Monday, 20 May 2013

အေးရှားဝေါလ် ကုမ္ပဏီမှ ကမ်းနား လမ်းသစ် ဖြတ် သန်း ခ ကောက်ခံမှု တစ်လ အတွင်း ကျပ် ၁၇၇၇ သိန်းကျော်ရရှိ၊ ငါးမိုင် သာရှိသော လမ်းမှ တစ်နှစ် လျှင် ပျမ်းမျှ ကျပ် သန်းပေါင်း ၂၁၀၀ ကျော် အထိ ပြန်ရမည်

Photo: အေးရှားဝေါလ်ကုမ္ပဏီမှ ကမ်းနားလမ်းသစ် ဖြတ်သန်းခ ကောက်ခံမှု တစ်လအတွင်း ကျပ် ၁၇၇၇ သိန်းကျော်ရရှိ၊ ငါးမိုင်သာရှိသောလမ်းမှ တစ်နှစ်လျှင် ပျမ်းမျှ ကျပ်သန်းပေါင်း ၂၁၀၀ ကျော်အထိ ပြန်ရမည်

အများပြည်သူပိုင် မြေပေါ်တွင် ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်အား လမ်းအသုံးပြုခ ကောက်ခံရာတွင် တစ်လအတွင်း၌ပင် ကျပ် ၁၇၇၇ သိန်းကျော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အေးရှားဝေါလ် ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး ကမ်းနားလမ်းသစ် အရှည်မှာ ကြည့်မြင်တိုင်မှ ဗားဂရာကမ်းနား ဒေသအထိ ၅ ဒသမ ၀၆၉ မိုင်သာ ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ တစ်လအတွင်း ကုန်ကားကြီး ၃၄၉၂၆ စီး ဖြတ်သန်းပြီး တစ်စီးလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ကျပ် ၁၃၉၇ သိန်းကျော် ရရှိခဲ့ကြောင်း၊ ယာဉ်ငယ် ၂၅၃၄၇ စီးဖြတ်သန်းပြီး တစ်စီးလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၃၈၀ ရရှိကြောင်း၊ စုစုပေါင်း ကျပ် ၁၇၇၇ ကျော် ရရှိခဲ့ ဖြစ်ကြောင်း သိရသည်။

ထို့အတွက် တစ်လ၀င်ငွေကျပ် ၁၇၇၇ သိန်းကျော်ဆိုပါက တစ်နှစ်လျှင် ပျမ်းမျှကျပ်သန်းပေါင်း ၂၁၀၀ ကျော်အထိ ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ ကမ်းနားလမ်းသစ်အား လမ်းအသုံးပြုခ ကောက်ခံခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၇/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး Virtue Land Co.,Ltd အမည်နှင့် BOT စနစ်ဖြင့် လမ်းပြုပြင်ဖောက်လုပ်၍ လမ်းအသုံးပြုခ ကောက်ခံခြင်း လုပ်ငန်းအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

စတင်မကောက်ခံမီက ကုန်ကားလုပ်ငန်း လုပ်ကိုင်သူများက ကုန်ကားကြီး တစ်စီး ၄၀၀၀ ကျပ် ဆိုသည်မှာ များပြားသည့် အတွက် ကျပ် ၂၀၀၀ သာ ကောက်ခံရန် အဆိုပြုခဲ့သော်လည်း တရားဝင် စတင်ကောက်ခံသည့် နေ့မှစ၍ ကျပ် ၄၀၀၀ ဖြင့်သာ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

BOT စနစ်ဖြင့် လမ်းပြုပြင် ဖောက်လုပ်၍ လမ်းတံတားကြေး ကောက်ခံရာတွင် လုပ်ကိုင်ခွင့် ရရှိသူသည် စတင်ကောက်ခံသည့် ပထမ သုံးနှစ်တာကာလအတွက် အခွန်ကင်းလွတ်ခွင့် ရရှိပြီး လေးနှစ်မြောက်မှစ၍ ၁၃ နှစ်မြောက်အထိ ၁၀ နှစ်တာ ကာလအတွင်း ငါးရာခိုင်နှုန်းသာ ပေးသွင်းရန် ယခင်ကတည်းက သတ်မှတ်ထားသည်။

၎င်းအပြင် ၁၄ နှစ်မြောက်မှ ၂၃ နှစ်မြောက်အထိ နောက်ထပ် ၁၀ နှစ်အတွင်း၌လည်း ၁၀ ရာခိုင်နှုန်းသာ ပေးသွင်းရမည်ဖြစ်ပြီး ၂၄ နှစ်မြောက်မှ ၃၃ နှစ်မြောက်အထိ နောက်ထပ် ၁၀ နှစ်အတွင်း၌လည်း ၁၅ ရာခိုင်နှုန်းသာ ပေးသွင်းရန် လမ်းတံတားများအား BOT စနစ်ဖြင့် ပေးစဉ်က သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် လုပ်ကိုင်ခွင့်ရမှု ၃၈ နှစ်ပြည့်သည်အထိ အခွန်ကို အများဆုံး ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရပြီး ၃၈ နှစ်ကျော်လျှင်လည်း အပြည့်မဟုတ်ဘဲ နိုင်ငံတော်မှ သတ်မှတ်သည့်နှုန်းသာ ပေးဆောင်နိုင်သေးသည်။

ထို့အတွက် လုပ်ငန်းရှင် အများစုမှာ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်များကို ပိုမိုစိတ်ဝင်စားပြီး BOT စနစ်ဖြင့် မြေငှားရမ်းကာ စီးပွားဖြစ်လုပ်ခြင်း၊ လမ်းတံတားများ ပြုပြင်ထိန်းသိမ်းကာ လမ်းအသုံးပြုခ ကောက်ခြင်း၊ စက်ရုံများငှားရမ်း လုပ်ကိုင်ခြင်းကို တောက်လျှောက်ရယူ လုပ်ကိုင်ကြခြင်းဖြစ်သည်။

အခွန်လျော့ပေါ့မှုမှာ လုပ်ငန်းတစ်ခုနှင့်တစ်ခု မတူသော်လည်း ကင်းလွတ်ခွင့်အား မည်သူမဆို အနည်းနှင့်အများ ရရှိကြပြီး ပထမသုံးနှစ် အခွန်ကင်းလွတ်ခွင့်မှာ လူတိုင်းရရှိသည့် အခွင့်အရေးဖြစ်သည်။

သတ်မှတ်ထားချက်အတိုင်း ဆိုပါက ကမ်းနားလမ်းသစ်မှ ပျမ်းမျှရရှိနိုင်သည့် တစ်နှစ် ကျပ်သန်း ၂၁၀၀ ကျော်၊ သုံးနှစ် ကျပ်သန်း ၆၃၀၀ ကျော် ကောက်ခံပြီးသည့် အချိန်အထိ အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး နောက်ပိုင်းနှစ်များတွင်သာ အနည်းငယ် ပေးဆောင်ရမည် ဖြစ်သည်။

BOT စနစ်ဖြင့် လုပ်ကိုင်သူများ နိုင်ငံတော်သို့ အခွန်ပေးသွင်းရမည့် သတ်မှတ်ထားချက်များ

(၁)     စတင်ကောက်ခံသည့် ပထမ သုံးနှစ်တာ ကာလအတွက် နိုင်ငံတော်သို့ အခွန်ပေးသွင်းခြင်းကို ကင်းလွတ်ခွင့်ပြု

(၂)     လေးနှစ်မှ ၁၃ နှစ်မြောက်အထိ ၁၀ နှစ်တာကာလအတွင်း ငါးရာခိုင်နှုန်း ပေးသွင်းရန်

(၃)     ၁၄ နှစ်မြောက်မှ ၂၃ နှစ်မြောက်အထိ ၁၀ နှစ်တာ ကာလအတွင်း ၁၀ ရာခိုင်နှုန်းပေးသွင်းရန်

(၄)     ၂၄ နှစ်မြောက်မှ ၃၃ နှစ်မြောက်အထိ ၁၀ နှစ်တာ ကာလအတွင်း ၁၅ ရာခိုင်နှုန်းပေးသွင်းရန်

(၅)     ၃၄ နှစ်မြောက်မှ ၃၈ နှစ်မြောက် အထိ ငါးနှစ်တာ ကာလအတွင်း ၂၀ ရာခိုင်နှုန်းပေးသွင်းရန်

(၆)     ၃၈ နှစ်ကျော်ကာလအတွက် အချိန်တိုးမြှင့်ကောက်ခံခွင့် တင်ပြချိန်တွင် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရာခိုင်နှုန်းအတိုင်း ပေးသွင်းရန်

(၇)     နှစ် ၄၀ ပြည့်ပြီးနောက် ဆက်လက်ဆောင်ရွက်လိုပါက ကောက်ခံမှု သက်တမ်းကာလကို တစ်ကြိမ်လျှင် ငါးနှစ်အထိ သုံးကြိမ်သက်တမ်းတိုးမြှင့် လုပ်ကိုင်ခွင့်ရရှိရေးကို နိုင်ငံတော်သို့ တင်ပြလျှောက်ထားရမည်။

ကမ်းနားလမ်းသစ်ရှိ လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အများပြည်သူပိုင် မြေပေါ်တွင် ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်အားလမ်း အသုံးပြု ခ ကောက်ခံရာတွင် တစ်လအတွင်း၌ပင် ကျပ် ၁၇၇၇ သိန်းကျော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန်ဖုန်း အလုံးရေ တစ်သိန်းကျော်ရောင်းချ ယခင်လထက် ဖုန်းအလုံးရေ ၁၇၇၈၁ လုံး လျော့နည်းခဲ့ပြီး မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးမည်

Photo: ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန်ဖုန်း အလုံးရေ တစ်သိန်းကျော်ရောင်းချ ယခင်လထက် ဖုန်းအလုံးရေ ၁၇၇၈၁ လုံး လျော့နည်းခဲ့ပြီး မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးမည်

