ဘီဘာလီဟေးလ်က Steak House ဆိုတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားပြီး ကာဒီလက် အနက်ရောင် Escalade ကားကြီးနဲ့ စားသောက်ဆိုင်က ပြန်ထွက်လာတဲ့ ဂျက်စတင်ဘီဘာကို BMW ကား တစ်စီး က ဝင်တိုက်လိုက်တာပါ။
Wednesday, 25 June 2014
မီဒီယာအဖွဲ့များရေးဆွဲသည့် သတင်းမီဒီယာ နည်းဥပဒေကို ပြန်ကြားရေးဝန်ကြီး ဌာနသို့ ပို့တော့မည်

မြန်မာ သတင်းမီဒီယာလောကသားများအား သတင်းမီဒီယာ နည်းဥပဒေ အသိပေးခြင်း အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါရှိ မြန်မာနိုင်ငံ စာနယ်ဇင်းကောက်စီ(ယာယီ) ရုံးခန်းတွင် ဇွန်လ ၂၅ရက် နံနက်ပိုင်းက ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဟိန်းထက်၊မဇ္ဈိမ)
သတင်းမီဒီယာ အဖွဲ့အစည်းများကိုယ်တိုင် ရေးဆွဲထားသည့် သတင်းမီဒီယာ နည်းဥပဒေကို မတ်လမှ စတင်ကာ သုံးလကြာသည့်အထိ ရေးဆွဲပြီးနောက် ဇွန်လ ၂၈ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးပို့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဇွန်လ ၂၅ ရက်က ယင်းနည်းဥပဒေကို မီဒီယာသမားများကို ရှင်းလင်းပြသည့် ပွဲ၌ ပြောသည်။
အမျိုးသားတက္ကသိုလ်(၇)ခု သတ်မှတ်ရေးကို အဆင့်မြင့်ပညာရေး ဥပဒေ အတည်ပြုပြီးမှသာ စတင်အကောင်အထည်ဖော်နိုင်မည်
အမျိုးသားတက္ကသိုလ်(၇)ခု သတ်မှတ်ရေးကိုအမျိုးသားပညာရေး ဥပဒေကို အတည်ပြုပြီး နောက်ဆက်တွဲ ဥပဒေဖြစ်သည့် အဆင့်မြင့်ပညာရေးဥပဒေကို ရေးဆွဲအတည်ပြုပြီးမှသာ စတင်အကောင်အထည်ဖော်နိုင် မည်ဖြစ် သည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာဇော်မင်းအောင်ကပြောကြားခဲ့သည်။
မြိတ်မြို့နယ်တွင် မီးစက်သံဆူညံမှုကြောင့် ဆန္ဒပြမည်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရွှေပေးကျေးရွာတွင် မီးစက်ကြီးတစ်ခုမှာ လူနေအိမ်များကြားတွင် တည်ဆောက် ထားပြီး ဒေသခံများက စက်သံဆူညံမှုအားလျော့ချပေးရန် အာဏာပိုင်များနှင့် စက်ပိုင်ရှင် ထံသို့ တင်ပြတောင်းဆိုခဲ့သော်လည်း လိုက်လျောမှု မရှိသောကြောင့် ဆန္ဒ ထုတ်ဖော် သွားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မက္ကဆီကို မူးယစ်ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိပြီ

မက္ကဆီကိုစစ်သားတွေက နိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ တီဟွာနာမှာ မူးယစ်ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်ကို ဖမ်းမိပြီလို့ အစိုးရအရာရှိတွေက ဇွန် ၂၄ ရက်နေ့က ပြောပါတယ်။
ဘိလပ်မြေတွေ သင်္ဘောအစီးလိုက် အကြီးအကျယ် မှောင်ခို တင်သွင်းနေ

