Friday, 2 August 2013

မိခင်နို့ တိုက် အမျိုး သမီးများ ရင်သားနှ င့် သားအိမ် ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင် ဟုဆို

Photo: မိခင်နို့တိုက် အမျိုးသမီးများ ရင်သားနှင့် သားအိမ်ကင်ဆာ ဖြစ်ပွားနှုန်း
လျော့ကျနိုင်ဟုဆို
Friday, 02 August 2013

မိခင်နို့တိုက်ကျွေးသော အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ရင်သားနှင့် သားအိမ်ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်သည်ဟု ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်ကို သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးတစ်ယောက်က ကလေးမွေးပြီးတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က သားအိမ်နဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှုံ့ဆော်မှု နည်းသွားပြီး ဦးနှောက်ကို ပိုလှုံ့ဆော် ဖြစ်တယ်။ ရင်သားကင်ဆာ လျော့တာကလည်း ကလေးမွေးပြီး နို့တိုက်တဲ့အချိန်မှာ ရင်သားဟော်မုန်း အပြောင်းအလဲတွေ
ဖြစ်တဲ့အတွက် ကင်ဆာတွေ ဖြစ်နိုင်ခြေ နည်းသွားတာပါ” ဟု သားဖွားနှင့် မီးယပ်အထူးကုဆရာဝန် ဒေါက်တာဝင်းကိုက ရှင်းပြသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးထု အကြားတွင် ဖြစ်ပွားသော ကင်ဆာများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းသည် အမြင့်ဆုံးဖြစ်ပြီး သားအိမ်ခေါင်း
ကင်ဆာ ဖြစ်ပွားနှုန်းသည် ဒုတိယအများဆုံး ဖြစ်ကြောင်း WHO ကို ကိုးကားကာ ဆရာဝန်များက ပြောကြားသည်။

မိခင်နို့ရည်သည်သာ မွေးကင်းစ ကလေးငယ်များအတွက် အကောင်းဆုံး
ဖြစ်သောကြောင့် မွေးပြီးခြောက်လအထိ တိုက်ကျွေးရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် National Institute of Health ၏ မြန်မာနိုင်ငံ၏ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း သုတေသနစာတမ်းတွင် ကလေးခြောက်ဦးနှင့်အထက် မွေးခဲ့ဖူးသော မိခင်လောင်းများ၏ သုံးပုံတစ်ပုံကမူ ကလေးလေးဦးအောက် မွေးခဲ့ဖူးသော မိခင်လောင်းများ
ထက် ရင်သားကင်ဆာ ဖြစ်ပွားနှုန်း ပိုများကြောင်း၊ ကလေးတစ်ကြိမ် မွေးဖွား
ဖူးသော အမျိုးသမီးများအနက် အသက် ၃၀ နှစ်ကျော်မှ ပထမဆုံး ကလေးမွေးဖွားဖူးသော အမျိုးသမီးများသည် ရင်သားကင်ဆာ အန္တရာယ် ပိုရှိကြောင်း ဖော်ပြထားသည်။

The Voice Weekly
မိခင်နို့တိုက်ကျွေးသော အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ရင်သားနှင့် သားအိမ် ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်သည်ဟု ဆွစ်ဇာ လန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့

Sea Gameနှင့် သက်ဆိုင်သော မေးခွန်းများကို မေးမြန်း၍ အားကစား ဒုတိယဝန်ကြီး ဦးသောင်းထိုက် က ပြန် လည်ဖြေကြား

Photo: Sea Gameနှင့် သက်ဆိုင်သော မေးခွန်းများကို မေးမြန်း၍ အားကစား
ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြန်လည်ဖြေကြား
Friday, 02 August 2013

ယနေ့ကျင်းပသော ၁၆ရက်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးအောင်ဆန်း(ပန်းပဲတန်း မဲဆန္ဒနယ်) ၏ Sea Game အကြိုကာလ
အတွင်း ပြည်တွင်း/ပြည်ပတွင် အားကစားနည်းအလိုက်ပြိုင်ပွဲများ၊ နိုင်ငံ
တကာသို့ စေလွှတ်၍ ပူးတွဲလေ့ကျင့်နေသော အခြေအနေများနှင့် စပ်လျဉ်းသော Sea Game ဆိုင်ရာ မေးခွန်း(၇)ခုကို မေးမြန်းရာ အားကစား
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအကြိုအဖြစ် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ
မှ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတကာအားကစားပြိုင်ပွဲများကို အားကစား
အဖွဲ့ ၃၃ ဖွဲ့ ၆၄ ကြိမ် စေလွှတ်ခဲ့ပြီး အားကစားနည်း ၁၉ နည်းကို ယှဉ်ပြိုင်
ခဲ့ရာ ရွှေ ၅၄ ခု၊ ငွေ၆၄ ခု၊ ကြေး ၅၇ ခု စုစုပေါင်းဆုတံဆိပ် ၁၇၅ ခုရရှိ
ခဲ့ပါကြောင်း၊ ဆက်လက်၍ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်း အားကစားနည်း ၈ မျိုးကို ပြိုင်ပွဲ ၉ ကြိမ်ကျင်းပခဲ့ရာတွင်
လည်း ရွှေ ၂၈ ခု၊ ငွေ ၃၆ ခု၊ ကြေး ၆၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂၉ ခု
ရရှိခဲ့ပါကြောင်း၊ အားကစားနည်း ၁၂ မျိုးကို တူရကီ၊ ဟော်လန်၊ အီတလီ၊ 
ဂျပန်၊ ကူဝိတ်၊အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနှင့် လာအိုနိုင်ငံများသို့ ၁၅ ကြိမ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၁၂ ကြိမ်
ပူးတွဲလေ့ကျင့်ရန်စေလွှတ်ခဲ့ပြီး ပြည်ပနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ အားကစားနည်းစနစ်များကို ပြိုင်ဘက်ကောင်းများနှင့် ပူးတွဲလေ့ကျင့်ခွင့်ရရှိ
ခဲ့သဖြင့် အားကစားသမားများ၏ ကြံ့ခိုင်မှု၊ သက်လုံ ကောင်းမွန်မှု နည်းစနစ်ပိုင်းနှင့် စံချိန်စံညွှန်းတိုးတက်မှုများ ရရှိနေပြီးဖြစ်ပါ၍ အောင်မြင်မှု
အလားအလာကောင်းများလည်း ရရှိနေပြီဖြစ်ပါကြောင်း၊ ယခင်ကျင်းပ
ခဲ့သော အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် မြန်မာအားကစား အဖွဲ့ရရှိခဲ့သော ရွှေတံဆိပ်၊ ဆုတံဆိပ်အရေအတွက်နှင့် လက်ရှိနိုင်ငံ
အလိုက်အဆင့်တွင် မြန်မာနိုင်ငံရှိနေသော အဆင့်ထက် ပိုမိုမြင့်မားစွာ
ရရှိနိုင်ရေးအတွက် နည်းစနစ်မှန်မှန်ပြင်းပြင်းထန်ထန်နှင့် လေ့ကျင့်ပေး လျက်ရှိပါကြောင်း စသဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်
ယနေ့ကျင်းပသော ၁၆ရက်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးအောင်ဆန်း(ပန်းပဲတန်း

ပင်စင် ဦးစီးဌာန များကို မြို့နယ် တိုင်းတွင် ဖွင့်လှစ်ပေးရန် မေးခွန်းကို မေးမြန်း ၍ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြန် လည်ဖြေကြား

Photo: ပင်စင်ဦးစီးဌာနများကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်ပေးရန် မေးခွန်းကို
 မေးမြန်း၍ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က
 ပြန်လည်ဖြေကြား
Friday, 02 August 2013

