Sunday, 9 March 2014

ရဲတပ်ရင်း ဆောက်လုပ်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းမာပင် ဒေသခံများ သုံးရက်ဆက် ပဋိပက္ခဖြစ်

Photo: ရဲတပ်ရင်း ဆောက်လုပ်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းမာပင် ဒေသခံများ သုံးရက်ဆက် ပဋိပက္ခဖြစ်

မုံရွာ၊မတ်၊၈

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမပင်ခရိုင် ယင်းမာပင်မြို့နယ် အုံတုံပင် ကျေးရွာ၌ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံများ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့နှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်းခံခဲ့ရကြောင်း အုံတုံပင် ကျေးရွာ ဒေသခံများက ပြောကြားသည်။

“ရဲတပ်ရင်း ဆောက်ဖို့ မြေတွေကို ဘူဒိုဇာတွေနဲ့ ရှင်းတဲ့နေရာမှာ မြေအသုံးပြုဖို့ လက်ခံခြင်း မရှိသေးတဲ့ ဒေသခံတွေ ကန့်ကွက်တာပါ။ စဖြစ်တဲ့နေ့ မတ်လ ၆ ရက်နေ့မှာ နှစ်ဦး ထိန်းသိမ်း ခံခဲ့ရတယ်။ ဒုတိယနေ့မှာ ဦးပဉ္စင်းတစ်ပါးနဲ့ ဒေသခံ လေးဦး ယာယီ ထိန်းသိမ်းခံရတယ်။ မတ်လ ၈ ရက်နေ့မှာတော့ ဒေသခံတွေက ကန့်ကွက်မှုတွေ လုပ်နေတုန်းပဲ” ဟု အုံတုံပင်ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။

ရဲတပ်ရင်း တည်ဆောက်ရန် မြေဧက ၁၀၀ အသုံးပြုမည်ဟု တာဝန်ရှိသူများက ဆိုထားပြီး မြေတစ်ဧကလျှင် ပေ ၈၀၊ ပေ ၆၀ ကျယ်ဝန်းသော မြေကွက် နှစ်ကွက် ပြန်ပေးမည်ဟု ဆိုထားကြောင်း၊ လက်ခံသူများ ရှိသော်လည်း ယခုချိန်ထိ ကန့်ကွက်နေကြသည့် မြေပိုင်ရှင်များလည်း ရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“မတ်လ ၇ ရက်နေ့မှာ ရဲတပ်ဖွဲ့တွေက ဦးပဉ္စင်းကို ဖမ်းသွားတော့ ဒေသခံတွေ မခံမရပ်နိုင် ဖြစ်ပြီး ခဲတွေနဲ့ ပေါက်တာ၊ ဖုန်တွေနဲ့ ပက်တာတွေ ဖြစ်လာတယ်။ တပ်ဖွဲ့ဝင်တွေ ကလည်း ဒေသခံတွေကို ရိုက်နှက်တာ တွေခဲ့တယ်” ဟု ပဋိပက္ခ ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ တစ်ဦးက ဆိုသည်။

ရဲတပ်ရင်း တည်ဆောက်ရန် မြေနေရာများကို အများစု လက်ခံထားပြီး လူနည်းစု အချို့က လက်ခံနိုင်ခြင်း မရှိကြောင်း၊ ယင်းကြောင့် တာဝန်ချိန်တွင် ဝတ္တရား နှောင့်ယှက်မှုဖြင့် ယာယီ ထိန်းသိမ်းခြင်းသာ ဖြစ်ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

“ဘုန်းကြီးတစ်ပါး ပါတယ် ဆိုတာက သူ့တူက မြေသိမ်းတာကို လက်မခံတဲ့ အဖွဲ့မှာ ပါနေတဲ့ အတွက် ထိန်းသိမ်းခံရတဲ့ အထဲ ပါလာတာပါ။ ကျွန်တော်တို့ဘက်က လိုအပ်တာတွေ ဆောင်ရွက်ပေးပါ့မယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ဦးပဉ္စင်းကို လျှောက်ထားခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ဆွေမျိုးသားချင်းများ၏ လယ်ယာမြေများ ပါဝင်သည့် အတွက် အုံတုံပင် ကျေးရွာသို့ ရောက်ရှိခဲ့ရပြီး ပဋိပက္ခ ဖြစ်စဉ်ကို လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်ရာ ရဲတပ်ဖွဲ့ဝင်များက နေ့တစ်ဝက်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသည်ဟု ထိန်းသိမ်းခံခဲ့ရသည့် ဆရာတော် ဦးဇနက က မိန့်ကြားသည်။

ယင်းသို့ ထိန်းသိမ်း ခံရသည့် မုံရွာမြို့၊ ဝေဠုဝန်ကျောင်းတိုက်မှ သက်တော် (၄၈) နှစ်၊ ဝါတော် (၁၄) ဝါရှိ ဆရာတော် ဦးဇနကမှာ မျက်လုံး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး မုံရွာ ပြည်သူ့ဆေးရုံကြီး သံဃာဆောင်တွင် ဆေးကုသမှု ခံယူလျက် ရှိသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမပင်ခရိုင် ယင်းမာပင်မြို့နယ် အုံတုံပင် ကျေးရွာ၌ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံများ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့နှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်းခံခဲ့ရကြောင်း အုံတုံပင် ကျေးရွာ ဒေသခံများက ပြောကြားသည်။

ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ

Photo: ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ
Sunday, March 9, 2014

ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နှစ်ဦးဟာ အခိုးခံရတဲ့နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်နေတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ဦးလိုက်ပါ သွားတာဖြစ်ပြီး လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါဖို့ စာရင်းပေးထားတဲ့ အီတလီနိုင်ငံသား တစ်ဦးနဲ့ သြစတြီးယားနိုင်ငံသား တစ်ဦးတို့ဟာ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းပျံသန်းမယ့်လေယာဉ်ပေါ်မှာ ပါမသွားခဲ့ပါဘူး။ သူတို့နှစ်ဦးစလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေဟာ ပြီးခဲ့တဲ့နှစ်နှစ်ကတည်းက ထိုင်းနိုင်ငံမှာ အခိုးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့စာရွက်စာတန်းတွေကို ခိုးယူပြီး လေယာဉ်ပေါ်လိုက်ပါသွားသူနှစ်ဦးကတော့ ဘယ်သူတွေဆိုတာ အခုထိ မသိရသေးပါဘူး။

လေယာဉ်ပျံ မတော်တဆ တစ်ခုခုဖြစ်ပြီး ပျောက်ဆုံးနေတယ်လို့ သတ်မှတ်ပြီး ဆက်လက်ရှာဖွေနေပါတယ်လို့ အမေရိကန်အရာရှိတွေက ပြောပေမယ့် မလေးရှားအာဏာပိုင်တွေကတော့ ဘာမှ ထုတ်မပြောသေးပါဘူး။ ဗီယက်နမ်ကယ်ဆယ်ရေးအဖွဲ့ လေယာဉ်မှူးတွေကတော့ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသမှာ ဆီတွေယိုဖိတ် ပျံ့နှံ့နေတဲ့ အကွက်ကြီးနှစ်ကွက်ကို တွေ့ရပေမယ့် အပျက်အစီးအစအန တစုံတရာတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ဒီပျောက်ဆုံးလေယာဉ်ကို တရုတ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရေကြောင်းကရော လေကြောင်းကပါ ဝိုင်းဝန်းပြီး ရှာဖွေပေးနေကြတာပါ။

မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH ၃၇၀ ဟာ ကွာလာလာမ်ပူကနေ ဘေဂျင်းသွားဖို့အတွက် စတင်ပျံသန်းအပြီး နာရီပိုင်းလောက်မှာပဲ ရေဒါစက်ကွင်းပေါ်ကနေ ပျောက်ကွယ်သွားတာပါ။ လိုက်ပါသွားတဲ့ ခရီးသည်အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီလေယာဉ် မပျောက်ကွယ်ခင်အထိ အကူအညီတောင်းတာမျိုး အဆက်အသွယ်မရခဲ့ပါဘူးလို့ လေယာဉ်လမ်းကြောင်း ထိန်းသိမ်းရေးအရာရှိတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးများ ဘေဂျင်းလေဆိပ်မှာ တွေ့ရစဉ်
(မတ်လ ၈၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးများ ဘေဂျင်းလေဆိပ်မှာ တွေ့ရစဉ်(မတ်လ ၈၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နှစ်ဦးဟာ အခိုးခံရတဲ့နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်နေတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

မီနီဘတ်စ်များ အစားထိုးပြေးဆွဲပြီ

ကားဟောင်းအပ်ကာ ကားသစ် သွင်းစနစ်ကျင့်သုံးလာရာမှ ယနေ့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီး သည် လိုင်းတွင် ဟိုင်းလပ်၊ ပါပလေကာ၊ နစ်ဆန်းကားတို့အစား မီနီဘတ်စ်များကို အစားထိုးပြေးဆွဲ နေကြပြီဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ကျင်းပ

Photo: အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ကျင်းပ
Sunday, March 9, 2014

မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကမ္ဘာတဝှမ်းမှာ ကျင်းပခဲ့ ကြသလို မြန်မာနိုင်ငံတွင်းက မြို့ကြီး အတော် များများမှာလည်း အခမ်းအနားတွေ ကျင်းပပြီး အမျိုးသမီးတွေ ဘဝ မြှင့်တင်ရေးနဲ့ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှု ကင်းဝေးရေးတွေ အတွက် ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အဆင့် အခမ်းအနားမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အမျိုးသမီး အခွင့်အရေးအကြောင်းတွေ ဟောပြောသွားခဲ့ပြီး အမျိုးသမီး များ အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ အပြီးသတ် ရေးဆွဲနိုင်ဖို့ ခန့်မှန်းထားကြောင်း ပြောသွားပါတယ်။

ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံနဲ့ ပြည်တွင်းက အဖွဲ့ဖြစ်တဲ့ အမျိုးသမီးများ ကွန်ယက်တို့ ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရန်ကုန်မြို့မှာ ပူးတွဲ ကျင်းပခဲ့ရာမှာ အမျိုးသမီးထု အနေနဲ့ နိုင်ငံရေးမှာ သော်လည်း ကောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေမှာ သော်လည်းကောင်း၊ ဝင်ရောက် ဆွေးနွေးခွင့် ရရုံသာမက ဆုံးဖြတ်ချက် ချနိုင်ခွင့် ရတဲ့အထိ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ တန်းတူ ညီမျှ အခွင့်အရေး ရမှုဟာ သာတူညီမျှမှုနဲ့ အခြေခံ လူ့အခွင့်အရေး ကိစ္စရပ်သာမက ကဏ္ဍဍအားလုံး ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း တန်းတူညီမျှမှုပေါ်မှာ မူတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သဝဏ်လွှာ ထဲမှာ ဖေါ်ပြထားပါတယ်။

ကျားမ တန်းတူ ညီမျှမှု မြင့်မားတဲ့ နိုင်ငံတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်စွာ ရပြီး အမျိုးသမီး ခေါင်းဆောင် အများစု ပါဝင်တဲ့ စီးပွားရေး လုပ်ငန်းတွေဟာလည်း လုပ်ငန်းတွေ ပိုမိုအောင်မြင်တာ တွေ့ရကြောင်း၊ အမျိုးသမီးတွေ ပါဝင်မှုနဲ့ ဆောင်ရွက်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေဟာ ပိုခိုင်မာကြပြီး အမျိုးသမီး ကိုယ်စားလှယ် အများစု ပါဝင်တဲ့ လွှတ်တော်တွေမှာ ကျန်းမာရေး၊ ပညာရေး၊ ခွဲခြားမှု ပပျောက်ရေးနဲ့ ကလေးသူငယ် ကူညီထောက်ပံ့ရေးတွေလို အရေးကြီးတဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက် တဲ့ ဥပဒေ ပြဌာန်းချက်တွေကို ပိုမို ဆောင်ရွက်နိုင်တယ်လို့ မစ္စတာ ဘန်ကီမွန်းရဲ့ သဝဏ်လွှာထဲမှာ ဖေါ်ပြထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက် ချီတက်ခဲ့ကြ
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက် ချီတက်ခဲ့ကြ

မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကို ကမ္ဘာတဝှမ်းမှာ ကျင်းပခဲ့ ကြသလို မြန်မာနိုင်ငံတွင်းက မြို့ကြီး အတော် များများမှာလည်း အခမ်း အနားတွေ ကျင်းပပြီး အမျိုးသမီးတွေ ဘဝ မြှင့်တင်ရေးနဲ့ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှု ကင်းဝေးရေးတွေ အတွက် ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

ကျား-မ တန်းတူ အခွင့်အရေးရှိမှ လူမှုဝန်းကျင် ပိုတိုးတက်မည်

Photo: ကျား-မ တန်းတူ အခွင့်အရေးရှိမှ လူမှုဝန်းကျင် ပိုတိုးတက်မည်
Sunday, March 9, 2014

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်း ၄၀ ကျော် ပါဝင်တဲ့ MRPWG လို့ခေါ်တဲ့ မြန်မာ အလုပ်သမား အရေး ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ထိုင်းလူမှု ဖူလုံရေးအဖွဲ့တွေ ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။ ဒီပွဲအတွင်း တာ့ခရိုင်အတွင်းက လူထုအကျိုးပြု ဆောင်ရွက်နေတဲ့ အထဲမှာ ထိုင်း-မြန်မာနယ်စပ်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ ဒီနှစ်ဆောင်ပုဒ်ကတော့ Equality for woman is progress for all (အမျိုးသမီးများအားလုံး ညီတူညီမျှဖွံ့ဖြိုး တိုးတက်ဖို့) ဖြစ်ပါတယ်။ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်းလူမူဖူလုံရေးဌားနနဲ့ မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စီတန်းလမ်းလျှောက်ပွဲတွေနဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ကြတာပါ။

မဲဆောက်မြို့ရဲ့ မြို့ပိုင်ရုံးမှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ပွဲမှာ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီး (၇) ဦးကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။ ဒီအထဲမှာ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့တဲ့ ဒေါက်တာစင်သီယာမောင်လည်း ပါဝင်ပါတယ်။

ထိုင်းလူမှု ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး နိုင်ဝိချိ ရန်ချာဝါလစ်က ဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့အတွက် ဒေါက်တာ စင်သီယာမောင်ကို ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ လူမှုထူးချွန်ဆု ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပြီး လူမှုဖွံ့ဖြိုးရေးဌာနအနေနဲ့ ထိုင်းအစိုးရရဲ့ တာဝန်ပေးချက်အရ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးတဲ့နေရာမှာ NGO အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တဲ့အကြောင်း မယ်တော်ဆေးခန်းအနေနဲ့ လူမှုဖွံ့ဖြိုးရေးဌာနကို အချိန်မရွေး ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်းတွေကိုလည်း ပြောသွားခဲ့ပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ထိုင်းလူမှုဖွံ့ဖြိုးရေးဌာနက လူမှုထူးချွန်ဆုရခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကတော့ နိုင်ငံတစ်ခုမှာဖြစ်စေ၊ ဒေသတစ်ခုမှာဖြစ်စေ ပဋိပက္ခတွေ ကြုံလာတိုင်း အမျိုးသမီးနဲ့ကလေးတွေက တိုက်ရိုက်ခံစားရတာဖြစ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ လိုအပ်ကြောင်းကိုလည်း ပြောသွားပါတယ်။

“ဒေသတစ်ခုမှာဖြစ်စေ၊ နိုင်ငံတစ်ခုမှာဖြစ်စေပေါ့နော် - နိုင်ငံရေး မတည်ငြိမ်မှုတွေ ရှိတယ်၊ စစ်မက်ဖြစ်ပွားမှုတွေ ရှိမယ်ဆိုရင် အမျိုးသမီးတွေကိုယ်တိုင်က တိုက်ရိုက် ထိခိုက်နစ်နာမှုတွေ ရှိတာအပြင် သူတို့ရဲ့မိသားစုဝင်တွေကို အကာအကွယ်ပေးရတာလည်း အမျိုးသမီးတွေက အခြေခံကနေ ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေက ငြိမ်းချမ်းရေးဖြစ်ဖို့ အမြဲပဲလိုချင်ကြတယ်။ တောင်းဆိုကြတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာဖို့ကလည်း အရေးကြီးတယ်။ ကျမတို့လူမှုအသိုင်းအဝိုင်းထဲမှာ မိသားစုထဲမှာ အကြမ်းဖက်မှုတွေ ရှိနေခဲ့မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ တိုက်ရိုက်ခံစားရတာရှိသလို သူတို့ကလေးတွေအတွက်လည်း အကာအကွယ်ပေးဖို့က မိခင်တွေရဲ့တာဝန်ဖြစ်တယ်။ ကျမတို့ မြန်မာနိုင်ငံမှာဖြစ်စေ၊ ထိုင်းနိုင်ငံမှာဖြစ်စေ၊ ဒီ ပဋိပက္ခတွေ နည်းနိုင်သမျှ နည်းသွားပြီးတော့ ဖွံ့ဖြိုးရေးမှာ ထိုင်းအမျိုးသမီးများ၊ မြန်မာအမျိုးသမီးများအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီးတော့ ကျမတို့ရဲ့အနာဂတ်မှာရှိတဲ့ ကျမတို့နိုင်ငံတွေ၊ ကျမတို့သားသမီးတွေအားလုံးအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်တွေကို  စုပေါင်းပြီးတော့ ဖော်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးနေ့ အထိမ်းအမှတ်ပွဲမှာ အမျိုးသမီးတိုင်း တန်းတူအခွင့်အရေးရဖို့နဲ့ လိင်ပေါ်မှာ အခြေခံပြီး ခွဲခြားဆက်ဆံခြင်းမပြုဖို့ စာတန်းတွေကိုင်ဆောင်ပြီး အမျိုးသမီးတွေပါဝင်တဲ့ အင်အား ၂၀၀ ခန့် ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ချင်းမိုင်မြို့တွေမှာ မြန်မာနဲ့ထိုင်း လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပခဲ့သလို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးများရဲ့အသံ ပါဝင်တင်ပြနိုင်ရေး ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ကြပါတယ်ရှင်။

အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူ အခွင့်အရေးရရှိတဲ့အခါ လူမှုဝန်းကျင်ဟာ ပိုပြီး တိုးတက် အောင်မြင်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ကိုယ့်ရဲ့ မိခင်၊ ညီမ အမနဲ့ သမီးတွေရဲ့ အခွင့်အရေးအတွက် အမျိုးသားတွေက မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးဖို့အတွက် He for She လို့ နာမည်ရတဲ့ လှုပ်ရားမှုကို ကုလသမဂ္ဂက သောကြာနေ့က စတင်ခဲ့ပါတယ်။

အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိတာဟာ အားလုံးအတွက် တိုးတက်မှုဖြစ်တယ်လို့ ဒီအခန်းအနားမှာ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။ မိန်းကလေးတွေ၊ အမျိုးသမီးတွေအတွက် အခွင့်အရေးဟာ အိမ်မက်တခုမဟုတ်ဘဲ အားလုံးမှာရှိတဲ့ တာဝန်ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။

အမျိုးသမီးအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်ပြီး အမျိုးသမီးတွေတိုးတက်မှ လူသားတွေတိုးတက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကလည်း ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့အခမ်းအနားမှာ ပြောကြားသွားပါတယ်။ အောင်မြင်မှုတွေ ရှိနေပေမယ့် လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေ ရာနှုန်းပြည့်ပါဝင်နိုင်တဲ့ နိုင်ငံ တခုမှ မရှိသေးတဲ့အတွက် ၂၁ ရာစုမှာ မပြီးပြတ်သေးတဲ့အလုပ်တခုလို ဖြစ်နေတယ်လို့ Mrs. Clinton ကပြောသွားခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း အားလုံးအတွက် သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ရမယ်လို့ ပြောကြားထားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ စကားဝိုင်းတွေ၊ အသက်ဆုံးရှုံးမှုတွေရှိတဲ့ ပဋိပက္ခတွေအတွက် ညှိနှိုင်းတဲ့နေရာတွေမှာ စီးပွားရေးအပေါ် သက်ရောက်နိုင်တဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဘုတ်အဖွဲ့ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေကို နေရာပေးရမယ်လို့ သူကပြောပါတယ်။

