ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် သတ္တမ ပုံမှန်အစည်းအဝေးများကို ၂၀၁၃ ခုနှစ် ဇွန် ၂၅ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Tuesday, 4 June 2013
Monday, 3 June 2013
မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့်

ဥရောပ သမဂ(အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လဂျီယံ လူမျိုး ရိုလန်ကိုဘီယာ (Roland Kobia) ကို ဥရော ပသမဂ္ဂက ခန့်အပ် တာဝန်ပေး လိုက်သည်။ ၎င်းသည် လက်ရှိတွင် အီးယူ ကိုယ်စားလှယ် အကြီးအကဲ အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိသော သဘောထား တင်းမာမှုကို ဖြေလျှော့သည့် အနေဖြင့် အီးယူ ကိုယ်စားလှယ် ရုံးခန်းကို ၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆီးချိုပျောက် နည်း များ စွာ ထဲ က လက်တွေ့ နည်း လမ်းကောင်းလေး တစ်ခုပါ
အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ ရခြင်း ဖြစ် ပါသည်။
ဘီဘီစီသတင်းတွေကို ပြည်တွင်း မိုဘိုင်းလ်ဖုန်းက နားဆင်နိုင်ပြီ
ဘီဘီစီ ရဲ့ နောက်ဆုံးရ သတင်းတွေကို ပြည်တွင်း မိုဘိုင်းလ်ဖုန်း ကနေ နားဆင် နိုင်တဲ့ အစီ အစဉ် စတင် နေပြီ ဖြစ်ပါတယ်။
အင်းလေး အင်းနှင့် စံကားအင်း တို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် လေ လံ တင် ရောင်းချ မည်ဟု ကြေညာ
![]() |
| နာမည်ကျော် အင်းလေးကန်မြင်ကွင်းကို မေလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်) |
အာဆီယံအမွေအနှစ် ဥယျာဉ်ဖြစ်သည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ အင်းလေးကန်နှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် လေလံတင်ရောင်းချ ရန် ကြေညာထားကြောင်း သိရသည်။
မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ပြည်တွင်း အင်တာနက်ဆိုင်ရာ ကိစ္စရပ်များကို ဟောပြောဆွေးနွေး
| မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်သို့ တက်ရောက်လာသူများ |
မြန်မာ့အင်တာနက်ဖိုရမ်ကို ဇွန် ၁ ရက်က MICTDC ၌ ပထမဆုံး အကြိမ်အဖြစ်
ကျင်းပခဲ့ပြီး ပြည်တွင်း အင်တာနက်ဆိုင်ရာ ကိစ္စရပ်များကို
ဟောပြောဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများ ရှိသော်လည်း ယခုအချိန်ထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေဆဲ ဖြစ်သည်ဟု သမ္မတဦးသိန်းစိန် ပြောကြား
| သမ္မတဦးသိန်းစိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်သမ၀ါယမ အသင်းသားများအား ဇွန် ၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် တွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ- ဇင်ဘိုလွင်) |
မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း
ကောင်းများရှိသော်လည်း ယခုအချိန်အထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်နေဆဲ
ဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
လာမည့်နှစ်နှစ်အတွင်း ဖုန်းပြောခ နှုန်းထားများ လျော့ကျနိုင်ပြီး အင်တာနက် တပ်ဆင်ခများလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေး ဒုဝန်ကြီးပြောကြား
| အင်တာနက်ဖိုရမ်တွင် တွေ့ရသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင် |
ဆက်သွယ်ရေး ကုမ္ပဏီအသစ်နှစ်ခု ရွေးချယ်ပြီး နောက်လာမည့် နှစ်နှစ်အတွင်း၌
ဖုန်းပြောဆိုခ နှုန်း ထားများ လျော့ကျလာနိုင်ပြီး Broadband
အင်တာနက်လိုင်းများ၏ ကနဦး တပ်ဆင်ခများမှာလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး
ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ၌ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုမှာ တစ်နှစ် ပျမ်းမျှသုံးသန်းခန့် အထိရှိကြောင်း သိရ
| ရန်ကုန်မြို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုရှိ လုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) |
မြန်မာနိုင်ငံတွင်
ဆောက်လုပ်ရေးကဏ္ဍ အနေဖြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှု အခြေအနေမှာ
တစ်နှစ်လျှင် ပျမ်းမျှ (၂ ဒသမ ၅) သန်းမှ သုံးသန်းခန့်ထိ ရှိကြောင်း
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ
ထုတ်ပြန်သော ကိန်းဂဏန်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ ဆောက် လုပ်ရေး
လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားခဲ့သည်။
Sunday, 2 June 2013
ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်း (WAN-IFRA) မှ ပေးအပ်သော၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ရရှိ
ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ
ထုတ်ဝေသူများ အဖွဲ့အစည်း (World Association of News-papers and News
Publishers- WAN-IFRA) မှ ပေးအပ်သော ၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden
Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က
ရရှိခဲ့ကြောင်း သိရှိရပါသည်။
ရော ဂါကြောင့် မဟုတ်ဘဲ အိပ် မပျော်ဖြစ်နေ လား

