Monday, 24 December 2012

*ဒေါ်လာလဲလှယ်နှုန်း*၊*ရွှေဈေးနှုန်း*


‎*ဒေါ်လာလဲလှယ်နှုန်း*

( ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ တနလာင်္နေ့ )
-
ရန်ကုန်ဈေးကွက် ( နံနက်ပိုင်း @ ၁၀:၄၅ မိနစ်)

တည်ထားကိုးကွယ်မည့် ဝေရော စန ကျောက်စိမ်း စေတီတော်သည် အရွယ်အစား ကြီးမားသည့် အတွက် ကမ္ဘာ့အံ့ဖွယ် ဖြစ်လာနိုင်

Photo: တည်ထားကိုးကွယ်မည့် ဝေရော စန ကျောက်စိမ်း စေတီတော်သည် အရွယ်အစား ကြီးမားသည့် အတွက် ကမ္ဘာ့အံ့ဖွယ် ဖြစ်လာနိုင် 
Monday, 24 December 2012

မန္တလေးတိုင်း ဒေသကြီး အောင်မြေ သာစံ မြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည့် အမရ ပူရ မြို့နယ် မြင်းမှူး ကျေးရွာအုပ်စု ဆင်ရွာကွင်း အတွင်း တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ကျောက်စိမ်း
စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး နာယကအဖွဲ့ ဥက္ကဋ္ဌ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးမြင့်မောင်က ယခု တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်း စေတီတော်သည်

ကမ္ဘာတွင် မရှိသေး ပါကြောင်း၊

ယခုမှသာ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ အရွယ်အစား ပမာဏ ကြီးမားသည့် အတွက် ကျောက်စိမ်း စေတီမှာ မြန်မာ နိုင်ငံတွင် သာမက ကမ္ဘာ့အံ့ဖွယ် ဖြစ်လာနိုင် ပါကြောင်း၊ မြန်မာ နိုင်ငံအတွက် ဂုဏ်ယူရမည့်
စေတီတော်ကြီး ဖြစ်ပေါ်လာမည် ဖြစ်သည့်အတွက် တည်ထား ကိုးကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် တက်ရောက် လာကြသူများ အနေဖြင့် အကြံဥာဏ် ကောင်းများ ပေးကြ စေလိုကြောင်း၊ ပူးပေါင်း ပါဝင်ဆောင် ရွက်ရာတွင် ဝန်ကြီးဌာန အနေဖြင့် သော် လည်း ကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့်သော် လည်းကောင်း ဝိုင်းဝန်း ကုသိုလ် ယူကြ
စေလိုကြောင်း၊ စေတီတော် တည်ဆောက်ရေး လုပ်ငန်းများ  အဆင်
ပြေစေရန် အတွက်  စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ဝိုင်းဝန်း အကြံပြု ဆွေးနွေး ကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး  နာယက အဖွဲ့ဝင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က
ကျောက်စိမ်းစေတီ တည်ထား ကိုးကွယ်ရန် အလှူရှင် အနေဖြင့် ရည်ရွယ် ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း၊  စေတီပြီး စီးပါက တိုင်းဒေသကြီး အတွက် ဂုဏ်ကျက်သရေ ဆောင်လာမည် ဖြစ်ကြောင်း၊ တက်ရောက် လာကြသူများ အနေဖြင့် စေတနာ သဒ္ဓါတရား ထက်သန်စွာ အလှူပြု ခွင့်ရသည့် အချိန်တွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြ စေလိုကြောင်းဖြင့်
ပြောကြားသည်။

ဆက်လက်၍ ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး ဦးစီး ကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်က ကျောက်စိမ်း စေတီနှင့်
ကျောက်စိမ်း ဓမ္မာရုံ တည်ထား ကိုးကွယ်ရန် အတွက် ကျောက်စိမ်း စုဆောင်းထား ရှိမှု၊ စေတီ တည်နေရာ၊ အရွယ်အစား၊ ဥာဏ်တော် အမြင့်ပေနှင့် စေတီဆိုင်ရာ အချက် အလက်များ၊ ပါရှိမည့် ပန်းချီ ပန်းပု လက်ရာများ၊ အလှူရှင်များမှ အလှူငွေ၊ ကျောက်စိမ်းများနှင့် အခြားလှူဖွယ်ပစ္စည်းများ လာရောက်လှူဒါန်းမှု အခြေအနေ၊ စေတီ
အောင်မြင်စွာ တည် ထားကိုးကွယ် နိုင်ရေးအတွက် လိုအပ် ချက်များနှင့် ဆက်လက်ဆောင်ရွက်သွား မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်  ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးတင်ပြကြကာ
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဝေရောစန ကျောက်စိမ်းစေတီတော် ပုံစံငယ်ကို ကြည့်ရှုကြည်ညိုခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီမန္တလေးတိုင်း ဒေသကြီး အောင်မြေ သာစံ မြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည့် အမရ ပူရ မြို့နယ် မြင်းမှူး ကျေးရွာ အုပ်စု ဆင်ရွာကွင်းအတွင်း တည်ထားကိုးကွယ်မည့် ဝေရော စန ကျောက် စိမ်း စေတီနှင့် ကျောက်စိမ်းဓမ္မာရုံ တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ကျောက်စိမ်းစေတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေးနာယကအဖွဲ့ ဥက္ကဋ္ဌ သာသနာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးမြင့်မောင်က ယခု တည်ထား

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး JICA အကူအညီဖြင့် ပို့ဆောင်ရေး ကွန်ရက် ရေးဆွဲမည်


Photo: မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး JICA အကူအညီဖြင့် ပို့ဆောင်ရေး ကွန်ရက် ရေးဆွဲမည်

မြန်မာ နိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် စေရေး
အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံ နိုင်စေရန် ပို့ဆောင်ရေး ကွန်ရက် 
(National Transport Development Plan) ကို JICA က ကူညီရေးဆွဲ
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ရက်မှာ မြန်မာ နိုင်ငံ၏ လေကြောင်း၊ ရေကြောင်း၊ ရထား ပို့ဆောင်ရေးနှင့် ကုန်းလမ်း ပို့ဆောင်ရေး အားလုံး ပါဝင်မည် ဖြစ်ပြီး ပထမ အဆင့် အနေဖြင့် မဟာဗျူဟာ ရေးဆွဲနိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှုကို
ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်း ရေးဆွဲ နိုင်ရေးအတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းထားရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အတွင်းရေးမှူး အဖြစ်
လည်းကောင်း ပါဝင် ဖွဲ့စည်းထားပြီး ဖြစ်သည်။

လုပ်ငန်း ဆောင်ရွက်ရာတွင် ပို့ဆောင်ရေး ဝန်ကြီး ဌာနက ဖွဲ့စည်း
ထားသော ကော်မတီနှင့် JICA မှ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီမြန်မာ နိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် စေရေး အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံ နိုင်စေရန် ပို့ဆောင်ရေး ကွန်ရက် (National Transport Development Plan) ကို JICA က ကူညီရေးဆွဲ