ယမန်နေ့က ကျင်းပခဲ့သော ၁၆ ရက်မြောက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးပိုက်လင်း (ပလက်ဝ မဲဆန္ဒနယ်) ၏ ပင်စင်ဦးစီး
ဌာနများကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်ရန်အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
က မြန်မာ့စီးပွားရေးဘဏ်တိုင်း တွင် e-pension card စနစ်နှင့် ပင်စင်
လစာကို လွယ်ကူလျှင်မြန်စွာ ထုတ်ယူနိုင်ရန်စီစဉ် ဆောင်ရွက်ထားပြီး
 ဖြစ်သည့်အတွက် ပင်စင်ဦးစီးဌာနအနေနှင့် မြို့နယ်ရုံးခွဲများ ဖွင့်လှစ်ရန်
အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်
 ယမန်နေ့က ကျင်းပခဲ့သော ၁၆ ရက်မြောက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးပိုက်လင်း

မိန်းကလေး သုံးဦးကို ဆယ် နှစ် ကျော် ဖမ်းထား ပြီး သားမယား အဖြစ် ပြုကျင့်သူ ထောင်ဒဏ် တစ်သက် နှင့် နှစ်တစ်ထောင် ကျော် အမိန်ချ

Photo: မိန်းကလေးသုံးဦးကို ဆယ် နှစ် ကျော် ဖမ်းထား ပြီး သားမယားအဖြစ်
ပြုကျင့်သူ ထောင်ဒဏ် တစ်သက် နှင့် နှစ်တစ်ထောင် ကျော် အမိန်ချ
Friday, 02 August 2013

အမေရိကန်နိုင်ငံ၊ အိုဟိုင်းယို ပြည်နယ် ကလိဗ်လန်း မြို့ တွင် လွန်ခဲ့သည့်
ဆယ် နှစ် ကျော်ကတည်းက မိန်းကလေးသုံးဦးကို ဖမ်းဆီးချုပ် နှောင်ပြီး 
သားမယားအဖြစ် ပြုကျင့်ခဲ့သူကို တရားရုံးမှ ထောင်ဒဏ်တစ်သက်နှင့်
နှစ်ပေါင်း တစ်ထောင်ကျော် အမိန့် ချမှတ်ခဲ့သည်။ 

တရားရုံးသူကြီးက စီရင်ချက်မချ ပြီး နောက်တွင် မင်းဟာ အလွန်အန္တရာယ် များပြီး လူ့ အဖွဲ့ အစည်းမှာ နေဖို့  မထိုက်တန်ဖူးဟု ပြောကြားခဲ့သည်။

ကတ်စရိုလ် ၏ ပိုင်ဆိုင်မှုပစ္စည်းများကိုလည်း သိမ်းယူမည် ဖြစ်ပြီး ၊ ဒဏ်
ငွေ ဒေါ်လာ တစ်သိန်း ပေးဆောင်ရမည် ဖြစ်သည်။

ကတ်စရိုလ် မိန်းကလေးသုံးဦးအား မြေတိုက်ခန်းထဲတွင် ဖမ်းဆီးထားပြီး 
သားမယားအဖြစ် ပြုကျင့်ခဲ့သည်။

Freedom News Group(Burma)
အမေရိကန်နိုင်ငံ၊ အိုဟိုင်းယို ပြည်နယ် ကလိဗ်လန်းမြို တွင် လွန်ခဲ့သည့်ဆယ် နှစ် ကျော်ကတည်းက မိန်းကလေးသုံးဦးကို ဖမ်းဆီးချုပ်နှောင်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သူကို တရားရုံးမှ ထောင်ဒဏ် တစ်သက်နှင့် နှစ်ပေါင်း တစ်ထောင်ကျော် အမိန့် ချမှတ်ခဲ့သည်။

ကမ္ဘာ့ အင်တာနက် လိုင်း အမြန်ဆုံး ရရှိသည့် နိုင်ငံများ

Photo: ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံး ရရှိသည့် နိုင်ငံများ
Friday, 02 August 2013

၁။ ဟောင်ကောင် (63.6Mbps)

63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်
တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

၂။ ဂျပန် (50 Mbps)

High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။

၃။ ရိုမေနီးယား (47.9 Mbps)

အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

၎။ တောင်ကိုရီးယား (44.8Mbps)

Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့ အမြန်ဆုံး နံပါတ် ၄ မှာ ရှိနေ ပါတယ်။

၅။ လက်တီဗာ နိုင်ငံ (44.2 Mbps)

ဥရောပတိုက် မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုပါ။ အင်တာနက်လိုင်း မြန် နှုန်း 44.2 Mbps ရရှိအောင် စွမ်းဆောင်ထားပြီး ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ အဖြစ် တည်ရှိ နေပါတယ်။
.
Ref:technews

Aung Kham (TSJ team)
၁။ ဟောင်ကောင် (63.6Mbps)63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

သင့် ကျန်းမာရေး (မျက်လုံး)

Photo: သင့် ကျန်းမာရေး (မျက်လုံး)
Friday, 02 August 2013

မျက်စိသည် အလွန်နုနယ်သော အရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်သည်။

မျက်စိနှစ်ကွင်း အလင်းမရလျှင် တစ်ကိုယ်ရည် စိတ်ဆင်းရဲမှုများ ဖြစ်ပေါ်
ကာ ပတ်ဝန်းကျင် အပေါ်၌ မှီခိုရမှု၊ လုပ်အား ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေ
သည်။ မြန်မာ နိုင်ငံတွင် မျက်ခမ်းစပ် ရောဂါ၊ ဗီတာမင်အေ ချို့တဲ့၍
 ဖြစ်ပွားသော ကြက်မျက်သင့် ရောဂါ၊ မျက်စိမတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများ အဖြစ်များလျက် ရှိသည်။

ထို့ကြောင့် မျက်စိ ကျန်းမာရေး အတွက် အောက်ပါတို့ကို လိုက်နာသင့် ပါသည်-

(၁) အလင်းရောင်နည်းသော အချိန်များနှင့် နာလန်ထအားနည်း နေချိန်တွင် 
မျက်စိအားစိုက်ရသော အလုပ်များကို ရှောင်ပါ။

(၂) စာကြည့်စဉ်နှင့် အလုပ်လုပ်စဉ် အလင်းရောင်ကို မျက်စိထဲသို့ တိုက်ရိုက် မဝင်အောင် အကာအကွယ်ဖြင့် နေပါ။ အလင်းရောင်ကို နောက်ကျောမှ လာစေလျှင် ပိုကောင်းပါ၏။

(၃) အနီးကြည့်စဉ် ကြည့်သော အရာဝတ္ထုနှင့် မျက်စိကို သာမန်အားဖြင့် တစ်ပေမျှ ကွာသင့်သည်။ နီးပါက မျက်စိ အားစိုက်ရ တတ်သည်။

(၄) နာရီဝက်၊ တစ်နာရီ တစ်ခါ စာဖတ်ပြီးတိုင်း ၅ မိနစ် ၁ဝ မိနစ်ခန့် မျက်စိကို အနားပေးပါ။

(၅) နေရှိန်ပြင်းသော နေရာများနှင့် တံလျှပ်များ ထနေသော နေရာများတွင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန် နေကာ မျက်မှန် သို့မဟုတ် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မည့် မျက်မှန် တပ်ပါ။

(၆) ပါဝါ မျက်မှန်ကို မျက်စိဆရာဝန်ဖြင့် စမ်းပြီးမှသာ တပ်ပါ။ သူတစ်ပါး မျက်မှန်ကို ခေတ္တတပ်ခြင်း ရှောင်ပါ။

(၇) မျက်စိထဲသို့ ဖုန် သို့မဟုတ် အမှိုက်သရိုက် ဝင်ခဲ့သော် တအား မပွတ်ပစ်ဘဲ မျက်စိဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူပါ။ မျက်စဉ်းဆေး ကောင်းနိုးရာရာ ထည့်ခြင်း ရှောင်ပါ။

(၈) ကျောင်းသား လူငယ်များ ဗီတာမင်အေ ကြွယ်ဝသော နို့၊ ထောပတ်၊ ဒိန်ခဲ၊ ဥနှင့် ဟင်းသီးဟင်းရွက် များများစားပါ။

