Wednesday, 30 July 2014

သမ္မတက စာနယ်ဇင်းကောင်စီ (ယာယီ) ကို တွေ့ဆုံခွင့်ပေးမည်

စာနယ်ဇင်းကောင်စီ(ယာယီ)ကို သမ္မတက တွေ့ဆုံခွင့်ပေးမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီဝင်တစ်ဦး ထံမှ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက ပုဂ္ဂလိကစက်ရုံ ကိုးရုံသို့ သဘာဝဓာတ်ငွေ့ များ ကို ရောင်းရမည့်ဈေးထက် အဆ ၃၀ လျော့သည့်ဈေးဖြင့် ရောင်းပေး ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ ငှားရမ်းထားပြီး ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်နေသည့် စက်ရုံ ကိုးရုံသို့ သဘာဝ ဓာတ်ငွေ့ များကို ရောင်းချရာတွင် ရောင်းရမည့်ဈေးထက် အဆ ၃၀ လျော့နည်း သည့် ဈေးဖြင့် ရောင်း ချခဲ့ သည့်အတွက် နိုင်ငံတော်မှ ရသင့်သည့်ဝင်ငွေ မရပဲ ကျပ်သိန်းပေါင်း ၁၈၀၀၀ နီးပါးအထိ နစ်နာခဲ့ရကြောင်း သိရသည်။

မံစီမြို့နယ် တရားရုံးခြံစည်းရိုး အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား

Photo: မံစီမြို့နယ် တရားရုံးခြံစည်းရိုး အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား
Wednesday, July 30, 2014

ကချင်ပြည်နယ် မံစီမြို့နယ် တရားရုံး အနီး၌ ဇူလိုင် ၂၇ ရက် ည ၁ဝ နာရီခွဲ ခန့်တွင် ဆိုင်ကယ် သုံးစီးခန့် ဖြတ်မောင်း သွားသည့် အသံ ကြားရပြီး ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ၄င်းတရားရုံး ခြံစည်းရိုးအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခြံစည်းရိုး ၏ အရှေ့ မြောက်ထောင့် နေရာ၌ အမြင့် ၁ ဒသမ ၅ ပေ၊ အောက်ခံအုတ်ရိုး အကျယ် ၃ ပေခန့်မှ ပွင့်ထွက် ပျက်စီးသွားပြီး အုတ်ရိုးပေါ်ရှိ သံဆန်ခါ ခြံစည်းရိုး အကျယ် ၄ပေ၊ အမြင့် ၁ ဒသမ ၅ ပေခန့် ပျက်စီး သွားကာ ခြံစည်းရိုး အတွင်း ၄င်းနေရာနှင့် ၁၅ ပေခန့် အကွာတွင် ရပ်ထားသော ခြောက်ဘီးယာဉ် ၏ဘေးတွင် အချင်း ၁ စင်တီမီတာခန့် ရှိ အပေါက် ၄ ပေါက်ခန့် ထိမှန်ကြောင်း နှင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့် နေရာအား စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ သွားရောက် စစ်ဆေးရာ ၁၁ လက်မ အရှည်ရှိ အင်တာနာ ဝါယာကြိုး အနက်ရောင် တစ်ချောင်း၊ သုည ဒသမ ၅ စင်တီမီတာ မှ ၁ ဒသမ ၅ စင်တီမီတာ ခန့်ရှိ ဗုံးစ ၁၅ ခုအား ရှာဖွေတွေ့ရှိ ခဲ့ပြီး ယမ်းအား ပေါက်ကွဲမှု အနေအထားအရ တီအမ်တီ ယမ်း ၅ ပေါင်ခန့် ရှိနိုင်ကြောင်း၊ ရီမုတ် မိုင်းအား ဆိုင်ကယ်ဖြင့် လာ ရောက်ချထားပြီး အဝေးမှ ရီမုတ်ဖြင့် ဖောက်ခွဲ သွားခြင်း ဖြစ်နိုင် ကြောင်းနှင့် အမှုမှန် ပေါ်ပေါက်စေ ရေး အတွက် စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

Yadanarpondaily
ကချင်ပြည်နယ် မံစီမြို့နယ် တရားရုံး အနီး၌ ဇူလိုင် ၂၇ ရက် ည ၁ဝ နာရီခွဲ ခန့်တွင် ဆိုင်ကယ် သုံးစီးခန့် ဖြတ်မောင်း သွားသည့် အသံ ကြားရပြီး ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ၄င်းတရားရုံး ခြံစည်းရိုးအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခြံစည်းရိုး ၏ အရှေ့ မြောက်ထောင့် နေရာ၌ အမြင့် ၁ ဒသမ ၅ ပေ၊ အောက်ခံအုတ်ရိုး အကျယ် ၃ ပေခန့်မှ ပွင့်ထွက် ပျက်စီးသွားပြီး အုတ်ရိုးပေါ်ရှိ သံဆန်ခါ ခြံစည်းရိုး အကျယ် ၄ပေ၊ အမြင့် ၁ ဒသမ ၅ ပေခန့် ပျက်စီး သွားကာ ခြံစည်းရိုး အတွင်း ၄င်းနေရာနှင့် ၁၅ ပေခန့် အကွာတွင် ရပ်ထားသော ခြောက်ဘီးယာဉ် ၏ဘေးတွင် အချင်း ၁ စင်တီမီတာခန့် ရှိ အပေါက် ၄ ပေါက်ခန့် ထိမှန်ကြောင်း နှင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

Tuesday, 29 July 2014

ဦးအောင်ကြည်မရှိတဲ့နောက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဖြစ်လာနိုင်သလား

