Monday, 20 October 2014

အမ်ပီတီမှ ၎င်းတို့၏ ဝန်ဆောင်ခနှုန်းထားများ ဖြေလျှော့ရန်စီစဉ်နေဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၎င်းတို့၏ မိုဘိုင်းဆက် သွယ်ရေးဆိုင်ရာဝန်ဆောင်မှုနှုန်းထားများကို အသုံးပြု သူများ အဆင်ပြေစေမည့်ပုံစံမျိုးဖြင့် ဖြေလျှော့သွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နိုင်ငံသားစိစစ်ခြင်းကို ရခိုင်သာမကဘဲ တစ်နိုင်ငံလုံး ဆောင်ရွက်ရန် ရခိုင်အမျိုးသားအင်အားစုများ တောင်းဆို

၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် သာမကတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်ပေးရန် ရခိုင်အမျိုး သားအင်အားစုများက တောင်းဆို လိုက်သည်။

ဖားကန့် ဒေသခံသုံးဦး မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာရ

ဖားကန့်မြို့နယ် ကံစီ ကျေးရွာမှ ဒေသခံသုံးဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ရာဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးအချို့ အပြောင်းအလဲ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်

လက်ရှိ အစိုးရသက် တမ်း သုံးနှစ်ကျော်လာပြီဖြစ်သော် လည်း ပြည်ထောင်စုဝန်ကြီးအချို့ မကြာမီ အပြောင်း အ လဲပြု လုပ်ရန်ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

မကွေးဆေးကျောင်းသားများ မကြာခဏ တိုက်ခိုက်ခံနေရ၍ လုံခြုံရေးပေးရန် အာဏာပိုင်များထံတောင်းဆို

မကွေးဆေးတက္ကသိုလ် ကျောင်းသားများအား အုပ်စုဖွဲ့ တိုက်ခိုက်မှု မကြာ ခဏဖြစ်ပေါ် နေခြင်းကြောင့် ကျောင်းသားများ ၏ လုံခြုံရေးကို အာမခံချက် အပြည့်အဝပေးရန် ဆေးတက္က သိုလ်ကျောင်းသားများက တက္က သိုလ်နှင့် အစိုးရအာဏာပိုင်များ ထံ တောင်းဆိုလိုက်သည်။

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖြစ် ဖော်ဆောင်ရန် ဆန္ဒပြတောင်းဆို

Photo: ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖြစ် ဖော်ဆောင်ရန် ဆန္ဒပြတောင်းဆို
Monday, October 20, 2014

တပ်မတော် အရာရှိဟောင်းနှင့် အငြိမ်းစား အင်အား ၃၀ ခန့်က ဖက်ဒရယ် စနစ်ဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စု တပ်မတော် တစ်ရပ် ပုံဖော်ပေး ရန် အောက်တိုဘာလ ၁၉ ရက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မဇ္ဈိမကို ပြောသည်။

၎င်းက "ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားတဲ့ မူဝါဒအတိုင်း တိုင်းရင်းသားအားလုံး ကိုယ်စားပြုတဲ့ တပ်မတော်၊ ပြည်သူလေးစားရတဲ့ တပ်မတော်တစ်ခုအဖြစ် ဖော်ဆောင်ပေးဖို့ တောင်းဆိုတာပါ" ဟု ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလိုလားသည့် တပ်မတော်တစ်ရပ် ထူထောင်ပေးရန် ဗီနိုင်းများကိုင်ဆောင်ကာ ဆန္ဒပြကြခြင်း ဖြစ်သည်။ "ကျွန်တော်တို့ တောင်းဆိုတဲ့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဖက်ဒရယ်စနစ်နဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စု တပ်မတော်ကို ဆိုလိုတာဖြစ်တယ်။ တိုင်းရင်းသားတွေ အချိုးကျပါဝင်တဲ့ တပ်မတော်ဖြစ်မှသာ ပြည်ထောင်စု တပ်မတော်ဖြစ်မှာ ဖြစ်တယ်" ဟု ဦးနေမျိုးဇင်က ပြောသည်။

တိုင်းရင်းသားများ လက်ခံထားသည့် ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတို့ကို ဆိုလိုခြင်းဖြစ်ပြီး တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ စစ်မှန်သော၊ တန်းတူညီတူရှိသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော
ဖက်ဒရယ်တပ်မတော် ဖြစ်သည်။