ရန်ကုန်တိုင်း ဒေသကြီးတွင် ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း CDMA ဖုန်း အလုံးရေ ၁၀၁၂၁၉ လုံးအား မေ လ ၂၀ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ပြီး ယခင်လကဲ့သို့ပင် မဲနှိုက်သည့် စနစ်ဖြင့်သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့်လက ရန်ကုန်တိုင်း ဒေသကြီးအတွက် တန်ဖိုးနည်း ဖုန်းအလုံးရေခွဲတမ်း ၁၁၉၀၀၀ ရောင်းချပေးခဲ့ပြီး ယခုလအတွက် ခွဲတမ်းရရှိမှာ ဖုန်းအလုံးရေ ၁၀၁၂၁၉ လုံးဖြစ်သောကြောင့် ပြီးခဲ့သည့် လထက် အလုံးရေ ၁၇၇၈၁ လုံး လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုရောင်းချပေးမည့် ဖုန်းအလုံးရေ ၁၀၁၂၁၉ လုံးထဲမှ ရန်ကုန်တိုင်း အတွင်းရှိ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများအတွက် သုံးပုံတစ်ပုံ ခွဲတမ်းပေးခဲ့ပြီး ကျန်ရှိသည့် ဖုန်းများကို အများပြည်သူအတွက် ရောင်းချမည်ဖြစ်သည်။ ယခု ဒုတိယအသုတ်တွင် ဖုန်းအလုံးရေ အများဆုံး ရောင်းချပေးမည့် မြို့နယ်မှာ ယခင်လကဲသို့ပင် လှိုင်သာယာ မြို့နယ်တွင်ဖြစ်ပြီး ဖုန်းအလုံးရေ ၄၈၉၇ လုံး ရောင်းချပေးမည်ဖြစ်ကာ ယခင်လက ဖုန်းအလုံးရေ ၆၆၀၀ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ ဖုန်းအနည်းဆုံး ရောင်းချပေးမည့် မြို့နယ်မှာ ဆိပ်ကမ်းမြို့နယ်ဖြစ်ပြီး ဖုန်းအလုံးရေ ၃၅ လုံးဖြစ်ကာ ပြီးခဲ့သည့်လကလည်း ဖုန်းအလုံးရေ ၅၀ သာ ရောင်းချပေးခဲ့သည်။

ဖုန်းအလုံးရေ ရောင်းချပေးရန်အတွက် ခွဲတမ်းချမှုအား ဆက်သွယ်ရေးမှ ပြုလုပ်ပေးခြင်းဖြစ်ပြီး ခွဲတမ်းချပေးရာတွင် မြို့နယ်၏ လူဦးရေ၊ မြို့နယ်အတွင်း လက်ရှိ ဖုန်းကိုင်ဆောင်ထားသူ စာရင်းများအပေါ် မူတည်၍ ချထားပေးခြင်းဖြစ်သည်။

''အရင်လက ဖုန်းရောင်းပေးတဲ့သူ အရေအတွက်က ၁၂၀၀၀၀ လောက်ရှိခဲ့ပြီဆိုတော့ ဒီလ ခွဲနည်းနည်း လျော့သွားတဲ့ သဘောပါ အဲဒီအတွက် ဒီလအလုံးရေက လျော့သွားတဲ့ သဘောပါ'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့သည်။

ယခုလ၌လည်း မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးသွားမည် ဖြစ်သောကြောင့် မဲနှိုက်ရောင်းချပေးသည့် နေရာတွင်လည်း ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားမှု မရှိစေရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

အစိုးရဌာနဆိုင်ရာများ အတွက်လည်း အရာရှိအဆင့်အား ဖုန်းလုံးဝ မလျှောက်ရန် သတ်မှတ်ထားပြီး ကျန်ရှိသည့် ၀န်ထမ်းများကိုလည်း မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးမည်ဖြစ်သည်။

ပြီးခဲ့သည့်လက ဖုန်းများ ရောင်းချပေးသည့် နေရာတွင် အချို့မြို့နယ်များ၌ ဧည့်စာရင်းဖြင့် နေထိုင်သူများ ဖုန်းလျောက်ထားခွင့် မရရှိခဲ့ကြောင်း၊ သို့သော် ယင်းသို့ ဧည့်စာရင်းဖြင့် နေထိုင်သူများအား ဖုန်းလျှောက်ခွင့် ပေးမပေးကိုမူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားခြင်း မရှိကြောင်း၊ ယခုလတွင်မူ မြို့နယ်အတော်များများတွင် ဧည့်စာရင်းဖြင့် ဖုန်းလျှောက်ထားမှုကို လက်ခံခဲ့သည်ဟုလည်း သိရသည်။

ကျပ် ၁၅၀၀ တန်ဖုန်း ၀ယ်ယူခွင့်ရရှိရန် ရပ်ကွက်တွင်း၌  မဲနှိုက်နေသည်ကို တွေ့ရစဉ်
ကျပ် ၁၅၀၀ တန်ဖုန်း ၀ယ်ယူခွင့်ရရှိရန် ရပ်ကွက်တွင်း၌ မဲနှိုက်နေသည်ကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးတွင် ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း CDMA ဖုန်း အလုံးရေ ၁၀၁၂၁၉ လုံးအား မေ လ ၂၀ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ပြီး ယခင်လကဲ့သို့ပင် မဲနှိုက်သည့် စနစ်ဖြင့် သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

'၀'ပြည်နယ် တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း '၀'တိုင်းဥက္ကဋ္ဌ ပြောကြားဟု စံတော်ချိန် သတင်းစာတွင် ဖော်ပြ

Photo: '၀'ပြည်နယ် တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း '၀'တိုင်းဥက္ကဋ္ဌ ပြောကြားဟု စံတော်ချိန် သတင်းစာတွင် ဖော်ပြ

'၀' ပြည်နယ်တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း'၀'တိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူက ပြောကြားခဲ့သည်ဟု မေ ၁၉ ရက်ထုတ် စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့ပါသည်။

''ဒါကငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်း သူတို့တောင်းဆိုနေတဲ့ အချက်ပါ။ နောက်တစ်ခုက အင်္ဂလိပ်လက်ထက်က မြေပုံမှာ 'Wa' (State) ဆိုပြီး အင်္ဂလိပ်လို ရေးထားတာလဲ ရှိပါတယ်။ အဲဒီအတိုင်းပဲ ပြန်အကောင်အထည် ဖော်ပေးပါ ဆိုတဲ့သဘောလဲ ဖြစ်တယ်။ တောင်းသင့် တောင်းထိုက်လို့ တောင်းတယ်လို့ပဲ ယူဆပါတယ်''ဟု ဦးခွန်ထွန်းလူက ပြောကြားခဲ့ကြောင်း စံတော်ချိန် သတင်းစာတွင် ဖော်ပြခဲ့သည်။

မေ ၁၉ ရက်ထုတ် 7 Day သတင်းစာ မျက်နှာဖုံးတွင်လည်း '၀'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုကို '၀' ပါတီများ ထောက်ခံကြောင်း သတင်းကို မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ပြီး အဆိုပါ သတင်းတွင် '၀' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ နာယက ဦးဖီးလစ်ဆန်က 'မရမက' လုပ်ဆောင်မည်ဟု ပြောကြားခဲ့ပါသည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် '၀' အထူးဒေသ(၂)ပန်ဆန်းမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီတို့ တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင်'၀'ပြည် သွေးစည်းညီညွတ်ရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက '၀'ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုပေးရန် ထပ်မံတောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ တောင်းဆိုမှုသည် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း အခြားသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများက သုံးသပ်ခဲ့ပြီးနောက် '၀'နှင့် ပတ်သက်အ ဖွဲ့အစည်းများက တုံ့ပြန် ပြောဆိုလာခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုသည် ၀ိဝါဒ ကွဲပြားစရာ ကိစ္စဖြစ်နေပြီး လုပ်နည်းလုပ်ဟန်အရ ယင်းကိစ္စကို လွှတ်တော်ကသာ ကိုင်တွယ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ သွားရောက်နေစဉ် ကာလအတွင်း '၀'နှင့်ပတ်သက်သော အဖွဲ့အစည်းများ၏ တုံ့ပြန်သံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိဟို ပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခု ဖွဲ့စည်းပြီး '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သတ်မှတ်ပေးခဲ့ပြီးနောက် ပြည်နယ်အဆင့်သို့ တိုးမြှင့်ပေးရန် '၀' ဘက်မှ ဆက်တိုက် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော '၀'ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု(၂၃)နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ
၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော '၀'ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု(၂၃)နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ
'၀' ပြည်နယ်တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း'၀'တိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူ က ပြောကြားခဲ့သည်ဟု မေ ၁၉ ရက်ထုတ် စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့ပါသည်။

Sunday, 19 May 2013

တူမကို လိင်ကျွန်လုပ်ခိုင်းရန် အမေရိကန်သို့ ခေါ်လာသည့်အဒေါ်ကိုဖမ်းမိ

တူမကို လိင်ကျွန်လုပ်ခိုင်းရန် အမေရိကန်သို့ ခေါ်လာသည့်အဒေါ်ကိုဖမ်းမိ
Sunday, May 19, 2013

တူမဖြစ်သူကို အမေရိကန်ပြည်ထောင်စုသို့ခေါ်လာပြီး ယောက်ျားဖြစ်သူ၏ လိင်ကျွန်အဖြစ် အတင်း အဓမ္မ နေခိုင်း ခဲ့သည့်ဖြစ်ရပ် တစ်ခု အမေရိ ကန် .ပြည်ထောင်စု နယူးယော့ခ်မြို့တွင် ဖြစ်ပွားခဲ့သည်။

နယူးယော့ခ်မြို့၊ ကွင်းတရားရုံးတွင် မေလ ၁၇ ရက်နေ့က ရုံးတော်ဖွင့်လှစ် သည်နှင့် ယင်းအ မှုကိုကြား နာခဲ့ ကြောင်း၊ တရာရုံး သို့ စိတ်မကောင်းသဖြင့် ငိုကြွေးနေသည့်မိခင်နှင့် သူမ၏ ညီမဖြစ်သူ တို့ရောက် လာကြပြီး အမှု ရင်ဆိုင်ကြကြောင်း ဒေသတွင်းထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

မိခင်ဖြစ်သူ အန်နာ လိုပက်ဇ်က တရားရုံးသို့ ဦးတိုက်လျှောက်ထားရာတွင် သူမသည် အသက် ၁၅ နှစ်အ ရွယ် သမီးဖြစ်သူကို နယူးယော့ခ်မြို့သို့ ညီမဖြစ်သူနှင့် တရားမဝင်ထည့်ပေးလိုက်ကြောင်း၊ သမီးကို သူမ အနေဖြင့် အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် မွေးမြူထိန်းကျောင်းနိုင်ခြင်း မရှိတော့သဖြင့် ထိုသို့ ထည့်ပေး လိုက်ခြင်းဖြစ်ကြောင်း ထွက်ဆိုသွားသည်။