မြန်မာသတင်းမီဒီယာတွေ ဖိအားပေးခြိမ်းခြောက်ခံနေရတာ ဖမ်းဆီးထိန်းသိမ်းခံနေရတာတွေ ရင်ဆိုင်နေရချိန် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကို သူ့ရဲ့သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုတယ်လို့ သမ္မတက ဇူလိုင် ၂၉ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဆက်ဆံရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး စတဲ့တာဝန်တွေယူခဲ့တဲ့ ဦးအောင်ကြည်ကို တာဝန်ကအနားပေးလိုက်ပြီး လစ်လပ်သွားတဲ့ ပြန်ကြားရေးဝန်ကြီးနေရာမှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ်ရော ဒုတိယဝန်ကြီးပါ တာဝန်ယူနေတဲ့ ဦးရဲထွဋ်ကို ခန့်အပ်နိုင်ခြေရှိပေမယ့် တရားဝင် ကြေညာချက် ထုတ်ပြန်တာ မရှိသေးပါဘူး။

တည်းခိုခန်းမန်နေဂျာနှင့် ဧည့်သည်တို့ စကားများစဉ် မန်နေဂျာမှ ဓါးဖြင့်ထိုး၍ ဧည့်သည်သေဆုံးခဲ့ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်အရေးယူ

လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် နေအိမ်မှ အပြင်သွားမည်ဟု ပြောဆို ထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ၎င်း၏ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင် မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့ လာရောက်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)တွင် ညီဖြစ်သူ တည်းခိုခဲ့ကြောင်း သိရှိရပြီး ၎င်းအား မတွေ့ရဘဲ ကုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံနေကာ ဓါး(၁)ချောင်းနှင့် ညီဖြစ်သူ၏ဖုန်း(၁)လုံးတို့မှာ အခန်းအတွင်း၌ ရှိနေသည်ကို တွေ့ရှိရသဖြင့် တည်းခိုခန်းရှိ တာဝန်ရှိသူများထံ မေးမြန်းရာ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် တည်းခိုခန်းမှ အပြင်သို့ ထွက်ခွာသွားခဲ့ကြောင်း ပြောပြ သိရှိရ သဖြင့် ညီဖြစ်သူအား လိုက်လံ စုံစမ်း ရှာဖွေခဲ့ပါသည်။
ထိုသို့စုံစမ်းရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ပါသည်။

အေးမြသာယာကျေးရွာနှင့် ကော့ကနိမ် ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ခလောက်တရာ ကျေးရွာရှိ နာဂစ်ပြန်လည် ထူထောင်ရေး ကျေးရွာ ဖြစ်သည့် အေးမြသာယာ ကျေးရွာ တွင် System Engineering Group Co.ltd မှ ဆောက်လုပ် လှူဒါန်းထားသည့် (၄၀ပေ x ၂၀ပေ) သံဖရိန် ဘိလပ်မြေပြားကာ ငါးထပ်သားခင်း မူကြိုကျောင်း၏ သံဖရိန်ပါ ထုပ်တန်းများနှင့် (၃ x ၈)ပေ သွပ်ပြား ၁၀၀ ချပ် စုစုပေါင်း ဆုံးရှုံး တန်ဖိုးငွေ (၁၀)သိန်းခန့် ဆုံးရှုံးခဲ့သည်။ ဇူလိုင်လ ၂၈ ရက်နေ့ည ၁၀း၁၀ နာရီတွင် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းဒဏ်ကြောင့် ပေ ၁၀၀ခန့် အကွာသို့ အမိုးပိုင်းအုံလိုက် လေနှင့်အတူ လွင့်ပါသွားခဲ့ပါသည်။

လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်စုံစမ်း နိုင်ချင်းမရှိသေးသည့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်များ

Photo: လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်စုံစမ်း နိုင်ချင်းမရှိသေးသည့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်များ
Tuesday, July 29, 2014 

ယူကရိန်းအစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေရဲ့ တိုက်ပွဲတွေကြောင့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်သူ
တွေဟာ လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ယူကရိန်းစစ်တပ်နဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် MH17 ပျက်ကျရာနေရာကို သွားရောက်လေ့လာမှုတွေပြုလုပ်မယ့် နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံတွေက ကျွမ်းကျင်စုံစမ်းစစ်ဆေးသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို ၀င်ရောက် နိုင်ချင်းမရှိသေးဘူးလို့ သြစတြေးလျအကြီးတန်းအရာရှိတစ်ယောက်က ဒီကနေ့မှာ ပြောကြားပါ တယ်။
 
လေယာဉ်ပျက်ကျရာနေရာဟာ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်တာကြောင့် အဆိုပါနေရာလုံခြုံဖို့အတွက် နိုင်ငံတကာက လက်နက်ကိုင်တပ်ဖွဲ့ကို နယ်သာလန်နိုင်ငံက စေလွှတ်ဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် နယ်သာလန်ဝန်ကြီးချုပ်ကတော့ ဒီသတင်းတွေဟာ သတင်းအမှားတွေဖြစ်ပြီး နောက်ထပ် မတည်ငြိမ်မှုတွေကို မဖြစ်စေလိုတာကြောင့် ယူကရိန်းနိုင်ငံတွင်းကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ စေလွှတ်သွားမှာမဟုတ်ဘူးလို့လည်း တနင်္ဂနွေနေ့တုန်းက တရားဝင်ပြောကြားထားပါတယ်။
 
