Tuesday, 18 December 2012

ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး


Photo: ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး

Tuesday, 18 December 2012
ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့ ဆိပ်ကြီး အရှေ့ရပ်ကွက် သဗ္ဗ သိဒ္ဓိရှင် မြို့ဦး စေတီတော်၌ ယနေ့ နံနက် ၇ နာရီ ခွဲတွင် ကျင်းပ သည့် စေတီ ပရဝဏ် အတွင်း မုခ်ဦး၊
ဝိသုံဂါ မသိမ်၊ စက်တော်ရာ ဗိမာန် အထွတ်များ၏ ထီးတော် တင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ
တက်ရောက်ပြီး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ဆိပ်ကြီး ခနောင်တို မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ပါ၊ တာဝန်ရှိ သူများ၊ အလှူရှင် များနှင့် အတူ ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော် တို့ကို တင်လှူ ပူဇော်သည်။

ထို့နောက် ဓမ္မရာဇာ မုနိ မြတ်ဗုဒ္ဓ ဘုရားရှင် ကျောင်းတော်ရာ ဗိမာန်တော်တွင် ရေစက်ချ အခမ်း အနားကို ဆက်လက် ကျင်းပရာ မြို့နယ် သံဃ နာယက အဖွဲ့ ဥက္ကဋ္ဌ စလင်း ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ မေဓာနန္ဒ ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ လှူဒါန်းမှု အစုစု အတွက် ရေစက် သွန်းချ အမျှ ပေးဝေ ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်သည် ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ တံတား ရှင်းလင်းဆောင် ရှုရပ်မှ တံတား တည်ဆောက် ပြီးစီး မှုများကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းဆောင် အစည်းအဝေး ခန်းမ၌ တံတား ဆောက်လုပ်ရေး အထူး အဖွဲ့(၁)နှင့် လမ်းအထူး အဖွဲ့(၁၅) တို့မှ တာဝန်ရှိ သူတို့အား လုပ်ငန်းများ အမြန် ပြီးစီးအောင် သတ်မှတ် စံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လေလွင့် ဆုံးရှုံးမှု မရှိ စေရေးနှင့် စက်ယန္တရား များအားဖြည့် ဆောင်ရွက်ရေး တို့ကို မှာကြားသည်။

ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းမှာ လုပ်ငန်း တစ်ခုလုံး၏ ၇ဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း သိရှိ ရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခနောင်တို အနောက်ရပ်ကွက် ဗဟိုလမ်း၌ အလျား ပေ ၆ဝ နှင့် အနံ ပေ ၂ဝ ရှိ တံတား အမှတ် (၂)အား သံကူ ကွန်ကရစ် တံတား အဖြစ် တည်ဆောက်ရန် ပိုင်ရိုက် နေမှုနှင့် တွံတေး တူးမြောင်း (သုည)မိုင် အနီး ဆိပ်ကြီး ကျွန်းအငူ မြစ်ကမ်းပါးအား မြစ်ရေ တိုက်စား၍ ကမ်းပြိုကျ နေမှု တို့ကို ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိသည်။

 မြဝတီရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့ ဆိပ်ကြီး အရှေ့ ရပ်ကွက် သဗ္ဗသိဒ္ဓိရှင်မြို့ဦး စေတီတော်၌ ယနေ့ နံနက် ၇ နာရီ ခွဲတွင် ကျင်းပ သည့်စေတီ ပရဝဏ် အတွင်း မုခ်ဦး၊ဝိသုံဂါ မသိမ်၊ စက်တော်ရာ ဗိမာန် အထွတ်များ၏ ထီးတော် တင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတက်ရောက်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ

ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်


Photo: ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်

Tuesday, 18 December 2012
ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည် တွင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး အဆိုပါ ကုမ္ပဏီများသည် လကိရှိအချိန်တွင် ဒေသအချို့၌ လုပ်ငန်း ပိုင်းဆိုင်ရာ လေ့လာမှုများ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်နိုင်ခွင့်များကို ၂၀၁၂ခုနှစ်မှ စတင်ဆောင်ရွက်နေကြောင်း၊၂၀၁၃ခုနှစ်တွင် ပိုမိုတွင် ကျယ်လာမည်ဖြစ်ကြောင်း၊ပုဂ္ဂလိကပိုင်းမှ ကမ်းလှမ်းထားသည့် ကုမ္ပဏီ ၁၂ ခု သည် ယခုအခါ သက်ဆိုင်ရာ ဒေသတွင် Physical Study များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

''လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတွေကို ပြည်တွင်းက ကုမ္ပဏီတွေကိုပေးမယ်ဆိုတာ အခုသတ်မှတ်ချက်က သူတို့တွေသည် ဖြန့်ဖြူးရေးပိုင်းမှာတင်မဟုတ်ဘူး။နွေရာသီမှာ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ ဓာတ်အား လျော့ပေးရတဲ့ အခြေအနေမှာ ပြည်သူတွေကို လုံလောက်အောင်ပေးနိုင်ဖို့ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါ လုပ်ရမယ်လို့ သတ်မှတ်ချက်ပေးထားပါတယ်''ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ် ဦးခင် မောင်ဇော်က ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများကို အစိုးရမှ ကိုင်တွင်ဆောင်သည့် နိုင်ငံ များတွင် ရှားရှားပါးပါး မြန်မာတစ်နိုင်ငံသာ ကျန်ရှိတော့ကြောင်း၊သို့သော် လက်ရှိအချိန်တွင် ပုဂ္ဂလိက ပိုင်းမှ ပါဝင်ဆောင်ရွက်မှုကို မလွှဲမသွေ လက်ခံဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်မည့် ဓာတ် အားပေးစက်ရုံ ၃ ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ဆက်လက် ပြောကြားခဲ့ သည်။

''လှော်ကားမှာ တရုတ်ကုမ္ပဏီ ချိုင်းနားဟိုက်ဒရိုလန်ချာနဲ့ ၅၅၀ မ ဂ္ဂါဝပ်တည်ဖို့ MOU ထိုးပြီး ဖြစ်ပါတယ်။သာကေတမှာ KV(Korea)နဲ့ ၅၀၀မဂ္ဂါဝပ် ဘသာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဖို့ MOA ထိုးပြီး ဖြစ်ပါတယ်။သာကေမှာပဲ ဂျပန်နဲ့ ၅၀၀ မဂ္ဂါဝပ်တည်ဖို့ စီစဉ်ထားပါတယ်။နောက်တစ်ခုက ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အလုံမှာ ၁၂၀ မဂ္ဂါဝပ် ထုတ်ဖို့ရှိပါတယ်။စုစုပေါင်း ၁၆၅၀ မဂ္ဂါဝပ်လောက် ၂၀၁၅- ၂၀၁၆မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပြီး ဓာတ်အားပေးဖို့ရှိပါတယ်''ဟု  ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၁၅၄၂.၃ မဂ္ဂါဝပ် ထုတ်လုပ်ပေး
နေပြီး နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမှာ ၁၈၀၀ မဂ္ဂါဝပ် လိုအပ်လျက်ရှိကြောင်း  သိရှိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏမှာ ၇၃၈ မဂ္ဂါဝပ်ရှိပြီး နွေရာသီရောက် ရှိလာပါက ၈၅၀ မဂ္ဂါဝပ်အထိ သုံးစွဲကြောင်း သိရှိရသည်။

Eleven Media Groupပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း များ ဆောင် ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ ခုရှိပြီး အဆိုပါကုမ္ပဏီများသည် လကိရှိအချိန် တွင် ဒေသ အချို့၌ လုပ်ငန်းပိုင်းဆိုင်ရာ လေ့လာမှု များ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဦးစီးဌာန ညွန်ကြားရေး

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်ထားသည့် သီလရှင်က နှစ်ဦးသဘောတူ လိင်မှုပြုခြင်းဖြစ်ကြောင်း ပြန်ဝန်ခံ

ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် အသက်(၃၀)နှစ်အရွယ် ဥရောပ သီလရှင်တစ်ဦးက သူမအား အသက် (၄၀)နှစ်အရွယ် အီရန်နိုင်ငံသား အမျိုးသားက ၎င်း၏အိမ်တွင် သူမအား အလိုမတူဘဲ အဓမ္မ ပြုကျင့် ခဲ့ပါ သည်ဟု ရဲများကို တိုင်ကြားခဲ့ရာတွင် သူမအား ကြားနာ စစ်ဆေးချက် များအရ နောက်ဆုံး၌ သူမကိုယ်တိုင်က နှစ်ဦးသဘောတူ အတူနေ

ဗမာ စစ်သားတွေလက်ထဲက ဓါး အလက်(၃၀)အခိုးခံရ -

Photo: ဗမာ စစ်သားတွေလက်ထဲက ဓါး အလက်(၃၀)အခိုးခံရ -
Tuesday, 18 December 2012

မြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက် ခဲ့တဲ့ သမိုင်း ကြားဖူးပါရောလား။ အယ် ... အဲဒီ အယုဒ္ဓရမြို့က သမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သားရုပ်တုတွေရှိ တယ်လေ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်းဝင်ပြကွက် နေရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက် ထဲက ဓါးတွေဟာ ကြေးနဲ့သွန်းလုပ်ထ
ားတာတဲ့။ အခုတော့ အလက် (၃၀) ပျောက်သွားပြီ။ သူခိုး အခိုးခံရတယ်လို့ ဆိုတယ်။ ခိုးတာကလည်း ဓါးတွေကို ရသလောက်ဖြတ်ခိုးသွားတာ။ ပန်းခြံတာဝန်ရှိသူတွေ ကတော့ ကြေးကို ပြန်ရောင်းစားဖို့ လာခိုးသွားတယ်လို့ ယူဆနေတယ်။

