Monday, 10 June 2013

ဆိုင်ကယ်ဖြင့် ဈေး လိုက်လံ ရောင်းချသူ တစ်ဦး အား ကေအိုင်အေ အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်

ကချင်ပြည်နယ်ဒေသ တစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု အမြန်ဆုံး ရရှိရန် အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ အထိမ်းအမှတ်ပွဲ ကျင်းပ

kachinpeace-june10

ကချင်ပြည်နယ်ဒေသ တစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု အမြန်ဆုံး ရရှိရန် အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ ပူးပေါင်း၍ စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် နှစ်ဖက်စစ်သား များ၊ ဒေသခံပြည်သူများအတွက် ရည်စူးပြီး လွမ်းသူပန်းခွေချခြင်းနှင့် အထိမ်းအမှတ် လမ်းလျှောက် ဆုတောင်းခြင်း များကို ဇွန် ၉ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် စတင်ပြုလုပ်ခဲ့သည်။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၃ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

တစ်နိုင်ငံလုံး၌ ပထမ လေးလပတ်အတွင်း လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စဉ် တစ်ရာကျော်ရှိ

crabindustiral-june10
ဇန်န၀ါရီလ အတွင်းက အောင်မိုးခိုင် ကဏန်းပျော့စက်ရုံတွင် ၀ိုင်ယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာတစ်နိုင်ငံလုံး၌ ပထမလေးလပတ်အတွင်း လျှပ်စစ်ကြောင့် မီးလောင်မှု ၁၂၇ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများက ဖော်ပြထားသည်။

မြန်မာ အပါအ၀င် ဒေသတွင်း နိုင်ငံများ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်း များပြားနေပြီး အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းများအထိ ဖြစ်ပွားလျက်ရှိ

totekowe-june10
ရန်ကင်းကလေး ဆေးရုံကြီး ဆေးကုသဆောင် (၂)တွင် တက်ရောက် ကုသနေသည့် သွေးလွန်တုပ်ကွေး လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

မြန်မာ အပါအ၀င် ဒေသတွင်း နိုင်ငံများ၌ လက်ရှိသွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း များပြားနေပြီး အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းများအထိ ဖြစ်ပွားလျက်ရှိကြောင်းရန်ကုန်အထွေထွေ ရောဂါကု ဆေး ရုံ သစ်ကြီး ဆေး ကုသဆောင်မှ ဒေါက်တာဇော်သန်းထွန်း ၏ ပြောကြား ချက် အရ သိရသည်။

မလေးရှားနိုင်ငံ၌ အသတ်ခံရသည့် မြန်မာလူမျိုး ခြောက်ဦးထိ ရှိနေပြီဖြစ်ပြီး မလေးရှား ဆေးရုံများတွင် အတွင်းလူနာအဖြစ် ၁၂ ဦး ကုသထားရ

အကြမ်းဖက် သတ်ဖြတ်မှုများ လက်ရှိအချိန်အထိ ဖြစ်ပွားနေသော မလေးရှားနိုင်ငံတွင် ဇွန် ၈ ရက် အထိ သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး ရှိသွားပြီဖြစ်ပြီး မလေးရှားရှိ ဆေးရုံများတွင် အတွင်းလူနာ ၁၂ ဦးအထိ တင်ပို့ကုသ ထားရကြောင်း မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားသည့် မီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး လွှတ်တော်ကော်မတီ နှစ်ရပ်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဆွေးနွေး

medialaw-june10
အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ဆွေးနွေးနေစဉ်
ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားသည့် မီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး လွှတ်တော်ကော် မတီ နှစ်ရပ်နှင့် မြန် မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့ ဇွန် ၉ ရက် နံနက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ်၊ ရှစ်မိုင်ရှိ ဟိုတယ်ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

Sunday, 9 June 2013

ကမ္ဘာ့ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းသို့ဝင်

Photo: ကမ္ဘာ့ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းသို့ဝင်
Sunday, June 9, 2013

ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ
ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက် China Unicom သည် လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့ ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။

ယင်းကုမ္ပဏီသည် China Unicom (MYA) Operations Co.,Ltd. အမည် ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီအဖြစ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံ ယခုလအတွင်း မှတ်ပုံတင်ခဲ့သည်။