နယ်သာလန်အာဏာပိုင်တွေကတော့ စုံစမ်းရေးအဖွဲ့ဟာ ဒွန်နက်စ်ဒေသမှာ ဆက်လက်ရှိနေဦးမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေဟာ လုံခြုံရေးအခြေအနေတွေကြောင့် အခင်းဖြစ်ပွားရာနေရာကို အချိန်သတ်သတ်မှတ်မှတ်နဲ့ စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းအစိုးရတပ်တွေနဲ့ ရုရှားလိုလားသူတွေကို အခင်းဖြစ်ပွားရာနေရာအနီးတစ်ဝိုက်မှာ အပစ် အခတ်ရပ်စံထားဖို့အတွက်ကိုလည်း တောင်းဆိုထားတယ်လို့ နယ်သာလန် အာဏာပိုင်တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

MRTV-4
ယူကရိန်းအစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေရဲ့ တိုက်ပွဲတွေကြောင့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်သူ တွေဟာ လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်နိုင်ခြင်း မရှိသေး ဘူးလို့ သိရပါတယ်။ ယူကရိန်းစစ်တပ်နဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် MH17 ပျက်ကျရာနေရာကို သွားရောက်လေ့လာမှုတွေပြုလုပ်မယ့် နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံတွေက ကျွမ်းကျင်စုံစမ်းစစ်ဆေးသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို ၀င်ရောက် နိုင်ချင်းမရှိသေးဘူးလို့ သြစတြေးလျအကြီးတန်းအရာရှိတစ်ယောက်က ဒီကနေ့မှာ ပြောကြားပါ တယ်။

AH5017 ပျက်မကျမီ လာလမ်းအတိုင်း ပြန်လှည့်ရန် လေယာဉ်မှူး ကြိုးစားခဲ့

Photo: AH5017 ပျက်မကျမီ လာလမ်းအတိုင်း ပြန်လှည့်ရန် လေယာဉ်မှူး ကြိုးစားခဲ့
Tuesday, July 29, 2014

AH5017 ၏ လေယာဉ်မှူးသည် လေယာဉ်မပျက်ကျမီတွင် လေယာဉ်ကို နောက်ပြန်လှည့်၍ ပျံသန်းခွင့်ရရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံသား အများစု အသက်ဆုံးရှုံးခဲ့ရသည့် အယ်လ်ဂျီးရီးယား လေကြောင်းလိုင်း Air Algerie ၏ လေယာဉ်ပျက်ကျမှု ဖြစ်ရပ်တွင် လေယာဉ်မှူးသည် ရာသီဥတု ဆိုးရွားလွန်းသော အခြေအနေ၌ နောက်ကြောင်းပြန်လှည့်ရန် အားထုတ်ခဲ့ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး လောရင့် ဖေဘီယက်စ်က ပြောကြားခဲ့သည်။

ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းသော လေယာဉ်သည် မာလီတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံသား (၅၄)ဦး အပါအဝင် လိုက်ပါသွားသူ (၁၁၈)ဦးစလုံး [အချို့သတင်းများတွင် (၁၁၆)ဦးဟု ဖော်ပြ] သေဆုံးခဲ့သည်။ လေယာဉ်မှူးသည် ရာသီဥတု ဆိုးရွားခြင်းကြောင့် လမ်းကြောင်းပြောင်း ပျံသန်းခွင့်ကို ဦးစွာ တောင်းခံခဲ့ပြီး ထို့နောက်တွင်မူ ဘာကီနာဖာဆိုသို့ ဦးလှည့် ပျံသန်းနိုင်ရန် ခွင့်တောင်းခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသည် AH5017 ပျက်ကျမှုတွင် ဦးဆောင်ဦးရွက် တာဝန်ယူထားသည်။ “ကျွန်တော်တို့ သေချာပေါက် သိထားတဲ့ တစ်ချက်က လေယာဉ်ပျက်ကျချိန်မှာ ရာသီဥတုက အရမ်းဆိုးနေတယ်။ လေယာဉ်အဖွဲ့သားတွေက ပထမတော့ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံတယ်။ နောက်တော့ လေယာဉ်ကို ပြန်လှည့်ဖို့ ခွင့်တောင်းတယ်။ အဲဒီနောက်မှာ အဆက်အသွယ် လုံးဝ ပြတ်သွားတာပါပဲ”ဟု ဖေဘီယက်စ်က သတင်းထောက်များအား ဇူလိုင် (၂၈)ရက်က ပြောကြားခဲ့သည်။

ဇူလိုင်(၂၄)ရက်က ပျက်ကျသော MD-83 အမျိုးအစား လေယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းမှု ရလဒ်များမှာ ရှုပ်ထွေးနေဆဲဟု ဖေဘီယက်စ်က ဝန်ခံသည်။ “အချိန်ယူရမှာ ဖြစ်သလို အင်မတန် ရှုပ်ထွေးတဲ့ အလုပ်ပါ”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဘာကီနာ ဖာဆိုနှင့် နယ်နိမိတ်အနီး မာလီပိုင်နက် အတွင်းရှိ လေယာဉ်ပျက်ကျရာ နေရာကို လတ်တလောတွင် ပြင်သစ်၊ မာလီ၊ နယ်သာလန်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များက လုံခြုံရေးယူ ထိန်းချုပ်ထားကြောင်းလည်း သိရှိရသည်။

BBC
AH5017 ၏ လေယာဉ်မှူးသည် လေယာဉ်မပျက်ကျမီတွင် လေယာဉ်ကို နောက်ပြန်လှည့်၍ ပျံသန်းခွင့်ရရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ အထောက်အထားပြုလုပ်မှု သတ်မှတ် ငွေကြေးထက် များစွာ ပေးဆောင် နေရဟု ဆို

