အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော အမျိုးသမီးခေါင်းဆောင် တစ်ဦး ထပ်မံပေါ်ထွက် လာနိုင်ခြေရှိသည်ဟု အင်န်အယ်လ်ဒီနာယက ဦးတင်ဦးက ဇွန် လ ၂ ရက်တွင် မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။
Tuesday, 3 June 2014
မူးယစ်ဥပဒေတွင် ဆေးဝါးပမာဏကို ပြင်ဆင်ဖြေလျှော့ရန် စီစဉ်
မူးယစ်ဥပဒေတွင် သုံးစွဲ ရန် လက်ဝယ်ထားရှိသည့် မူးယစ် ဆေးဝါးအလေးချိန်နှင့် ပမာဏကိုပြင် ဆင်ဖြေလျှော့ရန် စတင်စဉ်းစားနေပြီး ဆေးဝါးသုံးစွဲသူကိုဆေးသုံးစွဲရုံဖြင့် ထောင်ချခြင်း မပြုလုပ်ဘဲ ဖေးမ ကူညီရန် ဖြစ်ကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံကိန်းဌာနမှ ဌာနမှူးရဲမှူးကြီး ဇော်လင်းထွန်း ကပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် ပြဿနာမှာ ကြုံတွေ့နေကျ ပြဿနာသာ ဖြစ်ဟုဆို

မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာမှာ နယ်စပ်ချင်းထိစပ်နေသည့်နိုင်ငံတိုင်း ကြုံ တွေ့နေကျ ပြဿနာ ဖြစ်ပြီး စစ်ဖြစ်လောက်သည့်အနေအထားမဟုတ်ဘဲ လူမှုကွန်ရက်နှင့် အင်တာနက်မှ လှုံ့ဆော်သည့် သတင်း များကြောင့် ပိုမိုကြီးထွားသွား သယောင်ဖြစ်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြားသည်။
မြန်မာအလုပ်သမားများ ကားမှောက်၊ ၂ ဦးသေ ၁၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရာကန်ခရိုင်ထဲမှာ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး ဒီနေ့တိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြ ပါတယ်။
နိုက်ဂျီးရီးယားတွင် ဘောလုံးကွင်း၌ ဗုံးကွဲပြီး လူ(၄၀)ကျော်သေဆုံး

နိုက်ဂျီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဒေသတွင် ဘောလုံးပွဲ ပရိသတ် များကြား ဗုံးခွဲခဲ့ရာ အနည်းဆုံး လူ(၄၀)မျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘိုကိုဟာရမ် အစ္စလာမ်မစ် အစွန်းရောက် ပြောက်ကျားများက
ယခု တိုက်ခိုက်မှု ကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ယူဆရပြီး လတ်တလောတွင်မူ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ခံခြင်း မရှိချေ။ အစောပိုင်းတွင် BBCသတင်းဌာနက ဗုံးကွဲမှုသည် ဘောလုံးပွဲကို TVမှ အတူတကွ စုရုံးကြည့်ရှုနေသည့် အရက်ဆိုင် တစ်ခု၌ ဗုံးကွဲခဲ့ခြင်းဟု ဖော်ပြခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးဝန်ကြီး အဖွဲ့ မြန်မာအပါအဝင် အာရှ ၃ နိုင်ငံခရီးစဉ်

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker Penny
အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker ဦးဆောင်တဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ အခု သီတင်းပတ်ထဲ မြန်မာအပါအ၀င် အာရှခရီးစဉ် စတင်နေပြီဖြစ်ပါတယ်။
အိုဘားမား ဥရောပခရီးစတင်

ဥရောပခရီးထွက်ခွာတော့မယ့် သမ္မတအိုဘားမား
အမေရိကန်သမ္မတအိုဘားမားဟာ အမေရိကန်စံချိန် အခုတနင်္လာနေ့ ညပိုင်းမှာ ဥရောပခရီးစဉ် ထွက်ခွာသွားပြီး ခရီးစဉ်အတွင်း ပိုလန်၊ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ဖို့ ရှိနေပါတယ်။
မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြတ်မင်းကို နည်းပြချုပ်အဖြစ် KBZ အသင်း ခန့်အပ်

မြန်မာ့လက်ရွေးစင်နှင့် KBZ အသင်း၏ ကစားသမားဟောင်းဖြစ်သူ ဦးစိုးမြတ်မင်းသည် KBZ အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမည်ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ကြောင်းတစ်နေရာအား တွေ့ရစဉ်
သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချရန် ပြင်ဆင်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ် နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ပြီး သစ်နှင့် သတ္တုသယံဇာတ များအား ထုတ်ယူသည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်သာချမှတ်ခဲ့

တရုတ်-မြန်မာနယ်စပ် ၀င်/ထွက်ပေါက် တစ်ခုဖြစ်သည့် မူဆယ်နန်းတော် နယ်စပ်ဂိတ်ကို တွေ့ရစဥ်(ဓာတ်ပုံ-နီလာ)
မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ကာ သစ်နှင့် သတ္တုသယံဇာတများအား ရှာဖွေခဲ့သည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်များသာ ချမှတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ငွေနှင့် ပြည်နှင်ဒဏ်ပေးသည့် ပြစ်ဒဏ်သာ အများဆုံးချမှတ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရေးအခြေအနေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးပြဿ နာ စတင်ရင်ဆိုင်လာရ
ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာ- ထိုင်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုအပေါ် သက်ရောက်မှုနည်းပါးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနများမှ သိရသည်။
စပိန်အသင်း ၀ါရှင်တန်သို့ မထွက်ခွာမီ ၀န်ကြီးချုပ်တွေ့ဆုံနှုတ်ဆက်၊ တနင်္လာနေ့ လူစုံလေ့ကျင့်မှုတွင် ဒီယေဂိုကော်စတာ ပါဝင်နိုင်ခဲ့

