Tuesday, 28 August 2012

၂၈.၈.၂၀၁၂နေ့တွင်ကျရောက်သော ဗကသများအဖွဲ့ချုပ်ပြန်လည်ရှင်သန်ခြင်း(၅)နှစ်ပြည့် တွင် ဖတ်ကြားမည့် သုံးသပ်တင်ပြချက်

၂၀၀၇-၂၀၁၂ ဗကသများ၏ အဖွဲ့ချုပ်၏ အခြေအနေ အပြောင်းအလဲများအပေါ် ခြုံငုံသုံးသပ်ချက်

ရဲဘော် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ သိရှိနိုင်အောင် ဗကသများအဖွဲ့ချုပ်၏ ၅နှစ်တာကာလ အပြောင်းအလဲများ ကို ခြုံငုံသုံး သပ်တင်ပြလိုက်ရပါသည်။

မင်းသမီး လီယောင်အေးက မြန်မာကလေး များကို ရန်ပုံငွေလှူဒါန်း

မြန်မာ ပရိတ်သတ်များ အသည်းစွဲတဲ့ နန်းတွင်းသမားတော် ဇာတ်ကား မှာ ချန်ဂင် အဖြစ် သရုပ်ဆောင်ခဲ့သူ တောင်ကိုရီယား မင်းသမီး လီယောင်အေး ဟာ မြန်မာနိုင်ငံက အမျိုးသမီးငယ်များ ကို စောင့်ေ ရှာက် ကူညီပေးနေတဲ့ မယ်သီလရှင်ကျောင်းတခုကို အလှူငွေထည့် လိုက်ပါတယ်။

ပြည်ပရောက် မြန်မာများအား Black List များ ပယ်ဖျက်ပေးခြင်း

(ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာပါ ဖော်ပြချက်မှ)

နိုင်ငံတော်အစိုးရသည် လက်ရှိ အခြေအနေတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အလေး ထား အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။

လိုင်ဘေးရီးယားသမ္မတမှ ပိုင်ဆိုင်မှုကြေငြာရန် ပျက်ကွက်သော သားဖြစ်သူအား ရာထူးမှချ..

သမ္မတ အယ်လင်ဂျွန်ဆင်ဆာလိဖ်သည် သူမ၏သားများအနက် တစ်ဦးဖြစ်သူ ဗဟိုဘဏ်လက်ထောက်အုပ်ချုပ်ရေးမှူးအား ပိုင်ဆိုင်မှုများ ကြေငြာရန် ပျက်ကွက်သည့်အတွက် ရာထူး မှခေတ္တ ဖယ်ရှားလိုက်ကြောင်း အခြားအစိုးရအရာရှိ (၄၅)ဦးအပါအ၀င် စာရင်း ကို ကြေငြာခဲ့သည်။ ယခုဆောင်ရွက်မှုသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအစီ အစဉ်၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း လဲ ပြောကြားခဲ့သည်။

မူလသံယုတ် ကျောင်းတိုက် ရှေးဟောင်း အဆောက်အဦအဖြစ်မှ ပယ်ဖျက်


ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း ရှေးဟောင်း အဆောက်အဦအဖြစ် သတ်မှတ်ထားခဲ့သော သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဘုရားအနီးရှိ မူလသံယုတ် ဘုန်းတော်ကြီး ကျောင်းအား စာရင်းမှပြန်လည် ပယ်ဖျက်လိုက်ကြောင်း ရန်ကုန် စည်ပင်သာယာမှ တာဝန်ရှိသူတဦးက ပြောသည်။