(၉) ခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊ မျက်စိမှုန်ခြင်း စသည့် မျက်စိနှင့် ပတ်သက်သည့် ထူးခြားသော ဝေဒနာ တစ်ခုခု တွေ့ရလျှင် မျက်စိ ဆရာဝန်နှင့် ပြသ စစ်ဆေး ကုသမှု ခံယူပါ။

(၁ဝ) ဗီတာမင်အေသည် အမြင်အာရုံအတွက် အရေးကြီးသော်လည်း ကိုယ်ဝန်သည် များသည် တိရစ္ဆာန် များ၏ အသည်းကို ချက်ထားသော ဟင်းလျာ စားလျှင် သို့မဟုတ် ဗီတာမင်အေ အားဆေးများ စားပါက သန္ဓေသား အမြင်လွှာ ပျက်ယွင်းတတ်သည်။

ဗီတာမင်အေမှာ လူတို့ကို ဒုက္ခပေးလျက်ရှိသော အောက်ဆီးဒင့်များကို ဖျက်ဆီး ဖယ်ရှားနိုင်သည်။ အရိုးနု၊ အရိုးနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ကြီးထွား ဖွံ့ဖြိုးရန် အတွက်မူ ဗီတာမင်အေ လိုသည်။ ခန္ဓာကိုယ်တွင် မြူးကပ် လွှာ အောက်ရှိ တစ်သျှူးများ၏ ခုခံစွမ်းအားကို ကောင်းစေသဖြင့် ရောဂါပိုးမွှား ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေး သည်။

ဗီတာမင်အေ လုံလောက်စွာ ရရှိစေရန် အသည်း၊ နို့နှင့် နို့ထွက် ပစ္စည်း၊ ဥအမျိုးမျိုး၊ ငါးကြီးဆီ၊ မုန်လာဥတို့ စားပေးသကဲ့သို့ အားဆေး အေဒီဗစ် တစ်နေ့တစ်လုံး တစ်လခန့် စားလျှင် ဗီတာမင်အေ ချို့တဲ့မှုမှ ကာကွယ်နိုင်သည်။ ကလေး အားဆေး ရက်ကီနော ကျွေးလျှင် မျက်စိအတွက် လိုအပ်သော ဗီတာမင်အေ ရရှိနိုင်ပါသည်။

မျက်စိအဆုံး ဆိုသကဲ့သို့ မြင်လွှာ ထိခိုက်စေတတ်သည့် ဖုန်ဝင်၊ သဲဝင်၊ အမှိုက် ဝင်သဖြင့် မျက်စိနာလျှင် ဆရာဝန်နှင့် ပြ ပါ။ မျက်စဉ်းဆေး ထည့်ပါ။ ပိုးသတ်ဆေး အမောက်စလင်နှင့် ပါရာ သုံးကြိမ် လေးရက် စားပါ။

ဒေါက်တာလွင်သန့် (ဆေး-၂)
မျက်စိသည် အလွန်နုနယ်သော အရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်သည်။

ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ်ရေး ပစ္စည်းများ တပ်မတော် ရဟတ်ယာဉ်၊ မော်တော်ယာဉ် များဖြင့် ကူညီ ပို့ဆောင် ပေးလျက်ရှိ

မြဝတီမြို့၌ ရေဘေး သင့် ပြည်သူ များအား ကူညီ ထောက်ပံ့

Photo: မြဝတီမြို့၌ ရေဘေးသင့် ပြည်သူများအား ကူညီ ထောက်ပံ့
Friday, August 2, 2013

ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်တွင် ဇူလိုင် ၂၅ ရက်မှစ၍ ယမန်နေ့အထိ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မြဝတီမြို့ အမှတ် (၁/၂/၃/၄/၅) ရပ်ကွက်များတွင်ရေကြီး နစ်မြုပ်မှု တွေ့ကြုံခဲ့ရပြီး ရေဘေး
သင့် ပြည်သူများကို ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မြဝတီမြို့ ရေကြီးမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို နယ်မြေခံ တပ်မတော်သားများ၊ ခရိုင်/ မြို့နယ်/ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှု အသင်းဝင်များ၊ မီးသတ်/ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စက်လှေများ၊ အသက်ကယ် ဗောများဖြင့် ကယ်ဆယ် ရေးလုပ်ငန်းများ
 ဆောင်ရွက်ခဲ့ကြပြီး မြဝတီမြို့ပေါ်နှင့် ကျေးရွာများရှိ ရေဘေး ကယ်ဆယ်ရေး
စခန်း ၂၃ ခု၊ အိမ်ထောင်စုပေါင်း ၂၁၁၈ စု လူဦးရေပေါင်း ၉၇၈၈ ဦး ကယ်ဆယ် ထားရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်မှု ဖြစ်စဉ်ကြောင့် မြဝတီ- ကော့ကရိတ် တောင်ပေါ်လမ်း မိုင်တိုင်အမှတ် (၉၁/၃)နှင့် (၉၁/၄)အကြား၊ မိုင်တိုင်အမှတ် (၉၁/ ၁)နှင့် (၉၁/၂)အကြား၊ မိုင်တိုင်အမှတ် (၉၁/ဝ)၊ မိုင်တိုင်အမှတ် (၉ဝ/၆)နှင့် (၉ဝ/၇) အကြား၊ မိုင်တိုင်အမှတ် (၇၃/ ၅)၊ မိုင်တိုင်အမှတ် (၇၃/၆)၊ မိုင်တိုင်အမှတ် (၇၄/၂)၊ မိုင်တိုင်အမှတ် (၇၄/ ၄)၊ မိုင်တိုင်အမှတ် (၇၄/၆)၊ မိုင်တိုင်အမှတ် (၇၅/ဝ)၊ မိုင်တိုင်အမှတ် (၇၅/၁)၊  မိုင်တိုင် အမှတ် (၇၅/၆)နှင့် မိုင်တိုင်အမှတ်
(၇၆/၄) နေရာများတွင် လမ်း မြေပြိုခြင်း၊ သစ်ပင် လဲကျခြင်း ဖြစ်စဉ် များကြောင့် ခေတ္တ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရာ ယခုအခါ သက်ဆိုင်ရာမှ အမြန်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စားနပ်ရိက္ခာများ၊ ဆေးဝါးများ ထောက်ပံ့ ကူညီ ဆောင်
ရွက်ပေးလျက် ရှိသည်။ ဇူလိုင် ၃၁ ရက် နံနက် ၆ နာရီတွင် သောင်ရင်း
 မြစ်ရေသည် ၉၂၅ စင်တီမီတာသို့ ပြန်လည် ကျဆင်းသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်တွင် ဇူလိုင် ၂၅ ရက်မှစ၍ ယမန်နေ့အထိ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မြဝတီမြို့ အမှတ်(၁/၂/၃/၄/၅)ရပ်ကွက်များတွင်ရေကြီး နစ်မြုပ်မှု တွေ့ကြုံခဲ့ရ ပြီး ရေဘေးသင့် ပြည်သူများကိုကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ယနေ့ ကျင်းပပြုလုပ်မည့် ပထအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်း အဝေး ၁၇ ရက်မြောက်နေ့ (၂-၈-၂၀၁၃) သောကြာနေ့ တွင် အောက်ပါ မေးခွန်း များနှင့် အဆိုများကို မေးမြန်း သွား မည်ဖြစ် ပါသည် -

(က) ဦးအောင်ကျော်ခင်၊ ကျောက်တန်း မဲဆန္ဒနယ်၏ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဝန်ထမ်းအင်အား တိုးချဲ့ ဖွဲ့စည်းခြင်း နှင့် မြို့နယ်ရုံးခွဲများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကော်မတီ၊ ကော်မရှင် များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

Photo: ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Friday, August 2, 2013

