မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံနှင့်ကြားအကျဉ်းသားများ
လဲလှယ်ရေးသ ဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးရန်အစီအစဉ်မရှိသေးကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်
ကပြောကြားလိုက်သည်။ နိုဝင်ဘာ ၁၁ ရက်က ပြုလုပ် သော ပြည်သူ့လွှတ်တော်အဋ္ဌမ
ပုံမှန်အစည်း အဝေး ၂ဝရက် မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ
လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့် ၏ မြန်မာနိုင်ငံ နှင့်
ထိုင်းနိုင်ငံအကျဉ်းထောင် များရှိ အကျဉ်းသားများကိစ္စနှင့် စပ်လျဉ်း သည့်
မေးခွန်း အား ယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။
Tuesday, 12 November 2013
Monday, 11 November 2013
နိုင်ငံသား ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ရေး အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ခန့် လိုအပ်သည်ဟုဆို
နန်းလွင်နှင်းပွင့်| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံရှိ ပြည်သူ ၅၀ ရာခိုင်နှုန်းခန့်ကို လာမည့် ၂၀၁၅ ခုနှစ်အထိ လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ခန့် လိုအပ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၁၀ ရက် ရန်ကုန်မြို့၌ ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
တောင်ကြီးမီးပုံးပျံပွဲတော် ယခင်နှစ်ထက် လုံခြုံရေးရဲအင်အား နှစ်ဆအထိ တိုးမြှင့်ချထား
နိုဝင်ဘာ ၁၀ ရက်က ညနေခြောက်နာရီခန့်က စတင်ဖွင့်လှစ်ခဲ့သော တောင်ကြီး
မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက်
နှစ်ဆတိုးမြှင့်ထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီဝင်
အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ထူးက မဇ္ဈိမကို ပြောသည်။
မြန်မာနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် ကမ်းလှမ်း
မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုအပ်ဘဲ အပြန်အလှန်
သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင်
စတင်ကမ်းလှမ်းထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ
ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်လင်းက ပြောကြားသည်။
ဗင်နီဇွဲလားမယ် မယ်စကြ၀ဠာသရဖူဆောင်း
၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela
Isler
ဆယ်စုနှစ်
၅ ခုကျော် အတွင်း မြန်မာနိုင်ငံက ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၃ ခုနှစ်
အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲကတော့ မကြာခင် နာရီပိုင်းအတွင်းကပဲ ပြီးစီးသွားခဲ့ပါပြီ။
ဒီပြိုင်ပွဲမှာ မယ်စကြ၀ဠာ ပတ္တမြားသရဖူကို ဘယ်သူ ဆောင်းသွားနိုင်ခဲ့သလဲဆိုတာနဲ့
မြန်မာနိုင်ငံက ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အခြေအနေတွေကို တင်ပြပေးထားပါတယ်။
အခွန်ရှောင်သူများ ရှိနေပြီး အများလိုက်နာနိုင်သည့် အခွန်ဥပဒေများ ပြဋ္ဌာန်းမည်ဟု မိတ္ထီလာမြို့ ဒေသခံများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြား
ပြည်ထောင်စုလွှတ်တော် နာယကနှင့် မိတ္ထီလာမြို့ ဒေသခံများ တွေ့ဆုံဆွေးနွေးစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မိတ္ထီလာမြို့ ဒေသခံများ
နိုဝင်ဘာ ၁၀ ရက်တွင် တွေဆုံခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး
အတွင်းရှိ ကျောက်ဆည်၊ ၀မ်းတွင်းနှင့် မိတ္ထီလာမြို့များရှိ ပြည်ထောင်စု
ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့သဘောထား ရယူပွဲသို့ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တစ်ခဲနက် ဆန္ဒပြု
နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲ
ကျင်းပနေစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး
ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို နိုဝင်ဘာ ၁၀ ရက်က
ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ ၂၀၀၀၀
ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ အများစုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး
လမ်းကြောင်းအား တစ်ခဲနက် ဆန္ဒပြုခဲ့ကြသည်။
နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် အစိုးရမှ စီစဉ်
နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင်
တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်း နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ
Myanmar Peace Center တွင် အစိုးရအဖွဲ့ ၀န်ကြီးများနှင့် နိုင်ငံရေး
ပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ပြောကြားသည်။
Sunday, 10 November 2013
လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ ဆန္ဒနှင့် ဆုံးဖြတ်ချက်အတိုင်း နာခံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ရှင်းလင်းပြောကြားနေစဉ်
လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏
ဆုံးဖြတ်ချက်အတိုင်း နာခံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ
၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တွင်
စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးခဲ့သော ဆင်ဖြူတော်အား အခြားသူများ ထပ်မံမထိခိုက်စေရန် ဥယျာဉ်ဝင်းအတွင်း ပြောင်းရွှေ့ထား
ဆင်ဖြူဥယျာဉ်အတွင်း ဆက်လက်ပြသထားသော ဆင်ဖြူတော် (အမ)နှစ်ကောင်
ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို အခြားသူများ
ထပ်မံမထိခိုက် စေရန်နှင့် မုန်ယိုနေသော ကာလဖြစ်သောကြောင့် မူလထားရှိသည့်
နေရာမှ ရတနာ ဆင်ဖြူတော် ဥယျာဉ်ဝင်း၏ အတွင်းပိုင်းနေရာသို့
ပြောင်းရွှေ့ထားကြောင်း သိရသည်။
ပညာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်မှစ၍ ပိတ်ပင်ခဲ့သည့် တက္ကသိုလ် အဆောင်နေခွင့် ရရှိစေရန် သက်ဆိုင်ရာသို့ တင်ပြထား
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရန်ကုန် စက်မှုတက္ကသိုလ် ၀င်းအတွင်းမှ အဆောင်တစ်ခုအား တွေ့ရစဉ်
ပညာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက် ၁၉၉၆ ခုနှစ်မှ
စတင်ပြီး ကျောင်းသားများ စုစည်းနေထိုင်ခွင့် ရခဲ့သည့်တက္ကသိုလ်များ
အဆောင်နေခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) နှင့်
မန္တလေး နည်းပညာတက္ကသိုလ် (MTU) တို့တွင် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်
တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ အဆောင်နေထိုင်ခွင့် ရရှိရန်
အဆင့်မြင့် နည်းပညာတက္ကသိုလ်များ ဦးစီးကော်မတီမှ သက်ဆိုင်ရာသို့
တင်ပြထားကြောင်း သိရသည်။
၁၀ လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့
စက်တင်ဘာလအတွင်း မင်္ဂလာဒုံစက်မှုဇုန် A1 အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်ပွား ခဲ့ပြီးနောက် တွေ့ ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဆယ်လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၈၂ ကြိမ်
ဖြစ်ပွား ခဲ့ပြီး ပေါ့ ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့၍
မီးလောင်မှုများကြောင့် သေဆုံးသူ ၅၅ ဦးထိ ရှိခဲ့ကြောင်း ဦးစီးဌာန၏
စာရင်းဇယားများအရ သတင်းရရှိပါသည်။
Saturday, 9 November 2013
လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် တတိယမြောက် နေ့အဖြစ် ဆက်လက်ဆန္ဒပြ