ကိုယ့်ရဲ့ မိခင်တွေအတွက်၊ သမီးတွေအတွက်၊ ဇနီးသည်တွေအတွက် အမတွေ ညီမတွေအတွက် ရင်းနေတာဟာ အနာဂတ်ကမ္ဘာကြီးကောင်းမွန်ဖို့ ရင်းနေတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်ရှင်။

မအေးအေးမာ
ဗွီအိုအေ (မြန်မာဌာန)

မဲဆောက်မြို့မှာ နိုင်ငံတကာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ကြစဉ်
မဲဆောက်မြို့မှာ နိုင်ငံတကာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ကြစဉ်

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ်က အစိုးရမဟုတ် တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်း ၄၀ ကျော် ပါဝင်တဲ့ MRPWG လို့ခေါ်တဲ့ မြန်မာ အလုပ်သမား အရေး ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ထိုင်းလူမှု ဖူလုံရေးအဖွဲ့တွေ ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။ ဒီပွဲအတွင်း တာ့ခရိုင်အတွင်းက လူထုအကျိုးပြု ဆောင်ရွက်နေတဲ့ အထဲမှာ ထိုင်း-မြန်မာနယ်စပ်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မလေးရှားလေယာဉ်ကို ရှာဖွေနေသော လေယာဉ်များ ပင်လယ်တွင်း၌ ရေနံပြင်ကြီးနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ဗီယက်နမ် ပြောကြား

ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေနေသည့် ကယ်ဆယ်ရေးလေယာဉ်များ သည် ပင်လယ်ပြင်အတွင်း၌ ရေနံကွက်ကြီးနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ယင်းဧရိယာသို့ သင်္ဘောများ စေလွှတ်ထားကြောင်း ဗီယက်နမ်က မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

လူ ၂၃၉ ဦး လိုက်ပါလာသည့် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ဗီယက်နမ်ကမ်းလွန်၌ ပျက်ကျသွားခြင်းဖြစ်

Photo: လူ ၂၃၉ ဦး လိုက်ပါလာသည့် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ဗီယက်နမ်ကမ်းလွန်၌ ပျက်ကျသွားခြင်းဖြစ်
Sunday, March 9, 2014

မလေးရှားလေကြောင်းလိုင်း (Malaysia Airlines) ၏ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါခဲ့သော လေယာဉ်သည် မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်းသိရသည်။

လေယာဉ်ခရီးစဉ် MH370 သည် ကွာလာလမ်ပူလေဆိပ်မှ ပျံတက်ပြီးနောက် နှစ် နာရီခန့်အကြာ ဒေသစံတော်ချိန် နံနက် ၂း၄၀ နာရီတွင် လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ်ပျောက်ဆုံးခဲ့ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်သည် ဗီယက်နမ် ဝေဟင်ပိုင်နက်အနီး ဆက်သွယ်မှု ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် ဟိုချီမင်း လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ် မပြုလုပ်မီ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ကို ရှာဖွေရန် မလေးရှား၊ တရုတ် တာဝန်ရှိသူများနှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နေကြောင်း ဗီယက်နမ်အစိုးရ၏ ကြေညာချက်က ဖော်ပြခဲ့သည်။

“လေယာဉ်သည် ဟိုချီမင်းလေကြောင်း ထိန်းချုပ်ရေးစခန်းနှင့် လွှဲပြောင်းချိတ်ဆက်ရန် ပြင်ဆင်နေစဉ် ကာမောင်ပြည်နယ် ဝေဟင်ပိုင်နက်အနီး၌ ပျောက်ဆုံးသွားခဲ့သည်” ဟု ဗီယက်နမ်အစိုးရ၀က်ဘ်ဆိုက်၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သို့သော် ယင်းလေယာဉ်ထံမှ အချက်ပြမှုသည် ဟိုချီမင်းစီးတီး လေကြောင်းထိန်းချုပ်ရေးစခန်းသို့ မည်သည့်အခါမှ ရောက်မလာခဲ့ကြောင်း ယင်းကြေညာချက်က ဆိုသည်။ ကာမောင်ပြည်နယ်သည် ဗီယက်နမ်တောင်ဘက် အစွန်ဆုံး၌ရှိပြီး ကမ္ဘောဒီယားနှင့်နယ်စပ်တွင် တည်ရှိသည်။

ဘိုးရင်း ၇၇၇-၂၀၀ အမျိုးအစား လေယာဉ်သည် နိုင်ငံ ၁၄ နိုင်ငံမှ ခရီးသည်များ တင်ဆောင်လာခဲ့ပြီး တရုတ်ခရီးသည် ၁၅၃ (မွေးကင်းစတစ်ဦး အပါအ၀င်)နှင့် မလေးရှားခရီးသည် ၃၈ ဦးတို့ အများဆုံး လိုက်ပါလာခဲ့သည်။ ယင်းအပြင် အင်ဒိုနီးရှား ၁၂ ဦး၊ သြစတြေးလျ ခြောက်ဦး၊ ပြင်သစ် သုံးဦး၊  အမေရိကန် လေးဦး (မွေးကင်းစ တစ်ဦးအပါအ၀င်)၊ နယူးဇီလန်၊ ယူကရိန်း နှင့် ကနေဒါတို့မှ နှစ်ဦးစီ၊ ရုရှား၊ အီတလီ၊ ထိုင်ဝမ်၊ နယ်သာလန်နှင့် သြစတြီးယားတို့မှ တစ်ဦးစီ လိုက်ပါခဲ့သည်။

လေယာဉ်သည် မိုင် ၃ç၇၀၀ (ကီလိုမီ တာ ၂ç၃၀၀) ခရီးကို ပျံသန်းပြီးနောက် ဒေသစံတော်ချိန် နံနက် ၆း၃၀ နာရီတွင် ပေကျင်းလေဆိပ်သို့ ရောက်ရှိရန် ရည်မှန်းထားခဲ့သည်။ ပျောက်ဆုံးချိန်၌ လေယာဉ်တွင် ပျံ သန်းချိန် ၇ ဒသမ ၅ နာရီအတွက် လောင်စာဆီပါရှိကြောင်း မလေးရှားလေကြောင်းလိုင်း၏ လုပ်ငန်းထိန်းချုပ်ရေး ဒုတိယဥက္ကဋ္ဌ ဖာအွတ်ရှာယူဂျီက ပြောကြားခဲ့သည်။

(MAS) သည် ၎င်း၏မှတ်တမ်းတွင် မတော်တဆမှု အနည်းငယ်သာရှိခဲ့သည့် လေကြောင်းလိုင်းဖြစ်သည်။ ၁၉၇၇ ခုနှစ်က မလေးရှားတောင်ပိုင်းတွင် (MAS) ၏ လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ခရီးသည် ၉၃ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး သေဆုံးခဲ့သည်။

MH370 လေကြောင်းခရီး၏ လေယာဉ်သည် သက်တမ်း ၁၁ နှစ်ကျော် ရှိပြီဖြစ်ပြီး လေယာဉ်မှူးသည် အသက် ၅၃ နှစ် အရွယ် ဇာဟာရီအာမက်ရှား ဖြစ်သည်။ လေယာဉ်မှူးသည် ၁၉၈၁ ခုနှစ်မှစ၍ မလေးရှားလေကြောင်းလိုင်းတွင် မောင်းနှင်ခဲ့သူဖြစ်ပြီး ပျံသန်းချိန် နာရီ ၁၈ç၃၆၅ မှတ်တမ်းရှိထားသူ ဖြစ်သည်။

Eleven Media Group

၁၉၉၇ ခုနှစ် ဧပြီ ၂ ရက်က ကွာလာလမ်ပူလေဆိပ်တွင် ဆိုက်ကပ်ထားသော ဘိုးရင်း ၇၇၇-၂၀၀ ကို ရိုက်ကူးထားသည့်ဓာတ်ပုံ
၁၉၉၇ ခုနှစ် ဧပြီ ၂ ရက်က ကွာလာလမ်ပူလေဆိပ်တွင် ဆိုက်ကပ်ထားသော ဘိုးရင်း ၇၇၇-၂၀၀ ကို ရိုက်ကူးထားသည့်ဓာတ်ပုံ

မလေးရှားလေကြောင်းလိုင်း (Malaysia Airlines) ၏ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါခဲ့သော လေယာဉ်သည် မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွား ခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်းသိရသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့တွေ့မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်မည့် ရက်သတ်မှတ်နိုင်ရန် မျှော်မှန်းထားသော ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိုအဖြစ် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ ယနေ့ (မတ်လ ၉ ရက်) တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များထံမှ သိရသည်။

မွန်အမျိုးသမီး ညီလာခံ မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ

Photo: မွန်အမျိုးသမီး ညီလာခံ မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ
Sunday, March 9, 2014

မွန်အမျိုးသမီး ညီလာခံကို ပထမဆုံးအကြိမ် အဖြစ် မော်လမြိုင် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတွင် မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပမည် ဖြစ်ကြောင်း မွန်အမျိုးသမီး ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ အလုပ်အမှုဆောင် မိလိုင်းမွန်က ပြောကြားသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးမှ မွန်အမျိုးသမီး ခေါင်းဆောင်များ ကျင်းပသည့် ယင်းညီလာခံတွင် မွန်အမျိုးသမီးများနှင့် ကျန်းမာရေး၊ မွန်အမျိုးသမီး များနှင့် ပညာရေး၊ မွန်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး၊ မွန်အမျိုးသမီး များ၏ အမျိုးသမီး အခွင့်အရေး စသည့် အချက်များကို အဓိကထား ဆွေးနွေးမည်ဟု ၎င်းကဆိုသည်။

“နိုင်ငံတကာ အမျိုးသမီးနေ့နဲ့ တစ်ဆက်တည်း မွန်အမျိုးသမီး ညီလာခံကို ပြုလုပ်လိုက်တယ်။ ဆွေးနွေးမှာက အမျိုးသမီးတွေ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်လာဖို့ပေါ့။ ပညာရေးကဏ္ဍမှာ အဓိကကျတဲ့ ဘာသာစကားပေါ့။ တိုင်းရင်းသား ဘာသာစကားရဲ့အရေးကြီးမှုတွေ ဆွေးနွေးမယ်” ဟု မွန်အမျိုးသမီး ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ မိကွန်ချမ်းနန်က ဆိုသည်။