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် ဆိုပြီး နိုင်ငံတကာ ဆိပ်ကမ်းတွေကနေ ဘိလပ်မြေတွေ သင်္ဘော အစီးလိုက် တင်သွင်းလာပြီး ရန်ကုန်ရောက်မှ အိတ်သွတ် ဈေးကွက်တွင်း ပြန်လည် ရောင်းချမှုတွေ ရှိနေကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမည်မဖော်လိုသူ အရာရှိတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ပြင်ဦးလွင်မြို့မဟာမုနိမျက်ရှင်တော်ဘုရားကြီး ရောင်ခြည်တော်ကွန့်မြူး

မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်မြို့နယ် ရပ်ကွက်ကြီး(၂)နယ် မြေအတွင်းရှိ သာသနဟိတဓဇ နာယကဘွဲ့တံဆိပ်တော်ရ ရသေ့ ကြီး ဦးခန္တီတည်ထားကိုးကွယ်ခဲ့ သော မဟာမုနိမျက်ရှင်တော်ဘုရား ကြီး၏ဂန္ဓကုဋိတိုက်အပေါ်ဘုံအဆင့် စိန်ဖူးတော်မှ ရောင်ခြည်တော်များ ကွန့်မြူးဖြာထွက်နေသည်ကို ယခု လ ၁၉ ရက် ည ၈ နာရီကျော်က ရပ်ကွက်ပြည်သူတစ်ဦးတွေ့ရှိရာ ရပ်ကွက်အတွင်း သတင်းပျံ့နှံ့မှု ကြောင့် လာရောက်ဖူးမြော်သူများ နေ့စဉ်စည်ကားလျက်ရှိသည်။
တယ်လီနော နယ်ဆင်း ဈေးကွက်ရှာ စည်းရုံး

နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာ နယ်မြို့တွေကို ဆင်းပြီး ကုမ္ပဏီရဲ့ ၀န်ဆောင် မှု ဆိုင်ရာ ကိစ္စတွေကို ရှင်းလင်းပြောဆိုပြီး ဈေးကွက် ရှာဖွေမှုတွေ စ လုပ်နေပြီလို့ သတင်း ထုတ်ပြန်ပါတယ်။
တွင်းတောင်ကို ဘယ်လိုပြန်အသက်သွင်းမလဲ

စိမ်းပြာရေညှိထုတ်လုပ်ရာ တွင်းတောင်အားတွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)
မရောက်တာကြာပြီဖြစ်သည့် တွင်းတောင်သို့ ၂၀၁၃ တွင် ပြန်ရောက်လာသော တွင်းတောင်ရွာသား ဦးငွေမောင်သိန်းတစ်ယောက် တွင်းတောင်အတွင်းမှ ရေများကိုကြည့်ကာ အံ့သြသွားသည်။
၂၀၁၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို ရုပ်ရှင်အစည်းအရုံးမှ ပထမဆုံး တာဝန်ယူပေးအပ်ချီးမြှင့်သွားမယ်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးအပ်ချီးမြှင့်ခြင်းကို ၁၉၅၂ခုနှစ်မှ စတင်ပေးအပ်ခဲ့ရာက ပြန်ကြားရေးဝန်ကြီးဌာန မှတာဝန်ယူပေးအပ်ချီုးမြှင့်ခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်ထိပေးအပ်ခဲ့ပြီးဖြစ်ရာ ၂၀၁၃ခုနှစ်မှစတင်ကာ ရုပ်ရှင်အစည်းအရုံးကနေ တာဝန်ယူပေးအပ်မှာ ဖြစ်တာကြာင့် အကယ်ဒမီနဲ့ ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ဖြစ်ပုံတွေကို မေးဖြစ်ခဲ့တဲ့အခါ “၂၀၁၃ခုနှစ်အတွက် ရွေးချယ်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီရွေးချယ်ရေး ပထမအဆင့်မှာ ဝါရင့်အနုပညာရှင် အများအပြားပါဝင်ဖို့ စီစဉ်နေပါတယ်။ ရွေးချယ်စီစစ်ရေး ပထမအဆင့်ကို ဇူလိုင်လဆန်းမှာ စတင်စီစစ်မှာဖြစ်ပြီး ပါဝင်မယ့် အဖွဲ့များ စာရင်းကို ဇွန်လကုန်ပိုင်းမှာ ထုတ်ပြန်ကြေညာသွားမှာပါ။ ၂၀၁၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ခြင်းကို ရုပ်ရှင်အစည်းအရုံးက တာဝန်ယူပေးအပ်ခွင့်ရရှိမှာဖြစ်ပြီးတော့ ယခုနှစ်မှာ အကယ်ဒမီ ရွေးချယ်စီစစ်ရေး အဆင့်နှစ်ဆင့်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။ အကယ်ဒမီ ရွေးချယ်စီစစ်ရေး ပထမအဆင့်အတွက် လူစာရင်းတွေ လျာထားညှိုနှိုင်းနေတယ်။ ဝါရင့် အနုပညာရှင်တွေ အများအပြား ပါဝင်နိုင်အောင်လည်း ဆောင်ရွက်နေပါတယ်။ အဆင့်နှစ်ဆင့်နဲ့ ရွေးချယ် စီစစ်သွားမှာပါ။
