Monday 20 August 2012

ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများ

ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်ပါသည်။

(၁) ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော ၂၀၁၂ ခုနှစ် စာစစ်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၂) တောင်သူလယ်သမားနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးခြင်း။ အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

(၃) အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်း၊ သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်း၊ အတည်ပြုချက် ရယူခြင်း။

No comments:

Post a Comment