ဆင်တွေပေါ်က ဗမာစစ်သားတွေ လက်ထဲမှာ ရှိနေတဲ့ ဓါးတွေ ကိုတော့ ခိုးမသွားဘူးတဲ့.. အဲဒီပန်းခြံထဲက ရုပ်တုတွေကို အသက် ပိုဝင်အောင် သဘာဝအချိုးအစားအတိုင်း ထုထားတာ ဆိုတော့ ဆင်ရုပ်တုတွေက အမြင့်ကြီးလေ။ ၃ မီတာမြင့်တာ။ လူရုပ်ဆိုလဲ တကယ့် လူတွေ အရွယ်အစားအတိုင်းပဲ ၁၇၀ စင်တီမီတာ အမြင့်နဲ့။ စစ်သား တယောက်ကို လက်ထဲမှာ ကြေးဓါး ၂လက်စီနဲ့ .. အခုတော့ ဓါးအခိုးခံလိုက် ရပြီ။ တရားခံ ဘယ်သူမှန်း မသိရသေး။

Bangkok Post သတင်းစာပါ Look, there’s something missing ကို ပြန်ဆိုသည်။
Blue Catမြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက်ခဲ့တဲ့ သမိုင်း ကြားဖူးပါရောလား။ အယ် ... အဲဒီ အယုဒ္ဓရ မြို့ကသမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သား ရုပ်တုတွေရှိ တယ်လေ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်းဝင်ပြ ကွက် နေ ရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက်ထဲက ဓါးတွေဟာ ကြေးနဲ့ သွန်းလုပ်ထားတာတဲ့။ အခုတော့ အလက် (၃၀) ပျောက် သွားပြီ။ သူခိုး အခိုးခံရတယ်လို့ဆိုတယ်။ခိုးတာကလည်းဓါးတွေကို ရသလောက်ဖြတ်

ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်

Photo: ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်

Tuesday, 18 December 2012
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပညာရေး ကွန်ယက်၏ အခမဲ့ ပညာဒါ ကျောင်းများ အတွက် ဈေးရောင်း ပွဲတော်နှင့် ဂီတ ဖျော်ဖြေ ပွဲကို ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ များတွင် ရန်ကုန်မြို့  ပြည်သူ့ ဥယျာဉ်၌ ပြုလုပ် ဦးမည် ဖြစ်ရာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်ဟုသိရသည်။

Mizzimaအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပညာရေး ကွန်ယက်၏ အခမဲ့ ပညာဒါ ကျောင်းများ အတွက် ဈေးရောင်း ပွဲတော်နှင့် ဂီတ ဖျော်ဖြေ

စကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

စကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ပြီဟု သိရှိရသည်။

(၂၀၁၁)ခုနှစ်က နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး၏ ကွန်ပျူတာအတွင်း ထိုးဖောက်ကာ စကားလက်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ရယူ ပျံ့နှံ့စေခဲ့သည့် အသက်(၃၅)နှစ်ရှိ ခရစ္စတိုဖာ ချန်နေးသည် ယခုအခါ ထောင်ဒဏ်ပြစ်ဒဏ်ကို အတည်ပြု ကျခံရတော့မည် ဖြစ်သည်။ ဖလော်ရီဒါတွင် နေထိုင်သော ချန်နေးသည် သူတစ်ပါးကို အရှက်ရစေမှုနှင့် ဖောက်ထွင်းမှုများအတွက် စွဲချက်တင်ခံခဲ့ရသည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး Emailနှင့် ဖုန်းအကောင့်များကိုပါ ခိုးယူခဲ့ပြီး အလားတူ ပစ်မှတ်မျိုးကို မီလာ ကူနစ်နှင့် ခရစ္စတီးနား အဂွီလာရာတို့ကဲ့သို့ Celebrityများထံပါ ဦးတည်ခဲ့ဖူးသည်။

လော့စ်အန်ဂျလိစ် တရားရုံး တစ်ခုက ယင်းအမှုအခင်းများနှင့် ပတ်သက်ပြီး ချန်နေးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်တစ်ရပ်ကို ဒီဇင်ဘာလ (၁၇)ရက်နေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားသူကြီး ဂျိမ်းစ် အိုတီရိုက စကားလက်၏ မျက်ရည်လည်ရွဲ လျှောက်လှဲထားသည့် ဗီဒီယို မှတ်တမ်းကို ကြည့်ရှုပြီးနောက် ယခုပြစ်ဒဏ်ကို ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး ဖိုင်များကို မွှေနှောက်ကာ ကိုယ်ပိုင် ဓာတ်ပုံများကို ရယူခဲ့ခြင်း ဖြစ်သည်။

