Monday, 3 February 2014

မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အခြေခံဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများကို ရှိရင်းစွဲအတိုင်း ထားရှိသင့်ဟု ထုတ်ပြန်

Photo: မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အခြေခံဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများကို ရှိရင်းစွဲအတိုင်း ထားရှိသင့်ဟု ထုတ်ပြန်
 Monday, Frbruary 3, 2014

မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများသည် သာမန်နိုင်ငံသား တစ်ဦးအတွက် ပြဋ္ဌာန်းချက်မဟုတ်ဘဲ နိုင်ငံဦးသျှောင် သမ္မတတစ်ဦးအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ရာ အရှည်ကိုမျှော်ကိုး၍ ရှိရင်းစွဲအတိုင်း ထားရှိသင့်သည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက စတင်ဟောပြောခဲ့ခြင်းဖြစ်ပြီး ဟောပြောပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း အပါအ၀င် တက်ရောက်သူ တစ်ထောင်ကျော်ရှိကြောင်း မြန်မာအမျိုးသားရေးကွန်ရက် အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

ဦးနေမျိုးဝေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ နှင့် ပတ်သက်ပြီး “ကျွန်တော်တို့ ဒါကိုပြင်ခြင်းအားဖြင့် များစွာအကျိုးယုတ်နိုင်မယ်ဆိုတာ မုချပြောနိုင်တယ်။ အခုဆိုရင် ရေနံကိုရောင်းစားတယ်။ ရေနံကိုရောင်းစားရင် လယ်ကျန်တယ်။ လယ်ယာကိုရောင်းစားရင် ရေကျန်တယ်။ အဲဒီဟာတွေ ရောင်းစားရင် ကျွန်တော်တို့တိုင်းပြည် မြေဧရိယာကတော့ ကျန်နေသေးတယ်။ အခုတော့ တစ်နိုင်ငံလုံးကို ရောင်းစားနိုင်တဲ့ နေရာကို သူတို့က ပြောင်းလဲချင်နေကြတယ်။ အကယ်၍ သမ္မတဖြစ်မယ့် အရည်အချင်းကို လျှော့ပေါ့ပြဋ္ဌာန်းလိုက်မယ်ဆိုရင် အဲဒီနေရာကို ရောင်းစားလိုက်သလိုပဲဖြစ်မယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတဖြစ်ရမယ့် အရည်အချင်းသည် အလွန်အရေးကြီးပါတယ်” ဟု ဟောပြောခဲ့သည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ရဲ့ ကျောထောက်နောက်ခံမှ မယူထားပါဘူး။ ဒီနေ့လုပ်ရတဲ့ပွဲကတော့ ပုဒ်မ ၅၉ ကို အမျိုးသားရေး ရှုထောင့်ကနေပြီး ပြုပြင်ဖို့ကို မလိုအပ်ပဲ မပြုပြင်သင့်ဘူး၊ ထိကိုမထိသင့်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ စီစဉ်ခြင်းဖြစ်ပါတယ်” ဟု ဟောပြောပွဲကို ဦးဆောင်ကျင်းပခဲ့သည့် မြန်မာ့အမျိုးသားကွန်ရက်မှ ကိုသီရိမောင်က ပြောကြားသည်။

မြန်မာအမျိုးသားကွန်ရက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သက်တမ်းသုံးလရှိပြီဖြစ်သည်ဟု ကိုသီရီမောင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက “ဒီနေ့လာတာက လာလေ့လာဖြစ်ပါတယ်။ ဒီမှာ လူထုအနေနဲ့ ဘယ်လိုရှိသလဲဆိုတာ လာနားထောင်တာပါ။ ကျွန်တော်အနေနဲ့ကတော့ လွှတ်တော်ထဲမှာဆိုထားတဲ့ ကတိအတိုင်းပဲ ကျွန်တော်တည်ရမယ်။ ပုဒ်မ ၅၉ ပြင်ရေး၊ မပြင်ရေးနဲ့ ပတ်သက်ပြီးကတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကတိသစ္စာပြုထားပြီ ဖြစ်တဲ့အတွက် ကျွန်တော်ကတိတည်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်သိန်းလင်းက ပြောကြားသည်။

“ကျွန်တော်က ပြည်သူတစ်ယောက်အနေနဲ့ လာနားထောင်တာ ၅၉(စ)နဲ့ပတ်သက်ပြီးတော့ ရုတ်တရက်ပြင်မယ်ဆိုတာ သိပ်မကြိုက်ဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခံယူချက်တော့ မတူဘူးပေါ့။ ၅၉(စ)ကို မပြင်ဘူးဆိုတာကို ပြောမှာဖြစ်တဲ့အတွက် ကျွန်တော်တို့စိတ်ဝင်စားတယ် လာနားထောင်တယ်” ဟု ဟောပြောပွဲသို့ သာကေတမြို့နယ်မှ လာရောက်သူ ဦးမောင်စိုးက ပြောပါသည်။

