Monday, 20 October 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်သုံးစွဲခ နှုန်းထားများ ကို Package အလိုက်ကောက်ခံရန် စီစဉ်နေ

မြန် မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ အင်တာနက်အသုံးပြုခနှုန်းထား များကို မိနစ်ဖြင့် ကောက်ခံခြင်းအ ပြင် Package များဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကာတာအသင်းနှင့်ပွဲစဉ်တွင် မြန်မာအသင်းရလဒ်နှင့်ပတ်သက်၍ ပရိသတ်များအလွန်အကျူးမဖြစ်ရန် နည်းပြချုပ်ဂတ်ဆီဇီ တောင်းဆို

Photo: ကာတာအသင်းနှင့်ပွဲစဉ်တွင် မြန်မာအသင်းရလဒ်နှင့်ပတ်သက်၍ 
ပရိသတ်များအလွန်အကျူးမဖြစ်ရန် နည်းပြချုပ်ဂတ်ဆီဇီ တောင်းဆို
Monday, October 20, 2014

မြန်မာ ယူ-၁၉အသင်းအနေဖြင့် အမြင့်ဆုံး ရည်မှန်းချက်အောင်မြင်အောင် လုပ် နိုင်ခဲ့ပြီး အာဆီယံအဆင့်ပြိုင်ပွဲမဟုတ် သည့် အာရှအဆင့်ပြိုင်ပွဲတွင် ပွဲတိုင်း အနိုင်ရရှိရန် မလွယ်ကူသည့်အတွက် မြန်မာပရိသတ်များကို နားလည်ပေး ရန် နည်းပြချုပ်ဂတ်ဆီဇီက ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် တောင်း ဆိုခဲ့သည်။

ယင်းကဲ့သို့ မြန်မာပရိသတ်များ ကို တောင်းဆိုရခြင်းသည် ဆီမီးဖိုင် နယ်တွင် မြန်မာယူ-၁၉အသင်း၏ ရလဒ်နှင့်ပတ်သက်၍ ပရိသတ်များ လက်မခံဘဲ မလိုလားအပ်သည့် ပြ ဿနာများဖြစ်ပွားမည်ကို စိုးရိမ်ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းနည်းပြချုပ်ဂတ် ဆီဇီက ''ကျွန်တော်တို့အနေနဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက် ဖို့နဲ့ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင် ခွင့်ရဖို့ မှန်းထားတာပါ။ အခုဆိုရင် ရည်မှန်းချက်အောင်မြင်အောင် လုပ် ဆောင်နိုင်ခဲ့တဲ့ အတွက် ကာတာနဲ့ပွဲ က ဖိအားမရှိပါဘူး။ အာဆီယံအဆင့် ပြိုင်ပွဲမဟုတ်ဘဲ အာရှအဆင့်ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပွဲတိုင်းအနိုင်ရဖို့ ဆို တာမလွယ်ကူပါဘူး။ ဒါကို ပရိသတ် တွေအနေနဲ့ နားလည်ပေးဖို့လိုပါ တယ်'' ဟုဆိုသည်။

ပြီးခဲ့သည် ကွာတားဖိုင်နယ် ယူအေအီးနှင့်ပွဲစဉ်တွင် မြန်မာအ သင်း(၁-ဝ)ဖြင့် အနိုင်ရရှိပြီးနောက် ပရိသတ် ရာဂဏန်းဝန်းကျင်ခန့်သည် ကွင်းအတွင်းသို့ဝင်ရောက်ကာ ယူ- ၁၉အသင်း၊ ဥက္ကဋ္ဌဦးဇော်ဇော်တို့ကို ပွေ့ဖက်ကာ ဂုဏ်ပြုခဲ့ကြသည့်အ တွက် ယင်းပွဲစဉ်ကို တာဝန်ယူကိုင် တွယ်ရသည့် ပြိုင်ပွဲကြီးကြပ်မှ အာရှ ဘောလုံးအဖွဲ့ချုပ်သို့ ပွဲအပြီးတွင် အစီရင်ခံစာတင်ခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဒဏ်ငွေပြစ်ဒဏ်ကျခံရဖွယ်ရှိနေ သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူက ''၇၇နှစ်ကြာမှ ယူ-၂ဝကမ္ဘာ့ ဖလားကို ပထမဆုံးအကြိမ်ဝင်ခွင့်ရရှိ ခဲ့တဲ့အတွက် ကွင်းထဲ လာအားပေး တဲ့ ပရိသတ်တွေအပြင် တစ်နိုင်ငံလုံး က ပရိသတ်တွေပါ ပျော်ရွှင်မှာပါ။ ဒါပေမဲ့ ၂ဝ၁၁ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြစ်တဲ့ အိုမန်နဲ့ပွဲမှာ ပရိသတ်တွေ အလွန်အကျူးအားပေးခဲ့လို့ ဒဏ် ရိုက်ခံရပြီး ၂ဝ၁၈ကမ္ဘာ့ ဖလားခြေ စစ်ပွဲ အပိတ်ခံထားရပါတယ်။ ဆီမီး ဖိုင်နယ်မှာလဲ မြန်မာအသင်းအနေနဲ့ ဘယ်လိုရလဒ်မျိုးထွက်ထွက် အလွန် အကျူးအားမပေးဖို့ မေတ္တာရပ်ခံချင် တာပါ''ဟု ဆိုသည်။

Democracytoday
မြန်မာ ယူ-၁၉အသင်းအနေဖြင့် အမြင့်ဆုံး ရည်မှန်းချက်အောင်မြင်အောင် လုပ် နိုင်ခဲ့ပြီး အာဆီယံ အဆင့် ပြိုင်ပွဲမဟုတ်သည့် အာရှအဆင့်ပြိုင်ပွဲတွင် ပွဲတိုင်း အနိုင်ရရှိရန် မလွယ်ကူသည့်အတွက် မြန်မာပရိသတ် များ ကို နားလည်ပေးရန် နည်းပြချုပ်ဂတ်ဆီဇီကပွဲကြို သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။

ပျောက်ဆုံး မိန်းကလေးငယ် (၄) ဦး တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေမည်

တိုက်ကြီး မြို့နယ် ကတန်စိန်ဒသနှင့် ဥက္ကံမြို့နယ် အတွင်း ပျောက်ဆုံးနေသော မိန်းကလေးငယ် လေးဦးအား ရန်ကုန်ရှိ တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေ သွားမည်ဟု တိုက်ကြီးမြို့နယ် တ.စ.ည ပါတီ (ဗဟို ကော်မတီဝင်) ဥက္ကဋ္ဌ ဦးမြင့်သိန်းက The Messenger Media သို့ ပြောသည်။

နိုင်ငံသားစိစစ်ခြင်းကို ရခိုင်သာမကဘဲ တစ်နိုင်ငံလုံး ဆောင်ရွက်ရန် ရခိုင်အမျိုးသားအင်အားစုများ တောင်းဆို

၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်ပေးရန် ရခိုင်အမျိုး သားအင်အားစုများက တောင်းဆို လိုက်သည်။

အခြေအနေသိပ်မဟန်တော့တဲ့ သမီးရည်းစား၊ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင် ဆက်ဆံရေးအခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲ…

Photo: အခြေအနေသိပ်မဟန်တော့တဲ့ သမီးရည်းစား၊ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင် ဆက်ဆံရေးအခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲ…
Monday, October 20, 2014

