Wednesday, 25 July 2012

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ

မြန်မာနိုင်ငံက ဆင်တွေ တနှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ် လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့ကထုတ်ဖေါ်ပြောဆို လိုက်ပါတယ်။


ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေကြည့်ဖို့ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဖို့အတွက် ဒီလုပ်ငန်းဖြစ်ထွန်းနေတာလို့ဆိုပါတယ်။

Tuesday, 24 July 2012

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီပါတီသစ်ကို တယ်လီဖုန်းဆက် ခြိမ်းခြောက်

ရိုဟင်ဂျာများအကြောင်းကိုလွှတ်တော်တွင် ဝင်ရောက်ဆွေးနွေးခဲ့သော် အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တယ်လီဖုန်းဆက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
''တယ်လီဖုန်းဆက်တာလေး ကြိမ်ရှိသွားပြီ၊ ရိုဟင်ဂျာဆိုတာမြန်မာနိုင်ငံမှာရှိတယ်။ တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမရှိဘူးလို့ ပြောတာကို လက်မခံနိုင်ဘူး'' ဟု ဖုန်းဆက်၍ ပြောကြားခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်၏သား ကိုခိုင်မင်းက ပြောသည်။
ကျင်းပနေသည့် စတုတ္ထအ ကြိမ်မြောက်ပြည်ထောင်စုလွှတ်တော် တွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တိုင်းရင်းသား ၁၃၅ မျိုးတွင် ရိုဟင်ဂျာလူမျိုးမပါဝင် ကြောင်းနှင့် လူ့အခွင့်အရေးကို အကြောင်းပြ၍ ကဗျာဆန်၍မရကြောင်း၊ ယခုကိစ္စမှာ အမျိုးသားရေးကိစ္စဖြစ်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့ သည်။
ယင်းကဲ့သို့ ဝင်ရောက်ဆွေးနွေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းဖြစ် နိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပါတီဝင်များက ခန့်မှန်း ပြောဆိုကြသည်။
''ကျွန်တော်တို့နဲ့ အငြင်းအခုံ ဖြစ်ရတယ်၊ ပါတီရဲ့မူဝါဒက ခုလို ရှိတယ်ဆိုလို့ရှိရင် ပါတီရှေ့မှာ ဆန္ဒလာပြမယ်'' လို့ အမျိုးသားတစ်ယောက်ကလည်း ထပ်မံဖုန်း ဆက်ပြီးပြောကြားကြောင်း အမျိုးသားဒီမိုကရေစီပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်၍ ကူညီထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီပါတီသစ်ကို အဖွဲ့အစည်းတစ်ခုမှ လာရောက်လှူ ဒါန်းမှုများပြုလုပ်ခဲ့သော်လည်း ပါတီ က လက်မခံဘဲ အစိုးရအဖွဲ့ကိုသာ တိုက်ရိုက်လှူဒါန်းရန် ပြန်လည်ပြော ကြားခဲ့သည့်ဖြစ်စဉ်ရှိကြောင်းလည်း သိရသည်။ ရိုဟင်ဂျာလူမျိုးများ၏ အကြောင်းကို ရေးသားထားသော စာအုပ် ၇ အုပ်ကိုလည်း အမျိုးသား ဒီမိုကရေစီပါတီသစ်ကို လာရောက် ပေးပို့ခဲ့ကြောင်း ပါတီဝင်များက ပြော သည်။
''အခုဖုန်းဆက်ပြီးခြိမ်းခြောက် တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအ ဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သွားပြီ၊ သူတို့သိချင်တာတွေကိုလည်း လာမေးလို့ ဖြေပြီးသွားပြီ၊ ကျွန်တော် တို့ပါတီရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး လွှတ်တော်တွင်းမှာ ရဲရဲဝံ့ဝံ့ဆက်ပြီး တော့ ဖော်ထုတ်ဆွေးနွေးသွားဦးမှာ ပါ''ဟု ပါတီတာဝန်ရှိသူတစ်ဦးကThe Messenger ဂျာနယ်သို့ ပြောသည်။
 
From:massenger

ဂျပန် Daiwa နည်းပညာ ကုမ္ပဏီ ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှုပ်နှံမည်

