မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံနှင့်ကြားအကျဉ်းသားများ
လဲလှယ်ရေးသ ဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးရန်အစီအစဉ်မရှိသေးကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်
ကပြောကြားလိုက်သည်။ နိုဝင်ဘာ ၁၁ ရက်က ပြုလုပ် သော ပြည်သူ့လွှတ်တော်အဋ္ဌမ
ပုံမှန်အစည်း အဝေး ၂ဝရက် မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ
လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့် ၏ မြန်မာနိုင်ငံ နှင့်
ထိုင်းနိုင်ငံအကျဉ်းထောင် များရှိ အကျဉ်းသားများကိစ္စနှင့် စပ်လျဉ်း သည့်
မေးခွန်း အား ယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။
''၂၀၁၃ခုနှစ် အောက်တို ဘာလအတွင်းမှာ မြန်မာနိုင်ငံသားအကျဉ်းသားများက
ထိုင်းနိုင်ငံအကျဉ်းထောင် များတွင်ရှိသော မြန်မာနိုင်ငံ သားအကျဉ်းသားစာရင်းရရှိ ရေးအတွက် နိုင်ငံခြားရေးဝန် ကြီးဌာနမှ ထိုင်းနိုင်ငံရှိမြန်မာ နိုင်ငံသံရုံးမှတစ်ဆင့် မဲဆောက် ဝန်ကြီးဌာနသို့ ဆက်သွယ်ညှိနှိုင်း အကြောင်းကြားခဲ့ရာ အချုပ် သားခန့်မှန်း ခြေသုံးထောင်ကျော် ခန့်ရှိကြောင်း သိရှိရသည်ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဖြေ ကြားခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ တော်အစိုးရအနေဖြင့် ထိုင်းနိုင်ငံ တွင် အကျဉ်းကျ ခံနေရသော မြန်မာနိုင်ငံ အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြစ် ဒဏ်လျော့ပေါ့ခံစားခွင့်ရရှိရေး၊
အလားတူ ထိုင်းနိုင်ငံအ စဉ်အလာအရ ထိုင်းဘုရင်နှင့် မိဘုရားမွေးနေ့များဖြစ်သည့် ဒီဇင်ဘာ ၅ရက်နှင့် ဩဂုတ်လ ၁၂ရက်တို့တွင် ထိုင်းနိုင်ငံတစ် ဝန်းမှာရှိသောအကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်အသီး သီးကျခံနေတဲ့ သူများကိုပြစ်ဒဏ် လျှော့ပေါ့ ခြင်းများနှင့် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းများကိုလည်
ရွှေရည်မဉ္ဇူ
Yangon Media Group
No comments:
Post a Comment