တစ်ခါတစ်လေ ကျွန်တော်တို့အများစုဟာ စွန့်လွတ်လိုက်ဖို့ သို့မဟုတ် ဘာလုပ်ချင်မှန်းမသိဖြစ်နေတတ်ပါတယ်။  အဲဒီတော့ မိတ်ဆွေသူငယ်ချင်း၊ မိသားစု၊ ကိုယ့်ချစ်သူ သို့မဟုတ် လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးနဲ့ မပြေလည်တဲ့ ဆက်ဆံရေးက အပြုသဘော၊ ကောင်းမွန်တဲ့ အနေအထားထက် ပိုပိုပြီး စိတ်ဖိစီးမှုနဲ့ အပျက်သဘောဘက် ဦးတည်နေတဲ့ ပုံစံဖြစ်လာတဲ့အခါ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ တာဝန်ဝတ္တရား၊ အပြစ်ရှိခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် နှာလုံးကြေကွဲမှုစတဲ့ ခံစားချက်တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ တွေးလာရပါပြီ။ မိသားစု၊ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းတိုင်းကို အမှီအခိုပြုဖို့၊ အကူအညီတောင်းဆိုဖို့ သူတို့လည်း အမြဲတမ်း အဆင်သင့်ရှိမနေတတ်ကြဘူး ဆိုတာ မှတ်သားထားဖို့ အရေးကြီးတယ်။ ဆက်ဆံရေးတိုင်းမှာ မပြောင်းလဲ တတ်တဲ့ ရင်းနှီးခင်မင်မှုနဲ့ အပြန်အလှန်ဆက်နွယ်မှု ရှိတယ်ဆိုတာလည်း မဟုတ်ပါဘူး။

မိသားစုဆိုတာကလည်း တူညီတဲ့ အသွေးအသားတစ်ခု ပိုင်ဆိုင်ထားရုံသာ ရှိတာပါ။ တချို့သောမိတ်ဆွေဖွဲ့မှုက သင့်ကို ပျိုးထောင်ပေးနိုင်ပြီး တချို့က သင့်ကို ဆုတ်ယုတ်ပျက်စီးစေတယ်။ ဆက်ဆံရေးနဲ့ မိတ်ဆွေဖွဲ့မှု ဆိုတာကလည်း တရားသေလုပ်လို့ မရနိုင်ပါဘူး။ ဒီနေရာမှာ မိသားစုလည်း ပါနိုင်တယ်။ အတိုင်းအတာအတစ်ခုထိ ကျော်လွန်မသွားခင်တော့ အချိန်အတော်ကြာ သည်းခံနိုင်တဲ့ အခြေအနေများစွာရှိပါတယ်။ သင့်အတွက် သင့်တော်ကာင်းမွန် ဆုံးလို့ မှတ်ယူထားတဲ့ အရာကို လုပ်ဆောင်ဖို့အလို့ငှာ ဒီဆက်ဆံမှုတွေကနေ ခွဲထွက်လိုက်တဲ့ အချိန်မှာ အင်မတန်အရေးပါတဲ့ အချိန်အခါကျရောက်လာနိုင် ပါတယ်။ ဒါ့ကြောင့် ချစ်သူ၊ သူငယ်ချင်း၊ မိသားစု စတဲ့သူတွေနဲ့ အကြောင်း အမျိုးမျိုးကြောင့် ခွဲခွာရတဲ့အခါ သင့်ဘက်က အဆိုးထဲက အကောင်းအချက်တွေကို ရှာဖွေပါ။ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်အောင် ကြိုးစားပါ။

အဲဒီအတွေ့အကြုံမှတဆင့် ရနိုင်သမျှယူပြီး သင် သင်ယူထားတဲ့ အတွေ့အကြုံတွေနဲ့ ရှေ့ဆက်အသက်ရှင်ပါ။ အကူအညီတောင်းခံပါ ဖြစ်နိုင်တယ်၊ အကူအညီပေးမယ့်သူတွေရှိခဲ့ရင် အခြားအပြင်က အမြင်သဘောထားနဲ့ နည်းလမ်းတစ်ခုခု ရယူပါ။ ကိုယ့်ကိုကိုယ် စိတ်ခံစားမှုရအောင်လုပ်ပါ။ အကျိုးအမြတ်ရအောင် အသုံးချပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အားကစားလုပ်ပါ။ အနုပညာနဲ့ ပညာသားပါတဲ့ ရှင်းလင်းဖော်ပြချက် အသုံးပြုပါ။ စိတ်ခံစားမှုတွေကို သိမ်းမထားပါနဲ့။ အချိန်အကန့်အသတ်ထားပါ၊ ဘောင်သတ်မှတ်ပါ။ သင့်အဆင်သိပ်ပြေတဲ့ သူနဲ့ဆို အချိန်ကို ကန့်သတ်အသုံးပြုပါ။ အလည်အပတ် သွားတာတွေ လျော့ပါ ပြဿနာကို တတ်နိုင်သလောက် တားဆီးပါ။ သံယောဇဉ်ပြန်တွယ်ဖို့ ကိုယ့်ကိုကိုယ် အခွင့်မပေးပါနဲ့။ သင် သူတို့ကို အဝေးကနေလည်း ချစ်ခင်နိုင်၊ မေတ္တာဖို့နိုင်ပါတယ်။ သင့်ဘဝနဲ့ ပျော်ရွှင်မှုကို အရယူပါ။ တခြားသူတွေ သင့်ဆီပျော်ရွှင်မှုဆောင်ကြဉ်းလာမှာကို စောင့်မနေပါနဲ့။ တွယ်တာနေခြင်းထက် လက်လွတ်လိုက်ခြင်းသည်သာ အကူအညီပိုဖြစ်စေပါလိမ့်မယ်။ သင့်အတွက် အကောင်းဆုံးလုပ်ဆောင်ဖို့ နောက်ဆုံးတော့ သင့်မှာတာဝန်ရှိတယ်။ Source: CE

Trend Myanmar
တစ်ခါတစ်လေ ကျွန်တော်တို့အများစုဟာ စွန့်လွတ်လိုက်ဖို့ သို့မဟုတ် ဘာလုပ်ချင်မှန်းမသိဖြစ်နေတတ် ပါတယ်။  အဲဒီတော့ မိတ်ဆွေသူငယ်ချင်း၊ မိသားစု၊ ကိုယ့်ချစ်သူ သို့မဟုတ် လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးနဲ့ မပြေလည်တဲ့ ဆက်ဆံရေးက အပြုသဘော၊ ကောင်းမွန်တဲ့ အနေအထားထက် ပိုပိုပြီး စိတ်ဖိစီးမှုနဲ့ အပျက်သဘောဘက် ဦးတည်နေတဲ့ ပုံစံဖြစ်လာတဲ့အခါ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ တာဝန်ဝတ္တရား၊ အပြစ်ရှိခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် နှာလုံးကြေကွဲမှုစတဲ့ ခံစားချက်တွေကို ဘယ်လို ကိုင်တွယ်ဖြေ ရှင်းမလဲ ဆိုတာ တွေးလာရပါပြီ။ မိသားစု၊ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းတိုင်းကို အမှီအခိုပြုဖို့၊ အကူ အညီတောင်းဆိုဖို့ သူတို့လည်း အမြဲတမ်း အဆင်သင့်ရှိမနေတတ်ကြဘူး ဆိုတာ မှတ်သားထားဖို့ အရေးကြီးတယ်။ ဆက်ဆံရေးတိုင်းမှာ မပြောင်းလဲ တတ်တဲ့ ရင်းနှီးခင်မင်မှုနဲ့ အပြန်အလှန်ဆက်နွယ်မှု ရှိတယ် ဆိုတာလည်း မဟုတ်ပါဘူး။