စကားလက်နှင့် ခင်ပွန်းဟောင်း ရိုင်ယန်ရေးနိုးလ်တို့၏ ဗလာကျင်း ဓာတ်ပုံများကိုလည်း ၎င်းက အင်တာနက်မှတစ်ဆင့် ဖြန့်ဝေခဲ့သေးသည်။



 Planet News
စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ပြီဟု သိရှိ ရသည်။
(၂၀၁၁)ခုနှစ်က နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး၏ ကွန်ပျူတာ အတွင်းထိုးဖောက်ကာ စကားလက်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ရယူပျံ့နှံ့စေခဲ့သည့် အသက်(၃၅)နှစ်ရှိ ခရစ္စတိုဖာ ချန်နေးသည် ယခု

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့် ယာဉ်တိုက်မှု

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ Suzuki Pickup ကားမှာ တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈

အမေရိကန်သံအမတ် မြစ်ကြီးနားရောက်ရှိ၊ ကချင်အရေးမေးမြန်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ဦးဆောင်တဲ့ ၈ ဦး ပါအဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက် ရှိပြီး ပြည်နယ်အစိုးရ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ ၊  နိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ပွဲကိစ္စနဲ့ဒုက္ခ သည် ကိစ္စတွေကို တွေ့ဆုံမေးမြန်းနေ ပါတယ်။
ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့နဲ့ မနေ့ညနေပိုင်းက စားသောက်ဆိုင်တခုမှာ တွေ့ဆုံရာမှာ အဓိကအားဖြင့် အချက် အလက်တော်တော် များများကို သံအမတ်ကြီးနဲ့ အဖွဲ့က သိရှိပြီးဖြစ်နေ

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ်ငယ်သည့် ၂၇  နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဖရန့်စကာ ပါစကေးသည် လှပသူတစ်ဦး ဖြစ်သည့်အပြင် စိတ်ထား အလွန်ကောင်းမွန်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း၊ မိမိသည် ယခုအခါ အထီးကျန်သည့် ဝေဒနာကို မခံစား ရတော့ကြောင်း အိမ်ထောင် နှစ်ခါ ပြုဖူးသူ ကလေးငါးဦး၏ ဖခင် ဘာလူစ ကိုနီက ပြောကြားခဲ့သည်။ 

ထို့ပြင် သူမသည် မိမိသမီးဖြစ်သူ မာရီနာနှင့်လည်း ရင်းနှီး ချစ်ခင်ကြောင်း၊ မိမိအနေဖြင့် သူမအား လေးစား ချစ်ခင်သည့်အပြင် မိမိ၏သားသမီး များနှင့်လည်း အဆင်ပြေသည့်အတွက် သူမအား ကျေးဇူးတင်မိကြောင်း အသက် ၇၆ နှစ် အရွယ်ရှိပြီဖြစ် သည့် ဘာလူစကိုနီက အီတလီ ရုပ်သံတစ်ခု၏ တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်ဟု သိရ သည်။  

http://www.myawady.net.mm/allnews/global/item/2140-2012-12-18-10-10-39
အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ် ငယ်သည့် ၂၇ နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ် လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖရန့်စကာပါစကေးသည် လှပသူတစ်ဦး ဖြစ်သည့်အပြင် စိတ်ထားအလွန်ကောင်းမွန်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း၊ မိမိသည် ယခုအခါအထီး ကျန် သည့် ဝေဒနာ ကို မခံစားရတော့ကြောင်း အိမ်ထောင် နှစ်ခါ ပြုဖူးသူ

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်ထားသည့် သီလရှင်က နှစ်ဦးသဘောတူ လိင်မှုပြုခြင်းဖြစ်ကြောင်း ပြန်ဝန်ခံ

ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် အသက်(၃၀)နှစ်အရွယ် ဥရောပ သီလရှင်တစ်ဦးက သူမအား အသက် (၄၀)နှစ်အရွယ် အီရန်နိုင်ငံသား အမျိုးသားက ၎င်း၏အိမ်တွင် သူမအား အလိုမတူဘဲ အဓမ္မ ပြုကျင့် ခဲ့ပါ သည်ဟု ရဲများကို တိုင်ကြားခဲ့ရာတွင် သူမအား ကြားနာ စစ်ဆေးချက် များအရ နောက်ဆုံး၌ သူမကိုယ်တိုင်က နှစ်ဦးသဘောတူ အတူနေ

ခြောက်နှစ်သမီးကို အရက်အတင်းတိုက်ပြီး သူငယ်ချင်းများနှင့် မတရားပြုကျင့်သည့်ဖခင်

အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင်ဖခင်ဖြစ်သူက ခြောက်နှစ်အရွယ် ၎င်း၏ သမီးအား အရက်အတင်းတိုက်ခဲ့ကာမတရားပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူကတိုင်ကြားခဲ့သည်ဟု သိရသည်။ ဖခင်နှင့် မိခင်ကွဲနေကြ ရာတွင် မိခင်က သမီးကို ပြုစုစောင့်ရှောက်နေရာမှ ဖခင်အား တလှည့် သမီးကို ပြုစုစောင့်ရှောက်ရန် တောင်းဆိုခဲ့ပြီးနောက် ယင်းဖြစ်