ဂျပန်နိုင်ငံ နည်းပညာ ကုမ္ပဏီတခုဖြစ်သည့် Daiwa သည် မြန်မာနိုင်ငံတွင် ကွန်ပျူတာ နည်းပညာဆိုင်ရာ ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၈၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း တာဝန်ရှိသူက ပြောသည်။

“Daiwa ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မှာ မြန်မာအစိုးရ ရဲ့ အစိုးရပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ ကွန်ပျူတာ နည်းပညာဆိုင်ရာ လုံခြုံရေးဆောင်ရွက်ဖို့နဲ့ ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီတွေနဲ့ ကွန်ပျူတာနည်းပညာ၊ ဆော့ဖ်ဝဲနဲ့ ပစ္စည်းကိရိယာ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်မှာ ဖြစ်တယ်” ဟု အသင်း၏ အလုပ်အမှုဆောင် ဦးသောင်းတင် က ပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဟောင်း မူခါဂျီ အိန္ဒိယသမ္မတအဖြစ် ရွေးကောက်ခံရ

ဘဏ္ဍာရေးဝန်ကြီးဟောင်း ပရာနပ်မူခါဂျီကို အိန္ဒိယသမ္မတအဖြစ် ပြည်ထောင်စုနှင့်
ပြည်နယ်လွှတ်တော်အမတ်များက ရွေးကောက်တင်မြှောက်ခဲ့ကြောင်း မဲရေတွက်မှုများပြီးစီးသည့်
ဇူလိုင်လ ၂၂ ရက်နေ့တွင် အိန္ဒိယ သတင်းအေဂျင်စီ ပီတီအိုင်က ထုတ်ပြန်ကြေညာခဲ့သည်။


အာဏာရ ကွန်ဂရက်ပါတီမှ ၀ါရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ မူခါဂျီသည် စေ့စပ်ညှိနှိုင်းရေးတွင် ထူးချွန်သောကြောင့် ထင်ရှားသူဖြစ်ပြီး အိန္ဒိယနိုင်ငံ ရင်ဆိုင်နေရသော ပါလီမန်တွင်း လိပ်ခဲတည်းလည်းဖြစ်မှုများကို ယခင်သမ္မတများ ထက်ပြေလည်စွာ နောက်ကွယ်မှ
ဖြေရှင်းနိုင်မည့်သူဟု လေ့လာသူအချို့က သုံးသပ်ထားသည်။

မော်လမြိုင် အ.ထ.က (၁၀) ကို ကျောက်သယ်ကား ၀င်တိုက်

ဇူလိုင်လ ၂၄ ရက် (ယနေ့ နံနက်) တွင် မော်လမြိုင်မြို့အ၀င်၊ ဆွမ်းအုပ်အ၀ိုင်းအနီး၊ (အထက-၁၀)ကျောင်းအား မုတ္တမဘက်မှ စကျင်ကျောက်တုံးများ တင်လာသော ကျောက်တင်ကားတစ်စီး ၀င်တိုက်မှု ဖြစ်ပွါးခဲ့ကြောင်း၊ သတင်းရရှိပါသည်။



(NDI) National Democratic Institute မှ Mr. Scott Hubli (Global Director – American) ဦးဆောင်သည့်အဖွဲ့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးအား လာရောက်တွေ့ဆုံ


ယနေ့ နံနက် ၈ နာရီအချိန်တွင် (NDI) National Democratic Institute မှ Mr. Scott Hubli (Global Director – American) ဦးဆောင်သည့်အဖွဲ့သည် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးအား နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ နိုင်ငံတကာဆက်ဆံရေး ကော်မတီရုံးတွင် လာရောက်တွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံမှုတွင် ကော်မတီအတွင်းရေးမှူး များ ဖြစ်သောလွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးရင်နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးကိုကိုထွန်း တို့ပါ တက်ရောက်ပြီး NDI မှ Ms. Stephanie Lynn (Country Director- Canadian) Mr. Franklin Dc Vricze (Governance Expert – Belgian)
Ma Sao Siri Rupa (Senior Programme Assistant- Myanmar) တို့ပါ တက်ရောက်ကြပြီး လွှတ်တော်ရေးရာ ကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

လွှတ်တော် သတင်းများ



ယနေ့ (ဇူလိုင်လ ၂၄ရက်နေ့) တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Government (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်" အဆိုတင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း၊ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း အဆိုကို တင်သွင်းမည်ဟု သိရသည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းသည့် ပထမဆုံး အဆိုဖြစ်ပါသည်။