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဩဂုတ် ၁ ရက်နေ့ နေ့လည် 
၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမ
ဆောင်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင်
များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာ စကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြကာ ကော်မရှင် အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊
 ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း
တင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေး တင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ဒုတိယဥက္ကဋ္ဌ ဦင်္းနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်
 ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဩဂုတ် ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ကော် မတီ ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျိုးသမီးလူနာ ခုန်ချ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီး ရပ်ကွက်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ဆေးကုသဆောင် သုံးထပ်ဆောင်ပေါ်မှ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်က အသက် ၂၈ နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး ခုန်ချခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ခရိုင်၊ တိုင်းဒေသကြီး များသို့ မိမိဆန္ဒမပါဘဲ သွားရောက် တာဝန်ထမ်းဆောင် ရန် တာဝန်ပေး ခံရသော ဝန်ထမ်း များအား ကျန်ဝန်ထမ်းများ နည်းတူ လစာနှစ်ဆ ခံစားခွင့်ရှိ/ မရှိ မေးခွန်းကို မေးမြန်း၍ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင် က ပြန် လည်ဖြေ ကြား

Photo: ခရိုင်၊ တိုင်းဒေသကြီးများသို့မိမိဆန္ဒမပါဘဲသွားရောက်တာဝန်ထမ်းဆောင်
ရန် တာဝန်ပေးခံရသော ဝန်ထမ်းများအား ကျန်ဝန်ထမ်းများနည်းတူ လစာနှစ်ဆခံစားခွင့်ရှိ/ မရှိ မေးခွန်းကို မေးမြန်း၍ ဘဏ္ဍာရေးဒုတိယဝန်ကြီး
ဒေါက်တာလင်းအောင် က ပြန်လည်ဖြေကြား
Friday, August 02, 2013

ယမန်နေ့က ကျင်းပခဲ့သော ၁၆ရက်မြောက်နေ့ ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ဒေါ်တင်တင်ရီ( ကျွန်းစုမဲဆန္ဒနယ်) က သက်ဆိုင်ရာ
ခရိုင်/တိုင်းဒေသကြီး လိုအပ်ချက်အရ ကျွန်းစုမြို့နယ်အတွင်းမှာ ဌာန
ဆိုင်ရာတွဲဖက်တာဝန်အဖြစ် မိမိဆန္ဒမပါပဲ သွားရောက်၍ တာဝန်
ထမ်းဆောင်နေကြရသူများအား ယခင်မြို့နယ်အတွင်းတာဝန်ထမ်းဆောင်နေ
ရသကဲ့သို့ သတ်မှတ်၍ ကျန်ဝန်ထမ်းများနည်းတူ လစာ(၂ဆ) နှင့် ရှားပါး
စရိတ်အပါအဝင် ခံစားခွင့်ပြုနိုင်ခြင်းရှိ/မရှိကို မေးမြန်းရာ ဘဏ္ဍာရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ဘဏ္ဍာရေးဝန်ကြီး
ဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၁/၂၀၁၂ နှင့် ဒေသစရိတ်ခံစားခွင့်
ရှိသော မြို့နယ်များနှင့် ဒေသစရိတ်နှုန်းထားများ ပြင်ဆင်သတ်မှတ်ရာတွင်
ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ်များတွင်နေထိုင်လျက် တာဝန်ထမ်း
ဆောင်နေသော ဝန်ထမ်းများသာလျှင် ဒေသစရိတ်ကိုခံစားခွင့် ပြုပါကြောင်း
နှင့် ဒေသစရိတ်ခံစားခွင့်ရှိသောဒေသမှ ခံစားခွင့်မရှိသောဒေသသို့ ယာယီ
ပြောင်းရွှေ့ရပါက ယင်းသို့ ပြောင်းရွှေ့ထမ်းဆောင်ရသည့် ကာလအတွင်း (က) ယာယီပြောင်းရွှေ့သည့်ကာလသည် ကူးပြောင်းချိန်အလွတ် (၄)လ ထက်မကျော်လွန်ခြင်း၊ (ခ) ယာယီပြောင်းရွှေ့သည့် ကာလကုန်ဆုံးလျှင် ဝန်ထမ်းအားဒေသစရိတ်ရခွင့်ရှိသော ရာထူးသို့ ပြန်လည်ပြောင်းရွှေ့ရန်
ရည်ရွယ်ကြောင်းဖြင့် ပြောင်းရွှေ့မိန့်တွင် ထည့်သွင်းဖော်ပြပါရှိခြင်း၊
(ဂ) ယာယီပြောင်းရွှေ့ ကာလတွင် ဝန်ထမ်း၏မိသားစုသည် မူလရာထူး
တည်ရာဖြစ်သော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသတွင်ဆက်လက် နေထိုင်လျှက် ရှိခြင်းစသော စည်းကမ်းချက် ၃ရပ် နှင့်ညီညွတ်မှသာလျှင် ဒေသစရိတ်
ဆက်လက်ခံစားခွင့်ရှိကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့ပါသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော် 
 ယမန်နေ့က ကျင်းပခဲ့သော ၁၆ရက်မြောက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်တင်တင်ရီ ( ကျွန်းစုမဲဆန္ဒနယ်) က သက်ဆိုင်ရာ ခရိုင်/တိုင်းဒေသကြီး လိုအပ်ချက်အရ ကျွန်းစုမြို့နယ်အတွင်းမှာ ဌာန

မြန်မာ အပါအဝင် အာဆီယံ ခုနစ်နိုင်ငံ တွင် မန်ယူ ပုံများ ပက်စီ သုံးမည်

Photo: မြန်မာအပါအဝင် အာဆီယံခုနစ်နိုင်ငံတွင် မန်ယူပုံများ ပက်စီသုံးမည်
Friday, August 2, 2013

ကမ္ဘာကျော်အချိုရည် ပက်စီ(Pepsi)က မြန်မာနိုင်ငံ အပါအဝင် အာဆီယံ
နိုင်ငံခုနစ်ခုတွင် ၎င်းတို့၏ ထုတ်ကုန်များဖြစ်သော အချိုရည်ဘူး၊ ပုလင်းများနှင့် အရောင်းကောင်တာများတွင် အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာယူနိုက်တက် ရုပ်ပုံများ သုံးစွဲမည် ဖြစ်ကြောင်း ပက်စီနှင့် မန်ယူတို့က ကြေညာသည်။

ပက်စီကုမ္ပဏီသည် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း၏ အာဆီယံ ဒေသတွင်း စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပြီး အဆိုပါ စပွန်ဆာ
စာချုပ်အရ ၎င်းတို့၏ ထုတ်ကုန်များနှင့် အရောင်းကောင်တာများတွင် မန်ယူအမှတ်တံဆိပ်နှင့် ကစားသမား ရုပ်ပုံများကို အသုံးပြုနိုင်မည် ဖြစ်သည်။

“အားကစားက ပက်စီကို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် တစ်ခုအဆင့်
ကို မြှင့်တင်ပေးပါတယ်။ ကျွန်တော်တို့ မန်ယူလို အသင်းမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အရမ်းကျေနပ်ပါတယ်” ဟု PepsiCo Asia-Pacific အကြီးတန်း ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ Mr.Mustafa Moussa ကဆိုသည်။

မန်ယူအသင်းမှာ အာဆီယံနိုင်ငံများတွင် ပရိသတ် ၃၈ သန်းကျော်ရှိပြီး ယခုကဲ့သို့ ပူးပေါင်းခဲ့ခြင်းကြောင့် နှစ်ဖက်စလုံး၏ အမှတ်တံဆိပ်ကို အာဆီယံဒေသတွင်း မြှင့်တင်နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း Manchester Evening Post သတင်းစာတွင် ရေးသားထားသည်။

“ပက်စီက ရောင်းကောင်းတယ်လို့ ပြောလို့ရတယ်။ မန်ယူဆိုတာက
မြန်မာပြည်မှာ ပရိသတ်များတဲ့ အသင်းလေ ပိုရောင်းကောင်းမယ် ထင်တယ်” ဟု ညောင်ပင်လေးဈေးရှိ ကုန်မျိုးစုံ ဖြန့်ချိရေးဆိုင် လုပ်ငန်းရှင် ဒေါ်ခင်ဖုန်းက ဆိုသည်။