ဂျပန်နိုင်ငံသို့ မြန်မာ့ဆန် စမ်းသပ်တင်ပို့မည်


Photo: ဂျပန်နိုင်ငံသို့ မြန်မာ့ဆန် စမ်းသပ်တင်ပို့မည်
Monday, 24 December 2012

မြန်မာ့ဆန်ကို ဂျပန် နိုင်ငံသို့ စမ်းသပ်တင်ပို့ သွားမည်ဖြစ်ပြီး ၂ဝ၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း
မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဆန်ကို စမ်းသပ် တင်ပို့ရန် ကမ်းလှမ်း ခဲ့ပြီး မြန်မာ နိုင်ငံမှ ထွက်ရှိသည့် ဆင်းသွယ်လတ်နှင့် မှော်ဘီ-၂ ဆန်တို့ကို ဝယ်ယူလိုကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် စိုက်ပျိုးနေသည့် စပါးများမှ ဂျပန် နိုင်ငံနှင့် စားသုံးသူ လက်ခံနိုင်သည့် ဆန်နှစ်မျိုးကို စတင်၍ စမ်းသပ် တင်သွင်း ခွင့်ပြုထားပြီး တောင်သူများ အနေဖြင့် အရည် အသွေးမီ ဆန်များ ထွက်ရှိရန် လုပ်ဆောင် ရမည်ဟု သိရသည်။

လက်ရှိတွင် မြန်မာ့ဆန် ကမ္ဘာ့ ဈေးကွက်သို့ ထိုးဖောက်ရန် လုပ်ဆောင်နေပြီး အရည်အသွေးမြင့် ဆန်ထွက်ရှိ နိုင်ရန် အရေးကြီး လာကြောင်း သိရသည်။ မြန်မာ့ ဆန်များကို တရုတ်၊ ရုရှား၊ အိန္ဒိယ နိုင်ငံများသို့ တင်ပို့ နေရပြီး ယခုအခါ ဆန်စပါး ကဏ္ဍတွင် အရည်အသွေးမြင့် ဆန်စပါးများ ထုတ်လုပ်နိုင်ရန် စင်ကာပူ နိုင်ငံရှိ UOB ဘဏ်နှင့် ဆက်သွယ်ပြီး ဆန်စက်နှင့် ဆက်စပ်သည်များ အဆင့်မြှင့်တင် သွားရန် ရှိကြောင်းလည်း သိရသည်။

''ကျွန်တော်တို့ အတွက် ကမ္ဘာ့ ဈေးကွက်သို့ ထိုးဖောက်နိုင်ဖို့ ပြဿနာ အခက်အခဲ များကို ဝိုင်းဝန်း ဖြေရှင်းမှ မြန်မာ့ ဆန်စပါး ကမ္ဘာ့ ဈေးကွက်ကို ထိုးဖောက် နိုင်မှာပါ''ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဂျပန် နိုင်ငံသည် နှစ်စဉ် ပြည်ပမှ ဆန်တန်ချိန် ၆ဝဝဝဝ ကျော်ကို တင်ဒါခေါ် ဝယ်ယူ နေရပြီး ယခုအခါ မြန်မာ့ ဆန်ကိုပါ ဝယ်ယူနိုင်ရန် ညှိနှိုင်း ကမ်းလှမ်းလာကြောင်း သိရသည်။

မြ၀တီမြန်မာ့ဆန်ကို ဂျပန် နိုင်ငံသို့ စမ်းသပ်တင်ပို့သွားမည်ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် တင်ပို့နိုင်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ သိရသည်။
ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဆန်ကို စမ်းသပ် တင်ပို့ရန် ကမ်းလှမ်း ခဲ့ပြီး မြန်မာ နိုင်ငံမှထွက်ရှိသည့် ဆင်းသွယ်လတ်နှင့် မှော်ဘီ-၂ ဆန်တို့ကို ဝယ်ယူလိုကြောင်းသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင်စိုက်ပျိုးနေသည့် စပါးများမှဂျပန် နိုင်ငံနှင့်စားသုံးသူ

တဦးချင်း သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များ စတင် ထုတ်ပေးလျှက်ရှိ

Photo: တဦးချင်း သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များ စတင်
ထုတ်ပေးလျှက်ရှိ
Monday, 24 December 2012

နယ်စပ် ကုန်သွယ်ရေး ဇုန်များတွင် ဒေသခံ ကုန်သည်ငယ်များနှင့် လုပ်ငန်းရှင်များ အတွက် တဦးချင်း အနည်းဆုံး သိန်း ၅၀ အထိ တင်ပို့၊ တင်သွင်းခွင့် ရှိသည့် သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များကို ဒီဇင်ဘာ ၁ ရက်နေ့မှ စ၍ ထုတ်ပေးလျှက် ရှိကြောင်း သိရသည်။

“ကျနော်တို့ဆီ ရောက်လာတဲ့ သွင်းကုန်ပစ္စည်း အားလုံး တရားဝင်လိုင်စင်နဲ့ သတ်မှတ်ထားတဲ့အခွန် ပေးဆောင်ပြီး သွားနေတယ်။ ဒေသ အနေအထား အရ လမ်းကြောင်း အသီးသီးကနေ သွားနေတာကိုတော့ မထိန်းချုပ်နိုင်ဘူး” ဟု မြ၀တီနယ် စပ်ကုန်သွယ်ရေး ဇုန်မှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ရန်နိုင်ထွန်းက ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်က လိုင်စင်အပိုင်း၊ ကုန်ပစ္စည်းအပိုင်း များနှင့် ပတ်သက်၍ ဖြေလျှော့ပေးမှုများ ရှိသော်လည်း ကုမ္ပဏီ လုပ်ငန်းရှင် တချို့သည် အခွန်ရှောင်ရန် တရားမ၀င် လမ်းကြောင်း အမျိုးမျိုးမှ ကွင်းရှောင် သယ်ပို့နေကြောင်း၊ သွင်းကုန်များတွင် စက်သုံးဆီ အများဆုံး ဖြစ်ပြီး အရက်၊ ဘီယာနှင့် ဆေးလိပ်များ ပါဝင်ကြောင်း၊ ယင်းကုန်ပစ္စည်းများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန (စီးပွား/ ကူးသန်း) က တရားဝင် ခွင့်ပြုသွားရန်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ဖြစ်သော မြ၀တီ နယ်စပ်
ကုန်သွယ်ရေးဇုန်ကို ဖြတ်၍ စက်သုံးဆီ၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ တင်သွင်းပြီး ရေနှင့် လယ်ယာ ထွက်ကုန်များ ပြန်လည် တင်ပို့လျှက် ရှိသည့် ယင်းဇုန်၏ တနေ့တာ ၀င်ငွေသည် အနည်းဆုံး အမေရိကန် ဒေါ်လာ ၂ သန်း နီးပါး ရှိကြောင်း သိရသည်။

“လိုင်စင်ဂျူတီ အပိုင်းကို ကုန်သည်က ပေးဆောင်ရတယ်။ လိုင်စင် မရှိတဲ့ သူတွေက ကုမ္ပဏီတွေနဲ့ ပေါင်းပြီး လုပ်ပေါ့။ ဒီမှာ အေးဂျင့်တွေ အများကြီး ရှိတယ်” ဟု ကုန်စည် စီးဆင်းမှု အတွက် ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီ တခုမှ ကိုညီညီအောင်က ပြောသည်။

အသေးစား သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များသည် ယင်းဒေသရှိ ကုမ္ပဏီ အေးဂျင့်များနှင့် ကုန်စည် သယ်ယူမှုများ ပြုလုပ်လျှက်ရှိပြီး ရန်ကုန်အထိ ကုန်စည်သယ်ယူ ပါက ၁၂ ဘီးကား တစီးလျှင် စရိတ်
၁၀ သိန်းခန့် ကုန်ကျကြောင်း သိရသည်။