ဟောပြောပွဲသို့ တက်ရောက်လာသည့် မင်္ဂလာဒုံမြို့နယ်မှ မွန်တိုင်းရင်းသား ဦးရွှေငိုးက “ရွှေနံ့သာကွင်းမှာ လယ်သိမ်းခံထားရတယ်။ ကိုယ့်လယ်ကို ကိုယ်လုပ်နေပေမယ့် ဘယ်သူရတယ်ဆိုတာ အခုအချိန်ထိ မသိရသေးဘူး။ ဒီအမှုက ကိုနေမျိုးဝေနဲ့ ကျွန်တော်တို့အပ်ထားတယ်။ သူလိုက်နေတယ်။ လယ်သိမ်းတဲ့ကိစ္စတွေ သူပြောမလားလို့လာတာ။ အခု တို့နဲ့ဘာမှမဆိုင်ဘူး။ သူ့အကြောင်းသူပြောတာ။ အခုဆွေးနွေးပွဲက သူဘာသာသူ ဆွေးနွေးတာ တို့နဲ့ဘာမှမဆိုင်ဘူး။ တို့လာတာ အားလုံးငါးဆယ်လောက်ရှိတယ်။ ကားသုံးစီးနဲ့လာတာ” ဟု ပြောပြပါသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(စ) တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ(သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ စသည့်အချက်များ ပါဝင်သည်။

ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား တွေ့ရစဉ်

Eleven Media Group
ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြော ပွဲအား တွေ့ရစဉ်
မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများသည် သာမန်နိုင်ငံသား တစ်ဦးအတွက် ပြဋ္ဌာန်းချက် မဟုတ်ဘဲ နိုင်ငံဦးသျှောင် သမ္မတတစ်ဦးအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ရာ အရှည်ကိုမျှော်ကိုး၍ ရှိရင်းစွဲ အတိုင်း ထားရှိ သင့်သည်ဟု ထုတ်ပြန်ခဲ့သည်။

Friday, 31 January 2014

တောင်အာဖရိက သပိတ်မှောက် သတ္တုတွင်း အလုပ်သမား များလုပ်ခ လစာ (၇) ရာခိုင်နူန်း တိုးမြှင့်ပေး မည်ဆို သည့်ကမ်းလှမ်း ချက်ကို ပယ်ချ

တောင်အာဖရိက ရှိသပိတ် မှောက် ဆန္ဒပြ နေသည့် ပလက်တီနမ် သတ္တုတွင်း အလုပ်သမား များသည် ၄င်းတို့ လုပ်ကိုင်နေသည့် ကုမ္မဏီများက (၇) ရာခိုင်နူန်း လုပ်ခ လစာ တိုးမြှင့်ပေးရန် ကမ်းလှမ်း ချက်ကို ကြာသာပတေးနေ့တွင် ပယ်ချလိုက်ကြောင်း သိရသည်။

ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး

Photo: ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး
Friday, January 31, 2014 

မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေးကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။

ယင်းလေ့ကျင့်ရေး အစီအစဉ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့်နှင့် ဗြိတိန် ရဲအရာရှိများ လက်တွေ့သရုပ်ပြခြင်းနှင့် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ၌ အသင်းကြီး အချင်းချင်း တွေ့ဆုံသည့်ပွဲများ၌ နှစ်ဖက်အသင်း ပရိသတ်များ ပဋိပက္ခ ဖြစ်ပွားတတ်ရာ ၂၀၁၃ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ၏ နောက်ဆုံးပွဲစဉ်၌ ရန်ကုန် ယူနိုက်တက်အသင်းနှင့် နေပြည်တော် အသင်းတို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ထိုင်ခုံငါးရာကျော် ပျက်စီးခဲ့ရသည်။ 

ယင်းပဋိပက္ခ ဖြစ်စဉ်မှာ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အကြီးမားဆုံး ရန်ပွဲအဖြစ် မှတ်တမ်းတင်ခဲ့ရပြီး ရန်ကုန် ပရိသတ်များ ကွင်းအတွင်းမှ ထွက်ခွာရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းမှုများ ဖြစ်ခဲ့ရသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သော မြန်မာအသင်းကို အင်ဒိုနီးရှားအသင်းက အနိုင်ရရှိခဲ့သည့် ပွဲတွင်လည်း မြန်မာ ပရိသတ်များက သုဝဏ္ဏကွင်းရှိ ပွဲကြည့်စင်မှ ထိုင်ခုံများကို ဖျက်ဆီးခြင်း၊ နိုင်ငံတော် အလံများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဥရောပသမဂ္ဂ အစီအစဉ်ဖြင့် ဗြိတိန် ရဲအရာရှိများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကို ယူရိုငွေ ၁၀ သန်း အကုန်အကျခံ၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်းက အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်ကြားပေးခဲ့သည်။

The Voice Weekly
မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ် ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘော လုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။

မြန်မာ့ ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော် သမ္မတက သဝဏ် လွှာပေး ပို့

