Wednesday, 22 August 2012

မပြီးဆုံးသေးတဲ့  ဆာဟင် နဲ့  အာဆင်နယ် ရဲ့  အခြေအနေ

 
အာဆင်နယ်အသင်း က ကောက်ကောက်ပါအောင် လိုက်နေတဲ့  ရီးယဲမက်ဒရစ်ကွင်းလယ်လူ  နူရီဆာဟင်  ကို ခေါ်ယူဖို့  ကိစ္စဟာ ရုတ်တရက် ကြန့် ကြာနေပါတယ်။ The Daily Mail သတင်းဌါန ကတော့  အာဆင်နယ်အသင်း ဟာ ရီးယဲကွင်းလယ်လူကို အသင်းက သတ်မှတ်ထားတဲ့ အတိုင်း အဌါးဘဲခေါ်ယူမယ်လို့  ဖော်ပြထားပါတယ်။ အာဆင်ဝင်းဂါးဟာ အသင်းကအလယ်တန်းလူ ဆောင်း  နေရာ မှာ အစားထိုး ဖို့  အသက်(၂၃)နှစ်အရွယ် ရီးယဲကွင်းလယ်လူ ဆာဟင် ကို တနှစ်အဌါး ခေါ်ပြီး နောက် လာမဲ့ နှစ်မှာတော့  အသင်း ကို ပြင်ဆင်ဖို့  ရီးယဲ အသင်းနဲ့ စေ့စပ် ညှိနှိုင်းပြီး တရားဝင်စာချုပ်ဖို့  လိုလားနေ ပါတယ်။ လီဗာပူး အသင်း ကလဲ ဆာဟင် ကို စိတ်ဝင်စားနေပေမဲ့  ချန်ပီယံလိဂ် ကန်ခွင့် ရထားတဲ့  အာဆင်နယ်ကတော့  အခွင့် အရေး ပိုရှိနေတယ် လို့  သိရပါတယ်။

Goddess of Democracy နဲ့ အမေရိကမှာ သွားတွေ့မယ့် မြန်မာ ၅ ဦး

အမေရိကန် အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ချီးမြှင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆုကိုလက်ခံရယူဖို့ __

1. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊
2. ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နဲ့
3. နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့ ၃ ယောက်စက်တင်ဘာလ ဒုတိယပါတ် အတွင်း အမေရိကန် နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

ဒီဆုကို အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်း ဖွဲ့စည်းထားတဲ့ National Endowment for Democracy NED က ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုရသူတွေထဲမှာ ပြည်တွင်းက ၃ ယောက်အပြင်

4. မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် နဲ့
5. US Campaign For Burma က ဦးအောင်ဒင် တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ (DVB)

ဆု အနေနဲ့ ပေးအပ်တဲ့ အထိမ်းအမှတ် ရုပ်တု လေး သမိုင်းကလည်း အမိုက်စားပါ ..။ အံ့သြစရာ တရုတ် တိန်အန်မင် အရေးအခင်းမှာ တင့်ကား နဲ့ အဖြိုခံခဲ့ရတဲ့ တရုတ် အနုပညာ အကယ်ဒမီက ဆန္ဒပြကျောင်းသား
တွေ တည်ဆောက်တဲ့ Goddess of Democracy ရုပ်တု ပုံစံကို ပွားယူပြီး 1991 က စလို့ National Endowment for Democracy ဆု ရုပ်တုလေးတွေ အနေနဲ့ နှစ်စဉ် ပေးအပ်ခဲ့တာဖြစ်ပါတယ် ..။

မီဒီယာ ကျင့်ဝတ်နှင့် မညီသော မဇ္ဈိမသတင်းဌာန၏ ကလိမ်ကကျစ်ရေးသားချက် (ပေးစာ)

အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းဌာန၏ အင်္ဂလိပ်ကဏ္ဍတွင် “Anti-Rohingya demonstration held in Rangoon” (ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရန်ကုန်၌ ပြုလုပ်) ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို သြဂုတ်လ ၂၀ ရက်စွဲဖြင့် မဇ္ဈိမက ရေးသားခဲ့သည်။
အဆိုပါ သတင်းတွင် မဇ္ဈိမ မှ သတင်းကျင့်ဝတ်များနှင့် မညီပဲ အော က် ပါ အ တိုင်း ကောက် ကျစ် လိမ်လည်ကာ ရေးသားထားသည်ကို တွေ့ရသည်။

သာကေတ တံတားသစ် တစ်စင်း ထပ်မံ ဆောက်လုပ်မည်

ငမိုးရိပ်ချောင်းကို ဖြတ်ကျော်၍ ပုဇွန်တောင် မြို့နယ်နှင့်ဒေါပုံမြို့နယ်တို့ကို ဆက်သွယ် ဆောက်လုပ် ထားသည့် သာကေတ သံပေါင်တံတား အစား တံတားတစ်စင်း ထပ်မံ အစားထိုးသွားရန် အစီအစဉ် ရှိကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေး မှူး ဦးကျော်လင်းက ယနေ့ပြုလုပ်သော လမ်းတံတား အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မဇ္ဈိမ သတင်း လွဲမှားဖေါ်ပြမှု ရခိုင်လူမျိုးများ အကြား မကျေနပ်မှု တိုးပွား

သြဂတ်(စ်)လ ၁၉ရက်နေ့က ရန်ကုန်မြို့တွင် ရခိုင်လူငယ်များ UNနှင့် INGOs အဖွဲ့များအား ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြတောင်းဆိုပွဲအား အိန္ဒိယ အခြေစိုက် မဇ္ဈိမ သတင်းဌာနက ရခိုင် လူမျိုးများအား ကမ္ဘာအလယ်တွင်  သိက္ခာကျ နာမည်ပျက်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းရေးသား ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။
ဆေန္ဒပြ ရခိုင်လူငယ်များသည် မည်သည့် ဘာသာ၊ မည်သည့် လူမျိုးကိုမှ တိုက်ခိုက် စော်ကားမူ မရှိခဲ့ပါ။

မွတ်ဆလင်နိုင်ငံများ ဖြေရမည့် ဆီးရီးယား ပုစ္ဆာ

မွတ်ဆလင်နိုင်ငံများ ဖြေရမည့် ဆီးရီးယား ပုစ္ဆာ
ဆီးရီးယားတွင် အစိုးရနှင့် အတိုက်အခံများ အကြား စစ်ပွဲ ဖြစ်ပွား ခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သေဆုံးသူ များလည်း တစ်သောင်းကျော် သွားခဲ့ကာ လူပေါင်းများစွာ မှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ပွားလျက်ရှိသည်။ ဆီးရီးယား အရေးကို ကုလသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ် တို့က ၀င်ရောက် ဖြေရှင်း ပေးနေသော်လည်း ပြဿနာမှာ ပြေလည် သွားခြင်း မရှိဘဲ တိုး၍သာ ဆိုးဝါး လာသည်ကိုတွေ့ရသည်။ ဤ အခြေအနေတွင် ကမ္ဘာပေါ်ရှိ အစ္စလာမ်များ စုဖွဲ့ထားသော Origanisation of Islamic Cooperation (OIC) မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ဆီးရီးယားကို OIC အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ထားလိုက်သည်။ ဤတွင်ဆီးရီးယားအရေးကိုOIC အဖွဲ့အနေဖြင့် မည်မျှထိရောက်အောင်ဖြေရှင်းနိုင်မည်နည်း၊ OIC အဖွဲ့တွင်းရှိ အခြေအနေများမည်သို့ရှိမည်နည်း စသည်တို့ကို အရှေ့အလယ်ပိုင်း လေ့လာရေးဌာနမှ အကြီးတန်း သုတေသီ တစ်ဦးဖြစ်သူ Ed Husain ၏ အမြင်များကိုဖော်ပြလိုက်ပါသည်။