မြန်မာ့လူမှုဘဝဖွံဖြိုးတိုးတက်ရေး အသင်းအဖွဲ့က နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ ထောင်ကျခံနေရသည့် တပ်မတော်သားများကို ပြန်လွှတ်ပေးရန်၊ ပရော်ဖက်ရှင်နယ်ကျသော တပ်မတော်အဖြစ် ထူထောင်ပေးရန်၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရာတွင် တပ်မတော်က တာဝန်သိသိဖြင့် ပါဝင်ရန်၊ ပြည်သူများလေးစားသည့် တပ်မတော်အဖြစ် အကောင်အထည်ဖော်ပေးရန်တို့ကို အောက်တိုဘာ ၁၉ ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် အသွင်ပြောင်းရေးတွင် အမေရိကန်၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်ကအောက်တိုဘာလ တတိယပတ်အတွင်းက သတင်းသမားအချို့နှင့် သီးသန့်တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။

"ကျွန်တော်တို့က စံမီတဲ့ ပရော်ဖက်ရှင်နယ် မြန်မာ့တပ်မတော်ဖြစ်ဖို့ ပြောပါတယ်။ အဲဒီမှာ လူ့အခွင့် အရေးဆိုင်ရာ ဥပဒေတွေ၊
အရပ်သားတွေကို ထိန်းချုပ်မှုဆိုင်ရာတွေ၊ မှန်ကန်တဲ့ အမိန့်နဲ့ စည်းကမ်းကိစ္စတွေ၊ ပွင့်လင်းမြင်သာမှု၊ တပ်ရဲ့လုပ်နိုင်စွမ်းဆိုင်ရာတွေကို ပြောဆိုဆွေးနွေးတာတွေ ရှိပါတယ်။ "တခြားဘာမှ ဖုံးကွယ်ထားစရာလည်း မရှိပါဘူး။ မြန်မာ့တပ်မတော်ကို နည်းပညာနဲ့ လက်နက်တွေ ထောက်ပံ့တာ မရှိပါဘူး" ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့တပ်မတော်ကို စတင်ထူထောင်ခဲ့သည့် ဗိုလ်ချုပ်၏ ရည်ရွယ်ချက်များ၊ တပ်မတော်၏ သမိုင်းကြောင်းများကို မော်တော်ယာဉ်ပေါ်တွင် ပြဇာတ်အသွင်ဖြင့် နိုဝင်ဘာလတွင် လှည့်လည်ပြသကာ စည်းရုံးလှုံ့ဆော်သွားမည် ဖြစ်သည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၇)တွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ဖော်ပြပါရှိသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့တော်၊ ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖော်ဆောင်ပေးရေး ဆန္ဒ ပြနေသည့် မြန်မာ့လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး အသင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - နေမျိုးဇင်)
ရန်ကုန်မြို့တော်၊ ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖော်ဆောင်ပေးရေး ဆန္ဒ ပြနေသည့် မြန်မာ့လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး အသင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - နေမျိုးဇင်) 
တပ်မတော် အရာရှိဟောင်းနှင့် အငြိမ်းစား အင်အား ၃၀ ခန့်က ဖက်ဒရယ် စနစ်ဖြင့် တည်ဆောက် ထားသည့် ပြည်ထောင်စု တပ်မတော် တစ်ရပ် ပုံဖော်ပေး ရန် အောက်တိုဘာလ ၁၉ ရက်က ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မဇ္ဈိမကို ပြောသည်။

Sunday, 19 October 2014

ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးအုတ်မြစ်ပဲ ချနိုင်တော့မည်ဟုဆို

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးအုတ်မြစ်ပဲ ချနိုင်တော့မယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ကောက်ချက်ချ ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ အောက်တိုဘာ ၁၈၊ ၁၉ နှစ်ရက် ကျင်းပပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လွှတ်တော်အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အမ်ပီစီက ခုလို ကောက်ချက်ချခဲ့တာလို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ မကွေးတိုင်း၊ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

ကျပ်သိန်း ၁၆,၀၀၀ မပေးဘဲ တိမ်းရှောင်နေသော ပဲလုပ်ငန်းရှင် ၂၀ ရာခိုင်နှုန်း ပြန်ပေးမည်ဟု ကတိပြု