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး အစိုးရနှင့် SSPP/SSA တွေ့ဆုံညှိနှိုင်းသော်လည်း သဘောတူညီမှု မရဟုဆို

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းတပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့ တွေ့ဆုံ ဆွေးနွေးသော် လည်း သဘောတူညီချက် မရသေးကြောင်း SSPP/SSA အထွေထွေအတွင်းရေးမှူး ဦးစပ်ခွန်စိုင်း က ပြောကြားသည်။

လိပ်ကျွန်းလူသတ်မှုဖော်ထုတ်ရေး ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို စေလွှတ်တော့မည်

Photo: လိပ်ကျွန်းလူသတ်မှုဖော်ထုတ်ရေး ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို စေလွှတ်တော့မည်
Monday, October 20, 2014

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုအတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံသားစုံတွဲဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ သတ်ဖြတ်ခံရမှုမှာ လူသတ်တရားခံ အစစ်အမှန်ကိုဖော်ထုတ်ပြီး၊ တရားဥပဒေအရ ပွင့်လင်းမှု၊ မျှတမှုရှိရှိ စီရင်ဆောင်ရွက်နိုင်အောင် စကော့တလန်ယာ့ဒ် စုံထောက်ရဲတပ်ဖွဲ့အနေနဲ့ ထိုင်းရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အီတလီနိုင်ငံမှာ တွေ့ဆုံမှု အတွင်း ရရှိခဲ့တဲ့ နှစ်ဖက်သဘောတူညီမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လန်ဒန်မြို့အခြေစိုက် Burma Democratic Concern အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက ပြောပါတယ်။

"အီတလီနိုင်ငံမှာ သူတို့ဆွေးနွေးသွားမှာဆိုလို့ရှိရင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပုဂ္ဂိုလ်ရေးအရဝင်ရောက်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အရမ်းကိုစိုးရိမ်မကင်းတွေ့ခဲ့ရကြောင်းကို ပြောတာပါ၊ ဒါ့အပြင် ဗြိတိန်နိုင်ငံရဲ့အစိုးရအဖွဲ့အနေနဲ့ပေါ့နော် ရဲတပ်ဖွဲ့အနေနဲ့ ဝိုင်းဝန်းကူညီချင်တဲ့အကြောင်းကိုလည်းပြောတယ်၊ ပြောတော့သူက သဘောတူတယ်၊ အဲ့ဒါကြောင့်ပဲ ဒီနိုင်ငံမှာရှိတဲ့ စကော့တလန်ယာ့ဒ် လို့ဆိုတဲ့စုံထောက်အဖွဲ့က ထိုင်းနိုင်ငံကို မကြာမီရက်ပိုင်းအတွင်းမှာ သွားရောက်ပြီးတော့ စုံစမ်းစစ်ဆေးတဲ့ဟာတွေကို သူတို့သွားလုပ်သင့်တဲ့ဟာတွေကို ကျနော်တို့ကြားရတယ်ခင်ဗျ၊ အထူးသဖြင့်တော့သူတို့ အဓိကပေါ့လေ စိတ်ပူတဲ့စိုးရိမ်တဲ့အချက်က ၂ ချက်ရှိပါတယ်၊ ၁ ချက်ကဘာလဲဆိုတော့ ဒီအန်အေလို့ခေါ်တဲ့ မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ဟာတွေ စစ်ဆေးဟာကို သူတို့အနေနဲ့ပိုမိုပြီးတော့ လွတ်လပ်ပွင့်လင်းပြီးတော့ ပိုမိုပြီးတော့ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးစေချင်တယ်၊ နောက်တစ်ခုကတော့ ဒီစစ်ဆေးတဲ့အခါမှာ မျှမျှတတနဲ့ ဘက်လိုက်မှုကင်းစွာ အဂတိကင်းစွာနဲ့ စစ်ဆေးစေချင်တယ်ဆိုတဲ့ အချက်တွေရှိတယ်"

ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အီတလီနိုင်ငံမှာ တွေ့ဆုံမှုအတွင်း လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက် ကူညီ စစ်ဆေးခွင့်ပြုဖို့ သဘောတူညီခဲ့ပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြန်အရောက်မှာတော့ သူ့အနေနဲ့ အဲဒီလို ပြောဆိုခဲ့တာ မဟုတ်ကြောင်း၊ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေကို လေ့လာသူအဖြစ်သာ ခွင့်ပြုသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ လန်ဒန်မြို့မှာရှိတဲ့ ထိုင်းသံအမတ်ကြီးကို ဗြိတိန်အစိုးရ အရာရှိတွေက ဆင့်ခေါ်သတိပေးတာမဟုတ်ဘဲ၊ ထိုင်းသံအမတ်ကြီးဘက်က စုံစမ်းဖော်ထုတ်နေမှု အခြေအနေတွေကို သွားရောက်ရှင်းပြခဲ့တာသာ ဖြစ်ကြောင်း၊ လူသတ်တရားခံတွေကို ထိုင်းရဲတွေက မြန်မြန်ဆန်ဆန်ဖော်ထုတ်လိုက်နိုင်တဲ့အတွက် ဗြိတိသျှအရာရှိတွေ တအံ့တသြဖြစ်သွားပုံရကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ပြောဆိုထားပါတယ်။

RFA
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှု အတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြားလိုက် ပါတယ်။

ဖြူးမြို့တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

Photo: ဖြူးမြို့တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား
Monday, October 20, 2014
 
တောင်ငူခရိုင် ဖြူးမြို့မှာ ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသမီး ၂ ဦးကို စိတ်ဝေဒနာရှင် ၁ ဦးက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက တောင်ငူခရိုင် ဖြူးမြို့၊ အုတ်ဖြတ်ကျေးရွာအုပ်စု အိုးဘိုကုန်းကျေးရွာမှာ စိတ်ဝေဒနာရှင် ကိုမျိုးသိန်း ၃၃ နှစ်ဟာ မိခင်ဖြစ်သူ ဒေါ်သန်းနွဲ့ ၆၇ နှစ်နဲ့ ညီမဖြစ်သူ မနီနီဝင်း ၂၃ နှစ်တို့ကို နေအိမ်မှာ အတူရှိနေစဉ် ကိုင်းခုတ်ဓား၊ ပေါက်တူးတို့နဲ့ ခုတ်လိုက်လို့ မိခင်နဲ့ ညီမဖြစ်သူတို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။

ကိုမျိုးသိန်းဟာ ရွာလယ်လမ်းအတိုင်း ထွက်ပြေးသွားပြီး မြရောင်ခြည်ဘုန်းကြီးကျောင်းအရောက် ကျောင်းမုခ်ဦးအနီးမှာ ထိုင်နေတဲ့ ဆရာတော် ဦးပညာသာမိ ၅၅ နှစ်ကို ဓားနဲ့ ထပ်မံခုတ်လိုက်လို့ ဆရာတော်ဟာ အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။