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရက အထောက်အထားများ ထုတ်ပေးလျက်ရှိ ရာ လုပ်ငန်းရှင်များ၏ တာဝန်ပျက်ကွက်မှုကြောင့် လုပ်သားများမှာ သတ်မှတ် ငွေကြေးထက် အဆများစွာ ပိုမိုပေးဆောင်နေ ရကြောင်း ထိုင်းနိုင်ငံ အခြေ ဆိုက်မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကပြောသည်။

သုံးထပ်တိုက်တစ်လုံး ဆန်းရှိတ်ပြိုကျ

Photo: သုံးထပ်တိုက်တစ်လုံး ဆန်းရှိတ်ပြိုကျ
Tuesday, July 29, 2014

တည်ဆောက်ပြီးစီးသည်မှာ ခြောက်နှစ်သာရှိသေးသော သုံးထပ်တိုက်တစ်လုံး၏ မြေညီထပ်အပေါ်မှ ကွန်ကရစ်ဆန်းရှိတ် ပြိုကျခဲ့ကြောင်း  သတင်းရရှိသည်။
ဗဟန်းမြို့နယ် ကျိုက္ကစံရပ် ကွက် စိန်ခြယ်လမ်းရှိ သုံးထပ် တိုက်၏ အောက်ထပ်အရှေ့ပိုင်း ရှိ ပေ ၂၀ ရှည်ပြီး လေးပေကျယ် သော ကွန်ကရစ်ဆန်းရှိတ်မှာ ဇူ လိုင် ၂၈ ရက် ညနေ ၃ နာရီ အ ချိန်က ပြိုကျခဲ့ကြောင်း မြို့ပြ အင် ဂျင်နီယာတစ်ဦးက ပြောသည်။

‘‘သုံးထပ်တိုက်မြေညီရဲ့ ၁၄ ပေအမြင့် ဆန်းရှိတ်က အကုန် လုံးပြိုကျတာ။ ပထမထပ်ဝရန်တာ အောက်ဘက်က ပေ ၂၀ ရှည်ပြီး လေးပေကျယ်တဲ့ ကွန်ကရစ်တစ်တန်းလုံး အကုန်ကျိုးကျသွားတာ။ မီးသတ်တွေတော့ရောက်နေတယ်’’ ဟု ယင်းရပ်ကွက် အနီးနေမြို့ပြအင်ဂျင်နီယာ ဦးညိုဝင်းက ပြောသည်။

 အဓိကကွန်ကရစ်တိုင်နှင့် ကွန်ကရစ်ဆန်းရှိတ်ကို သံချောင်း ဖြင့် တွဲဆက်ရန် လိုအပ်သော် လည်း  သံချောင်းမပါဘဲ ဆန်းရှိတ်ကိုဘေးမှ ဆက်လိုက်သောကြောင့်အဆိုပါ ဆန်းရှိတ်၏ အလေးချိန် ကို မခံနိုင်ဖြစ်ပြီး ပြိုကျသွားခြင်း ဖြစ်ကြောင်း မြို့ပြအင်ဂျင်နီယာ  ဦးညိုဝင်းက သုံးသပ်ပြောကြား သည်။

‘‘အခုအထိတော့ ဖယ်နေကြတုန်းပဲ ရှိသေးတယ်။ တိုက်ကပေနှစ်ဆယ်၊ ပေ လေးဆယ်အပြည့်ဆောက်ထားတာ နေထိုင်ခွင့်ကျတာမှ ခြောက်နှစ်ပဲရှိသေးတယ်တဲ့’’ ဟု ဆန်းရှိတ်ပြိုကျသည့်နေရာသို့ရောက်ရှိနေသော အမျိုးသားတစ်ဦးကလည်းပြောသည်။

အဆိုပါ ဆန်းရှိတ် ကွန်ကရစ်တန်းပြိုကျသော်လည်း လူထိခိုက် မှုမရှိကြောင်း  အဆိုပါ အမျိုးသားက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ‘‘ကျွန်တော်တို့တွေ မသိသေးပါဘူး’’ ဟု တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

7Day DAILY 

ပြိုကျသွားသော ဆန်းရှိတ်မှ အပျက်အစီးများကို ကြည့်နေစဉ် (ဓာတ်ပုံ - ဇော်ရန်း)
ပြိုကျသွားသော ဆန်းရှိတ်မှ အပျက်အစီးများကို ကြည့်နေစဉ် (ဓာတ်ပုံ - ဇော်ရန်း)
တည်ဆောက်ပြီးစီးသည်မှာ ခြောက်နှစ်သာရှိသေးသော သုံးထပ်တိုက်တစ်လုံး၏ မြေညီထပ်အပေါ်မှ ကွန်ကရစ်ဆန်းရှိတ် ပြိုကျခဲ့ကြောင်း  သတင်းရရှိသည်။

ရခိုင်ပြည်နယ် လေးမြို့နယ်တွင် ယူအင်န်ဒီပီကဒေသန္တရအုပ်ချုပ်ရေးအတွက် လေ့လာမည်

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ဒေသန္တရအုပ်ချုပ်ရေးအတွက် လေ့လာ မှုများကို ယူအင်န်ဒီပီ(မြန်မာ)မှ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