မန္တလေးမြို့ ပဲလောက အတွင်း ကျပ်သိန်းပေါင်း တစ် သောင်းခြောက်ထောင်ကျော် မပေးချေဘဲ တိမ်းရှောင်နေသည့် ကုန်သည်က ၂၀ ရာခိုင်နှုန်း ပြန် လည်ပေးဆပ်မည်ဟု သဘောတူ ညီမှုရထားကြောင်း မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာ ကထိန်တော်အသင်း(မန္တလေး ကုန်စည်ဒိုင်)မှ တာဝန်ရှိသူများက ပြောသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လကုန် ပိုင်းကတည်းက တိမ်းရှောင်နေခဲ့သည့် ကုန်သည်သည် အသင်းတိုက် တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ပြီးနောက် ကုန်သည် ၄၄ ဦးအား ၎င်းပေးချေရမည့် ငွေပမာဏ၏ ၂၀ ရာခိုင်နှုန်းကို ပြန်လည်ပေး ချေမည်ဟု သဘောတူညီမှုယူ ထားကြောင်း မန္တလေးမြို့ ပွဲစား ကုန်သည်စက်ပိုင်များ မဟာက ထိန်တော်အသင်း(မန္တလေးကုန် စည်ဒိုင်) အတွင်းရေးမှူးဦးကျော် သွင်က ပြောသည်။ ‘‘နှစ်ဦး သဘောတူညှိနှိုင်းထားတဲ့ သဘောပါ။ ကျေနပ်တဲ့သူလည်း ရှိတယ်။ မကျေနပ်တဲ့သူလည်း တရား ဆက်စွဲကြမယ်ထင်တယ်’’ ဟု ၎င်းကပြောသည်။

ခိုတောင်းကျွန်းလူသတ်မှု ဗြိတိန်တိုက်ရိုက်ဝင်မပါဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြောလေသလား

ခိုတောင်းကျွန်းပေါ်၌ ဗြိတိန်နှစ်ဦး အသတ်ခံရသည့်ကိစ္စကို စုံစမ်းစစ်ဆေးရာတွင် ဗြိတိန်ရဲများ တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ပရာဝတ်ဝမ်ဆူဝန်က စနေနေ့တွင် ငြင်းပယ်ပြောဆိုလိုက် ကြောင်း သိရသည်။ 
ဗြိတိန်တာဝန်ရှိသူများ အနေဖြင့် ထိုင်းနိုင်ငံတွင် လေ့လာသူအဖြစ်သာ ရှိနေကြမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝတ်က ရှင်းလင်းပြောဆိုခဲ့ သည်။ ထိုင်းရဲများ ကိုင်တွယ်နေသည့်အမှုကို ဗြိတိန်နိုင်ငံမှ ယုံကြည်စိတ်ချမှုရှိသည်ကို ပြသရန် ရည်ရွယ်၍ ဗြိတိန်ရဲများ လာရောက်လည်ပတ်ခြင်းဖြစ်ပါကြောင်း ပရာဝတ်က ဆိုပြန်သည်။
အမှုအားစုံစမ်းစစ်နေမှုကိုလည်း ဗြိတိန်ထောက်လှမ်းရေးများအနေဖြင့် ကြားဝင်စွက်ဖက်ကြမည်မဟုတ်ကြောင်း ဒုတိယ၀န်ကြီးချုပ်ပရာဝတ်က ဆိုသည်။ ပရာဝတ်သည် ရဲတပ်ဖွဲ့အပါအ၀င် လုံခြုံရေးကိစ္စများကို တာဝန်ယူ ထားသူဖြစ်သည်။ 

မြန်မာတွင် အလုပ်သမားခဈေးပေါမှု တခုတည်းမကြည့်ရန် ဂျပန်ဝန်ကြီးချုပ်ကတော်ပြော

Photo: မြန်မာတွင် အလုပ်သမားခဈေးပေါမှု တခုတည်းမကြည့်ရန် ဂျပန်ဝန်ကြီးချုပ်ကတော်ပြော