ထားဝယ် ရေနက် ဆိပ်ကမ်းဆောက်လုပ်ရေး နှစ်နိုင်ငံ ခေါင်းဆောင်များ ကတိပြု

သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံနဲ့ တည်ဆောက်နေတဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်ဂိတ်အသစ်တွေ ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။



အထက်တန်းတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် သင်ယူသူမရှိ


၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့်ကျောင်းသားများသည် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကိုေ ရွးချယ်သင်ယူသူလုံးဝမရှိကြောင်း၊ ပထ၀ီဝင်နှင့်သမိုင်းဘာသာကိုရွေးချယ်သင်ယူသူ အလွန် နည်းပါး နေကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အခြေခံပညာ ကဏ္ဍအစီရင်ခံစာ တွင် ဖော်ပြထားသော အချက်အလက်များအရသိရသည်။

အထက်တန်းအဆင့် ကျောင်းသားများအား ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ စတင်၍ ဘာသာတွဲ (၈)ခုမှ နှစ်သက်ရာဘာသာတွဲတစ်ခုအား ရွေးချယ်သင်ယူစေခဲ့ရာ ကျောင်းသားများက သိပ္ပံဘာသာရပ်များ ပါဝင်သည့်ဘာသာတွဲများကိုသာရွေးချယ်သင်ယူနေကြခြင်းဖြစ်သည်။သိပ္ပံဘာသာရပ် နှစ်ခု(သို့မဟုတ်)
သုံးခုပါဝင်သည့် ဘာသာတွဲများကို ရွေးချယ်သင်ယူသော ပမာဏမှာန၀မတန်းတွင် ၉၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၉၄ ဒသမ ၂၄ ရာခိုင်နှုန်းရှိပြီး ၀ိဇ္ဇာဘာသာတွဲသက်သက် ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတအား ထိုင်း ၀န်ကြီးချုပ်မှ ညစာစားပွဲဖြင့် ဧည့်ခံ

နိုင်ငံတော်သမ္မတဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်တွင် ယနေ့(ဇူလိုင်လ၂၃) ရက်နေ့ ည ၆း၃၀ ခန့်တွင် ဂုဏ်ပြုညစာ စားပွဲဖြင့် ဧည့်ခံခဲ့သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ထို့အတူ ထိုင်းဝန်ကြီးချုပ်နှင့်အတူ သက်ဆိုင်ရာဝန်ကြီးများ ထိုင်းနိုင်ငံရှိ နိုင်ငံတကာသံရုံး တာဝန်ရှိသူများ၊ CPF, PTT, SCG အစရှိသည့် စီးပွားရေးလုပ်ကြီးများမှ President & CEO များ တက်ရောက်ခဲ့ကြသည်။



ရိုဟင်ဂျာ များဖန်တီးနေသော ပြဿနာများ

လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပတိပက္ခ အတွင်း လူပေါင်း ၁၈ ဦးသေဆုံး ပြီးနောက် ဝေးကွာလွန်းတဲ့ အာသံပြည်နယ် အတွင်းက ထောင်ပေါင်း မြောက်များစွာသော လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒီကနေ့  အေပီ သတင်း တစ်ပုဒ်မှာ ဖေါ်ပြ ထားပါတယ်။
အခုအချိန်ထိ ပျောက်ဆုံးနေသူ ၁၀ ဦးရှိကြောင်းနဲ့ တိုက်ခိုက်မူတွေဟာ မြေယာပိုင်ဆိုင်မူ အငြင်းပွားရာကနေ ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ မွတ်ဆလင် အခြေချ နေထိုင်သူတွေ အကြားမှာ ဖြစ်ပွားတာ ဖြစ်တယ်လို့ အိန္ဒိယ အာသံပြည်နယ် ပုလိပ်မင်းကြီး  J.N. Choudhury  ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။

Monday, 23 July 2012

မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျ၊ ကျောင်းသူ ၃၀ ခန့်  ဒဏ်ရာရ


 ယနေ့ ဇူလိုင်၂၃ ရက်နေ့ တွင်မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်း ပြိုကျကာကျောင်းသူ ၃၀ ခန့်  ဒဏ်ရာ ရမှုဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိသည်။

