Saturday, 16 February 2013

ရန်ကုန်တက္ကသိုလ် ဗဟိုချုပ်ကိုင်မှု လျှော့ချရန် ကြိုးပမ်းနေ

ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသော ရန်ကုန်တက္ကသိုလ်တွင် ဗဟိုချုပ်ကိုင်မှုစနစ်မှ လျှော့ချ နိုင်ရန် ကြိုးပမ်းနေပြီး သင်ကြားရေးနှင့် သုတေသနဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ပညာရေးဝန်ထမ်း များ ပါဝင်လာနိုင်ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောသည်။

(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင် F

(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်
            သတင်းဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ နယ် မြစ်ဆုံ၌ ရိုမန် ကတ်သလစ် အသင်းတော် တန်ဖဲ ဘုန်းတော်ကြီးမှ ဦးစီး၍ မြစ်ဆုံ မယ်တော် ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲတော်သို့ ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသားအင်အား ၁၀၀၀ ခန့် ပါဝင် ဆင်နွဲခဲ့ကြပြီး ည ၈နာရီ အထိ ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။

Friday, 15 February 2013

အဆင့်မြင့်ပညာ ကဏ္ဍ၌ မြန်မာ-အမေရိကန် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြား

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာ ကဏ္ဍ၌ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမေရိကန် သံအမတ် Derek.J Mitchell က အမေရိကန် ပညာရေးပြပွဲ၌ ပြောကြားခဲ့သည်။

i-Pay ကတ်များ နည်းစနစ် မှားယွင်းမှုကြောင့် အဆင်မပြေမှုများဖြစ်

ရန်ကုန်မြို့ရှိ ယာဉ်လိုင်း အချို့တွင် တပ်ဆင်အသုံးပြုနေသာ i-Pay ကတ်များမှာ လုပ်ဆောင်တပ်ဆင်သည့် နည်းစနစ် မှားယွင်းမှုကြောင့် ခရီးသည်များနှင့် ယာဉ်အကူများမှာ အဆင်ပြေမှု မရှိကြောင်း i-Pay ကတ်များ တပ်ဆင် သုံးစွဲ လျက်ရှိသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူများနှင့် ခရီးသည်များ၏ ပြောပြချက်အရ သိရှိရသည်။

ရုရှားနိုင်ငံကလည်း မြန်မာ့ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် ပြင်ဆင်

ရုရှားနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vimpelcom Ltd က မြန်မာဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေကို သုံးသပ်မှုများ ပြုလုပ်နေသည်ဟု ရုရှားနိုင်ငံ သတင်းဌာန Russia Briefing မှ ဖော်ပြခဲ့သည်။

အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်မည်ဟု နိုင်ငံတော် သမ္မတ ပြော

အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်အကောင်အထည်ဖော်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား မှာကြားထားကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က
ယနေ့ပြောကြားသည်။

နားလည်မှုအလွဲနှင့် ပြန်ပေးဆွဲမှု လောက်ဖန် ဘိလပ်မြေစက်ရုံ၌ ဖြစ်ပွား

နောင်ချိုမြို.နယ် လောက်ဖန်းကျေးရွာရှိ ငွေရည်ပုလဲ ဘိလပ်မြေစက်ရုံမှ ထိပ်ပိုင်းအဆင့် အရာရှိ နှစ်ဦးအား   ပြန်ပေးဆွဲခံရပြီးနောက် နောက်နေ့၌ ကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးခဲ့ကြောင်း ဘိလပ်မြေစက်ရုံဝန်ထမ်းများထံမှ သိရသည်။ 