မလေးရှားရောက် ရခိုင်များ အနိုင်ကျင့်သတ်ဖြတ်ခံရမှုနဲ့ပက်သက်၍ အစိုးရမှ သေချာစွာ အရေးယူဆောင်ရွက်ခြင်းမရှိသေး

malay plicesမလေးရှားနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်နေ ကြသော ရခိုင်များအား ဘင်္ဂလီမူဆလင်များ အနိုင်ကျင့် သတ်ဖြတ်သည့် အမှုများနှင့်ပက်သက်၍ မလေးရှားအစိုးရ မှ ထိရောက်စွာ အရေးယူဆောင်ရွက် စစ်ဆေးခြင်းမ ရှိသေးကြောင်း သတင်းရရှိသည်။

Tuesday, 21 August 2012

ကျူးကျော် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ အချင်းများရာမှ ခုနှစ်ဦး ထိခိုက် ဒဏ်ရာရ


သြဂုတ်၂၁ ရက်

မန္တလေးမြို့ အရှေ့တောင်ပိုင်းရှိ မြရည်နန္ဒ ရပ်ကွက် ကျုးကျော်သူများ နေထိုင်ရာ ဝင်းအတွင်းသို့   အောင်ပင်လယ် ရဲစခန်းမှ စခန်းမှူး ဦးဆောင်သော ရဲအင်အား လေးဆယ်ခန့်က ကျုးကျော်သူများ အရေး ဦးဆောင် လှုပ်ရှားသူ ဦးဝင်းမြင့်ထွန်းကို ဝင်ရောက်ဖမ်းဆီးရာမှ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူများက ပြောကြားသည်။

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်


မန္တလေး သြဂုတ်(၂၁)ရက်


၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူ ခံသေတ္တာပုံးများအတွင်းမှအလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လ  အကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍အမှူဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

 “အဲဒီအချိန်တုန်းကကိုယ်တို့ဂေါပကသက်တမ်း(၃)လပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန်ထမ်းတွေကိုလည်း
အဲလိုလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေဘက်အာရုံစိုက်နေတဲ့အချိန် ခုလိုဖြစ်သွားခဲ့တာပါ။ ခုကျမှသူတို့ချင်းအသံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ”    မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။

၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူ
မသိရှိရသေးကြောင်း၊ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟု ယူဆရသောအခင်းဖြစ်ပွားရာညက တာဝန်ကျ ၀န်ထမ်း(၁၁)ယောက်ကို ရာထူးမှချကာချမ်းမြသာစည်မြို့နယ် ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင်ကြားထားကြောင်း ဦးစိန်သင်ကပြောသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်နေသည်ဟု ၄င်းကဆိုသည်။ထိုအမှူကိစ္စကို ကိုင်တွယ်နေသည်ဟု ဆိုသည့် ချမ်းမြ  သာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့ မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့ ဆောင်ရွက်နေကြောင်းတာဝန်ကျရဲ ၀န်ထမ်းတစ်ဦးက ပြန်လည်ပြောကြားသည်။

မဟာမုနိဘုရားကြီးတွင်လျှပ်စစ်မီး၊ရွှေသင်ကန်းကပ်လှူရန်နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန် အလှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။

ref:7daynews

Assange ကို လွှတ်ပေးရေး အတွက် Anonymous အဖွဲ့မှ ဗြိတိန် အစိုးရ ဆိုက်များကို တိုက်ခိုက်

တရားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက် အပါအဝင် ဗြိတိန် အစိုးရ ဝက်ဘ်ဆိုက် အတော်များများမှာ wkileaks ထူထောင်သူ Julian Assange ကိုလွှတ်ပေးရန် အတွက် ဟက်ကာများ၏ လက်စားချေ     တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။

ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းသို့ ထပ်မံဦးတည်လာသည့် တိုင်ဖွန်းမုန်တိုင်းကြီးများ

သြဂုတ်လ ၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင် ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း TEMBIN(15W) ဖိလစ်ပိုင်အမည် IGME သည် အလွန်အားကောင်းသော အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး ထိုင်ဝမ်ကျွန်းသို့ ဦးတည်ရွေ့လျားလျှက်ရှိပါသည်။