Photo: မြန်မာ့ ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော် သမ္မတက သဝဏ် လွှာပေး ပို့
Friday, January 31, 2014

မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယ နိုင်ငံ ဘက်က လူနေ အိမ်၊ အားကစား ကွင်းနှင့် ကားလမ်း များ နယ်နိမိတ် ကျူးကျော် ဆောက်လုပ် ထား သောကြောင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေး ဖယ်ရှားနေ ရကြောင်း နိုင်ငံ တော် သမ္မတ က ဇန်နဝါရီ ၂၈ ရက်တွင် ကျင်း ပသော ပြည် ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ လိုက်သည်။

ကျူးကျော် ဆောက်လုပ် ထားသည် များမှာ နှစ်နိုင်ငံ ကြား နယ်နိမိတ် မှတ်တိုင် စိုက်ထူ ခြင်း မပြုရ သေးသော နယ်ခြား မှတ်တိုင် BP (boundary Pillar) ၇၆ နှင့် စိုက်ထူ ပြီးသော BP ၇၇ ကြားရှိ အိန္ဒိယ နိုင်ငံ ဟောင်လင်း ဖိုင်ရွာမှ နေအိမ်၊ ကစား ကွင်းနှင့် ကားလမ်း တို့ ဖြစ်ကြောင်း၊ ယင်း အပြင် BP ၇၈ နှင့် BP ၇၉ ကြားရှိ လူနေ အိမ်နှင့် ခြံဝင်း အချို့ အပါ အဝင် မီးတိုင် ၃ တိုင်လည်း ကျူးကျော် တည်ရှိ နေသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ဖယ်ရှား ရေးကို ဆက်လက် လုပ်ဆောင် နေ ရကြောင်း သမ္မတ၏ သဝဏ် လွှာတွင် ဖော်ပြထား သည်။

ထို့အပြင် နှစ်နိုင်ငံ ကြား တိုင်းတာ သတ်မှတ် ပြီးဖြစ်သော နယ်နိ မိတ်အ တွင်းမှ ၁၀ မီတာ ဇုန်အ တွင်း (မြန်မာ ပိုင်နက် အတွင်း) အိန္ဒိယ ဘက်မှ ကျူးကျော် ထား သည်ကို တွေ့ရှိ ရပြီး နယ်စပ်ကြား အငြင်းပွား နေရသည့် နယ်မြေ ဒေသ များကို နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ် လုပ်ငန်း အဖွဲ့အ စည်းများက ဖြေရှင်း နေရကြောင်း ဆက်လက် ဖော်ပြထား သည်။ အဆိုပါ လုပ်ငန်း ဆောင်ရွက် ချက်များ ကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်း တင်ကြောင်း လွှတ်တော်နာ ယက သူရ ဦး ရွှေမန်းက ကြေညာ ခဲ့သည်။

မြန်မာ-အိန္ဒိယ နယ်စပ်သည် ဘင်္ဂလား ဒေ့ရှ်မှ တရုတ် နယ်စပ် အထိ ၉၀၃ မိုင် ရှည်လျားပြီး နယ်စပ် မှတ်တိုင် စိုက်ထူ ရာတွင် နှစ်နိုင်ငံ နယ်စပ်ကြား အချင်း များမှု များ ဖြစ်လျက် ရှိပြီး မြန်မာ နိုင်ငံ အတွင်း ကျူးကျော်ထားသည့် ကိစ္စကြောင့် မြန်မာ ဘက်မှ ကန့်ကွက်စာ ၁၁ ကြိမ် ပေးပို့ ထားကြောင်း တမူးခ ရိုင်မှ နယ်စပ် သတ်မှတ်ရေး စီမံ ခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦး ကျော်ဇောလင်းက ပြောကြား သည်။

Today Myanmar
မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယ နိုင်ငံ ဘက်က လူနေ အိမ်၊ အားကစား ကွင်းနှင့် ကား လမ်း များ နယ်နိမိတ် ကျူးကျော် ဆောက်လုပ်ထား သောကြောင့် နှစ်နိုင်ငံပူးပေါင်း စစ်ဆေး ဖယ်ရှားနေ ရကြောင်း နိုင်ငံ တော်သမ္မတက ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသော ပြည် ထောင်စု လွှတ်တော်သို့ သဝဏ် လွှာ ပေးပို့ လိုက်သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အရေးပါသည့် စိန်ခေါ်မှုများအဖြစ် ရှိနေကြောင်း ဗြိတိန်ဝန်ကြီး ပြောကြား

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိနေသော အာရှဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး Hugo Swire က ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး သည် အားတက်ဖွယ် ရာ ဖြစ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များသည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဇန်န၀ါရီ ၃၀ ရက်က ဗြိတိသျှကောင်စီ တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ပျူမြို့ဟောင်းတွေကို UNESCO လာရောက်ကြည့်ရှု