သတို့သမီးနှစ်ယောက်ကို တစ်ညတည်း တပြိုင်နက်လက်ထပ်တဲ့ သတို့သား

သတို့သမီးနှစ်ယောက်ကို တစ်ညတည်း တပြိုင်နက်လက်ထပ်တဲ့ သတို့သား

အီရန်နိုင်ငံသား အသက်(၂၂)နှစ်အရွယ် လယ်သမားတစ်ဦးဟာ သတို့သမီး နှစ်ယောက်အနက်မှ တစ်ယောက်ယောက်ကို ရွေးချယ်မနေတော့ဘဲ နှစ်ယောက်လုံးကို တစ်ညတည်း တပြိုင်နက် လက်ထပ်ခဲ့တယ်လို့ သိရပါတယ် ။

သတို့သားက သူမေတ္တာသက်ဝင် ချစ်ခင်နေခဲ့မိသော အသက် (၁၇)နှစ်အရွယ် မိန်းကလေးနှင့် အသက်(၂၁)နှစ်အရွယ် အမျိုးသမီး နှစ်ဦးစလုံးကို ဧပြီ(၆)ရက်နေ့က Tikrit မြို့ရဲ့ မြောက်ဘက်ပိုင်းက Al Laqlaq ရွာလေးမှာ တပြိုင်တည်း လက်ထပ်ခဲ့တာဖြစ်ကြောင်း သိရသည် ။

ဒါ့အပြင် ထိုသတို့သမီး နှစ်ယောက်စလုံးဟာလည်း သတို့သား၏ မောင်နှမဝမ်းကွဲတွေ ဖြစ်တယ်လို့ သိရပါတယ် ။

တစ်ညတည်း သတို့သမီးနှစ်ယောက်ကို တပြိုင်တည်း လက်ထပ်ခွင့်ပြုဖို့ သူ့ချစ်သူ သတို့သမီးလောင်းတွေကို စည်းရုံးသိမ်းသွင်းရာတွင် နှစ်ယောက်စလုံးကို ညီတူညီမျှ ချစ်နိုင်ရင် လက်ခံမယ်လို့ သတို့သမီးနှစ်ဦးစလုံးက သဘောတူခဲ့ကြတာဖြစ်ကြောင်း သိရသည် ။

အစ္စလာမ်ဘာသာ၏ ထုံးတမ်းဓလေ့အရ ဇနီးမယား လေးဦးအထိ တရားဝင်ယူကာ ပေါင်းသင်းနိုင်ကြောင်း သိရသည် ။ သို့ပေမယ့် ဇနီးမယားအားလုံး သာတူညီမျှ ခံစားခွင့် ရရှိရမည်ဟု ဖော်ပြပါရှိထားကြောင်း သိရသည် ။

http://gulfnews.com/news/region/iraq/iraqi-farmer-marries-two-women-in-one-night-1.1014411အီရန်နိုင်ငံသား အသက်(၂၂)နှစ်အရွယ် လယ်သမားတစ်ဦးဟာ သတို့ သမီး နှစ်ယောက်အနက်မှ တစ်ယောက်ယောက် ကို ရွေးချယ် မနေတော့ဘဲ နှစ်ယောက်လုံးကို တစ်ညတည်း တပြိုင်နက် လက်ထပ်

ဗြိတိန် ဝန်ကြီးချုပ်သည် HUAWEI ကုမ္ပဏီအား အမည်ပျက် စာရင်း ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေ


Photo:ဲဗြိတိန် ဝန်ကြီးချုပ်သည် HUAWEI ကုမ္ပဏီအား အမည်ပျက် စာရင်း ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေ
Monday, 17 December 2012

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huawei အား ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးယူရန် ဆုံးဖြတ်ခဲ့လျှင် ဗြိတိန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်
ဒေါ်လာဘီလီယံ များစွာ ကုန်သွယ်မှုအား ထိခိုက်လာနိုင်ဖွယ် ရှိကြောင်း သိရှိရပါသည်။

ဗြိတိန် ဝန်ကြီးချုပ်သည် နိုင်ငံတကာ ကုမ္ပဏီနှင့် တရုတ် စစ်တပ်တို့၏ ဆက်နွယ်မှုကို သီတင်းပတ် နှစ်ပတ်အတွင်း စုံစမ်းဖော်ထုတ် လာမည့် အစီရင်ခံစာကို စောင့်စားနေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီသည် တရုတ် အစိုးရအတွက် သူလျှို လုပ်ပေးနေသည့် အချက်နှင့် ပတ်သက်၍ ဗြိတိန် အစိုးရ အတွင်း စိုးရိမ်စိတ်များ မြင့်တက်နေကြောင်း သိရှိရပါသည်။