China Unicom ကုမ္ပဏီသည် ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အသစ် ထပ်မံ ချိတ်ဆက်မည့် SE-ME-WE 5 ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းသစ်ကို ငါးလကြာ တာဝန်ယူ တည်ဆောက် အကောင်အထည် ဖော်မည့် ကုမ္ပဏီ ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

စက်ပစ္စည်းပိုင်းနှင့် ကေဘယ်လ်ပိုင်းကို အဆိုပါ ကုမ္ပဏီက အပြည့်အဝ ပိုင်ဆိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ မြေနေရာနှင့် စက်စခန်းများကို အသုံးပြုရမည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှုမှာ တစ်ဝက်စီသာ
ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက The Voice သို့ ယမန်နှစ်က ပြောကြားဖူးသည်။

နိုင်ငံပေါင်း ၁၈ နိုင်ငံက ချိတ်ဆက် အသုံးပြုမည့် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းသည် မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ တို့ကို ဖြတ်သန်း ဆက်သွယ် တည်ဆောက်သွားမည် ဖြစ်ပြီး ပုသိမ်မြို့တွင်လည်း ပြည်ပ ဆက်သွယ်ရေး စခန်းသစ်တစ်ခု တည်ဆောက်မည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ် အခြေစိုက် ပြည်ပ ဆက်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံက အသုံးပြုနေသည့် သက်တမ်းနှစ် ၃၀ သတ်မှတ် ထားသော SE-ME-WE 3 အင်တာနက် ဆက်ကြောင်းသည် နှစ် ၂၀ ခန့် သက်တမ်း ရှိနေပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၃၄ နိုင်ငံက ချိတ်ဆက် အသုံးပြုနေသည်။

တရုတ် အစိုးရက ပိုင်ဆိုင်ထားသော China Unicom ကုမ္ပဏီသည်
ဘေဂျင်းမြို့တွင် အခြေစိုက် ထားပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည်။

The Voice Weekly
ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက် China Unicom သည် လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့ ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။

မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှုကို ILO ရုတ်သိမ်းမည်

Photo: မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှုကို ILO ရုတ်သိမ်းမည်
Sunday, June 9, 2013

မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားမှု (Sanction) မှ ရုတ်သိမ်းရန် ယခု ကျင်းပနေသော အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အစည်းအဝေးမှ နက်ဖြန် ဇွန်လ (၁၀) ရက်နေ့တွင် ဆုံးဖြတ်ရန် ရှိသည်ဟု ILO အစည်းအဝေးကို တက်ရောက်နေသော မြန်မာနိုင်ငံ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဌဒေါ်သန်းသန်းဌေးက ဆိုပါသည်။

“ မြန်မာနိုင်ငံရဲ့ (Sanction) ကို ဖြုတ်ဖို့ (၁၀) ရက်နေ့မှာ တောင်းဆိုမယ်။ လက်ရှိ ကတော့ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ ကိုယ်စားလှယ်တွေ သဘောထား တထပ်တည်း ရှိနေတယ်။ ဒါကြောင့် (၁၃/၁၄) ရက်မှာ ဖြုတ်ဖို့ ရှိပါတယ်။ILO ဖက်ကလည်း (Sanction) ကို ဖြုတ်စေချင်ပြီး။ ဒါမှနိုင်ငံ တကာက စီပွားရေး လုပ်ငန်းရှင် အားလုံး ကျမတို့နဲ့ ဆက်စပ်ပြီး အလုပ်လုပ်ကြ မယ် ဆိုရင် အနည်းဆုံးတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်တော့ဘူးပေါ့။ စနစ်တကျလည်း ရှိသွားတာပေါ့။” ဟုဆိုပါသည်။