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတဲ့ အခါမှာ ကျွန်မတို့တစ်တွေဟာ
အိပ်မပျော်နိုင်တာမျိုး ဖြစ်နေ တတ်ကြပါတယ်။ ဒါပေမဲ့ ရောဂါဝေဒနာတစ်ခုကိုမှ
မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အတွေးတွေများ တာ၊ ပူပင်သောကများတာ၊
စိုးရိမ်နေတာစတဲ့ အကြောင်းတွေကြောင့် အိပ်မပျော်တတ်ကြပါဘူး။ အဲဒီအခါ
နောက်တစ်နေ့မှာ အာရုံ စူးစိုက်မှု နည်းတာ၊ မှတ်ဉာဏ်အား နည်းတာ၊
လုပ်ကိုင်နိုင်စွမ်း ကျဆင်း တာ စတဲ့ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို
မဖြစ်စေဖို့အတွက် ည,ည နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနိုင်အောင် အောက်ပါ
အချက်တွေကို လိုက်နာသင့်ပါတယ်။
CNG တက္ကစီ ယာဉ် များ သို့ ရောင်း ချမည့် သဘာဝ ဓာတ်ငွေ့ ဈေးနှုန်း တိုးမြှင့် ဖွယ်ရှိ
![]() |
| မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) |
CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့်
သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား ပြင်ဆင်သတ်မှတ် သွားရန်ရှိကြောင်း
စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ CNG ဈေးနှုန်းမှာ ယခင်ရောင်းဈေး
ထက် မြင့်တက်လာဖွယ် ရှိကြောင်း သိရသည်။
ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ (လူငယ်များ အဓိကထား ဖတ်ရှုရန်)
မနက်က ညီမလေးဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမဒီကျောင်းဆက်မတက်ချင်တော့ဘူး။ အဝေးသင်မေဂျာတစ်ခုပြောင်းမယ်၊
အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး
စကားကြားရ တာပါပဲ။
NLD ဗဟိုကော်မီတီ များ စွမ်းရည်မြင့် အလုပ် ရုံ ဆွေးနွေး ပွဲ ရခိုင် ဗဟိုကော်မီတီ ၀င်များ တက်ရောက်
မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မီတီဝင်များ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ(၄)ဦး တက်ရောက်ခဲ့သည်ဟုသတင်းရရှိသည်။
ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ လိုင်ဇာသို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ
![]() |
ဆန္ဒပြနေကြသော ရှမ်းတိုင်းရင်းသား အချို့ (ဓာတ်ပုံ -ထွန်းလင်းအောင်) |
ကေအိုင်အို/ကေအိုင်အေမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များ လိုင်ဇာဌာနချုပ်သို့ အပြန်လမ်းတွင် ရှမ်း တိုင်းရင်းသားများ ၂၀၀ ၀န်းကျင်ခန့်က ၀ိုင်းမော်မြို့တွင် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း သတင်း ရရှိသည်။
ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်
![]() |
| မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် |
သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ
အားကစားခန်းမ တွင် ပြုလုပ် မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘဝ
မြှင့်တင်ရေးအခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်
မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်ဦး မလေးရဲစခန်း၌ သေနတ်လု၊ သေကြောင်းကြံဖို့ကြိုးစားသော်လည်း မအောင်မြင်

အသက် ၃၃နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (မေလ ၂၇)က မလေးရှားနိုင်ငံ ပီနန်မြို့ ဘူးကစ် မာတာဂျမ်အရပ်က ရဲစခန်းထဲကို သွားရောက်ပြီး အမှုဖွင့်ဖို့တိုင်ကြားမယ်ပြောပြီး ရဲသား ဆီက ပစ္စတိုသေနတ်ကို လုယူခဲ့တယ်လို့ The New Straits Times သတင်းစာက ရေးသားလိုက်ပါတယ်။
ကျဆုံး ခန်းတွေကို စည်း တစ်ဖက် ခြားနိုင် ခဲ့ပြီ
ပြီးခဲ့တဲ့
ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ပင်နယ်တီကန်တာ မကြည့်ရဲလို့ မျက်နှာလွဲ
ထိုင်နေတဲ့ စတိုင်ဂါရဲ့ပုံရိပ်ဟောင်း ကိုယ်တိုင်ခံစားနေရပေမယ့်
အသင်းသားတွေရဲ့ နာကျင်မှုကို
နှစ်သိမ့်ပေးခဲ့ရတဲ့ အသင်းခေါင်းဆောင် ဖီးလစ်လမ်းရဲ့ဝေဒနာတွေဟာခုတော့
လက်ခုပ်သံတွေကြားမှာ ပျောက်ပျက်ခဲ့ပါပြီ။
Subscribe to:
Posts (Atom)