ထိုင်းနိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများ တင်သွင်းနေသည့် ကုန်သည်တဦးက “ကျမတို့ အခွန်ပေးဆောင်ရတာတွေ
များနေတယ်။ အခု တရားဝင် လမ်းကြောင်းပေါ် အကုန်နီးပါး
ရောက်နေပြီလေ။ အခွန် နှုန်းထားတွေ ထပ်ချပေး သင့်တယ်” ဟု ဆိုသည်။

မြ၀တီ – ကော့ကရိတ် လမ်းကြောင်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နေသည့် ယာဉ်မောင်း ဦးဝင်းရွှေက “လမ်းမှာပိတ်ဆို့မှု ဖြစ်တယ်။ စည်းကမ်းမရှိ မောင်းနှင်တာကြောင့် လမ်းမှာ တစီးနဲ့တစီး တိုက်မိတာတွေ ရှိတယ်။ အခတ်အခဲ တွေကတော့ အများကြီးပဲ။ ဒီလမ်းကို ဒါထက် ကောင်းအောင် ပြင်ပေးရင် စီးပွားရေး လမ်းကြောင်း ပိုပြီးတော့ ပွင့်လင်းမယ်လို့ ထင်တယ်။ ခိုးလမ်းက အများဆုံးသွားတဲ့ သူတွေရှိတယ်” ဟု သူကပြောသည်။

ကုန်တင်ကားများ အတွက် လမ်းကြောင်း ချပေးသည့် အဖွဲ့အစည်းများကို ပေးရပြီး လမ်းဂိတ်များတွင်လည်း ကျပ် ၅၀၀၊ 
၁၀၀၀ စသည်ဖြင့် သတ်မှတ်ကြေးမရှိဘဲ တောင်းသည့်အတိုင်း
ပေးနေရသေးကြောင်း ကားသမား များထံမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် အဖွဲ့စုံပါဝင်သည့် Mobile Team ဖြင့် အကောက်ခွန် စည်းကြပ်မှုများ ပြုလုပ်သည့်အတွက် ကုန်သည်များ အခွန်ပေးဆောင် စရိတ် မြင့်တက်ပြီး ကုန်ဈေးနှုန်း ကျဆင်းမှုမှာ မဖြစ်နိုင်သေးကြောင်း ကုန်သည်များက ပြောသည်။

ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်းနှင့် မြိတ် လမ်းကြောင်း များတွင် အခွန်အကောက် စည်းကြပ်နိုင်သည့် Mobile Team များ ဖွဲ့စည်းကာ တရားဝင် တင်သွင်းခွင့် မပြုထားသည့် ကုန်စည်များ စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ၎င်းအဖွဲ့တွင် ပါဝင်သည့် နယ်စပ်ကုန်သွယ်ရေး ဌာန တာဝန်ရှိသူတဦးက ဆိုသည်။

ဧရာဝတီနယ်စပ် ကုန်သွယ်ရေး ဇုန်များတွင် ဒေသခံ ကုန်သည်ငယ်များနှင့် လုပ်ငန်းရှင်များ အတွက် တဦးချင်း အနည်းဆုံး သိန်း ၅၀ အထိ တင်ပို့၊ တင်သွင်းခွင့် ရှိသည့် သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များကို

ကျား၊ မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲ ကျင်းပမည်


မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း၏ စီစဉ်မှုဖြင့် ကျား၊မ အခြေပြု အကြမ်းဖက်မှု Gender based Violence ဟောပြောပွဲကို ဒီဇင်ဘာ ၂၆ ရက် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ဆီဒိုးနားဟိုတယ် Grand Ball Room တွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဟောပြော

ဘဏ်စာရင်းရှိရုံဖြင့် အွန်လိုင်းမှ ၀န်ဆောင်မှုပေး စနစ်များ အသုံးပြုနိုင်


ဘဏ်စာရင်း တစ်ခုရှိရုံဖြင့် အွန်လိုင်းမှဝန်ဆောင်မှု ပေးသည့်စနစ်များ အားလုံးအသုံးပြုနိုင်မည် ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှသိရသည်။ ယင်းသို့ အွန်လိုင်းမှဝန်ဆောင်မှု ပေးနေသည့် စနစ်များကို လက်ရှိတွင် ရတနာပုံတယ်လီပို့နှင့် ဘဏ် ခြောက်ဘဏ် ဖြစ်သည့် အာရှ စိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ သမ၀ါယမဘဏ် နှင့် ကမ္ဘောဇ

ရုရှားနိုင်ငံ အနေဖြင့် အီရန် နိုင်ငံသို့ စစ်ရေယာဉ်များ စေလွှတ်ရန် ဆန္ဒရှိ

Photo: ရုရှားနိုင်ငံ အနေဖြင့် အီရန် နိုင်ငံသို့ စစ်ရေယာဉ်များ စေလွှတ်ရန် ဆန္ဒရှိ
Monday, 24 December 2012

ရုရှား ဖျက်သင်္ဘော တစ်စီးသည် အီရန်နိုင်ငံ တောင်ပိုင်း Bandar Abbas ဆိပ်ကမ်းတွင် ကျောက်ချ ရပ်နားလျက် ရှိကြောင်း တီဟီရန် သတင်းစာက ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖော်ပြခဲ့ ပါသည်။

အဆိုပါ ရုရှား Marshal Shaposhnikov ဖျက်သင်္ဘောသည် အီရန် ဆိပ်ကမ်းတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျောက်ချ ရပ်နားခဲ့ကြောင်း အီရန် ရေတပ် ပြည်သူ့ ဆက်ဆံရေး ဌာနက ကြေညာခဲ့ ပါသည်။ အီရန် ဆိပ်ကမ်း၌ အဆိုပါ ဖျက်သင်္ဘော ကျောက်ချရပ်နား နေမှုသည် အီရန်နှင့် ရုရှားနိုင်ငံ အကြား စစ်ဘက် ဆက်ဆံရေး ခိုင်မာ အားကောင်းစေရန် ရည်ရွယ်ကြောင်း အီရန် ရေတပ် ဗိုလ်ချုပ်ကြီး Hossein Azad က ပြောကြားခဲ့ ပါသည်။

ရုရှားနိုင်ငံ အနေဖြင့် အီရန် နိုင်ငံသို့ စစ်ရေယာဉ်များ စေလွှတ်ရန် ဆန္ဒ ရှိမှုကို ဖော်ပြခဲ့ ကြပြီး အီရန်နိုင်ငံ အနေဖြင့်လည်း ကြိုဆိုရန် အသင့် ရှိသည်ဟု အီရန် ရေတပ် အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး Habibollah Sayyari က ဖေဖော်ဝါရီ လတွင် ပြောကြား ခဲ့ကြောင်း PressTV သတင်း ဌာနက ပြောကြားခဲ့ ပါသည်။

မြ၀တီရုရှား ဖျက်သင်္ဘောတစ်စီးသည် အီရန်နိုင်ငံ တောင်ပိုင်း Bandar Abbas ဆိပ်ကမ်းတွင် ကျောက်ချ ရပ်နားလျက် ရှိကြောင်း တီဟီရန် သတင်းစာက ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖော်ပြခဲ့ ပါသည်။
အဆိုပါ ရုရှား Marshal Shaposhnikov ဖျက်သင်္ဘောသည် အီရန် ဆိပ်ကမ်းတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျောက်ချ ရပ်နားခဲ့ကြောင်း

