Friday, 19 July 2013

July 19 မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ ဗိုလ်ချုပ်၏မိန့်ခွန်း နဲ့ ဈာပနအစီအစဉ်တွေကို မကြည့်လိုက်ရသော မိတ်ဆွေများအတွက်

မြ၀တီ ရုပ်မြင်သံကြား
 ည ၇: ၁၅ - လွတ်လပ်ရေးဖခင်ကြီး၏ မမေ့နိုင်သောမိန့်ခွန်းများ

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအ ခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအ ခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနော်ရထာ ခန်းမ၌ ကျင်း ပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ

Photo: ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ 
Friday, July 19, 2013

မြန်မာနိုင်ငံ ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို မြန်မာကျပ်ငွေဖြင့် ပြင်ဆင် ကောက် ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင် ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံ မှုကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က တာဝန်ယူရဖွယ် ရှိကြောင်း သိရသည်။

လတ်တလောတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအတွက် ဇုန်ဝင်ကြေး ကောက်ခံ မှုကို အမေရိကန် ဒေါ်လာဖြင့်ပင် ကောက်ခံသွားမည် ဖြစ်ပြီး ပုဂံဇုန်ဝင်ကြေး ကောက် ခံမှု အတွက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ကို တာဝန်ပေးသွားရန် ရှိနေပြီး ကျန်ဇုန်များကိုလည်း ယင်းအဖွဲ့ချုပ်ကိုပင် တာဝန်ပေးသွားဖွယ် ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် ဇုန်ဝင်ကြေး ကောက်ခံမှုများကို ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူ ထားဦးမည် ဖြစ်ကြောင်း သိရသည်။

''ဇုန်ဝင်ကြေး ကောက်ခံတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အတွက် ဝန်ကြီးဌာနက တင်ဒါ ခေါ်ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ခရီးသွား လုပ်ငန်း လုပ်ကိုင်တဲ့ အသင်းအဖွဲ့တွေကို အပ်နှံ ဆောင်ရွက်ဖို့ တင်ဒါ ခေါ်ထားပါတယ်။ တင်ဒါ စည်းမျဉ်း စည်းကမ်း တွေမှာလည်း အဲဒီက ကောက်ခံရရှိတဲ့ ငွေကြေးတွေနဲ့ ဇုန်ရဲ့ စိမ်းလန်း စိုပြည်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုတွေမှာ ပြန်ပြီး အသုံးပြု သွားရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လုပ်ကိုင်မယ့် အဖွဲ့အစည်းဟာ နိုင်ငံသားပိုင် ဖြစ်ရမယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ သက်ဆိုင်ရာ အစိုးရ ဝန်ကြီး ဌာနတွေက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ ဒေသဖွံ့ဖြိုး တိုးတက်ဖို့ နှစ်စဉ် အသုံးပြုမယ့် ငွေစာရင်း တာဝန်ပေးခံရမယ် ဆိုရင် နှစ်နှစ်အတွင်းမှာ လုပ်ဆောင်ရမယ့် လုပ်ငန်း ဆောင်ရွက်ချက်၊ တစ်နှစ်အတွင်းမှာ ကောက်ခံ ရရှိငွေရဲ့ ၈၅ ရာခိုင်နှုန်းထက် ကျော် လွန်တဲ့ ငွေကြေးကို ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပေးသွင်းရမယ် ဆိုတဲ့ အချက်တွေ လည်း ပါဝင်ပါတယ်။''ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား များထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို ၁၉၉၆ ခုနှစ်မှ စတင်ကာ အမေရိကန် ဒေါ်လာနှင့် ယူရိုတို့ဖြင့် ကောက်ခံ ခဲ့ခြင်း ဖြစ်ပြီး မြန်မာ ကျပ်ငွေဖြင့် ပြင်ဆင် ကောက်ခံခြင်းကို ယခု ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် စတင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
Myawady News
မြန်မာနိုင်ငံ ပုဂံဒေသမှအပ ယဉ်ကျေးမှုအမွေအနှစ်ဒေသများသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို မြန်မာကျပ်ငွေဖြင့် ပြင်ဆင် ကောက်ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင်ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံမှုကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ယူရဖွယ် ရှိကြောင်း သိရသည်။ 

ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေ့ကိုပိုမိုတင်ပို့

ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေကို့ ပိုမိုတင်ပို့

မြန်မာနိုင်ငံ၏ အဓိကတင်ပို့နေသော ကုန်ပစ္စည်းများတွင် လယ်ယာစိုက်ပျိုးရေး၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုနှင့် သယံဇာတအရင်းအမြစ်များ တင်ပို့မှုကို အဓိကထားပြီး ယခုနှစ်တွင် သယံဇာတ အရင်း အမြစ် ဖြစ်သော သဘာဝဓာတ်ငွေ့ကို ပိုမိုတင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

ဆိုင်ကယ်ကယ်ရီ လိုက်ပို့သည့် အမျိုးသမီးအား ဓါးဖြင့်ထိုး၊ ကျောက်ခဲဖြင့် ထုသတ် သူများအား ဖမ်းဆီး အရေးယူ

၁၇-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ နယ်၊ ကရသူရိ မြို့နယ်ခွဲရှိ ““ပိုကောင်း””ဆီအုန်းကုမ္ပဏီ အလုပ်သမားလိုင်းခန်းနေ ဇင်မင်းမောင်(၂၄)နှစ်၏ဇနီးဖြစ်သူ မအေးသိန်း (၂၆)နှစ် သည် ၎င်းပိုင်ဆိုင်ကယ်ဖြင့် ကုမ္ပဏီအလုပ်သမား များဖြစ်သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊

နယ်စပ် အကြမ်း ဖက်မှု တား ဆီးနိုင် မည့် လုံခြုံရေး တပ်ဖွဲ့ အစား ထိုးရန် အမေရိကန် တိုက်တွန်း

ရခိုင်ပြည်နယ်တွင် အခြေစိုက်သည့် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်(န.စ.က) နေရာ တွင် အကြမ်းဖက်မှုများ ကာကွယ်တားဆီးပေးနိုင်သည့် လုံခြုံရေးတပ်ဖွဲ့တစ်ခုကို အစားထိုးတာဝန်ပေး သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ

Photo: ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ
Friday, July 19, 2013

မုံရွာမြို့မှ ကလေး-တမူးသို့ ပြေးဆွဲနေသော ရွှေမြန်မာ လူစီးမှန်လုံယာဉ်ပေါ် တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယ ကုန်ပစ္စည်းများ အကောက်ခွန်မဲ့ သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးမိ ခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားပေါ်မှာ ကျွန်းသစ်ခွဲသားတွေ ပါတဲ့အတွက် ဖမ်းဆီးလိုက်တာပါ။ အိန္ဒိယနိုင်ငံက ထုတ်တဲ့မုန့်မျိုးစုံနဲ့ အနံ့ဆီလို့ဆိုရမယ့် ပုလင်းတွေကိုလည်း အကောက်ခွန်မဲ့ တင်လာတဲ့အတွက် အကောက်ခွန် အရာရှိတွေ ကို ခေါ်ပြီး စစ်ဆေးနေပါတယ်” ဟု ဖမ်းဆီးရမိသည့် ပစ္စည်းများစစ်ဆေးသည့် မုံရွာမှ အမြင့်သို့ သွားသည့် လမ်းဘီးခွန်ဂိတ်တွင် ရောက်ရှိနေသော ရဲအရာရှိ တစ်ဦး က ပြောကြားသည်။

ကလေးဝဘက်မှ တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသား တစ်တန်ကျော်ခန့် ကို ရှာဖွေတွေ့ရှိခဲ့ပြီး အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်း များ ဖြစ်သည့် ဘီစကစ်၊ ချိုချဉ်များနှင့် အနံ့ဆီပုလင်း များကို သိမ်းဆည်းရမိခဲ့ကြောင်း မုံရွာမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုမိတဲ့ပစ္စည်းတွေ အားလုံးက တရားဝင် အခွန်ဆောင်ပြီး တင်သွင်း လာတာ မဟုတ် ပါဘူး။ တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ ပစ္စည်းတွေပါ” ဟု အကောက်ခွန်အရာရှိက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွင်းကုန်ထုတ်ကုန် တရားဝင် ခွင့်ပြုထားသည့် ပစ္စည်းဦးရေမှာ ၃၁၈ မျိုးထိရှိပြီး ယင်းစာရင်းတွင် မပါဝင်ဘဲ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရှောင်တခင်စစ် ဆေး၍ လိုအပ်သလို အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တမူးမြို့တွင် စစ်ဆေးမှုများ စတင်နေပြီဖြစ်ပြီး ကလေးမြို့နှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့ကြီးများ ဖြစ်သော မုံရွာ၊ ကသာ၊ ရွှေဘိုနှင့် စစ်ကိုင်းမြို့များ တွင်လည်း တရားမဝင် ကုန်စည်တားဆီးရေး အဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မေလအတွင်းတွင် ပြောကြားခဲ့ဖူးပြီး တရားမဝင် ကုန်စည်များမှာ ယခုအခါ မုံရွာမြို့တွင် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
မုံရွာမြို့မှ ကလေး-တမူးသို့ပြေးဆွဲနေသော ရွှေမြန်မာလူစီးမှန်လုံယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယကုန်ပစ္စည်းများ အကောက်ခွန်မဲ့သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီး မိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သတ္တိရှိမည် ဆိုပါက ၂၀၁၅ သမ္မတ နေရာအတွက် ယှဉ်ပြိုင်ရာ၌ မျှတစွာ ယှဉ်ပြိုင်နိုင်ရေး သူရဦးရွှေမန်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