လူသတ်တရားခံကို ဖြူးမြို့မရဲစခန်းမှာ (ပ) ၄၉၉/၂၀၁၄ ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်လှစ်ထားပြီး တရားခံကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

DVB
တောင်ငူခရိုင် ဖြူးမြို့မှာ ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသမီး ၂ ဦးကို စိတ်ဝေဒနာရှင် ၁ ဦးက သုံးလောင်းပြိုင်လူ သတ်မှုဖြစ် ပွားခဲ့ပါ တယ်။

လျှပ်စစ်ကြောင့် ထိခိုက်နစ်နာမှုများကို ထိုက်တန်သော လျော်ကြေးများ ပေးမည်ဟု လျှပ်စစ်စွမ်းအား ဒုဝန်ကြီးပြော

လျှပ်စစ်ဓာတ်အား ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဓာတ်အား ရောင်းချခြင်းမှရရှိသည့် ဝင်ငွေ တိုးတက် လာမှု ပေါ်မူတည်၍ ထိုက်တန်သော လျော်ကြေးများပေး အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင် ဖားကန့်ဒေသခံလူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

Photo: KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင် ဖားကန့်ဒေသခံလူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
Monday, October 20, 2014

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စု၊ အောင်ဘာလေေ ကျးရွာအနီး ဥရုချောင်းအတွင်း၌ အောက်တိုဘာ ၁၈ ရက် နေ့လယ် ၂ နာရီခန့် တွင် KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ လူငယ် ၃ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ကံဆီးကျေးရွာနေ လူငယ် ၃ ဦးသည် ဥရုချောင်းအတွင်း၌ သားငါးရှာဖွေစဉ် မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြော သည်။
“ လူငယ်တွေဆိုတော့ ချောင်းထဲမှာ ဖားရှာ ငါးရှာ လုပ်ကြတာပါ။ ရွာသူရွာ သားတွေ အသုံးပြုနေတဲ့ ချောင်းထဲမှာ မိုင်းထောင်ထားတာ ကတော့ တော်ေ တ်ာအောက်တန်းကျလွန်းပါတယ်။ အခုတော့ ကလေးတွေ ဒဏ်ရာတွေနဲ့ မြင်မေ ကာင်းဘူး ”ဟု ကံဆီးရွာမှ ဒေါ်ကျဲတောင်က ပြောသည်။

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ေ သာ ကဲဆီးရွာနေ လူငယ် ၃ ဦးမှာ မောင်ဇော်ခွန်း ၂၁ နှစ်၊ ကချင်/ခရစ်ယာန်၊ မလပိုင်ဆိုင်းပန် ၁၉ နှစ်၊ ကချင်/ခရစ်ယာန်၊ မောင်လပိုင်ဒွဲလာ ၁၁ နှစ်၊ ကချင်/ခရစ်ယာန် တို့ဖြစ်ကြောင်း သိရသည်။

“ ဒေသခံပြည်သူတွေ အခုလို မိုင်းနင်းမိတိုင်း KIA က သူတို့နဲ့ မဆိုင်သ လိုနေတာ လာပြီးတော့တောင် မေးမြန်းဖော်မရ ဘူး။ ဆေးဖိုးဝါး ခဆိုရင် ဝေးပါေ သးတယ်၊ ပြောတော့ ကချင်ပြည်သူတွေကို ကာကွယ်နေတာတဲ့၊ အခု သူတို့ ဒုက္ခပေးလို့ မိုင်းနင်းမိပြီ၊ အယုံအကြည်ကိုမရှိတော့ပါဘူး။ အခု ကလေးတွေကို အစိုးရစစ်တပ်က လိုက်ပို့ပေးလို့ဆေးရုံ အချိန်မီရောက်တာ” ဟု ဆွေမျိုးတော်စပ် သူတစ်ဦးက ပြောသည်။

အဆိုပါ ဒဏ်ရာရ လူငယ် ၃ ဦးအား ရှေ့တန်းအစိုးရတပ်မှ ညနေ ၄ နာရီ ၄၅ မိနစ်ချိန်တွင် မော်တော်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ရာ ညနေ ၅ နာရီ ခွဲချိန်ခန့်တွင် ဖားကန့်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ေ ကြာင်းနှင့် ဆေးကု သမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ထွန်းနေအောင်(ဖားကန့်)
Kachin Daily News
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စု၊ အောင်ဘာလေေ ကျးရွာအနီး ဥရုချောင်းအတွင်း၌ အောက်တိုဘာ ၁၈ ရက် နေ့လယ် ၂ နာရီခန့် တွင် KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ လူငယ် ၃ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း

Photo: လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း
Monday, October 20, 2014

လေးဖက်နာ၊ အဆစ်မြစ်နာ၊ အကြောတက်၊ ခြေလက်ကိုက်ခဲ၊ ဇက်ကျောတက်ရောဂါများအတွက် လက်တွေ့ ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

၁။ တောရှောက်သီး ခေါ် ရှောက်ခါးသီး (၄) လုံးခန့်ကို အခွံနဲ့အတူ ပါးပါးလှီးပါ။

၂။ နနွင်း (၁၀)သားခန့် ထည့်ပါ။

၃။ ၄င်း(၂)မျိုးကို အတူရောပြီး တောအရက်ဦးရည်နှင့်အတူ ပုလင်းထဲထည့်ကာ အခိုးလုံနေအောင် အဖုံးကို သေချာစွာ ပိတ်ထားပါ။ (ပုလင်းကို ငှက်ပျောဖူး ကဲ့သို့သောပုလင်းဆိုလျှင် ပိုကောင်းပါသည်)

၎။ စိမ်ထားသော ဆေးကို (၅)ရက်ခန့် ထားပြီးလျှင် ၄င်းအရည်ဖြင့် အဆစ်မြစ်နာ၊ အကိုက်အခဲဖြစ်သည့်နေရာများကို စပြီးလိမ်းပေးနိုင်ပါပြီ။ တစ်လခန့်အထိ စိမ်ထားပြီး လိမ်းနိုင်ပါသည်။

ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

ဆောင်းပါးရှင် = ဦးနေဆိုင် (ပူတာအို) မျှဝေပါသည်။
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

Shape Entertainment Journal
လေးဖက်နာ၊ အဆစ်မြစ်နာ၊ အကြောတက်၊ ခြေလက်ကိုက်ခဲ၊ ဇက်ကျောတက်ရောဂါများအတွက် လက်တွေ့ ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အိမ်ရှင်ပရိသတ် ကွင်းလုံးပြည့်အားပေးမှုက ကာတာအသင်းအတွက် ဖိအားရှိနေဟုဆို

အကြိုဗိုလ်လုပွဲအဆင့်တွင် အိမ်ရှင်မြန်မာအသင်းနှင့် တွေ့ဆုံနေသည့်အတွက် ပိုမိုခက်ခဲမည်ဖြစ်ပြီး ပရိသတ် များ၏ ကွင်းလုံးပြည့်အားပေးမှုကလည်း ဖိအားအနည်းငယ်ရှိကြောင်း ကာတာယူ-၁၉ အသင်း နည်းပြ Felix Sanchez  က ပြောသည်။

မန္တလေးတိုင်း ငါးလုပ်ငန်းဆက်စပ်လုပ်ငန်းများမှ အခွန်ငွေကျပ် သိန်းလေးထောင်ကျော် ရရှိ