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

ဂျပန်ဝန်ကြီးချုပ်ကတော်က ဂျပန်စီးပွာရေးသမားများအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အလုပ်သမားခ ဈေးပေါတာတခုတည်းကို မကြည့်ဘဲ ရေရှည် စီးပွားရေးဘက်အဖြစ် မျှော်မှန်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တို ဘာ ၁၈ ရက်နေ့က မြန်မာ ပွဲတော် ရဲ့  စီးပွားရေးဖို ရမ် ဆွေးနွေး ပွဲမှာ ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စ အခိအယ် အာဘေး က ပြောကြားခဲ့တာပါ။

ဂျပန်ဝန်ကြီးချုပ်ကတော် ဦးစီးကျင်းပတဲ့ ၂၀၁၄ မြန်မာပွဲတော်ကို ဂျပန်-မြန်မာ သံတမန် နှစ် ၆၀ အထိမ်းအမှတ်အဖြစ် ပူးတွဲကျင်းပခဲ့ပြီး ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
၂၀၁၄ မြန်မာပွဲတော်ကို အောက်တိုဘာ ၁၇ ၇က်နဲ့ ၁၈ ရက်နေ့တွေ ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်-မြန်မာနှစ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် အများအပြား ပြခန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။

အနုပညာရှင်တွေဖြစ်တဲ့ မေဆွိ၊ မေခလာနဲ့ ဇော်ပိုင်တို့ကလည်း တိုကျိုပွဲတော်မှာ တေးဂီတာတွေနဲ့ လာရောက်သီဆိုပေးခဲ့ပါတယ်။
ဒီဗွီဘီ

ဂျပန်ဝန်ကြီးချုပ်ကတော်က ဂျပန်စီးပွာရေးသမားများအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အလုပ်သမားခ ဈေးပေါတာတခုတည်းကို မကြည့်ဘဲ ရေရှည် စီးပွားရေးဘက်အဖြစ် မျှော်မှန်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တို ဘာ ၁၈ ရက်နေ့က မြန်မာ ပွဲတော် ရဲ့  စီးပွားရေးဖို ရမ် ဆွေးနွေး ပွဲမှာ ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စ အခိအယ် အာဘေး က ပြောကြားခဲ့တာပါ။

ဖြူး သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူဟု ဆိုသူကို ဖမ်းမိပြီ

ပဲခူးတိုင်းဒေသကြီး ဖြုးမြို့နယ် အိုးဘိုကုန်းကျေးရွာမှာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့တဲ့ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူဟု ဆိုသူကို ငါးနာရီအတွင်း ဖမ်းမိတယ်လို့ ဖြူးမြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မျိုးသိန်း(ခ)ငမျိုးကို အိုးဘိုကုန်းရွာ အပြင်ဘက် လယ်ကွင်းထဲမှာ ည ၁၀ နာရီခွဲလောက်မှာ ကိုင်းခုတ်ဓားနဲ့အတူ ဖမ်းမိတာ။ လောလောဆယ်တော့ ဖြူးဆေးရုံကြီးမှာ တင်ထားတယ်” လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်ခန့်က စိတ်ကျန်းမာရေး အားနည်းမှုကြောင့် ခွဲစိတ်ကုသမှု ခံယူထားရတဲ့ မျိုးသိန်းက တစ်ရွာတည်းနေ မိခင်နဲ့ ညီမအပါအဝင် သံဃာတော်တစ်ပါးကို ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ခဲ့တာ ဖြစ်တယ်လို့ အိုးဘိုကုန်းကျေးရွာ ဒေသခံတွေ ဆီကနေ သိရပါတယ်။