7.18.19
ဇူလိုင် ၁၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် မီဒီယာများနှင့် တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ်တွင် သမ္မနေရာအတွက် ယှဉ်ပြိုင်ကြရာ၌ တစ်ကယ်တမ်း သတ္တိရှိ သည်ဆိုပါက တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

NDF ပါတီမှ ဖားကန့်မြို့နယ် ကိုယ်စား လှယ်လောင်း ရှေ့နေ ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရ

NDF ပါတီမှ ဖားကန့်မြို့နယ် ကိုယ်စားလှယ်လောင်း ရှေ့နေဒေါ်ဘောက်ဂျာ အား ဇူလိုင်လ ၁၈ ရက် ညနေ ၅ နာရီကျော် အချိန်တွင် ၎င်း၏နေအိမ်ရှိရာ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် အိမ်အမှတ်

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း အား အမျိုးသား လွှတ်တော်မှ ပြည်သူ့ လွှတ်တော် သို့ ပြန်လည်ရောက်ရှိပါက အဆိုပြန်လည်တင်သွင်း ပြင်ဆင်ခွင့် ရှိသည်ဟု သူရဦးရွှေမန်း အတည်ပြု

ပြည်သူ့လွှတ်တော်မှ အတည်ပြုကာ အမျိုးသား လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ ပြန် လည်ရောက်ရှိပါက အဆိုပြန်တင်သွင်း ပြင်ဆင်ခွင့် ရှိသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က အတည်ပြု ပြောကြားခဲ့သည်။

မြောက် ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွား

7.18.24
အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ခေမာသီ လမ်းဆုံအကြား ဇူလိုင် ၁၈ ရက် ည ၉ နာရီကျော်က ယာဉ်ကြောပိတ်ဆို့ နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းမှ မြောက်ဥက္ကလာပမြို့နယ် ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ဥရောပသမဂ္ဂက လက်နက်မှလွဲ၍ ကျန်ပစ္စည်းအားလုံး ကုန်သွယ်ခွင့်နှင့် အထူးအခွင့်အရေးများ ပေးအပ်မှု ဇူလိုင် ၁၉ ရက်မှ စ၍ အသက်ဝင်မည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုပေးအပ်သော လက်နက်မှလွဲ၍ ကျန်ပစ္စည်းများအားလုံး ကုန်သွယ်ခွင့်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးအားလုံး ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှစတင်ကာ အသက်ဝင် မည် ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရန်သူလို ဆက်ဆံနေမည် ဆိုပါက မကောင်းသည့် သမိုင်းကြောင်း ကို ပြန်ရောက် သွားမည် ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

7.18.17
ဇူလိုင် ၁၈ ရက်က လွှတ်တော် အတွင်းရှိ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမတွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းကို တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့်အခါမျှ ရန်ဖြစ်မည်မဟုတ်ကြောင်းနှင့် ရန်သူကဲ့သို့သာ ဆက်ဆံနေ မည်ဆိုပါက ယခင်ကကဲ့သို့ မကောင်းသည့်သမိုင်းကြောင်းကို ပြန်ရောက်သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ILO မှ မြန်မာနိုင်ငံ ၏ အလုပ် သမား ဥပဒေ များကို နိုင်ငံ တကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ အကောင် အထည်ဖော်နေ

Photo: ILO မှ မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေများကို နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ အကောင်အထည်ဖော်နေ
Friday,July 19, 2013

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေများနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ILO ၏ မြန်မာနိုင်ငံတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူမှုစီးပွား အထောက်အကူပြု စီမံချက်များတွင် လွတ်လပ်သော အသင်းအဖွဲ့ များ ဖွဲ့စည်းခြင်း၊ အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ် အကိုင် ရရှိရေး စီမံချက်များ ပါဝင်ကြောင်း သိရသည်။

လူမှုစီးပွား အထောက်အကူပြု စီမံချက်များတွင် လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ်အကိုင် ရရှိရေး စီမံချက်များ...
 