Photo: ပျူမြို့ဟောင်းတွေကို UNESCO လာရောက်ကြည့်ရှု
Friday, January 31, 2014

BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူ မြို့ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်လောက် ကတည်း က ပျူလူမျိုးတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ ရွှေဘိုခရိုင် ဝက်လက် မြို့နယ်ထဲက ဟန်လင်း၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်ထဲက ဗိဿနိုး၊ ပဲခူးတိုင်း ပြည်မြို့နယ်ထဲက သရေခတ္တရာ စတဲ့ ပျူခေတ် မြို့ဟောင်းတွေကို UNESCOက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ်ပြုဖို့ သုံးသပ်နေတာ ဖြစ်ပါတယ်။

UNESCOရဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး ရှေးဟောင်း အမွေအနှစ် အဖြစ် လက်ခံမယ် ဆိုရင်တော့ ဒီမြို့ဟောင်းတွေဟာ ပထမဆုံး ကမ္ဘာ့အဆင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ် ပြုခံရတဲ့ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်လာလိမ့်မယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောပါတယ်။

အခုလို UNESCOက လာရောက် စစ်ဆေးတဲ့ အဆင့် ရောက်အောင် ၂၀ဝ၉ ခုနှစ်ကတည်းက ဆက်သွယ် တင်ပြခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ UNESCO က အကြိမ်ကြိမ် လာရောက် ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဟောင်း ယဉ်ကျေးမှု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ပြီလို့ အသိအမှတ် ပြုလိုက်ပြီ ဆိုရင် လာရောက် လေ့လာမယ့် နိုင်ငံခြားသားတွေ များပြားလာနိုင်တာမို့ အခြေခံ အဆောက်အအုံတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး အတွက်လည်း အခုကတည်းက စတင် ပြင်ဆင်နေပြီလို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူ မြို့ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။

Thursday, 30 January 2014

ကချင်စကားမပြောတတ်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေးတောင်းယူ

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် ခါ့ပရာကျေးရွာအကြား ခါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း များ၌ သစ်တင်ရောင်ချနေသော မံသာကျေးရွာနေ ရွာသား(၆)ဦးကို ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ ခန့်တွင် KIA အဖွဲ့ဝင်များမှ ပြင်းထန်စွာ ထိုးကြိတ်ရိုက်ပုတ်နှိပ်စက်ပြီး ငွေခြောက်သောင်း တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ပြည်သူ့အတွက် အကျိုးရှိတဲ့ ဟောပြောမှုသာ ဖြစ်ပါစေ

အခုတလော ၈၈မျိုးဆက် (ငြိမ်း/ပွင့်) မှ ကိုမင်းကိုနိုင်တစ်ယောက် စာပေဟောပြောပွဲတွေ အတော်လေး စိတ်နေတာ တွေ့ရပါတယ်။ စာပေဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုအတွက် အသိဥာဏ် ဗဟုသုတ တိုးပွားစေတဲ့အတွက် စာပေဟောပြောပွဲတွေ များများပြုလုပ်နိုင်လေ ပြည်သူလူထုအတွက် အကျိုးရှိ လေလေ ဖြစ်ပါတယ်။စာပေဟောပြောပွဲ တွေကနေ ပြည်သူတွေ အသိဥာဏ် တိုးပွားရုံသာမက တိုင်းပြည် အတွက်လည်း အပေါင်းလက္ခဏာ ဆောင်ပါတယ်။

၄၅ ရက် သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီး ကျင်းပမည်

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နွယ်ခွေရပ်ကွက် ဗိုလ်တေဇလမ်း ဇေယျာသီရိကျောင်း သစ္စာဥာဏ်ပွင့် ဓမ္မ ရိပ်သာ၌ သံဝေဂ ဆရာတော် အရှင်သောမ၏ သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီးကို ဖေဖော်ဝါရီ ၁၈ ရက်မှ ဧပြီ ၃ ရက် အထိ ၄၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြင်သာ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနရုံး၌ အာမခံရုံးခွဲ လာရောက် ဖွင့်လှစ်မည် ဆိုပါက နေရာ စီစဉ်ပေးမည်

ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မြင်သာကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ရုံးတွင် အာမခံရုံးခွဲ လာရောက် ဖွင့်ပေးမည်ဆိုပါက နေရာစီစဉ်ပေးမည်ဖြစ်ကြောင်း မြင်သာ က-ည-န ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

Monday, 27 January 2014

Look Younger Secrets အသက်ရပေမဲ့ ဆက်လှချင်သလား

• Start With Primer (ပရိုင်မာ) အခြေခံက စပါ
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။

ကမ္ဘာ့သရဲအခြောက်ဆုံးနေရာ စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အိမ်ဖြူတော်


 အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့် ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

မြန်မာ-ဂျာမနီမော်ဒယ်လေး လင်းလင်းရဲ့ ည၀တ်ဖက်ရှင်

Friday, 24 January 2014

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ

Photo: ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ
Friday, January 24, 2014

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်းအဓမ္မကောက်ခံလျှက်ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။  

