Friday, 25 April 2014

အမေရိကမှာ အမြင့်ဆုံး ဈေးနဲ့ ရောင်းချခဲ့တဲ့ အိမ်

ပုံမှာ မြင်တွေ့ နေရတဲ့ အိမ် တစ်လုံး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ Greenwich မြို့ နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ အိမ်တစ်လုံး ဖြစ်ပါ တယ်။ ရောင်းချ စရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရှိတာ ကြောင့် အမေရိက မှာ ဈေးအကြီးဆုံး နဲ့ ရောင်းချ ခဲ့ရတဲ့ အိမ် အဖြစ် စံချိန် တင်သွား ပါတယ်။

တယ်လီနော တာဝါတိုင် ၂၄၀၀ ဆောက်မည်

Photo: တယ်လီနော တာဝါတိုင် ၂၄၀၀ ဆောက်မည်
Friday, April 25, 2014

လုပ်ငန်း စတင်ပြီး ၁ နှစ်တာ ကာလအတွင်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးက စိုက်ထူထားတဲ့ တာဝါတိုင်အရေအတွက်ကို ကျော်လွန်ပြီး အခြေခံ အဆောက်အဦနဲ့ တာဝါတိုင် စုစုပေါင်း ၂၄၀၀ စိုက်ထူသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

index1တာဝါတိုင် စိုက်ထူရေးအတွက် စင်ကာပူအခြေစိုက် စိမ်းလမ်းသော ဧရာဝတီ နည်းပညာ ကုမ္ပဏီနဲ့ အိန္ဒိယအခြေစိုက် အပိုလိုတာဝါ ကုမ္ပဏီတွေ ကို ဆပ်ကန်ထရိုက် ပေး ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာ့ဆက်သွယ်ရေး ဟာ တာဝါတိုင် ၂၀၀၀ ကျော် စိုက်ထူ ထားပြီး အော်ရီဒူး ကုမ္ပဏီကလည်း တာဝါတိုင်တွေ စိုက်ထူနေ ပါတယ်။

နောက်ပိုင်း အော်ပရေတာတွေအားလုံး တာဝါတိုင်တွေကို မျှဝေ သုံးစွဲကြမယ် လို့ မြန်မာ့ ဆက်သွယ်ရေး တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ဒီဗွီဘီ
လုပ်ငန်း စတင်ပြီး ၁ နှစ်တာ ကာလအတွင်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးက စိုက်ထူထားတဲ့ တာဝါတိုင်အရေအတွက် ကို ကျော် လွန်ပြီး အခြေခံ အဆောက်အဦနဲ့ တာဝါတိုင် စုစုပေါင်း ၂၄၀၀ စိုက်ထူသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ

Photo: ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ
Friday, April 25, 2014

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော်မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ ကျွန်မ တာလတ်ရွာက မူလတန်းပြဆရာမပါ။ တာလတ်ရွာမှာ လီဆူးတိုင်းရင်းသားနဲ့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိပါတယ်။ တာလတ်ရွာက သမီးတို့ထွက်ပြေးလာတာ မတ်လဆန်းကပါ။ မှတ်မှတ်ရရ ကျွန်မ ခင်ပွန်းရဲ့ ဖခင်ရက်လည်ပြီးနောက်ရက်ကပါ။ သမီးတို့ ရွာကိုလွန်ခဲ့တဲ့နှစ်ကလည်း ပလောင်စစ်တပ်(TNLA)က စစ်သားတွေလာတယ်။ ရွာမှာပလောင်စစ်သားလာစုဆောင်းတာပါ။ ရွာမှာရှိတဲ့ လူငယ်လူရွယ်တွေကထွက်ပြေးပြီး အမျိုးတွေရှိရာ လားရှိုး၊ နမ္မတူ၊ ကျောက်မဲဘက်ပြေးကြရတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပလောင်စစ်တပ်က လူသစ်လာစုတယ်။ ဖေဖော်ဝါရီ(၂၈)ရက်နေ့ ညသန်းခေါင်လောက်မှာ လူ ၂ ယောက် ရွာကိုရောက်လာတယ်။ သူတို့နှစ်ယောက်စလုံး ယူနီဖောင်းဝတ်ထားတယ်။ ပလောင်စကားပြောတယ်။ သမီးရဲ့ယောက်ကထီး ဦးမောင်စိန် နဲ့စိုင်းမြင့်အောင်တို့ (၂)ယောက်ကို လာခေါ်သွားတယ်။ သူတို့လာခေါ်တာ ရွာက လူတွေမြင်လိုက်ကြပါတယ်။ နောက်နေ့ မနက်ရောက်တော့ ဦးမောင်စိန်နဲ့ စိုင်းမြင့်အောင်တို့ကို လက်ဖက်ခြံထဲမှာ သေနေတာတွေ့ကြရတော့ တစ်ရွာလုံးကြောက်ကြတယ်။ ဒါနဲ့ ရက်လည်ပြီးနောက်နေ့မှာ ကျွန်မတို့ နေရပ် စွန့်ခွာထွက်ပြေးလာရပါတယ် ’’ ဟု နေရပ်စွန့်ခွာလာသူ မဖြူဖြူဝင်းက ပြောသည်။