ဆီးရီးယားအစိုးရလက်ဖြောင့်တပ်သားတို့လက်ချက်ကြောင့် ဂျပန်သတင်းထောက်သေဆုံး

အသက် ၄၅နှစ်အရွယ်ရှိ ဂျပန်အမျိုးသမီးသတင်းထောက် Mika Yamamoto သည် ဆီးရိးယားနိုင် ငံမြောက်ပိုင်း Aleppo မြို့တွင်သတင်းရယူနေစဉ် သမ္မတအဆတ်ကိုသစ္စာခံသောအစိုးလက်ဖြောင့်တပ် တို့လက်ချက်ဖြင့် သြဂုတ်လ ၂၀ရက်နေ့က သေဆုံးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှကြေ ညာလိုက်သည်။ Mika Yamamoto သည် ၁၉၉၅မှစတင်၍ ဂျပန်နိုင်ငံသတင်းလောကသို့ဝင်ရောက်ခဲ့ပြီး အာဖဂန်၊အီရတ် စစ်ပွဲများသို့သွားရောက်သတင်းယူခဲ့ပြီး စစ်မက်ဖြစ်ပွားဒေသတို့ရဲ့အခြေအနေကို တင်ပြသော စစ်မြေပြင်သတင်းထောက်တဦးဖြစ်သည်။

Monday, 20 August 2012

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များ မိမိအသိစိတ်ဓါတ်ဖြင့် နှုတ်ထွက်စေရန် တောင်းဆိုထားသော သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဌထံ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ


ပြည်သူ့လွှတ်တော်ဥက္ကဌက (၁၄-၈-၂၀၁၂)ရက်စွဲနဲ့ သ၀ဏ်လွှာ(၁)စောင် ပေးပို့လာခဲ့ပါတယ်။ ဒီသ၀ဏ်လွှာကတော့ ပြည်ထောင်စုအဆင့်သတ်မှတ်ချက်နဲ့ စပ်လျဉ်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၀၁)ဦးက မကျေနပ်တဲ့အတွက် လက်မှတ်ရေးထိုးပြီး ခုံရုံးအဖွဲ့ဝင်(၉)ဦးကို စွပ်စွဲ ပြစ်တင်မှု ဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက် အပေါ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌက သည်းခံကြရန်မေတ္တာရပ်ခံပြီး နိုင်ငံတော်သမ္မတ   ထံ ပေးပို့ လာခြင်း ဖြစ်ပါတယ်။

ရန်ကုန် ဆိုးခရီးစဉ် စက်တင်ဘာ လအတွင်းစတင်တိုက်ရိုက် ပျံသန်း မည်


မြန်မာနိုင်ငံရန်ကုန်မြို့နှင့် ကိုးရီးယားသမ္မတနိုင်ငံ ဆိုးမြို့တို့အကြား ခရီးစဉ်ကို ကိုရီးယားလေကြောင်းလိုင်းမှ လာမည့် စက်တင်ဘာလ ၁၃ တွင် စတင်၍ပျံသန်း ပြေးဆွဲသွားရန် ရှိကြောင်း ရန်ကုန် အခြေစိုက် ဆန်းဖား လေကြောင်း လက်မှတ် အရောင်းကုမ္မဏီ မှ သတင်းပေးပို့ချက်များ အရ သိရှိရသည်။
 
 
NLD ကော့သောင်းခရိုင်ရုံး၏ မြို့နယ် ကော်မတီ ဖွဲ့စည်းမှုများကို ကျေနပ်မှု မရှိသောကြောင့် ယနေ့ မွန်းလွဲ တစ်နာရီခန့်တွင် NLD ပါတီဝင် ၅၀ ခန့်က ကော့သောင်း NLD ရုံးရှေ့တွင် အစာငတ်ခံ ဆန္ဒပြမှု ပြုလုပ် လျက်ရှိကြောင်း ကော့သောင်း မြို့ခံ The Voice Weekly သတင်းရင်းမြစ်များက ပြောကြားသည်။
 