သင်္ခါရကို အလှခြယ်သူ

အအေးခန်းဟူသည့် ဆိုင်းဘုတ်အစိမ်းရောင်၏ အောက်တွင် အစိမ်းရောင် သံတံခါးနှစ်ချပ် ရှိသည်။ အစိမ်းရောင် သံတံခါးများပေါ်တွင်တော့ “တာဝန်မှအပ မဝင်ရ” ဟူသော စာတန်းနှင့် အလောင်းထုတ်ရန် နှစ်ဦးသာ ဝင်ခွင့်ပြုသည်ဆိုသည့် စာတန်းကို ရေးထိုးထားသည်။
ယင်းတံခါးနှစ်ချပ်၏ အနောက်ဘက် ကပ်လျက် အခန်းကျယ်၏ထိပ်တွင် ခုံတစ်လုံးနှင့်အတူ စည်ပင်ယူနီဖောင်းကို ဝတ်ထားသည့် အအေးခန်းကြီးကြပ်သူ တစ်ယောက် စာအုပ်တစ်အုပ်နှင့် အလုပ် ရှုပ်နေသည်။ သူနှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် နာမည်မျိုးစုံ ရေးထိုးထားသည့် သစ်သား အခေါင်းအချို့၊ မှန်ခေါင်းတလား အချို့ကို အပုံလိုက် ထပ်တင်ထားသည်။ ခေါင်းတလားများဘေးတွင် အလောင်းတင်သည့် ဆေးရုံသုံး တွန်းလှည်းသုံးခု ရှိနေသည်။ ဆေးရုံသုံး တွန်းလှည်းများ၏ ညာဘက်အခြမ်း တွင်တော့ “မ၀င်ရ” ဟူသည့် နောက်ထပ် ဆိုင်းဘုတ်တစ်ခုနှင့် ပိတ်ထားသော အခန်းငယ်တစ်ခု ရှိနေပြန်သည်။

ထပ်တိုးထီအက္ခရာများ ထီဆိုင်ကြီးအချို့ မရရှိဟုဆို

(၃၁၀) ကြိမ်မြောက် အောင်ဘာလေ သိန်းထီဖွင့်ပွဲအတွက် ထပ်မံတိုးမြှင့် ရိုက်နှိပ်ထားသော မြန်မာ့အောင်ဘာလေထီ အက္ခရာများကို အချို့သော ထီဆိုင်ကြီးများ ရရှိခြင်း မရှိကြောင်း ပြည်တွင်း ထီအရောင်းဆိုင်ကြီးများထံမှ သိရသည်။

မြန်မာအောင်ဘာလေထီကို ယခင်က အက္ခရာ ၃၃ လုံး (က မှ အ) အထိ ရိုက်နှိပ်ထုတ်ဝေရာမှ ယခု အောက်တိုဘာလမှ စတင်၍ (ကက မှ ကဇ အထိ) အက္ခရာခုနှစ်လုံး ထပ်မံရိုက်နှိပ်ခဲ့ပြီး ထပ်တိုးထုတ်ဝေသည့် အဆိုပါ အက္ခရာများကို အချို့သော ထီဆိုင်ကြီးများက ဝယ်ယူရရှိခြင်း မရှိကြောင်း မိတ္ထီလာမြို့နယ်ရှိ ရွှေမြန်မာ ထီအရောင်းကိုယ်စားလှယ် ဦးမင်းစိန်ဝင်းက ပြောကြားသည်။

ကျားကိုက်သေသူ ဆေးပညာမှတ်တမ်းဝင်ဖြစ်လာ

ကျားကိုက်လို့သေသည်၊ ဆင်နင်းလို့သေသည် စသည့် သေဆုံးမှုများသည် သိပ်မထူးဆန်းလှသော်လည်း လွန်ခဲ့တဲ့လက အိန္ဒိယ၌ ဖြစ်ပွားခဲ့သည့် နယူးဒေလီတိရစ္ဆာန်ရုံ ကျားကိုက်မှုသည် မူခင်းဖြေရှင်းနည်း သိပ္ပံအနေနှင့် လေ့လာရမည့် ကိစ္စတခုဖြစ်လာကြောင်း သိရသည်။ အိန္ဒိယဆေးသိပ္ပံကျောင်းမှ ဆရာဝန်များက ယင်းအမှုအား ထူခြားဖြစ်စဉ်အဖြစ် ရှုမြင်သည်။

နယူးဒေလီ တိရစ္ဆာန်ရုံ၌ အသက် ၂၀ အရွယ် မာဆု အမည်ရ အမျိုးသားတဦး မည်သို့မည်ပုံ ကျားလှောင်ရုံထဲရောက်သွားသည် ယခုတိုင် တိတိကျကျ မသိရသေးသော်လည်း ထိုသို့ ရောက်ရှိသွားပြီးနောက် မာဆုအား ကျားက ဘာလုပ်ရမှန်း မသိသဖြင့် ၁၀-၁၅ မိနစ်လောက်စူးစိုက်ကြည့်ရှုနေခဲ့သည်။ လူများ၊ တိရစ္ဆာန်ရုံတာဝန်ရှိသူများက ခဲများဖြင့် ဝိုင်းဝန်းပစ်ပေါက်ကြသည်တွင် ကျားက ရုတ်တရက် မာဆုကို ကိုက်ဆွဲ၍ ၎င်းတို့နှင့် ဝေးရာ လှောင်ရုံအတွင်းပိုင်းသို့ ထွက်ပြေးသွားခဲ့သည်။