ဒါကို ကြည့်ပြီး အသည်း မယားပါနဲ့

လူတိုင်း မစွန့်စားရဲကြပါ။ စွန့်စားရဲတဲ့ သူတိုင်းလည်း သူရဲ ကောင်း မဟုတ်ပါ။ တချို့ စွန့်လွှတ်စွန့်စားကြတာဟာ ပုဂ္ဂလိကအတွက် မဟုတ်ဘဲ အများအကျိုး၊ လောက အကျိုးတို့ အတွက် ဖြစ်ကြ ပါတယ်။ တချို့ကတော့ တပါးသူတွေအသည်းယားအောင် ကြံကြံဖန်ဖန် စွန့်စားပြတတ်ကြပါတယ်။ ပုထုဇဉ်တွေဟာ တခု မဟုတ် တခုမှာ

သီပေါမင်း အုတ်ဂူသို့ သမ္မတ ဦးသိန်းစိန်သွားရောက် ဂါရ၀ပြု

သမ္မတ ဦးသိန်းစိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က အိန္ဒိယနိုင်ငံမှာ ရှိတဲ့ မြန်မာတို့ရဲ့ နောက်ဆုံး ဘုရင်သီပေါမင်း ရဲ့ အုတ်ဂူကို မြန်မာအစိုးရ ခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံး ရောက်ခဲ့ ပါတယ်။သီပေါမင်းနဲ့ သမ္မတဦးသိန်းစိန်၊ ဓာတ်ပုံ- အေအက်ဖ်ပီ ဦးသိန်းစိန် ရဲ့ အိန္ဒိယ နိုင်ငံ ခရီးစဉ်အတွင်းမှာ သီပေါမင်းရဲ့ အုတ်ဂူကို လွန်ခဲ့တဲ့ စနေနေ့က သွားရောက်ဂါရ၀ ပြုခဲ့တာပါ။ ပြီးတော့

မူလတန်းကျောင်း ပစ်ခတ်မှုနဲ့ စစ်ပွဲသုံးလက်နက်ကန့်သတ်ရေး


မူလတန်းကျောင်း ပစ်ခတ်မှုနဲ့ စစ်ပွဲသုံးလက်နက်ကန့်သတ်ရေး
Monday, 24 December 2012

Sandy Hook မူလတန်းကျောင်းက ပစ်ခတ်မှုကြောင့် ကလေးငယ်တွေ
သေဆုံးခဲ့ရတဲ့ အဖြစ်မျိုးကို နောက်နောင် မဖြစ်ပွားရအောင် ဘယ်လို ကာကွယ်ကြမလဲစဉ်းစားတဲ့အခါ ဒီလို ပြဿနာကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ရှာကြပါတယ်။

လူအများအပြားကို သေစေနိုင်တဲ့ လက်နက်ကြီး လက်နက်လတ်တွေကို လွယ်လွယ်ကူကူ ၀ယ်ယူနိုင်တာက ပြဿနာတရပ်ဖြစ်သလို စိတ်ရောဂါ အမျိုးမျိုး ကုသမှုကို လိုအပ်သူတိုင်းအတွက် မရနိုင်တာကလည်း
ပြဿနာ တရပ် ဖြစ်တယ်လို့ တွေ့ရပါတယ်။

ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ ဒီပစ်ခတ်မှုနောက်ပိုင်း လူအတော်များများ က လက်နက်ဥပဒေကို ပြင်ဆင်ပြဌာန်းဖို့ ဆန္ဒပြုလာကြပါတယ်။ လက်နက်ကို စူပါမားကက်တွေမှာ ကစားစရာဝယ်သလို အ၀တ်အစား ၀ယ်သလို ၀ယ်ချင်တိုင်း ၀ယ်နေတဲ့အတွက်လည်း မရောက်သင့်သူတွေ လက်ထဲကို လက်နက်မရောက်ရေး ထိမ်းချုပ်ဖို့ ခက်နေတာပါ။

အမေရိကန် ရိုင်ဖယ်အသင်းရဲ့ ဒုဥက္ကဌ လာပဲ က ဘယ်လို လက်နက် ထိမ်းချုပ်မှု ဥပဒေပြဌာန်းချက်ကိုမဆို ကန့်ကွက်တယ်လို့ သတင်းဌာနတွေကို ဒီကနေ့ ပြောပါတယ်။

သူက - ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် လက်နက် မကန့်သတ်တဲ့ အပြင် လက်နက်တောင် ပိုပြီး တပ်ဆင်ရမယ်လို့ ပြောပါတယ်။
သေနတ်ကိုင်ထားတဲ့ လူဆိုးတွေကို ဟန့်တားဖို့ သေနတ်ကိုင်ထားတဲ့ လူကောင်းတွေ ပိုခန့်ရမယ်လို့ ဆိုပါတယ်။ သူ့ဖြေရှင်းနည်းကတော့ ကလေးကျောင်းတိုင်းမှာ လက်နက်ကိုင် အစောင့်တွေ ချထားဖို့ ပါပဲတဲ့။
အမေရိကန်ရိုင်ဖယ်အသင်းမှာ အသင်းဝင် ၄ သန်းရှိတယ်လို့ ဆိုပါတယ်။

လာမဲ့လမှာ သမ္မတ အိုဘားမားက လက်နက်ထိမ်းချုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တခုခု ချမှတ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ ကျောင်းတွေရဲ့ သုံးပုံတပုံမှာ လက်နက်ကိုင်အစောင့် ချထားပြီးဖြစ်ပေမဲ့ ကျောင်းပရ၀ဏ်ကို လက်နက်ကင်းမဲ့ရာဇုံအဖြစ် သတ်မှတ်ထားရှိဖို့ အများစုက လိုလားပါတယ်။

ရုရှနိုင်ငံမှာ စစ်ထမ်းခဲ့ပြီး လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်က အမေရိကန် ကို ပြောင်းရွှေ့နေထိုင်သူ ကလေးဖခင်တဦးက - ခင်ဗျားတို့ ဒီလိုလက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ ကလေးကျောင်းကို အကျဉ်းထောင် ပုံစံ ဖြစ်လာအောင် လုပ်မလို့လား။ ကျောင်းတွေ အားလုံးအတွက် လက်နက်ကိုင် အစောင့်ထားဖို့၊ ကျောင်း အဆောက်အဦးတွေကို ကျည်ကာနံရံတွေ၊ မှန်တွေကို ကျည်ကာမှန်တွေနဲ့ လုပ်နိုင်မဲ့အခြေအနေရှိမလား။ ဘယ်က ငွေနဲ့ လုပ်ကြမလဲ။ လူတိုင်းက တယောက်ကို တယောက်မယုံသင်္ကာနဲ့ ကြောက်လန့်ရတဲ့ အခြေအနေ တခုကို ဖန်တီးမလို့လားလို့ မေးခွန်းထုတ်ပါတယ်။ သူ့ကလေးကတော့ ဘီဒိုထဲဝင်ပုန်းနေတဲ့အတွက် ပစ်ခတ်မှုမှာ လွတ်မြောက်ခဲ့ပါတယ်။