နိုင်ငံသား ၁၀ ဦး တိုင်ကြားရုံဖြင့် တပ်မတော်သားအမတ်များကို တာဝန်မှရပ်စဲနိုင်မည့် ဥပဒေ အမျိုးသားလွှတ်တော် အတည်ပြု
လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်အမတ် တာဝန်မှ ရပ်စဲလိုပါက နိုင်ငံသားတစ်ဦးက ခေါင်းဆောင်ကာ နိုင်ငံသား ၁၀ ဦး၏ ခိုင်လုံသည့် အသိသက်သေလက်မှတ်ဖြင့် တာဝန်မှ ပြန်လည်ရပ်ဆိုင်းနိုင်သည့် ဥပဒေကို အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်နေ့ ဇွန်လ ၂၄ ရက်က အတည်ပြုလိုက်သည်။“လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေ”ကို အမျိုးသားလွှတ်တော်တွင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များနှင့် အမျိုးသား လွှတ်တော်ကော်မတီက ပြင်ဆင်ချက်များကို အပိုဒ်လိုက် အတည်ပြုလိုက်ခြင်းဖြစ်သည်။ တပ်မတော်ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီးတိုင်ကြားချက်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အကြောင်းကြားချက်ရသည့်အခါ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းကြောင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်း မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် သက်ဆိုင် ရာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်များကို ပြန်လည်ပေးပို့ရမည်ဖြစ်သည်။
အမျိုးသားတစ်ဦး လျှပ်စစ်ဓာတ်ကြိုးပေါ် လဲကျရာမှ ဓာတ်လိုက်သေဆုံး
ရွှေပြည်သာမြို့နယ် ဏ/၁၄ ရပ်ကွက် မိုးမောက် (၁) လမ်းထိပ်တွင် ဇွန်လ ၂၃ ရက်နေ့ ည ၁၁ နာရီခွဲခန့်က အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ချော်လဲပြီး လျှပ်စစ်ဓာတ်ကြိုးပေါ် လဲကျရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း လှော်ကား နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ယင်းလမ်းတွင် နေထိုင်သူကို အောင်ပိုင်ဦးမှာ ၎င်း၏သူငယ်ချင်းနှင့် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်စဉ် လမ်းထိပ်တွင် ချော်လဲပြီး လမ်းဘေးသို့ အိကျကာ မြေကြီးနှင့် ကပ်နေသော ဓာတ်ကြိုးပေါ် လဲကျခဲ့ကြောင်း၊ ယင်းနောက် ဓာတ်လိုက်ပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း လှော်ကားနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။“ကောင်လေးက လက်ဖက်ရည်ဆိုင်သွားရင်း လမ်းကမိုးရေနဲ့ ချောနေတော့ ချော်လဲပြီး ဓာတ်ကြိုးပေါ် လက်ထောက်ပြီးကျတာ။ ဓာတ်ကြိုးကလည်း ပေါက်နေတော့ ဓာတ်လိုက်ပြီး လဲသွားတယ်၊ သူ့ သူငယ်ချင်းရယ် ဓာတ်လိုက်တဲ့ ကောင်လေးရဲ့ အဖေတို့က ဆေးရုံပို့ပေမယ့် လမ်းမှာဆုံးသွားတယ်” ဟု ဏ/၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက ပြောကြားသည်။