မြေယာလျော်ကြေးကိစ္စမပြေလည်ပါက ကြေးစင်တောင်စီမံကိန်းဖျက်သိမ်းရေးတောင်းဆိုမည်ဟု ဒေသခံများပြောကြား


ချင်းတွင်းမြစ်တစ်ဖက် ကမ်း ဆားလင်းကြီးမြို့နယ်ရှိ စံ ပယ်တောင်၊ ကြေးစင်တောင် ကြေး နီစီမံကိန်းများအကောင်အ ထည်ဖော်ရန် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က သိမ်းဆည်း ခဲ့သော မြေယာများအတွက် လျော်ကြေးရရှိရန် မြေယာနစ်နာကြေး တောင်းဆိုနေသည်မှာ ပြေလည်မှု မရှိသေးဘဲ ပြေလည်အောင်ဖြေ ရှင်းမပေးပါက ကြေးစင်တောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်း ရေး တောင်းဆိုသွားမည်ဖြစ် ကြောင်း ဒေသခံမြေအသိမ်းခံ တောင်သူများကဆိုသည်။

‘‘လွန်ခဲ့တဲ့ ၁၉၉၁-၉၂ ၀န်း ကျင်တုန်းက ကြေးနီစီမံကိန်းအ တွင်း လယ်ယာမြေ ၆၂၅၃ဒသမ ၄ဧကကို ၂၉သိန်းသုံးသောင်းပြားငါးဆယ်ပေးလျော်ခဲ့တယ်လို့ သက်ဆိုင်ရာကပြောတယ်။ ဘယ်တုံးက ဘယ်သူ့ကို လျော်ခဲ့တာလဲတော့ မသိဘူး။ အဲဒီလျော်ကြေးက ဒီနေ့ခေတ်လယ်ယာမြေဈေးနဲ့ နှိုင်း ယှဉ်ရင်အရမ်းနည်းပါတယ်’’ဟုလက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် ကံကုန်းကျေးရွာဒေသခံဦးဘိုသန်းက ပြောကြားခဲ့သည်။

Saturday, 18 October 2014

ပါတီများအပေါ် လူထုထောက်ခံမှု စစ်တမ်းကောက်မည်

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများအပေါ် လူထုထောက်ခံမှုအတိုင်းအတာကို အများပြည်သူ သိရှိနိုင်စေရန် လူထုထောက်ခံမှု စစ်တမ်းတစ်စောင် ပြုစုမည် ဖြစ်ကြောင်းမြန်မာ့လွှတ်တော် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့ (OMI)မှ သတင်းရရှိသည်။
လက်ရှိ ရှိနေသောနိုင်ငံရေးပါတီများအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှုနှင့်လူထုထောက်ခံမှုအများဆုံးရှိနေသည့် နိုင်ငံရေး ပါတီများကို စစ်တမ်းတွင် ထည့်သွင်းသွားမည်ဖြစ်သည်။
အဆိုပါစစ်တမ်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာသည့်အချိန်တွင် စတင်လုပ်ဆောင်ရန်စီစဉ်ထားပြီး နိုင်ငံရေးပါတီများအပေါ် လူထုထောက်ခံမှု အတိုင်းအတာ မည်မျှရှိသည်ကိုသိရှိစေရန် ပါတီများအား မဲပေးသည့်စနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်ဟု OMIဒါရိုက်တာ ဦးအေးကျော်က ပြော သည်။

