၂၀၁၂ ခုနှစ် ဇွန်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ နိုင်ငံပိုင် စက်ရုံများသို့ ပြည်တွင်း သုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် Total E& P Myanmar Co.Ltd သို့ ပေးချေရသည့် ဈေးနှုန်းနှင့် ရောင်းဈေးကွာခြားမှုကြောင့်
Thursday, 15 August 2013
အင်တာနက် လွတ်လပ်ခွင့် တင်းကျပ်ထားသည့် အင်တာနက် ရန်သူစာရင်းတွင် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ ပါဝင်နေ
ပြင်သစ်နိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် နယ်စည်းမထား သတင်းထောက်များ အဖွဲ့မှ ထုတ်ပြန်သော အင်တာနက်ရန်သူနိုင်ငံ များစာရင်း (Enemies of Internet-2012) တွင် မြန်မာနိုင်ငံ သည် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ ပါဝင်နေကြောင်း ၎င်းတို့စာရင်းအရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောမှ မြန်မာ သင်္ဘောသား ၂၁ ဦးအား ဒေါ်လာတစ်သန်းကျော် လျော်ကြေးပေးအပ်
ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီးတွင် ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က နစ်မြုပ်ခဲ့သည့် MV.HARITA BAUHITE သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်နေ သည့် မြန်မာသင်္ဘောသား ၂၁ ဦးတို့မှ သေဆုံး သူ၊ ပျောက်ဆုံး သူ၊ ဒဏ်ရာရရှိသူများကို လျော်ကြေးငွေ ဒေါ်လာ ၁ သန်းကျော်ကို သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ Dolphin Restaurant တွင် ပေးအပ်ခဲ့သည်။
ကမ္ဘာလှည့် ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင် အပျော်စီး သင်္ဘော MS.Super Star Libra သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိ
![]() |
| MS. Super Star Libra အပျော်စီး သင်္ဘောအား သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နား ထားသည်ကို သြဂုတ် ၁၄ ရက်က တွေ့ရစဉ် |
ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘောသည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့် များ ဖမ်းဆီးရမိ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသားတစ်ဦးထံမှ ကျည်ဆန်တောင့် များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အီဂျစ်အကြမ်းဖက်မှု နိုင်ငံတကာရှုတ်ချ

