ်ပါကို တစ်လလျှင် ခြောက်သိန်းမှ ၁၁ သိန်းထိရှိကြောင်း သိရသည်။
Tuesday, 4 November 2014
နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့် အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုမည်

၁။ ၉-၈-၂ဝ၁၄ ရက်နေ့ ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ်(၂၂) စာမျက်နှာ (၃ဝ) ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်''နိုင်ငံတော် သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျွန်တော်စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား ပြောသလို ဖြစ်နေ တာ'' ဟု လည်းကောင်း၊ ဆောင်းပါးစာသားတွင်လည်း ''ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး'' စသည့် အသုံးအနှုန်းများကို လည်းကောင်း ရေးသားဖော်ပြခဲ့ သဖြင့် သက်ဆိုင်ရာ ဂျာနယ်အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ညှိနှိုင်းဖြေရှင်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ အကြောင်းကြားခဲ့ပါသည်။
၂၀၁၅ မှာ ရခိုင်ပြည်နယ် တစ်ခုလုံး နိုင်ငံသား စိစစ်မယ်

ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံသား စိစစ်ရေးကို တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ပြုလုပ်ဖို့ စီမံချက်တွေ ရေးဆွဲနေပါတယ်။
အင်တာနက်လိုင်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီအချို့ ရောင်းချ မှု ခေတ္တရပ်ဆိုင်းထား

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပြည်တွင်း၌ အင်တာ နက်လိုင်းဝန်ဆောင်မှု(ISP)ပေး နေသော ကုမ္ပဏီအချို့ သည် အောက်တိုဘာလမှ စ၍ လိုင်း ရောင်းချမှုရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။
အာဆီယံထိပ်သီး အစည်းအဝေးကာလတွင် ခရီးသွားသူများကို မှတ်ပုံတင် စစ်ဆေးမည်
အာဆီယံထိပ်သီးအ စည်းအဝေးကျင်းပစဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားလာသူအားလုံးကို လုံခြုံရေး အရာရှိများက ယာဉ်ပေါ် တက်၍ ရှာဖွေစစ်ဆေးမည်ဖြစ် သဖြင့် ခရီးသွားသူများ မှတ်ပုံ တင်အပါအ၀င် သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ ဆောင်ထားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ကြေညာချက်ထုတ်ပြန်သည်။
ရန်ကုန်ဆေးရုံကြီး ၀န်ထမ်းအင်အားတိုးမြှင့်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြထား
ရန်ကုန်ဆေးရုံကြီး၌ လူနာဦးရေနှစ်ဆကျော် မြင့်တက်လာမှုကြောင့် လာမည့်နှစ်တွင် ၀န်ထမ်းအင်အား တိုးမြှင့်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုထားကြောင်းသတင်း ရရှိသည်။
မြန်မာ-ရုရှား တပ်မတော်နှစ်ရပ်ကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှား-မြန်မာစစ်ဘက်နည်းပညာ ပူးပေါင်းဆောင် ရွက်ရေး ပူးတွဲကော်မရှင် ဥက္ကဋ္ဌ မစ္စတာအလက်ဇန်းဒါးဖိုမင်နှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ− Senior General Min Aung Hlaing' FB)
နှစ်ပေါင်းခြောက်ဆယ် အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦး၏ ပထမဆုံး ဥရောပခရီးစဉ် အဖြစ် ဘီလာ ရုစ်သမ္မတနိုင်ငံခရီးစဉ်စတင်ခဲ့ သော ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ရုရှားနိုင်ငံတွင် ခရီးတစ်ထောက်နားစဉ် ရုရှား-မြန်မာစစ် ဘက်နည်းပညာပူးပေါင်းဆောင် ရွက်ရေးပူးတွဲကော်မရှင် ဥက္ကဋ္ဌ မစ္စတာအလက်ဇန်းဒါးဖိုမင်နှင့် တပ် မတော်နှစ်ရပ်ကြား စစ်ဘက်နည်း ပညာပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေး ဆွေးနွေးခဲ့ကြောင်း သ တင်းရရှိသည်။
အဝေးသင်စာမေးပွဲတွင် မသမာသောနည်းဖြင့် ဖြေဆိုမှုများ အစီရင်ခံ စာ နေ့ချင်းပို့ရန် ကြီးကြပ်သူများအား ညွှန်ကြား
အဝေးသင်တက္ကသိုလ် များတွင် မသမာသောနည်းဖြင့် စာမေးပွဲဖြေဆိုသော အထောက်အထား တွေ့ရှိ ပါကဖြေဆိုသူမသိစေဘဲ သိမ်မွေ့စွာဖြင့် အစီရင်ခံစာနေ့ ချင်းပေးပို့ရန် စာမေးပွဲကြီးကြပ်သူများကို ညွှန်ကြား ထား ကြောင်း သိရသည်။
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်
ကပ္ပလီပင်လယ်တောင်ပိုင်းတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး မုန်တိုင်းငယ် တစ် လုံးဖြစ် လာ နိုင်ကာ ကမ်းရိုးတန်း ဒေသများ တွင် မိုး သက်လေပြင်းအန္တရာယ်ရှိကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
မန္တလေးတိုင်းတွင် ယခင်နှစ်ကထက် သစ်မှောင်ခိုတန်နှစ်ထောင်ကျော် ပိုမိုဖမ်းမိ