“ ဒီရွာကိုရောက်လာတဲ့ လီဆူးအိမ်ထောင်စုပေါင်း(၅၇)အိမ်ထောင်စုပါ လူပေါင်း(၂၇၀)ရှိပါတယ်။ ကလေး သူငယ်(၈၀)လောက်ပါတယ်။ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်း ပါတယ်။ တစ်ရွာလုံးပြေးလာတာ လောလောဆယ်သူတို့ကို အီနိုင်းရွာမှာရှိတဲ့ လီဆူးတိုင်းရင်းသားတွေနေထိုင်ရာ အနီးအနားမှာ နေရာချထားပေး ပါတယ်။ လတ်တလောမှာ သူတို့အလုပ်အကိုင်မရှိတော့ စားဝတ်နေရေးခက်ပါတယ်။ စေတနာရှင်တွေလာပြီး လှူတာ၊ ကူညီတာနဲ့ လောလောဆယ်ဘ၀ရပ်တည်နေကြပါတယ်။ လီဆူးအမျိုးသားအချို့ကတော့ ပြောင်းခြံပိုင် ရှင်တွေက နေ့စားအလုပ်သမားအဖြစ် ခေါ်ခိုင်းနေပါတယ် ” ဟု အီနိုင်းကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လီဆူးတိုင်းရင်းသားအများစုမှာ လက်ဖက်စိုက်ပျိုးခြင်းအပေါ် လုံးဝမှီခိုဘ၀ရပ်တည်နေသူများဖြစ်ပြီး၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် ဘ၀ကို ရိုးရိုးသားသားဖြတ်သန်းသူများဖြစ်ကြောင်းကိုလည်း လီဆူးတိုင်းရင်းသား လူငယ်တစ်ဦးက “ ပလောင်စစ်တပ်က စားစရာနဲ့ငွေကြေးကောက်ခံတော့ များများမပေးနိုင်ပါဘူး။ လူတွေ ကလည်း ပလောင်စစ်တပ်ထဲ မလိုက်ချင်ကြပါဘူး။ ရိုးရိုးသားသားပဲ လုပ်စားချင်တယ်။ မိသားစုတွေကလည်း များတယ်။ အခုလို နေရပ်စွန့်ပြေးရတော့ လောလောဆယ်အလုပ်ရှာလုပ်ရပါတယ်။ အလုပ်မရွေးလုပ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့စားရတဲ့ငွေနဲ့စားလို့ မလောက်တော့ ခက်တာပေါ့ ” ဟု ပြောသည်။

မမ - ရှမ်းမြောက် (လားရှိုး)
Hot News
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော် မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

အာရှ ယူ-၁၉ပြိုင်ပွဲတွင် မြန်မာအသင်း ထိုင်း၊ အီရန်၊ ယီမင် အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်

Photo: အာရှ ယူ-၁၉ပြိုင်ပွဲတွင် မြန်မာအသင်း ထိုင်း၊ အီရန်၊ ယီမင် အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်
Friday, April 25, 2014

မြန်မာနိုင်ငံတွင်လက်ခံကျင်းပမည့် ၂၀၁၄ ယူ-၁၉ပြိုင်ပွဲတွင် မြန်မာအသင်း သည် ထိုင်း၊ အီရန်၊ ယီမင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည်။

အာရှ ယူ၁၉ နောင်ဆုံးအဆင့်ပြိုင်ပွဲ မဲခွဲပွဲကို ယခုလ ၂၄ရက်နေ့ တွင် ရန်ကုန်မြို့ Park Royal ဟိုတယ် တွင် ကျင်းပခဲ့ပြီး အုပ်စု(က)တွင် အိမ်ရှင်မြန်မာ၊ ထိုင်း၊ အီရန်၊ ယီမင်း အုပ်စု(ခ)တွင် ဥဇဘက်ကစ္စတန်၊ သြစတြေလျ၊ ယူအေအီး၊ အင်ဒိုနီးရှား အုပ်စု(ဂ)တွင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ် အုပ်စု(ဃ)တွင် အီရတ်၊ မြောက်ကိုရီးယား၊ ကာတာ၊ အိုမန် အသင်းတို့ တစ်အုပ်စုတည်းကျရောက်လျှက်ရှိကြ သည်။
ယင်းပွဲစဉ်များကို ရန်ကုန်နှင့် နေပြည်တော်မြို့တို့တွင် ယခုနှစ် အောက်တိုဘာ ၉ရက်မှ ၂၃ရက်နေ့အထိ လက်ခံကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲရောက် ပြိုင်ပွဲဝင်လေးသင်းမှာ ၂၀၁၅ ကမ္ဘာ့ယူ-၂၀ပြိုင်ပွဲအား ၀င် ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

ယခုပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်များကို ၂၀၁၃ခု အောက်တိုဘာလအတွင်း
က ယှဉ်ပြိုင်ခဲ့ပြီး ၁၅သင်း ခြေစစ်ပွဲအောင်ကာ မြန်မာအသင်းမှာ အိမ် ရှင်ဖြစ်သောကြောင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မလိုအပ်ဘဲ ယခုအဆင့်သို့ အလိုလျောက်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Popular Myanmar News Journal
မြန်မာနိုင်ငံတွင်လက်ခံကျင်းပမည့် ၂၀၁၄ ယူ-၁၉ပြိုင်ပွဲတွင် မြန်မာအသင်း သည် ထိုင်း၊ အီရန်၊ ယီမင် အသင်း တို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည်။

နေအိမ်အတွင်း အိပ်ပျော်နေစဉ် ဆင်နင်းခံရ၍ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာနှင့် မန်ဖာလေးကျေးရွာတို့တွင် ယခုလ ၂၄ ရက် နံနက် ၄ နာရီအချိန်က ဆင်းတစ်ကောင်က အစွယ်ဖြင့်ထိုးကာ နင်းခဲ့သည့်အတွက် လူနှစ်ဦးသေဆုံးခဲ့သည်ဟု ကလေးဝမြို့နယ် သစ်တောဦးစီးမှူးရုံးက ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဂျပန်အစိုးရက ပညာရေးအပါအဝင် ကဏ္ဍသုံးခုအတွက် ကန်ဒေါ်လာ သန်း ၆၀နီးပါး ထောက်ပံ့

ဂျပန်အစိုးရက မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာသင်ဆု ပေးအပ်ရေး စီမံချက်အပါအဝင် ကဏ္ဍသုံးခုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀နီးပါး ထောက်ပံ့ကြေးပေးအပ်သည့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို ဧပြီလ ၂၄ရက်က နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။