 
                                                              ဓါတ်ပုံ၊ EMG
"နံပါတ်ခြောက်အချိန် မှာ ဖြစ်သွားတာပါ။ နေ့  ၂ နာရီခွဲကျော်ကျော်မှာပေါ့ ။ ကြမ်းခင်းပြိုကျတဲ့  ၂ ထပ်ကျောင်းဆောင်မှာက ကျောင်းအုပ်ကြီးရုံးခန်းရှိတော့  ကျောင်းအုပ်ကြီးကို သွားကန်တော့ ကြတယ်။ နှစ်ယောက်တစ်တွဲ တန်းစီသွားတာ
ယောင်္ကျားလေးတွေကတော့  ကျောင်းအုပ်ကြီး ရုံးခန်းထဲ ရောက်ပြီးကြပြီ။ မိန်းကလေးတွေက နှစ်ယောက်တစ်တွဲသွားရာကနေ ဝရန်တာ ကြမ်းခင်းက ဆွေးနေတော့  ဝုန်းကနဲ ပြုတ်ကျသွားတယ်။ အောက်မှာ မီးကြိုးကြီး တစ်ချောင်းခံနေလို့  ကလေးတွေအကျ သက်သာတယ် ဆိုရမှာပါ။" ဟု အ ထ က ၂ မှ မျက်မြင်တွေ့ ရှိခဲ့ သူ ကျောင်းဆရာမ တစ်ဦးက ပြောပြခဲ့ သည်။

From:FB 

Grand Circle Cruise ဇိမ်ခံသင်္ဘောငယ် မြန်မာနိုင်ငံဧရာဝတီမြစ်အတွင်းပြေးဆွဲတော့မည်


မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာမှုနှင့် ကမ္ဘာလှည့် ခရီးသည်များ အများအပြားလာရောက်ကြမည့် အလားအလာများကြောင့် GCC အနေဖြင့် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများအတွက် ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်တော့မည်ဟု ဥက္ကဌ Alan E. Lewis က ထုတ်ဖော်ပြောဆိုလိုက်သည်။ 


 Grand Circle Cruise  Line ကော်ပိုရေးရှင်းသည် ဇိမ်ခံသဘောင်္ငယ်များဖြင့်
ကမ္ဘာ့တဝှမ်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေပြီး Overseas Adventure Travel (OAT)ကုမ္မဏီနှင့်အကျိုးတူပူးပေါင်းဆောက်မည်ဖြစ်ကာ  ၂၀၁၃နှစ် ခရီးသွားရာသီမှစတင်ပြီး မြန်မာနိုင်ငံဧရာဝတီမြစ်အတွင်း ရှေးဟောင်းမြို့တော်ပုဂံမှ မန္တလေးသို့ စတင်ပြေးစွဲတော့မည်ဖြစ်ပြီး လက်မှတ်များကို အမေရိကန်ခရီးသည်များသို့ ကနဦးရောင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ထောက်ခံသောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့  တွင် နိုင်ငံတော် အလံများ လွှင့်ထူထား

နိုင်ငံတော် သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်သွားရောက်နေစဉ် သမ္မတ၏ ရိုဟင်ဂျာများနှင့် ပတ်သက်သော မူဝါဒကို ထောက်ခံသောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုင်ငံတော်အလံကို လွှင့်ထူထားကြကြောင်း သိရှိရသည်။


ABSDF ၏ ဥက္ကဌဟောင်း(၂ ) ဦး ပြည်တော်ဝင်ခွင့်ကျပြီဟု သတင်းများထွက်ပေါ်




၁၉၈၈ခုနှစ်အရေးတော်ပုံအပြီးထိုင်းမြန်မာနယ်စပ်တွင်ဖွဲ့စည်းခဲ့သော ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ပထမဆုံးဥက္ကဌဟောင်း ရဲဘော်ထွန်းအောင်ကျော်နှင့် ဒုတိယမြောက် ဥက္ကဌဟောင်း ရဲဘော်မိုးသီးဇွန်တို့အား သမ္မတအမိန့်ဖြင့် ပြည်တော်ဝင်ခွင့်ပြုလိုက်ကြောင်းသတင်းများထွက်ပေါ်နေသည်။ အမေရိကန်ပြည်ထောင်စုတွင်အခြေချနေထိုင်နေသောဥက္ကဌဟောင်း၂ဦးအပါအဝင် စုစုပေါင်း ၅ဦးအား သမ္မတဦးသိန်းစိန်အမိန့်ဖြင်ပြည်တော်ဝင်ခွင့်ပြုလိုက်ကြောင်း ယနေ့ အင်တာနက်တွင်ပြောဆိုနေကြသည်။

from:Aung pan  FB

မြန်မာနှင့်ထိုင်း စီးပွားရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ သုံး ခု လက်မှတ်ရေးထိုးမည်