ပွင့်လင်းရာသီရောက်လာလို့ ဟိုပင် ဆယ်ဇင်း ကားလမ်းပွင့်ပြီး ကျနော်တို့ရွာသားတွေ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေခဲ့ပါတယ်။ ခုတော့ KIA ကလမ်းကကားတွေကို လမ်းပြင်စားရိတ်ဆိုပြီး ၁၂ဘီးကားကို တစ်စီး ၁၅သိန်း၊ ခရီးသည်တင်ကားကို တစ်စီး ၅သိန်း ဆပ်ကြေးကောက်ခံနေပါတယ်။ ဦးဆောင်သူကတော့ KIA ဆယ်ဇင်းရွာတာဝန်ခံ ဦးဌေး နှင့် နဂါးလေးတို့ဖြစ်ပါတယ်။ ဆပ်ကြေးမပေးရင်လဲ KIA ကကားတွေကိုမီးရှို့မယ်လို့ နဂါးလေးကိုယ်တိုင်ရွာထဲမှာ ခြိမ်းခြောက်ထားပါတယ်။ ဒါတင်မကသေးပဲ KIA ရိက္ခာအတွက်ဆိုပီး ၁၂ဘီးကို ၁၂သိန်း ခရီးသည်တင်ကားကို ၇သိန်းမပေးမနေရ ထပ်ကောက်နေပြန်ပါတယ်။ ဆပ်ကြေးတွေ ခေါင်းစဉ်အမျိုးမျိုးနဲ့ မတရားကောက်ခံနေတာကြောင့် ကားပိုင်တွေ ဒုက္ခရောက်ရသလို ကျေးရွာနေ ပြည်သူတွေကလဲ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ဆပ်ကြေးပေးရခြင်းဖြင့် အတော့်ကို ဒုက္ခရောက်နေကြရပါတယ်ခင်ဗျာ။ DVB ကperson of the year ပေးထားတဲ့ ဗိုလ်ချုပ်ဂွမ်မော်နှင့် သက်ဆိုင်သူများ ဒီကိစ္စတွေကို သိသလားတော့ မသိဘူး။ သက်ဆိုင်သူတွေအနေနဲ့  အမြန်လာရောက် ကူညီဖြေရှင်းပေးစေချင်ပါတယ်။ 

From : .... www.MyanmarExpress.net
ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်း အဓမ္မကောက်ခံ လျှက် ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။ 

Wednesday, 22 January 2014

၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ

၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ
----------------
ရေးသားသူ- နန်းအောင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်

မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက်နိုင်လောက်သည့် မေးခွန်းတစ်ခုကို ဖြေကြားရတော့မည်ဖြစ်သည်။

မေးခွန်းက “သင်မည်သည့်လူမျိုးဖြစ်သနည်း”ပင်ဖြစ်သည်။

လာမည့်မတ်လ ၃၀ ရက်မှစတင်ပြီး နှစ်ပတ်ကြာကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အထက်ပါမေးခွန်းကို ဖြေကြရမည်ဖြစ်သည်။

“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း”စသည့် တိုင်းရင်းသားမျိုးနွယ်စုကြီးများထဲမှ တစ်ခုခုကိုဖြေပြီး မေးခွန်းကလွယ်လွန်းသည်ဟု ထင်သူများအတွက် ဦးနှောက်ခြောက်စေမည့် နောက်ထပ်မေးခွန်းတစ်ခုရှိသေးသည်။

ဥပမာ- သင်က ဗမာဟုဖြေလိုက်သည်ထားတော့။ နောက်ဆက်တွဲမေးခွန်းက “ဗမာမျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ထားသည့် ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး (ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်)” ကိုးမျိုးထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

“ကချင်”ပါဟု ဖြေကြားသူများအတွက်လည်း “ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိန်းဖော၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ (လော်ဂေါ်)၊ ရ၀မ်၊ လရှီ၊ အဇီး၊ လီဆူး”မျိုးနွယ်စုများထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

ယခင်အစိုးရများလက်ထက်က တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ရာတွင် အငြင်းပွားစရာ ဆုံးဖြတ်ချက်များရှိခဲ့ကြောင်း တိုင်းရင်းသားမျိုးနွယ်စုများက အစဉ်တစိုက်ဝေဖန်ခဲ့ကြသည်။

ဂဏန်းနံပါတ်အစွဲအလမ်းကြီးလွန်းသည့် အစိုးရအရာရှိများ၏စနက်ကြောင့် ၁+၃+၅=၉ ဖြင့် ၁၃၅ ဖြစ်လာသည်ဟုလည်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၁၉၉၀ စက်တင်ဘာ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၏ လူမျိုး ၁၃၅ မျိုး သတ်မှတ်ချက်မှစတင်သည်ဟုလည်း ပြောလေ့ရှိသည်။