အာရှယူ ၁၉ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာက အီရန်၊ ထိုင်း၊ ယီမင်တို့နှင့် တွေ့ဆုံ

Photo: အာရှယူ ၁၉ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာက အီရန်၊ ထိုင်း၊ ယီမင်တို့နှင့် တွေ့ဆုံ
Friday, April 25, 2014

လာမယ့် အောက်တိုဘာ ၉ ရက်ကနေ ၂၃ ရက်အထိ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ အသက် ၁၉ နှစ်အောက် အမျိုးသား အာရှဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (က)မှာ မြန်မာအသင်းဟာ အီရန်၊ ထိုင်း၊ ယီမင်တို့နဲ့ တအုပ်စုတည်းကျခဲ့ပါ တယ်။

unnamed4ဒီပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို ဧပြီ ၂၄ ရက်နေ့ ည ၇ နာရီက ပတ်ခ်ရွိုင်ရယ် ဟိုတယ်မှာ ရေးဆွဲခဲ့ တယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့ လူမှုရေး ကွန်ရက် ဖေ့ဘွတ် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။

မြန်မာအသင်းအနေနဲ့ အမြင့်ဆုံးက ကွာတားနဲ့ ဆီးမီးဖိုင်နယ်အထိ တက်ရောက်နိုင်ဖို့ မှန်းထားတယ်လို့ မြန်မာ့ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။

အုပ်စု (ခ) မှာတော့ ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှား၊ အုပ်စု (ဂ) မှာတော့ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်နဲ့ အုပ်စု (ဃ) မှာတော့ အီရတ်၊ မြောက်ကိုရီးယား၊ ကာတာနဲ့ အိုမန်တို့က တအုပ်စုတည်း ကျရောက်နေပါတယ်။

အာရှ ဘောလုံး အင်အားကြီးနိုင်ငံတွေ တအုပ်စုတည်း ကျရောက်နေတဲ့ အုပ်စု(ဂ)ကိုတော့ အုပ်စုကြပ်အဖြစ် သတ်မှတ်ထားပါတယ်။  ဒီဘောလုံးပွဲတွေကို နေပြည်တော်နဲ့ ရန်ကုန်မှာ အုပ်စု ၂ ခုစီ ယှဉ်ပြိုင် ကစားသွားမှာလည်း ဖြစ်ပါတယ်။

အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းက ၁၂ ကြိမ်၊ မြန်မာအသင်းက ၇ ကြိမ်၊ အစ္စရေးအသင်းက ၆ ကြိမ်၊ အီရတ်အသင်းက ၅ ကြိမ်၊ အီရန်အသင်းက ၄ ကြိမ်၊ မြောက်ကိုရီးယားအသင်းမှာ ၃ ကြိမ်၊ ဆော်ဒီအာရေဗျနဲ့ ထိုင်းအသင်းတို့က ၂ ကြိမ်စီနဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဆီးရီးယားနဲ့ အိန္ဒိယအသင်းတို့မှာ ၁ကြိမ်စီ ဗိုလ်စွဲထားကြသည်။

ဒီဗွီဘီ
လာမယ့် အောက်တိုဘာ ၉ ရက်ကနေ ၂၃ ရက်အထိ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ အသက် ၁၉ နှစ်အောက် အမျိုးသား အာရှဖလား ဘော လုံးပြိုင်ပွဲ အုပ်စု (က)မှာ မြန်မာအသင်းဟာ အီရန်၊ ထိုင်း၊ ယီမင်တို့နဲ့ တအုပ်စုတည်းကျခဲ့ပါ တယ်။

အိန္ဒိယ စစ်သင်္ဘောသုံးစင်း မြန်မာသို့ ချစ်ကြည်ရေး လာရောက်မည်

နှစ်နိုင်ငံ တပ်မတော် ချစ်ကြည်ရေး အစီအစဉ်အရ အိန္ဒိယရေတပ်မှ စစ်သင်္ဘော သုံးစင်းသည် ဧပြီလ နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဧပြီလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အာဆီယံထိပ်သီး အစည်းအဝေးများအတွက် ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခွင့် ထိုင်းကုမ္ပဏီရရှိ

နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများတွင် ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခွင့် Sponsor, ship Manage အခြေစိုက် Kantana and JK Consulting Management ကုမ္ပဏီက တရားဝင် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။

ကျောင်းအခြေပြု မူကြိုကျောင်းများ ဖွင့်လှစ်ရေး စီမံကိန်း စတင်ရေးဆွဲ

Photo: ကျောင်းအခြေပြု မူကြိုကျောင်းများ ဖွင့်လှစ်ရေး စီမံကိန်း စတင်ရေးဆွဲ
Friday, April 25, 2014

နိုင်ငံတစ်ဝန်း မူကြိုကျောင်း မရှိသော မြို့နယ်များတွင် ပညာရေး ဝန်ကြီးဌာန အသုံးစရိတ်ဖြင့် ကျောင်းအခြေပြု မူကြိုကျောင်းများ ဖွင့်လှစ်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့မှ စတင်ပြီး စီမံကိန်း ရေးဆွဲနေပြီ ဖြစ်ကြောင်း အဆိုပါ စီမံကိန်းတာဝန်ခံ ပါမောက္ခ ဒေါ်မျိုးမြင့်ကြူက The Voice သို့ ပြောကြားသည်။

အစိုးရ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ်တွင် ကျောင်းအခြေပြု မူကြိုကျောင်းများအတွက် အသုံးစရိတ် ထည့်သွင်းရန် ယင်းစီမံကိန်း ရေးဆွဲရခြင်းဖြစ်ရာ စီမံကိန်း ရေးဆွဲနေစဉ် ကာလအတွင်း နိုင်ငံတကာ အလှူရှင်များ ပေါ်ပေါက်ခဲ့လျှင်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်နိုင်ဖွယ် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ကတည်းက ရပ်ရွာလူထုပံ့ပိုးမှုနှင့် ကျောင်းအခြေပြု မူကြို သုံးထောင်နီးပါး ဖွင့်လှစ်ထားပြီး ဖြစ်၍ ဦးစားပေး ဖွင့်လှစ်မည့် ဒေသများကို ပညာရေး ဝန်ထမ်းများနှင့် ပြန်လည် ဆွေးနွေးနေရကြောင်း ဒေါ်မျိုးမြင့်ကြူက ဆိုသည်။