နိုဝင်ဘာ ၈ ရက်တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
တိုးမြှင့်ကောက်ခံသော လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ဆန္ဒပြမှုအရှိန်
မြင့်မားလာပြီး ရန်ကုန်မြို့တွင် တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုကို နိုဝင်ဘာ ၈
ရက်၊ ညနေ ၆ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်မှု
ယမန်နေ့များထက် ပိုမိုများပြားလာကြောင်း သိရသည်။
အစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးပြီး ဆောင်ရွက်ရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သတိပေး
အစိုးရက ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသော အရက်၊ ဘီယာနှင့် ၀ိုင်များကို ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အဆင့်မီဟိုတယ် အများစုကိုသာ တင်သွင်းခွင့်ပြုထား
အစိုးရက
ကန့်သတ်ကုန် ပစ္စည်းအဖြစ် သတ်မှတ်ထားသော အရက်၊ ဘီယာနှင့် ၀ိုင်များကို
ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အဆင့်မီဟိုတယ်
အများစုနှင့် (Duty Free) အခွန်ကင်းလွတ်ခွင့် ပေးထားသော ဆိုင်များကိုသာ
တင်သွင်းရောင်းချခွင့် ပေးထားကြောင်း သိရသည်။
ပခုက္ကူနှင့် ပေါက် ကားလမ်းပိုင်းပေါ်ရှိ ကျောချောင်းအတွင်း ချောင်းရေနည်းပါး သွားသော်လည်း ကားကြီးများ ဖြတ်ကူးရာတွင် စက်ချို့ယွင်းမှု မကြာခဏကြုံတွေ့
ပခုက္ကူ
နှင့် ပေါက် ကားလမ်းပိုင်းပေါ်ရှိ ကျောချောင်းအတွင်း ချောင်းရေနည်းပါး
သွားသော်လည်း ကားကြီးများ ဖြတ်ကူးရာတွင် ကားအင်ဂျင်များ အတွင်း
ချောင်းရေ၀င်ရောက်မှုကြောင့် စက်ချို့ယွင်း မှုများ မကြာခဏ ကြုံတွေ့နေပြီး ကားငယ်များမှာ စက်ချို့ယွင်းမှု မဖြစ်စေရန် ကြိုးဖြင့် ဆွဲ၍ ဖြတ်ကူးနေရကြောင်း ခရီးသွားများနှင့် ယာဉ်မောင်းများထံမှ သိရသည်။
တပ်မတော်သို့ မိမိ ဆန္ဒအတိုင်း ၀င်လိုကြသည့် အမျိုးသမီး ဗိုလ်လောင်းများ၏ အဖြစ်အပျက်အချို့
မြန်မာ့တပ်မတော်တွင် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအဖြစ်
တာဝန်ထမ်းဆောင်ရန် ရန်ကုန်တိုင်း တစ်တိုင်းတည်းမှ လျှောက်ထား သူဦးရေ
သုံးထောင်ခန့် ရှိသည်အထိ လျှောက်ထားသူ များပြားလျက် ရှိပြီး ကြိုတင်
မကြေညာသော ကန့်သတ်ချက် အချို့ကြောင့် လျှောက်ထားခွင့် မရခဲ့သူများ
ရှိနေသည်။
အီးယူမှပေးသည့် GSP အခွင့်အရေး မြန်မာမှ စတင်ရရှိချိန်တွင် အိမ်နီးချင်း နိုင်ငံများမှာ EU ခံစားခွင့် ကုန်တော့မည် ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ၀င်လာနိုင်
မြန်မာနိုင်ငံသည်
အီးယူမှပေးသည့် GSP အခွင့်အရေး စတင်ရရှိချိန်တွင် အိမ်နီးချင်း
နိုင်ငံများ၏ GSP ခံစားခွင့်မှာ ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက်
ယင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာနိုင်ကြောင်း
ရေထွက်ပို့ကုန် လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။
အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲ တောင်ကြီးမှာကျင်းပ

ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စုပေါင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက် (ရှမ်းပြည်နယ်) က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆွေးနွေးပွဲတစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်သူတွေပါဝင်လာအောင် ဆွေးနွေးပွဲကျင်းပတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း(ရှမ်းပြည်) အဖွဲ့ဝင် ကိုနေမျိုးက ပြောပါတယ်။
ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့

Subscribe to:
Posts (Atom)