မြန်မာနိုင်ငံ အရေးကို ဇွန်လ၁၀ရက်မှ ၁၄ ရက်အတွင်း ဆွေးနွေးကြမည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် စီးပွားရေး ပိတ်ဆို့မှု အပြင်လျှပ်စစ်မီး မလုံလောက်မှု ၊ ဆိပ်ကမ်းနှင့်လမ်းပမ်း ဆက်သွယ်မှုအားနည်းခြင်း၊ ဆက်သွယ်ရေးနှင့် စာတိုက်ကြေးနန်း လုပ်ငန်းများ၊ ဘဏ်စနစ်များ အားနည်းခြင်း တို့ကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆိုင်းငံ့ ထားသလို ဖြစ်နေပါသည်။

လက်ရှိတွင် ဤကဏ္ဍများ တိုးတက်လာရန် ပြင်ဆင် တည်ဆောက်နေပြီး ဖြစ် သလို နိုင်ငံရေးအရ စီးပွားရေး ပိတ်ဆို့မှုများပါ ရပ်တန့် သွားခဲ့သော်လည်း တိုင်းပြည်သည် ဒီမိုကရေစီစနစ်ကို အခြေခံသော အုပ်ချုပ်ရေး စနစ် ရှိပါမှတိုးတက် ပေလိမ့်မည်ဖြစ်သည်။

ဤသို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပါအ၀င် အစိုးရ စီမံကိန်းများ သည် ပွင့်လင်း မြင်သာမှုကို အခြေခံပါမှ တိုးတက်ပြောင်းလဲရာတွင် အနှောင့်အယှက် မရှိဘဲ အောင်မြင်နိုင်မည်ဖြစ်ပါသည်။

“ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ဘဏ်ကိစ္စ၊ လမ်းပမ်း ဆက်သွယ်ရေး ကိစ္စတွေက အဆင်သင့် မဖြစ်သေးဘူးလေ၊ ဒါကြောင့်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပါတ်သက်လို့ကျမ သဘောထား ကတော့ ပွင့်လင်းမြင် သာမှုဖြစ်အောင် ကြိုးစားရမယ့်။တိတိကျကျ အချက်အလက်တွေ ကြိုတင် တွက်ဆပြီး စာချုပ်ချုပ်ဖို့ လိုတယ်။ ဖြစ်လာမယ့် ကောင်းကျိုး ဆိုးကျိုးကို ကြိုတင် တွက်ဆပြီး ချပြဖို့ လိုပါတယ်။” ဟု ဒေါ်သန်းသန်းဌေးက ဆိုပါသည်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ်များသည် မြန်မာ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ကို သီးခြားတွေ့ဆုံခြင်း၊ ညစား အတူစားရန် ကမ်းလှမ်းခြင်း များဖြင့် မိတ်ဆက်ကြပါသည်။ အထူးသဖြင့် အိုင်အယ်အို အရာရှိများပါ ကြိုဆိုကြပါသည်။

ဒေါ်သန်းသန်းဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် တရားဝင် အလုပ်သမား ကိုယ်စားလှယ်ဖြစ်ပါသည်။ သူသည်ပထမ ဦးဆုံးသော ILO ညီလာခံ ကိုယ်စားလှယ် အဖြစ် တက်ရောက်နိုင်ခဲ့ သူဖြစ်ပြီး၂၀၁၃ခုနှစ်ဧပြီလ (၂၉) ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား (Forum) အစည်းအဝေးမှ ရွေးချယ် ခဲ့သူဖြစ်ပါသည်။

ILO အစည်းအဝေးသည် ဇွန်လ ၄ ရက်နေ့မှ စတင်ခဲ့ပြီး မြန်မာ့ အရေးကို ဇွန် (၁၀) ရက်မှ (၁၄) ရက်နေ့ အထိ ဆွေးနွေး ကြမည်ဖြစ်ပါသည်။ ILO သည် အလုပ်သမားအရေးကို ပိတ်ပင် ထားခဲ့မှုကြောင့် (၂၀၀၀) ခုနှစ်တွင် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ခဲ့ပါသည်။ မြန်မာ အစိုးရသည် ILO တောင်းဆိုခဲ့သော အလုပ်သမား ဥပဒေကို (၂၀၁၁) အောက်တိုဘာ လတွင် ရေးဆွဲ အတည်ပြု ပြဌာန်းပြီး နည်းဥပဒေကို (၂၀၁၂) ခုနှစ် ဇန္နာဝါရီလတွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။