သမီးကို နယူးယော့ခ်တွင်နေထိုင်သည့် ညီမဖြစ်သူ အိန်ဂျလီကာ မင်စီရာ့က မိမိတို့နှင့် အတူ ထားပြီး ကောင်း မွန် သော ဘဝတစ်ခုရောက်အောင် ထူထောင်ပေး မည်ဟု ဆိုကာ ခေါ်ဆောင် သွားခဲ့ခြင်းဖြစ် သည်။ သို့သော် မင်စီရာ့စ်သည် တူမကို အမေရိကန်သို့ခေါ်လာသော်လည်း မတော်မတရား ခိုင်းစေ ခဲ့ခြင်းကြောင့် တရားရုံးမှ ဥပဒေအတိုင်း စီစဉ်ဆောင်ရွက်ပေးပါရန် အန်နာကလျှောက်ထားခဲ့သည်။

ရှေ့နေများ လျှောက်လဲချက်အရ ၂၀၁၀ သြဂုတ်လတွင် လိုပက်ဇ်သည် အယ်လ် ဆာဗေးဒိုးနိုင်ငံမှ သမီးဖြစ် သူကို ညီမနှင့် အတူထည့် လိုက်သောကြောင့် အမေရိကန်သို့ရောက်လာကြောင်း၊ တရား မဝင် နိုင်ငံ ဝင်ခွင့် ရရန် ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ တူမဖြစ်သူကို သူတို့နေထိုင်သည့် ရစ်ခ်ျမွန်ဟေးလ်သို့ခေါ်လာကြောင်း၊ အိမ်တွင် သူမ၏ ခင်ပွန်း အသက် ၃၈ နှစ်အရွယ်ရှိ ဂျာဗီးယားက တူမကို မုဒိမ်းကျင့်ခြင်းအား အသက် ၅၈ နှစ်အ ရွယ် အိန်ဂျလီကာက ထိုင်ကြည့်နေကြောင်း၊ ထို့ပြင် တူမကိုလည်း ဘီယာနှင့် အရက်များ အတင်း တိုက်ကြောင်း ထွက်ဆိုသွားခဲ့သည်။

ယခုလအစော ပိုင်းတွင်လည်း အဒေါ်ဖြစ်သူက တူမကို သူမကိုယ်စား ခင်ပွန်းဖြစ်သူနှင့် အတူ အိပ်ပေးရန် တောင်း ဆိုခဲ့သည်။ သူမကိုခေါ်လာစဉ်ကတည်းက ပညာသင်ပေးရန် ကတိပေးခဲ့သဖြင့် ပညာ သင်ကြားပေး ရန် တောင်း ဆိုသော်လည်း အဒေါ်ဖြစ်သူက ငြင်းဆန်ပြီး အတင်းအဓမ္မခင်ပွန်းနှင့် အိပ်ခိုင်း သဖြင့် ထွက်ပြေးကာ ရဲများကို အကူအညီတောင်းခဲ့ရာမှ အဖြစ်မှန်ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိန်ဂျလီနှင့် ခင်ပွန်းဖြစ်သူတို့သည် မုဒိမ်းမှု၊ အဓမ္မလိင်ကျွန်အဖြစ်စေခိုင်းမှု၊ ကလေးသူငယ်ဆိုင်ရာ မတော်မ တရားပြုကျင့် မှုများဖြင့် တရားရုံးတွင် အမှုဆက်လက်ရင်ဆိုင်ရန်ရှိပြီး ထောင်ဒဏ် ၂၅ နှစ်ခန့် ကျခံရဖွယ်ရှိသည်ဟု ရှေ့နေများက ပြောကြားခဲ့သည်။

မောက္ခ
တူမဖြစ်သူကို အမေရိကန်ပြည်ထောင်စုသို့ခေါ်လာပြီး ယောက်ျားဖြစ်သူ၏ လိင်ကျွန်အဖြစ်အတင်း အဓမ္မ နေခိုင်းခဲ့သည့်ဖြစ်ရပ် တစ်ခု အမေရိ ကန် .ပြည်ထောင်စု နယူးယော့ခ်မြို့တွင် ဖြစ်ပွားခဲ့သည်။

ဝ တပ် ဖွဲ့  မြန်မာ ပြည်ထဲ မှ ခွဲ ထွက် ဖို့  ကြံစည် နေ ပြီ လော

Photo: ၀ တပ် ဖွဲ့  မြန်မာ ပြည်ထဲ မှ ခွဲ ထွက် ဖို့  ကြံစည် နေ ပြီ လော
Sunday, May 19, 2013

တရုတ်အစိုးရ၏ ကျောထောက် နောက်ခံ ဖြင့် စစ်လက်နက်မျိုးစုံ နှင့်
သံချပ်ကာ ကား ၊ အမြောက် လက်နက်မျိုးစုံတို့ ကို တရုတ် ပြည်မှ
မှာယူတင်သွင်း နေသည့် UWSA ခေါ် ၀တပ်ဖွဲ့ သည် မြန်မာ နိုင်ငံတွင်း
မှ ခွဲထွက် ပြီး ကိုယ်ပိုင် နိုင်ငံထူ ထောင်ရန် စီစဉ် နေသည်ဟု ရန်ကုန်
နှင့် ထိုင်းအခြေစိုက် အနောက်တိုင်း သံတမန်များက ခန့် မှန်းကြသည်။

ပေါက်ယူချမ်း ၏ သား ဖြစ်သူ ပေါက် အိုက်ပန်း က အရေးပါသည့် အမှတ်
၄၈၁ တပ်၏ တပ်မှုး ဖြစ်လာ ပြီး နောက် ၎င်း၏ စစ်ရေးနယ် မြေအတွင်း
မြန်မာတပ်ဖွဲ့ များ လာရောက်ခွင့်မပြု တော့ဘဲ စစ်အင်အားကိုလည်း တိုးချဲ့ 
တည်ဆောက် လာခဲ့သည်။

UWSA ဌာနချုပ် ပန်ဆိုင်း ကိုယ်တိုင်းလည်း ၂၀၁၁ ခုနှစ်အတွင်း စစ်ရေး
အသုံးစရိတ် များ ကို ဒေါ်လာ ခြောက် သန်း ကျော် တိုး မြှင့် သုံး စွဲ ခဲ့ ပြီး
လက် နက်များကို တရုတ် နှင့် လာအို ၊ ထိုင်းလက်နက်ပွဲစား တို့ ထံမှ
ဝယ်ယူမှု ပြုခဲ့သည်။

လက်ရှိ မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် သည် ရှမ်း ပြည်နယ် တြိဂံ ဒေသ
တိုင်း စစ်ဌာနချုပ်၏ တိုင်းမှုးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့စဉ်က ၀ တပ်ဖွဲ့ ၏
ခေါင်း ဆောင်ပိုင်း နှင့် ရင်း နှီးခဲ့ ပြီး ၀ တပ်ဖွဲ့ ကိုအထူးအခွင့်အရေးများ ပေး
ခဲ့သည်ဟု ကြိဂံ ဒေသတိုင်းအရာရှိများက ပြောသည်။

မေလ ပထမပတ်ထုတ် ဂျိန်း အပတ်စဉ်ကာကွယ် ရေးစာစောင်ဉ်လည်း
ဝ တပ်ဖွဲ့ သည် တရုတ် နိုင်ငံမှ ဒုံးလက်နက်များပါသည့် ရဟတ်ယာဉ်များ
ကို ၀ယ်ယူခဲ့သည်ဟု ဖော်ပြထာသည်။ ၀ တပ်ဖွဲ့ က တော့ ထိုသတင်းကို
ငြင်းဆိုခဲ့သည်။

မည်သို့ ပင် ဖြစ် စေ ၀ နယ် မြေ နှင့် ပန်းဆန်းကို ဆက်သွယ် ဖောက်လုပ်
ထားသည့် လမ်းများမှာမူ စစ်ရေး ထောက်ပံ့ ပို့  ဆောင်မှုအတွက်ရည်ရွယ်
ချက်ရှိရှိ ဖောက်လုပ်ထားခြင်းဖြစ်ပြီး အဆိုပါ လမ်းများတွင် တင့် ကား
စသည့် ယာဉ်များပါ အနည်းဆုံးတော့ နှစ်စီး ယှဉ်ပြီး မောင်းနှင်နိုင်သည်ဟု
ပန်ဆန်းသို့  ရောက်ခဲ့သည် နိုင်ငံခြားသား သတင်းထောက်တစ်ဦးက
ပြောသည်။

စစ်ရေးအရ မဟာဗျူဟာ ကျသည့် ထိုလမ်းများ ဖောက်လုပ်ရာတွင်
ဝတပ်ဖွဲ့ က ယွမ် ငွေ သန်း ထောင်ချီသုံးခဲ့ ပြီး တရုတ်အင်ဂျင်နီယာများ
အသုံးပြုခဲ့သည်။

ဒီလမ်း ဖောက် ပြီး တော့ မှ တရုတ်က နေ စစ်လက် နက် တွေ ကွန် တိန်နာ
တွေ နဲ့  ပို့ ခဲ့ တာ လေ ဟု ပန်ဆန်း ရောက် သတင်း ထောက် က ပြောသည်။

မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ၀ ဆိုသည့် နာမည်ကို ကြားဖူးသည်မှာ ဆယ်
စုနှစ်ပင် လက်ငါး ချောင်းမပြည့် တတ် သေး သော်လည်း ဘိန်းစိုက်ပျိုးမှု
နှင့် တရုတ်၏ ဖေးမမှု ကြောင့် အင်အား တောင့်တင်းလာခဲ့သည်။

ဝ ပြည်သည် မြန်မာ နိုင်ငံတွင်းဉ် ရှိသည်ဟု ပြောလျှင်ပင် ဘုရားစူး မိုး
ကြိုးပစ် မယုံချင် လောက် အောင် တရုတ်ပြည်နှင့်တူ နေသည်။တရုတ်၏
ပြည်နယ်တစ်ခုပမာပင် တရုတ်ဘုံကျောင်းများ ၊ ယွမ်ငွေသုံးစွဲ နိုင်မှု ၊ တရုတ်
လုပ်ပစ္စည်းများ နှင့် တရုတ်ယဉ်ကျေးမှု အငွေ့ အသက်များက လွှမ်းမိုးထား
သည်။

တရုတ်က ၀ ပြည်ကို အကာအကွယ်ပေးရင် မြန်မာကိုစစ်ရေး နိုင်ငံရေး
လွှမ်းမိုးထား နိုင်ရန် ကြားခံဇုန်အဖြစ် ပြုလုပ်ထားလိုပုံမှာ ပေါ်လွင်သည်ဟု
နိုင်ငံတကာသတင်းစာများက ရေးသားသည်။