အရင်ကတည်းက လက်နက်ရောင်းချမှုမှာ စစ်ပွဲသုံးလက်နက်တွေကိုပါ
ရောင်းချခွင့်ပေးခဲ့တဲ့အတွက် ပစ်ခတ်မှုတွေမှာ ထိခိုက်သေဆုံးမှု ပိုများခဲ့တယ်လို့ လက်နက်ဥပဒေပြင်ဆင်ရေးလိုလားသူတွေက ပြောပါတယ်။ စင်ဒီဟွခ် ကျောင်းမှာ ပစ်ခတ်ခဲ့တဲ့ သေနတ်ဟာ မိနစ်ပိုင်းအတွင်း ကျည် ၁၀၀ လောက် ပစ်နိုင်တဲ့ စစ်ပွဲသုံးလက်နက်ဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ ၆-၇ နှစ်အရွယ်ကလေးတွေရဲ့ ခန္ဓာမှာ ကျည်ပေါင်းများစွာ ထိမှန်ခဲ့တာပါ။

လက်ရှိမှာ လက်ဝယ် လက်နက်ဝယ်ယူပိုင်ဆိုင်ထားသူတွေက အသစ်ပြဌာန်းမယ့် ဥပဒေကြောင့် သူတို့ရဲ့ လက်နက်ပိုင်ဆိုင်ခွင့်ကို ဆုံးရှုံးမှာကို စိုးရိမ်တဲ့အတွက် ဥပဒေသစ်ကို ကန့်ကွက်ချင်ပေမဲ့ တဘက်ကလည်း လက်နက်ဝယ်သူရဲ့ နောက်ကြောင်းရာဇ၀င်ကို စစ်ဆေးဖို့ဆိုတဲ့ အဆိုကို လက်ခံလိုသူတွေများလာတယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။

အားလုံးကတော့ လာမဲ့ ဇန်န၀ါရီလမှာ ထွက်ပေါ်လာမယ့် သမ္မတအိုဘားမား ဖွဲ့စည်းတာဝန်ပေးထားတဲ့ အဖွဲ့ရဲ့ အကြံပေးချက်ကို စောင့်ကြည့်နေကြ ပါတယ်။

Burma-NewseliteSandy Hook မူလတန်းကျောင်းက ပစ်ခတ်မှုကြောင့် ကလေးငယ်တွေသေဆုံးခဲ့ရတဲ့ အဖြစ်မျိုးကို နောက်နောင် မဖြစ်ပွား ရအောင် ဘယ်လိုကာကွယ် ကြမလဲ စဉ်းစားတဲ့အခါ ဒီလို ပြဿနာ ကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ရှာကြပါတယ်။ လူအများ အပြား ကို သေစေနိုင်တဲ့လက်နက်ကြီး လက်နက်လတ်တွေကို လွယ်လွယ် ကူကူဝယ်ယူနိုင် တာက ပြဿနာတရပ်ဖြစ်သလို စိတ်ရောဂါအမျိုးမျိုး ကုသမှုကို လိုအပ်သူတိုင်းအတွက် မရနိုင်တာ ကလည်းပြဿနာ

FOREMOST နှင့် မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်း ပူးပေါင်း နို့သောက်သုံးမှု မြှင့်တင်ရေး စီစဉ်လျက်ရှိ

FOREMOST နှင့် မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်း ပူးပေါင်း နို့သောက်သုံးမှု မြှင့်တင်ရေး စီစဉ်လျက်ရှိ

Foremost နှင့် မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်း ပူးပေါင်း၍  နို့သောက်သုံးမှု မြှင့်တင်ရေး အစီအစဉ် ပြုလုပ် သွားမည်ဟု သိရသည်။ အဆိုပါ နို့သောက်သုံးမှု မြှင့်တင်ရေး  အစီ အစဉ်တွင် ကျောင်းသုံးကျောင်းရှိ ကျောင်းသား ဦးရေ ၁ဝဝဝ ကို အပတ်စဉ် နို့တိုက်ကျွေးနိုင်ရန် Foremost မှ ဆောင်ရွက် သွားမည်ဟု သိရသည်။

နို့နှင့် နို့ထွက်ပစ္စည်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျောင်းနေအရွယ် ကလေးများ နို့သောက်သည့် အလေ့အထများ ရရှိစေရန် ဖြစ်ကြောင်း  မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

အခြေခံ ကျောင်းသားများ နို့တိုက်ကျွေးမှု အစီအစဉ်တွင် ပြည်ပမှ တင်သွင်း လာသည့် နို့မှုန့်၊ နို့များ တိုက်ကျွေးခြင်းကို လက်မခံ သဖြင့် Foremost မှ မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ တိုက်ကျွေးခြင်း ဖြစ်ကြောင်း လည်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။ 

လက်ရှိ နို့တိုက်ကျွေးမှု အစီအစဉ်တွင် ၂ဝဝဝ ပြည့်နှစ်က စတင်၍ ကမ္ဘာ့ နို့တိုက်ကျွေးရေး နေ့အဖြစ် သတ်မှတ်ပြီး တိုက်ကျွေးခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်းမှ အခြေခံ ကျောင်းပေါင်း ၂၁ ကျောင်း တွင် ကျောင်းသား ၂၁၄ဝ ကျော် ကို အပတ်စဉ် နို့တိုက်ကျွေးကြောင်း သိရသည်။

ယခု Foremost မှ ကျောင်းသား ဦးရေ ၁ဝဝဝဝ တိုးချဲ့ကာ နို့တိုက်ကျွေးမည့် အစီအစဉ်ကြောင့် ကျောင်းသားပေါင်း ၃၁၄ဝ ကျော်ကို အပတ်စဉ် နို့တိုက်ကျွေး သွားနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။ နို့သောက်သုံးမှု အစီအစဉ် အဖြစ် ကျောင်းသားများကို အပတ်စဉ် နို့တိုက်ကျွေးမှုတွင် ယခု စာသင်နှစ် မကုန်မီ တိုက်ကျွေး သွားမည် ဟု သိရသည်။

http://www.myawady.com.mm/allnews/localnews/item/2642-2012-12-24-09-01-22 Foremost နှင့် မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်းပူးပေါင်း ၍ နို့သောက်သုံးမှု မြှင့်တင်ရေး အစီအစဉ် ပြုလုပ်သွားမည်ဟု သိရ သည်။ အဆိုပါ နို့သောက်သုံးမှု မြှင့်တင်ရေးအစီအစဉ်တွင် ကျောင်း သုံးကျောင်းရှိ ကျောင်းသားဦးရေ ၁ဝဝဝ ကို အပတ်စဉ် နို

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရန် ပထမအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုစာရင်း ထုတ်ပြန်


မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရန် ပထမအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုစာရင်း ထုတ်ပြန်


မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်အား လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဆုံရပ် Airport LogisticHub အဖြစ် အဆင့်မြှင့်တင်ရန် ပထမဆင့်တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၇ ခု၏ စာရင်းအား လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကုမ္ပဏီ ၇ ခုအား အကြိုအရည်ချင်း စစ်ဆေးရေးကော်မတီမှ ပထမအဆင့် တင်ဒါလာရောက်လျှောက်ထားသည့် ကုမ္ပဏီ ၁၆ ခုမှ စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့စိစစ်ရွေးချယ်ရာတွင် ငွေကြေးခိုင်မာမှု၊ လုပ်ငန်းအတွေ့ကြုံရှိမှု၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်မှုနှင့် စက်ပစ္စည်းကိရိယာ ပြည့်စုံမှု စသည့်အချက်များအား အခြေခံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေကြောင်းကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွင် ကုန်တင်လေယာဉ်ကြီးများ တိုက်ရိုက်ဆင်းသက်ကာ လေကြောင်းကုန်စည်ထောက်ပံ့ရေး ဆုံရပ်အဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