ဤသို့ကြောင့် ILO သည် မြန်မာ အစိုးရ၏ အပြုသဘောဆောင် တိုးတက်မှုများ ဖြစ်လာခဲ့သည့် အတွက် အကျိုးဆက် အားဖြင့် စီးပွားရေး ပိတ်ဆို့ထားမှုကို ယခုကဲ့သို့ ကင်းလွတ်ခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။ ကင်းလွတ်ခွင့် ပေးရာတွင်လည်း နိုင်ငံတကာ စံနှုန်းနှင့်အညီ နိုင်ငံတကာ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များက ပါဝင်သည့် ILO တွင် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့စဉ် တုန်းကလည်း ဤကဲ့သို့ နိုင်ငံတကာ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ ကိုယ်စား လှယ်များက ဆုံးဖြတ်ခဲ့ ပါသည်။
ရွှေဟင်္သာ
မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားမှု (Sanction) မှ ရုတ်သိမ်းရန် ယခု ကျင်းပနေသော အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အစည်းအဝေးမှ နက်ဖြန် ဇွန်လ (၁၀) ရက်နေ့တွင် ဆုံးဖြတ်ရန် ရှိသည်ဟု ILO အစည်းအဝေးကို တက်ရောက်နေသော မြန်မာနိုင်ငံ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဌဒေါ်သန်းသန်းဌေးက ဆိုပါသည်။

ဦးသိန်းစိန်နဲ့ ဆွေးနွေးဖို့ SSA(တောင်ပိုင်း)ခေါင်းဆောင် နဲ့ အဖွဲ့ နေပြည်တော် ထွက်ခွာ

နေပြည်တော်မှာ သမ္မတဦးသိန်းစိန် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တောင်ပိုင်းက အဖွဲ့ဝင် ၂၀ ကျော်ဟာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ထိုင်း-မြန်မာ နယ်စပ်ကတဆင့် တာချီလိတ်မြို့ ကနေ လေယာဉ် ခရီးနဲ့ ထွက်ခွာသွားကြောင်း သိရပါတယ်။

တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ

Photo: တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ
Sunday, June 9, 2013

Cybersecurity အင်တာနက်ကွန်ယက်တွေလုံခြုံရေး၊ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ရာသီဥတုပြောင်းလဲလာမှုအကြောင်းတွေကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေးပွဲဟာ စနေနေ့က ပြီးဆုံးသွားပါပြီ။

တရုတ်အမေရိကန် အနာဂါတ်ဆက်ဆံရေးအတွက် အင်တာနက်ကွန် ယက်တွေ လုံခြုံရေးနဲ့ပတ်သက်တဲ့ သဘောထားကွဲမှုတွေကို ဖြေရှင်းဖို့ဟာ အဓိက ဖြစ်တယ်ဆိုတာကို သမ္မတအိုဘားမားနဲ့ သမ္မတရှီကျင်ပင်းတို့ သဘောတူခဲ့ကြတယ်လို့ အမျိုးသားလုံခြုံရေးရာအကြံပေး Tom Donilon က သတင်းထောက်တွေကိုပြော ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက် လို့တော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီယား လက်နက် အစီအစဉ်ကို စွန့်လွှတ်ရမယ်ဆိုတာ ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြ တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားကို နျူကလီယား လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် အမေရိကန်အစိုးရလိုပဲ တရုတ်အစိုးရကလည်း လက်မခံနိုင်ဘူးဆိုတာကို တရုတ်သမ္မတက အမေရိကန်သမ္မတကို အသိပေးခဲ့တယ်လို့ အမေရိကန် အမျိုးသားအကြံပေး Tom Donilon ကရော တရုတ်နိုင်ငံေ တာ် ကောင်စီဝင် Yang Jiechi က ပါပြောပါတယ်။

အမေရိကန်ပြည်ထောင်စု California ပြည်နယ်မှာ ၂ ရက်ကြာခေါင်းဆောင် ၂ ယောက်ရဲ့ ဆွေးနွေးပွဲအတွင်းမှာ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံ အိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချရးအတွက် ပူးပေါင်း အားထုတ် သွားကြဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