ဗြိတိန် ဝန်ကြီးချုပ်သည် အဆိုပါ ကုမ္ပဏီအား အမည်ပျက် စာရင်း
ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းတစ်ခု အရ သိရှိရပါသည်။ ဗြိတိန်နိုင်ငံတွင် Huawei သည် နာမည်ကြီး ပစ္စည်းမျိုး မဟုတ်သော်လည်း ဥရောပရှိ ဆက်သွယ်ရေး ပစ္စည်း ဈေးကွက်၏
လေးပုံတစ်ပုံကို ထိန်းချုပ်ထားကြောင်းနှင့် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ 4G စနစ် ဆက်သွယ်ရေး ပစ္စည်း ဈေးကွက်၏ တစ်ဝက်ကို ပိုင်ဆိုင်ထားကြောင်း သိရှိရ ပါသည်။

မြ၀တီဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huawei အား ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးယူရန် ဆုံးဖြတ်ခဲ့လျှင် ဗြိတိန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် ဒေါ်လာဘီလီယံများစွာ ကုန်သွယ်မှုအား ထိခိုက်

ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်

ဆီးရီယားနိုင်ငံမှာ အကြမ်းဖက်မှုအခြေအနေတွေ ပိုဆိုးလာတဲ့အပေါ် ကုလသ မဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက    ဝေဖန်ရှုတ်ချ လိုက်ပါ တယ်။
ဆီးရီယားထဲမှာရှိတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို ဆီးရီယား အစိုးရတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ

တရုတ်-ဂျပန် ဆက်ဆံရေး တရုတ် သတိပေး

ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်း  တင်းမာခဲ့အသစ်တက်မယ့် ဂျပန် အစိုးရသစ်အနေနဲ့ တရုတ်နဲ့ဂျပန်နှစ်နိုင်ငံကြား အတိမ်းအစောင်းမခံတဲ့ ကိစ္စတွေကို အသေအချာကိုင်တွယ် ဖြေရှင်းပေးဖို့ တရုတ်အစိုးရက

ဘုရားသုံးဆူ လူသတ်မှုတွင် တရားခံဟု ယူဆရသူကို ဖမ်းဆီးရမိ

ဘုရားသုံးဆူမြို့ပေါ် မတည်ငြိမ်မှုမြင်ကွင်းဘုရားသုံးဆူမြို့ အမှတ် ၄ ဥဒေါင်းကန်ရပ်ကွက်တွင် ဒဏ်ရာ များနှင့် သေဆုံးသွားသည့် ကိုလွင်လွင်နောင်အား သတ်ဖြတ်သူဟု ယူဆရသည့်တရားခံကို ယမန်နေ့ ညနေ ၅ နာရီခန့်က ဖမ်းဆီးရ မိကြောင်း ရဲစခန်းနှင့် နီးစပ်သူများထံမှ သိရသည်။
တရားခံဟု ယူဆရသူ ကိုလင်းလင်း အသက် ၂၆ နစ်အား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် မိုင် ၅၀

နောက်ပေါက်ကျယ် နေသာ KIA အတွက် သတင်းကောင်း

Photo: နောက်ပေါက်ကျယ် နေသာ KIA အတွက် သတင်းကောင်း

Monday, 18 December 2012
ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာနေသော်လည်း ကချင်သောင်းကျန်းသူများက တစ်ဖက်သတ်တိုက်ခိုက်ခွင့် ရရှိနေသောကြောင့် အထူးပင် သည်းခံစိတ် ထားနေရကြောင်း သိရှိရသည်။
KIA အနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ အမြတ်ထုတ်နေခြင်း ဖြစ်ကြောင်း၊ တစ်ဘက်မှ အမိန့်  နာခံနေရခြင်းကို အခွင့်ကောင်းယူ၍ ယခုလို တိုက်ခိုက်နေခြင်းမှာ မဖြစ် သင့်ကြောင်း၊ KIA ကို အမှန်တစ်ကယ် တိုက်စစ်ဆင်လျှင် (၁)ပတ်ပင် မကြာနိုင်ကြောင်း၊ ခွင့်ပြုချက် ရရှိပါက ယခု ပွင့်လင်းရာသီတွင်ပင် အမြစ်ပြတ်ချေမှုန်းရန် ဆန္ဒထက်သန် လျက်ရှိကြောင်း၊ တိုက်စစ်ဆင်လျှင် တရုတ်နိုင်ငံကိုပါ ညှိနှိုင်း၍ (၁)လအတွင်း အပြီး သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