အီဂျစ်အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်ပြီး နှိမ်နင်းတာဟာ အတော်ရှက်စရာကောင်းတဲ့ လုပ်ရပ်တခု လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သတ်မှတ်လိုက်သလို ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆန့်ကျင်တဲ့ သိပ်ကိုဆိုးဝါးတဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
Wednesday, 14 August 2013
ဂျပန်နိုင်ငံက ငမိုးရိပ်တံတားသစ်၊ ပဲခူးမြစ်ကူးတံတား၊ သီလ၀ါစက်မှုဇုန် ရေနက်ဆိပ်ကမ်း လုပ်ငန်းများနှင့် အမြန်လမ်း အဆင့်မြှင့်တင်မည့် လုပ်ငန်းများ ဆောင်ရွက်မည်
ပုဇွန်တောင်-ဒေါပုံ ငမိုးရိပ်တံတား ဆောက်လုပ်မည့် နေရာအား တွေ့ရစဉ် (Photo:MOC)
ဂျပန်နိုင်ငံက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငမိုးရိပ်
ချောင်းတံတားသစ်၊ ပဲခူးမြစ်ကူးတံတား၊ သီလ၀ါစက်မှုဇုန် ရေနက်ဆိပ်ကမ်း
တည်ဆောက်ရေး လုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်း
အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Tuesday, 13 August 2013
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ဂျပန်နိုင်ငံ ပါဝင်ရန် ဆွေးနွေးမှုအတွက် ဂျပန်က အဆိုပြုမည်
| ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်) |
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ ပါဝင်ပေါင်းစည်းရန် မြန်မာ-ထိုင်း ၀န်ကြီးအဆင့်များ ပူးတွဲဖိတ်ကြား
တရား စီရင်ရေး၊ ဥပဒေ စိုးမိုးရေး ယိမ်းယိုင်နေမှု တို့ကို ထောက်ပြ ထားသော ဒေါ်အောင်ဆန်း စုကြည်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ပထမဆုံး အစီရင်ခံစာ လွှတ်တော်သို့ တင်သွင်း
![]() |
| တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းစဉ် |
တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး
ယိမ်းယိုင်နေမှုတို့ကို ထောက်ပြ ထားသော ဒေါ်အောင်ဆန်းစုကြည်၏
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး ကော်မတီဝင်များ ၀န်ကြီးဌာနအတွင်း စတင်ရွေးချယ်
အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေး မည့် ကော်မတီဝင်များကို သက်ဆိုင်ရာဝန်ကြီးဌာနအတွင်း စတင်ရွေးချယ် နေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံမှုတွင် အငြင်းပွား မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ တိကျသော အဖြေထွက်ပေါ် ခဲ့ခြင်းမရှိ
| စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက မေးခွန်းမေးမြန်းနေစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း) |
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံမှုတွင် အငြင်းပွားနေသော
မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ တိကျသော အဖြေများ ထွက်ပေါ်ခဲ့ခြင်း
မရှိကြောင်း သိရသည်။
အဆင့်မြင့် ဓာတ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီနှင့် ဖုန်း ဟန်းဆက်များ တရားမ၀င် တင်သွင်းမှု များပြားနေပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ရပါက ဆိုင်များသို့ ၀င်ရောက် ဖမ်းဆီး စစ်ဆေးမည်
![]() |
| ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) |
အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ
(Premium Diesel) နှင့် ဖုန်းဟန်းဆက် များအား တရားဝင် လိုင်စင်လျှောက်ထား၍
တင်သွင်းခွင့် ပြုခဲ့သော်လည်း တရားဝင်လိုင်စင်ဖြင့် တင်သွင်းမှု မရှိဘဲ
မှောင်ခိုလမ်းကြောင်းမှသာ တင်သွင်းနေသဖြင့် ထိုသို့ တင်သွင်းနေမှုများအား
အစိုးရအဖွဲ့ ခွင့်ပြု ချက် ရရှိပါက ဆိုင်များသို့ပင် ၀င်ရောက်ဖမ်းဆီးမည်
ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေး ဗဟိုကော်မတီမှ
ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။
ဖလား (၅)လုံး လိုချင်တယ်လို့ ဆိုလာတဲ့ ဗန်ပါစီ
ကွန်မြူနတီဒိုင်းအဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ
ယူနိုက်တက်နှင့် အက်ဖ်အေ ချန်ပီယံ ၀ီဂန်တို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ
မန်ယူနိုက်တက်အသင်းက ၀ီဂန်အသင်းကို
(၂-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ပါသည်။ မန်ယူနိုက်တက်အတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို နယ်သာလန်တိုက်စစ်မှုး ဗန်ပါစီက သွင်းယူ ပေးသွားခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင်တို့နှင့် တင်းမာမှု ဖြစ်ပြီးနောက် သီရိလင်္ကာတွင် မွတ်စလင်တို့က ဗလီတစ်ခုပိတ်ရန် သဘောတူ
![]() |
| ကိုလံဘိုမြို့ရှိ တိုက်ခိုက်ခံခဲ့ရသော ဗလီအပြင်တွင် သီရိလင်္ကာရဲများ သြဂုတ် ၁၁ ရက်က ကင်းလှည့်နေစဉ် (Photo: AFP) |
ဗုဒ္ဓဘာသာဝင်များနှင့် တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် မြို့တော်ကိုလံဘိုရှိ ဗလီအသစ်တစ်လုံးကို ပိတ် ပစ်ရန် သီရိလင်္ကာ နိုင်ငံရှိ မွတ်စလင်ခေါင်းဆောင်များက သြဂုတ် ၁၂ ရက်တွင် သဘောတူလိုက်ကြောင်း သိရသည်။
တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်ဒုဝန်ကြီး ပြောကြား
တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့်
အစီအစဉ် မရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးအောင်သန်းဦးက သြဂုတ် ၁၂ ရက်တွင် ကျင်းပ သည့် ပြည်သူ့ လွှတ်တော်
အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တောင်သူများ၏ သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးနှင့် တရားစွဲခံရခြင်းများ ရုပ်သိမ်းပေးရေး တောင်ငူမြို့မှ လိုင်ဇာမြို့အထိ လမ်းလျှောက်မည်
ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ တောင်သူ လယ်သမားများ၏ သိမ်းဆည်း ခံထားရသည့် လယ်မြေများ ပြန် လည် ရရှိရေးနှင့် တောင်သူများ တရားစွဲ ခံထားရသည်များ ရုပ်သိမ်းပေးရေး အတွက် တောင်ငူမြို့မှ
Sunday, 11 August 2013
သာကေတမြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

၁၀.၈.၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် သာကေတမြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်း အရ သက်သေများနှင့်အတူ သုမနလမ်းထောင့်၌ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသူ ကျော်ထွန်း
ဆင်ဆာမဲ့ခွေများဖမ်းဆီးရမိ

၁၀.၈.၂၀၁၃ ရက်နေ့ ၁၈၁၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်ရှိ တင်ဝင်း(ခ)မိုဟာမတ်အလီ (ဘ)ဦးမူဆာ၏ ဗီစီဒီခွေ
တိုက်ကြီးမြို့နယ်၌ တရားမ၀င်သယ်ဆောင်လာသောသစ်များ ဖမ်းဆီး

၁၀.၈.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီး ဌာနမှ တောအုပ်ကြီး ဦးအောင်မြ သည် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူတရားမ၀င် ကျွန်းသစ်ခွဲသားများ သယ်ဆောင်
Subscribe to:
Posts (Atom)