ယင်းလမ်းတွင် နေထိုင်သူကို အောင်ပိုင်ဦးမှာ ၎င်း၏သူငယ်ချင်းနှင့် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်စဉ် လမ်းထိပ်တွင် ချော်လဲပြီး လမ်းဘေးသို့ အိကျကာ မြေကြီးနှင့် ကပ်နေသော ဓာတ်ကြိုးပေါ် လဲကျခဲ့ကြောင်း၊ ယင်းနောက် ဓာတ်လိုက်ပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း လှော်ကားနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။“ကောင်လေးက လက်ဖက်ရည်ဆိုင်သွားရင်း လမ်းကမိုးရေနဲ့ ချောနေတော့ ချော်လဲပြီး ဓာတ်ကြိုးပေါ် လက်ထောက်ပြီးကျတာ။ ဓာတ်ကြိုးကလည်း ပေါက်နေတော့ ဓာတ်လိုက်ပြီး လဲသွားတယ်၊ သူ့ သူငယ်ချင်းရယ် ဓာတ်လိုက်တဲ့ ကောင်လေးရဲ့ အဖေတို့က ဆေးရုံပို့ပေမယ့် လမ်းမှာဆုံးသွားတယ်” ဟု ဏ/၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက ပြောကြားသည်။
ယာဉ်(၂)စီးမျက်နှာချင်းဆိုင်တိုက်မိသဖြင့် ယာဉ်မောင်း(၂)ဦးနှင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၃)ဦးတို့ ဒဏ်ရာရ
၂၄.၆.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ဥတိုကျေးရွာ၊ မိုင်တိုင် အမှတ်(၅၄/၇)အနီးတွင် ယာဉ်(၂)စီးမျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက် အရိပ်ရ သစ်ပင်များ စိုက်ပျိုးမည်
မန္တလေးမြို့၊ တောင်စလင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တသိက္ခနှင့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့၏ စီစဉ်မှုဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက်တွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးမြို့ ဗုဒ္ဓ ဘာသာသနာ ပြန့်ပွားရေး အသင်းချုပ် ဥက္ကဋ္ဌ ဦးလှဝင်းက The Messenger Media သို့ပြောသည်။
နှစ်နိုင်ငံသင်္ဘောတွေတိုက်မိမှုတွေကို ပြသခဲ့သည့်ဗီယက်နမ်နိုင်ငံ

ဗီယက်နမ်အစိုးရပိုင်ရုပ်သံဌာနဟာ တောင်တရုတ်ပင်လယ်အတွင်း တိုက်မိခဲ့တဲ့ဗီယက်နမ် သင်္ဘောနဲ့ တရုတ် သင်္ဘောတွေ ရဲ့ ပုံတွေကိုထုတ်လွှင့်ပြသခဲ့တယ်လို့ သိရပါတယ်။ဗီယက်နမ်နိုင်ငံပိုင်ရုပ်သံဌာနဟာ တရုတ်သင်္ဘောနဲ့ ဗီယက်နမ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်းမှာ ၀င်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဓါတ်ပုံတွေကိုပြသခဲ့ပြီး တရုတ်သင်္ဘောတွေဟာ ဗီယက်နမ်အစိုးရက ကင်းလှည့်ရေယာဉ်ကို ၀ိုင်းရံပြီးရေ ပိုက်တွေနဲ့ ထိုးခဲ့ကြတယ်လို့လည်း ဗီယက်နမ်နိုင်ငံပိုင် ရုပ်သံဌာနက တနင်္လာနေ့နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