အစိုးရဘက်ကတော့ သမိုင်းပညာရှင်များ၊ သမိုင်းကြောင်းအချက်အလက်များကို လေ့လာသုတေသနပြုရာမှ ထွက်ပေါ်ခဲ့သည့်စာရင်းဟု တုံ့ပြန်ခဲ့သည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ချိန်တွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး သတ်မှတ်မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုအရှိန်သည် အမြင့်ဆုံးသို့ ရောက်လာနိုင်ကြောင်း တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်အချို့ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာရင်းထဲတွင် မပါဝင်သူများအား သီးခြားစာရင်းခွဲကာ ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ၀က) ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားထားသည်။

ကယန်းပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလွင်က ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အချက်အလက်များရရှိရန် သန်းခေါင်စာရင်းကောက်ခံခြင်းအပေါ် ထောက်ခံသော်လည်း တိုင်းရင်းသားများ၏ခံစားချက် ထည့်သွင်းစဉ်းစားရန် အစိုးရကပျက်ကွက်ခြင်းကို ကန့်ကွက်ကြောင်း ပြောသည်။

“တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်ကိုမယူဘဲနဲ့ အစိုးရရဲ့ တစ်ဖက်သတ် သတ်မှတ်ချက်တွေအပေါ် အခြေခံပြီးလုပ်တဲ့အခါကျတော့ ဆိုးကျိုးတွေဖြစ်လာမှာ သေချာပါတယ်။ တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုးကြား အထင်အမြင်လွဲမှားမှုတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်”ဟု ဗိုလ်မှူးစောလွင်ကပြောသည်။

အစိုးရသတ်မှတ်ချက်များအရ စာရင်းကောက်ခံမည်ဆိုပါက ၎င်းတို့သည် “ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ (ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်”အဖြစ် သတ်မှတ်ထားသည့် ကယားမျိုးနွယ်စု ကိုးစုအောက်တွင် စာရင်းရောက်ရှိမည်ဖြစ်သည်။

ယင်းကဲ့သို့သတ်မှတ်ချက်ကို ကယန်းလူမျိုးများက အပြင်းအထန်ကန့်ကွက်မှုများရှိနေသည်။ သီးခြားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရန် “ကယန်း(ပဒေါင်)” အမည်တွင် “ပဒေါင်”သည် နှိမ့်ချသည့်အသုံးအနှုန်းဖြစ်သောကြောင့် ပယ်ဖျက်ပေးရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် Kayun အစား Kayan ဟုသုံးနှုန်းရန် စသည့်အချက်များကိုလည်း ကယန်းတိုင်းရင်းသားများအရေး လှုပ်ရှားသူများက အပြင်းအထန်တောင်းဆိုလျက်ရှိသည်။

အစိုးရသတ်မှတ်စာရင်းတွင် မျိုးနွယ်စု ၅၃ စုထိ သတ်မှတ်ထည့်သွင်းကာ ချင်းတိုင်းရင်းသားမျိုးနွယ်စုခေါင်းစဉ်အောက်တွင် ကောက်ခံခဲ့ပါကလည်း အဆိုပါမျိုးနွယ်စုဝင်များအကြား စည်းလုံးညီညွတ်မှုများ ပျက်ပြားမည်ကို စိုးရိမ်မိကြာင်း ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါးကပြောသည်။

“နောက်တစ်ချက်က ဥပမာ လူဦးရေ ၀ ဒသမ ၀၁ ရာခိုင်နှုန်းရှိတယ်ဆိုရင် ပြည်နယ်တစ်ခုမှာလား။ တိုင်းဒေသကြီးတစ်ခုမှာလား။ တိုင်းရင်းသားရေးရာဝန်ကြီးတွေရှိရမယ်ဆိုတာ ဖြစ်လာတော့ ၁၃၅ မျိုး တစ်ခုချင်းဆီကို အခြေခံမှာလား။ ဒါမှမဟုတ် အရင်တုန်းကလို ချင်း၊ ရှမ်း၊ ကချင် အဲလိုဟာမျိုးကို အခြေခံမှာလားဆိုတာက မေးခွန်းမေးစရာဖြစ်လာတယ်”ဟု ဒေါက်တာရွှေခါးကပြောသည်။

အထက်ပါ တိုင်းရင်းသားခေါင်းဆောင်များ စိုးရိမ်သလို အခြားတိုင်းရင်းသားများလည်း အဆိုပါ ၁၃၅ မျိုးကိစ္စအပေါ် စိုးရိမ်စိတ်ကိုယ်စီရှိနေကြသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဟု ဆိုနေကြသည့် ရခိုင်ပြည်နယ်တွင်လည်း “ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်”ဟု သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတွက် စိုးရိမ်စိတ်မကင်းဖြစ်လျက်ရှိသည်။

ရခိုင်မျိုးနွယ်စုအောက်သတ်မှတ်ချက်ထဲထည့်သွင်းပြီး “ကမန်” လူမျိုးများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ထားရှိမှုသည် ကမန်များနှင့် ဘာသာတူဘင်္ဂါလီများ အခွင့်အရေးအဖြစ် အသုံးချမည်ကို ရခိုင်တိုင်းရင်းသားများက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။