KIA အနေဖြင့် နောက်ထပ် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာပါက ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိသည်ကို ပေါ်လွင်စွာ ပြသနေခြင်း ဖြစ်၍ အမိန့်တောင်းခံပြီး လဂျားယန်၊ လိုင်ဇာတို့ကို (၁)လအတွင်း ဆက်တိုက် သိမ်းပိုက်မည် ဖြစ်ကြောင်း၊ ယခုအချိန်အထိ မြန်မာစစ်တပ်သည် သမ္မတဦးသိန်းစိန်၏ အမိန့် အတိုင်း လိုက်နာနေကြောင်း သိရှိရသည်။
Kachin Daily News ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာနေသော်လည်း ကချင်သောင်းကျန်းသူများက တစ်ဖက်သတ်
တိုက်ခိုက်ခွင့် ရရှိနေသောကြောင့် အထူးပင်သည်းခံစိတ် ထားနေ ရကြောင်း သိရှိရသည်။
KIA အနေဖြင့် ငြိမ်းချမ်းရေးကိုအကြောင်းပြု၍ အမြတ် ထုတ်နေခြင်း ဖြစ်ကြောင်း၊ တစ်ဘက်မှ အမိန့်  နာခံနေရခြင်းကို အခွင့်ကောင်း ယူ၍ ယခုလို တိုက်ခိုက်နေခြင်းမှာ မဖြစ် သင့်ကြောင်း၊ KIA ကို အမှန်တစ်ကယ် တိုက်စစ်ဆင်လျှင် (၁)ပတ်ပင် မကြာ

ထိုင်းလေတပ်မှ C -130 လေယာဉ်တစ်စီး စစ်ချို့ယွင်းသဖြင့် ထားဝယ်လေဆိပ်တွင်ညအိပ်ခဲ့

Photo: ထိုင်းလေတပ်မှ C -130 လေယာဉ်တစ်စီး စစ်ချို့ယွင်းသဖြင့် ထားဝယ်လေဆိပ်တွင်ညအိပ်ခဲ့။ 
Monday, 18 December 2012

၁၇-၁၂-၂၀၁၂ ရက်နေ့ ထိုင်းဝန်ကြီးချုပ် ရင်လက်ရှင်နာဝပ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် စပ်ဆက်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးကျော် လိုက်ပါလာသည့် ထိုင်းလေတပ်မှ C-130 အမျိုးအစားလေယာဉ်တစ်စီးသည် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာရန်ပြင်ဆင်ရာ လေယာဉ်အင်ဂျင် ၄ လုံးရှိသည့်အနက် ညာဘက်အတွင်း အင်ဂျင်ချို့ယွင်းပြီး မပျံသန်းနိုင်ဘဲ ခရီးစဉ်အားဖျက်သိမ်းခဲ့ကြောင်းသိရှိရသည်။ “ ထိုင်းအဖွဲ့က လေယာဉ် ၂ စီးနဲ့ လာပါတယ်။ ထိုင်းဝန်ကြီးချုပ်က ATR-42 အမျိုးအစားလေယာဉ်နဲ့ပါ။ ဝန်ကြီးချုပ်လေယာဉ်တက်သွားပြီး စီးပွားရေးလုပ်ငန်းရှင်တွေစီးလာတဲ့ ထိုင်းလေတပ်က လေယာဉ်တက်ဖို့အလုပ်မှာ လေယာဉ်အင်ဂျင်တစ်လုံး ချို့ယွင်းလို့ ခရီးစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။ ခရီးသည်အားလုံးကိုထားဝယ်မှာရှိတဲ့ ဟိုတယ်တွေမှာ နေရာချထားပါ တယ်။ ထိုင်းလေတပ်က အင်ဂျင်နီယာတွေလည်း ချို့ယွင်းနေတဲ့ အင်ဂျင်တွေကိုဆောင်ရွက်နေကြတယ်” ဟု ထားဝယ်မြို့က တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

MON ၁၇-၁၂-၂၀၁၂ ရက်နေ့ ထိုင်းဝန်ကြီးချုပ် ရင်လက်ရှင်နာဝပ် ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်စပ်ဆက်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးကျော် လိုက်ပါလာသည့် ထိုင်းလေတပ်မှ C-130 အမျိုးအစား လေ ယာဉ် တစ်စီးသည် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်မြို့ သို့ ပြန်လည် ထွက်ခွာရန်ပြင်ဆင်ရာ လေယာဉ်အင်ဂျင် ၄ လုံးရှိသည့် အနက် ညာဘက်အတွင်း အင်ဂျင်ချို့ယွင်းပြီး မပျံသန်းနိုင်ဘဲ ခရီးစဉ်အား ဖျက်သိမ်း ခဲ့ကြောင်းသိရှိရသည်။ “ ထိုင်းအဖွဲ့က လေယာဉ် ၂ စီးနဲ့