ထိုင်းနှင့်မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ(MoU) သုံးခုအား ဇူလိုင် ၂၃ ရက်တွင် သဘောတူလက်မှများ ရေးထိုးကြလိမ့်မည်ဖြစ်ပြီး အဓိကအားဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ထားဝယ်နှင့် ထိုင်းနိုင်ငံအရှေ့ဘက် ပင်လယ်ကမ်းရိုးတန်းဒေသတို့၏ ကူးသန်းဆက်သွယ်ရေး နှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်သည်။

 

သမ္မတဦးသိန်းစိန်သည် ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်က ရောက်ရှိခဲ့ပြီး ချောင်ဘူရီပြည်နယ်ရှိ Laem Chabang ရေနက်ဆိပ်ကမ်းကို သွားရောက်လေ့လာခဲ့ပြီး သမ္မတကြီးအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၈ ခုနှစ် ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်အထိ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ဖူးသည်။

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ ၀င်ခွင့် အမှတ်များ တိုးမြှင့် သတ်မှတ်ပြီး ကျောင်းသားဦးရေ ကန့်သတ်မည်

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် နည်းပညာတက္ကသိုလ်၊ ကောလိပ်များ၊
ရေကြောင်းပညာတက္ကသိုလ်၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့၏ ကျောင်းဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို တိုးမြှင့်သတ်မှတ်လိုက်ပြီး ကျောင်းသားလက်ခံမှုကိုလည်း လျှော့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ယခင်နှစ်က နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပံ္ပများတွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၂၀ နှင့်အထက် ရရှိထားသူများကို ကျောင်းဝင်လျှောက်ခွင့် ပြုခဲ့သော်လည်း ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၆၀နှင့်အထက် ရရှိထားသူများသာ ကျောင်းလျှောက်ခွင့် ရရှိမည်ဖြစ်သည်။

Sunday, 22 July 2012

နိုင်ငံရေးအထူးသတင်းနှင့် ဆောင်းပါးကဏ္ဍ


===> နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ =Click=
===> ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန် စောလွန်းသေးဟု အမေရိကန်သံအမတ်ပြော =Click=
===> အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆန်ရှင်ထပ်ပိတ်ဖို့ ဒေါ်စုကြည် ဖုန်းဆက်ခဲ့ =Click=
===> ဗိုလ်ချုပ်နဲ့ အာဇာနည်တွေကို လုပ်ကြံဖို့ ဗြိတိသျှ အစိုးရ ကြိုးကိုင်စီစဉ်ခဲ့ကြောင်း သက်သေဖော်ပြချက်များ =Click=
===> အာဇာနည်နေ့ (သို့) နိုင်ငံတော် လုပ်ကြံမှူကြီးရဲ့ အသေးစိတ် ဖြစ်စဉ်ဖြစ်ပွါးပုံ =Click=
===> ရိုဟင်ဂျာလွတ်မြောက်ရေးကို လှုပ်ရှားပေးနေသော INGOs အဖွဲ့ =Click=
===> ဂျင်းဘောင်းဘီဖင်ကြပ်နဲ့ နိုင်ငံရေးသမားလေး Mrs.SuKyi =Click=
===> အမျိုးပျောက်မှာ စိုးကြောက်စရာ  =Click=
===> ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လေမလား =Click=    