 

ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး၏ ရှင်းလင်းချက်

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲက ထုတ်ဝေစာအားလုံးကို ယနေ့က စပြီး ထုတ်တင် စနစ်ပြောင်းလဲကျင့်သုံးလိုက်တာနဲ့ ပတ်သက်လို့ စာနယ်ဇင်းသမားများက ဖုန်းနဲ့ဆက် သွယ်မေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် အားလုံးသိအောင် ပြန်ကြားရေးဝန်ကြီးဌာန က ဆောင်ရွက်ခဲ့တဲ့ မီဒီယာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အကျဉ်းချုပ်ကို ရှင်းပြလိုပါတယ်။

အခုနောက်ဆုံးဆောင်ရွက်ခဲ့တဲ့ စာပေစိစစ်ရေးမူများ ဖြေလျှော့ပေးလိုက်မှုဟာ ၂၀၀၈ ခုနှစ်က စတင်ခဲ့တဲ့ မီဒီယာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ ရလဒ်လည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ က အတည်ပြုပြီးတဲ့အချိန်က စပြီး  ပြန်ကြားရေး ၀န်ကြီးဌာနဟာ ပြည်သူများအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ် ထားတဲ့နိုင်ငံသားများရဲ့အခွင့်အရေးများကို ဥပဒေနဲ့အညီကျင့်သုံးနိုင်ဖို့အတွက်မီဒီ ယာပြုပြင်ပြောင်း လဲမှုများကို ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ကြိုတင်လေ့ လာမှုတွေပြုလုပ် ခဲ့ပါတယ်။ အဓိကကတော့ နိုင်ငံတကာရဲ့ ပုံနှိပ်မီဒီယာဥပဒေများ နြဲ့ပည်တွင်းမီဒီယာကဏ္ဍဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်ချက်များကို လေ့လာခဲ့တာဖြစ်ပါ တယ်။

၂၀၁၁ ခုနှစ်မှာတော့ သမ္မတကြီးရဲ့ မူဝါဒနဲ့ အညီ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးကို လုပ်ငန်းစဉ်သုံးခုနဲ့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမလုပ်ငန်း စဉ်မှာ တည်ဆဲ ဥပဒေဖြစ်တဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ နှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ ကပေးအပ်ထား တဲ့ လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး စာပေစိစစ်ရေးမူများကို အဆင့် ဆင့် လျှော့ပေါ့ပေး ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ရခြင်းဟာ ပြည်တွင်းစာနယ်ဇင်းများ အနေ နဲ့ နောင်ပေါ်ပေါက် လာမယ့် ပုံနှိပ် မီဒီယာဥပဒေသစ်များနဲ့ သဟာဇာတဖြစ်ဖြစ် လုပ်ဆော င်နိုင်  ဖို့ အတွက် အလေ့အကျင့်များ ရရှိအောင် ဆောင်ရွက် ပေးခဲ့ ခြင်းပဲဖြစ်ပါတယ်။