VOA
Cybersecurity အင်တာနက်ကွန်ယက်တွေလုံခြုံရေး၊ မြောက်ကိုရီးယားအရေးကိစ္စနဲ့ ရာသီဥတုပြောင်းလဲ လာမှု အကြောင်းတွေကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေး ပွဲဟာ စနေနေ့က ပြီးဆုံးသွားပါပြီ။

ပြင်ဦးလွင်

Photo: ပြင်ဦးလွင်-ဇွန်လ၉

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဦးလွင်လူထုတွေ့ဆုံပွဲကို 
မဟာအံ့ထူးကံသာမီးပုံးပျံကွင်းတွင် ယနေ့ညနေ၃နာရီတွင်ဟောပြောမည်
ဟုသိရသည်။
ပြင်ဦးလွင်ရာသီဥတုမှာ မိုးတိတ်သွားပြီဟုသိရသည်။

ဓါတ်ပုံ၊နေကွန်းထင်၊စိုင်းလမင်း
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဦးလွင်လူထုတွေ့ဆုံပွဲကို
မဟာအံ့ထူးကံသာမီးပုံးပျံကွင်းတွင် ယနေ့ညနေ၃နာရီတွင်ဟောပြောမည်
ဟုသိရသည်။ ပြင်ဦးလွင်ရာသီဥတုမှာ မိုးတိတ်သွားပြီဟုသိရသည်။

ငြိမ်းချမ်းေ ရးစိန်ခေါ်သံ လမ်းလျောက် ဆုတောင်းပွဲ

 Photo
ရန်ကုန်-ဇွန်၉ ငြိမ်းချမ်းရေးစိန်ခေါ်သံ လမ်းလျောက်ဆုတောင်းပွဲကို လူပေါင်း၁၅၀ကျော်ပါဝင်ဆုတောင်း လမ်းလျောက်ခဲ့သည်။ ကချင်စစ်ပွဲ နှစ်နှစ်အတွင်း သေဆုံးခဲ့ကြသူများအား ရည်စူး၍ ပြုလုပ်သည့် ငြိမ်းချမ်းရေးစိန်ခေါ်သံ လမ်းလျောက် ဆုတောင်းပွဲကို ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီမှ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ မြို့တော်ခန်းမရှေ့မှ စတင်၍့် မြို့နယ် ၅ ခုသိှု့ဖြတ်သန်းခဲ့သည်။ နေလည်၁၂း၀၀တွင်လွမ်းသူပန်းခွေချ၍ ဆုတောင်းအမျှဝေမှုအား အလုံမြို့နယ် သစ်တောလမ်းရှီ ဇောတနာရာမကျောင်းတိုက် ၌ ပြုလုပ် သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မွန်ပြည်နယ် (၅)နှစ်ဆက်တိုက် ပထမ

 Photo: တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မွန်ပြည်နယ် (၅)နှစ်ဆက်တိုက် ပထမ

မွန်ပြည်နယ်-ဇွန်၉

ဇွန် ၈ ရက် ကထုတ်ပြန်ခဲ့သော၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်တွင်မွန်ပြည်နယ်၏
 တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုသည် (၅)နှစ်ဆက်တိုက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပထမ ရရှိခဲ့ကြောင်းသိရသည်။ 
၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ် အနေဖြင့် အောင်ချက် ရာခိုင်နှုန်း 
၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံ လုံးတွင် ပထမရရှိခဲ့ခြင်းဖြစ်သည်။့HTOO
ဇွန် ၈ ရက် ကထုတ်ပြန်ခဲ့သော၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်တွင်မွန်ပြည်နယ်၏
တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုသည် (၅)နှစ်ဆက်တိုက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပထမ ရရှိခဲ့ကြောင်းသိရသည်။ ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ် အနေဖြင့် အောင်ချက် ရာခိုင်နှုန်း
၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံ လုံးတွင် ပထမရရှိခဲ့ခြင်းဖြစ်သည်။့