ကမ္ဘာ့ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ စပိန်အသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့သို့ ထွက်ခွာသွားခဲ့ပြီး ယင်းကဲ့သို့မထွက်ခွာမီ စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက တွေ့ဆုံနှုတ်ဆက်၍ ဆုတောင်းစကား ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။
ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် နေအိမ်သုံးလုံး မီးလောင်ရာမှ ကလေးနှစ်ဦး သတိမေ့ကာ ဆေးရုံတင်ရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်း အုပ်စု (၃)တွင် ဇွန် ၂ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်က နေအိမ်သုံးလုံးမီးလောင်ကျွမ်းရာမှ ကလေးနှစ်ဦး သတိမေ့ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။
တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု

ဇွန် ၂ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
လက်ရှိကျင့်သုံးနေသည့် ပြည်ထဲရေး ၀န်ကြီးဌာန၏ တည်ဆဲဥပဒေများအပြင် တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန်လိုအပ်ကြောင်း အကြံပြုချက်များ ပါဝင် သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်က ဇွန် ၂ ရက်တွင် အတည်ပြုခဲ့သည်။
သီလ၀ါအထူး စီးပွားရေးဇုန် စီမံကိန်းအဆင့်များတွင် ကြုံရသည့် မြေယာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံများမှ JICA ၏ စစ်ဆေးရေး အရာရှိထံသို့ ကန့်ကွက်လွှာပေးပို့
သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအဆင့်များတွင် ကြုံတွေ့နေရသည့် မြေယာဆုံးရှုံးမှုများနှင့် ပတ်သက် ကာ ဒေသခံများမှ JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အေဂျင်စီ) စစ်ဆေးရေး အရာရှိထံသို့ ဇွန် ၂ ရက်တွင် ကန့်ကွက်လွှာ ပေးပို့ခဲ့သည်။
လက်ပံတောင်းစီမံကိန်း လုပ်ဆောင်နေသည့် တာဝန်ရှိသူများက ဒေသခံများကို ရန်သူသဖွယ် ဆက်ဆံနေဟု ရှင်းလင်း

မေ ၂၃ ရက် ၀မ်ပေါင်၏ ပလောင်ရွာစည်းရုံးရေး ခရီးစဉ်တွင် ကန့်ကွက်နေ သည့် ဒေသခံဦးညိုနှင့် ၀မ်ပေါင်မှ တာဝန်ရှိသူများကို တွေ့ရစဉ်
လက်ပံတောင်းတောင်စီမံကိန်း လုပ်ဆောင်နေသည့် မြန်မာ့စီးပွားရေးဦးပိုင်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် တာဝန်ရှိသူများက ဒေသခံများကို ရန်သူသဖွယ် ဆက်ဆံနေသည်ဟု ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျုက ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ဇွန် ၂ ရက်က ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်သိရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ စက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရ

မတော်တဆမှုဖြစ်ပွားခဲ့သည့် စက်ခေါင်းအမှတ် RBE 2540 ရထားအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ ရထားစက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရရှိမှု ဇွန် ၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့သည်။
ရွှေတြိဂံနယ်မြေ ဘိန်းအထွက် ၂ ဆပြန်တိုး

ရွေတြိဂံဒေသ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေဟာ ၆ နှစ် ဆက်တိုက် တိုးများလာနေတယ်လို့ နယ်သာလန်အခြေစိုက် TNI Transnational Institute ရဲ့ အစီရင်ခံစာ သစ်မှာ ဖော်ပြပါတယ်။
ယူကရိန်းအရှေ့ဖက်ဒေသ တိုက်ပွဲ ပြင်းထန်ဆဲ

ယူကရိန်း အရှေ့ဘက် ရှိ ရာဂဏန်း ချီတဲ့ ခွဲထွက်ရေး သမားတွေ ဟာ လူဟန့်စ်မြို့ အနီးက၊ နယ်စပ် ဗဟို ကွပ်ကဲရေး စခန်း ကို တိုက်ခိုက်တဲ့ အခါ မှာ စစ်သွေးကြွ ၅ ယောက် သေဆုံးပြီး၊ ၈ ယောက် ဒဏ်ရာ ရတဲ့ အကြောင်း နယ်စပ် အေဂျင်စီ သတင်း က ပြောပါတယ်။
Monday, 2 June 2014
နယ်စပ်ပြဿနာ ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံအစည်းအဝေး ရက်ပိုင်းအတွင်း ပြုလုပ်မည်
အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသသို့ အကြမ်းဖက် သောင်း ကျန်းသူများ မဝင်ရောက်နိုင်ရေး၊ နယ်စပ်ပြဿနာများ ထပ်မံမပေါ်ပေါက် စေရေးတို့အတွက် အလံတင် အစည်းအဝေး တစ်ရပ်ကို ရက်ပိုင်းအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းမှတစ်ဆင့် ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
Subscribe to:
Posts (Atom)