Photo: မန္တလေးတိုင်း ငါးလုပ်ငန်းဆက်စပ်လုပ်ငန်းများမှ အခွန်ငွေကျပ် သိန်းလေးထောင်ကျော် ရရှိ
Monday, October 20, 2014

 မန္တလေးတိုင်းဒေသကြီး ရှိ  ငါးလုပ်ငန်းဆက်စပ်လုပ်ငန်း များမှ ယခုနှစ်အတွင်း အခွန်ငွေ ကျပ်သိန်းလေးထောင်ကျော်ကောက်ယူရရှိပြီးဖြစ်ကြောင်း သတင်းရရှိ သည်။

ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာရေးကာလအတွင်းက မန္တ လေးတိုင်းဒေသကြီးရှိ ငါးလုပ်ငန်းများမှ အခွန်ငွေကျပ်  သိန်း သုံးထောင်ကျော်ရရှိခဲ့ပြီး ၂၀၁၄- ၁၅ ဘဏ္ဍာရေးကာလ၏ ယခုအ ချိန်တွင် ကျပ်သိန်း လေးထောင် ကျော်ရရှိထားသည်။ ယင်းတို့အ နက် အင်းခွန်နှင့် ပတ်သက်ပြီး ကောက်ခံရရှိသည့်အခွန်   အများဆုံးပါဝင်နေကြောင်း ယင်းဌာနမှ ဒုဦးစီးမှူး ဦးညီညီလင်းထွဋ်က ပြောသည်။ ‘‘တချို့အင်းခွန်တွေကျတော့ လေလံပစ်တာတို့၊ တစ်နှစ် ချင်းငွေပမာဏမြင့်သွားတာတွေ ကြောင့် အခုလိုပိုများသွားတာ’’ ဟုဆိုသည်။

ငါးလုပ်ငန်းဆိုင်ရာ အခွန်အ ခများဖြစ်သည့် အင်းခွန်များ၊ ငါးဖမ်းခြင်းနှင့် သက်ဆိုင်သည့် အခွန်များ၊ ရေထွက်ပစ္စည်းများ ရောင်းချမှုနှင့် သက်ဆိုင်သည့် အခွန်များထဲမှ မန္တလေးတိုင်းအ တွက် အများဆုံးရရှိသည့် အင်း ခွန်များအား နှစ်စဉ်ဘဏ္ဍာရေး ကာလအစပိုင်းဖြစ်သည့် ဧပြီလ ၀န်းကျင်တွင် ပေးဆောင်ကြရ လေ့ရှိသောကြောင့်  ယခု ကောက်ယူရရှိထားသည့် အခွန် များသည် တစ်နှစ်လုံးစာရရှိသည့် အခွန်များဖြစ်သည်ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း  ဒေသကြီး အတွင်း ငါးမွေးမြူရေးလုပ်ကိုင် သော အင်းပေါင်း ၂၇၂ အင်းရှိနေ ပြီး   ကောက်ခံရရှိထားပြီးသော အခွန်ငွေများအားလုံးကို  တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ  လွှဲ ပြောင်းပေးထားပြီဖြစ်ကြောင်း ယင်းဌာနမှပင်သတင်းရရှိသည်။

မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ ကောက်ခံမှုကို  အဓိကလုပ် ဆောင်နေပြီး ငါးသယံဇာတ များလျော့ကျမသွားစေရေး အတွက် မြစ်ချောင်းအင်းအိုင် များအတွင်းသို့ ငါးမျိုးစိတ်များ ထည့်သွင်းခြင်း လုပ်ဆောင်နေ ပြီး  ငါးသယံဇာတ ထိန်းသိမ်းနိုင် ရေးအတွက်လည်း  ဂျပန်နိုင်ငံမှ JICA အဖွဲ့အစည်း၊ ကိုရီးယား နိုင်ငံမှ  KOICA အဖွဲ့အစည်း၊ သြစတြေးလျနိုင်ငံသား ပညာရှင်များ ပါဝင်သည့် MyFish အဖွဲ့အစည်း များနှင့် ပူးပေါင်းလုပ်ဆောင်နေ ကြောင်း   ဦးညီညီလင်းထွဋ်က ပြောသည်။

7Day DAILY 

ဧရာဝတီတိုင်းအတွင်းရှိ အင်းတစ်ခုကိုတွေ့ရစဉ်-ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
ဧရာဝတီတိုင်းအတွင်းရှိ အင်းတစ်ခုကိုတွေ့ရစဉ်-ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
မန္တလေးတိုင်းဒေသကြီး ရှိ  ငါးလုပ်ငန်းဆက်စပ်လုပ်ငန်း များမှ ယခုနှစ်အတွင်း အခွန်ငွေ ကျပ်သိန်းေ လးထောင်ကျော်ကောက်ယူရရှိပြီးဖြစ်ကြောင်း သတင်းရရှိ သည်။

နတ်မြစ်အတွင်း လုံခြုံရေးနှင့် ကယ်ဆယ်ရေးယာဉ်များချ

ရခိုင်ပြည်နယ် ပင်လယ် ပြင်နယ်နိမိတ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်နတ်မြစ်အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်ရန် ကင်းလှည့်အမြန်ရေယာဉ်နှင့် အရေး ပေါ်ရှာဖွေရေး ကယ်ဆယ်ရေးရေယာဉ်များကို အောက်တိုဘာ ၁၉ ရက်တွင် စတင်ရေချခဲ့ကြောင်း သတင်းရရှိသည်။

အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၆ မှသာ ဖြစ်လာနိုင်ဟု MPC ပြော

အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ၂၀၁၆ မှသာ ဖြစ်လာနိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)နှင့် လွှတ်တော်ကိုယ်စား လှယ်များ တွေ့ဆုံပွဲအတွင်း MPC ဘက်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာ လအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ၀င်ရောက်မှုမြင့်တက်လာ

Photo: ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာ လအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ၀င်ရောက်မှုမြင့်တက်လာ
Monday, October 20, 2014

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့ မှော်ဇာကျေးရွာအုပ်စုတွင်းရှိ ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အဆမတန် များပြားခဲ့ကြောင်း သိရသည်။

သြဂုတ်လပိုင်းမှစ၍ များပြားလာခဲ့ခြင်းဖြစ်ပြီး ယခုလပိုင်းတွင်း သီတင်းကျွတ်ကာလတွင်း အ၀င်များပြားခဲ့ခြင်းဖြစ်ကြောင်း ဘူတန်နိုင်ငံ၊ အာဖရိကန်နိုင်ငံများမှပါ ထူးထူးခြားခြား လာရောက်ခဲ့ကြောင်း အများဆုံး အမေရိကန်၊ ဂျာမန်၊ နယူးဇီလန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ နီပေါ၊ ယိုးဒယားနိုင်ငံတို့မှလည်း လာရောက်လေ့ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး (ပြည်ဌာနစု) လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။

