ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၂/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့်
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အောက်ဖော်ပြပါ
ပြည်ထောင်စုဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးတွင်
ပြောင်းလဲတာဝန်ပေးလိုက်သည် -
(၁)ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန
(၂)ဦးအောင်မင်း၊ သမ္မတရုံးဝန်ကြီးဌာန
(၃)ဦးလှထွန်း၊ သမ္မတရုံးဝန်ကြီးဌာန
(၄)ဦးတင်နိုင်သိန်း၊ သမ္မတရုံးဝန်ကြီးဌာန
(၅)ဦးအောင်ကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန
(၆)ဦးကျော်ဆန်း၊ သမဝါယမ ဝန်ကြီးဌာန
(၇)ဦးအုန်းမြင့်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
(၈)ဦးအေးမြင့်၊ စက်မှုဝန်ကြီးဌာန
(၉)ဦးတင့်ဆန်း၊ အားကစားဝန်ကြီးဌာန
(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတ
No comments:
Post a Comment