PepsiCo ကုမ္ပဏီက Pepsi၊ Mirinda၊ Lipton၊ 7Up စသည့် စားသောက်
ကုန်များကို ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိနေပြီး မြန်မာနိုင်ငံတွင် Diamond Star ကုမ္ပဏီက ဖြန့်ချိရောင်းချနေသည်။

မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းသည် အာဆီယံဒေသအတွင်းမှ ထိုင်းနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးလုပ်ငန်းစု True Corporation၊ Singha ဘီယာနှင့် ဗီယက်နမ်ဘဏ် BIDV တို့နှင့်လည်း စပွန်ဆာစာချုပ် ချုပ်ဆိုထားသည်။

The Voice Weekly
 ကမ္ဘာကျော်အချိုရည် ပက်စီ(Pepsi)က မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံခုနစ်ခုတွင် ၎င်းတို့၏ ထုတ် ကုန်များဖြစ်သော အချိုရည်ဘူး၊ ပုလင်းများနှင့် အရောင်းကောင်တာများတွင် အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာယူနိုက်တက် ရုပ်ပုံများ သုံးစွဲမည် ဖြစ်ကြောင်း ပက်စီနှင့် မန်ယူတို့က ကြေညာသည်။

လုံခြုံရေးကြောင့် အမေရိကန် သံရုံးများ တနင်္ဂနွေပိတ်မည်

 Photo: လုံခြုံရေးကြောင့် အမေရိကန် သံရုံးများ တနင်္ဂနွေပိတ်မည်
Friday, Augest 02, 2013

ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အမေရိကန် သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကို လုံခြုံရေး အခြေအနေကြောင့် တနင်္ဂနွေနေ့ကျရင် ပိတ်ထားမှာ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာလိုက်ပါတယ်။ ဘယ်လိုခြိမ်းခြောက်မှု မျိုးတွေ ရှိနေသလဲ၊ ဘယ်သံရုံးတွေကို ပိတ်မှာလဲ ဆိုတာတွေကိုတော့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာ
ချက်က ဖော်ပြမထားပါဘူး။

တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်လေ့ရှိတဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေကို ပိတ်ခိုင်းထားတာလို့ပဲ ပြောပါတယ်။ ဒီအထဲမှာတော့ တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့အထိ ဖွင့်လှစ်တဲ့ မူဆလင်တိုင်းပြည်တွေက သံတမန်
လုပ်ငန်းတွေ ပါဝင်တယ်လို့လည်း ပြောခဲ့တာပါ။ အခြေအနေကို ပြန်
လည်သုံးသပ်ပြီး လိုအပ်ရင် ပိတ်တဲ့အစီအစဉ်တွေကို အချိန်တိုးကောင်း တိုးမယ်လို့လည်း ပြောပါတယ်

VOA Burmese 
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အမေရိကန် သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကို လုံခြုံရေး အခြေအနေကြောင့် တနင်္ဂနွေနေ့ကျရင် ပိတ်ထားမှာ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာလိုက်ပါတယ်။ ဘယ်လိုခြိမ်းခြောက်မှု မျိုးတွေ ရှိနေသလဲ၊ ဘယ်သံရုံးတွေကို ပိတ်မှာလဲ ဆိုတာတွေကိုတော့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်က ဖော်ပြမထားပါဘူး။

မသန်စွမ်းများ အတွက် ဘတ်ဂျက် ခွဲတမ်း ချပေးမည်ဟု လွှတ်တော် အမတ်များ ကတိပေး

Photo: မသန်စွမ်းများအတွက် ဘတ်ဂျက်ခွဲတမ်း ချပေးမည်ဟု လွှတ်တော်အမတ်များ
 ကတိပေး
Friday, August 2, 2013

မသန်စွမ်း အဖွဲ့အစည်းများ အတွက် နိုင်ငံတော်၏ ဘတ်ဂျက်ခွဲတမ်းမှ လစဉ်ရန်ပုံငွေ တရပ်ကို လာမည့်နှစ်တွင် ထည့်သွင်း ရေးဆွဲ ပေးသွားမည်ဟု ရန်ကုန်အခြေစိုက် မသန်စွမ်းသူများအဖွဲ့သို့ လွှတ်တော် ကိုယ်စားလှယ်
များက ကတိပေးလိုက် ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်
အဖွဲ့မှ အစီအစဉ်ညွှန်ကြားရေးမှူး ဦးနေလင်းစိုးက ဧရာဝတီသို့ပြောသည်။

ထို့အပြင် မသန်စွမ်းသူများဆိုင်ရာ ဥပဒေပြုနိုင်ရေး မကြန့်ကြာစေရန် အတွက်လည်း အဆိုတင်သွင်း သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်
များက ကတိပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် မသန်စွမ်းသူများအဖွဲ့ ၉ ဖွဲ့သည် မနေ့က အမျိုးသား လွှတ်တော်သို့ သွားရောက် လေ့လာခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ရာ လွှတ်တော်ရေးရာ
 ကော်မတီတချို့မှ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းရင်းသား ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးတို့နှင့် ဆွေးနွေးခဲ့ရာ ယင်းသို့ ကတိပြုခဲ့ခြင်း ဖြစ်သည်။

ဦးနေလင်းစိုးက “မသန်စွမ်း ဥပဒေနဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြထားတာ ၁ နှစ်ကျော်ကြာပါပြီ။ ပထမ မူကြမ်းတုန်းက ချပြတော့ ကျနော်တို့ တင်ထားတဲ့ အချက်တွေ အများကြီး ပြုတ်ကျန်ခဲ့တယ်။ အဲဒီတုန်းက ထပ်ပြီး အကြံပြုလိုက်တာတွေ ရှိတယ်။ သူတို့က ထည့်ပေးပါမယ်လို့ နှုတ်ကတိ
 ပေးခဲ့ပေမယ့် ကျနော်တို့ တင်ပြလိုက်တဲ့ အချက်တွေကို လူမှုဝန်ထမ်းက ဘယ်လောက်အထိ သုံးလဲ၊ မသုံးလဲဆိုတာ ဒီနေ့အထိ ကျနော်တို့ မသိရသေးဘူး” ဟု ပြောသည်။

မသန်စွမ်းသူ ကိုယ်စားလှယ် ၁၁ ဦး ပါဝင်ဆွေးနွေးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဋ္ဌာနသို့ တင်ပြခဲ့သည့် ယင်း ဥပဒေမူကြမ်းတွင် အခန်း ၁၆ ခန်းပါဝင်ကြောင်း၊ အရှေ့တောင်အာရှရှိ အိမ်နီးချင်း နိုင်ငံများမှ ဥပဒေတချို့နှင့် မြန်မာနိုင်ငံအစိုးရက သဘောတူ လက်မှတ် ရေးထိုးထားသည့် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ်ထဲမှ တချို့အချက်များနှင့် ပြည်တွင်း မသန်စွမ်းသူများ၏ လိုလားချက်များကို စုပေါင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးနေလင်းစိုးက ဆက်လက် ရှင်းပြသည်။

“မသန်စွမ်းသူတွေ ပါစေချင်တဲ့အချက်ကို ၀န်ကြီးဋ္ဌာနက ထည့်မပေးမှာကို ကျနော်တို့ စိုးရိမ်တယ်။ ကျနော်တို့ကို ဘယ်တော့ ချပြမလဲ ဆိုတာ စောင့်နေပါတယ်။ တကယ်လို့ အချိန်ကြန့်ကြာ နေဦးမယ်၊ ကျနော်တို့လိုချင်တဲ့ အချက်တွေကို ဖြုတ်ထား ခဲ့မယ်ဆိုရင် ကိုယ်စားလှယ်တွေကနေ တဆင့် လွှတ်တော်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တင်ဖို့စီစဉ်သွားမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မသန်စွမ်းသူများက အလုပ်ခွင်များတွင် ရာခိုင်နှုန်းအလိုက် အလုပ်ခန့်ထား ပေးရေးနှင့် ထောက်ပံ့ကြေး ပေးရေးတို့ကို တောင်း ဆိုထားရာ ယင်းအချက်များသည် လတ်တလောတွင် အကောင်အထည် ဖော်ရန် မဖြစ်နိုင်သေးကြောင်း လူမှုဝန်ထမ်းဦးစီးဋ္ဌာန ၏ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

