Monday, 24 September 2012
နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးဟုဆို
Sunday, September 23, 2012
နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးကြောင်းဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများကို အနိမ့်ဆုံးဈေးနှုန်း တစ်လုံးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါအနိမ့်ဆုံးဈေးနှုန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဈေးနှုန်းများထပ်မံ လျော့ချရန် မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာတက္ကသိုလ်တွင် မိန့်ခွန်းပြော
2012-09-23

ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား
အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ
ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။
Sunday, 23 September 2012
အပျော်တမ်း လေထီးခုန်သူနှစ်ဦး အခြင်းခြင်းတိုက်မိ၍ တဦးသေဆုံး။
အင်္ဂလန်နိုင်ငံ
Peterborough မြို့မှ ၂မိုင်ကွာရှိ Sibson လေထီးခုန်စခန်းတွင် ဝေဟင်မှ
အပျော်တမ်း လေထီးခုန်ဆင်းလူသူ (၂)ဦးသည် မြေပြင်သို့ မရောက်မှီ ပေ(၅၀)
အကွာတွင် အခြင်းခြင်းတိုက်မိ၍ လန်ဒန်မှ အသက်(၅၃)နှစ်အရွယ်
အမျိုးသားတဦးသေဆုံးခဲ့ရသည်။ အခြားတဦးမှာ အသက်(၂၈)နှစ်အ ရွယ်ပြင်သစ်
အမျိုးသားတဦးဖြစ်ပြီး ခန္ဓာကိုအချို့အစိပ်အပိုင်းနှင့် ခြေထောက်ကျိုးသွားပြီး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရ သည်။
ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီး များကို ခေတ်ပညာ သင်ပေးရန် သဘောတူ
နေပြည်တော်တွင်နှစ်ရက်ကြာ
ကျင်းပနေသည့် ရခိုင်ဒေသ ရခိုင်ပြည်နယ်ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုး
တိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တွင်တက်ရောက်နေသည့် ရခိုင်
လူမှုအဖွဲ့အစည်းများ၊ မွတ်စလင်ဘာသာ ရေး အဖွဲ့အစည်းများ၊
စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ မွတ်စလင်
အမျိုးသမီးများ ကိုမြန်မာ့လူမှု အဖွဲ့အစည်းအတွင်း လိုက်လျော
ညီထွေနေထိုင်နိုင်ရေး အတွက်ခေတ်ပညာများ သင်ကြားပေး ရန်လိုကြောင်း
အဆိုတစ်ခုကိုသာ သဘောတူညီ မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ပအကူအညီ အဟောသိကံ မဖြစ်စေသင့်
ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂမှာ လက်ရှိ တာဝန်ထမ်းနေကြတဲ့ မြန်မာဝန်ထမ်းတွေ၊ မြန်မာပြည်က တာဝန် ထမ်းဆောင်နေ သူတွေ၊ ကုလသမဂ္ဂအငြိမ်းစား မြန်မာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့လိုတွေ့ဆုံရာမှာ အမိနိုင်ငံအတွက် ကောင်းကျိုးပြုပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သလို၊ ပြည်ပအကူအညီကို ဘယ်လိုရယူသင့်သလဲဆိုတာကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာက ဆက်ပြီး ပြောပြပေးပါမယ်။
Saturday, 22 September 2012
မြိတ်တွင် ၈၈ အဖွဲ့ အတုပေါ်
ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍ မြိတ်မြို့တွင် ၈၈
မျိုးဆက်ကျောင်းသားများဟုဆိုကာ အဖွဲ့တု တစ်ခုပေါ်ပေါက်နေကြောင်း
မြိတ်မြို့အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ယနေ့
သတင်းထုတ်ပြန်လိုက်သည်။
ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည် ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုးများကိုသာ လူထုကို ပြောဆို စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသား ဦးအောင်နိုင်ဦးက ရှင်းပြသည်။
ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည် ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုးများကိုသာ လူထုကို ပြောဆို စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသား ဦးအောင်နိုင်ဦးက ရှင်းပြသည်။
မန္တလေးမြို့တော်ဝန်အား ပုသိမ်ကြီးမြို့နယ် ဒေသခံများက ဆန္ဒပြရင်း ၀ိုင်းဝန်းပိတ်ဆို့
စက်တင်ဘာလ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ကျူးကျော်အိမ်ယာ တွင်နေထိုင်ကြသူများက လာရောက်တွေ့ဆုံဆွေးနွေးသောမြို့ တော်ဝန်အား ၀ိုင်းဝန်းပိတ်ဆို့ကာ ဆန္ဒပြလျက်ရှိကြောင်း သိရှိရသည်။
မန္တလေးမြို့တော်ဝန်က ပုသိမ်ကြီးမြို့နယ် မကွေးကျောင်းတိုက်တွင်ဒေသခံများ အား သွားရောက်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တော်ဝန်က ပုသိမ်ကြီးမြို့နယ် မကွေးကျောင်းတိုက်တွင်ဒေသခံများ
စဖမ်းပါပြီ ခင်ဗျာ
မနေ့ က(၂၁.၉.၂၀၁၂)အပြည်ပြည်ဆိုင်ရြာ ငိမ်းချမ်းရေးနေ့ ကတောင်းကြီးမြို့ တွင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ သူများထဲမှ
ကိုနေမျိုးနှင့် ကိုဘိုဘိုဟန်တို့  ၂ဦးအား ယနေ့ မနက်အစောပိုင်းတွင်
သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းတောင်ကြီးမြို့ ခံတစ်ဦးမှ သတင်းပေး လားပါသည်။
အရစ်ကျကားရောင်းချမှု လူနည်းစုသာ ၀ယ်ယူနိုင်
ကားကုမ္ပဏီများမှ
တင်သွင်းလာသည့် မော်တော်ယာဉ်များကို အရစ်ကျစနစ်ဖြင့်ရောင်းချမှုရှိသော်လည်း
ဝယ်ယူသူများအတွက် အရစ် ကျစနစ်ဖြင့် ငွေပေး ချေမှုမှာ
သာမန်လခစားဝန်ထမ်းများ၏ ၀င်ငွေဖြင့်နှိုင်း ယှဉ်ပါက ၀ယ်ယူနိုင်ရန်
ရာခိုင်နှုန်း အနည်းငယ်သာ ရှိခြင်း ကြောင့် အခြေခံလူတန်းစားအများစု၏
ပျမ်းမျှဝင်ငွေပေါ်မူတည်၍ ၀ယ်ယူနိုင်မည့် အရစ်ကျစနစ်ကို
ဆောင်ရွက်ပေးသင့်ကြောင်း လခ စားဝန် ထမ်းများနှင့် ကား ၀ယ်ရောင်းများက
ပြောသည်။
မြေတွေ ယာတွေ ဥပဒေတွေ
အခု လယ်မြေကိစ္စတွေ
လျော်ကြေးရအောင် အိမ်ကြိုဆောက်တာတွေ လူစုပြီး ဆန်ဒပြတာတွေ ပွဲစားတွေ
ဖျာဝင်ခင်းတာတွေ စသည် စသည်တွေကို မြင်ရ ဖတ်ရတော့ ကြောင် ပြောချင်တာ
နဲနဲရှိပါတယ်။
အခုလူတွေ အခွန်ပေးပြီး လယ်စိုက်တယ်ဆိုရင် ပေးထားတဲ့ ပြေစာ တစောင်လောက်ရှိရင် ပြပါ သာ ပြောလိုက်တော့။ ပြေစာတောင် မပြနိုင်ဘဲနဲ့တော့ ဆက်ပြောစရာကို မ၇ှိဘူး။
အခုလူတွေ အခွန်ပေးပြီး လယ်စိုက်တယ်ဆိုရင် ပေးထားတဲ့ ပြေစာ တစောင်လောက်ရှိရင် ပြပါ သာ ပြောလိုက်တော့။ ပြေစာတောင် မပြနိုင်ဘဲနဲ့တော့ ဆက်ပြောစရာကို မ၇ှိဘူး။
စဉ်းစားစေချင်တယ် ဒေါက်တာ နိုင်အောင် ( ABSDF ဥက္ကဌဟောင်း)
ကိုနိုင်အောင်ရဲ့  သြဂုတ်လ ၁၉၉၁ ခုနှစ်မှ မေလ ၁၉၉၂ ခုနှစ် အထိ ABSDF-NB မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့များ ၊ကျောင်းသားအချင်းချင်း ရက်စက်စွာ ခေါင်းဖြတ် သတ်မှု့များကို ခပ်ပေါ့ပေါ့ ခပ်ပါးပါးလွှာလွှာလေးရှင်းပြသုံးသပ်ပြီး အနူးအညွတ်တောင်းပန် အပ်ပါသည် ဆိုတာကိုဖတ်မိပြီး ရသမျိုးစုံ ခံစားလိုက်ရပါတယ်။
Subscribe to:
Posts (Atom)