ရခိုင်ပြည်ပဋိပက္ခ လှုံ့ဆော်မှုနဲ့ ကုလ၀န်ထမ်းသုံးဦးထောင်ချခံရ

ဇွန်လအတွင်းကရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေမှာ အကြမ်းဖက်မှု
အတွင်းမီးလောင်ကျွမ်းနေသော
 နေအိမ်
ရခိုင်ပြည်နယ် အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ နိုင်ငံတကာ NGO ၀န်ထမ်းသုံးဦးကို မြန်မာအစိုးရက ပြစ် ဒဏ် စီရင်လိုက် ပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ကုလသမဂ္ဂ၀န်ထမ်း ဆယ်ယောက်အထိ ရှိခဲ့ပေမယ့် ကျနတဲ့သူတွေ ကတော့ အစောပိုင်းက ပြန်လည် လွတ်မြောက် လာခဲ့ကြပြီး ဖြစ်ပါတယ်။

မြန်မာ လွှတ်တော်ကို စားလှယ်များ ထိုင်းပါလီ မန်သို့ သွားရောက်လေ့လာ

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင် အချို့ဟာ ဒီကနေ့ မနက်ပိုင်းက ထိုင်းပါလီမန်ကို သွားရောက်လေ့လာခဲ့ကြပါတယ်၊ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်စတဲ့ တိုင်းရင်းသားပါတီတချို့နဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) တို့က အဖွဲ့ဝင်(၂၂)ဦး ပါဝင်တဲ့လေ့ လာရေး အဖွဲ့ဟာ ဒီကနေ့မနက် ထိုင်းပါလီမန်ကျင်းပပုံကို သွားရောက်ေ လ့လာခဲ့ရာမှာ ထိုင်းအမတ်တွေအနေနဲ့ လွပ်လပ်မှု အများကြီး ရှိတယ်လို့ ပြောဆိုကြပါတယ်။

မြန်မာကို ခြိမ်းခြောက်ခဲ့တဲ့ တာလီဘန်ခေါင်းဆောင် ဒုံးကျည်မှန်

မြန်မာနိုင်ငံအား ဗုံးခွဲတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သော တာလီဘန်ခေါင်းဆောင် ဒုံးကျည်ထိမှန်သေဆုံးဆုံးခဲ့သည်ဟု နေတိုးက အတည်ပြုပြောကြား လိုက်သည်။

မွန်ပြည်နယ်အတွင်း လေအားလျှပ်စစ်ထုတ်နိုင်ရေး ထိုင်းနိုင်ငံကုမ္ပဏီမှ စူးစမ်းလေ့လာမှုများဆောင်ရွက်လျှက်ရှိ

မွန်ပြည်နယ်အတွင်းလျှပ်စစ်ဓါတ်အားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှတ်(၂)လျှပ်စစ်ဓါတ် အားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd တို့ပူးပေါင်း၍ မွန်ပြည်နယ် အတွင်း ၌ လေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အား မဂ္ဂါဝပ်(၁၀၀၀) ထုတ်လုပ်နိုင်ရေး

ရဲဘော်…ဟူသည်

ကရင်နီတပ်မတော်များ (ဓါတ်ပုံ-ကေတီ)
မနက်ခင်းရဲ့ ဝေလီဝေလင်းအချိန် မနက် ၅ နာရီခွဲရောက်ပြီဆိုရင် ကရင်နီရဲဘော်တွေဟာ ၀ီစီ(ခရာ) မှုတ်သံကြားတာနဲ့ တန်းစီကြရ ပါတယ်။ တကယ်လို့များ တန်းစီချိန်ကို နောက်ကျပြီးရောက် လာရင်ေ တာ့ ဒိုက်ထိုးတဲ့ ဒဏ်ပေးစနစ်ကို ခံရပါတယ်။ ဒါတွေကေ တာ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ရဲဘော်တို့ရဲ့ အချိန်လေးတခုပါ။

ခုံရုံးကိစ္စ အငြင်းအခုံကို စိတ်ပျက်စရာ မလိုဟု ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