ယင်းညီလာခံသို့ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီ ပါတီ အပါအဝင် INGO လူမှုအဖွဲ့အစည်းများမှ လူဦးရေ ၁၅၀ ဦး တက်ရောက်လျက် ရှိကြောင်းနှင့် အဆိုပါ ညီလာခံ ပြီးသည့် မတ်လ ၁၂ ရက်နေ့တွင် (၁၀) ကြိမ်မြောက် မွန်အမျိုးသမီးများ နေ့ကို တစ်ဆက်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

The Voice Weekly
မွန်အမျိုးသမီး ညီလာခံကို ပထမဆုံးအကြိမ် အဖြစ် မော်လမြိုင် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတွင် မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပမည် ဖြစ်ကြောင်း မွန်အမျိုးသမီး ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ အလုပ်အမှုဆောင် မိလိုင်းမွန်က ပြောကြားသည်။

မြန်မာသို့ ပေးအပ်သည့် အကူအညီများ ထိရောက်ဟု ဗြိတိန် သံအမတ်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ဗြိတိန်အပါအဝင် နိုင်ငံတကာ အထောက်အပံ့များကို သုံးစွဲရာတွင် သိသာထင်ရှားမှု အားနည်း နေသော်လည်း ထိရောက်မှုရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာ အင်ဒရူးပတ်ထရစ်က ပြောကြားသည်။

မလေးရှားလေယာဉ်ကို ရှာဖွေနေသော လေယာဉ်များ ပင်လယ်တွင်း၌ ရေနံပြင်ကြီးနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ဗီယက်နမ် ပြောကြား

ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေနေသည့် ကယ်ဆယ်ရေးလေယာဉ် များသည် ပင်လယ်ပြင်အတွင်း၌ ရေနံကွက်ကြီးနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ယင်းဧရိယာသို့ သင်္ဘောများ စေလွှတ်ထားကြောင်း ဗီယက်နမ်က မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် သံလွင်မြစ်ပေါ်ရှိ ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကန့်ကွက်

Photo: IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် သံလွင်မြစ်ပေါ်ရှိ ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကန့်ကွက်
Sunday, March 9, 2014

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ သံလွင်မြစ်ပေါ်တွင် IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကန့်ကွက်ကြောင်း ပြောကြားကြသည်။

လှိုင်းဘွဲ့မြို့နယ်ရှိ ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး IGE ကုမ္ပဏီ၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ EGAT နှင့်တရုတ်ကုမ္ပဏီ (Sinohydro Corporation)  ကုမ္ပဏီတို့မှ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး မီဂ္ဂါဝပ် ၁၃၆၀ ထုတ်လုပ်နိုင်မည်ဟု သိရသည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ သား ဦးနေအောင်ပိုင်ဆိုင်သော IGE ကုမ္ပဏီမှာ တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားသည့် စီမံကိန်းရှစ်ခုထဲတွင် မြန်မာနိုင်ငံ၌ စက်တပ်ဆင်အား အကြီးဆုံးဖြစ်လာမည့် မဂ္ဂါဝပ် ၇၁၁၀ ရှိသည့် အထက်သံလွင်(မိုင်းတုံ)စီမံကိန်း၊ မဂ္ဂါဝပ် ၁၃၆၀ စက်တပ်ဆင်အားရှိမည့် ဟက်ကြီးစီမံကိန်းနှင့် မဂ္ဂါဝပ် ၁၂၀၀ရှိသည့် နောင်ဖစီမံကိန်း စသည့် စီမံကိန်းကြီးပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

ဖာပွန်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ အိတုထဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးဖြစ်သူ ဒေါ်နော်သာရှီးက “ဒီရေအားလျှပ်စစ်စီမံကိန်းဖြစ်သွားရင် အသက်မွေးဝမ်းကျောင်း ထိခိုက်ရုံသာမကဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်ပါတယ်။ ရေကာတာ ကျိုးပေါက်မှုဖြစ်လာခဲ့ရင် တစ်ရွာလုံးရေမြုပ်သွားမှာ သေချာတယ်။ ဒီမှာရှိနေတဲ့ သူတွေက စစ်ပွဲကြောင့် ဒုက္ခရောက်ပြီး လာနေ နေရတာ။ ဒီကနေ ရေကာတာကြောင့် ထွက်ပြေးရမယ်ဆိုတာမျိုး မကြုံတွေ့ချင်ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် ဟက်ကြီးရေကာတာစီမံကိန်း တည်ဆောက်မည့်ဧရိယာအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် DKBA နှင့် KNU တို့ကလည်း ရေကာတာစီမံကိန်းကို အပစ်အခတ်ရပ်စဲရေး မခိုင်မာသေးသည့်အချိန် ငြိမ်းချမ်းရေး သဘောတူညီချက် မသေချာသေးသည့်အချိန်တွင် တည်ဆောက်မည့်အပေါ် ကန့်ကွက်ကြောင်းလည်း ပြောကြားကြသည်။

KNU ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသော်သီဘွယ်က “ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းက ကျွန်တော်တို့ နယ်မြေထဲမှာပါ ပါတယ်။ ကျွန်တော်တို့ ရပ်တည်ချက်က နိုင်ငံရေးဆွေးနွေးဖို့ အာမခံချက်မရှိမချင်း ဒီလိုကြီးကျယ်တဲ့ စီမံကိန်းတွေကို လုပ်ကိုင်ခွင့် မပြုပါဘူး။ နိုင်ငံရေးအာမခံချက် ရှိလာပြီးနောက်ပိုင်းမှပဲ ပြည်သူ့အကျိုးကြည့်ပြီး တကယ်လို့ လိုအပ်မယ်ဆိုရင် အဲ့ဒီနောက်ပိုင်းမှပဲ ဆက်လုပ်ဆောင်သွားဖို့ ရှိတယ်။ လက်ရှိကာလမှာ အပစ်အခတ်ရပ်စဲရေးကလည်း တိကျသေချာမှု မရှိသေးဘူး။ နိုင်ငံရေးကလည်း ဘာတစ်ခုမှ မဆွေးနွေးရသေးဘူး။ အာမခံချက်ဆို ဝေးရော။အဲ့ဒီလို အချိန်ကာလမှာ ခွင့်ပြုလိုက်မယ်ဆိုရင် အစိုးရလောက်ပဲ ကောင်းကျိုးခံစားရပြီး ကျွန်တော်တို့ ကရင်ဒေသခံတွေက ဘာတစ်ခုမှ အကျိုးခံစားရမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ဒီဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို လက်မခံနိုင်ဘူး”ဟု ပြောကြားသည်။

ထို့အတူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလို့ ထူးဘောအခြေ စိုက်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောမောင်ကြာ က “ဒီရေကာတာစီမံကိန်းကို ကျွန်တော်တို့ DKBA ရဲ့ရပ်တည်ချက်ကတော့ ဟက်ကြီး ရေကာတာစီမံကိန်းကို လုံးဝ ခွင့်မပြုပါဘူး။ရေကာတာစီမံကိန်းကို အကြောင်းပြုပြီး တပ်တွေတိုးချဲ့လာရင် ပြဿနာက ပိုကြီးလာနိုင်တယ်။ ကုမ္ပဏီအဖွဲ့ကတော့ ခဏခဏ လာညှိတယ်။ ထိုင်းပါတယ်။ တရုတ်ပါတယ်။ကျွန်တော်တို့ဘက်ကတော့ လက်ရှိအခြေအနေမှာ ခွင့်မပြုနိုင်ပါဘူး။ ရေကာတာကို အတင်းဆောက်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်မှာ သေချာတယ်”ဟု ပြောကြားသည်။

သံလွင်မြစ်ကြောင်းပေါ်တွင် တည်ဆောက်မည့် ဟက်ကြီးရေကာတာကြောင့် ဖြစ်ပေါ်လာမည့် ရေလွှမ်းမိုးမှု၊ စိုက်ပျိုးရေ မရရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းအပါအ၀င် ဆိုးကျိုးများကို ဒေသခံပြည်သူများအနေဖြင့် ခံစားရပြီး ကုမ္ပဏီများ၊ ပါဝင်သူပုဂ္ဂိုလ်များအနေဖြင့် ရေကာတာစီမံကိန်းကြောင့် အကျိုးအမြတ်များကို ရရှိမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း လက်ရှိအချိန်တွင် ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသေးကြောင်း ကရင်မြစ်ချောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့KRW (Karen Rivers Watch )  အဖွဲ့မှ ကို စောသာဘိုးက ဆိုသည်။

ကိုစောသာဘိုးက “ဒီရေကာတာ ဆောက်မယ်ဆိုတာ ပြည်သူတွေကို အစိုးရက ခုထိ ပွင့်ပွင့်လင်းလင်း ချပြခြင်းမရှိသေးဘူး။ နောက်တစ်ခုက ဒီရေကာတာကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဒေသခံပြည်သူတွေပဲ ခံစားရမှာ။ ဒီသံလွင်မြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ရွာတွေမြို့တွေက သံလွင်မြစ်ရဲ့ နုန်းတင်မြေနုတွေနဲ့ စိုက်ပျိုးရေးကို အဓိကထားလုပ်ကြတာ။ ရေကာတာဆောက်လိုက်လို့ ရေနည်းသွားရင် ဒီစိုက်ပျိုးမြေတွေ အကုန်လုံး အလကားဖြစ်သွားပြီ။ နောက်ပြီး ရေကာတာကျိုးပေါက်လို့ ရေကြီးမယ်ဆိုရင် သံလွင်မြစ်အောက်ပိုင်းက မြို့တွေ၊ ရွာတွေအကုန် ရေမြုပ်သွားမှာ သေချာတယ်။ ဒီရေကာတာစီမံကိန်းကို ဆန့်ကျင်တဲ့ ဒေသခံတွေရဲ့ လက်မှတ်တွေကို ကျွန်တော်တို့ စုဆောင်းကောက်ခံနေတယ်။ ဘယ်လောက်အတိုင်းအတာထိ ရပြီလဲဆိုတာတော့ မသိသေးဘူး။ ရလာရင် သတင်းထုတ်ပြန်သွားမှာပါ”ဟု ပြောကြားသည်။

ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာနေ တောင်သူတစ်ဦးဖြစ်သူ ဒေါ်ဝင်းသန်းက “ကျွန်မတို့ ရွာကတော့ အဓိက စိုက်ပျိုးရေးလုပ်တာပါ။ ပဲ၊ ပြောင်း၊ စပါး အဓိကစိုက်တယ်။ မိုးရာသီဆိုရင် သံလွင်မြစ်က ရေကြီးလာတယ်။ ရေပြန်ကျသွားလို့ တင်ကျန်နေ တဲ့ နုန်းတင်မြေတွေမှာ မြေပဲစိုက်တယ်။ ဒီရေကာတာစီမံကိန်းလုပ်လို့ နုန်းမြေတွေ မရရှိတော့ဘူးဆိုရင် စိုက်ပျိုးမြေတွေကို ထိခိုက်လာနိုင်တယ်။ ကျွန်မတို့က ဒီကိုင်းအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟုဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် Karen Environm- ental and Social Action Network (KESAN) မှ သုတေသီနှင့်ပညာပေးတာဝန်ခံဖြစ်သူ SteveThompson က“ဒီရေကာတာစီမံကိန်း ဆောက်မယ်ဆိုရင် ပြောင်းရွှေ့နိုင်ရတဲ့ ရွာတွေကလည်း အမြောက်အမြား ရှိနေပါတယ်။နောက်ပြီး ဒီရေကာတာစီမံကိန်းကြောင့် နောက်ဆက်တွဲအနေနဲ့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ပဋိပက္ခတွေလည်း ပြန်ဖြစ်လာနိုင်ပါတယ်။ သာဓကတစ်ခုက ကချင်မြစ်ဆုံစီမံကိန်းကြောင့် ကချင်ဒေသမှာ စစ်ပွဲပြန်ဖြစ်လာ တယ်။ နောက်တစ်ခုက ဒီဟက်ကြီး ရေကာတာဆောက်မယ့်နေရာက ငလျင်ကြောရှိတဲ့ နေရာလည်းဖြစ်တယ်။ ဒီရေကာတာ ဆောက်လိုက်ပါပြီတဲ့။ မပြိုနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ။ တကယ်လို့ အဲ့လိုဖြစ်လာခဲ့လို့ ရွာတွေ၊ မြို့တွေ ရေလွှမ်းမိုးခံရပြီး လူ့အသက်တွေ သေကြေပျက်စီးပြီဆိုရင် ဘယ်သူ့မှာ တာဝန်ရှိနိုင်မှာလဲ။ အစိုးရလား၊ ကုမ္ပဏီတွေလား။ ဒါကို သေချာစဉ်းစားသင့်တယ်”ဟု သုံးသပ်သည်။
        
Eleven Media Group

ကရင်ပြည်နယ် ဘားအံမြို့အနီး သံလွင်မြစ်ကြောင်းတစ်နေရာ (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ သံလွင်မြစ်ပေါ်တွင် IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်မည့် ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင် လေ့ လာစောင့်ကြည့်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကန့်ကွက်ကြော င်း ပြော ကြားကြသည်။

သယံဇာတ ယိုပေါက်

Photo: သယံဇာတ ယိုပေါက်
Sunday, March 9, 2014

နေသူမရှိ တဲ့ အိမ်တွေ၊ ပျက်စီး ပြိုကျ နေတဲ့ လူနေအိမ် တွေ၊ ခြုံနွယ် တွေစီးနေတဲ့ နှစ်ရှည် ဥယျဉ်ခြံတွေ၊ ပိုင်ရှင်မဲ့ နေတဲ့ ကျွဲ၊ နွားအုပ် တွေကို မြင်ရတာ မငြိမ်သက် တဲ့ စစ်ပွဲ ဒဏ်ခံ ကျေးရွာတွေရဲ့ ပြရုပ် တွေပါ။ ဒီအခြေအနေ က မြစ်ကြီးနား၊ ဗန်း မော်ကား လမ်းတစ်လျှောက် ရဲ့ မြင်ကွင်း တွေပါပဲ။

၂၀၁၁ ခုနှစ် ဇွန်လက စပြီး မြန်မာ့ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲ တွေပြန်လည် ဖြစ်ပွားခဲ့ တာခုဆိုရင် သုံးနှစ် နီးပါးရှိခဲ့ပါပြီ။ ဒီစစ်ပွဲတွေ ရဲ့ အကျိုးဆက် တွေကြောင့်ပဲ မြန်မာ နိုင်ငံထဲက သယံဇာတ တွေ နိုင်ငံခြား တိုင်းပြည်တွေ ကို နည်းလမ်း မျိုးစုံ နဲ့ ခိုးထွက် နေခဲ့တာပါ။

ကချင်ပြည်နယ် က တရုတ် နိုင်ငံ နဲ့ ထိစပ် နေတာကြောင့် တရုတ် နိုင်ငံသား တွေက ကချင်ပြည်နယ် ထဲ ကို နည်းမျိုးစုံ နဲ့ ၀င်ရောက်ပြီး မြန်မာ့ သယံဇာတ တွေကို ရှာဖွေ၊ တူးဖော် ခုတ်လဲစတဲ့ နည်းလမ်း တွေ နဲ့ စီးပွား ရှာနေခဲ့တာ နှစ်ပေါင်းများ စွာ ရှိခဲ့ပါပြီ။

“အရင် ကတော့ သုံးနားညီ ပေါ့။ တပ်ရယ်၊ KIA ရယ် ကုန်သည် ရယ် နားလည်မှုနဲ့ စီးပွားရေး လုပ်ငန်း တွေလုပ်ခဲ့တာပါ””လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းက တပ်မတော် အရာရှိ တစ်ဦးက ပြောပါတယ်။

၁၉၉၄ ခုနှစ် KIA နဲ့ တပ်မတော်  အစိုးရ တို့ကြားအပစ် အခတ်ရပ်စဲ ရေး လုပ်ခဲ့ပြီး နောက်ပိုင်း တရုတ် နိုင်ငံသား တွေအနေနဲ့ KIA ထိန်းချုပ် နယ်မြေထဲ မှာ သစ်လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း တွေကို အခွန်အခ ပေးဆောင်ပြီး လုပ်ကိုင်မှု တွေပြုခဲ့ပါတယ်။ တရုတ် နိုင်ငံသား တွေရဲ့ ငှက်ပျော စိုက်ခင်း တွေ ရာဘာ စိုက်ခင်း တွေက လိုင်ဇာ အနီး ပတ်ဝန်းကျင် ဒေသတွေမှာ လက်ညှိုး ထိုးမလွဲ ရှိနေတာ ပါ။ ခုချိန်မှာ တော့ အားလုံးက ချုံနွယ် တွေ ဖုံးလွှမ်း ထားပါပြီ။ စိုက်ပျိုးရေး လုပ်ငန်း၊ ရွှေတူး လုပ်ငန်း တွေထက် ဒေသ မတည်ငြိမ် မှုကြောင့် အမြတ် အများကြီး ရှိတဲ့ သစ်လုပ်ငန်း ကို တရုတ် ကုန်သည်တွေ ပိုပြီး စိတ်ဝင် စားကြ တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

“ကျွန်တော် တို့ သစ်မှောင်ခို လုံးဝ မလုပ်ဘူး။ ကျွန်တော် တို့က အစိုးရဖြစ်တဲ့ အတွက် ကိုယ့်ဒေသ အတွင်း ဖြတ်တဲ့ ကုန်သည် တွေဆီ ကတော့ အခွန် ကောက်တယ်””လို့ KIA က တာဝန်ရှိသူ တစ်ဦးက ပြော ပါတယ်။

တစ်နိုင်ငံလုံး အပစ် အခတ်ရပ် စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေချိန် ၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်းမှာ တပ်မတော် နဲ့ KIA တို့ကြား တိုက်ပွဲ အချို့ပြန်ဖြစ် ခဲ့ပါတယ်။ ဒီ တိုက်ပွဲ တွေဖြစ်ပွား ရခြင်းဟာ  သယံ ဇာတခိုး ထုတ်မှုတွေကို KIA က ကာကွယ် ပေးထားလို့ ဖြစ်တာ လို့ တပ်မတော် ဘက် အခိုင် အမာ ပြောကြား သလို KIA တာဝန်ရှိ သူတွေ ကတော့ သယံဇာတ ကို အကြောင်း ပြပြီး ဧရာဝတီမြစ်နဲ့ မြစ်ကြီးနား ဗန်းမော် ကားလမ်းကြားက KIA တပ်စခန်း တွေကို ရှင်းလင်း နေတာ လို့ ပြန်လည် တုံ့ပြန် ပြောဆိုကြ တယ်။ ဘယ်လို အခြေ အနေတွေ ကြောင့်ပဲ ဖြစ်ပါစေ။ မြန်မာနိုင်ငံ က အဖိုးတန် သစ်တွေ တရုတ် နိုင်ငံထဲ ကို မှောင်ခို ထွက်နေတာ ကတော့ ငြင်းဆန်လို့ မရပါဘူး။

၂၀၁၃ ခုနှစ် အတွင်း က တရုတ် နိုင်ငံကို မှောင်ခို ပို့မယ့် သစ် တန်ချိန် ၁၆၀၀ ကျော်ဖမ်းဆီး မိခဲ့ ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လ အထိ သစ်တန်ချိန် (၄၀၀၀) နီးပါး နဲ့ ကရိန်းယာဉ်၊ သစ်တင်ယာဉ် အစီး (၇၀) ခန့် ကို တပ်မတော်က ဖမ်းဆီး ရမိ ထားသလို တရုတ် နိုင်ငံသား (၁၃) ဦးကိုလည်း ဖမ်းဆီး မိထား တယ်လို့ တပ်မတော် အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။

“ကျွန်တော်တို့ ကတော့ သယံ ဇာတ ခိုးထုတ်မှုတွေ ကို ကာကွယ် ရမယ်။ လက်နက်ကိုင် စီးပွားရေး က အရမ်းကြီးတယ်။ သစ်ကားတွေ အတွက် တပ် ကိုညှိတာ တွေရှိတယ်။ ဒီဘက်က လုံးဝ လက်မခံလို့ အခု လိုတွေ မိတာ””လို့ ကချင်ပြည်နယ် အတွင်းရှိ တပ်မတော် တိုက်ခိုက် ရေး တပ်တစ်ခုမှ ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက မှတ်ချက်ပြု ပါတယ်။