MH17 ပျက်ကျသည့် နေရာအစိတ်အပိုင်းအချို့ကို ယူကရိန်းစစ်တပ် ထိန်းချုပ်ခွင့်ရလာ

ယူကရိန်းစစ်တပ်များသည် MH17 လေယာဉ်ပျက်အစိတ်အပိုင်းများ ပျံ့နှံ့နေသည့် ဧရိယာအချို့ကို ထိန်းချုပ်ခွင့်ရလာနေပြီဟု သူပုန်တပ်များဘက်က ပြောကြားခဲ့သည်။ ယူကရိန်းစစ်တပ်သည် ရုရှားလိုလားသည့် ခွဲထွက်ရေးသူပုန်များအပေါ် စစ်ရေး အသာစီးရလာပြီးနောက် ဇူလိုင် ၂၈ ရက်တွင် MH17 လေယာဉ်ပျက် အစိတ်အပိုင်းများရှိနေသည့် နေရာအချို့ကို သူပုန်များလက်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းပိုင် MH17 သည် သူပုန်များက ဒုံးကျည်ဖြင့် မှားယွင်းပစ်ချမှုကြောင့်ဟု ယူဆရသောအခြေအနေကြောင့် ဇူလိုင် ၁၇ ရက်က ပျက်ကျပြီး လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။

ရေတင်စိုက်ပျိုးရသဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ပိုမိုကုန်ကျနေ

Photo: ရေတင်စိုက်ပျိုးရသဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ပိုမိုကုန်ကျနေ
Tuesday, July 29, 2014  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မိုးရွာသွန်း  မှုနည်းပါးသောကြောင့် မိုးစပါး များရေတင်စိုက်ပျိုးနေရပြီး မိုးစပါး  စိုက်ပျိုးစရိတ်ပိုမိုကုန်ကျနေရကြောင်း  ဒေသခံတောင်သူလယ်သမားများ ထံမှ သိရသည်။

ကောလင်းမြို့နယ်တွင် ၂၀၁၄ ခုနှစ် မိုးရွာသွန်းမှုမှာ ပုံမှန်ထက် လျော့နည်းရွာသွန်းခဲ့ပြီး ဇူလိုင်လ   အတွင်း (၁) ရက်နေ့မှ (၂၂) ရက်  နေ့အထိ မိုးရေချိန် (၂.၁၆) လက်မရွာသွန်းခဲ့ကြောင်း။ ၂၀၁၄  ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်လအထိ မိုးရွာသွန်းမှုရက် (၂၆) ရက်ရှိပြီး မိုးရွာသွန်းမှုမိုးရေချိန်မှာ (၁၈.၂၅) လက်မသာရွာသွန်းခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်သည်အနိမ့် ပိုင်းဒေါင်းမြူးချောင်းနှင့် ဒုံးဒုတ်  ချောင်းဝန်းကျင်တွင်သာ မိုးစပါး စိုက်ပျိုးရေရရှိစိုက်ပျိုးနိုင်ခဲ့ပြီး အခြားနေရာဒေသများတွင် မိုးရွာ သွန်မှုပျံ့ပျံ့နှံ့နှံ့မရှိခြင်းကြောင့် ပျိုးထောင်ပြီးပျိုးခင်းများခြောက် သွေ့လျက်ရှိသည်။

ယခုနှစ်တွင် မကြုံစဖူးရာသီ ဥတုဖောက်ပြန်မှုကြောင့် မြေပြု  ပြင်ထွန်ယက်ရင်းခြောက်သွေ့နေ ပြီး တိုက်ရိုက်အစေ့ချစိုက်ပျိုးရန်  အစိုဓာတ်လုံလောက်မှုမရှိသည့်  အတွက် တောင်သူများအခက်တွေ့ နေကြသည်ဟု သိရသည်။

“မိုးကရွာတော့လည်း ရွာတယ် ဆိုရုံပဲ ကွက်ကျားမိုးတွေရွာနေ တော့ ရေကမတင်ဘူးတစ်ခါတစ် ခါမိုးကမှောင်မည်းပြီး ရွာတော့ မလိုလိုနဲ့ မရွာတော့ပြန်ဘူးပျိုးပင်  တွေလည်း ပျိုးသက်တွေကျောက် နေပြီး လယ်စိုက်နေသူတော်တော်  များများမိုးနဲ့ စိုက်လိုက်ရတယ်ဆို တာ မရှိသလောက်ပဲ ဒေါင်းမြူး ချောင်းနှင့် ဒုံးဒုတ်ချောင်းဝန်းကျင် က တောင်သူအချို့ကတော့ ရေတင်ပြီး စိုက်ပျိုးနေကြတာ မိုး စပါးကို ရေတင်ပြီးစိုက်နေရတော့ ရေတင်စရိတ်ပိုမိုကုန်ကျနေတာ ပေါ့ ချောင်းတွေ ရေမြောင်းတွေ နဲ့ နီးတဲ့လယ်တွေကတော့ ရေစုပ် စက်ငှားကလောက်ပဲ ကုန်ပေမယ့် ရေမနီးတဲ့ လယ်တွေကျတော့ လယ်မြေဝေးရင်ဝေးသလောက် ပိုမိုကုန်ကျပါတယ်”ဟု ဒေသခံ တောင်သူတစ်ဦးကဆိုသည်။

မိုးစပါးများ  ရေတင်စိုက်ပျိုး ပါကပုံမှန်မိုးစပါး  စိုက်ပျိုးကုန်ကျ စရိတ်ထက် ကျပ် (၇၀၀၀၀)နှင့် ကျပ် (၁၀၀၀၀၀) ကြား ပိုမိုကုန် ကျနေရကြောင်း မိုးစပါးများ ရေတင် စိုက်ပျိုးနေရသူ လယ် သမားများ ပြောကြားချက်အရ သိရသည်။