“သူတို့က အလုပ်ခန့်ထားရေးမှာ မသန်စွမ်းသူတွေကို ရာခိုင်နှုန်းတခု သတ်မှတ်ထည့်ပေးဖို့ တောင်းဆိုတယ်။ နိုင်ငံတကာမှာ က အရှိန်ရလို့ လုပ်နေပြီ။ ဒါပေမယ့် ဒီမှာက အလုပ်ရှင်တွေနဲ့ ဆွေးနွေးရဦးမယ်။ မသန်စွမ်းသူတွေကို စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ ပေးရဦးမယ်။ ထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့မှာ နှစ် ၂၀ စီမံကိန်း ချထားတာတွေ ရှိပါတယ်။ လုပ်သွားဖို့ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ဧရာဝတီသို့ပြောသည်။

မသန်စွမ်းသူများဆိုင်ရာ ဥပဒေကို ရှေ့နေချုပ်ရုံးသို့တင်ပြထားဆဲဖြစ်ကြောင်း 
အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အဓိကအခက်အခဲများမှာ သာမန်လူများနှင့် တန်းတူပညာ သင်ကြားခွင့်၊ အလုပ်အကိုင်ရရှိ ခွင့်နှင့် အခွန်သက်သာ
ခွင့်တို့ ဖြစ်ပြီး လတ်တလော အခက်အခဲများမှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ညွှန်ကြားထားသည့် အသင်းအဖွဲ့ မှတ်ပုံတင်ကိစ္စ ဖြစ်ကြောင်း ဦးနေလင်းစိုးက ပြောသည်။

“မသန်စွမ်းသူတွေ အတွက် အလုပ်လုပ်ပေးနေတဲ့ စေတနာ့ဝန်ထမ်း
 အောက်ခြေအဖွဲ့လေးတွေမှာ မှတ်ပုံတင်ကြေး ကိစ္စတွေ၊ ဖွဲ့စည်းပုံ အင်အား တင်ပြရမယ့် ကိစ္စတွေ၊ ၅ နှစ်ပြည့်ပြီးရင် သက်တမ်း တိုးရမယ့်ကိစ္စတွေမှာ အခက်အခဲရှိပါတယ်” ဟု သူက ဆိုသည်။

ယင်း အချက်နှင့် ပတ်သက်၍ ဦးအောင်ထွန်းခိုင်က “အဲဒါလည်း ဥပဒေထဲမှာ
 ဆွေးနွေးဆဲ ဖြစ်ပါတယ်။ လူမှုဝန်ထမ်းမှာ အသိ အမှတ်ပြုပြီးရင် ဘယ်မှာမှ မှတ်ပုံတင်စရာ မလိုတော့ပါဘူး။ ဒါတွေကို ဖြေရှင်းဖို့လုပ်မှာ” ဟု ပြောသည်။

ဧရာဝတီ
မသန်စွမ်း အဖွဲ့အစည်းများ အတွက် နိုင်ငံတော်၏ ဘတ်ဂျက်ခွဲတမ်းမှ လစဉ်ရန်ပုံငွေ တရပ်ကို လာမည့်နှစ်တွင် ထည့်သွင်း ရေးဆွဲ ပေးသွား မည်ဟု ရန်ကုန်အခြေစိုက် မသန်စွမ်းသူများအဖွဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များက ကတိပေးလိုက် ကြောင်း မြန် မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့မှ အစီအစဉ်ညွှန်ကြားရေးမှူး ဦးနေလင်းစိုး က ဧရာဝတီသို့ပြောသည်။

မေဂျာလိဂ်တွင် ဘောလုံးအသင်းတစ်သင်း ၀ယ်ယူရန် ဒေးဗစ် ဘက်ခမ်နီးစပ်နေ

ပြီးခဲ့သည့်ရာသီအကုန်က ဘောလုံးလောကမှ အနားယူခဲ့သည့် အင်္ဂလန် အသင်းခေါင်းဆောင်   ဟောင်း ဒေးဗစ် ဘက်ခမ်သည် အမေရိကန်နိုင်ငံ မီယာမီတွင် ဘောလုံး အသင်း တစ်သင်း ၀ယ်ယူပြီး မေဂျာလိဂ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကစားသွားရန် နီးစပ်နေကြောင်း သိရသည်။

ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတလောင်း ဖြစ်ခွင့် မပေးလျှင် လူရယ်စရာ ဖြစ်မည် ဟု ဗြိတိန် လွှတ်တော် ဥက္ကဋ္ဌ ပြော

Photo: ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် လူရယ်စရာ
ဖြစ်မည်ဟု ဗြိတိန် လွှတ်တော်ဥက္ကဋ္ဌ ပြော
Friday, August 2, 2013

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို ကြိုဆို လိုက်သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း
 ဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာ အသိုင်းအ၀န်း၏ လှောင်ပြောင်စရာ ဖြစ်လိမ့်
မည်ဟု ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ပြောဆို လိုက်သည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ဗြိတိသျှ အောက်
လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ရန်ကုန် ကမာရွတ် မြို့နယ်ရှိ၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် တက္ကသိုလ် ကျောင်းသားများ အပါအ၀င် မြန်မာ့ ပညာရေး အသိုင်းအ၀န်းမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီမှ တာဝန်ရှိသူများ၊ သတင်းထောက်များနှင့် ယနေ့မနက် တွေ့ဆုံ မိန့်ခွန်း ပြောကြားစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာ လွတ်လပ်ခွင့်တချို့ ရရှိလာခြင်း၊ အတိုက်အခံ နိုင်ငံရေး အင်အားစု
များ နိုင်ငံရေး လုပ်ဆောင်နိုင် လာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တချို့နှင့် အပစ်အခတ် ရပ်စဲလာနိုင်ခြင်း ကဲ့သို့ တိုးတက်မှုများ အပေါ် ကြိုဆိုကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသို့ ဦးတည်နေသော လမ်းကြောင်းသည် ကနဦး အစတွင်သာ ရှိနေပြီး ဆက်လက် လျှောက်လှမ်းရမည့် ခရီးရှည် ကျန်ရှိနေဆဲ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ဖိနှိပ်ချုပ်ခြယ်သော ဥပဒေများသည် အသွင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ အတွက် အနှောင့်အယှက် အတား
အဆီး ဖြစ်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်
ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာတွင် လှောင်ပြောင်စရာ တခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Mr. John Bercow က ရှင်းပြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီကို တားဆီးနှောင့်ယှက်နေမယ်ဆိုရင် အသွင်ကူးပြောင်းရေးအတွက် အတားအဆီး အနှောင့်အယှက်ဖြစ်မှာပဲ။ သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်းများရဲ့ အရည်အချင်းနဲ့ ဆက်စပ်နေတဲ့ ပြဋ္ဌာန်းချက်၊ တိုင်းရင်းသား ပြည်နယ်များအတွက် အုပ်ချုပ်ပုံ
စနစ်နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေ အပါအ၀င် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အဆောတလျဉ် ပြင်ဆင်ဖို့ လိုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံတကာ အသိုင်းအ၀န်းမှာ လှောင်ရယ်စရာတခု ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ရှိနေဆဲ
ဖြစ်ကြောင်း၊ အမှန်တကယ် ဒီမိုကရေစီစနစ် ထူထောင်မည်ဆိုပါက နိုင်ငံရေး
အကျဉ်းသား လုံးဝ မရှိအပ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောဆို
သကဲ့သို့ နိုင်ငံရေး အကျဉ်းသား တဦး ရှိနေသည် ဆိုလျှင်ပင် လွန်လှပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးအကျဉ်းသား
များကို ကန့်သတ်ချက် မထားဘဲလွှတ်ပေးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း
၎င်းက ဆိုသည်။