 မြန်မာနိုင်ငံက ထွက်တဲ့ ကျွန်း သစ်နဲ့ တမလန်းသစ် တွေကို တရုတ် နိုင်ငံသားတွေ အလွန် သဘောကျ တယ်လို့ သိရပါတယ်။ တမလန်း သစ်နဲ့ လုပ်ထားတဲ့ ထိုင်ခုံတွေ က တရုတ်နိုင်ငံမှာ ဈေးကွက် အကြီး အကျယ်ရှိပြီး ဒီထိုင်ခုံ တွေနဲ့ ထိုင် ရင် ကျန်းမာရေး ကောင်းတယ် ဆို တဲ့ ယုံကြည်ချက် ကြောင့်လည်း မြန်မာနိုင်ငံထဲ က တမလန်းသစ် တွေကို နည်းမျိုးစုံ နဲ့ ခိုးထုတ် နေတာ လို့ ဒေသခံပြည်သူ အချို့ဆီက သိရ ပါတယ်။

 မြန်မာနိုင်ငံ က ခိုးထုတ်သွား တဲ့ တမလန်းသစ် တစ်တန်ရဲ့ တန် ဖိုးက တရုတ် နိုင်ငံ အတွင်းမှာ မြန်မာ ငွေ သိန်း (၃၀၀)ခန့်ဈေး ရှိတယ်လို့ သိရပါတယ်။ ဒီလို တန်ဖိုး ရှိတာမို့ လို့လည်း တရုတ် နိုင်ငံသား ကုန်သည် တွေက ယန္တရား မျိုးစုံနဲ့ ကချင်ပြည်နယ် အတွင်းမှာ လမ်းတွေ ဖောက်ပြီးသစ် တွေကို ခိုးထုတ်နေ ကြတာပါ။ မြစ်ကြီးနား ဗန်းမော် ကားလမ်းမ တစ်လျှောက်မှာ သစ်ခိုး ထုတ်တဲ့ ကားလမ်း (၇)ခုကို တွေ့ ရှိထား လို့ တပ်မတော်က မိုင်းထောင်ပြီး ပိတ်ဆို့ ထားပါတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ထဲကို ဒီလို ယာဉ် ယန္တရားတွေနဲ့ လမ်းဖောက်ပြီး သယံဇတ တွေကို ခိုးထုတ် နေတာကတော့ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံရဲ့ လူကြီး လူကောင်း မပီသမှု တစ်ခု ဆိုရင်လည်း မမှားပါ ဘူး။ ဒါပေမဲ့ လည်း ဒီလိုတိုင်း ပြည်ရဲ့ သယံ ဇာတတွေ ခိုးထုတ်ခွင့် ရဖို့ အတွက် အစိုးရ ၀န်ထမ်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ အချို့သော စီးပွားရေး သမား နိုင်ငံသားတွေ မပါရင်တော့ မဖြစ်နိုင် ပါဘူး။

ကချင်ပြည်နယ် လိုင်ဇာ ကနေ တရုတ် နိုင်ငံထဲကို သစ်တွေ ထွက် နေတယ် ဆိုတာ မှန်ပေမယ့် ဒီသစ် တွေက ကချင်ပြည်နယ် ထဲကမဟုတ် ဘဲ အခြားသော တိုင်း ဒေသကြီးနဲ့ ပြည်နယ် တွေက စီးဝင်လာတဲ့ သစ် တွေဖြစ်ပြီး အစိုးရ ဂိတ်တွေကို ဖြတ်သန်း လာတဲ့သစ်တွေ ဖြစ်တယ် လို့  KIA ဘက်က ပြောဆိုပါတယ်။

သစ်ထုတ် လုပ်မှု မူလအခြေခံ ဒေသ ကတော့ ဧရာဝတီမြစ်ရိုး ကို အခြေခံပြီး ထုတ်လုပ် နေတာဖြစ်ပြီး  မဘိမ်း၊ မိုးမိတ်၊ ကသာ၊ ရွှေကူ ဘက် က စစ်ကြောင်း တွေနည်းပါး တဲ့နေရာတွေ ကနေ လိုင်ဇာ အနီးထိ ၀င်ရောက် လာတာဖြစ်တယ်လို့ တပ်မတော် ဘက်က ခန့်မှန်း ပြောဆို နေကြပါတယ်။

လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အချို့ကြောင့် သစ်တန် ချိန် များစွာ ဖမ်းဆီးမှု ဖြစ်ပေါ်မှသာ တရုတ် နိုင်ငံဘက်ကို သစ်ခိုး ထုတ်မှုတွေဟာ မီဒီယာ စာမျက်နှာ ထက် မှာပေါ်လာတာ ဖြစ်ပေမယ့် အရင် အရင်က ဘယ် အတိုင်းအတာ ထိ ခိုးထုတ် ခဲ့မယ်ဆိုတာ  ခန့်မှန်းဖို့  တောင် ခက်ခဲမှာပါ။  ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး စတဲ့ ဒေသ တွေ ဘက်က သယ် ထုတ်လာတဲ့ သစ်တွေ အတွက် အစိုးရရဲ့ ကိုင် တွယ်ပုံ က အရေးကြီး သလို၊ အဲဒီ ဒေသတွေ မှာ ပိတ်ထားရင် KIA ပိုင်နက် ထဲထိ မရောက် လာနိုင်ပါ ဘူး။ ရွှေလီမှာ ရပ်ထား တဲ့ သစ်ကား တွေကိုကြည့်ရင် အဖြေကို ရှာဖို့လို တယ်လို့ KIA ဘက်က အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြော ကြားပါတယ်။

ကျင်းပ ဆဲဖြစ်တဲ့ န၀မအကြိမ် မြောက် လွှတ်တော် အစည်းအဝေး မှာတော့ တရုတ် နိုင်ငံသား တွေ မြန်မာ နိုင်ငံထဲကို တရားမ၀င် ၀င်ရောက် လုပ်ကိုင်မှု တွေအတွက် တရုတ်သံရုံး ကို အသိပေး အကြောင်း ကြာစာပို့ ထားတယ် လို့ သမ္မတ ရုံးဝန်ကြီး ဦးစိုးမောင်က လွှတ်တော် ကိုယ်စား လှယ်တွေ ကိုပြောကြားခဲ့ပြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အနေနဲ့လည်း ကချင် ပြည်နယ် အတွင်းရှိ ကြိုးဝိုင်း ကြိုး ပြင် ကာကွယ် တောတွေ ထဲမှာ တရား မ၀င် သစ်ထုတ်မှု နဲ့ သတ္တု တူးဖော် မှုတွေ အတွက် သံတမန် နည်းလမ်း နဲ့ ကန့်ကွက် ပြောကြားမှု တွေကို နယ်စပ် ဆွေးနွေးပွဲတွေ မှာ ပုံမှန်ဆောင် ရွက်နေတယ် လို့လည်း သမ္မတရုံး ၀န်ကြီးက ဖြေကြား ခဲ့ပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ် အတွင်းက မြို့နယ် တချို့မှာတော့ တရုတ်နိုင်ငံ သားတွေ အလုံး အရင်းနဲ့ ၀င်ရောက် ပြီး သစ် ထုတ်လုပ်မှုတွေ၊ သတ္တု တူးဖော်မှုတွေ လုပ်ဆောင်နေတာ အများအပြား ရှိနေဆဲပါ။

သစ်ကားတွေ ဖြတ်သန်းခွင့် အတွက် အခွန် ကောက်တာနဲ့ ရွှေ တွင်း တွေဆီက အခွန် ကောက်တာ အတွက် တရားဝင် တယ်လို့ KIA က ခံယူထားပြီး၊ မူးယစ် ဆေးဝါးနဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ငန်း တွေ ကသာ တရား မ၀င်တာလို့ ပြော ပါတယ်။ ဒီလို အခွန်ငွေတွေ ကောက် ခံမှပဲ အဖွဲ့ အစည်းဖွံ့ဖြိုးရေး၊ ဒေသ ဖွံဖြိုးရေး အတွက် အဆင်ပြေမှာ ဖြစ် တဲ့ အပြင် မြစ်ကြီးနား၊ ဗန်းမော်လမ်း ကို KIA က သစ်နဲ့ အခြား လုပ်ငန်း တွေက ကောက် ခံခဲ့တဲ့ အခွန်တွေနဲ့ ခင်းထား တာလို့ သိရပါတယ်။

““ကျွန်တော်တို့ အခွန် ကောက် တယ်ဆိုတာ ဟုတ်တယ်၊ ကျွန်တော် တို့အိတ်ထဲ ကောက်ထည့်တာ မပါ ဘူး။ လမ်း တစ်လျှောက် ဂိတ်တွေမှာ ကောက်နေတဲ့ ငွေတွေ နိုင်ငံတော် ဘဏ္ဍာထဲ ၀င်လို့လား၊ ကျွန်တော်တို့ ကောက်တာ လူထု အတွက် ပြန် သုံးတာ။ အစိုးရ ဘက်က ကောက် နေတာတွေ ဘယ်ရောက် ကုန်လဲ”” လို့ KIA အဆင့်မြင့် တာဝန် ရှိသူ တစ်ဦးက တရုတ် နိုင်ငံကို ထွက်နေ တဲ့ သယံဇာတ တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်ပါတယ်။

ပထ၀ီ နိုင်ငံရေး အရ အိမ်နီးချင်း ဖြစ်နေတဲ့ တရုတ် နိုင်ငံက မြန်မာ နိုင်ငံ ထဲက စစ်ဘေး ရှောင်ပြည်သူ တွေအတွက် လှူဒါန်းမှု လုပ်တာတွေ က ဒီနိုင်ငံက နေ တရားမ၀င် ထုတ် သွားတဲ့ သယံဇာတ တွေနဲ့ နှိုင်းယှဉ် ရင် အဆမတန် ကွာခြားပါတယ်။ မြန်မာနိုင်ငံထဲ က သယံဇာတ တွေကို နည်းမျိုးစုံနဲ့ ထုတ်ယူ နေပြီး၊ မြန်မာ နိုင်ငံ ကို မှောင်ခို ဈေးကွက် တစ်ခု အဖြစ် သဘောထား နေတဲ့ မူဝါဒကို တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ စီးပွားရေး သမားတွေ စုပေါင်းပြီး ဟန့်တား နိုင်မှသာ ထိုက်တန် တဲ့ ဈေးနှုန်းနဲ့ သယံဇာတ တွေကို ရောင်းချ နိုင်မှာပါ။