အဲဒီလိုလုပ်ဆောင်ရာမှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး စာပေဘာသာရပ်ငါးမျိုးကို ထုတ်တင် စနစ်ကိုပြောင်းလဲကျင့်သုံးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ၀န်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တစ်နှစ်ပြည့်တဲ့ အချိန်မှာ ကြိုတင်စိစစ်တဲ့စနစ်ကို ဖျက်သိမ်းပြီး ထုတ်ဝေစာအားလုံး ထုတ်တင်စနစ်ဖြစ်အောင်ဆောင်ရွက်ပါ့မယ်၊အဲဒီအချိန်မှာပေါ်ပေါက်လာတဲ့ကျင့်ဝတ်ဆိုင်ရာပြဿ နာ များ၊ အငြင်းပွားမှုများ၊ ပြည်သူများရဲ့ ကန့်ကွက်တိုင်ကြားချက်များကို ကိုင်တွယ် ဖြေရှင်းနို င်ဖို့အတွက် အမြုတေစာနယ်ဇင်းကောင်စီတစ်ခုလည်း ဖွဲ့ပြီးဖြစ်အောင်ဆောင်ရွက်ပါ့မယ် ဆိုပြီး အထက် အကြီးအကဲများကို တင်ပြခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မေလအတွင်းမှာ လာမယ့် ဇွန်လကုန်ဆိုရင် ကြိုတင်စိစစ်တဲ့စနစ်ကို ဖျက်သိမ်းတော့ မယ်လို့ ပြောဆို မှုတွေရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းဒီလုပ်ငန်းစဉ်များကိုဆောင်ရွက်တဲ့အခါမှာ မျှော်လင့် မ  ထားတဲ့ အခက်အခဲအချို့ပေါ်ပေါက်ခဲ့တာကြောင့် အခု သြဂုတ်လ ၂၀ ရက်နေ့မှသာ ထုတ်ဝေစာ များကို ကြိုတင်စိစစ်တဲ့စနစ်ကို ဖျက်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အမြုတေစာ နယ်ဇင်းကောင်စီနဲ့ပတ်သက်တဲ့အခက်အခဲများကိုလည်းဖြေရှင်းနိုင်ဖို့ ကြိုးစားဆောင် ရွက်နေ ပါ  တယ်။

ဒုတိယလုပ်ငန်းစဉ် အနေနဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ နှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေကို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးနိုင်မယ့် ပုံနှိပ်မီဒီယာ ဥပဒေတစ်ခုကို အသစ် ပြန်လည် ရေးဆွဲဖို့ဆောင်ရွက်ခဲ့ပါ တယ်။ဒီလိုဆောင် ရွက်နိုင်ဖို့အတွက်၂၀၀၈ ခုနှစ်ကစတင်ပြီး ဒေသတွင်း မီဒီယာအဖွဲ့ အစည်းများ ရဲ့ အကူအညီနဲ့ နိုင်ငံတကာမီဒီယာဥပဒေများကို လေ့လာခြင်း၊ ၀န်ကြီးဌာန အနေဖြင့် ပြည် တွင်းစာနယ်ဇင်းများက သတင်းလွတ်လပ်ခွင့်၊စာနယ်ဇင်း ကျင့်ဝတ်တို့နှင့် ပတ်သက် သည့်ရေးသား ချက်များကိုလေ့လာစုဆောင်းခြင်းတို့ ကိုပြုလုပ် ခဲ့ပါတယ်။ ဒီနောက် မှာ ပုံနှိပ်မီဒီယာဥပဒေကြမ်းကိုစတင်ပြုစုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ယူနက်စကိုအပါအ၀င်နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းခြင်း၊ ပြည်တွင်း မှာ အလုပ်ရုံဆွေးနွေးပွဲများပြု လုပ်ခြင်း တို့ကို ဆောင်ရွက်ကာ မူလဥပဒေကြမ်းကို ထပ်မံပြင်ဆင် မှုများ ပြုလုပ်ပြီး ရှေ့နေချုပ်ရုံးနဲ့ အကြိမ်ကြိမ်ညှိနှိုင်းပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ အခု ဆိုရင် သမ္မတရုံးက သုံးသပ်အကြံပြုချက်များ နဲ့ ပြန်လည်ပေးပို့လာတဲ့ ဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ပြီး သြဂုတ်လ ၇ ရက်နေ့ က သမ္မတရုံးကို ပြန်လည်တင်ပြထားပါတယ်။ ဒါဟာ သတ္တမမြောက်မူကြမ်းလည်းဖြစ်ပါတယ်။ ဒီမူကြမ်းကို အတည်ပြုခဲ့ ရင်တော့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က လက်ခံစဉ်းစားဖို့သဘော တူကြောင်းပြန်ကြားလို့ရှိရင် အခြားဥပဒေကြမ်းများ လိုပဲ နေ့စဉ်ထုတ်သတင်းစာများ ကတ ဆင့် ပြည်သူများလေ့ လာပြီး လွှတ်တော်ကိုယ်စားလှယ်များထံအကြံပြုနိုင်ဖို့အတွက် ထုတ်ပြန် သွား မှာဖြစ်ပါတယ်။