စာမေးပွဲ အောင်စာရင်း ကြည့်ရင်း ကျောင်းသူတစ်ဦး လဲကျသေဆုံး

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ ရှိ အ.ထ.က (၁)တွင် ဇွန် ၈ ရက် နံနက်က ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို လာရောက်ကြည့်ရှုရင်း ကျောင်းသူတစ် ဦး နှလုံးရော ဂါကြောင့် လဲကျသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ကွယ်မှ ကြိုးကိုင်မှု များကြောင့် ပြန်လည်နေရာ ချထားရေး ကိစ္စများတွင် ဘင်္ဂါလီများ၏ ငြင်းဆန်မှုကို ရင်ဆိုင်နေရ

bangalis-june9

နောက်ကွယ်မှ ကြိုးကိုင်မှုများကြောင့် ပြန်လည်နေရာ ချထားရေး ကိစ္စများတွင် ဘင်္ဂါလီများ၏ ငြင်းဆန်မှုကို မကြာခဏ ရင်ဆိုင်နေရပြီး လုပ်ငန်းများ အောင်မြင်မှု မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မူဆယ်လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော် ထွက်ခွာလျက်ရှိ

Photo: မူဆယ်လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော် ထွက်ခွာလျက်ရှိ

9.6.2013

မူဆယ်ခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော်မှ ၇၀၀၀ ကြား ထွက်ခွာလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မူဆယ်ဒေသမှာ နန်းတော်ဂိတ် အပါအ၀င် ကင်းစခန်းပေါင်း လေးခုရှိပါတယ်။ ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ်။ တရုတ်ဘက်ကနေ ၀င်ရောက်တာတော့ နေ့စဉ်ပျမ်းမျှ ၄၀၀ ကနေ ၅၀၀ ကြားပဲ ၀င်ပါတယ်" ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။ ၎င်းတို့အနက်မှ အများစုသည် ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သွားရောက်အလုပ် လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ် . . . . .

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်သော လူငယ်များသည် တရုတ်နိုင်ငံအတွင်း မကြာခဏ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
"ဒီဘက်က အလုပ်လုပ်ဖို့ ထွက်တဲ့သူက တရုတ်နိုင်ငံမှာ အလုပ်လုပ်ခွင့် စာအုပ် (အစိမ်းရောင်) လျှောက်ရတယ်။ အဲဒီစာအုပ်ရမှ အလုပ်လုပ်လို့ ရတယ်။ အဲဒီစာအုပ် မရှိရင် အနိုင်ကျင့် ခံရတာ များတယ်" ဟု ဦးမင်းဆွေက ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများသည် အသက် ၂၀ မှ ၄၀ ၀န်းကျင် အများစုဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အုတ်စက်ရုံ၊ ဘတ္တရီစက်ရုံနှင့် လျှပ်စစ်ပစ္စည်း စက်ရုံများတွင် အများစု လုပ်ကိုင်ရကြောင်း၊ ၀င်ငွေ ကျပ် ၅၀၀၀မှ ၁၀၀၀၀ ကြား ပျမ်းမျှရှိကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်သို့ ထွက်ခွာမည့် သူများကို မူဆယ်လူဝင်မှု ကြီးကြပ်ရေးဂိတ်၌ မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

EMG
မူဆယ်ခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော်မှ ၇၀၀၀ ကြား ထွက်ခွာလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။

ဘောလုံး သံတမန် နန်းခင်ဇေယျာနှင့် မန်ယူကစားသမားများ

 Photo
မနက် ၉နာရီက မြန်မာနိုင်ငံသို့ရောက်ရှိပြီး ရွှေတိဂုံစေတီတော်သို့ ဦးစွာသွားေ၇ာက်ဖူးမျှော်ခဲ့ မန်ယူကစား သမားဟောင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏သံတမန် နန်းခင်ဇေယျာမှလိုက်လံရှင်းပြခဲ့သည်။ 

ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်

၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း”” ခရီးသည်တင်မှန် လုံယာဉ်သည် သထုံမြို့ နယ်၊ တောင်စွန်း ကျေးရွာ အနီး၊ ဘုရား ကုန်းကွေ့ အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အား အနီးရှိ မြေသားလမ်း အတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။

တကျော့ပြန် ကချင်စစ် (၂) နှစ်ပြည့် အထိမ်းအမှတ် လွမ်းသူပန်းခွေချ

Photo