လက်ရှိအချိန်တွင်ပင် ကမန်အမည်ခံ ဘင်္ဂါလီအများအပြား နိုင်ငံသားလက်မှတ် လက်ဝယ်ရရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများကဆိုသည်။

မျိုးနွယ်စုအမည် ထည့်သွင်းသတ်မှတ်ရာတွင် တစ်မျိုးတည်းကို ထပ်ခါထပ်ခါရေတွက်ခြင်းများလည်းရှိကြောင်း၊ အပြင်လောကတွင် အမှန်တကယ်မရှိသည့် မျိုးနွယ်စုဝင်များ စာရင်းပေါက်နေသည်များလည်းရှိကြောင်း တိုင်းရင်းသားများကထောက်ပြသည်။

“ကရင်ပြည်နယ်မှာတော့ စကောကရင်ရယ်၊ ပိုးကရင်ရယ်ဆိုပြီးတော့ပဲရှိတယ်။ အဲဒီတော့မျိုးနွယ်စုကိစ္စတော့ ပြဿနာသိပ်မရှိဘူး။ ဒါပေမဲ့ စာဖြူကရင်ဆိုတာကို လူမျိုးနာမည်ထဲမှာ ထည့်မယ်ဆိုလို့တော့ ကြားထားတယ်။ ဒါကလူမျိုးနာမည်တော့ မဟုတ်ဘူး။ ခရစ်ယာန်ကိုးကွယ်ကြတဲ့ ကရင်လူမျိုးတွေကို ခေါ်ကြတာပါ”ဟု ဖလုံစခေါ်ဒီမိုကရက်တစ်ပါတီ(ဥက္ကဋ္ဌ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်ကပြောသည်။

အစိုးရစာရင်းများအရ ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင်(စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်)တို့ဖြစ်သည်။

ကချင်တိုင်းရင်းသားစာရင်းတွင် မျိုးနွယ်စုတစ်ခုအဖြစ် “ကချင်”ကို ပြန်လည်ထည့်သွင်းထားခြင်းကြောင့် ပြည်နယ်အတွင်းတိုင်းရင်းသားများအကြား ဝေဖန်မှုများရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။

“အားလုံးက စိုးရိမ်ပူပန်ပြီး ကချင်ပျောက်မှာစိုးလို့ ကချင်မှာပဲ အားလုံးထည့်ပါပြောတော့ အားလုံးထည့်ရင် ကျန်တဲ့လဝေါ်တို့၊ လချိပ်တို့၊ ဂျိန်းဖောတို့ဆိုတာ ပျောက်သွားမှာပေါ့နော်”ဟု ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်ဒွဲဘူကပြောသည်။

၁၃၅ စာရင်းတွင် ထူးခြားမှုအနေဖြင့် မျိုးနွယ်စုတစ်စုတည်းသာ အစိုးရသတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစုတစ်စုလည်းရှိသည်။ “မွန်”သည် ထပ်မံခွဲခြားစိတ်ဖြာခြင်းမခံရသည့် တစ်ခုတည်းသောတိုင်းရင်းသား ဖြစ်သည်။

သို့သော်လည်း သူတို့တွင်လည်း စိန်ခေါ်မှုအများအပြားရှိနေဆဲဖြစ်သည်။ မွန်တိုင်းရင်းသားများသည် ယခင်ကာလများက အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်(သို့) သန်းခေါင်စာရင်းတွင် “မွန်”အဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသောကြောင့် လူမျိုးပျောက်ကွယ်မည့်အရေး ကြုံတွေ့နေရကြောင်း မွန်တိုင်းရင်းသားများကဆိုသည်။

သန်းခေါင်စာရင်းကောက်ယူသည့်အချိန်မတိုင်မီ မွန်သံဃာတော်များနှင့် မွန်ခေါင်းဆောင်များက အဆိုပါအချက်ကို အစဉ်အမြဲထောက်ပြကာ မွန်လူမျိုးစာရင်းကောက်ယူရေးအတွက် ကြိုးစားလျက်ရှိသည်။