တရုတ် ကုန်သည်တွေ နဲ့ နိုင်ငံသား စီးပွားရေး သမားတွေ က ငွေ ထုတ် ပိုက်ပြီး ငွေလမ်း ခင်းမယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကလည်း ဆက်လက် ရပ်တည်ဖို့ အတွက် အခွန် ကောက် ခံပြီး ဖြတ်သန်းခွင့် ပြုနေကြမယ်၊ မြန်မာနိုင်ငံ အစိုးရ လက်အောက် က အကျင့်ပျက် ၀န်ထမ်း တွေကလည်း ငွေမျက်နှာပဲ ကြည့်နေမယ် ဆိုတဲ့ သုံးနားညီ သီအိုရီ မပျက်သ၍ မြန်မာ နိုင်ငံထဲ က အဖိုးတန် သယံဇာတ တွေ စိနတိုင်း ကို ခိုးထွက် နေမှာကတော့ သေချာ ပါတယ်။

နယ်မြေချင်း ထိစပ် နေတဲ့ ကချင်ပြည်နယ် ထဲက သစ်တွေ တင် မကဘဲ အခြားသော တိုင်းဒေသကြီး နဲ့ ပြည်နယ် တွေက သယံဇာတတွေ၊ ဧရာဝတီမြစ် အနောက်ဘက် ကမ်းက သဘာဝတရားရဲ့ အဖိုးတန် အမွေအနှစ် တွေ တရုတ် နိုင်ငံထဲကို တရား မ၀င် စီးဆင်း နေတာကို အမြန်ဆုံး တားဆီး ကာကွယ်နိုင်ဖို့ ဘယ်သူ တွေက တာဝန် ယူမလဲဆိုတာက တော့.......

Messenger News Journal
နေသူမရှိ တဲ့ အိမ်တွေ၊ ပျက်စီး ပြိုကျ နေတဲ့ လူနေအိမ် တွေ၊ ခြုံနွယ် တွေစီးနေတဲ့ နှစ်ရှည် ဥယျဉ်ခြံတွေ၊ ပိုင်ရှင်မဲ့ နေတဲ့ ကျွဲ၊ နွားအုပ် တွေကို မြင်ရတာ မငြိမ်သက် တဲ့ စစ်ပွဲ ဒဏ်ခံ ကျေးရွာတွေရဲ့ ပြရုပ် တွေပါ။ ဒီအခြေအနေ က မြစ်ကြီးနား၊ ဗန်း မော်ကား လမ်းတစ်လျှောက် ရဲ့ မြင်ကွင်း တွေပါပဲ။

အစိုးရနှင့် လွှတ်တော် ပွတ်တိုက်မှုများ ဖြစ်နေခြင်းသည် စနစ်ကြောင့်ဖြစ်သည်ဟု သူရဦးရွှေမန်း ပြောကြား

အစိုးရနှင့် လွှတ်တော်ပွတ်တိုက်မှုများ ဖြစ်နေခြင်းသည် စနစ်ကြောင့်ဖြစ်သည်ဟု  ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မတ် ၆ ရက်တွင် လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်များ စတင်လျှောက်ထားနိုင်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းတို့တွင်သာ မဏ္ဍပ်အကြီးများ ခွင့်ပြုနိုင်ဖွယ်ရှိ

Photo: သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်များ စတင်လျှောက်ထားနိုင်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းတို့တွင်သာ မဏ္ဍပ်အကြီးများ ခွင့်ပြုနိုင်ဖွယ်ရှိ
Sunday, March 9, 2014

ရန်ကုန်သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် စတင်လျှောက်ထားနိုင်ပြီး ယခင်နှစ်ကဲ့သို့ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းတို့တွင်သာ ရေကစားမဏ္ဍပ်ကြီးများ ခွင့်ပြုနိုင်ဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်သင်္ကြန်အတွက် ကဏ္ဍပေါင်းစုံမှ အကြိုညှိနှိုင်းအစည်းအဝေးကို မတ်လဆန်းပိုင်းတွင် ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ရေကစားမဏ္ဍပ် တည်ဆောက်လိုသူများ စတင်လျှောက်ထားနိုင်သော်လည်း မဏ္ဍပ်နေရာများ ချထားပေးမည့်စာရင်းများမှာမူ အတိအကျ မထွက်ရှိသေးကြောင်း သိရသည်။ ထို့အတွက် ရေကစားမဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ပေးမည့် နေရာများမှာ ယခင်နှစ်ကဲ့သို့ပင် အင်းလျားလမ်း မပါဝင်ဘဲ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းတို့သာ  ဖြစ်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ရန်ကုန်သင်္ကြန်တွင် နှစ်စဉ် ရေကစားမဏ္ဍပ်များဖြင့် စည်ကားခဲ့သည့် အင်းလျားလမ်းတွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန်မှစတင်၍  မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ မဏ္ဍပ်နေရာချထားပေးမည့် လမ်းစာရင်းများ ထွက်ရှိလာပါက ရေကစားမဏ္ဍပ် များလိုက်နာရမည့် စည်းကမ်းချက်များလည်း ထွက်ရှိလာမည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်က ရန်ကုန်မြို့၌  ပေ ၁၀၀ နှင့်အထက် ရေကစားမဏ္ဍပ်ကြီး ၄၅ ခု ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားကဏ္ဍပ် ၁၅ ခု ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်းတွင် ရေကစားကဏ္ဍပ် ကိုးခု နှင့် ပြည်လမ်းပေါ်တွင် သုံးခုရှိခဲ့သည်။

ပြီးခဲ့သည့်နှစ် ရေကစားမဏ္ဍပ်များတွင် သရုပ်ပျက်ဝတ်စားမှု ဆိုးရွားခြင်း မရှိခဲ့သော်လည်း ရေကစားမဏ္ဍပ်ကြီးများ စည်းကမ်းဖောက်ဖျက်ခဲ့ခြင်းကြောင့်  ဒဏ်ကြေးငွေ ကောက်ခံခဲ့မှုများရှိခဲ့ပြီး ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းရှိမဏ္ဍပ်များ အများဆုံးဖြစ်ခဲ့ကာ အချို့မဏ္ဍပ်များ  မှာ ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ အထိ ပေးဆောင်ခဲ့ရမှုများပင် ရှိခဲ့ပြီး ယင်းသို့ စည်းကမ်းဖောက်ဖျက်မှု များပြားသည့်မဏ္ဍပ်များကို ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ချထားပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ယခင်နှစ်သင်္ကြန်က မဏ္ဍပ်အကြီးတစ်လုံးလျှင် အာမခံစပေါ်ငွေ ကျပ် ၇၅ သိန်း ပေးသွင်းခဲ့ရပြီး ယခုနှစ်တွင်လည်း ယင်းနှုန်းထားအတိုင်းသာ ဖြစ်နိုင်ခြေ များပြားသည်ဟုလည်း သိရသည်။

Eleven Media Group

ယခင်နှစ် သင်္ကြန်ကာလတွင် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်ကြီးတစ်ခုအား တွေ့ရစဉ်
ယခင်နှစ် သင်္ကြန်ကာလတွင် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်ကြီးတစ်ခုအား တွေ့ရစဉ်

ရန်ကုန်သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် စတင်လျှောက် ထားနိုင်ပြီး ယခင်နှစ်ကဲ့သို့ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ် လမ်း တို့တွင်သာ ရေကစားမဏ္ဍပ်ကြီးများ ခွင့်ပြုနိုင်ဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရ သည်။

MICT Park ၌ ပြုလုပ်သည့် App Expo 2014 တွင် မိုဘိုင်း Application များ ၀င်ရောက်ပြသမှုများပြား

Photo: MICT Park ၌ ပြုလုပ်သည့် App Expo 2014 တွင် မိုဘိုင်း Application များ ၀င်ရောက်ပြသမှုများပြား..
Sunday, March 9, 2014

မတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် MICT Park ၌ ကျင်းပပြုလုပ်နေသည့် App Expo 2014 ပွဲတွင် မိုဘိုင်း Application များကို ၀င်ရောက်ပြသမှု များပြားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပြပွဲ၌ ဆော့ဖ်ဝဲကုမ္ပဏီပေါင်း ၂၀ ကျော်မှ ပြခန်းပေါင်း  ၃၀ ကျော်ဖြင့် ၀င်ရောက်ပြသခဲ့ကြပြီး ဆော့ဖ်ဝဲနှင့်ပတ်သက်သော ဟောပြောပွဲများ၊ ဂိမ်းပြိုင်ပွဲများ၊ ဖုန်းနှင့် တက်ဘလက် ရောင်းချမှုများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

မိုက်ခရိုဆော့ဖ်မှ Patrick Shim က ''State of Gaming'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ IdeaBoxMyanmar မှ Andy Zain က ''Developing and Delivering your 1-minute Elevator Pitch''  ခေါင်းစဉ်ဖြင့် လည်းကောင်း၊Total Game Play Studio မှ ကိုမြင့်ကျော်သူက ''Lessons Learned- Stories by a Myanmar Game Developer''  ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြကြောင်း သိရသည်။

“ပညာရေးဆိုင်ရာ မိုဘိုင်းဆော့ဖ်ဝဲ တစ်ခုဖြစ်တဲ့ MES Application ကို မတ် ၁၅ ရက်ကစပြီး စတင်အသုံးပြုနိုင်မှာပါ။ Play Store ကနေလည်း Download ဆွဲလို့ ရမှာပါ။ ဆော့ဖ်ဝဲကိုဖွင့်လိုက်တာနဲ့ အဓိက ခေါင်းစဉ်ကြီး ခြောက်ခုပေါ်လာမယ်။ ဥပမာ- နိုင်ငံခြားဘာသာစကားသင်တန်း၊ စီးပွားရေးပညာရပ် စသဖြင့်ပေါ့။ ကိုယ်တက်ချင်တဲ့ သင်တန်းကိုရွေးပြီးရင် ဘာသာရပ်ခွဲတွေ ပေါ်လာမယ်။ ဘာသာရပ်ကိုရွေးပြီးရင် မြို့နယ်တွေပေါ်လာမယ်။ ကိုယ်နဲ့နီးစပ်တဲ့ နေရာမှာရှိတဲ့ သင်တန်းမှာတက်နိုင်ဖို့ အသေးစိတ်အချက်အလက်တွေ လေ့လာကြည့်ရှုနိုင်မှာဖြစ်ပြီး ဓာတ်ပုံနဲ့တကွ ဖော်ပြပေးထားမှာပါ။ Offline လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟုMyanmar Edu-Service မှ တာဝန်ရှိသူက ရှင်းပြခဲ့သည်။