သက်တမ်းတို ရက်တိုစပါး မျိုးဝယ်ပြီး ကျဲပက်စိုက်ပျိုးမည် ဆိုပါကဧကပေါင်းများစွာအတွက် ရေ အခက်အခဲတွေရှိခြင်း၊ မိုး များများ  ရွာမှာကို တောင်သူတွေ စောင့်နေ ရုံကလွဲလို့ မည်သို့မျှ ပင် မတတ်နိုင်ကြောင်း ယခုနှစ် စပါးဈေးများကြီးမြှင့်နိုင်ကြောင်း၊ ဘဏ်ချေးငွေများ ပြန်ဆက်နိုင် ရေးအတွက် ခက်ခက်ခဲခဲကြိုး စားရမည်ဖြစ်ကြောင်းနှင့် အချို့ နေရာများတွင် ကျွဲ၊ နွားသောက် သုံးရေများပါ အခက်တွေ့နေရ ကြောင်း ဒေသခံများ အဆိုအရ သိရှိရပြီး  ၂၀၁၄-၁၅ ခုနှစ် ကောလင်းမြို့နယ်တွင်  မိုးစပါး (၈၇၄၀၀)ဧက စိုက်ပျိုးရန်  လျထားပြီး ယနေ့အထိ မိုးစပါး (၁၈၀၀၀)ဧကသာ စိုက်ပျိုးပြီးစီး ကြောင်း သိရသည်။

Hot News Journal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မိုးရွာသွန်း  မှုနည်းပါးသောကြောင့် မိုးစပါး များရေ တင်စိုက်ပျိုးနေရပြီး မိုးစပါး  စိုက်ပျိုးစရိတ်ပိုမိုကုန်ကျနေ ရကြောင်း  ဒေ သ ခံ တောင် သူ လယ်သမားများ ထံမှ သိရသည်။

PR စနစ် မကျင့်သုံးရန် NLD ပါတီဝင် တစ်ရာကျော် ဆန္ဒထုတ်ဖော်မည်

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော အချိုးကျကိုယ်စားပြုစနစ် PR ကို ရွေးကောက်ပွဲများတွင် အသုံးမပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူ NLD ပါတီဝင် ဦးလှညွန့်က ပြောကြားသည်။

အင်းလျားကန်အတွင်းမှ အမျိုးသားအလောင်းကိစ္စ တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းများကိုအမှုဖွင့်

ဧည့်သည်အမျိုးသား အလောင်းကို ရန်ကုန်မြို့ အင်း လျားကန်ထဲတွင် ဖျောက်ဖျက်ခဲ့သည့် တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းလေးဦးတို့ကို ကြည့်မြင် တိုင်ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့လယ်၌ လူပေါင်းရာနှင့်ချီ စုဝေးမှုဖြစ်

ရန်ကုန်မြို့လယ် ဆူးလေစေတီအနီး မဟာဗန္ဓုလလမ်းဘေးတွင် ရပ်ထားသည့် ကားများကို လမ်းပြောင်းပြန် မောင်း ဝင်လာသော ကားတစ်စီးက ဆင့်တိုက်ခဲ့ပြီး ဆူးလေးစေတီဘက်ကို ပြန်ကွေ့ထွက်ပြေးရာ ဆူးလေ ဘုရားလမ်း ကုန်သည်ကြီးများ ဟိုတယ်အနီး လမ်းလယ်ကျွန်းတွင် ရှိနေသည့် လူများကိုပါ တိုက်သွားသဖြင့် အဆိုပါ ကားတိုက်မှုကြောင့် ရန်ကုန်မြို့လယ်တွင် လူပေါင်းရာနှင့်ချီ စုဝေးမှု ဖြစ်ပွားခဲ့သည်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးဆောင်ရွက်ရာတွင် လက်နက်နှင့်ဘိန်းဖြူအမြောက်အမြား ဖမ်းမိ

မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးဆောင်ရွက်ရာ ဖမ်းဆီးရမိသော ဘိန်းဖြူများကို တာဝန်ရှိသူများက စစ်ဆေးနေစဉ် ဓာတ်ပုံ - မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်
တာချီလိတ်စစ်ဗျူဟာ နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြု လုပ်သည့် မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေး စစ်ဆင်ရေးတစ်ခု တွင် လက်ပစ်ဗုံး၊ သေနတ်များ နှင့်မြန်မာငွေကျပ် သိန်းနှစ်သောင်းနှစ်ထောင်ကျော်တန် ဘိန်းဖြူများ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေမပေးနိုင်၍ KIA ဖမ်းဆီးသွားသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး ချုပ်နှောင်ခံထားရ

Photo: ငွေမပေးနိုင်၍ KIA ဖမ်းဆီးသွားသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး ချုပ်နှောင်ခံထားရ
Tuesday, July 29, 2014

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ဆယ်ဇင်းကျေးရွာအပိုင်၊ ဝေကန်မှော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား တောင်းသည့်ငွေ မပေးနိုင်၍ ဇူလိုင် ၁၇ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားပြီး ချုပ်နှောင် ထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