ဝ တပ်ဖွဲတွင် အရေးပါ အရာ ရောက်ဆုံး ဖြစ်သည့် ဝေရှောက်ခန် သည် တရုတ်ပြည် ယူနန် ပြည်နယ်သား ဖြစ် ပြီး ဘိန်းဘုရင် ခွန်ဆာ ၏ ဘဏ္ဍာစိုး လက်ရင်းတပည့်အဖြစ် တာဝန်ထမ်းဆောင်ကာ ၁၉၈၀ ပြည့်လွန် နှစ်များ တွင် ကိုယ်ပိုင်း ဘိန်း အင်ပါယာကို ထူ ထောင်ခဲ့သည်။ နောက်ပိုင်းတွင် ဗမာပြည် ကွန်မြူနစ်ပါတီ လက် အောက်မှ ခွဲထွက်လာသည့် UWSA
ပေါက်ယူချန်း တို့ နှင့်ပေါင်းမိကာ ၀ လက်နက်ကိုင်တပ် နှင့် ၀ နယ် မြေများ ကို ထူ ထောင်ခဲ့ ပြီးဘိန်း အင်ပါယာကို ချဲ့ ထွင်ခဲ့သည်။

အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA မှ ၀ တပ်ဖွဲ့  ခေါင်း
ဆောင်ဝေရှောက်ခန်ဆု ငွေ ဒေါ်လာ ၂ သန်း ထုတ်ထားသည့်အပြင်
ပေါက်ယူချန်း တို့  ညီအကို ၅ ဦး ပေါင်ယု ဆိုင် တို့  ညီ အကို ၃ ဦး အား လည်း ဘိန်းရာဇာများ အဖြစ်ထည့်သွင်း ကြေငြာထားသည်။

၂၀၀၈ ခုနှစ်က ဥပေဒေအဖြစ် အတည် ပြုထားသည့် အမေရိကန်အစိုးရ၏ ကင်းပင် အက်ဥပဒေအရ ဝေရှောက်ခန်ကို ဖမ်းမိရေးအတွက်အမေရိကန်
နှင့် ထိုင်းအစိုးရက အရှိန် မြှင့်လုပ် ဆောင်ခဲ့သည်။

ဝ တပ်ဖွဲ့  စစ်သေနာပတိချုပ် ပေါက်ယူချန် ၊ ဝေ ရှောက်ကန် ၏ ညီအကို များ ပိုင်ဆိုင် သို့ မဟုတ် အကျိုးတူ လုပ် ဆောင်သည့် ထိုင်း ၊ မြန်မာ ၊ စင်္ကာပူ၊ တရုတ် မှ ကုမ္ပဏီများကို အမေရိကန်အစိုးရက ထိမ်းချုပ်တားမြစ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန် မြို့ တွင် အခြေ စိုက်သည့် ဟုန်ပန်းကုမ္ပဏီလုပ်ငန်းစု လက်အောက်
မှ ဟုန်ပန်းအမည်နှင့်လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်တူးဖော်ရေး၊ အထည်
အလိပ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ၊
စင်ကာပူနှင့် မြန်မာရှိ တက်ခမ်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်ခမ်း
ကျောက်မျက်ကုမ္ပဏီ၊ ရန်ကုန်အဲဝေး လေကြောင်းလိုင်း၊ Vest Spectrum (S) pte., Ltd.တရုတ်နိုင်ငံမှ Dehong Thailong Hotel Co., Ltd၊ ထိုင်းနိုင်ငံ
မှ Sangsiri Kankaset Company Limited နှင့် Khum Thaw Company
Limited တို့သည်လည်း အမေရိကန်အစိုးရကတား မြစ် သော စာရင်းတွင်
ပါဝင်သည်။

တရုတ် ပြည်မှ ရဟတ်ယာဉ် ၀ယ်ယူသည့် သတင်း နှင့်ပတ်သက် ပြီး ၀တပ် ဖွဲ့ က ပြတိုက်မှ ထားဖို့ အခွံသာ ၀ယ်ယူသည်ဟုဆို သော်လည်း ၀ ပြည်
ရောက် နိုင်ငံခြားသတင်းထောက်က ၀ တပ်ဖွဲ့ က တရုတ်က ၀ယ်ထားတဲ့ အမြောက် တွေ သံ ချပ်ကား ကားတွေဆိုရင် ထားဖို့  နေရာမရှိတာတော့
တာလား မသိပါဘူး။ ပန်ဆန်းမှာဆို ဒီအတိုင်းတွေ့ ရတယ် ။ ဒီ လောက်များ
တဲ့ လက်နက် တွေဟာ ကာကွယ်ဖို့ ထက် ပိုနေပြီဟု ပြောသည်။

FNG
တရုတ်အစိုးရ၏ ကျောထောက် နောက်ခံဖြင့် စစ်လက်နက်မျိုးစုံ နှင့် သံချပ်ကာ ကား ၊ အမြောက် လက်နက်မျိုးစုံတို့ကို တရုတ် ပြည်မှ မှာယူတင်သွင်းနေသည့် UWSA ခေါ် ၀တပ်ဖွဲ့ သည် မြန်မာနိုင်ငံ တွင်းမှ ခွဲထွက် ပြီး ကိုယ်ပိုင် နိုင်ငံထူ ထောင်ရန် စီစဉ် နေသည်ဟု ရန်ကုန်နှင့် ထိုင်းအခြေစိုက် အနောက်တိုင်း သံတမန်များက ခန့် မှန်းကြသည်။

ကင်းထောက် အမျိုးသား ကောင်စီ အဖွဲ့ ဖွဲ့စည်းသွားရန်ရှိ

Photo: ကင်းထောက် အမျိုးသား ကောင်စီ အဖွဲ့ ဖွဲ့စည်းသွားရန်ရှိ
Sunday, May 19, 2013

ပြည်တွင်းမှာ ကင်းထောက် အမျိုးသား ကောင်စီအဖွဲ့ ဖွဲ့စည်းသွားဖို့ အတွက်ကို ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာရှ ပစိဖိတ်
ဒေသဆိုင်ရာကင်းထောက်အဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်တွင်းမှ စီနီယာ ကင်းထောက်ကြီးများမှ ဆွေးနွေးမှုများ ပြုလုပ်ပြီး ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

အဲ့ဒီလို ဆွေးနွေးရာမှာ ကင်းထောက် အမျိုးသား ကောင်စီ ဖွဲ့စည်းဖို့ အတွက် မူဘောင် ထားရှိမှုများ၊ အဖွဲ့ဝင် ပုဂ်္ဂိုလ်တွေနဲ့ ပတ်သက်တာတွေ
အပြင် ကောင်စီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အဓိကထား
ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ယခုလက်ရှိမှာ အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက်အဖွဲ့မှ တာဝန်ရှိသူ ၉ ဦးဟာ မေလ ၁၅ ရက်နေ့က ပြည်တွင်းသို့ ရောက်ရှိခဲ့ပြီး ၎င်းတို့ရောက်ရှိစဉ် ကာလအတွင်းမှာ ပြည်တွင်းမှ ကင်းထောက်ဟောင်း
ကြီးများနဲ့ တွေ့ဆုံခြင်း စတာတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ 

ဒါ့အပြင် မြန်မာကင်းထောက်အဖွဲ့ကို ကမ္ဘာ့ကင်းထောက်အဖွဲ့နဲ့ ဆက်သွယ်နိုင်ဖို့ကိုပါ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြန်လည်ဖွဲ့စည်းမယ့် ကင်းထောက် အမျိုးသားကောင်စီဟာ ဆိုရင်လည်း ပြည်တွင်းမှာ ၁၉၆၄ မတိုင်ခင်က ဖွဲ့စည်းမှုရှိခဲ့ပြီး နောက်ပိုင်း
မှာတော့ အကြောင်းကြောင့် ဖျက်သိမ်းခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Mrtv-4
ပြည်တွင်းမှာ ကင်းထောက် အမျိုးသား ကောင်စီအဖွဲ့ ဖွဲ့စည်းသွားဖို့ အတွက်ကို ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာရှ ပစိဖိတ်ဒေသဆိုင်ရာကင်းထောက်အဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်တွင်းမှ စီနီယာ ကင်းထောက်ကြီးများမှ ဆွေးနွေးမှုများ ပြုလုပ်ပြီး ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

KIO လ၀က ကျောင်း လိုင်ဇာမြို့ တွင် ပြန်ဖွင့်



ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လိုအပ်သော လုပ်ငန်းဌာနများ အတွင်း ခန့်အပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်လကျော် လူဝင်မှုကြီး ကြပ်ရေးေ ကျာင်း (Masha Pru-Shang Gawn Hkang Jawng) ကို လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum) တွင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရ သည်။ “သူတို့ထဲက စာမေးပွဲအောင်တဲ့ ကျောင်း သားတွေကိုဌာနတွေမှာအလုပ်ခန့်သွားမှာဖြစ်တယ်။ အားလုံး အောင်ရင် အားလုံးကိုအလုပ်ခန့်သွားမယ်။ မအောင်တဲ့ ကျောင်းသားတွေအတွက် အခွင့် အရေးပေးထားတယ်။ နောက်ထပ်ခြောက်လ ကျောင်းပြန်တက်ပြီး စာမေးပွဲကိုတစ်ကျော့ပြန် ဖြေဆို ရမယ်” ဟု သင်ကြားပေးနေသော ဆရာ၊ KIA အရာရှိတစ်ဦးကပြောသည်။

တရုတ် လေကြောင်းလိုင်း များတွင် ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့

Photo: တရုတ် လေကြောင်းလိုင်းများတွင် ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့
Sunday, May 19, 2013

တရုတ်နိုင်ငံတွင်းရှိ လေကြောင်းလိုင်း ၃လိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗုံးလန့်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့
လေကြောင်းလိုင်းတွေကတော့ China Eastern လေကြောင်းလိုင်း၊ Juneyao လေကြောင်းလိုင်းနဲ့ Shenzhen လေကြောင်းလိုင်း တို့ဖြစ်ပါ
တယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့ Juneyao လေကြောင်းလိုင်းမှ လေယာဉ်
တစ်စင်းဟာ ရှန်ဟိုင်းမြို့မှ ထွက်ခွာပျံသန်းလာစဉ် ဗုံးလှန့်ခြိမ်းခြောက်တဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုကိုလက်ခံခဲ့ရတဲ့အတွက် လေယာဉ်ကို လေဆိပ်သို့
ပြန်လည် ဆင်းသက်စေကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