ထို့ပြင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် ပတ်သက်သည့် ဥပဒေများအား နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အသင်းများ၏ လုပ်ပိုင်ခွင့်များ တိုးတက်လာကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများသည် ၎င်းတို့၏ အခွင့်အရေးများ ပိုမိုသိရှိလာကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ သိရသည်။

အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ်အကိုင် ရရှိရေးအတွက် လုပ်သားဈေးကွက် လေ့လာခြင်း၊ နည်းပညာနှင့် သက်မွေးမှုဆိုင်ရာ သင်တန်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများမှ အလုပ်အကိုင် ဖန်တီးခြင်း စသည့်စီမံချက်များကိုလည်း အကောင်အထည် ဖော်နေကြောင်း သိရသည်။

ILO ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Eleven Media Group
ILO ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေများနှင့် ပတ် သက်ပြီး နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော် တည်ထောင်စဉ်က သိမ်းယူခဲ့သည့် လယ်မြေများထဲမှ ဧကအချို့သာ အမြင့်ဆုံးနှုန်းအဖြစ် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ ပေးလျော်

နေပြည်တော် တည်ထောင်စဉ်က သိမ်းယူခဲ့သည့် လယ်မြေများထဲမှ ဧကအချို့ကိုသာ အမြင့်ဆုံးနှုန်း အဖြစ် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ ပေးလျော်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၂ တွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ယူ ရာတွင် အစိုးရ၏ သဘော တူညီ ချက်ဖြင့် ILO မှ မြန်မာနိုင်ငံရှိ လုပ်သားအရင်းအမြစ်စာရင်း ကောက်ယူမည်

၂၀၁၄ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ အစိုးရနှင့် အိုင် အယ်လ်အိုတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ လုပ်သားအရင်းအမြစ်စာရင်း ကောက်ယူမည်ဟု အိုင်အယ်လ်အို ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ်က ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ သစ္စာလမ်း၊ အမှတ် ၁ (က) ရှိ အိုင်အယ်လ်ရုံးတွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် ပြောကြားသည်။

အာဇာနည်နေ့ ၌ ဥသြဆွဲခြင်း၊ ကားဟွန်းတီး ဂုဏ်ပြုခြင်းကို ရန်ကုန်ရှိ လူစည်ကားရာ နေရာများတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ပြုလုပ်မည်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၁၀နာရီ ၃၇ မိနစ် အချိန်တွင် ဥသြဆွဲခြင်း၊ ကားဟွန်းတီး ဂုဏ်ပြုခြင်း အစီအစဉ်များကို ရန်ကုန်ရှိ လူစည်ကားရာ နေရာများတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တ.က.သ) မှ စီစဉ်ပြုလုပ်မည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုစည်သူမောင်က ပြောကြားသည်။

ကချင်စစ်ဘေး ဒုက္ခသည် စခန်းများ၌ ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားနေပြီး အာဟာရ ချို့တဲ့မှုနှင့် ဆေးဝါး အခက်အခဲကြောင့် ယခင်နှစ်များထက် သေဆုံးသူ များပြားနေ

7.18.20
ကချင်ပြည်နယ်ရှိ KBC ဒုက္ခသည်စခန်း တစ်နေရာ (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြန်မာ-တရုတ် နယ်စပ်ရှိ ကချင်စစ်ဘေးဒုက္ခသည်စခန်းများ၌ မိုးတွင်းကာလ ဖြစ်သောကြောင့် ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အာဟာရချို့တဲ့ မှုနှင့် ဆေးဝါးအခက် အခဲကြောင့် သေဆုံးသူများမှာလည်း ယခင်နှစ်များထက် များပြားနေကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