အဆောက်အအုံ ဆောက်လုပ်ရေး၊ သင်ကြားရေးနှင့် အစားအသောက် အစီအစဉ်များအတွက် ဧပြီလ ၂၄ ရက်နေ့တွင် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး စတင်ပြုလုပ်ခဲ့ပြီး စီမံကိန်း ကုန်ကျစရိတ်အတွက် အစည်းအဝေးများ ထပ်မံပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။

အခြေခံပညာ မူလတန်းကျောင်းများတွင် မူကြိုတန်းတစ်တန်း ထပ်တိုးသင်ကြားရန် ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ပညာရေး ဝန်ကြီးဌာန၏ ပညာရေးမြှင့်တင်မှု အစည်းအဝေး ပွဲများတွင် ထည့်သွင်းထားခဲ့ပြီး ကျောင်းအခြေပြု မူကြိုများနှင့် ဆက်စပ်သင်ကြားမည့် အစီအစဉ် ရှိ၊ မရှိကိုမူ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက ဖြေကြားခြင်း မရှိခဲ့ချေ။

“မြို့နယ်တစ်ခုမှာ ကျောင်းဘယ်လောက် ဖွင့်ပါလို့ ဦးစီးတွေက မတိုက်တွန်းပါဘူး။ အောက်ခြေက တင်ပြတဲ့အတိုင်း လုပ်သွားမှာ” ဟု ကျောင်းအခြေပြု မူကြိုဖွင့်လှစ်ရေး စီမံကိန်းတာဝန်ခံ ဒေါ်မျိုးမြင့်ကြူက ပြောကြားသည်။

အစိုးရက မူကြိုကျောင်းများ အသုံးစရိတ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ခွဲဝေပေးခဲ့ရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပညာရေး ဝန်ကြီးဌာန ကျောင်းအခြေပြု မူကြိုများကိုလည်း ထပ်တိုးပံ့ပိုးရန် ကျောင်းအခြေပြု မူကြို စီမံကိန်း ရေးဆွဲခြင်း ဖြစ်သည်။

The Voice Weekly
နိုင်ငံတစ်ဝန်း မူကြိုကျောင်း မရှိသော မြို့နယ်များတွင် ပညာရေး ဝန်ကြီးဌာန အသုံးစရိတ်ဖြင့် ကျောင်း အခြေပြု မူကြိုကျောင်းများ ဖွင့်လှစ်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့မှ စတင်ပြီး စီမံကိန်း ရေး ဆွဲနေပြီ ဖြစ်ကြောင်း အဆိုပါ စီမံကိန်းတာဝန်ခံ ပါမောက္ခ ဒေါ်မျိုးမြင့်ကြူက The Voice သို့ ပြောကြားသည်။

အိန္ဒိယ စစ်သင်္ဘောသုံးစင်း မြန်မာသို့ ချစ်ကြည်ရေး လာရောက်မည်

နှစ်နိုင်ငံ တပ်မတော်ချစ်ကြည်ရေးအစီအစဉ်အရ အိန္ဒိယရေတပ်မှ စစ်သင်္ဘောသုံးစင်းသည် ဧပြီလ နှောင်း ပိုင်း တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဧပြီလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲမှုနှင့်အတူ အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် တစ်ရက်တည်း ခုနစ်ဦးသေဆုံး

မန္တလေးတွင် အပူချိန်လွန်ကဲမှုနှင့်အတူ အရက်အလွန်ကျွံသောက်သုံးမှုကြောင့် တစ်ရက်တည်း လူခုနစ်ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများကိုဖျက်၍ အရက်၊ ဘီယာဆိုင်၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်းများ လုပ်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ထပ်မပေးတော့ဟု စည်ပင်ပြောကြား

Photo: ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများကိုဖျက်၍ အရက်၊ ဘီယာဆိုင်၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်းများ လုပ်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ထပ်မပေးတော့ဟု စည်ပင်ပြောကြား
Friday, April 25, 2014

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများဖျက်၍ အရက်ဘီယာဆိုင်၊ ရှော့ပင်းစင်တာနှင့် အခြားစီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ယခုနောက်ပိုင်းတွင် ထပ်မပေးတော့ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိပြီး ပန်းခြံစုစုပေါင်း ၆၃ ခု (တစ်မြို့နယ်ပျမ်းမျှ နှစ်ခုနီးပါး)နှင့် အားကစားကွင်း ၉၉ ခု (တစ်မြို့နယ်ပျမ်းမျှသုံးခု)သာ ရှိကြောင်း သိရသည်။

အများပြည်သူ အပန်းဖြေရာ ပန်းခြံနှင့် အပန်းဖြေဥယျာဉ်များအတွင်း ပုဂ္ဂလိကသို့ အရက်ဘီယာ၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်း လုပ်ကိုင်ရန် ပေးခဲ့မှုများမှာ များပြားစွာရှိခဲ့ပြီး အဆိုးဆုံးအနေဖြင့် ရွှေတိဂုံဘုရားနှင့် မျက်နှာချင်းဆိုင် အများပြည်သူ အပန်းဖြေရာ ပြည်သူ့ဥယျာဉ်အတွင်း ရှော့ပင်းစင်တာ တည်ဆောက်လုပ်ကိုင်ခွင့် ပေးမှုနှင့် ဧက ၁၀၀ ကျော်ကျယ်ဝန်းသော ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်အတွင်း ဧက ၆၀ ကျော်ကို ကုမ္ပဏီသုံးခုသို့ လုပ်ကိုင်ခွင့် ပေးခဲ့မှုဖြစ်သည်။

ထိုသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းများမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ကြောင်းနှင့် ယခုနောက်ပိုင်းတွင် ပန်းခြံများအတွင်း အရက်ဘီယာနှင့် စီးပွားဖြစ်လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ယင်းအပြင် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ ကန်သာယာပန်းခြံ၊ ၈ မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံများအတွင်း စီးပွားဖြစ်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေသည့် အပေါ်၌လည်း ပန်းခြံအဖြစ်သာ ထားရှိပြီး ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည် မဟုတ်ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်၍ အတည်ပြု ပြောကြားခဲ့သည်။

ဧက ၁၀၀ ကျော်ကျယ်ဝန်းသော ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ဧက ၆၀ ကျော်ကို လုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများမှာ Natural World၊ Happy Zone၊ ရေလွှာကစားနည်း ကုမ္ပဏီတို့ဖြစ်ပြီး ယခင် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်က လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ကန်တော်မင်၊ မြိုင်ဟေ၀န်၊ မြကျွန်းသာ၊ ကန်တော်ကြီး စသည်ဖြင့် ရန်ကုန်မြို့၏ အချက်အချာကျ နေရာများရှိ ပန်းခြံနှင့် ဥယျာဉ်များအတွင်း ပုဂ္ဂလိကသို့ ဧရိယာများစွာကို လုပ်ကိုင်ခွင့်ပြုထားပြီး အရက်ဘီယာဆိုင် များစွာကိုလည်း ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ပန်းခြံပေါင်း ၆၃ ခုရှိသည်ဟု ဆိုသော်လည်း ရန်ကင်းပန်းခြံကဲ့သို့ အမှန်တ ကယ်အပန်းမဖြေနိုင်သည့် ပန်းခြံငယ်၊ ကျဉ်းကျဉ်းကျပ်ကျပ် ပန်းခြံလေးများ အများအပြား ပါဝင်လျက်ရှိသည်။

ပန်းခြံများအပြင် အားကစားကွင်းများ အချို့ကိုလည်းဖျက်၍ အိမ်ရာများ ဆောက်လုပ်ရောင်းချခဲ့မှု၊ အိမ်ရာဆောက်လုပ် ရောင်းချရန် ပုဂ္ဂလိကသို့ လွှဲပြောင်းထားမှု များရှိကြောင်း သိရသည်။

ဥပမာအားဖြင့် ရန်ကင်းမြို့နယ်၊ ရန်အောင်လမ်းသွယ်(၁)ထိပ်ရှိ မည်သူမဆို လွတ်လပ်စွာ ကစားနိုင်သည်ဟူသော အားကစားကွင်း နေရာကိုဖျက်၍ အိမ်ရာဆောက်လုပ် ရောင်းချခဲ့မှု၊ သိမ်ဖြူအားကစားကွင်းအား ယာဉ်မောင်းသင်ကွင်းအဖြစ် ပြောင်းလဲသုံးပြီးနောက် အားကစားကွင်း မဟုတ်တော့ ဟုဆိုကာ ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့မှုများ ဖြစ်သည်။

သိမ်ဖြူယာဉ်မောင်းကွင်းအား လေလံတင်၍ Asia Myanmar Consortium Development ကုမ္ပဏီသို့ စည်ပင်နှင့်စီးပွား ဖြစ်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုခဲ့သည်မှာ လက်ရှိရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ လက်ထက်၌ ဖြစ်သည်။

တစ်မြို့နယ်လျှင် ပျမ်းမျှအားဖြင့် ကစားကွင်း သုံးခုရှိသည်ဟု စာရင်းအရ ပေါ်နေသော်လည်း ပြုပြင်ခြင်းမရှိ၍ အများပြည်သူ အမှန်တကယ် အသုံးမပြုနိုင်သော အားကစားကွင်းများ၊ ဖျက်၍အိမ်ရာ ဆောက်လိုက်သည့် အားကစားကွင်းများကြောင့် အမှန်တကယ် သုံးနိုင်သည့် အားကစားကွင်းမှာ အနည်းအကျဉ်းသာ ရှိသည်ဟု သိရသည်။

ပန်းခြံ၊ အားကစားကွင်းများ သာမကဘဲ ရန်ကုန်မြို့ရှိ အချက်အချာကျ နေရာတွင်ရှိသော ပြည်သူပိုင်မြေ၊ ဈေးနေရာများကိုပါ ယခင်မြို့တော်ဝန် လက်ထက်က ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group 

(အစိုးရသစ်လက်ထက်တွင် ပုဂ္ဂလိကသို့ ဆောက်လုပ်ခွင့်ပြုထားသော သိမ်ဖြူယာဉ်မောင်းကွင်း (ယခင်- အားကစားကွင်းဟောင်းနေရာ) ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))
(အစိုးရသစ်လက်ထက်တွင် ပုဂ္ဂလိကသို့ ဆောက်လုပ်ခွင့်ပြုထားသော သိမ်ဖြူယာဉ်မောင်းကွင်း (ယခင်- အားကစား ကွင်းဟောင်းနေရာ) ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများဖျက်၍ အရက်ဘီယာဆိုင်၊ ရှော့ပင်းစင်တာနှင့် အခြား စီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ယခုနောက်ပိုင်း တွင် ထပ်မပေးတော့ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

တရားမဝင် ကျွဲ၊ နွားများ သယ်ဆောင်လာသော စက်လှေတစ်စင်း ဖမ်းဆီးရမိ


ကျွဲ၊ နွားများ သယ်ဆောင်လာသော စက်လှေတစ်စင်းအား ဧပြီ ၂၃ ရက် နံနက်ပိုင်းက ပင်လယ်ပြင်ရေ ပိုင်နက် အတွင်း စစ်ဆင်ရေးတာဝန်ဆောင်ရွက် လျက်ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ်က ဖမ်းဆီးမိ ခဲ့ကြောင်း သိရသည်။