မြန်မာနိုင်ငံ သမ္မတနှင့် လွှတ်တော် တို့ကြား ယခုရက်ပိုင်း တွင်ဖြစ်ပေါ်နေသည် အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက် အငြင်းအခုံနှင့် ပက်သက် ၍ သဘောထားကြီးကြီးနဲ့ အမြော်အမြင် ရှိရှိဖြင့် ဖြေရှင်းရန် လိုအပ်ပြီး စိတ်ပျက်စရာ မလိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၂/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်သည် -

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၁/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပေ ဒပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ အောက်ပါ ပုဂ္ဂိုလ် များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေး လိုက်သည်  - 

တစ်ဖက်နှင့် တစ်ဖက် အပြန် အလှန် လေးစားရန် ဒေါ်အောင်ဆန်း စုကြည် ပြောကြား

ဓာတ်ပုံ- သီဟသွယ် (NHK)
တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် လေးစားရန် လိုအပ်ပြီး ပြဿ နာများ ဖြေရှင်းရာတွင် နှစ်ဖက်စလုံးမှ သဘော ထားကြီးစွာဖြင့် ပြေပြေ လည်လည် ညှိနှိုင်း ဖြေရှင်းရန် မေတ္တာရပ် ခံကြောင်း ကော့မှူး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် က ယနေ့ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသည့် အရေးကြီး အဆိုအား ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ---

ရန်ကုန်-နေပြည်တော် ပြေးဆွဲသည့် ၃၁ အဆန် ရထားလမ်းချော်မှု ဖြစ်ပွား

ရထားဘီးချော်မှုကို ပြင်ဆင်မှုများ ပြုလုပ်နေစဉ်
ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ တွင် ရန်ကုန် -နေပြည်ေ တာ် ပြေးဆွဲသည့် ၃၁ အဆန် ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၈ နာရီတွင် ထွက်ခွာလာရာ တိုးကြောင်ကလေးဘူတာနှင့် ငမိုးရိပ် ဘူတာကြား အရောက်တွင် ရထားလမ်းချော်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဆွေးမြေ့နေတဲ့ ရှားတော-လွိုင်ကော် တံတားပျက်စီးကျိုးကျ

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာနှင့် ဒေါတယုတ်ရွာအနီးရှိ တံတားကြီးေ ဆွမြေ့ နေပြီဖြစ်၍ ကျိုးကျပျက်စီးနေတာကို တွေ့ရပါတယ်။

UWSA ဖမ်း SSA-S တပ်ဖွဲ့ဝင်များ ပြန်မလွတ်သေး

စံခလပူရီ (မဇ္ဈိမ) ။      ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ တလခန့် ကြာပြီ ဖြစ်သော် လည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။

ဖားကန့်မှာ ပြင်းထန်လာသော တိုက်ပွဲကြောင့် လူထု ၄၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ

Kachin-army-hpakant-jadeland
ဖါးကန့် ကေအိုင်အေ တပ်ရင်း ၆ စစ်သားများ။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်ဒေသတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ပြင်းထန် လာသောကြောင့် ဖားကန့်မြို့အနီးကျေးရွာ ၁၀ ရွာမှစစ်ပြေးဒုက္ခသ ည် ၄၀၀၀ နီးပါးသည် လုံခြုံရာတွင် ထွက်ပြေးတိမ်းရှောင်လာ ကာ နေရာအခက်ခဲကြုံတွေ့ရကြသည်။

ဖားကန့်တွင် KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲပြင်းထန်နေ

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်များအကြား တိုက်ပွဲများ ပြင်းထန်လာနေ၍ မြို့ပေါ်သို့ စစ်ပြေး ဒုက္ခသည် အများအပြား ထွက်ပြေးလာနေကြသည်။

Sunday, 26 August 2012

ဗန်နီဇွဲလားနိုင်ငံ ရေနံချက်စက်ရုံ ပေါက်ကွဲမှု ၂၆ ဦးသေဆုံး

ဗင်နီဇွဲလားနိုင်ငံက အကြီးဆုံး ရေနံချက်စက်ရုံမှာ အကြီး အကျယ် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၆ ဦးမက သေဆုံးသွား ပါတယ်။