“ပြည်တွင်းအ၀င်ကတော့ သီတင်းကျွတ်ကာလမှာကို ပိုများတာတွေ့ရတယ်။ ပြည်ပလည်း အခုလလယ်မှာ ကိုအရင်လတွေထက်များတယ်။ ပိတ်ရက်တွေဖြစ်ပေမယ့် ခရီးသွားကားကြီးတွေနဲ့ ရောက်လာတဲ့အခါမှာ နိုင်ငံတကာက လာရတယ်ဆိုတဲ့ အသိနဲ့ ဖွင့်ပေးလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ပြည်က ပြတိုက်ရောက်မှ ပိတ်ရက်တိုးလို့ မလေ့လာလိုက်ရဘူးဆိုရင် စိတ်ကောင်းမှာမဟုတ်ဘူး။ ဒီမနက်ကို ကားလေးစီးလောက်လာတယ်။ နိုင်ငံခြားသား ၅၀ လောက်ဆိုတော့ လိုက်ရှင်းပြရတာ မနိုင်တော့ဘူး။ ၀န်ထမ်းအင်အား နည်းပါးတာကြောင့် မဖြစ်သင့်တာမဖြစ်ရအောင် ဂရုစိုက်ရတဲ့နေရာမှာ အခက်ခဲလေးတွေတော့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်တွင်း ပြည်ပ ၄၅၆၄ ဦး၊ ပြည်တွင်း ၁၀၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး သြဂုတ်လတွင် ၁၉၃ ဦး စက်တင်ဘာလတွင် ၃၇၀ အောက်တိုဘာ ၁၇ ရက်အထိ ပြည်ပ ၄၀၄ ဦး၊ ပြည်တွင်း ၃၆၁၉ ဦး ၀င်ရောက်ခဲ့ကာ ၁၉၉၅-၁၉၉၆ တစ်နှစ်လုံးတွင် ပြည်ပ ၃၄ ဦးနှင့် ပြည်တွင်း ၁၇၁၅ ဦးသာ ၀င်ရောက်ခဲ့သည့် အခြေနေသာရှိကြောင်း သိရသည်။ 

Eleven Media Group 

သရေခေတ္တရာ ရှေးဟောင်းဇုန်နှင့် ပြတိုက်သို့ လာရောက်လေ့လာနေသူများအား တွေ့ရစဉ်
သရေခေတ္တရာ ရှေးဟောင်းဇုန်နှင့် ပြတိုက်သို့ လာရောက်လေ့လာနေသူများအား တွေ့ရစဉ်
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့ မှော်ဇာကျေးရွာအုပ်စုတွင်းရှိ ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အဆ မတန် များပြား ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၌ တစ်ရက်အတွင်း ဘတ္ထရီဝါယာရှော့မှတစ်ဆင့် ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား

Photo: ရန်ကုန်မြို့၌ တစ်ရက်အတွင်း ဘတ္ထရီဝါယာရှော့မှတစ်ဆင့် ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား
Monday, October 20, 2014

ရန်ကုန်မြို့၌ အောက်တိုဘာ ၁၈ ရက်တွင် ဘတ္ထရီဝါယာရှော့မှတစ်ဆင့် ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားမီးမှုဖြစ်စဉ်များမှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းတွင် အမှတ် (၁) သစ်စက်ရှေ့တွင် ဒီဇယ်များတင်ဆောင်လာသော ဆူဇူကီးအမျိုးအစားယာဉ်သည် ကားအင်ဂျင်ခန်းရှိ ဘတ္ထရီဝါယာရှော့မှတစ်ဆင့် မီးလောင်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ကားမီးလောင်မှုကြောင့် ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဒီဇယ်ပုံးများ မီးလောင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတမ်းရှောင်ခဲ့သည့်အတွက် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ (ပ)၇၁၉/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၈ ရက် ည ၇ နာရီခန့်အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ စဥ့်အိုးတန်းလမ်း၊ ဆိပ်ကမ်းဝင်ထွက်ပေါက် ကွန်ကရစ်လမ်းပေါ်တွင် Porte အမျိုးအစားယာဉ်သည် ဘတ္ထရီဝါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ မီးလောင်မှုနှင့်ပတ်သတ်၍ ဆိပ်ကမ်းမြို့မ ရဲစခန်းမှ (ပ)၃၅၁/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ရာသီဥတုက ပူလာတဲ့အတွက် ကားမီးလောင်မှု ဖြစ်စဉ်တွေကို သတိထားသင့်ပါတယ်။ ကားတွေမှာလည်း မီးသတ်ဆေးဘူးတွေ အရန်သင့်ဆောင်ထားဖို့တော့ လိုနေပါပြီ။ ကားမီးလောင်မှုတွေဖြစ်ရင် ကားတစ်စီးလုံး ဆုံးရှုံးရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကလည်း များပါတယ်။ အိမ်စီးကားပဲဖြစ်ဖြစ် ခရီသည်ကားပဲဖြစ်ဖြစ် မီးသတ်ဆေးဘူး ဆောင်ထားကြတာ အကောင်းဆုံးပါ” ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ ဒုတိယညွန်ကြားရေမှူးဖြစ်သူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကားမီးလောင်မှုဖြစ်စဉ် နှစ်ခုလုံးတွင် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု မရှိကြသော်လည်း ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Eleven Media Group 

ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၁)သစ် စက်ရှေ့တွင် ဒီဇယ်များတင်ဆောင်လာသော ဆူဇူကီးအမျိုးအစားယာဉ် မီးလောင် ကျွမ်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၁)သစ် စက်ရှေ့တွင် ဒီဇယ်များ တင်ဆောင် လာသော ဆူဇူကီးအမျိုးအစားယာဉ် မီးလောင် ကျွမ်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
ရန်ကုန်မြို့၌ အောက်တိုဘာ ၁၈ ရက်တွင် ဘတ္ထရီဝါယာရှော့မှတစ်ဆင့် ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေနှင့် မော်တင်စွန်းသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ် စတင်ပျံသန်း

Photo: မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေနှင့် မော်တင်စွန်းသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ် စတင်ပျံသန်း
Monday, October 20, 2014

မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေများနှင့် ပုသိမ်မော်တင်စွန်းဘုရားသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ်အား အောက်တိုဘာ ၂၄ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခြေပြု၍ Beech Craft လေယာဉ်နှင့် Grand Caravan လေယာဉ်အမျိုးအစားများဖြင့် ပုသိမ်မြို့သို့ ပုံမှန်ခရီးစဉ်နှင့် ရှုခင်းကြည့်ခရီးစဉ်အား ပျံသန်းခြင်းဖြစ်သည်။

“ချောင်းသာနဲ့ငွေဆောင် ပင်လယ်ကမ်းခြေတစ်လျှောက်နဲ့ မော်တင်စွန်းဘုရား ရှုခင်းတွေကို ဝေဟင်ကနေ ကြည့်ရှုနိုင်မှာပါ။ အပတ်စဉ် သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပုံမှန်ပျံသန်းသွားမှာပါ” ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ရှုခင်းကြည့်ခရီးစဉ်အတွက် ဈေးနှုန်းများမှာ ရန်ကုန်မှ ပုသိမ်မြို့သို့ ကျပ်သုံးသောင်းနှင့် ပုသိမ်မြို့မှ ကမ်းခြေရှုခင်းကြည့် ခရီးစဉ်အတွက် ကျပ်သုံးသောင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့မှ စတင်မည့် ခရီးစဉ်အသွားအပြန် တစ်ကြောင်းစာအတွက် ကျပ်ခြောက်သောင်းကျသင့်မည်ဖြစ်ပြီး၊ ပုသိမ်မြို့မှစတင်မည့် ရှုခင်းကြည့်ခရီးစဉ် သီးသန့်အတွက် ကျပ်သုံးသောင်း ကျသင့်မည်ဖြစ်သည်။