“စီးပွားရေးအရ အချက်အချာကျတဲ့ မန္တလေးလေဆိပ်ကနေ ပြည်ပနိုင်ငံတွေကို လေကြောင်းကုန်စည်တွေ တိုက်ရိုက်တင်ပို့နိုင်တဲ့ လေဆိပ်ကြီးတစ်ခုဖြစ်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။ ဒုတိယအဆင့်တင်ဒါကိုလည်း မကြာမီ ခေါ်ယူသွားမှာပါ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအား အကြိုအရည်ချင်း စစ်ဆေးသည့် လျှောက်လွှာခေါ်ယူရာတွင် လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး Master Plan၊ ခရီးသည်များအတွက် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေဆိပ်အဆောက်ဦအတွင်းနှင့် အပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှင့် Master Plan တွင် ထည့်သွင်းရေးဆွဲထားချက်အရ အနာဂတ်တွင် လိုအပ်သည့် လေဆိပ်အဆောက်အုံ တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားသည့်နေရာ တိုးချဲ့ခြင်းများ ပါဝင်သည့် လုပ်ငန်းစဉ် ၈ ချက်အား ထည့်သွင်းခေါ်ယူခဲ့သည်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် သက်ဆိုင်သည့် အချက်အလက်များ

၁။       လေဆိပ်အဖြစ် သတ်မှတ်ထားသည့် အကျယ်အ၀န်း ဧရိယာ ၂၇၅၄၄ .၇၃ ဧကရှိ

၂။       လက်ရှိလေဆိပ်အဆောက်ဦးနှင့် ပြေးလမ်းအဖြစ် အသုံးပြုနေသည့် ဧရိယာ ၃၆၈၂ ဧကရှိ

၃။       လေဆိပ်အဆောက်ဦနှင့် ဆက်စပ်လုပ်ငန်းများအား ၁၉၉၄ ခုနှစ်၊ မတ်လက Italian-Thai

          Development Public ကုမ္ပဏီမှ အမေရိကန်ဒေါ်လာသန်း ၁၅၀ အကုန်ကျခံ တည်ဆောက်ခဲ့။

၎။       ပြေးလမ်းနှင့် ဆက်စပ်လုပ်ငန်းများအား ပြည်သူ့ဆောက်လုပ်ရေးမှ ၁၉၉၆ ခုနှစ်၊ မတ်လတွင် မြန်မာကျပ်ငွေ

          သန်းပေါင်း ၈၀၄၉ .၅၂ သန်း အကုန်ကျခံ တည်ဆောက်ခဲ့။

၅။       မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၁၇ .၉ .၂၀၀၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့။

____________________________________
Reference and Credit to -Eleven Media Group
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်အား လေကြောင်းကုန် စည် ထောက်ပံ့ပို့ဆောင်ရေးဆုံရပ် Airport LogisticHub အဖြစ် အဆင့်မြှင့်တင်ရန် ပထမဆင့်တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၇ ခု၏ စာရင်းအား လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်

ဂင်းနစ် စံချိန်တင်ခဲ့သည့် အကြမ်းခံနိုင်ဆုံး အသက်ကယ်လှေ

ဂင်းနစ် စံချိန်တင်ခဲ့သည့် အကြမ်းခံနိုင်ဆုံး အသက်ကယ်လှေ

နော်ဝေနိုင်ငံ အေရမ်ဒယ်လ်မြို့တွင် အသက်ကယ်လှေ တစ်စင်းအား အမြင့် ၂ဝ၁ ပေမှ ရေထဲသို့ ပစ်ချ စမ်းသပ်ခဲ့ရာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိသည့် အတွက် အဆိုပါ လှေအား အကြမ်းခံနိုင်ဆုံး အသက်ကယ်လှေ အဖြစ်     ဂင်းနစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းအသက်ကယ် လှေအား ကွန်တိန်နာ သင်္ဘော၏ ကိုယ်ထည်နှင့် ရေနံတူးစင်များ တည်ဆောက် သကဲ့သို့ ဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပြီး လိုအပ်ပါက အရေးပေါ် အခြေအနေတွင် အလုပ်သမားများ က ၎င်းအသက် ကယ်လှေအား ရေထဲသို့ ဘေးကင်းလုံ ခြုံစွာ ပစ်ချနိုင်ကြောင်း သိရသည်။

အဆိုပါ အသက်ကယ်လှေအမည်မှာ GES 50 MK III ဖြစ်ပြီး  အမြင့် ၁၅၄ ပေမှ ရေထဲသို့ ပစ်ချနိုင်ရန် ထုတ်လုပ်ထား သော်လည်း သတ်မှတ် အမြင့် ထက် ပိုမိုမြင့်မားသည့် အမြင့်ပေမှ ကရိန်းဖြင့် ဆွဲတင်ပြီး စမ်းသပ်ပစ်ချ ကြည့်ရာ ဘေးကင်းလုံခြုံစိတ်ချရမှု အပြည့်အဝရရှိပြီး အောင်မြင်ခဲ့သည့် အတွက် ကမ္ဘာတစ်ဝန်းတွင်  ဘေးကင်း စွာ အသုံးပြုနိုင်ပြီဖြစ်သည်။

၎င်းအသက်ကယ် လှေသည် ရေထဲသို့ ၉ဝ ဒီဂရီတည့်တည့် ထိုးဆင်းနိုင်ပြီး တည့်တည့်မတ်မတ် ရှိနေရန်ပြုလုပ် ထားကာ  စီးနင်းသူများ ဘေးကင်းမှုရှိ စေရန်   ခါးပတ်တပ်ဆင်ထားကြောင်း သိရသည်။ 

အရေးပေါ်အခြေအနေဖြစ်ပါက လူများသည် တစ်မိနစ်ခွဲ အချိန်အတွင်း အဆိုပါ လှေပေါ်သို့ တက်နိုင်သည့်အပြင် ၎င်းလှေအတွင်း၌  လူ ၇ဝ ဦးဝင် ရောက်နေနိုင်ကြောင်း သိရသည်။နော်ဝေနိုင်ငံ အေရမ်ဒယ်လ်မြို့တွင် အသက်ကယ်လှေ တစ်စင်းအား အမြင့် ၂ဝ၁ ပေမှ ရေထဲသို့ပစ်ချ စမ်းသပ်ခဲ့ရာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိသည့်အတွက် အဆိုပါလှေအား အကြမ်းခံနိုင်ဆုံး အသက်ကယ်လှေ အဖြစ် ဂင်းနစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။ ယင်း အသက် ကယ် လှေအား ကွန်တိန်နာသင်္ဘော၏ ကိုယ်ထည်နှင့် ရေနံတူးစင်များ

"မန်းတွင် အရစ်ကျစံနစ်ဖြင့်Taxi ကားများ ၀ယ်ယူနိုင်"

"မန်းတွင် အရစ်ကျစံနစ်ဖြင့်Taxi ကားများ ၀ယ်ယူနိုင်"

