ထို့နောက် ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံတည်ဆောက်ရေး နာယကအဖွဲ့ဝင် မန္တလေး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ကကျောက်စိမ်းစေတီ တည်ထားကိုးကွယ်ရန် အလှူရှင်အနေဖြင့် ရည်ရွယ်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း၊ စေတီပြီးစီးပါက တိုင်းဒေသကြီးအတွက် ဂုဏ်ကျက် သရေ ဆောင်လာမည် ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် စေတနာ သဒ္ဓါတရား ထက် သန်စွာ အလှူပြု ခွင့်ရသည့် အချိန်တွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြ စေလိုကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍ ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်းဓမ္မာရုံ တည်ဆောက်ရေး ဦးစီး ကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်က ကျောက်စိမ်း စေတီနှင့်ကျောက်စိမ်း ဓမ္မာရုံတည်ထားကိုးကွယ်ရန် အတွက် ကျောက်စိမ်း စုဆောင်းထားရှိမှု၊ စေတီတည်နေရာ၊ အရွယ်အစား၊ ဥာဏ်တော် အမြင့်ပေနှင့် စေတီဆိုင်ရာအချက်အလက်များ၊ ပါရှိမည့်ပန်းချီပန်းပုလက်ရာများ၊ အလှူရှင်များမှ အလှူငွေ၊ ကျောက်စိမ်းများနှင့် အခြားလှူဖွယ်ပစ္စည်းများ လာရောက်လှူဒါန်းမှု အခြေ အနေ၊ စေတီအောင်မြင်စွာ တည်ထားကိုးကွယ် နိုင်ရေးအတွက် လိုအပ်ချက်များနှင့် ဆက်လက်ဆောင် ရွက်သွား မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သူများက အထွေထွေ ဆွေးနွေးတင်ပြကြကာပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဝေရောစန ကျောက်စိမ်းစေတီတော်ပုံစံငယ်ကို ကြည့်ရှု ကြည်ညို ခဲ့ကြကြောင်း သတင်း ရရှိသည်။
မြ၀တီ
No comments:
Post a Comment