သက်ဆိုင်ရာက လေယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ပေမယ့်လည်း အသက်
အန္တရာယ် ဖြစ်စေနိုင်တဲ့ အရာကို ရှာဖွေမတွေ့ရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ အဲဒီနောက် လေဆိပ် အာဏာပိုင်တွေက ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေကို ရှာဖွေစစ်ဆေးခဲ့ပြီးနောက် ခရီးသည်တွေကို အခြားလေယာဉ်တစ်စင်းနဲ့ အစားထိုးပျံသန်း ပြေးဆွဲပေးခဲ့ပါတယ်။ အလားတူပဲ China Eastern လေကြောင်းလိုင်းမှ လေယာဉ်တွေနဲ့ Shenzhen လေကြောင်းလိုင်းမှ လေယာဉ်တွေလည်း ဗုံးလှန့်ခြိမ်းခြောက်
မှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်တွေကို စစ်ဆေးရာမှာ ပုံမှန်မဟုတ်တဲ့ အနေအထားမျိုးကို မတွေ့ရှိရတဲ့အတွက် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ တရုတ်လေကြောင်းဆိုင်ရာ ဥပဒေအရ လေယာဉ်ပျံသန်းမှုကို ထိခိုက်စေတဲ့ အခုလို လုပ်ကြံသတင်းဖြန်
့မှုအတွက် အနည်းဆုံး ထောင်ဒဏ် ၅နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅နှစ်အထိ ပြစ်မှုအနည်းအများပေါ် မူတည်ပြီး အပြစ်ပေး နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကလည်း လေယာဉ်ပျံသန်းစဉ် ဗုံးလှန့်မှု ၁၀ကြိမ်ထက် မနည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် လေကြောင်းလိုင်းနဲ့ လေဆိပ်တွေ
အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Mrtv-4
တရုတ်နိုင်ငံတွင်းရှိ လေကြောင်းလိုင်း ၃လိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗုံးလန့်မှုတွေ ဆက်တိုက်ဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့ လေကြောင်းလိုင်းတွေကတော့ China

အမြန်လမ်း ကားတိမ်းမှောက်

 Photo: အမြန်လမ်းကားတိမ်းမှောက်မှု 
Sunday, May 19, 2013
ယနေ့(မေလ ၁၉ ရက်နေ)့ မွန်းလွဲ ပိုင်း တွင် ရန်ကုန်မှ နေပြည်တော် သို့ မောင်းနှင်လာသော ကားတစ်စီးသည် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့ အ၀င် အမြန်လမ်း တွင် အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လိုက်ပါလာသူ ၆ ဦးမှ အချို့ကို အရေးပေါ်ဆေးကုသ မှု ပြုလုပ်နေရကြောင်းသိရသည်။ 

ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
ယနေ့(မေလ ၁၉ ရက်နေ့) မွန်းလွဲပိုင်းတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော ကားတစ်စီး သည် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့အ၀င် အမြန်လမ်းတွင် အရှိန်လွန်

ကန်-မြန်မာ နှစ်နိုင်ငံ အရေး ဘာတွေ အလေးပေးမလဲ

Photo: ကန်-မြန်မာ နှစ်နိုင်ငံအရေး ဘာတွေ အလေးပေးမလဲ
Sunday, May 19, 2013

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံး မြန်မာ သမ္မတ တဦးအနေနဲ့ တရားဝင် ခရီးစဉ်ကို စတင် ထွက်ခွာသွားခဲ့ပါပြီ။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်ကို မေလ ၂၀ ရက်နေ့မှာ လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ဘက်ကတော့ မြန်မာနိုင်ငံရဲ့
 ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြု လက်ခံပေမယ့် လိုအပ်ချက်တွေဖြစ်တဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ ဆက်လက် မဖြစ်ပေါ်စေရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေရေး၊ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့ကိစ္စ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေ ဆွေးနွေးသွားဖွယ် ရှိပါတယ်။

ဒါကြောင့်မို့ ထင်ပါတယ်၊ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် မတိုင်ခင် နိုင်ငံရေး အကျဉ်းသား ၂၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်
 ပေးလိုက်ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်အပေါ် မြန်မာအစိုးရဟာ အခုအထိ နိုင်ငံရေး အကျဉ်းသားတွေကို အသုံးချနေသေးတယ်
ဆိုတဲ့ ဝေဖန်မှုတွေ ကျယ်လောင်လာခဲ့ပေမယ့် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကတော့ ဒါဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံး ပူးပေါင်းပါဝင်ခွင့် ရှိစေရေးအတွက်သာပဲလို့ သူ့ရဲ့ လူမှုကွန်ရက် တွစ်တာကနေ ရေးသား တုံ့ပြန်ထားပါတယ်။

ခရီးစဉ်အတွင်းမှာ ကန်-မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေကိုလည်း သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးမယ့် အစီအစဉ်ရှိပါတယ်။ အမေရိကန်က မြန်မာကိုတော့ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အထူးအခွင့်အရေးတွေ ပေးဖို့လည်း ရှိမှာပါ။

ဒါပေမယ့် အခု ချုပ်ဆိုမယ့် စာချုပ်တွေမှာတော့ မြန်မာနိုင်ငံအမည်ကို အင်္ဂလိပ်လို Burma အစား Myanmar လို့ သုံးစွဲ ထားတယ်လို့ သံတမန်လောကနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်ကြေညာချက်မှာတော့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Caitlin Hayden က အမေရိကန် အနေနဲ့ Burma ကို တိုင်းပြည်အမည်အဖြစ် ဆက်လက် သုံးစွဲနေမှာဖြစ်ပေမယ့် Myanmar ဆိုတာကိုတော့ အခြေ အနေ အပေါ်မူတည်ပြီး အကန့်အသတ်နဲ့ စတင် သုံးစွဲနေပြီလို့ ဆိုပါတယ်။

“ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရ တရပ် အပေါ် လေးစားသမှု ပြသတာဖြစ်ပြီး မိမိတို့က အားပေး ထောက်ခံနေတယ်၊ ကူညီဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတ လက္ခဏာပါ” လို့ သူက ဆိုပါတယ်။

အိမ်ဖြူတော် ကြေညာချက်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့အရေး ဦးဆောင်နေသူတွေ၊ တိုင်းရင်းသား
 ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း စတဲ့ အားလုံး ပူးပေါင်း ဆောင်ရွက်တွေကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

အမေရိကန်ဘက်က မြန်မာနိုင်ငံကို ဘယ်လို အကူအညီမျိုးတွေ
 ပေးသွားရမလဲ ဆိုတာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ ဆွေးနွေးသွားဖို့လည်း ရှိတယ်လို့ ဆိုတယ်။

နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းမှုတွေကို ပိုအားကောင်းစေဖို့ အမေရိကန်က အားပေးကူညီမှာ ဖြစ်သလို တရား ဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ မြန်မာ့လူ့အဖွဲ့အစည်း အားကောင်းစေရေးနဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေး အပါအ၀င် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကိစ္စတွေလည်း အကူအညီတွေ ပေးသွားဖို့ ရှိပါတယ်။

မကြာသေးခင် ကာလကစတင်ပြီး အမေရိကန် ပြည်ထောင်စုက
 မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေကို အရင်က ပိတ်ပင် ကန့်သတ်ထားတာတွေ ပလပ် ဖြေလျှော့ပေးလိုက်ပြီး လုပ်ငန်းတွေ စတင်ဖို့ ပြင်ဆင်မှုတွေလည်း လုပ်နေချိန်ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် ၀ါရှင်တန်ဒီစီကို မရောက်လာခင်မှာပဲ
 ပြုပြင်ပြောင်းလဲရေးတွေကို အားပေးတဲ့အနေနဲ့ အမေရိကန်က မြန်မာကို အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ပေးဖို့ ကွန်ဂရက်လွှတ်တော်ကို တင်လိုက်ပါတယ်။ USAID လို့ ခေါ်တဲ့ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးရေးအဖွဲ့က အဲဒီအကူအညီတွေကို ပေးသွားမှာ
 ဖြစ်တယ်လို့လည်း ယာယီ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းက ဆိုထားပါတယ်။

တဖက်မှာလည်း လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်နေလင့်ကစား
 စောင့်ကြည့်ချင်သေးတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု ဆက်ရှိနေစေဖို့ Burma Freedom and Democracy Act မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက် ဥပဒေကို သက်တမ်းတိုးဖို့ အထက်လွှတ်တော် အမတ်တွေဖြစ်တဲ့ ဂျိုးဇက် ခရိုလီနဲ့ ပီတာကင်း တို့ကလည်း ကွန်ဂရက် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာဟာ သမ္မတ ဦးသိန်းစိန် ခရီးစဉ်အကြိုနဲ့ တိုက်ဆိုင်နေပါတယ်။

ဒီ့အပြင် ဒီခရီးစဉ်အတွင်းမှာ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ ကန့်ကွက်မှုတွေ လုပ်ဖို့ ရှိနေပြီး သမ္မတ ဦးသိန်းစိန် အနေနဲ့ကတော့ VOA သတင်းဌာနမှာ နယ်ပယ်စုံက ပုဂ္ဂိုလ်တွေနဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေးဆိုင်ရာ
 မေးမြန်းခန်းကို ဖြေကြားဖို့ ရှိတယ်လို့ VOA သတင်းတပုဒ်က ဆိုပါတယ်။

တကယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စပြီးအရပ်သား အစိုးရအသွင်နဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အေးစက်ခဲ့တဲ့ ကန်-မြန်မာဆက်ဆံရေး ပုံမှန်အခြေအနေကို ပြန်ရောက် လာခဲ့တာပါ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှု စတာတွေနဲ့ ပတ်သက်ပြီး အပြစ်တင် ဖိအားပေး အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန် ပြည်ထောင်စုဘက်က လုပ်ဆောင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အမေရိကန်က သံတမန်ဆက်ဆံရေးမှာ သံအမတ်ကြီး အဆင့်မထားရှိပဲ သံတမန်နှိမ့်ချ ဆက်ဆံခဲ့ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ အတိုက်အခံတွေကို အမေရိကန်က ကူညီထောက်ခံခဲ့ပါတယ်။

ဒါပေမယ့် မကြာသေးမီ ကာလတခုက စပြီး မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူထားမှုတွေကို ဖြေလျှော့၊ ဖယ်ရှားလာခဲ့ပြီး ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကတော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ၁ ရက်တာမြန်မာနိုင်ငံ ခရီးစဉ်နဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပုံမှန်ရောက်ကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာ ခရီးစဉ်မတိုင်ခင်မှာပဲ မြန်မာနို်င်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဆင့် ပြန်လည် ထားရှိခဲ့ပြီး အခု နောက်ဆုံးမှာတော့ သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ ခေါင်းဆောင်ပိုင်းတွေကို ယခင်က ပိတ်ဆို့ကန့်သတ် ထားတဲ့ ဗီဇာပိတ်မှုတွေကို ဖယ်ရှားပေးလိုက်ပါတယ်။