KIA အဖွဲ့သည် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် နေအိမ်သို့ ရောက်ရှိလာပြီး ငွေ ၅ သိန်းပေးရန် တောင်းရာ အဆင်မပြေသဖြင့် ငွေလျော့ယူရန် ပြောသော်လည်း လက်မခံဘဲ ထိုးကြိတ်ရိုက်နှက်ကာ အတွင်းရေးမှူး ဦးမောင်ကြီးနှင့်အတူ ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“ ငွေ ၅ သိန်း ပေးဆိုပြီး လာတောင်းတယ်၊ ကိုမြင့်လွင် က အဲဒီလောက်ငွေ မတတ်နိုင်တဲ့အတွက် ရှိတဲ့ငွေ ၁ သိန်းပဲ ယူသွားပါဆိုပြီး တောင်းပန်တာ မရဘူး၊ တောင်းတဲ့ငွေ မပြည့်လို့ ဟိုသတင်းပေးတယ် ဒီသတင်းပေး တယ်ဆိုပြီး ဖမ်းသွားတာ ” ဟု အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူက ပြောသည်။

ဖမ်းဆီးခံရသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား KIA အဖွဲ့မှ တပ်ရင်း(၂၆)ဌာနချုပ် အချုပ်ခန်းတွင် ချုပ်နှောင်ထားကြောင်း အတွင်းရေးမှူး၏ ဇနီးဖြစ်သူအား လာရောက်သတင်းပေးသဖြင့် ပြန်လည်လွတ်မြောက် ရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

“ ကျွန်မက ကိုမောင်ကြီးရဲ့ ဇနီး ဒေါ်လှဂျာ ပါ ၊ ကချင် တိုင်းရင်းသူစစ်ပါရှင်၊ ကျွန်မတို့ သိကျွမ်းတဲ့ KIA တပ်ဖွဲ့ဝင် တချို့ဆီကနေ သတင်းရပါတယ်၊ ကိုမောင်ကြီးတို့ ၂ ယောက်ကို အချုပ်ခန်းထဲမှာ ချုပ်ထားတယ်၊ ဒါ့ကြောင့် ကျွန်မ ဖုန်းဆက်ပြီး နောင်လွတ်ခရိုင်ရုံးကို လှမ်းတောင်းပန်ပါတယ်၊ ငွေပေးပါ့မယ်၊ လွှတ်ပေးပါလို့ ပြောတာ လုံးဝ ငြင်းလိုက်တယ် ” ဟု ယင်းက ပြောကြားသွားသည်။

ဒေါ်လှဂျာ မှ ဇူလိုင် ၂၂ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းခဲ့သော်လည်း KIA အဖွဲ့မှ ထိန်းသိမ်းထား ခြင်းမရှိဟု ငြင်းဆိုခဲ့ကြောင်းနှင့် ဦးမြင့်လွင်နှင့် ဦးမောင်ကြီး တို့ နှစ်ဦးသည် ဇူလိုင် ၂၈ ရက်နေ့အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ရဲမာန်သော်
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ဆယ်ဇင်းကျေးရွာအပိုင်၊ ဝေကန်မှော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား တောင်းသည့်ငွေ မပေးနိုင်၍ ဇူလိုင် ၁၇ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားပြီး ချုပ်နှောင် ထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

လိုင်ဇာညီလာခံတတိယနေ့တွင် ကုလနှင့် တရုတ်ကိုယ်စားလှယ် တက်ရောက်

Photo: လိုင်ဇာညီလာခံတတိယနေ့တွင် ကုလနှင့် တရုတ်ကိုယ်စားလှယ် တက်ရောက်
Tuesday, July 29, 2014

လိုင်ဇာမြို့တွင်ပြုလုပ် လျက်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့၏ ထိပ်သီးအစည်းအဝေး တတိယနေ့သို့ ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အထူးကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

NCCT ထိပ်သီးအစည်း အဝေးတတိယနေ့ မွန်းလွဲပိုင်းအစီ အစဉ်တွင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ်မစ္စတာ ဘီဂျေနမ် ဘီးယားနှင့်အဖွဲ့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာအထူး အကြံပေးအဖွဲ့မှ မစ္စတာတန်ယန်းနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

NCCT ထိပ်သီးအစည်း အဝေးသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန် ကီမွန်းကလည်း သဝဏ်လွှာပေးပို့ ခဲ့သည်။ ကုလအထူးကိုယ်စား လှယ် မစ္စတာနမ်ဘီးယားက နှုတ် ဆက်အမှာစကား ပြောကြားခဲ့ သည်။

‘‘တစ်နိုင်ငံလုံးရဲ့ရှေ့ရေးကို ဒီဆွေးနွေးပွဲကနေ အကောင်းဆုံး ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါ တယ်’’ဟု မစ္စတာဘန်ကီမွန်းက သဝဏ်လွှာပေးပို့သည်။

အစည်းအဝေးတွင် တရုတ် နိုင်ငံမှ ကိုယ်စားလှယ်မစ္စတာတန် ယန်းက ၎င်း၏မြန်မာအမည်မှာ ထွန်းလွင်ဖြစ်ပြီး အစည်းအဝေး သို့တက်ရောက်ရန် စီစဉ်ထား သည့်တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ယိဖန်း မတက်ရောက်နိုင်၍ ကိုယ်စားတက်ရောက်ခြင်းဖြစ် ကြောင်း နှုတ်ဆက်အမှာစကား ကိုမြန်မာဘာသာဖြင့် ပြောကြားခဲ့ သည်။

တရုတ် အထူးကိုယ်စား လှယ်က ၎င်းတို့နိုင်ငံတွင် နိုင်ငံ ရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသားများအနေဖြင့် တည်ငြိမ် အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုများခံစားနေပြီဖြစ်ကြောင်းဆက်လက်ပြောသွားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တည်ငြိမ်မှုရှိရမည်ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်သေးဘဲ စီးပွားရေး တိုးတက်မှုနည်းကွေးနေကြောင်း တရုတ်အထူးကိုယ်စားလှယ်က ပြောကြားသည်။