Saturday, 21 July 2012

ရှမ်းပြည်နယ်မှ ထွန်းလင်းတောက်ပလာမည့် ကြယ်တစ်ပွင့်


 ယနေ့အချိန်အခါမှာ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကြီး ဆီသို့ရောက်ရှိရန်အတွက် အသွင်ကူးပြောင်းရေး ကာလကိုဖြတ်သန်းနေပါတယ်။ သဘာဝသယံဇာတတွေ ကြွယ်ဝပေါများလှတဲ့ နိုင်ငံတစ်နိုင်ငံဟာ ဘာဖြစ်လို့အခုလိုနိမ့်ကျပြီး အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေရတာလဲ၊ ဒီလိုဖြစ်နေတာဟာ စီးပွားရေးပိတ်ဆို့ခံရမှုကြောင့်လား၊ စီးပွားရေးဘာလို့ပိတ်ဆို့ခံရတာလဲ၊ ဘယ်သူတွေကြောင့်လဲ၊ ဘာကြောင့်လဲ၊ အစိုးရကြောင့်လား၊ ပြည်သူတွေကြောင့်လား၊ ဒါမှမဟုတ် ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေရဲ့လုပ်ရပ်၊ ခံယူချက်/ ရပ်တည်ချက်ကြောင့် အခုလိုဖြစ်နေတာလဲဆိုတာ အဖြေထုတ်ကြည့်ဖို့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူလူထုအားလုံးမှာ တာဝန်ရှိပါတယ်။

            အဲဒီဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းရင်းသားလူထုကိုယ်စား မီးမောင်းထိုးပြလိုက်တဲ့ လူတစ်ယောက်ကို မထင်မှတ်ဘဲတွေ့ရှိလိုက်ရပါတယ်။ သူကတော့ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဒေါ်နန်းဝါနုလို့သိရပါတယ်။ အသက်(၃၃)နှစ်သာရှိသေးပြီး ဥပဒေရေးရာ ကျွမ်းကျင်တဲ့ ဥပဒေမဟာဘွဲ့ရ 

အမေ ဘာတွေလုပ်နေတာလဲ..




        ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အမေစု(သို့)အဘွားစုကတော့ တစ်နေ့တစ်မျိုး၊ မရိုးစေရ၊ လုပ်ကွက်ပြပြန်ပါပြီ။ ရခိုင်အရေးအခင်းကလည်း အခုထိမပြတ်သေး။ ဘေးကကြည့်တဲ့ ကျွန်တော်တို့တောင် ရင်တစ်လှပ်လှပ်ကာလပါ။ ရခိုင်အရေးအခင်းစဖြစ်တော့ပြည်ပထွက်ပြီး လုပ်ကွက်တစ်မျိုး၊ ပြန်ဝင်လာတော့လည်း လွှတ်တော်ချက်ချင်းမတက်သေးတဲ့ ပြကွက်တစ်ချို့၊ လွှတ်တော်ကို (၈)လ လုပ်မယ်ဆိုတော့လည်း ပြည်သူနဲ့ ထိတွေ့ချိန်  နည်းတယ်ဆိုတဲ့ အချိုးတစ်ပုံစံ၊ နောက်ဆုံး ဟော့နေတာကတော့ စီးပွားရေးပိတ်ဆို့မှု အလုံးစုံပယ်ဖျက် ရေးနဲ့ ပတ်သက်မှု။
          ကျွန်တော်တို့ အချက်အားလုံးကို သာမန်သဘောထားလို့ မရပါဘူး။ အရေးကြီးတဲ့အချက်ဆိုတာ တွေချည်းမို့ပါ။ ရခိုင်ကိစ္စ၊ ဒေါ်စုက ပြတ်သားတဲ့အဖြေမပေးဘူး။ အစိုးရအသုံးမကျကြောင်း အဖြေပဲထွက်လာတယ်။ အရင်အစိုးရ အားနည်းတယ်ဆိုတာကို ထောက်ပြတယ်။ ကဲ ဒါဖြင့် လက်ရှိကိစ္စဘာလုပ်မလဲ။ မဖြေဘူးဗျ။ လွှတ်တော်(၈)လလုပ်မယ်ဆိုတော့ ပြည်သူနဲ့ ထိတွေ့မှုနည်းတယ်။ မကြိုက်ဘူးတဲ့။ ဒါဖြင့် ဒေါ်စု လွှတ်တော်နားတဲ့ ကာလ ဘာတွေလုပ်လဲ၊ ကြည့်ရအောင်။ အနောက်နိုင်ငံကိုပတ်တယ်။ သူ့ရဲ့ ရွေးချယ်ခံ ကော့မှူး(၁)ရက်သွားတယ်။ ကျန်တဲ့ရက်နားတယ်။ အချိုးချကြည့်ဗျာ။ အဖြေတစ်ခုထွက်လိမ့်မယ်။ အခုနားရင် အမေရိကန်သွားရဦးမယ်။