လာမည့်ပညာသင်နှစ်တွင် ပြုပြင်ပြောင်းလဲ မြှင့်တင်ဆောင်ရွက်မည့် ပညာရေးနှင့်  အသက်မွေးပညာအစီအမံများ ညှိနှိုင်းဆွေးနွေး

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အတွင်း ပညာရေးကဏ္ဍနှင့် အသက် မွေး ပညာကဏ္ဍ ပြုပြင်ပြောင်းလဲ မြှင့် တင်ဆောင်ရွက်မည့်အစီအမံများ ရေးဆွဲဆောင်ရွက်ရေးညှိနှိုင်းဆွေး နွေးပွဲကို နိုင်ငံတော်သမ္မတရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဒေါက်တာ ကိုကိုဦး၊ ဒေါက် တာ ဒေါ်ခင် စန်းရီ၊ ဒေါက်တာဒေါ်မြတ် မြတ်အုန်းခင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင် ရာ တာဝန်ရှိသူများ တက် ရောက်ကြသည်။

ထုံးဘိုကျောက်ထုတ်စခန်းမှ အကျဉ်းသား ၁၂ ဦး ထွက်ပြေး သုံးဦးလွတ်သွား

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘိုအမှတ် (၂) ကျောက်ထုတ်စခန်းမှ အကျဉ်းသား ၁၂ ဦး ထွက်ပြေးမှု ဧပြီ ၂၀ ရက် နေ့လယ်က ဖြစ်ပွားခဲ့ပြီး သုံးဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ  သတင်းရရှိသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားသည့် စနစ်ပြောင်း

Photo: နိုင်ငံကူးလက်မှတ် လျှောက်ထားသည့် စနစ်ပြောင်း
Friday, April 25, 2014

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခင်ထက် ပိုမို အချိန်ကုန် သက်သာပြီး မြန်ဆန်စွာ ပြုလုပ်နိုင်ရန် လျှောက်ထားမှု စနစ်ပုံစံကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုက တစ်ဆင့်ချင်းစီ ပြုလုပ်ရတဲ့ ပုံစံမျိုး ပြောင်းထားပါတယ်။ အရင်ကလို ဘဏ်မှာ ဘောက်ချာတွေ၊ စာရွက်တွေ မဖြည့်ရတော့သလို လျှောက်လွာကိုလည်း အရင်စာမျက်နှာ ငါးမျက်နှာလောက် ဖြည့်ရမယ့်အစား အခု တစ်မျက်နှာပဲ ဖြည့်ရတော့မှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ နိုင်ငံကူးလက်မှတ်ရုံးတွင် အမှတ်စဉ်ပါ လျှောက်လွှာကို ဝယ်ယူ ဖြည့်ရမည် ဖြစ်ပြီး အလှည့်ကျ ခေါ်ယူမှုကို စောင့်ဆိုင်းပြီးနောက် အလှည့်ကျပါက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ကောင်တာတွင် သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို စိစစ်ခြင်း၊ ဘားကုတ် ပါရှိသော စလစ် ထုတ်ယူခြင်း၊ စလစ်ဖြင့် ဘဏ်တွင် ငွေသွင်းခြင်းတို့ကို တစ်နေရာတည်းတွင် အပြီး ဆောင်ရွက်ပြီး ဓာတ်ပုံရိုက်ခြင်းကို နောက်ဆုံး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသည့် အစီအစဉ် ပြီးဆုံးကြောင်း ၎င်းကဆိုသည်။

ယခုကဲ့သို့ စနစ်ပြောင်းလဲ ထားခြင်းကြောင့် ယခင်ထက် ပိုမို ကြာမြင့်သည်ဟု ဆိုကြောင်း၊ ယခင်က တန်းစီရကာ ယခုမူ လျှောက်လွှာပါ အမှတ်စဉ်ဖြင့် လုပ်ဆောင်ရသောကြောင့် လျှောက်ထားသူများ နံပါတ်စဉ်အလိုက် စောင့်ဆိုင်းရသဖြင့် စုပုံနေကြောင်း နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူ အချို့က ပြောကြားသည်။
“အခု လက်မှတ်ရဖို့အတွက် နှစ်ရက်လောက် လုပ်လိုက်ရတယ်။ လုပ်တဲ့စနစ် ပြောင်းလိုက်တော့ လူတွေ အုံပြီး ပိုကြာတယ်။ နောက်ပြီး ညနေဆို ဒီအတိုင်း ပြန်တန်းစီနေရတယ်” ဟု ၎င်းတို့က ဆိုသည်။

ယခင်က သက်တမ်းတိုးသူများ အနေနှင့် တိုက်ရိုက်တန်းစီပြီး ဝင်ရောက် သက်တမ်းတိုးနိုင်သော်လည်း ယခုအခါ လူများ စုပြုံနေသောကြောင့် လုပ်ငန်းဆောင်ရွက်ရန် အဆင်မပြေကြောင်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန ကောင်တာတွင် စစ်ဆေးသည့် သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို စိစစ်ရာတွင်သာ အနည်းငယ် အချိန်ကြာမြင့်မည် ဖြစ်ပြီး စနစ်သစ်ဖြစ်၍ အသစ် လျှောက်ထားသူများ၊ သက်တမ်းတိုးသူများ အနေနှင့် အနည်းငယ် အခက်အခဲ ရှိသေးသဖြင့် ယခင်ကထက် ကြာမြင့်သည်ဟု ထင်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် စာအုပ်ဖိုး နှစ်သောင်းကျပ်၊ ဆေး၊ မင်နှင့် ပြုပြင်ထိန်းသိမ်းခ တစ်ထောင်ကျပ်၊ လျှောက်လွှာကြေး ၂၀၀ ကျပ်၊ ဓာတ်ပုံကြေး ၂၀၀၀ ကျပ်၊ ပစ္စည်း ဝန်ဆောင်ခတို့ ၁၈၀၀ ကျပ် စုစုပေါင်း ကျပ် ၂၅,၀၀၀ ကုန်ကျမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