တစ်ဖက်နိုင်ငံသို့ပြီးခဲ့သည့်နှစ်ကတင်ပို့ရန်ပြင်ဆင်နေသော သစ်လုံးတင်ကား-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးတိုင်းဒေသကြီးအတွင်း တစ်နှစ်တာ ဖမ်းဆီးရမိထားသည့် သစ်တန်ချိန်ပမာဏမှာ ယမန်နှစ်က ထက် တန်ချိန် နှစ် ထောင်ကျော် ပိုများကြောင်း သတင်းရရှိသည်။
Monday, 3 November 2014
တာချီလိတ်ခရိုင်ရှိ မြို့နှစ်မြို့တွင် အမျိုးသားနှစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် မြန်မာရွာခေါ် အကွက်(၉)တွင် အသက်(၂၇)နှစ်ရှိ အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ၍ သတ်သေသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၃)ရက် (၁၁)နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟောင်ကောင်တွင် တိုက်ခန်းတစ်ခု၌ အမျိုးသမီးနှစ်ဦးအား သတ်ခဲ့သူကို ဖမ်းဆီးရမိ

(ဝမ်ချိုင်း)၏ တိုက်ခန်း တစ်ခု အတွင်းမှာ သေဆုံး နေသည့် အမျိုးသမီး နှစ်ဦးကို သတ်ခဲ့သူ အသက်(၂၉)နှစ်အရွယ် အမေရိက(မာရေး-လိုင်းန်) ဘဏ်၏ အလုပ်သမား ဖြစ်သူ ဗြိတိန်လူမျိုး တစ်ဦးအား ဟောင် ကောင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။
ကော်တောင်ကျွန်း လူသတ်မှု DSI ကိုယ်တွယ်ဖို့ စာတင်
ထိုင်း တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး စက်တင်ဘာ လလယ်က သတ်ဖြတ် ခံရမှုနဲ့ စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ၂ ဦး အမှုကို ထိုင်း အထူး မှုခင်း ဌာန DSI က ကိုယ်တွယ်ဖို့ စာတင် လိုက်ပါတယ်။
ဧည့်မထ စပါးတင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူမည်
ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ သက်ငယ်စပါးဈေးတွေ ကျဆင်းနေတဲ့အတွက် တောင်သူတွေအရှုံး မပေါ်စေဖို့ ဒီလကစပြီး ဧည့်မထစပါး တင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူသွားမယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်းက ကြေညာလိုက်ပါတယ်။
အိုဘားမားနှင့် ဒေါ်စုတွေ့မည့်ရက် အခြေခံဥပဒေ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေ

၂၀၁၂ နိုဝင်ဘာလက သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့aဆုံပြီး သတင်းစာရှင်း လင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ- အီးပီအေ)
နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး လာရောက် တက် မည့် အမေရိကန် သမ္မတ အိုဘားမားသည် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် နိုဝင်ဘာ ၁၃ ရက်သည် အခြေခံဥပဒေအစီရင်ခံစာ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေသည်။
ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြားမှ အပိုင်းပိုင်းပြတ်နေသော လူသေအလောင်းတွေ့ရှိ

ရေမဆေးကျောက် ရှာဖွေနေကြသူများ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။
လစ်ဗျားအစိုးရလိုလားသော တပ်ဖွဲ့များက ဘင်ဂါဇီမြို့ အစိတ် အပိုင်းအချို့ကို ပြန်လည်သိမ်းပိုက်

စစ်တပ်က တပ်စွဲထားသည့် နေရာများအပါအဝင် ပြည်သူ့စစ်များက သိမ်းပိုက်ထားသည့် ဘင်ဂါဇီ၏ နယ်မြေအစိတ်အပိုင်းအချို့ကို အစိုးရလိုလားသော လစ်ဗျားတပ်ဖွဲ့များက နိုဝင်ဘာ ၁ ရက်၌ ပြန်လည် သိမ်းပိုက်ကြောင်း စစ်ဘက် သတင်းများက ဆိုသည်။ ပြန်လည်သိမ်းပိုက်ရေး တိုက်ပွဲတွင် လူဒါဇင်နှင့်ချီ၍ သေဆုံးသည်ဟု ဆရာဝန်များက ဆိုသည်။
စပါးဈေး ကျပ် သုံးသိန်းငါးသောင်းဖြင့် ဝယ်ယူပေးမည်ဖြစ်ပြီး ၎င်းဈေးထက် လျှော့မရောင်းရန် အသိပေး

နေပြည်တော်ရှိ လယ်ယာတစ်ခုမှ ထွက်ရှိလာသော စပါးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မိုးစပါး ဧက ၁၆ သန်းမှ စပါးများ ရိတ်သိမ်းတော့မည် ဖြစ်သည်။
ဧည့်မထ စပါး တင်း ၁၀၀ (တစ်တင်း ၄၆ ပေါင်) ကို ကျပ် ၃၅၀,၀၀၀ ဈေးနှုန်းဖြင့် ဝယ်ယူပေးမည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။
အကြွေစေ့ ဂိမ်းဆိုင်များတွင် လောင်းကစားမှုရှိ

အကြွေစေ့ဖြင့် ကစားရသော တီဗီဂိမ်းဆိုင်များကို ငွေကြေးဖြင့် လောင်းကြေးထပ် ကစားခွင့် မပြုထား သော်လည်း မန္တလေးခရိုင်အတွင်း ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်အချို့တွင် လောင်းကြေးထပ်ကစားခြင်းများ ရှိကြောင်း မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက ပြောသည်။
စင်ကာပူသုံး အဆင့်မြင့် စက်သုံးဆီ တင်သွင်းရန် စီစဉ်

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်း ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
စင်ကာပူနိုင်ငံသုံး အဆင့်မြင့် စက်သုံးဆီများ သုံးစွဲနိုင်ရန်နှင့် စက်သုံးဆီ တင်သွင်းခြင်းနှင့် အရည်အသွေး ကန့်သတ်ချက်များကိုလည်း ပြင်ဆင်နိုင်ရန် စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြထားသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ အသင်း အတွင်းရေးမှူးက ပြောသည်။
Subscribe to:
Posts (Atom)