အခု သမ္မတ ဦးသိန်းစိန်ဟာ တရားဝင် မြန်မာခေါင်းဆောင်အဖြစ်နဲ့
 ရောက်မယ့် အမေရိကန် သမ္မတအဆက်ဆက်ရဲ့ အိမ်ဖြူတော်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၆၆ ခုနှစ်က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနဲ့ အမေရိကန်သမ္မတ လင်ဒန် ဂျွန်ဆင်တို့ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီတုန်းကတော့ အမေရိကန်အစိုးရအနေနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးတွေ လုပ်ခဲ့တဲ့ မြန်မာခေါင်းဆောင် ဦးနေ၀င်းနဲ့ ဆက်ဆံရေးက ဟန်ချက်ညီ ထိန်းညှိဆက်ဆံရေး ရှိခဲ့တာလည်းဖြစ်ပါတယ်။

တဖက်ကလည်း ဘက်မလိုက် မြန်မာခေါင်းဆောင် ဦးနေ၀င်းဟာ ရုရှား- အမေရိကန်စတဲ့ နိုင်ငံတွေလို စစ်အေးခေတ် အင်အားကြီး
 နိုင်ငံတွေကြားမှာပဲဖြစ်ဖြစ် တရုတ်- အိန္ဒိယလို အိမ်နီးချင်းနိုင်ငံတွေ ကြားထဲမှာဖြစ်ဖြစ် ထိန်းညှိဆက်ဆံရေးမှာ အားကောင်းခဲ့တယ်လို့ ဆိုရမလားပါပဲ။

အခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အေးစက်ချိန်နဲ့ အမေရိကန်နဲ့ ဆက်ဆံရေး
 နွေးထွေးချိန်တွေဟာ တဆက်တည်း ဖြစ်နေတာကြောင့် သုံးသပ်သူတွေ အဆိုအရ အမေရိကန်ဟာ တရုတ်နိုင်ငံကို ရည်မျှော်ပြီး မြန်မာကို အခုလို ဆက်ဆံရေး တည်ဆောက်လာတာ ဖြစ်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး
 ခန့်တာတောင်မှ တရုတ်အရေး ကျွမ်းကျင်တဲ့ မစ္စတာ ဒဲရက် မစ်ချယ်လို့ ပုဂ္ဂိုလ်ကို ရွေးချယ်ခန့်အပ်တာက သိသာတယ်လို့ ဆိုကြတာပါ။

၁၉၄၈ ခုနှစ်ကတည်းက ကန်-မြန်မာ သံတမန် ဆက်ဆံရေးရှိခဲ့ပြီး ပါလီမန် အစိုးရကာလတွေမှာ အမေရိကန် ပြည်ထောင်စုက မြန်မာကို စစ်ရေး၊ စီးပွားရေးစတဲ့ အကူအညီတွေပေးခဲ့ပြီး ၂ နိုင်ငံ သံတမန် ဆက်ဆံရေး အားကောင်းခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ အမေရိကန်က မြန်မာကို စစ်ရေးပစ္စည်း အမေရိကန် ဒေါ်လာ ၂၁ သန်းဖိုးလောက် ကူညီပေးခဲ့ပါတယ်။ ဒီလို နှစ်နိုင်ငံ ဆက်ဆံရေးက အားကောင်းခဲ့တာပါ။

၁၉၅၃ ခုနှစ်တုန်းကတော့ အမေရိကန် ဒုသမ္မတ ရစ်ချတ် နစ်ဆင်က
 မြန်မာပြည်ကို လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။၁၉၆၄ ခုနှစ်
 နောက်ပိုင်း ဦးနေ၀င်း အစိုးရလက်ထက်မှာ အမေရိကန်ဆီက အကူအညီတွေ မယူဘဲနေရာက တိုင်းပြည်ရဲ့ လိုအပ်ချက်တွေနဲ့ ဦးနေ၀င်းဟာ ၁၉၇၅ ခုနှစ်လောက်က အကူအညီတွေပြန်ရဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။

တကယ်ဆိုရင် ကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ မြန်မာရှင်ဘုရင် တပါးဖြစ်တဲ့ မင်းတုန်းမင်းလက်ထက်က စတင်ခဲ့တာ ပါ။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်ဖို့ အမြော်အမြင်ရှိတဲ့ မင်းတုန်းမင်းက စတင်ကာ ၁၈၅၆ ခုနှစ်က သံတမန် ဆက်ဆံရေး တံခါးကိုဖွင့်ခဲ့ပြီး သ၀ဏ်လွှာ ပို့ခဲ့ပါတယ်။

ထိုစဉ်က အမေရိကန် ပြည်ထောင်စုမှာ ပြည်တွင်းစစ်နဲ့ ကျေးကျွန်စနစ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေခဲ့ရပေမယ့် အရှေ့တောင် အာရှက မြန်မာနိုင်ငံအပေါ် အတော်စိတ်ဝင်စားခဲ့လို့ အမေရိကန်သမ္မတ ဂျွန်ဗြူ ကန်နန်ဟာ ၁၈၅၇ ခုနှစ်က မင်းတုန်းမင်းဆီကို စာချွန်လွှာ ပြန်လည် ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း မြန်မာဟာ ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်ပြီး ကန်-မြန်မာ ဆက်ဆံရေးလည်း မရှိခဲ့ တော့ပါဘူး။

ဒါပေမယ့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာတော့ အမေရိကန် သမ္မတ ထရူးမင်းကိုယ်တိုင် သ၀ဏ်လွှာပေးပို့ အသိအမှတ်ပြုခဲ့ပြီး
 မြန်မာနိုင်ငံမှာလည်း အမေရိကန် သရုံးစိုက်ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတွေ ပြန်လည် တည်ဆောက်ခဲ့ကြတာပါ။

အခုလို နှစ်ပေါင်းများစွာ ကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွေ နိမ့်လိုက် မြင့်လိုက်ဖြစ်နေရာကနေ လက်ရှိ ပြုပြင်ပြောင်းလဲရေး
 ဖော်ဆောင်နေတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့ရဲ့ ဆွေးနွေးမှုတွေကနေ မြန်မာအနေနဲ့ ဘယ်လောက် ကောင်းကျိုးတွေ ဖြစ်ထွန်းလာမလဲ ဆိုတာကတော့
 စောင့်ကြည့်ရဦးမှာပါ။

Irrawaddy
သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံး မြန်မာသမ္မတ တဦးအနေနဲ့ တရားဝင်ခရီးစဉ်ကို စတင်ထွက်ခွာသွားခဲ့ပါပြီ။ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်ကို မေလ ၂၀ ရက်နေ့မှာ လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။

ကမ္ဘာအသက်အကြီးဆုံး ဂင်းနစ် မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင် တွေ့

Photo: ကမ္ဘာအသက်အကြီးဆုံး ဂင်းနစ် မှတ်တမ်းတင်ခံခဲ့ရသူထက် 
အသက်ကြီးသူ ကလေးမြို့တွင် တွေ့

ကလေး-မေ၁၈
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံတော်ချိန်တွင် မှတ်တမ်းတင်ခံခဲ့ရသော
ဂျပန်အမျိုးသား Jiroman Kimura ထက် အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး
မြန်မာနိုင်ငံကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်း
ထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃)တွင် ဖော်ပြချက်အရသိရသည်။
အဆိုပါ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်ဂင်းနစ်မှတ်တမ်းတင်ခံခဲ့ရသော
ဂျပန်အမျိုးသားကြီး သည် ၁၈၉၇ခုနှစ်တွင် မွေးဖွား ခဲ့ပြီး အသက်မှာ (၁၁၆)
နှစ်ရှိပြီးဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးခဲ့သော
ဂျပန်အမျိုးသားကြီးထက် ယခုအခါ အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး
မြန်မာနိုင်ငံတွင်  ပေါ်ထွက်လာခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့အသက်အကြီးဆုံးစံချိန်တင်ခဲ့သော ဂျပန်အမျိုးသားကြီးအထက်
အသက်ပိုကြီးသော သူမှာ အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ယခုလက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက်တွင်
နေထိုင်လျှက်ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီး
တိုင်းရင်းသူတစ်ဦးဖြစ်သည်။ သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့်
ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ   ကလေးမြို့
လ၀ကဌာနမှ အထောက်အထားခိုင်လုံစွာဖြင့် အတည်ပြုချက် ပေးထားပြီဖြစ်သည်။ချစ်သူမောင်
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံတော်ချိန်တွင် မှတ်တမ်းတင်ခံခဲ့ရသော ဂျပန်အမျိုးသား Jiroman Kimura ထက် အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး မြန်မာနိုင်ငံ ကလေးမြို့တွင် တွေ့ ရကြောင်း ချင်းဘာသာ စာပေဖြင့်ဒေသတွင်းထုတ်ဝေသော the chin times journal အတွဲ အမှတ်

လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ပြင်သစ်သမ္မတ လက်မှတ်ထိုး

Photo: လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ပြင်သစ်သမ္မတ လက်မှတ်ထိုး

မေ ၁၉ ရက် ၂၀၁၃

ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံ ခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ကို သမ္မတက လက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်။

အတိုက်အခံ လက်ယာ ဂိုဏ်းတွေရဲ့ ကန့်ကွက် စိန်ခေါ်မှုတွေ ကြားက ဒီဥပဒေကို လက်မှတ်ထိုး လိုက်တဲ့ သမ္မတ ဖရန်ဆွာ အော်လန်းက သမ္မတ နိုင်ငံတော်ရဲ့ ဥပဒေ ကို လေးလေး စားစား ရှိကြဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။

ဒီဥပဒေကို မကျေနပ် ကန့်ကွက်သူ တွေကတော့ သမ္မတ အော်လန်း တက်လာက ထဲက စီးပွားရေး ပြုပြင်ရေးလို လုပ်ဆောင်ရမယ့် အရေးတွေမှာ ဘာမှ မအောင်မြင်လို့ ဒီကိစ္စကို ဖြစ်အောင် လုပ်တာလို့ စွပ်စွဲကြပါတယ်။

ကန့်ကွက်သူများက မေလ ၂၆ ရက်နေ့မှာ ဆန္ဒပြပွဲလုပ်ဖို့ စီစဉ်နေ ကြပြီး အရင်တခါ ဆန္ဒပြပွဲ ကြီးတွေလိုပဲ ဆိုရှယ်လစ် အစိုးရကို မနှစ်မြို့တဲ့ လက်ယာ ဂိုဏ်းသားများရဲ့ မကျေနပ် ချက်တွေ စုပေါင်းပြီး ထိန်းမနိုင် သိမ်းမရတွေ ထပ်ဖြစ်နိုင်ပါတယ်။