မန္တလေး၊ ဒီဇင်ဘာ ၂၄

 မန္တလေးမြို့တွင် Taxi ကားများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။ ၀ယ်ယူလိုလျင် အာမခံပေးသူ နှစ်ယောက်လိုအပ်မည်ဖြစ်ပြီး ၀ယ်မည့်သူ၏ မှတ်ပုံတင်၊ 
သန်းခေါင်စာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာများလိုအပ်ပြီး အာမခံပေးမည့်သူနှစ်ယောက်အတွက်လည်း အဆိုပါအချက်အလက်များလိုအပ်မည် ဖြစ်ကြောင်း Taxi 
ကားအရစ်ကျရောင်းပေးမည့် Best Auto ကားအရောင်းဌာနမှ ဒုလက်ထောက်မန်နေဂျာ ဦးလှကျော်စွာကပြောသည်။

 "Taxi ကားတွေကို အရစ်ကျနဲ့ရောင်းပေးသွားမှာပါ။ နှစ်နှစ်နဲ့ဝယ်ချင်တယ်ဆိုလည်း နှစ်နှစ်အရစ်ကျ၊ သုံးနှစ်နဲ့ ၀ယ်ချင်တယ်ဆိုလည်း သုံးနှစ်အရစ်ကျနဲ့ ရောင်းပေးသွားမှာပါ။ 
ကနဦးပေးသွင်းငွေ ၃၅သိန်းပေးသွင်း ပြီးရင် ကားကို စပေးလိုက်မယ်။ ပြီးရင် နေ့စဉ် ၁၃၀၀၀ကျပ် နှုန်းပေးသွင်းရမှာဖြစ်ပါတယ်။ ဒုတိယအရစ်အနေနဲ့ တစ် နှစ်အတွင်း သိန်းသုံးဆယ်ကို 
ပေးသွင်းရမှာဖြစ်ပါတယ်။ သိန်းသုံးဆယ် ပေးသွင်းပြီးရင်တော့ နေ့စဉ်ပေးသွင်း ငွေက သောင်းတစ်ထောင်ကျပ်ပဲ ပေးသွင်းရတော့မှာ ဖြစ်ပါတယ်။ သုံးနှစ်ပြည့်တဲ့ အချိန်မှာ ကားတစ်စီးပိုင်နိုင် အောင် 
စီစဉ်တာမျိုးပ"ါဟု ဦးလှကျော်စွာက ပြောသည်။

 ရောင်းချပေးမည့် ကားအမျိုးအစားများမှာ တိုင်းဒေသကြီး၏ ခွင့်ပြုချက်ဖြင့် တင်သွင်းထားသော ကားအမျိုးစားများဖြစ်ပြီး Toyota Probox, Nissan AD Van, Toyota Belta 
ကားအမျိုးစားများဖြစ်ကာ သုံး နှစ်အရစ်ကျဖြင့် ပေးသွင်းမည်ဆိုလျှင် ကျပ်သိန်း ၁၈၀ခန့် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။  ကားတန်ဖိုး ကျေမှသာလျှင် 
ကားပိုင်ဆိုင်ကြောင်းအထောက်အထားများရရှိမည် ဖြစ်ပြီး သုံးနှစ်အရစ်ကျဖြင့်ပေးဝယ်လိုသူများ သုံးနှစ်အတွင်း ပေးချေရန်ပျက်ကွက်ခဲ့ပါက ကုမ္ပဏီဘက်မှ လေးနှစ်အထိ ပေးချေနိုင်အောင် 
စီစဉ်ပေးသွား မည်ဖြစ်ပြီး ပျက်ကွက်ခဲ့ပါက ကားပိုင်ဆိုင်ရန် အခွင့်လမ်းနည်းသွားမည်ဖြစ်ကြောင်း Best Auto မှ ဒုလက်ထောက်မန်နေဂျာ ဦးလှကျော်စွာမှ ပြောသည်။

 "Taxi လုပ်ငန်းအနေနဲ့ ကျွန်တော်တို့အောင်မြင်ပါတယ်။ ရန်ကုန်မှာဆို ငါးခုမြောက် Taxi sale and Service Centre ကို ဖွင့်လှစ် နိုင်ခဲ့ပါပြီ။ မန်းလေးမှာကတော့ အခုမှစပြီး 
ဆောင်ရွက်တာပါ။  အခုလက်ရှိ ရန်ကုန်မှာ တော့ အစီး တစ်ရာကျော် ပြေးဆွဲနေပါပြီ"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

 "အရစ်ကျစံနစ်နဲ့ ၀ယ်နိုင်တာတော့ မဆိုးပါဘူး။ ဒါပေမယ့် မန္တလေးက ဆိုင်ကယ်မြို့တော်လေဗျာ။ ဒီမှာ Taxi ဆွဲတဲ့အခါ နန်းရှေ့ကနေ ဘုရားကြီးတစ်ကြောင်းငှားတယ်ဆိုရင် 
ဘုရားကြီးကနေ ဒီဘက်ကို တစ်ကြောင်း ပြန်ရဖို့မလွယ်ဘူး။ Taxi သမားတွေ တစ်ရက်တစ်သောင်းဝင်ဖို့မလွယ်ဘူးဗျ။ ၀င်တယ်ဆိုရင်တောင် ပုံမှန်မရှိ ဘူး"ဟု မန်းလေးမြို့မှ Taxi သမားတစ်ဦးက 
သုံးသပ်သည်။

 Best Auto ကားအရောင်းဌာနမှ ကားများကို ၀ယ်ယူလိုလျှင် ကုမ္ပဏီတည်ရှိရာ  ၇၁လမ်း၊ ၂၈×၂၉လမ်းကြားရှိ အရာင်းဌာနသို့ သွားရောက်စုံစမ်းနိုင်ကြောင်းသိရသည်။

PLPမန္တလေးမြို့တွင် Taxi ကားများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင် ပြီဖြစ်ကြောင်းသိရသည်။ ၀ယ်ယူလိုလျင် အာမခံပေး သူ နှစ်ယောက် လိုအပ်မည်ဖြစ်ပြီး ၀ယ်မည့်သူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာများ လိုအပ်ပြီး အာမခံပေး မည့် သူနှစ်ယောက်အတွက်လည်း အဆိုပါ အချက်အလက်များလို အပ်မည် ဖြစ်ကြောင်း Taxi ကားအရစ်ကျရောင်းပေးမည့် Best Auto

ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ

sex-worker-by-news.coom“ကျွန်မတို့က မြေစာပင်တွေပါ" ခန္ဓာကိုယ်ဖြင့် ရင်းတည်ကာ အသက်မွေး ဝမ်းကျောင်းပြုနေရသည့် လိင်အလုပ်သမ ဖြစ်သူ အသက် ၃၃ နှစ်အရွယ် မနဒီ(အမည်လွှဲ)က ငိုသံ ဖြင့်မျက်ရည်ဝဲကာ ပြောပြ သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရန်ကုန်မြို့တော်၏ လူ စည်ကားသည့် တစ်နေ ရာတွင် ပြည့်တန်ဆာ ကျော်ဇောမှု ၃(ဃ)ဖြင့် ဖမ်းဆီး ခံလိုက်ရသည့် လုပ်ဖော်ကိုင်ဖက် များနှင့်ပတ်သက်၍ သူမက

မြောက်ကိုရီယား ဒုံးကျည်နည်းပညာ တိုးတက်လာ

မြောက်ကိုရီယား ဒုံးကျည်နည်းပညာ တိုးတက်လာ 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးပျံ အစိတ်အပိုင်း တခုအရ မြောက်ကိုးရီးယားဟာ ပဲ့ထိန်းဒုံးကျည်နည်းပညာ သိသိသာသာ တိုးတက်လာတာကို တွေ့ရတယ်လို့ တောင်ကိုးရီးယား က ပြောဆိုလိုက်ပါတယ်။