တတိယလုပ်ငန်းစဉ်ကတော့ နိုင်ငံပိုင်မီဒီယာများကိုလည်း ပြည်သူ့ရေးရာဝန်ဆောင်မှုမီဒီယာများဖြစ်အောင် ပြုပြင်ပြောင်းလဲသွားဖို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကလည်းအဆင့်ဆင့်ရှိပြီး လက်ရှိအခြေအနေမှာတော့ သတင်းစုဆောင်း မှု၊ ရေး သား မှုပုံစံ များကိုပြောင်းလဲနိုင်ဖို့အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ၀န်ထမ်းများကို လည်း လိုအပ်တဲ့ သင်တန်းပို့ချမှုများပြုလုပ်နေပြီဖြစ်ပါတယ်။

ဒါကတော့ ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၀၈ ခုနှစ်ကစတင်အစပျိုးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လက်တွေ့ စတင်အကောင်အထည်ဖော်ခဲ့တဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အကျဉ်းချုပ်ပဲဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်များအတွင်း ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေမှာ မှားခဲ့တာတွေရှိနိုင်ပါတယ်။ ဘ၀င်မကျနိုင် တာတွေလည်းရှိမှာသေချာပါတယ်။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနက ၀န်ကြီးနဲ့ တာဝန်ရှိသူအဆင့်ဆင့်ဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်ပြီး ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်ကို ကြိုပမ်း အကောင်အထည်ဖော်ခဲ့တယ်၊ ဆက်ပြီးအကောင်အထည်ဖော် ဖို့လည်းကြိုးစားနေတယ်ဆိုတာကိုတော့ အာမခံချင်ပါတယ်။ ကျွန်တော်တို့အပေါ်မှာ သံသယတွေရှိနေဆဲပဲဆိုတာလည်း သိပါတယ်။ ဒါတွေကို ကျွန်တော်တို့ရဲု့လုပ်ဆောင် ချက်များ နဲ့ ကျော်လွှားနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ ကျွန်တော်တို့ ကို မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးအဖြစ်မမြင်ပဲ လုပ်ဖော်ကိုင်ဘက်အဖြစ် မြင်လာေ အာင် လည်း ကြိုးစား သွားမှာပါ။

မြန်မာ့စီးပွားရေး ဆယ်စုနှစ်အတွင်း တစ်နှစ်ရှစ်ရာခိုင်နှုန်း တိုးတက်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း


မြန်မာ့စီးပွားရေးသည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်မှုတိုးတက်အောင် အစိုးရက ပြုလုပ်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း နိမ့်အောင် ထိန်းထားခြင်းအားဖြင့် လာမည့်ဆယ်စုနှစ်အတွင်း တစ်နှစ်ရှစ်ရာခိုင်နှုန်းဖြင့် စီးပွားရေးတိုးတက်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းလိုက်သည်။

စာနယ်ဇင်းများအားလုံး စာပေစိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရပြီ

မြန်မာနိုင်ငံတွင်ပုံနှိပ်ထုတ်ဝေနေသောစာနယ်ဇင်းများနှင့်ထုတ်ဝေစာများအားလုံး သြဂုတ်၂၀ရက်နေမှစ ပြီး စာပေစိစစ်ရေးသို့တင်စရာမလိုဘဲထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနက   ပြောကြား  သည်။

ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများ

ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်ပါသည်။

(၁) ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော ၂၀၁၂ ခုနှစ် စာစစ်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၂) တောင်သူလယ်သမားနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးခြင်း။ အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

(၃) အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်း၊ သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်း၊ အတည်ပြုချက် ရယူခြင်း။

ADSLအင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေး

ယခု ၁ ရက်နေ့မှစတင်၍ ADSL အင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေးခဲ့သည်ဟု ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက သြဂုတ်လ ၁၅ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ပြောသည်။