အဆိုပါ ရှုခင်းကြည့်ခရီးစဉ်များတွင် အမြင့်ပေ ၁၅ဝဝ ခန့်မှ ပျံသန်းပြသမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြင် ကျိုက်ထီးရိုးနှင့် ဘားအံမြို့ရှုခင်းကြည့် ခရီးစဉ်ကိုလည်း စီစဉ်ထားကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းသည် ခရီးသည်နှင့် ကုန်ပစ္စည်းတင် လေယာဉ်ငယ်အဖြစ် အသုံးပြုနိုင်မည့် ဘက်စုံသုံးလေယာဉ်ငယ်များဖြစ်သည့် Beech Craft နှင့် Grand Caravan အမျိုးအစားလေယာဉ် စုစုပေါင်းလေးစင်းကို ၂ဝ၁၂ အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်များအား စင်းလုံးငှားခရီးစဉ်များအတွက်လည်း ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်ကာ ခရီးသည် ၁၅ ယောက်ဆံ့ Beech Craft လေယာဉ်အား တစ်နာရီလျှင် ဒေါ်လာ ၁၉ဝဝ ဖြင့်လည်းကောင်း၊ Grand Caravan လေယာဉ်အား တစ်နာရီလျှင် ကျပ်ခုနစ်သိန်းခွဲဖြင့်လည်းကောင်း ငှားရမ်းနိုင်မည်ဟု သိရသည်။

Eleven Media Group 

ချောင်းသာကမ်းခြေအား ဝေဟင်မှ တွေ့မြင်ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
ချောင်းသာကမ်းခြေအား ဝေဟင်မှ တွေ့မြင်ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေများနှင့် ပုသိမ်မော်တင်စွန်းဘုရားသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ်အား အောက်တိုဘာ ၂၄ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

PR စနစ်အား ကျင့်သုံးမည်ကို အလိုမရှိကြောင်း လှိုင်သာယာမြို့နယ်မှ ပြည်သူ ၃၀၀ ကျော် လမ်းလျှောက်ဆန္ဒထုတ်ဖော်

Photo: PR စနစ်အား ကျင့်သုံးမည်ကို အလိုမရှိကြောင်း လှိုင်သာယာမြို့နယ်မှ ပြည်သူ ၃၀၀ ကျော် လမ်းလျှောက်ဆန္ဒထုတ်ဖော်
Monday, October 20, 2014

လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် PR (အချိုးကျကိုယ်စားပြု) စနစ်ကိုကျင့်သုံးရန် လက်မခံကြောင်း လှိုင်သာယာမြို့နယ်ရှိ ပြည်သူ ၃ဝဝ ကျော်မှ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ် (၂ဝ) ရပ်ကွက်အနီးရှိ (၈၆) ဂိတ်ဟောင်းမှ ဆရာစံလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ညောင်တုန်းလမ်းမကြီးမှတစ်ဆင့် အောင်မြေသာယာ ဘောလုံးကွင်းအထိ ဗီနိုင်းများကိုင်ဆောင်ကာ စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြရာတွင် “တရားမျှတမှု ရရှိရေး၊ အာဏာရှင်အဟောင်းအသစ် အလိုမရှိ၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ PR စနစ် အလိုမရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်သောဒီမိုကရေစီနည်းကျ ရေးဆွဲပြဋ္ဌာန်းပေးရေး” စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးက “ပြည်သူတွေမလိုလားတဲ့ စနစ်ဆိုရင် အစိုးရအနေနဲ့ ဖျက်သိမ်းပေးရမှာပါ။ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း ပြိုကွဲသွားနိုင်တယ်။ ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ကန့်ကွက်တယ်” ဟု ဆန္ဒပြနေစဉ်အတွင်း ပြောကြားခဲ့သည်။

လာမည့် အောက်တိုဘာ ၂၆ ရက်တွင်လည်း PR စနစ်ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုတစ်ရပ်ကို ရွှေပြည်သာမြို့နယ်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးက ကန့်ကွက်ခဲ့သော်လည်း အများစုက ထောက်ခံခဲ့၍ အချိုးကျကိုယ်စားပြုစနစ် (PR) ကို လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး တိုင်းရင်းသားလွှတ်တော် ကိုယ်စာလှယ်များကလည်း လွှတ်တော်မတက်ဘဲ ပြည်သူ့လွှတ်တော်တွင် ပထမဦးဆုံး ကန့်ကွက်ဆန္ဒပြခဲ့သည်။ ထို့ပြင် မြို့တော်ခန်းမရှေ့နှင့် ပုဇွန်တောင်မြို့နယ်တို့တွင်လည်း PR စနစ်အား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။

PR စနစ်တွင် ပါတီကိုသာ မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရမည် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အား နေရာအများစုပေးထားသော စနစ်နှင့် ကိုယ်စားလှယ်လောင်းများအနက် နှစ်သက်ရာဦးစားပေး ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရသောစနစ် စသည့်လေးမျိုးရှိသည်ဟု သိရသည်။

Eleven Media Group 

PR စနစ်ကို သဘောမတူသည့် ပြည်သူများက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြ သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
PR စနစ်ကို သဘောမတူသည့် ပြည်သူများက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြ သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် PR (အချိုးကျကိုယ်စားပြု) စနစ်ကိုကျင့်သုံးရန် လက်မ ခံကြောင်း လှိုင်သာယာမြို့နယ်ရှိ ပြည်သူ ၃ဝဝ ကျော်မှ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြို့နယ် အတွင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဆင်မကြီးမိုမိုမွေးနေ့ တိရစ္ဆာန်ရုံ လူဝင်များပြီး ၀န်ဆောင်မှုမနိုင်

Photo: ဆင်မကြီးမိုမိုမွေးနေ့ တိရစ္ဆာန်ရုံ လူဝင်များပြီး ၀န်ဆောင်မှုမနိုင်
Monday, October 20, 2014

ဆင်မကြီးမိုမို၏ အသက်(၆၁)နှစ်ပြည့်    မွေးနေ့တွင် တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်ကြည့်ရှုသူ ပြည်သူတစ်ထောင်ကျော်ရှိခဲ့သော်လည်း ဥယျာဉ်အတွင်း အများပြည်သူဝန်ဆောင်မှုမှာအလွန်အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အောက်တိုဘာ ၁၉ ရက် တွင် ကျင်းပခဲ့သော ဆင်မကြီးမိုမို သည် ဥယျာဉ်အတွင်းသို့ အသက် (၇)နှစ်အရွယ်ကတည်းက ရောက်ရှိနေ ခြင်းဖြစ်ပြီး  ၁၉၆၁  ခုနှစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မှ ဦးခွန်စန္ဒကမှ ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယခင်မြန်မာအသံမှ တနင်္ဂ နွေနေ့များတွင် ထုတ်လွှင့်နေကျ မိသားစုတနင်္ဂနွေသီချင်းကြောင့် ဆင်မိုမိုကို လူသိများခဲ့သည်။

‘‘မနက်က လူတစ်ထောင် လောက်ရှိတယ်။ မိုမိုမွေးနေ့အတွက်က ခုံ ၃၀၀ ကျော်လောက်ပဲ ခင်းထားတာ။ ဒါကြောင့်မို့ အပန်းဖြေသူတွေ အဆင်မပြေဖြစ်သွားတာပါ။ မနှစ်က အဲဒီလောက် မလာဘူးလေ။ မထင်မှတ်ဘဲ လူပိုများသွားတာ’’ဟု တိရစ္ဆာန်ရုံမန်နေဂျာ ဦးရဲလင်းစိုးက ပြောသည်။