အလေးချိန် ၅၀၀ ကနေ ၆၀၀ ကီလိုဂရမ်ရှိတဲ့ ထိပ်ဖူးသာ သယ်ဆောင်နိုင်တယ်ဆိုရင် အထီးကျန် ဖြစ်နေတဲ့ အိမ်နီးချင်း မြောက်ကိုရီးယား နိုင်ငံဟာ မိုင်ပေါင်း ၆ ထောင်ကျော် ကီလိုမီတာ ၁ သောင်းကျော် ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တခုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီ ဆိုပြီး တောင်ကိုးရီးယား ကာကွယ်ရေး ၀န်ကြီးဌာန အရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အခု စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်နှုန်းဟာ အမေရိကန် ပြည်ထောင်စုရဲ့ အနောက်ဘက်ကမ်းခြေ အထိ ရောက်နိုင်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
 
ဒါပေမဲ့လည်း ဒုံးကျည်မှာ တပ်ဆင်နိုင်တဲ့ အသေးစား နျူကလီးယား ဗုံး နည်းပညာတော့ ဖွံ့ဖြိုးတဲ့ပုံ မရှိဘူးလို့လည်း တောင်ကိုးရီးယား အရာရှိတွေက ပြောပါတယ်။
 
မြောက်ကိုးရီးယား ဘက်ကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့က လွှတ်တင်လိုက်တဲ့ ဒုံးကျည်ဟာ အာကသ လမ်းကြောင်းထဲကို ရာသီဥတု ဆိုင်ရာ ဂြိုဟ်တု တလုံးလွှတ်တင်ခြင်းသာ ဖြစ်ပြီး ငြိမ်းချမ်းရေးကို ချိုးဖောက်လုပ်ဆောင်မှု တစုံတရာ မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။
 
သောကြာနေ့တုန်းကတော့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ဒုံးကျည်ဆိုင်ရာ သိပ္ပံပညာရှင်တွေကို  ပြုံယမ်းမြို့တော်မှာ တည်ခင်းတဲ့ ညစာစားပွဲ တခုမှာ မြောက်ကိုးရီးယားရဲ့ ဒုံးကျည် နည်းပညာ တိုးတက်စေဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ 

http://burmese.voanews.com/content/north-korea-rocket-12-23-12/1570792.html
မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးပျံအစိတ်အပိုင်း တခု အရ မြောက်ကိုးရီးယားဟာ ပဲ့ထိန်းဒုံးကျည်နည်းပညာ သိသိသာသာ တိုးတက်လာတာကို တွေ့ရတယ်လို့ တောင်ကိုးရီးယား က ပြောဆို

တောင်တက်ကားများအား ငွေကြေးတောင်းခံခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့အား KNU မှ တာဝန်ရှိသူများ လာရောက်ရှင်းလင်း

တောင်တက်ကားများအား ငွေကြေးတောင်းခံခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့အား KNU မှ တာဝန်ရှိသူများ လာရောက်ရှင်းလင်း

Monday, 24 December 2012 01:45


တောင်တက်ကားများအား ငွေကြေးတောင်းခံခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့နှင့် တောင်တက်ကားအသင်း တာဝန်ရှိသူတို့အား KNU မှ တာဝန်ရှိသူများက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လာရောက်ဆွေးနွေး ရှင်းလင်းခဲ့ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးစံမြင့်၏ ပြောကြားချက်အရ သိရသည်။

KNU တာဝန်ရှိသူများ လာရောက်ရှင်းလင်း ညှိနှိုင်းဆွေးနွေးခြင်းမှာ ဖြစ်ပွားခဲ့သောကိစ္စနှင့် ပတ်သက်၍ နောက်နောင်မဖြစ်ပွားစေရန် ထိန်းသိမ်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို အဓိကထား ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ KNU တပ်ဖွဲ့ဝင်များသည် တောင်တက်ယာဉ် တစ်စီးလျင် ငါးသိန်းကျပ်ဖြင့် အစီးနှစ်ရာအတွက် ကျပ်သိန်းတစ်ထောင် ပေးရမည်ဖြစ်ပြီး မပေးဆောင်နိုင်သည့်အတွက် ကင်ပွန်းစခန်းတွင် ၁၀ မိနစ်ခန့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် ယာဉ်ပိုင်ရှင်များမှလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရမည်ဖြစ်ကြောင်း ကနဦးသတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းသို့ ဖြစ်ပွားခဲ့သည့် ညတွင် KNU တပ်ဖွဲ့ဝင်များ ပိုက်ဆံများ တောင်းသွားသည်မှာ မဟုတ်ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရမည်ဟု ပြောကြားခဲ့ခြင်းမှာ မှန်ကန်ကြောင်း တောင်တက်ကားအသင်း ဥက္ကဋ္ဌ ဦးဝီတင်က ပြောကြားသည်။

ထိုသို့ဖြတ်သန်းသွားမှု ပြုလုပ်ခဲ့သော တပ်ဖွဲ့ဝင်မှာ ၈ ဦးဖြစ်ပြီး၊ ၎င်းအား KNU ဗဟိုသို့ တင်ပြထားပြီး မည်သို့အရေးယူ ဆောင်ရွက်မည်ကို မသိရသေးကြောင်း မိမိတို့အား ပြောကြားခဲ့သည်ဟု ဦးဝီတင်က ဆိုသည်။ လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုအား KNU ဘက်မှ ဆက်ဆံရေးရုံးတာဝန်ခံ ဦးအောင်သောင်းသိန်း၊ KNU တပ်မဟာ (၁) တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးမောင်စိန်၊ အခြားအဆင့် တစ်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။


ငွေကြေးတောင်းခံမှု ဖြစ်ပေါ်ခဲ့သည့် ကျိုက်ထီးရိုး တောင်တက်လမ်းပေါ်ရှိ ၁၀ မိနစ်စခန်း


Eleven Media Groupတောင်တက်ကားများအား ငွေကြေးတောင်းခံခဲ့သည့်ကိစ္စနှင့် ပတ်သက် ၍ ကျိုက်ထီးရိုး ဘုရား ဂေါပကအဖွဲ့နှင့် တောင်တက်ကားအသင်း တာဝန်ရှိသူတို့အား KNU မှ တာဝန်ရှိသူများက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လာရောက်ဆွေးနွေး ရှင်းလင်းခဲ့ကြောင်း ဂေါပကဥက္ကဋ္ဌ

ဒေါ်စုမှ ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောသည်နှင့် ရွှေတိဂုံစေတီပေါ်တွင် ဠင်းတ များ လာရောက်နားပြသည့်နမိတ်ဖြစ်ပွါး

ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် မိမိ အနေနှင့် ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောကြားခဲ့ပါသည် ။ထို့အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသားခဲ့သော

ကျိုက်ထီးရိုးတွင် ကားသမားထံမှ အတင်းအဓမ္မ တောင်းယူသွားသော ငွေ ၇ သိန်းကို KNU အဖွဲ့ မှ ပြန်လည်ပေးအပ်

KNU ကမ်းဘဲခေါင်းဆောင်သည့်အဖွဲ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကျိုက်ထီးရိုး တောင်တက်ယာဉ်တစ်စီးမှ အတင်း အ ဓမ္မတောင်းယူသွားသော ငွေ ၇ သိန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ တွင်