ယင်းပြပွဲတွင် မြန်မာကီးဘုတ်ဆော့ဖ်ဝဲများ၊ မြန်မာလူမှုကွန်ရက်ဆော့ဖ်ဝဲ၊ မိုဘိုင်း ပိုက်ဆံဆော့ဖ်ဝဲ၊ မိုဘိုင်းအရောင်းဆော့ဖ်ဝဲ၊ အွန်လိုင်းတေးဂီတစတိုးတွင် သီချင်းများ ၀ယ်ယူနားထောင်နိုင်သော ဆော့ဖ်ဝဲနှင့် အခြားအသုံးဝင် မိုဘိုင်းဆော့ဖ်ဝဲများကို ၀င်ရောက်ပြသခဲ့ကြကြောင်း သိရသည်။

Eleven Media Group
မတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် MICT Park ၌ ကျင်းပပြုလုပ်နေသည့် App Expo 2014 ပွဲတွင် မိုဘိုင်း Application များကို ၀င်ရောက်ပြသမှု များပြားခဲ့ကြောင်း သတင်းရရှိသည်။

ဘိုးရင်းလေယာဉ် ၁၀ စင်းအား ငှားရမ်းခြင်းသာဖြစ်ပြီး လေယာဉ်များ၏ စုစုပေါင်းတန်ဖိုးသည် လေကြောင်းလိုင်းနှင့် မသက်ဆိုင်ကြောင်း မြန်မာ့လေကြောင်း ရှင်းလင်း

ပြည်တွင်းသတင်းဂျာနယ်တစ်စောင်တွင် ဆောင်းပါးအဖြစ် ဖော်ပြထားသည့် ဘိုးရင်းလေယာဉ် ၁၀ စင်းအတွက် ကွာခြားနေသော ဒေါ်လာသန်း ၃၀၀ နှင့် ပတ်သက်၍ အဆိုပါ ဘိုးရင်းလေယာဉ် ၁၀ စင်းသည် ငှားရမ်းခြင်းသာဖြစ်ပြီး လေယာဉ်များ၏ စုစုပေါင်းတန်ဖိုးမှာ လေကြောင်းလိုင်းနှင့် မသက်ဆိုင်ကြောင်း မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက မတ် ၈ ရက်က The Daily Eleven  သတင်းစာသို့ ရှင်းလင်းပြောကြားခဲ့သည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်ရေး ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ လူ အင်အား ၂၅၀ ကျော်ဖြင့် ဆန္ဒပြ

Photo: တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်ရေး ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ လူ အင်အား ၂၅၀ ကျော်ဖြင့် ဆန္ဒပြ
Sunday, March 9, 2014

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် မတ် ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်တွင် လူအင်အား ၂၅၀ ကျော်ဖြင့် ဆန္ဒပြခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲတွင် တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူများအပါအ၀င် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်လိုသူ ပြည်သူလူထုက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉(ဃ)နှင့် ၅၉(စ)၊ ဒီမိုကရေစီစံနှုန်း နှင့်မညီညွတ်သော ပုဒ်မများနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအား ကိုယ်စားပြုသော အခြေံခံဥပဒေပေါ်ပေါက်ရေး” တို့ကို တောင်းဆိုကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလိုဆန္ဒပြတာဟာ ဒီမိုကရေစီ အစစ်အမှန်လိုချင်လို့ပါ။ စစ်အာဏာရှင်လက်ထက်က ရေးဆွဲထားတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့ပုဒ်မတွေကို ဆင်ပြင်ပေးဖို့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တောင်းဆိုတာပါ။ ကျွန်တော်တို့ ဒီပုဒ်မတွေကို ပြင်ချင်တယ်ဆိုတာ တစ်ဦးတစ်ယောက်ကောင်းစားဖို့၊ အဖွဲ့အစည်းတစ်ခု ကောင်းစားဖို့ မဟုတ်ပါဘူး။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ကောင်းစားဖို့ပါ”ဟု ဆန္ဒပြရာတွင် ပါဝင်သော တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ ဦးမျိုးကိုက ပြောကြားသည်။

ထို့သို့ဆန္ဒပြရာတွင် လူအင်အား ၂၅၀ ကျော်က “တိုင်းရင်းပြည်သူလူထုတစ်ရပ်လုံးအား ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စသည့်ဗီနိုင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာကြွေးကြာ်ဆန္ဒပြခဲ့သည်။

ဆန္ဒပြမှုပြုလုပ်ရာ လမ်းတစ်လျှောက်တွင် လမ်းအသုံးပြုသွားလာနေသည့် ခရီးသည်များနှင့် ပြည်သူလူထုအား ဒီမိုကရေစီ စံနှုန်းနှင့်မကိုက်ညီသော ပုဒ်မများကို ပြင်ဆင်သင့်သည့် လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြောင်း သိရသည်။

တိုင်းရင်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုမိန့်ရယူကာ ဆန္ဒပြခြင်းဖြစ်ပြီး ဆန္ဒပြမှုကို တောင်ဥက္ကလာပမြို့နယ် နန္ဒ၀န်ဈေးမှ စတင်၍ အင်းဝမှတ်တိုင်ကြားမှ ပါရမီလမ်း၊ သံသုမာလမ်း၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်း၊ မေတ္တာလမ်း၊ ရတနာလမ်း၊ သုမင်္ဂလာလမ်းတို့တွင် ဆန္ဒပြတောင်ဆိုခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒပြင်ဆင်ရေးနှင့် တိုင်းရင်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေပေါ်ပေါက်ရေး ဆန္ဒပြမှုများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်တိုက်ပြုလုပ်လျက်ရှိပြီး  ယခုဆန္ဒပြမှုသည် ရန်ကုန်တိုင်းအတွင်း (၁၅) ကြိမ်မြောက် ဆန္ဒပြမှုဖြစ်ကြောင်း သတင်းရရှိသည်။  

Eleven Media Group

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန်အတွက် တောင်ဥက္ကလာပမြို့နယ်တွင် ဆန္ဒပြနေမှုအား တွေ့ရစဉ် ( ဓာတ်ပုံ-မျိုးမင်းထက်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန်အတွက် တောင်ဥက္ကလာပမြို့နယ်တွင် ဆန္ဒပြနေမှုအား တွေ့ရစဉ် ( ဓာတ်ပုံ-မျိုးမင်းထက်)

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေ သကြီး တောင်ဥက္ကလာပမြို့နယ်တွင် မတ် ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်တွင် လူအင်အား ၂၅၀ ကျော်ဖြင့် ဆန္ဒပြခဲ့သည်။

မျိုးစောင့် ဥပဒေကြမ်း နှစ်ခုကို လေးလအတွင်း အပြီးရေးဆွဲရန် သမ္မတ ညွှန်ကြား

လူ့အခွင့်အရေး ရှုထောင့်နှင့် အမျိုးသားရေး ရှုထောင့်များ အကြား နှစ်ဖက် ဝိဝါဒ ကွဲပြားနေသည့် မျိုးစောင့် ဥပဒေ ဆိုင်ရာ ဥပဒေကြမ်း နှစ်ခုကို လေးလအတွင်း အပြီးသတ် ရေးဆွဲရန် နိုင်ငံတော် သမ္မတက မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ကာ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည့် ကော်မရှင်ကို ဖွဲ့စည်း ညွှန်ကြား လိုက် သည်။

အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် (ဃ) ပြင်ဆင်ရေး တိုက်ကြီးတွင် ဆန္ဒထုတ်ဖော်

Photo: အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် (ဃ) ပြင်ဆင်ရေး တိုက်ကြီးတွင် ဆန္ဒထုတ်ဖော်
Sunday, March 9, 2014

အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် (ဃ) ပြင်ဆင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ဝင်များက ဦးဆောင်၍ အင်အား ၃၀၀ ကျော်ဖြင့် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။

ယင်းဆန္ဒ ထုတ်ဖော်မှုကို တိုက်ကြီးမြို့နယ် အားကစားကွင်း ရှေ့မှ စတင်ခဲ့ပြီး မြို့တွင်းလမ်းများ အပါအဝင် လူစည်ကားရာ နေရာဖြစ်သည့် ဈေးလမ်းများတွင် လှည့်လည်ခဲ့ကြကာ အားကစားကွင်း၌ပင် အဆုံးသတ်ခဲ့သည်ဟု ဦးဆောင်သူ နန္ဒအောင်က ဆိုသည်။

“ပါတီဝင်တွေ ဆိုပေမယ့် အများထင်သလို ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည် အတွက်ရယ်လို့ ရည်ရွယ်ပြီး လုပ်နေတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတွေ ထဲက မည်သူမဆို နိုင်ငံတော် သမ္မတ ဖြစ်ခွင့် ရှိပါတယ်။ နိုင်ငံသားတိုင်းက နိုင်ငံရဲ့ အစိုးရ ခေါင်းဆောင် အဖြစ် ရွေးချယ်ပိုင်ခွင့် ရှိတယ်။ နိုင်ငံရေးမှာ ပါဝင်ခွင့်ကို ကန့်သတ်ထားတဲ့ အတွက် လူ့အခွင့်အရေး ချိုးဖောက် ခံထားရသလို ဖြစ်နေလို့ ဆန္ဒ ဖော်ထုတ်ရတာ” ဟု ၎င်းက ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် စစ်အစိုးရက ရေးဆွဲခဲ့ခြင်း ဖြစ်ရာ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ ရောက်ရှိနေကြောင်း၊ တပ်မတော် ဆိုသည်မှာ နိုင်ငံတော် လုံခြုံရေး အတွက်သာ တာဝန်ရှိကြောင်း၊ ပြည်သူက တင်မြှောက်သော လွှတ်တော် ကိုယ်စားလှယ်များသာ ဖြစ်သင့်ကြောင်း NLD အဖွဲ့ဝင်များက တိုက်ကြီးမြို့နယ် အားကစားကွင်းတွင် ဟောပြောခဲ့သည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ အချို့က ပြောဆိုသည်။

The Voice Weekly
အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် (ဃ) ပြင်ဆင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ဝင်များက ဦးဆောင်၍ အင်အား ၃၀၀ ကျော်ဖြင့် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။