Mr. John Bercow သည် မြန်မာ့ဒီမိုကရေစီ အရေးအတွက် လွန်ခဲ့သော ၉ နှစ် ကတည်းက စတင် ဆောင်ရွက်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များဘ၀ကို ကိုယ်တိုင်သိမြင် ကြုံတွေ့ခဲ့ရကြောင်း၊ ဗြိတိသျှ ပါလီမန်တွင် လွှတ်တော် အမတ် တဦးအနေဖြင့် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မြန်မာနိုင်ငံနှင့် ပတ်သက်သော မေးခွန်းပေါင်း ၃၇၂ ခု၊ မိန့်ခွန်းပေါင်း ၅ ခု တင်သွင်း ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံက ဒီမိုကရေစီ တိုက်ပွဲက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုဖို့ လိုအပ်သလို လူ့အခွင့်အရေးကို လူမဆန်စွာ ပြောင်ပြောင်း တင်းတင်း ချိုးဖောက်မှုတွေကို သည်းခံ မနေသင့်တဲ့အတွက် ကျနော် တတ်အား
သမျှ ဆောင်ရွက်ခဲ့ပါတယ်။ တနေရာရာမှာ တရားမျှတမှု မရှိနေခြင်းက
 နေရာတိုင်းမှာ ရှိနေတဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေတယ် ဆိုတဲ့ မာတင် လူသာ ကင်းက ပြောခဲ့သလိုပါပဲ” ဟု Mr.John Bercow က ဆိုသည်။

တိုင်းရင်းသားများနှင့် စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက် စေလိုကြောင်း၊ ဖက်ဒရယ် စနစ်ကြောင့် နိုင်ငံပြိုကွဲမည် မဟုတ်ဘဲ နိုင်ငံ ခိုင်မာ တောင့်တင်း စည်းလုံးညီညွတ်ရန် နည်းလမ်း တရပ်ဟု မြင်လာကြလိမ့်မည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အိန္ဒိယနှင့် သြစတြေးလျ
 နိုင်ငံတို့သည် အောင်မြင်သော ဖက်ဒရယ်စနစ် နိုင်ငံများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဖက်ဒရယ်ဝါဒ သဘောတရားကို ထည့်သွင်းစဉ်းစားဖို့ပွင့်လင်းမှုကို ပြသ
ခဲ့ကြတဲ့ မြန်မာ အစိုးရနဲ့ လွှတ်တော် ခေါင်းဆောင်များရဲ့ မှတ်ချက်ကို ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ယုံကြည်မှု ရရှိစေရန် မြန်မာ့တပ်မတော်
၏ အမူအကျင့်များ ပြောင်းလဲရေး၊ တရား မမျှတမှု၊ စနစ်တကျ ညှဉ်းပမ်း
 နှိပ်စပ်မှုများကို အဆုံးသတ်ရေးအတွက် အားလုံး ညီညီညွတ်ညွတ် ပူးပေါင်း အားစိုက် လုပ်ဆောင်ကြရလိမ့်မည်ဟု Mr. John Bercow က သုံးသပ်ပြော
ဆိုသည်။

“ဒီနိုင်ငံရဲ့ မိတ်ဆွေ တဦးအနေနဲ့ စစ်ပွဲကို ရပ်ကြပါ၊ သတ်ဖြတ်မှုတွေ ရပ်ကြ
ပါ၊ နှိပ်စက်မှုတွေ ရပ်ကြပါ။ မုဒိမ်းမှုတွေ ရပ်ကြပါ၊ အဓမ္မစေခိုင်းမှုတွေ ရပ်ကြပါလို့ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်ကို ရှင်းရှင်းလင်းလင်း
 ပြတ်ပြတ်သားသား ပြောချင်ပါတယ်” ဟု Mr. John Bercow က ရှင်းလင်း
 ပြောဆိုသည်။

ဘာသာရေး၊ လူမျိုးရေး ၊ ပဋိပက္ခများ အဆုံးသတ်ရေးနှင့် ၁၉၈၂ ခုနှစ်
 နိုင်ငံသား ဥပဒေကိုလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံများနှင့်အညီ
 ဖြစ်လာစေရေးအတွက် ပြန်လှန် သုံးသပ် ပြင်ဆင်သင့်သည်ဟုလည်း Mr.John Bercow က တိုက်တွန်း ပြောဆိုသွားသည်။

ဗြိတိသျှ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.John Bercow သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံခဲ့သည်။

ဧရာဝတီ
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို ကြိုဆို လိုက်သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာ အသိုင်းအ၀န်း၏ လှောင်ပြောင် စရာ ဖြစ်လိမ့်မည်ဟု ဗြိတိသျှ အောက် လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ပြောဆိုလိုက်သည်။

နိုင်ငံရေး အကျဉ်းသား နှစ်ကုန် ပိုင်း၌ လုံးဝ မရှိစေရ ဟု ဦးသိန်းစိန် ထပ်ကတိပေး

Photo: နိုင်ငံရေး အကျဉ်းသား နှစ်ကုန်ပိုင်း၌ လုံးဝ မရှိစေရဟု ဦးသိန်းစိန် ထပ်ကတိပေး
Friday, Augest 02, 2013

သမ္မတ ဦးသိန်းစိန်က ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား တဦး
တယောက်မျှ မကျန်ရှိစေရန် ဆောင်ရွက်သွားမည်ဟု ထပ်မံကတိပေး
ပြောကြားလိုက်သည်။

ယနေ့ နံနက်က ပြောကြားသည့် ဦးသိန်းစိန်၏ ရေဒီယို မိန့်ခွန်းတွင်“ကျနော့် အနေနဲ့ ကျနော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်း
သား တဦးတယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း
မိဘပြည်သူများကို အသိပေး ပြောကြားလိုပါတယ်”ဟု ပါရှိသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည်ဟု ရေဒီယိုမှ တဆင့်
ပြောကြားခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ဇူလိုင် လလယ်ပိုင်းက သွားရောက်သည့် ဗြိတိန် ခရီးစဉ် အတွင်းကလည်း ထိုကဲ့သို့ ပြောကြား
ပြီးနောက် နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လည်လွှတ်ပေးမှု ပြုလုပ်ခဲ့သည်။

သမ္မတက နိုင်ငံရေးအကျဉ်းသား အားလုံး နှစ်မကုန်ခင် လွှတ်ပေးမည်
ဆိုသည့် ကတိစကားကို ကြိုဆိုကြောင်း၊ သို့သော် အမှန်တကယ်ဖြစ်နိုင်ခြေ ရှိ မရှိ အတွက် သံသယဖြစ်မိကြောင်း ရန်ကုန်တွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ယနေ့ ရေဒီယို မိန့်ခွန်းဖြင့် ထပ်မံ ကတိပေးလိုက်ခြင်း
ကြောင့် နိုင်ငံရေးအကျဉ်းသား အရေအတွက် နည်းပါးသွားနိုင်သော်လည်း
နိုင်ငံရေးအကျဉ်းသားလုံးဝ မရှိလုပ်ဆောင်မည်ဆိုသည်မှာ ဖြစ်နိုင်ခြေ
မရှိကြောင်း သူကပြော ဆိုသည်။

“တက်ကြွလှုပ်ရှားနေတဲ့သူတွေ၊ အခွင့်အရေးဆိုင်ရာ တိုက်ပွဲဝင်နေကြတဲ့
သူတွေ၊ လယ်သမားတွေ၊ အလုပ်သမား တွေကို ဆက်ပြီး ဖမ်းနေတာတွေ ရှိတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား ကုန်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား
ဆိုတာ ကျနော် တို့ သံသယရှိတယ်”ဟုလည်း ဦးဘိုကြည်က ဆိုသည်။