‘‘အမှန်အတိုင်းပြောမယ်ဆို ရင် တစ်ကမ္ဘာလုံးလည်း တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ပြောမယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့အရှိန် ဟာ နှေးကွေးနေပါတယ်။ နောက်ကျနေပါတယ်။ အဲဒါကို ကျွန် တော်တို့မလိုလားပါဘူး။ အိမ်နီး ချင်းအနေနဲ့ ကျွန်တော်တို့မလို လားပါဘူး’’ဟုဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တွင် လိုအပ်ချက်များ ရှိပါက အတတ်နိုင်ဆုံးကူညီပံ့ပိုးပေးသွား မည်ဟု တရုတ်နှင့်ကုလအထူး ကိုယ်စားလှယ်များကဆိုသည်။

NCCT ထိပ်သီးအစည်း အဝေးသည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဇူလိုင် ၂၉ ရက် တွင် NCCT အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသားအဖွဲ့များဖြင့် ညီ လာခံဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY
လိုင်ဇာမြို့တွင်ပြုလုပ် လျက်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့၏ ထိပ်သီး အစည်းအဝေး တတိယနေ့သို့ ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အထူးကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

အိမ်ဖြူတော်ကို နျူကလီးယား လက်နက်ဖြင့် တိုက်မည်ဟု မြောက် ကိုရီးယား က ခြိမ်းခြောက်

Photo: အိမ်ဖြူတော်ကို နျူကလီးယား လက်နက်ဖြင့် တိုက်မည်ဟု မြောက် ကိုရီးယား က ခြိမ်းခြောက်
Tuesday, July 29, 2014

ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု မြင့် တက်အောင် အမေရိကန်က ဆောင်ရွက်နေသည်ဟု စွပ် စွဲပြီးနောက် အိမ်ဖြူတော်နှင့် ပင်တဂွန်ကို နျူကလီးယား တိုက်ခိုက်မှုပြုလုပ်မည်ဟု မြောက်ကိုရီးယား၏ ထိပ်တန်း စစ်ဘက်အရာရှိ တစ်ဦးက ခြိမ်းခြောက်လိုက်သည်။

၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၃ခုနှစ်အထိဖြစ်ခဲ့သည့် ကိုရီးယားစစ်ကို အဆုံးသတ်စေခဲ့သော စစ်ရပ်စဲရေး သဘောတူညီချက်ရသည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကို မြောက်ကိုရီးယားက ရောမစစ်သည်ထု အစုအဝေး ဖြင့် ဇူလိုင် ၂၇ ရက်၌ကျင်းပသည်။ ထိုအခမ်းအနားတွင် စစ်ဘက်အထွေထွေနိုင်ငံရေး ဗျူရိုညွှန်ကြားရေးမှူး ဟွမ် ပျုန်ဆိုကမိန့်ခွန်းပြောသည်။ သူမိန့်ခွန်းပြောစဉ် အထက် ပါအတိုင်းခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ မကြာသေးမီ ကာလ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက်ပြု လုပ်ခြင်းသည် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာ မှုကို ပို၍မြင့်တက်လာစေရန်ဆောင်ရွက်ခြင်းဖြစ်သည် ဟု ဟွမ်ကဆိုသည်။ 

တောင်ကိုရီးယားနှင် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ရာ၌ အမေရိကန်၏ နျူကလီး ယားစွမ်းအားသုံး လေယာဉ်တင် သင်္ဘောချထားခြင်း လည်း ပါဝင်သည်။ ဟွမ်သည် ကိုရီးယားပြည်သူ့တပ်မတော်တွင် ဒုတိယမာရှယ်လ်အဆင့်ရှိသည်။

''အမေရိကန်နယ်ချဲ့က ကျွန်ုပ်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုနဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက် လာရင် ကျွန်ုပ်တို့ရဲ့ စစ်တပ်တွေက ကျွန်ုပ်တို့ရဲ့ နျူကလီး ယားလက်နက် တပ်ဆင်ထားတဲ့ ဒုံးပျံတွေနဲ့ အိမ်ဖြူ တော်နဲ့ ပင်တဂွန်တို့ကိုပစ်မယ်၊ အိမ်ဖြူတော်နဲ့ ပင်တဂွန် ဆိုတာတွေဟာ မကောင်းမှုအားလုံးတွေရဲ့ ရေသောက် မြစ်တွေဖြစ်တယ်'' ဟု ဇူလိုင် ၂၈ ရက်၌ နိုင်ငံပိုင်ရုပ်မြင် သံကြားမှထုတ်လွှင့်သည့် မိန့်ခွန်းတွင်ထည့်သွင်းပြော ကြားလိုက်သည်။

သို့ရာတွင် မြောက်ကိုရီးယားသည် အမေရိကန်သို့ ရောက်နိုင်သော ဒုံးပျံပိုင်ဆိုင်ရန် အလှမ်းဝေးသေး သည်ဟု ကျွမ်းကျင်သူအများစုက ယုံကြည်ထားသည်။

Ref : AFP
Yangon Media Group
ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု မြင့် တက်အောင် အမေရိကန်က ဆောင်ရွက်နေသည်ဟု စွပ် စွဲပြီးနောက် အိမ်ဖြူတော်နှင့် ပင်တဂွန်ကို နျူကလီးယား တိုက်ခိုက်မှုပြုလုပ်မည်ဟု မြောက်ကိုရီးယား၏ ထိပ်တန်း စစ်ဘက်အရာရှိ တစ်ဦးက ခြိမ်းခြောက်လိုက်သည်။