The Voice Weekly
နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခင်ထက် ပိုမို အချိန်ကုန် သက်သာပြီး မြန်ဆန်စွာ ပြုလုပ်နိုင် ရန် လျှောက်ထားမှု စနစ်ပုံစံကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးနေကြောင်း မြန်မာနိုင်ငံ ကူး လက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လွှတ်တော်တွင်း လွတ်လပ်စွာ ပြောဆိုခွင့်ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ပိတ်ပင်ဟု အမတ်အချို့ ဝေဖန်

Photo: လွှတ်တော်တွင်း လွတ်လပ်စွာ ပြောဆိုခွင့်ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ပိတ်ပင်ဟု အမတ်အချို့ ဝေဖန်
Friday, April 25, 2014

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး အတွင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက လွှတ်တော် ကိုယ်စားလှယ်များ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ် ပိတ်ပင်မှုအချို့ ပြုလုပ်လျက် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန် ပြောကြားသည်။

ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ တရားဥပဒေ စိုးမိုးရေး အကောင်အထည် ဖော်ရန် အဆိုတင်သွင်းရာတွင် Power Point Presentation ပြသမှုကို လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုခဲ့ခြင်းနှင့် ပတ်သတ်၍ ယင်းသို့ ဝေဖန်နေကြခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောဆိုသည်။

တရားဥပဒေစိုးမိုးရေးကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးတွဲ အကောင်အထည်ဖော်ရန် အဆိုတွင် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ထိခိုက်နိုင်သော စကားလုံးများ ပါဝင်သောကြောင့် ပြင်ဆင်ပေးရန် လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေး မကျင်းပမီ ခေါ်ယူညှိနှိုင်းကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“စကားလုံး ကြမ်းတမ်းတာလေးတွေ ပါနေတဲ့အတွက် ပြင်ဆင်ပေးဖို့ ခေါ်ညှိတယ်။ အဲဒါကို လက်ခံတယ်။ ဒါပေမယ့် အဆိုတင်သွင်းခါနီး စက္ကန့်ပိုင်းလောက်ရောက်မှ Presentation မလုပ်ရဘူးလို့ တားဆီးတယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်အတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လေးစားရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် နည်းဥပဒေများတွင် တားဆီးပိုင်ခွင့် မရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။

“Presentation က ပြည်ထောင်စုလွှတ်တော်မှာတော့ လုပ်ထုံးလုပ်နည်း တစ်ရပ်လို ဖြစ်နေတော့ တားဆီး ပိတ်ပင်တာတွေ မရှိဘူး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တွေမှာ အစိမ်းသက်သက်ပဲ ရှိနေတာလဲ ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ လွှတ်တော်အတွင်း တားဆီးပိတ်ပင်မှုများကို ပြုလုပ်ရန် နည်းဥပဒေများတွင် မပါရှိသောကြောင့် အခြေခံဥပဒေခုံရုံးနှင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ အသိပေး အကြောင်းကြားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

The Voice Weekly
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးအတွင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း က လွှတ်တော် ကိုယ်စားလှယ်များ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ် ပိတ်ပင်မှုအချို့ ပြု လုပ် လျက် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန် ပြောကြားသည်။

မြန်မာ့မီးရထား အရှုံးပေါ်၍ ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ပိုင်ခွင့်ပေးမည်

Photo: မြန်မာ့မီးရထား အရှုံးပေါ်၍ ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ပိုင်ခွင့်ပေးမည်
Friday, April 25, 2014

မြန်မာ့မီးရထားမှ မီးရထားတွင် အသုံးပြုရသည့် ပစ္စည်းများ ဈေးနှုန်းမြင့် တက် လာသောကြောင့် အရှုံးပေါ်သော အခြေအနေ ရောက်ရှိနေသဖြင့် ရန်ကုန်-မန္တလေး အမြန်ရထားအား ပုဂ္ဂလိကသို့ ငှားရမ်းရန် ဧပြီလ လဆန်းပိုင်းမှ စတင်၍ တင်ဒါခေါ်ယူလျက် ရှိသည်ဟု ဧပြီ ၂၂ ရက်တွင် မြန်မာ့မီးရထား တိုင်းအမှတ်(၂)မှ အထွေထွေ မန်နေဂျာ ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့မီးရထား အရှုံးပေါ်နေခြင်းမှာ ၀န်ထမ်းများ လစာတိုးပေးရခြင်းအပြင် မီးရထားပစ္စည်း များ ဈေးနှုန်း ကြီးမြင့်ခြင်း၊ ရထားလမ်းတွင် အသုံးပြုရ သည့် ကျောက်၊ သံလမ်း၊ ဇလီဖားတုံး ၏ ဈေးနှုန်းများ တိုးလာခြင်း ကြောင့်ဖြစ်သည်။

““အရှုံးအမြတ်က ဆီဖိုးတောင် မရဘူး။ အရင်က လက်မှတ်က ဆီတစ်ဂါလန်ကို ၁၀၀ ကျပ်နှုန်း တွက် ထားတာလေ။ အခုက ဆီတစ်ဂါလန်မှာ ၃၅၀၀ ဖြစ်သွားတဲ့အခါမှာ ဆီဖိုးတောင် မကွဲဘူးပေါ့။ နိုင်ငံတော်က စိုက်ထုတ်သုံးစွဲပြီး လုပ်ရတာပေါ့။ ရထားခကို မြှင့်တက်လိုက်တဲ့ အခါမှာလည်း မမြတ်ပါဘူး။ ဒါပေမဲ့ မီးရထားက ပြည်သူတွေရဲ့ ၀န်ဆောင်မှုကို ပေးတဲ့ဌာနဆိုတော့ ရုန်းကန်ပြီးတော့ လုပ်ရတာပေါ့နော်””ဟု အထွေထွေမန်နေဂျာ ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ မည်မျှအထိ အရှုံးပေါ်နေ သည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