  တိရစ္ဆာန်များထားရှိရာ လှောင်အိမ်များ၊ ခြံများ၊ ကန်များ မသန့်ရှင်းမှုမှာ မထူးခြားတော့ သော်လည်း ဧည့်သည်များအ တွက် ယခုကဲ့သို့နေ့မျိုးတွင် သေ ချာစွာပြင်ဆင်ထားသင့်ကြောင်း ထိုနေ့တွင် သွားရောက်ခဲ့သူများကပြောကြားသည်။

   မိုးရာသီ မကုန်သေး၍ ပြင်ဆင်မှုများ မပြုလုပ်ရသေးခြင်းဖြစ်ပြီး ပွင့်လင်းရာသီရောက်ပါက တိရစ္ဆာန်များထားရှိသော လှောင်အိမ်နေရာများကို သပ်ရပ်သန့်ရှင်းမှုရှိရန် ရေဆေးခြင်း၊ ဆေးပြန်သုတ်ခြင်းစသည့်အစီအစဉ်များရှိကြောင်း ၎င်းကရှင်းပြသည်။

ပွဲတော်ရက်များနှင့် စနေ၊ တနင်္ဂနွေအားလပ်ရက်များတွင် အပန်းဖြေသူများ စွန့်ပစ်သွား သော အမှိုက်များ များပြားလေ့ရှိကြောင်း အမှိုက်ပုံများလည်း နေ ရာတော်တော်များများတွင် ချပေး ထားကြောင်း၎င်းကဟု ဆိုသည်။

လူအများ စိတ်ဝင်စားသော မြင်းကျား၊ သစ်ကုလားအုပ်များ နှင့် အခြားတိရစ္ဆာန်များကိုလည်း တိုးချဲု့ပြသရန် စီမံချက်ဆွဲ၍ ပြု လုပ်နေကြောင်း တိရစ္ဆာန်ရုံ၏ အကြံပေး ရာထူးယူထားသော ဒေါက်တာမြင့်သိန်းက ပြောသည်။

ဥယျာဉ်ဝင်းအတွင်း နာရီ ၀က်ခန့်စီးရပြီး ကျပ် ၅၀၀၀ တန် ဥယျာဉ်ပတ်ကားမှာ ခြောက်စီးသာရှိ၍ တိရစ္ဆာန်ဥယျာဉ်ဝင်း အတွင်း ခြေကျင်လျှောက်လျှင် ၁ နာရီခန့်ကြာမြင့်မည် ဖြစ်သည်။ ၀င်ကြေးမှာ လူကြီး ၁၀၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ် ဖြစ်သည်။

အသီးအနှံများဖြင့် လုပ်ထား သော မွေးနေ့ကိတ်ပုံစံပေါ်တွင် ဖယောင်းတိုင် ၆၁ တိုင်ကို အသက်(၆၁)နှစ်ရှိ ဆင်မကြီး မိုမိုနှင့် အခြားဆင်အဖော်များက မီးမှုတ်ပြီး ကျင်းပခဲ့သည်။ ဥယျာဉ်အတွင်း အသက်(၇)နှစ်အရွယ်ကတည်းကရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၅၃ နှစ်ကျော်ကြာ   ကျန်းမာစွာဖြင့် တိရစ္ဆာန်ရုံသို့ ရောက်ရှိသူတိုင်းကို  အသက်ကြီးလာသည့်တိုင်အောင်ဖျော်ဖြေရင်း၊ လူထုမေတ္တာကို ခံယူနေဆဲဖြစ်ကြောင်း  ဆင်ထိန်းကြီး ဦးမောင်မောင်ကပြော သည်။

‘‘အရင်တုန်းက ဖျော်ဖြေရေး တွေမှာ ကင်းမြီးကောက်ထောင် နိုင်တယ်။ ခုတော့ အသက်ကြီးလို့ မခိုင်းတာ ဆယ်နှစ်ရှိပြီ’’ဟု ၎င်း က ရှင်းပြသည်။

မိုမိုသည် ယခုအခါ အရပ် အမြင့် ၇ ပေ ၈ လက်မရှိပြီး လုံး ပတ် ၁၇၄ လက်မ၊ အစွယ်မှ ဟိုင်းဆင်ဖြစ်ပြီး၊ ကျောကပြာသာဒ်၊ မျက်လုံးဘုတ်၊ နားရွက်က နားကြီး၊ ခြေသည်းရှေ့ ၄၊ နောက် ၄၊ အသားအရေသြဇာ ကွက်ရှိပြီး အမူအကျင့်ကောင်းမွန်သည်။

မိုမို၏မွေးနေ့သို့ လာကြည့်သူများထဲမှ တိရစ္ဆာန်များနှင့်ပတ် သက်သော ဗဟုသုတမေးခွန်းများ ကို ဖြေဆိုနိုင်သူ ကလေး၊ လူကြီးများကို တိရစ္ဆာန်များအား ကျွေးရန် အသီးအနှံခြင်း တောင်းများပြန်လည်  လက်ဆောင်ပေးခဲ့သည်။

  ဆင်မကြီးမိုမိုမွေးနေ့နှင့် တနင်္ဂနွေ အားလပ်ရက်ဖြစ်၍ မိသားစုများ လာရောက်အပန်း ဖြေကြပြီး မွေးနေ့တွင် မျက်လှည့် ပွဲ၊  Unplug Show နှင့် တိရစ္ဆာန် ကပွဲများ ပါဝင်ခဲ့ပြီး တိရစ္ဆာန်ရုံ ကိုလာသည့် ဧည့်သည်များ ယခင်နေ့များထက် သုံးဆများခဲ့ကြောင်း တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးပိုင်းထံမှ သိရသည်။

‘‘သစ်တောမှာဆို သစ်လုံးဆွဲ နေရမှာလေ။ ခုတိရစ္ဆာန်ရုံမှာ ချမ်းချမ်းသာသာနေရတယ်’’ ဆင်မိုမိုအလှူရှင်၏ မြေးမတစ်ဦးဖြစ် သူ ဒေါ်တင်တင်နွယ်က မွေးနေ့လက်ဆောင် လာပေးရင်းပြောသည်။

တိရစ္ဆာန်ရုံတွင် မိုမိုနှင့် စား ဖော်စားဖက်၊ လမ်းလျှောက်ဖက်၊ ပြပွဲများတွင် ကပြဖက်များဖြစ် သော မိုမိုအပါအ၀င် စုစုပေါင်း ဆင်ကိုးကောင်ရှိကြောင်း ဆင် ထိန်းများထံမှ သိရသည်။

7Day DAILY 

ဆင်မကြီးမိုမို (၆၁)နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဆင်မကြီးမိုမို (၆၁)နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဆင်မကြီးမိုမို၏ အသက်(၆၁)နှစ်ပြည့် မွေးနေ့တွင် တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်ကြည့်ရှုသူ ပြည်သူ တစ်ထောင်ကျော် ရှိခဲ့သော်လည်း ဥယျာဉ်အတွင်း အများပြည်သူဝန်ဆောင်မှုမှာအလွန် အားနည်းနေေ ကြာင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။