ကျောက်ဖြူ အထူးစက်မှုဇုန် ရခိုင်ကမ်းရိုးတန်းကို ခြိမ်းခြောက်နေဟု အစီရင်ခံစာဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စက်မှုဇုန်စီမံကိန်း တည်ဆောက်ခြင်းသည် ရခိုင်ကမ်းရိုး တန်းဒေသအား ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရခိုင့် ရေနံစောင့်

စမ်းချေင်းမြို့နယ်ရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုဖြစ်ပွား

စမ်းချေင်းမြို့နယ်ရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုဖြစ်ပွား
( Eleven media group )

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုတစ်ခု ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။                     

ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါ အဆောက်အအုံ၏ နောက်ဘက်တွင် မြောင်းရေစိမ့်ပြီး မြေအိသွားကာ ယင်းအဆောက်အအုံ အမှတ် (၁၀၁) ၏ မြေညီထပ် အခန်း A-1 ၏ မီးဖိုခန်း တစ်ခန်းလုံး ကွဲအက်သွားခဲ့ပြီး လက်ရှိအခြေအနေတွင် အဆောက်အအုံရှိ ကျန်ရှိသော အခန်းများမှာ အက်ကွဲသွားခဲ့ခြင်းမျိုး မရှိပါဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးချုပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာ ဦးငွေစိုးသောင်းက ပြောပြသည်။

အက်ကွဲမှုဖြစ်ပွားခဲ့သော အခန်းပိုင်ရှင် ဒေါ်နုရည်ဇင်က ''ကျွန်မဒီမှာနေတာ ၄၊ ၅ နှစ်လောက်ရှိပြီ၊ နေကတည်းက တိုက်ကအသစ် ဖြစ်ပါတယ်။ ဖြစ်တာကတော့ အောက်က မြေကျွံသွားတယ်လို့တော့ ပြောနေကြတယ်။ ပြီးတော့ ကျွန်မတို့အခန်းပဲ ဖြစ်သွားတာပါ။ ကျန်တဲ့အခန်းတွေတော့ ဘာမဖြစ်ပါဘူး'' ဟု ပြောပြသည်။

လက်ရှိတွင် အဆောက်အအုံ၌ နေထိုင်သူများကို ကြိုတင်ကာကွယ်သောအနေဖြင့် ပြောင်းရွေ့ခိုင်းဖို့အတွက် စီစဉ်လျက်ရှိကြောင်းနှင့် ယင်းအဆောက်အအုံ၏ ကန်ထရိုက်ကို ပြန်လည်ပြုပြင်ခိုင်းထားကြောင်း မု့န်လက်စောင်း (တောင်ရပ်ကွက်) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦကျော်ကျော်ဦးက ပြောပြသည်။

ယင်းအဆောက်အအုံ၏ ပထမထပ်တွင်ရှိသော NLD ဆန်းမေတ္တာ ပညာဒါနကျောင်းမှ မြို့နယ်ကိုယ်စားလှယ် ဦးဇမ္ဗုစိုးက ''ချက်ချင်း ပြောင်းရမယ်ဆိုရင်တော့ အခက်အခဲတွေ ရှိတယ်။ ဘယ်လိုစီစဉ်မှာလဲတော့ မသိဘူး။ အခုဒီမှာက တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေ ရှိတယ်။ စားမေးပွဲကလည်း နီးလာပြီဆိုတော့ စိတ်တော့မကောင်းပါဘူး။ ကျောင်းသားဦးရေက ၆၀ နီးပါးလောက် ရှိပါတယ်'' ဟု ပြောပြသည်။

အထက်ပါ အဆောက်အအုံသည် ပြီးခဲ့သော ၂ ရက်ခန့်ကတည်းက အက်ကွဲကြောင်းများ ပေါ်နေကြောင်း သိရပြီး ယနေ့မှသာ အက်ကွဲကြောင်းများ ကြီးသွားသည်ဖြစ်ကြောင်းကို ယင်းအဆောက်အအုံ၏ ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။

အဆိုပါ အဆောက်အအုံကို ဆောက်လုပ်ခဲ့သော ရတနာမြေ ဆောက်လုပ်ရေးမှာ ပြန်လည်ပြုပြင် ဆောက်လုပ်ရန်ပြင်ဆင်နေပြီး ယင်းအဆောက်အအုံကို ၂၀၀၅ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ် တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုတစ်ခု ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိ သည်။ ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါ အဆောက် အအုံ၏ နောက်ဘက် တွင် မြောင်းရေစိမ့်ပြီး မြေအိသွားကာ ယင်းအဆောက်အအုံ အမှတ် (၁၀၁) ၏ မြေညီထပ် အခန်း A-1 ၏ မီးဖိုခန်း တစ်ခန်းလုံး ကွဲအက် သွားခဲ့ပြီး လက်ရှိ အခြေအနေတွင် အဆောက်အအုံရှိ ကျန်ရှိသော