ဒီ ထိမ်းမြားခွင့် ဥပဒေဟာ အခြေခံ ဥပဒေပါ အခြေခံ လွတ်လပ်ခွင့် တွေနဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဘာမှ ထိပါး ကျူးလွန်တာ မရှိဘူးလို့ အခြေခံ ဥပဒေရုံးက သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဥပဒေကို မကျေနပ်သူတွေကို ကက်သလစ် ဝတ်ကျောင်းတော်နဲ့ ရှေးရိုးစွဲ အတိုက်အခံတွေက ထောက်ခံပေးကြတာ ဖြစ်ပြီး ဒီဥပဒေကြောင့် လူ့အသိုက်အမြုံရဲ့ အခြေခံ အုတ်မြစ် ပျက်ပြားနိုင်တယ်လို့ စောဒက တက်ကြပါတယ်။

လိင်တူ စုံတွဲတွေ အတွက် သားသမီး မွေးစားခွင့် ကြောင့် ဒီလို ကန့်ကွက် နေကြတာပါ။

ပြင်သစ်မှာ လိင်တူ လက်ထပ်ခွင့် ထောက်ခံသူတိုင်းက သားသမီး မွေးစားခွင့်ကို လက်ခံကြတာ မဟုတ်ပါဘူး။

၂ဝ၁၇ ခုနှစ်မှာ ကလေးတွေ အတွက် ပိုပြီး အလေးထားတဲ့ ဥပဒေကြမ်း ပြန်တင်မယ်လို့ အတိုက်အခံ UMP ဘက်က ပြောနေပါပြီ။

ဒီလို လိင်တူချင်း လက်ထပ်ခွင့် ဆိုတာ ကမ္ဘာ့ နိုင်ငံ အနည်းငယ်မှာသာ ခွင့်ပြုထားတဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို နိုင်ငံကြီး မှာတောင် ပြည်နယ်တိုင်းမှာ ဒီဥပဒေကို ခွင့်ပြုထားတာ မဟုတ်ပါဘူး။

မြန်မာ အပါအဝင် အာရှ အာဖရိက နိုင်ငံ တချို့မှာဆိုရင် လိင်တူ ဆက်ဆံမှုကို ဥပဒေပြဋ္ဌာန်း အရေးယူ တာတွေ ရှိပါတယ်။

လိင်တူချင်း ထိမ်းမြားခွင့်ကို နိုင်ငံရေး ယဉ်ကျေးမှု ပိုမို လွတ်လပ်တဲ့ နယ်သာလန်နဲ့ ဥရောပ မြောက်ပိုင်း နိုင်ငံတွေမှာ သာမက ကက်သလစ် ကိုးကွယ်သူ များတဲ့ စပိန်နဲ့ ပေါ်တူဂီမှာပါ ခွင့်ပြုနေပြီ ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်မှာလဲ ဒီကိစ္စကို စတင် ဆွေးနွေးနေကြပါပြီ။

ဘာသာရေး အရှိန်အဝါ သိပ်မရှိတော့ဘူးလို့ ထင်ခဲ့ကြတဲ့ ပြင်သစ်ပြည်မှာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတာ အံ့အားသင့်စရာ ကောင်းပါတယ်။ ဇန်နဝါရီလက ပါရီမှာ လူသိန်းချီတဲ့ ကန့်ကွက်ပွဲကြီးက ပြင်သစ်မှာ နှစ် ၅ဝ တွင်း အကြီးဆုံး ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။

မစ္စတာ အောလန်း ကိုယ်တိုင် စီးပွားရေး ပျက်ပြားမှုတွေနဲ့ နိုင်ငံ လူ ဦးရေ ၁ဝ ရာခိုင်နှုန်းကျော်ထိ အလုပ်လက်မဲ့ တိုးပွားနေမှု တွေကြောင့် လူကြိုက် အနည်းဆုံး သမ္မတ နေရာ ရနေပြီ ဖြစ်ပါတယ်။

BBC
ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့်ကို သမ္မတကလက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်

မြန်မာနိုင်ငံကို ဒေါ်လာ ၇၅ သန်းကျော်ပေးဖို့ အမေရိကန် ကမ်းလှမ်း

Photo: မြန်မာနိုင်ငံကို ဒေါ်လာ ၇၅ သန်းကျော်ပေးဖို့ အမေရိကန် ကမ်းလှမ်း

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်း ပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI  သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။

ဒီလို အကူအညီတွေတိုးပေးမယ့် သမ္မတ အိုဘားမားအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စောသေးတယ်လို့ တချို့လွှတ်တော်အမတ်တွေက စောဒကတက်ကြပါတယ်။

မြန်မာနိုင်ငံမှာ အကြီးအကျယ်တိုးတက်လာတာကို တွေ့မြင်ရတာ နှစ်နှစ်ပဲရှိသေးပြီး  တိုင်းရင်းသားဒေသတွေမှာ ပဋ္ဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ ကွန်ဂရက်ကြားနာပွဲတစ်ခုမှာ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီခွဲ ဥက္ကဌ အောက်လွှတ်တော်အမတ်  Steve Chabot က ပြောကြားပါတယ်။ သူနဲ့တခြားအမတ်တွေက မြန်မာနိုင်ငံကို ဘယ်လိုစစ်ရေးအကူအညီမျိုးဖြစ်ဖြစ် ပေးတာကိုလည်း ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေရှိတာ အသိအမှတ်ပြုပေမယ့် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန်ကို လာရောက်တာဟာ စောနေသေးကြောင်းလည်း သူက ပြောပါတယ်။

ဒါပေမဲ့ အရှေ့အာရှနဲ့ အာရှ-ပစိဖိတ်ရေးရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး  ဂျိုးဇက်ယွန်ကတော့ မြန်မာနိုင်ငံက သမိုင်းဝင်တဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေကို အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံကြောင်း ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်း ပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။

တစ်လလျှင် လူသတ်မှု ၁၀၀ ကျော် ဖြစ်



Photo: တစ်လလျှင် လူသတ်မှု ၁၀၀ ကျော် ဖြစ်
Saturday, May 18, 2013

မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လနှင့် ဧပြီလတို့၌ လူသတ်မှုပေါင်း အကြိမ် ၁၀၀ ကျော်စီ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ စုံစမ်း သိရှိရသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု ၁၂၈ ခုအနက် ရခိုင်ပြည်နယ်တွင် လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးတွင် ဒုတိယအများဆုံး၊ မန္တလေးတိုင်း ဒေသကြီးတွင် လူသတ်မှု တတိယမြောက် အများဆုံးဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်း
 ဒေသကြီးတို့သည် ဆဋ္ဌမမြောက်လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း အဆိုပါစာရင်းများ အရ သိရသည်။

အဆိုပါလူသတ်မှုများတွင် ရခိုင်ပြည်နယ်တွင် ၁၉ကြိမ်၊ ပဲခူးတိုင်းဒေသကြီး တွင် ၁၇ ကြိမ် မန္တလေးမြို့နယ်တွင် ၁၆ ကြိမ် နှင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ကိုးကြိမ်စီဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တွင် တစ်ကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

မတ်လအတွင်းက လူသတ်မှု ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း
 ဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလတွင် ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း ယင်းဌာနချုပ်၏ စာရင်းများအရ သိရသည်။

ဒေါသကို ထိန်းချုပ်နိုင်ခြင်းမရှိခြင်း၊ အရက်သေစာ သောက်စားထားသည့် အတွက် ဒေါသဖြစ်လွယ်ခြင်း တို့ကြောင့် အများဆုံးဖြစ်ပွားပြီး ပဋိပက္ခနှင့် သက်ဆိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး (မှုခင်း) ရဲမှူးကြီး ဦးဝင်းစိန်က The Voice သို့
 ပြောကြားသည်။

လူသတ်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းသည် ဖြစ်ပေါ်လာသော စိတ်ခံစားချက်ကို မထိန်းသိမ်း နိုင်သောကြောင့် အများဆုံးဖြစ်ပွားပြီး အချို့မှာ ငွေကြေးအရှုပ်အရှင်းနှင့် နာကြည်းမှု များကြောင့် လူသတ်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အထက်တန်းရှေ့နေ ဦးအောင်နိုင်(လက်ပံတန်း) က သုံးသပ်ပြောကြားသည်။

လူသတ်မှု အပါအဝင် အမှုကြီး ၁၀မှု လျော့ကျစေရန် မြနမာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အနေဖြင့် မူဝါဒများချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး လူသတ်မှု လျော့ကျစေရန် ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အရက်သေစာကြောင့် ဆက်စပ်ဖြစ်ပွားသည့် မှုခင်းများ လျော့ကျစေရန် လိုင်စင်မဲ့ အရက်ဆိုင်များကို ဖမ်းဆီးခြင်း၊ ပွဲလမ်းသဘင်များတွင် ရန်ဖြစ်ရာမှ ယူဆောင်လာသည့် တုတ်၊ ဓား၊ လက်နက်များဖြင့် ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုများ ရှိသောကြောင့် လက်နက်ပုန်း ဖမ်းဆီးခြင်း တို့ကိုပါ တစ်ပြိုင်နက် လုပ်ဆောင်လျက် ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။

The Voice Weekly
မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လနှင့် ဧပြီလတို့၌ လူသတ်မှုပေါင်း အကြိမ် ၁၀၀ ကျော်စီ ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ စုံစမ်း သိရှိရသည်။

ကေအိုင်အိုနဲ့ အစိုးရ မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မှာ ဆွေးနွေးမယ်

Photo: ကေအိုင်အိုနဲ့ အစိုးရ မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မှာ ဆွေးနွေးမယ်

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။

ဒီတစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုဟာ ၈ ကြိမ်မြောက် တွေ့ဆုံ မှုဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက RFA ကို အခုလို ပြောပါတယ်။

"အခု ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကချင်အပစ်အခတ် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့မှာတွေ့ဆုံဖို့ သဘောတူညီခဲ့ပါတယ်၊ ကျနော်သိတာကတော့ နေရာနဲ့ နေ့ရက်ကို နှစ်ဖက်သဘောတူညီပြီးသားဖြစ် တယ်ပေါ့၊ ကျန်တဲ့အသေးစိတ်တို့ ကျနော်တို့ ညှိနှိုင်းနေတာတွေရှိပါတယ်၊ ကျနော်တို့ညှိနှိုင်းတာတွေ အဆင်ပြေမယ်လို့ကျနော်တို့ရှင်းပြပါတယ်"

