Sunday, 19 May 2013

ကမ္ဘာအသက်အကြီးဆုံး ဂင်းနစ် မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင် တွေ့

Photo: ကမ္ဘာအသက်အကြီးဆုံး ဂင်းနစ် မှတ်တမ်းတင်ခံခဲ့ရသူထက် 
အသက်ကြီးသူ ကလေးမြို့တွင် တွေ့

ကလေး-မေ၁၈
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံတော်ချိန်တွင် မှတ်တမ်းတင်ခံခဲ့ရသော
ဂျပန်အမျိုးသား Jiroman Kimura ထက် အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး
မြန်မာနိုင်ငံကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်း
ထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃)တွင် ဖော်ပြချက်အရသိရသည်။
အဆိုပါ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်ဂင်းနစ်မှတ်တမ်းတင်ခံခဲ့ရသော
ဂျပန်အမျိုးသားကြီး သည် ၁၈၉၇ခုနှစ်တွင် မွေးဖွား ခဲ့ပြီး အသက်မှာ (၁၁၆)
နှစ်ရှိပြီးဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးခဲ့သော
ဂျပန်အမျိုးသားကြီးထက် ယခုအခါ အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး
မြန်မာနိုင်ငံတွင်  ပေါ်ထွက်လာခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့အသက်အကြီးဆုံးစံချိန်တင်ခဲ့သော ဂျပန်အမျိုးသားကြီးအထက်
အသက်ပိုကြီးသော သူမှာ အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ယခုလက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက်တွင်
နေထိုင်လျှက်ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီး
တိုင်းရင်းသူတစ်ဦးဖြစ်သည်။ သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့်
ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ   ကလေးမြို့
လ၀ကဌာနမှ အထောက်အထားခိုင်လုံစွာဖြင့် အတည်ပြုချက် ပေးထားပြီဖြစ်သည်။ချစ်သူမောင်
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံတော်ချိန်တွင် မှတ်တမ်းတင်ခံခဲ့ရသော ဂျပန်အမျိုးသား Jiroman Kimura ထက် အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး မြန်မာနိုင်ငံ ကလေးမြို့တွင် တွေ့ ရကြောင်း ချင်းဘာသာ စာပေဖြင့်ဒေသတွင်းထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃) တွင် ဖော်ပြချက်အရသိရသည်။အဆိုပါ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ်ဂင်းနစ် မှတ်တမ်း တင်ခံခဲ့ ရသောဂျပန်အမျိုးသားကြီး သည် ၁၈၉၇ခုနှစ်တွင် မွေးဖွားခဲ့ပြီးအသက်မှာ (၁၁၆)နှစ် ရှိပြီးဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးခဲ့သောဂျပန်အမျိုးသားကြီးထက် ယခုအခါ အသက်ပို ကြီးသော အမျိုးသမီးတစ်ဦးမြန်မာနိုင်ငံတွင် ပေါ်ထွက်လာခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့အသက်အကြီးဆုံး စံချိန်တင်ခဲ့သော ဂျပန်အမျိုးသားကြီးအထက်အသက်ပိုကြီးသော သူမှာ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ယခုလက်ရှိစစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက် တွင် နေထိုင်လျှက် ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီးတိုင်းရင်းသူတစ်ဦးဖြစ်သည်။ သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့်ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးမြို့လ၀ကဌာနမှ အထောက်အထားခိုင်လုံစွာဖြင့် အတည်ပြု ချက် ပေးထားပြီဖြစ်သည်။
ချစ်သူမောင်
From...Popular Myanmar News Journal

No comments:

Post a Comment