ပုဂ္ဂလိကသို့ ငှားရမ်း အသုံးပြုခွင့်ပေးမည့် ရထားနှစ်စီးမှာ အမှတ် (၅) အဆန်နှင့် အမှတ်(၆) အစုန်ရထားတို့ ဖြစ်ပြီး တင်ဒါအောင်မည် ဆိုပါက သုံးနှစ် လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။ လုပ်ကိုင်လိုသူ အနေဖြင့် နိုင်ငံသား ဖြစ်ရမည်ဟု ကန့်သတ်ထားပြီး တစ်နှစ်လျှင် တစ်ကြိမ် စာချုပ်ချုပ်ဆို လုပ်ကိုင်ရမည်ဖြစ်သည်။ တင်ဒါ လျှောက်ထားသူများ အနေဖြင့် မြန်မာ့မီးရထား လုပ်ငန်းသို့ ကြိုတင်ငွေအဖြစ် ကျပ်သိန်း ၄၀ ကနဦး ပေးသွင်း ရမည်ဖြစ်ပြီး တင်ဒါ မအောင်သူများ အနေဖြင့် ပြန်လည် ထုတ်ယူနိုင်မည် ဖြစ်သည်။ ငှားရမ်း လုပ်ကိုင်နေစဉ် အတွင်း ရထားပြေးဆွဲရန်အတွက် တင်ဒါအောင်သူနှင့် မြန်မာ့မီးရထားတို့မှ သီးခြားစီ တာဝန်ခွဲယူ လုပ်ကိုင် ကြရမည်ဖြစ်သည်။

““လောလောဆယ်တော့ ရန်ကုန်-မန္တလေးကိုပဲ ငှားမှာပေါ့။ လက်မှတ်ခ ဘယ်လောက်ပဲ ပေးရမယ်။ ၀န်ဆောင်မှု ဘယ်လောက်ပဲ ပေးရမယ်။ အဲဒီအပေါ်မှာ အားလုံးပေါင်းပြီးပြီ ဆိုတာနဲ့ သူ့ဟာသူ တွက်မှာပေါ့။ တွက်ပြီးတော့မှ မီးရထားကို ဘယ်လောက် ပေးမယ်ပေါ့ အဲလိုပါ””ဟု ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ ပြေးဆွဲလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်ရထားမှာ အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန်၊ အမှတ်(၃) အဆန်၊ အမှတ် (၄)အစုန်၊ အမှတ်(၁၁)အဆန်၊ အမှတ် (၁၂)အစုန် စုစုပေါင်း ၆စီးဖြင့် ပြေးဆွဲပြီး စာပို့ရထားမှာ အမှတ် (၁) အဆန်နှင့် အမှတ်(၂)အစုန်သာရှိသည်။ ယခုလက်ရှိတွင် အမှတ်(၅)အဆန်နှင့် အမှတ် (၆) အစုန်ကို ပထမဦးစွာ ငှားရမ်းပြီး နောက်ပိုင်းတွင် ရန်ကုန်-မြစ်ကြီးနား မီးရထားလုပ်ငန်းကိုလည်း ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်သည်။ လက်ရှိ အမြန်ရထား လက်မှတ်မှာ ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်း ၉၃၀၀ ကျပ်နှင့် အိပ်စင် ၁၂၇၂၀ ကျပ်သာဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် ငှားရမ်းစဉ်အတွင်း ဈေးနှုန်းအပြောင်းအလဲများ အနည်းငယ် ဖြစ်ပေါ်လာနိုင်သည်။

အေးမိုးကိုကို

Myanmartandawsint Newspaper
မြန်မာ့မီးရထားမှ မီးရထားတွင် အသုံးပြုရသည့် ပစ္စည်းများ ဈေးနှုန်းမြင့် တက် လာသောကြောင့် အရှုံးပေါ်သော အခြေအနေ ရောက်ရှိနေသဖြင့် ရန်ကုန်-မန္တလေး အမြန်ရထားအား ပုဂ္ဂလိကသို့ ငှားရမ်းရန် ဧပြီလ လဆန်းပိုင်းမှ စတင်၍ တင်ဒါခေါ်ယူလျက် ရှိသည်ဟု ဧပြီ ၂၂ ရက်တွင် မြန်မာ့မီးရထား တိုင်းအမှတ်(၂)မှ အထွေထွေ မန်နေဂျာ ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆားတွင်းဟောင်းကြီးမှ ထူးခြားသော သဘာဝ အလှအပများ


အရည်အသွေး ကောင်းမွန်သော ဆားသည် ခရိုင်းမီးယား ဒေသ၏ အဓိက ပို့ကုန်တစ်ခု ဖြစ်သည်။ မကြာသေး မီက ယူကရိန်းပိုင်နက်မှ ခွဲထွက်ပြီး ရုရှားဩဇာ ခိုလှုံသွားသော ခရိုင်းမီးယား ဒေသတွင် ဆားကျင်း အများအပြား ရှိနေသည်။ ယင်းတို့အနက်မှ အသုံးမပြုတော့သည့် ဆားတွင်းဟောင်းကြီး တစ်ခု တွင် အလွန်ဆန်းကျယ်သော သဘာဝ ရှုခင်းပုံရိပ်များ ဖြစ်တည်နေသည်ကို ဆာဂျီ အန်နာရှက်ကီဗစ်ခ်ျက လူအများရှေ့ ဆောင်ကြဉ်းပြသခဲ့သည်။ ပုပ်သိုးနေသောပင်လယ်ဟု တင်စားခံရသည့် ဆားကျင်းဟောင်း ကြီး သည် ယခုအခါ ရေကန်ကြီး တစ်ခုအနေဖြင့် တည်ရှိနေသည်။