ဒီဆွေးနွေးပွဲမှာ အစိုးရအနေနဲ့ ပြင်ပစောင့်ကြည့်လေ့လားရေးအတွက် ဘယ်အဖွဲ့အစည်းကိုမှ ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့လည်း ဦးလှမောင်ရွှေက ပြောကြားခဲ့ပါတယ်။

"ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ သီးခြားနိုင်ငံတကာ လေ့လာသူတွေကို မဖိတ်ခဲ့ပါဘူး၊ ဒီပွဲမှာလည်း ဖိတ်ဖို့အနေအထားမရှိပါဘူး၊ ဒါပေမယ့် ကေအိုင်အို အဖွဲ့အစည်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ဖိတ်ကြားမှုတွေရှိခဲ့ရင်လည်း ဝန်ကြီးဦးအောင်မင်းအနေနဲ့တော့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ ဒီအပေါ်မှာ အမြဲတမ်းလိုက်လျောခဲ့တာရှိပါတယ်၊ အခုတစ်ခေါက်မှာလည်း ကေအိုင်အိုအဖွဲ့အစည်းဘက်က တခြားဖိတ်ကြားတဲ့လူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် အစိုးရဘက်ကတော့ ဖိတ်ကြားဖို့မရှိပါဘူး"

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ကေအိုင်အိုတို့ဟာ ထိုင်းနိုင်ငံမှာ ၂ ကြိမ်၊ ကေအိုင်အို နယ်မြေဖြစ်တဲ့ မိုင်ဂျားယန်မှာ ၂ ကြိမ်နဲ့ တရုတ်နိုင်ငံ ရွှေလီမှာ ၃ ကြိမ်၊ စုစုပေါင်း ၇ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး  နောက်ဆုံးအကြိမ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြတာပါ။
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။

Saturday, 18 May 2013

မူဆယ်မြို့ အားကစားရုံ အနီး ထောင်ထားသော ကြီးကြပ်မိုင်း တစ်လုံးအား ရှင်းလင်း သိမ်းဆည်းရမိ

မူဆယ်မြို့၊  ခရစ်ယာန် ရပ်ကွက်ရှိ၊ မိုးလုံလေလုံ အားကစားရုံ၏  အရှေ့ဘက် အုတ်နံရံ အနီးတွင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် ပစ္စည်းတစ်ခု တွေ့ရှိရကြောင်း သတင်းအရ တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ များက သွားရောက် စစ်ဆေးခဲ့ရာ ရှေ့ထွက်မိုင်း အမျိုးအစား ကြီးကြပ်မိုင်း တစ်လုံးအား ပန်ကာ လည်ပတ်ခြင်းဖြင့် ပေါက်ကွဲနိုင်အောင် ပြုလုပ် ထားကြောင်း တွေ့ရှိရ သဖြင့် တာဝန်ရှိသူ များမှ ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်း သတင်း ရရှိသည်။

မြန်မာ အပေါ် ဒဏ်ခတ်မှု သက်တမ်း တိုးဖို့ အမတ် Crowley အဆိုပြု

Photo: မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု 
Saturday, May 18, 2013

မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ တွင်းက အခြေအနေတွေဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်နေသေးတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ခုလို ဥပဒေသက်တမ်း တိုးဖို့အဆိုကို သမ္မတဦးသိန်းစိန် ခရီးစဉ်နဲ့ အချိန်ကိုက်တင်သွင်းတာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါရှင်။

မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Joseph Crowley နဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် Peter King တို့က ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတာကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ပြီးချမှတ်ထားဖို့ လိုအပ် နေသေးတယ်လို့ မစ္စတာ Crowley က ပြောဆိုခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မေလကနေစလို့ ရက် ၉၀ အတွင်း ဒီဥပဒေ သက်တမ်းတိုးဖို့ ကွန်ဂရက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တိုက် တိုက်ဆိုင်ဆိုင် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် တရားဝင် ခရီးစဉ်နဲ့ အချိန် ကိုက် လွှတ်တော်အမတ်တချို့က ဒီဥပဒေသက်တမ်း တိုးဖို့ ပြောလာခဲ့တာ ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိဖို့ လိုအပ်နေသေးတယ်ဆိုတာကို သိသာထင်ရှားစေဖို့အတွက် သမ္မတဦးသိန်းစိန် ခရီးစဉ် ရက်ပိုင်းအလိုမှာ အခုလို လွှတ်တော်ကို ချိန်ကိုက်တင်သွင်းပုံ ရတယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က လှုပ်ရှားမှုတာဝန်ခံ Rachel Wagley က ပြောပါတယ်။

“ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ် ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက် ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန် အစိုးရ ကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ် နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့အညီ တုံ့ပြန်တာ ထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း နိုင်ငံ အနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီ အက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့  ဒီပိတ်ဆို့မှုတွေ ပယ်ဖျက်ပေး မှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။”

အမေရိကန်အစိုးရဟာ လောလောဆယ်မှာ မြန်မာအစိုးရကို လိုအပ်တာထက် ပိုပြီး လိုက်လျောနေတယ်လို့လည်း US Campaign အဖွဲ့က ဝေဖန် ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးတာ၊ တိုင်းရင်း သားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ရှိနေသေးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ မလျှော့ပေးသင့်ဘူးလို့ Rachel Wagley က ပြောပါတယ်။

“ကျမတို့ရဲ့ အဓိက ပြဿနာက ပြောရရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ရမှာ ထက်ကို ကျော်လွန်ပြီးတော့ လိုက်လျောတုံ့ပြန်နေတဲ့ကိစ္စပါ။ လက်တွေ့ အခြေအနေကိုကြည့်ရင် မြန်မာအစိုးရ စစ်တပ်ဟာ တိုင်းရင်းသားလူနည်းစုတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ အတင်း အဓမ္မပြုကျင့်မှုတွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေက ကင်းလွတ်ခွင့်ပြု ထားနေ တုန်းပါ။ ဆိုတော့ ကျမတို့အနေနဲ့ကတော့ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန်ရုပ် သိမ်းဖို့ဆိုရင် အရင်ဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မဲ့ပြန်လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ ပြစ်မှု ကျူးလွန်မှုတွေကို စစ်ဆေးအရေးယူတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးတာကို မြင်ချင်ပါတယ်။”

၂၀၀၃ ခုနှစ်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ဟာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအ၀င်၊ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ် ပြီးတော့ မြန်မာ စစ်ခေါင်းဆောင်တွေ လက်ထဲကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီ ရောက်မသွားအောင် ဟန့်တားပိတ်ပင်ခဲ့တဲ့ ဥပဒေတရပ်ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး တဲ့နောက်ပိုင်း အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတချို့ကို ဆိုင်းငံ့ပေးခဲ့ပေမဲ့လို့ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးအရ လမ်းဖွင့်ပေးမှုတွေဟာ အစပိုင်းသာရှိသေးပြီး ကျန်နေသေး တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိုးရိမ်စရာလူ့အခွင့်အရေး အခြေအနေတွေ ဆက် ရှိနေသေးတာကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ဆက်လက်ထားရှိနေတုန်းလည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သမ္မတ Barack Obama က မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့  လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ဆိုပြီး အမျိုးသားအရေးပေါ် အက်ဥပဒေကို ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က မြန်မာ အပေါ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုဥပဒေကို ဆက်ပြီး သက်တမ်းတိုးဖို့ သမ္မတ အိုဘားမား က မေလ ၂ ရက်နေ့ နေ့စွဲနဲ့ Congress လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ်ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် ဥပဒေအရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွား ဆက်ဆံမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင် တားမြစ်ထားတာဖြစ်ပါတယ်ရှင်။ 

VOA
မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်မှု အမေရိကန် ကြိုဆို

Photo: နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်မှု အမေရိကန်ကြိုဆို 
Saturday, May 18, 2013

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေးမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆိုပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့
နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ကျန်နေသေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသား
ပြန်လည် စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော် များ များ ဖြစ်နေပေမဲ့ နောက်ထက် တိုးတက်အောင် လုပ်ဖို့ကျန်သေးတဲ့
ကိစ္စတွေကိုလည်း ရှေ့သီတင်းပတ်ထဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဆွေးနွေးကြလိမ့်မယ်ဆိုတာ သေချာပါတယ်လို့ ပြောခွင့်ရသူ
Jan Psaki က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မစခင်လေးမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တာ ဟာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာမျိုးဖြစ်တယ်လို့ အကဲခတ် တချို့ က ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ရော အဲဒီလို မြင်ပါသလားလို့
သတင်းထောက်တယောက်ကလည်း မေးပါတယ်။

“ဒီအကြောင်းနဲ့ပါတ်သက်လို့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးစေချင်တဲ့အတွက် အားလုံးကို လွှတ် လိုက်မယ်ဆိုရင်တော့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်း အကြီးအကျယ် တိုးတက်မှုတွေ လုပ်လာတာကို အမေရိကန်အနေနဲ့ လျှော့တွက်လို့ မရပါဘူး။ ဆက်ပြီးလုပ်သင့်တာတွေ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ သူတို့လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲမှု တချို့က သိသာထူးခြားမှုရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အား ထက်ထက် သန်သန်နဲ့ အစီအစဉ်ချလုပ်နေတာကို
ဆက်ပြီး လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက အားပေးချင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူတွေရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ရာ ဂဏန်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြန်လွှတ်ပေးရမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ ရှိသေးတယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အမေရိကန်က စိုးရိမ်တဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ထဲက အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားအရေးပေါ် အက် ဥပဒေကို မေလဆန်းပိုင်းကပဲ သမ္မတ Barack Obama က နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတဦးသိန်းစိန်နဲို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့
တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က
သတင်းထုတ်ပြန်ထားပါတယ်ရှင်။ 

VOA

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိ ကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ 

တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ် တဲ့အတိုင်း ပြီးအောင်ဆောင် ရွက်မယ်

 Photo: တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ်တဲ့အတိုင်း ပြီးအောင်ဆောင်ရွက်မယ်
Saturday, May 18, 2013

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာလမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင်က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့်အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင်လောက် တင်ပို့မှာဖြစ်ပါတယ်။

rfa
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာ လမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင် က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။ 

မြန်မာ အနီး ဘင်္ဂလာရေပြင်တွင် လူသေအလောင်း ၇ လောင်း ထပ်မံ တွေ့ရှိ

 မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်။
မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်
ဘင်္ဂလာဒေခ်ျ့ ရေပြင်တွင် နောက်ထပ် လူသေ အလောင်း ၇ လောင်းကို ယမန်နေ့ နံနက်က ထပ်မံ ဆယ်ယူရရှိခဲ့သည်ဟု ဘင်္ဂလာရဲက ပြောသည်။