ခြေလေးဖက်ပါ ကလေးငယ် ခွဲစိတ်မှု အဆင့်ဆင့် တစ်နှစ်နီး ပါး ကြာမြင့် ဖွယ်ရှိ

Photo: ခြေလေးဖက်ပါကလေးငယ် ခွဲစိတ်မှုအဆင့်ဆင့် တစ်နှစ်နီးပါး ကြာမြင့်ဖွယ်ရှိ

19.7.2013

မြန်မာနိုင်ငံတွင် ပထမဆုံး ခြေလေးဖက်ပါသော လသားအရွယ် မိန်းကလေးငယ်အတွက် ပထမအဆင့် ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း ထပ်မံပြုလုပ်ရမည့် ခွဲစိတ်ကုသမှု အားလုံး၏ အဆင့်ဆင့် ကြာမြင့်ချိန်သည် တစ်နှစ်နီးပါးအထိ ဖြစ်နိုင်ဖွယ် ရှိကြောင်း ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။

ရန်ကင်းကလေးဆေးရုံကြီးတွင် ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအဆင့် ခွဲစိတ်မှုတွင် အပိုခြေနှစ်ဖက်ကို ဖယ်ရှားနိုင်ခဲ့ပြီး ဆက်လက်ပြုလုပ်မည့် ခွဲစိတ်မှုသည် လာမည့်လေးပတ်မှ ရှစ်ပတ်အထိ ကြာမြင့်မည် ဖြစ်ကြောင်း၊ ယင်းဒုတိယအဆင့် ခွဲစိတ်မှုသည် အရိုးပိုင်းဆိုင်ရာအတွက် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

ယင်းခွဲစိတ်မှုပြီးပါက ကလေးငယ်၏ အူမကြီးသည် စအိုနှင့်မဆက်ဘဲ မိန်းမကိုယ်နှင့် ဆက်နေသည့်အတွက် ဝမ်းဗိုက်ကို ခွဲစိတ်ကာ လမ်းကြောင်း ပြန်တည်သော ခွဲစိတ်မှု ထပ်မံပြုလုပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆင့်ဆင့်ခွဲစိတ်မှု ယင်းသို့ ကြာမြင့်ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းလင်း ပြောဆိုသည်။

“ခွဲစိတ်မှုတွေပြီးရင် ကလေးကို လမ်းလျှောက်နိုင်အောင် ဆောင်ရွက်ပေးမယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။

ကလေးငယ်၏ ပထမအဆင့် ခွဲစိတ်မှုတွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ အရိုးရောဂါပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာမြင့်သောင်းအပြင် ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့ရှိ မေ့ဆေးပညာဌာနမှ ပါမောက္ခ ဌာနမှူးများ၊ အခြားအထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများလည်း ပါဝင်ကြောင်း ဧရာဝတီဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းခြေလေးဖက်ပါသော ငါးလသားအရွယ် မိန်းကလေးငယ်ကို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ လွယ်မွတ်ကျေးရွာနေ ဦးခွန်စံဒွေးနှင့် ဒေါ်နန်းနောင့်နောင့်တို့က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မွေးဖွားခဲ့သည်။ 

သန္တာ၊ ဥမ္မာ
The Voice Weekly
မြန်မာနိုင်ငံတွင် ပထမဆုံး ခြေလေးဖက်ပါသော လသားအရွယ် မိန်းကလေးငယ်အတွက် ပထမအဆင့် ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း ထပ်မံပြုလုပ်ရမည့် ခွဲစိတ်ကုသမှု အားလုံး၏ အဆင့်ဆင့် ကြာမြင့်ချိန်

မြန်မာနိုင်ငံ၌ စီးပွားရေး မဖွံ့ဖြိုးမီ သက်ကြီးရွယ်အို အချိုးအစား ပိုမိုများပြား လာလိမ့်မည်ဟု OECD သတိပေး

အသက်အရွယ် အုပ်စုလိုက်အချိုးအစားတွင် မြန်မာနိုင်ငံသည် အခြားအိမ်နီးချင်းနိုင်ငံများထက် သက်ကြီး ရွယ်အိုအုပ်စု ပိုမိုကြီးထွားလာနေသောကြောင့် နိုင်ငံတော်ခေါင်းဆောင်များအနေဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအား အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရေး မူဝါဒများကို အလျင်အမြန် အကောင်အထည်ဖော် ရန် လိုအပ်ကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်း Origanization for Economic Co-operation and Development က ဇူလိုင် ၁၇ ရက်တွင် သတိပေးလိုက်သည်။