နှစ်ပေါင်း ၇၀ ကျော်ကြာမှ ပြန်တွေ့ခဲ့သည့် ပျောက်ဆုံးငှက်
နှစ်ပေါင်း ၇၀ ကျော်မှ ပြန်လည်တွေ့ရှိသော Jerdon's Babbler ငှက်တစ်ကောင်
ပဲခူးတိုင်းအတွင်းရှိ ဥတိုတစ်ဝိုက်မှ မြက်ခင်းတောများတွင် ပျောက်ဆုံးငှက်ရှာဖွေနေသော လေ့လာရေး ပညာရှင် အဖွဲ့အတွက် မေလနောက်ဆုံးပတ်၏ ညနေခင်းတစ်ခုသည် အဖိုးဖြတ်မရသော ညနေခင်း တစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် (၇၃)နှစ်ကြာ တွေ့ရှိခြင်းမရှိသော မြက်ခင်းတောများတွင်သာ ကျက်စား သည့် Jerdon's Babbler ငှက်မျိုးစိတ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ
မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း ဖောက် ထွင်းခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
ဒုဝန်ကြီးတို့၏ ချီးမြှင့်ငွေနှင့် အဆောင်အယောင်များ ရရှိမည်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးများရရှိသည့် ချီးမြှင့်ငွေနှင့် အဆောင်အယောင်များကို ရရှိမည်ဖြစ်ပြီး ကော်မရှင်အတွင်းရေးမှူးသည် ဒုတိယ၀န်ကြီးအဆင့် ချီးမြှင့်ငွေ နှင့် အဆောင်အယောင်များကို ခံစားခွင့်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်တွင် ပြန်လည်ပြင်ဆင်အ တည်ပြုချက် အရ ကော်မရှင်ဥက္က ဋ္ဌနှင့် အတွင်းရေးမှူးတို့သည် အ ထက်ပါအတိုင်း ချီးမြှင့်ငွေနှင့် အ ဆောင်အယောင်များ ရရှိမည်ဖြစ်သည်။ ၂၀၁၄ မတ်လ ၃၀ ရက်တွင် ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သောအဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေမှ အချို့သော ပုဒ်မများကို လွှတ်တော်က ပြန်လည် ပြင်ဆင်ခဲ့ရာ ကော်မတီက နိုင်ငံတော်သမ္မတမှ သတ်မှတ်ပြင်ဆင်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည့် ချီးမြှင့်ငွေနှင့် အဆောင်အယောင်များကို ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီက အထက်ပါအတိုင်း ပြင်ဆင်၍ ဇွန်လ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော် က အတည်ပြုလိုက်ခြင်းဖြစ်သည်။
ကြားဖြတ်ရွှေးကောက်ပွဲဝင်ပြိုင်ရန် SNLD မဆုံးဖြတ်ရသေး
ရှမ်းအမျိုးသားဒီမိုကရေစီပါတီ လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသော် လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးကြောင်း သိရသည်။
ဦးဆန်းဆင့် ငွေအလွဲသုံးမှု ရှိမရှိ လွှတ်တော်စိစစ်မည်
သာသနာရေးဝန်ကြီးဌာနဘတ်ဂျတ်တွင် ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ ငွေအလွဲသုံးမှု ရှိမရှိ ဆိုသည်ကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီက စိစစ်သွားမည်ဟု ၎င်းကော်မတီဝင် ကော်မတီရုံးအဖွဲ့မှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမစမီ မဇ္ဈိမကို ပြောသည်။
Subscribe to:
Posts (Atom)