ဦးဘိုကြည်သည် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် မကြာသေးခင်က ဖွဲ့စည်းခဲ့သော နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ၏ အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။

ဦးသိန်းစိန်က မြန်မာ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အမျိုးသားပြန်လည်စည်းလုံး ညီညွှတ်ရေးကိုရှေးရှုပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကတဆင့် နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေး ခဲ့သည်ဟုလည်း ယနေ့ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။

သို့သော် ဇူလိုင်လ ၂၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့
လွှတ်တော် အစည်းအဝေးတွင် နေပြည် တော်ရှိ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီး သူ နိုင်ငံရေး အကျဉ်းသားများ ထောင်ကြွေးကျန် ကျခံရနိုင်မှု ရှိ မရှိ ကိစ္စ ရှင်းလင်းစေရန် အတွက် မေးမြန်းရာတွင် ပြည် ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပုဒ်မ ၄၀၁ အပိုဒ် ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ရသည့် မည်သည့်အကျဉ်းသား မဆို သတ်မှတ်ချက်
တခုခုကို ဖောက်ဖျက်ပါက ကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်ကို ကျခံရမှာ
ဖြစ်ကြောင်းဖြေကြားသွားသည်။

“ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)တွင် ပြစ်မှုတစုံတရာ အတွက် တဦးတယောက်
အား ပြစ်ဒဏ်ချမှတ် ပြီးသည့်အခါ နိုင်ငံတော် သမ္မတသည် မည်သည့်အခါ
မဆို စည်းကမ်းချက် မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူ
သည့် စည်းကမ်းချက် တခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်ထားသည့်
ပြစ်ဒဏ် အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထား နိုင်သည်(သို့်) ၎င်းကို စီ ရင် သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ်အပိုင်း တစုံတရာကို လွတ်ငြိမ်းသက်
သာခွင့် ပေးနိုင်သည် ဆိုပြီး ပြဋ္ဌာန်းထားသည့် အတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနှင့် အညီ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်းမှာ ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ထားခြင်း မရှိဘဲ ချမှတ်ခံရသည့် ပြစ်ဒဏ် မစေ့မီ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်
ရရှိသော အကျဉ်းသားက သတ်မှတ်ချက်တွင်ပါသော အချက်တချက်ကို
ဖောက်ဖျက်ကျူးလွန်ပါက ယင်းကျခံ ရန် ကျန်ရှိသည့် ပြစ်ဒဏ်ကို ဆက်လက် ကျခံရမှာ ဖြစ်ကြောင်း”ဟု ပြည်ထဲရေး ဒုဝန်ကြီးက ဖြေကြား
ချက်ကို ပြည်သူ့လွှတ် တော် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပုဒ်မ ၄၀၁ အရ လွတ်ငြိမ်းသက်
သာခွင့် ၂၂ ကြိမ် ပေးခဲ့ပြီး စုစုပေါင်း အကျဉ်း သား ၂၇၀၁ ဦး လွှတ်ပေး
ခဲ့ပြီးဖြစ်ကြောင်း၊ မည်သည့်အကျဉ်းသားမဆို ပုဒ်မ ၄၀၁ အရ အကျုံး
ဝင်ကြောင်းလည်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖြေကြားခဲ့သည်။

ထိုကဲ့သို့ ပြည်သူ့လွှတ်တော်တွင် ပြည်ထဲရေး ဒု ၀န်ကြီး၏ဖြေကြားမှုအရ သမ္မတ ဦးသိန်းစိန်သည် မိမိအစိုးရအဖွဲ့၏ ၀န်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့မြင်ရကြောင်း ဦးဘိုကြည်က ဝေဖန်သည်။

“သမ္မတကတော့ ပုဒ်မ ၄၀၁ ကို နိုင်ငံရေး လက်နက်သဖွယ် အသုံးမချပါ
ဘူးလို့ အလွတ်သဘောပြောသွားတာနဲ့ မိန့်ခွန်း တွေမှာ ပြောသွားတာတွေ ရှိတယ်။ ဒါပေမယ့် တကယ့် လုပ်ထုံးလုပ်နည်း ဖြစ်လာအောင် အောက်ခြေ
အဆင့်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မတွေ့ရဘူး၊ ဌာနဆိုင်ရာ အချင်းချင်း
ပူးပေါင်းဆောင်ရွက်မှု အရမ်းအားနည်းနေတာကို တွေ့ရတယ်”ဟု သူက ဆိုသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား
များအတွက်အမြဲစိုးရိမ်နေရကြောင်း၊ယခုအထိ နိုင်ငံရေး အကျဉ်းသားဟောင်း
များ၏ လွတ်လပ်ခွင့်များ ဆုံးရှုံးနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

“လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အနေနဲ့က အမြဲစိုးရိမ်နေ
ရပြီး ဘယ်နေ့များ ပြန်ပြီး အဖမ်းခံရမလဲဆိုတာမျိုး ခံစားနေရတာတွေ ရှိပါတယ်၊ အဲဒါက သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို ပြန်ပြီးတော့ ချုပ်နှောင်
လိုက်တာဖြစ်ပါတယ်” ဟု ဦးဘိုကြည်က ပြောဆိုသည်။

သူက ဆက်လက်ပြီး“တကယ်တမ်း ကျနော်တို့ တောင်းဆိုနေတာက ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား
ပြန်လွှတ်တဲ့အခါ လွှတ်ဝရမ်းမှာ အောက်ကနေ ချွင်းချက်မရှိ လွှတ်သည်လို့ မှတ်ချက်ရေးပြီး လွှတ်ပေးတယ် ဆိုရင် အကောင်းဆုံး ဖြစ်ပါလိမ့်
မယ်”ဟုလည်း ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုများကလည်း ပုဒ်မ ၄၀၁ ဖြင့် လွတ်ငြိမ်း ချမ်း သာခွင့် ရသူများအနေဖြင့် ထောင်ကြွေးကျန် ပြန်လည်ကျခံရမည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒု ၀န်ကြီးက လွှတ်တော်တွင် ဖြေကြားမှုကြောင့် ယခုအထိ သဲကွဲရှင်းလင်းမှု မရှိသေးသည့်အပေါ် စိုးရိမ်ထိတ်လန့်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း ဧရာဝတီကို ပြောဆိုသည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် လက်ကျန်
နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ရှိနေသေးပြီး ရရှိ ကောက်ခံ ထားသော စာရင်းများအရ ထောင်ကျ နိုင်ငံရေး အကျဉ်းသား ၁၂၀ ရှိကြောင်း၊ အမှုရင်ဆိုင်နေရဆဲ ၁၀၀ ခန့်ရှိနေသေး ကြောင်း သိရသည်။

ဧရာဝတီ
သမ္မတ ဦးသိန်းစိန်က ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား တဦးတယောက်မျှ မကျန်ရှိစေရန် ဆောင် ရွက်သွားမည် ဟု ထပ်မံကတိပေး ပြောကြားလိုက်သည်။

အခြေခံ ဥပဒေကို အသစ်ပြန် ဆွဲရန် တိုင်းရင်းသား ညီလာခံ ဆုံးဖြတ်

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးအပါအ၀င်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ရေးဆွဲရန် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁ရက်အထိ လေးရက်ကြာ ကျင်းပခဲ့သည့် တိုင်းရင်းသားညီလာခံတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုဒေးဗစ်တာကပေါက ပြောသည်။

အခွန်ရှောင်ကာ အခွန်ကြေညာလွှာ မတင်သည့် ကုမ္ပဏီများအား ၀င်ငွေခွန်ဥပဒေအရ အရေးယူတော့မည်

ဝင်ငွေခွန် ကြေညာလွှာမတင်ဘဲ ပျက်ကွက်နေသည့် ကုမ္ပဏီများအား ၀င်ငွေခွန်ဥပဒေအရအရေးယူ ရန် ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင် က ပြော ကြားသည်။