“ကျွန်တော်တို့က ပအိုဝ်းလူမျိုးက ကရင်ပြည်နယ်မှာ လူနည်းစုပါ။ ဒါပေမဲ့ သန်းခေါင်စာရင်းမှာ လူမျိုးနာမည်ဖြည့်မယ်ဆိုရင်တော့ ပအိုဝ်းလူမျိုးဆိုပြီး ဖြည့်မှာပါ။ လူကြီးတွေကလည်း ကိုယ့်လူမျိုးနာမည်ပဲဖြည့်လို့ပြောထားတယ်။ အဲလိုဖြည့်လို့လည်း ပြဿနာမဖြစ်လောက်ပါဘူး။ ကိုယ့်လူမျိုးနာမည်ဖြည့်မှ ဘာလူမျိုးလဲဆိုတာကို သိကြမှာလေ။ ရပ်ကွက်ထဲက လူကြီးတွေကတော့ သန်းခေါင်စာရင်းမှာ ဘယ်လိုဖြည့်ရမလဲဆိုတာတော့ ပြောထားတာရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ကိုယ်လူမျိုးနာမည်ပဲ ဖြည့်မှာပါ”ဟု ကရင်ပြည်နယ်၊ နောင်သငဲ့ကျေးရွာမှ ပအိုဝ်းတိုင်းရင်းသား ခွန်မျိုးလွင်ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပုံစံနှင့် လူမျိုးအမည် ကုတ်သတ်မှတ်ချက်များသည် သက်ဆိုင်ရာလူမျိုးစုများအကြား ရှုပ်ထွေးနေပြီး အငြင်းပွားမှုများရှိနေ၍ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းများက သန်းခေါင်စာရင်းကောက်ယူမှုကို အချိန်ရွှေ့ဆိုင်းနောက်ဆုတ်ပေးရန် ဇန်န၀ါရီ ၁၂ ရက်က အစိုးရထံတောင်းဆိုထားသည်။

“ကချင်တိုင်းရင်းသားတွေရဲ့ လိုလားချက်က ဘာလဲဆိုတာကို အရင်ဆွေးနွေးပြီးမှ သူတို့ကုတ်သတ်မှတ်ရမှာ။ အဲဒီလိုမဆွေးနွေးဘဲနဲ့ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ချပေးတော့ အောက်ခြေမှာ မကျေမလည်တွေ အများကြီးဖြစ်တာပေါ့”ဟု ဒေါ်ဒွဲဘူကပြောသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာမှ တစ်ကျော့ပြန်လာသည့် သန်းခေါင်စာရင်းကောက်ယူမှုမှာ ယခင်အစိုးရများလက်ထက် သတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးအရေးနှင့် မကြာမီအချိန်အတွင်း သန်း ၆၀ သော နိုင်ငံသားများ ကြုံတွေ့ရတော့မည်ဖြစ်သည်။

အချို့အတွက်တော့ “သင် မည်သည့်လူမျိုးဖြစ်သနည်း”ဆိုသည့်မေးခွန်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ရေး ကန့်သတ်ချက် ၅၉(စ)ကို ပြင်ရေး၊ မပြင်ရေး(သို့မဟုတ်) လွှတ်တော်တွင်း ပုံမှန်ခွဲတမ်းရနေမည့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များ စစ်တန်းလျား ပြန်ရေး၊ မပြန်ရေး ကိစ္စထက်လည်း ပိုအရေးကြီးလေးနက်သည့်ကိစ္စတစ်ခုလည်း ဖြစ်နိုင်ပေသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက်နိုင်လောက် သည့် မေးခွန်းတစ်ခုကို ဖြေကြား ရတော့ မည်ဖြစ်သည်။

အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် ကံတရားပေါ်မှာ အားယူထားတယ်လို့ ဆိုတဲ့ နေတိုး

 မကြာသေးခင်ကမှ ဖန်ဆင်းရှင်ဆိုတဲ့ တေးစီးရီးကို အဆိုတော်ရိန်မိုးနဲ့ထွက်ရှိခဲ့ပြီး၂၀၁၄ထဲမှာ အမ်တီဗီ ထွက်နိုင်အောင်ကြိုးစားရိုက်ကူးသွားမယ်ဆိုတဲ့ နေတိုးက နှင်းဆီအဖွဲ့နဲ့ ပြည်ပဖျော်ဖြေရေးတွေလဲ ရှိတာကြောင့် ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက်မေးမြန်းဖြစ်တဲ့အခါ သူက ‘အခုရိုက်နေတဲ့ ကားလေးက ဗီးနပ်စ်ရဲ့ ပန်းသီးတဲ့။ မင်းသမီးက အိချောပို၊ ဒါရိုက်တာက ဦးဒေါနပါ။ ရိုမန့်စ် ဒရာမာလေးပေါ့။ အစ်ကိုက ဒီထဲမှာ ဆရာဝန်တစ်ယောက်ပါ’တဲ့။
န၀ရတ်ရဲ့ အလှအပလေးများ

Tuesday, 21 January 2014

ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ။ ။ ။


တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သင်တို့နှစ်ယောက်ပါပဲ။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။

လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထား တတ်ပါတယ်။ ဒါကြောင့် elastic ဖြစ်နှုန်း ကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာ ထားကြ ပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက် အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။

ဒါတင်မက အင်္ဂါသို့ ရောက်အောင် သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေ ကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွား ပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။

သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက် ကတော့ အမျိုးသားတို့ ဆေးလိပ် သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှုကို ပိုမို တိုက်ရိုက် ဆက်စပ် စေကြောင်း သိရပါတယ်။

Ref: medic-facts
တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မော်ဒယ်လ် ဘေီဘီမောင်ရဲ့ ဖက်ရှင်ဒီဇိုင်းအလန်းများ..