တစ်မြို့လုံး အသိမို့ ရေးမိတယ်

"သုံးစွဲပြီးဆေးထိုးအပ် တစ်ချောင်းကို ငွေတစ်ရာနှင့် (MANA) ကကောက်ယူတယ်။ ၁ဝ ချောင်းရှာ တွေ့လို့ရှိရင် ငွေတစ်ထောင်ရတာပေါ့ဗျာ''
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျွန်တော်တို့မြို့လေး၏ မြို့လယ်တံတားနှင့် အနီးစပ် ဆုံးလမ်းကြားလေးရှိပါသည်။ ထိုလမ်းကြားလေးရှိ ချောင်း စပ်တစ်လျှောက် လမ်းဘေးဝဲယာရှိ ချုံ၊ မြက် ထူထူ ကြားတွင် ကြွပ်ကြွပ်အိတ်တစ်လုံးဖြင့် ဆေးထိုးအပ် လိုက်လံရှာဖွေသူအား မေးမြန်းကြည့်ရာမှ အထက်ပါ အကြောင်းရင်းကို သိရပါသည်။

မှေးမှိန်နေတဲ့ အတိုက်အခံတွေရဲ့ အသံ


စစ်အစိုးရ လက်ထက်မှာ ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အတိုက် အခံနိုင်ငံရေး အင်အား စု တွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အရာထားလို့ တညီ တညွတ်တည်း တသံတည်း စုပေါင်း အင်အား နဲ့ တိုက်ပွဲဝင်ခဲ့ပြီး အသံတွေ ကျယ်လောင်ပေမယ့် စစ်အစိုးရ ကနေ အသွင်ပြောင်းလိုက်တဲ့ အရပ်သား အမည်ခံ အစိုးရသစ် လက်ထက် မှာတော့ အတိုက် အခံတွေရဲ့ အသံတွေက အရင်လောက် ကျယ်ကျယ်လောင်လောင် မကြားရ တဲ့အပြင်  တကွဲတပြားနဲ့ တဖြည်းဖြည်း မှေးမှိန်လာနေပါပြီ။

Friday, 17 October 2014

မဲပေးရာတွင် ပွင့်လင်းစေမည့် စနစ်ကျင့်သုံးရန် ဦးရွှေမန်းပြော

သို့သော် ၎င်းက မည်သည့်အချိန်တွင် စတင်အသုံးပြုမည်ကို တိတိကျကျ မပြောကြားသော်လည်း စမ်းသပ် မဲပေးမှုများကိုမူ ပြုလုပ်ခဲ့သည်။ လွှတ်တော်တွင်း မဲခွဲဆုံး ဖြတ်ရာတွင် မဲများပျောက်ဆုံးခြင်း၊ ကျန်နေခဲ့ခြင်း များကို ထင်ထင်ရှားရှားသိမြင်စေရန်ဟုလည်း ဆိုသည်။
“တချို့က သံသယရှိနေကောင်း ရှိနေနိုင်ပါတယ်” ဟု ပြောသည်။ ယင်းစနစ်ကျင့်သုံးပါက ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ကြားနေမဲများသည် တီဗီဖန်သားပြင်ပေါ်တွင် ပေါ်နေမည်ဖြစ်သောကြောင့်မဲ မပျောက်ဆုံး တော့ဘဲ ပွင့်လင်းမြင်သာလာမည်ဟု ဆိုသည်။

ဟိမဝန္တာတွင် နှင်းမုန်တိုင်းတိုက်ကာ ဆီးနှင်းပြိုကျပြီး လူ ၃၀ ကျော် သေဆုံး

နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းဒေသတွင် နှင်းမုန်တိုင်းတိုက်ခိုက်ကာ ဆီးနှင်းများ ပြိုကျမှုကြောင့် နိုင်ငံခြားသား ကိုးဦးအပါအ၀င် သေဆုံးသူ ၃၀ ကျော်ရှိသွားပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေသူ ၁၀၀ကျော်နှင့် အဆက်အသွယ်မရသေးကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၅ရက်က မဇ္ဈိမကိုပြောသည်။
အိန္ဒိယအရှေ့ ကမ်းခြေသို့ ၀င်ရောက် တိုက်ခတ်ခဲ့မွှေနှောက်ခဲ့သည့် ဟွဒ်ဟွဒ်ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ဟိမ၀န္တာဒေသတွင် ရာသီဥ တုပြင်းထန်ခဲ့ပြီး အန်နာပူနာစက်ဝန်းဒေသရှိ ခရီးသည်အုပ်စုများနှင့် တောင်တက်အဖွဲ့တစ်ဖွဲ့သည် ဆီးနှင်းပြိုကျမှုကို ရင်ဆိုင်ခဲ့ရသည်။