ရှမ်းပြည်နယ်(မြောက်ပိုင်း)မုံးကိုး၊ ကြူကုတ်၊ မုံးပေါ်ဒေသရှိ ဝိန်းဆိုင်ကျေးရွာအုပ်စု၊ ဟူးကြီးရွာ၏ အနောက် ဘက် ချောင်းအနီး၌ ဇွန် ၈ ရက်က လက်နှစ်ဖက်၊ ခြေနှစ်ဖက်အား ကြိုးတုပ်ထားပြီး သစ်ပင်တွင် တွဲလောင်း ချည်ထားသည့် ယောက်ျား အလောင်း တစ်လောင်းအား ဦးခေါင်း အနောက်ဘက်ပိုင်း တွင် နှစ် လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ရင်အုံ လက်နက်ငယ်ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက် ဖြင့် သေဆုံးနေကြောင်း ကျေးရွာနေ တာဝန်ရှိ သူများမှ တွေ့ရှိခဲ့သည်။
အဆိုပါသေဆုံးသူမှာ မူဆယ်-မုံးပေါ် လမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် ဈေးလိုက် လံရောင်းချသော စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှ ဦးမင်းနိုင်(ဘ)ဦးသော်ဌေး ၅၂ နှစ် ဖြစ်ကြောင်း၊ သေဆုံးသူ၏ အလောင်းအနီးတွင် ဈေးရောင်းသည့် ဆိုင်ကယ်နှင့် ဈေးခြင်းတောင်း များ တွေ့ရှိရပြီး တပ်မတော်သတင်းပေးဟု ယူဆသဖြင့် ကေအိုင်အေအဖွဲ့မှ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
MWD
No comments:
Post a Comment