Thursday, 14 February 2013

ရဲဗိုလ်ချုပ်ကြီး ခန့်အပ်မှုမှာ မှန်ကန်မှုမရှိကြောင်း ဒုရဲချုပ်မှပြောကြား

လတ်တလော ထွက်ပေါ်နေသော သတင်းများအရ မြန်မာနိုင်ငံ ရဲဌာနချုပ်တွင် ရဲဗိုလ်ချုပ်ကြီး ခန့်အပ်မှုမှာ မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံ ရဲဌာနချုပ်မှ ဒုတိယရဲချုပ်ဖြစ်သူ ဇော်ဝင်းမှ Eleven Media Group သို့ ပြောကြားခဲ့သည်။

ဧရာဝတီမြစ်တွင် ရေထိန်းတံခါး ၁၂ ခု တည်ဆောက်၍ လျှပ်စစ်ထုတ်ယူရန် ဖြစ်နိုင်ခြေလေ့လာမည်

ဧရာဝတီမြစ်တွင်း ရေထိန်းတမံ အနိမ့်များနှင့် ရေထိန်းတံခါး ၁၂ ခု တည်ဆောက်ရန်အတွက် ဘယ်ဂျီယံပညာရှင်များက ဖြစ်နိုင်ခြေလေ့လာမှုများကို လာမည့် မတ်လမှစတင်၍ ခြောက်လအတွင်း ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်ကပြောကြားသည်။

အမျိုးသား ၇ ဦးခန့်က ကားပစ္စည်းဂိုထောင်စောင့်အား ရိုက်နှက်ပြီး ဆယ်သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများအား လုယက်

ဒဂုံတောင်မြို့နယ်တွင်  အမျိုးသား ၇ ဦးခန့်က ကားပစ္စည်း ဂိုထောင်စောင့်အား ရိုက်နှက်ပြီး ဂိုထောင်အတွင်းမှ ဆယ်သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများအား လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီအချိန်တွင် ဒေါ်အေးမိမိခိုင် (၃၇) နှစ်၊ ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဧရာဝတီပါဝါကုမ္ပဏီ (ကားလေလံဆွဲကုမ္ပဏီ)

ပြည်တွင်းကုမ္ပဏီကြီးများ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ရန်စီစဉ်


ပြည်တွင်းရှိ အင်အားကြီးစီးပွားရေးလုပ်ငန်းရှင်အချို့သည် ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းလုပ်ကိုင်ရန် စွမ်းအင်စီမံရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားကြောင်း သတင်းရရှိသည်။

“ဝယ်ယူထားသောကုန်ပစ္စည်းအား အမှိုက်စွန့်နိုင်သော အိတ်ဖြင့် ထည့်ပေးရန် တောင်းခံနိုင်”


ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ မည်သည့်ဈေးဆိုင်များတွင်မဆို ကုန်ပစ္စည်းဝယ်ယူပါက အမှိုက်စွန့်ပစ် နိုင်သောအိတ်ဖြင့်ထည့်ပေးရန် တောင်းခံနိုင်ကြောင်း ရန်ကုန် စည်ပင်မှ သိရသည်။
ပြည်သူများအနေဖြင့် အမှိုက် ခွဲခြားစွန့်ပစ်အိတ်များအား သီးသန့် ဝယ်ယူသုံးစွဲရခြင်း မရှိစေရန်အတွက် ရန်ကုန်စည်ပင်မှ စီစဉ်ထားခြင်းဖြစ်ပြီး အမှိုက်စွန့်ပစ်အိတ်အဖြစ် အသုံးပြုရန် သတ်မှတ်ထားသော

Wednesday, 13 February 2013

သမ္မတ၏ “စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း” နည်းလမ်း KIO ကြိုဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ “စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း” နည်းလမ်းအား ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကြိုဆိုကြောင်း ဗုဒ္ဓဟူးနေ့က တုန့်ပြန်ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

ချစ်သူများနေ့တွင် လိင်ပညာပေးနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝ လက်ကမ်း စာစောင် ဝေမည်


ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူ များနေ့တွင် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သော ရောဂါများနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝဆိုင်ရာ ပညာပေး လက်ကမ်း စာစောင် များ ဝေမည်ဟု သိရသည်။
ချစ်သူများနေ့တွင် ပညာပေး လက်ကမ်း စာစောင်များအား ကန် တော်ကြီး ဥယျာဉ်၊ အင်းလျားကန်၊ ပြည်သူ့ ရင်ပြင် စသည့်လူငယ်များ သွားလာတတ်သည့် နေရာများ တွင် အဓိကထား ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားတစ်ဦး ခြောက်လွှာမှ ခုန်ချမှု ကမာရွတ်မြို့နယ်အတွင်း ဖြစ်ပွား

ခုန်ချခဲ့သည့်နေရာအား တွေ့ရစဉ်
crime-feb-13ကမာရွတ်မြို့နယ်၊ လှည်းတန်း ပေငါးဆယ်လမ်း၊ တိုက် ၃၄၊ ၆ လွှာ၊ အေတွင် နေထိုင်သူ အမျိုးသားတစ်ဦး ၎င်း၏ ခြောက်လွှာအထပ်မှ ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်

ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား



မိမိအနေဖြင့် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများနှင့် ယခု ဒုတိယအကြိမ် ပြန်လည် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ကတိပြုခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများကို ပြည်ထောင်စုနေ့ အခမ်းအနားကြီးသို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အဆင့်တူညီသည်ဟု ဆုံးဖြတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်နှင့်အညီ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၏ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်များ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း၊ မကြာမီ အကောင်အထည် ပေါ်လာတော့မည် ဖြစ်ပါကြောင်း။

လက်ဖက်လုပ်ငန်းကျဆင်းလာခြင်းကြောင့် ရှမ်း၊ ပလောင် အမျိုးသမီးများ၊ တရုတ်လူမျိုးများနှင့် တရားမ၀င်လက်ထပ်မှု မြင့်မားလာဟု သိရ


ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ဝိုက်ရှိ ရှမ်းနှင့် ပလောင်အမျိုးသမီးငယ်များ တရုတ်လူမျိုးများနှင့်
တရားမ၀င် လက်ထပ်ခြင်းနှင့် လူကုန်ကူးမှုများ မြင့်မားလာခြင်းသည် အဓိကစီးပွားရေး ဖြစ်သော
လက်ဖက်လုပ်ငန်းကျဆင်းပြီး တရုတ် လက်ဖက်ချိုခြောက်များဝင်ရောက်လာခြင်းကြောင့်ဖြစ်
ကြောင်း လက်ဖက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများက ဖေဖော်ဝါရီလ ၆ ရက်တွင် ကျင်းပ
သော ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းဖွဲ့စည်းခြင်း အစည်းအဝေးပွဲ၌
ပြောသည်။

နွေတွင် ဓာတ်အားလိုအပ်ချက် ၇၅ ရာခိုင်နှုန်းသာ ပေးနိုင်မည်

ယခုနှစ် နွေရာသီရေနည်းကာလဖြစ် သော မေလတွင် ယခုလက်ရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ
များသာရှိပါက တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းကိုသာ ဓာတ်အားပေး
နိုင်မည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော် တည်
ဆောက်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"နိုင်ငံတွင်းမှာ လုံလောက်တဲ့ တည် ဆောက်မှုတွေ မပြုနိုင်သေးဘူး။ နွေ ရာသီမှာလည်း ဓာတ်အား
လိုအပ်ချက် ရှိလာနိုင်တော့ ကြိုတင်ပြီး ချွေတာနိုင် သလောက် ချွေတာနေတာပါ"ဟု ဒုတိယ

Tuesday, 12 February 2013

ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အဓိက ဟု သမ္မတ ဦးသိန်းစိန် ပြော



ယနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ကို သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့တာ ကို နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ စနစ် ဆက်လက် ရှင်သန်ဖို့ အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အဓိက ဖြစ်ကြောင်း ဖော်ပြထားပါတယ်။