Thursday, 14 June 2012

ဒေါ်စုမိန့်ခွန်းမပြောခင်တစ်ရက်အလိုမှာ ကျင်းပတဲ့ ILO ညီလာခံက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေရုပ်သိမ်းတယ်လို့ဆုံးဖြတ်

ILO lifts restrictions on Myanmar
 The International Labour Organization has lifted its restrictions on the full participation of Myanmar in its activities and decided to review the progress on the elimination of forced labour in the country next year.

News item | 13 June 2012
 GENEVA (ILO News) – The decision, taken by the International Labour Conference during its annual meeting in Geneva, comes a day before Daw Aung San Suu Kyi, the Chairperson of the National League for Democracy (NLD) and Member of Parliament in Myanmar, addresses the Conference’s plenary on Thursday 14 June.
 Since 1999, by a decision of the Conference, Myanmar has not received technical cooperation from the ILO except for the purpose of combating forced labour. Myanmar has not been invited to ILO meetings or activities on various labour matters.
 The restrictions were put in place as a follow-up to a Commission of Inquiry which concluded in 1998 that the use of forced labour was widespread in the country. A number of recommendations were made for changes in legislation and practice.
 In 2000, the Conference found that Myanmar was not implementing these recommendations. It then enacted a number of measures, including a request to ILO Member States to review their relations with Myanmar to ensure that their actions could not be used to perpetuate the use of forced labour. Most of these measures have now also been suspended.
 The Conference requested that urgent attention be given to technical cooperation priorities in Myanmar. Priorities already established are the effective and full realization of freedom of association as well as the elimination of forced labour.
The Government of Myanmar and the ILO have agreed on a joint strategy for eliminating forced labour. The Government acknowledges the need for immediate action on this strategy with a view of implementing it before the declared target date of 2015.


ဒေါ်စု မရောက်ခင် ဦးအောင်ကြည် ကြိုးပမ်းမှုကြောင့် ILOက ကန့်သတ်ချက်တွေ ရုပ်သိမ်းတာကို အမေစုကြောင့်လို့ ပြောကြဦးမလားမသိ


အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်ဆွေးနွေးပြီးနောက် ILO မှ မြန်မာနိုင်ငံအပေါ်ကန့်သတ်ချက် အများစုကိုရုပ်သိမ်း လိုက်ပြီ.....
 “အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက် အများစုကို ရုပ်သိမ်း”
 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
“အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)မှ မြန်မာနိုင်ငံ အပေါ်တားမြစ် ကန့်သတ်ချက် အများစုကို ရုပ်သိမ်းခြင်း”
၁။ မြန်မာနိုင်ငံမှ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ် (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံနှင့် ၂ဝဝဝ ပြည့်နှစ် (၈၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတို့မှ မြန်မာနိုင်ငံအပေါ် တားမြစ် ကန့်သတ်သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်ချက်များကို (ILO) အုပ်ချုပ်ရေး အဖွဲ့ဝင် အစိုးရ၊ အလုပ်သမားနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ ပါဝင်သော ဆုံးဖြတ် ချက် မူကြမ်း ရေးဆွဲရေး ကော်မတီ (Selection Committee) သည် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ အသေးစိတ် လေ့လာ သုံးသပ် ဆွေးနွေးခဲ့ကြပြီးနောက် ဆုံးဖြတ်ချက် မူကြမ်းကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ စုံညီ အစည်းအဝေးသို့ တင်သွင်းခဲ့ပါသည်။
၂။ ညီလာခံတွင် (Selection Committee) မှ တင်သွင်းခဲ့သည့် ဆုံးဖြတ် ချက် မူကြမ်းကို တက်ရောက် လာကြသော အစိုးရ ကိုယ်စားလှယ်များ၊ အလုပ်သမား အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်ရှင် အဖွဲ့အစည်း ကိုယ်စားလှယ်များက တညီတညွတ်တည်း တစ်ခဲနက် ထောက်ခံ ခဲ့ကြသောကြောင့် ဆုံးဖြတ်ချက်သည် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁ဝ မိနစ်(မြန်မာစံတော်ချိန် ည ၁ဝ နာရီ မိနစ် ၄ဝ)တွင် အတည် ဖြစ်ခဲ့ပါသည်။
 ၃။ (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ က အတည်ပြုခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မှ လိုရင်း အချက်များမှာ-
(က) ၁၉၉၉ ခုနှစ် (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာ ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက် အားလုံးကို ရုပ်သိမ်းရန်၊
(ခ) ၂ဝဝဝပြည့်နှစ် (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက် ငါးချက် ရှိခဲ့ပါသည်။ ယင်းငါးချက်အနက် ကန့်သတ်ချက် အပိုဒ်ခွဲ (ဂ) ဖြစ်သော မြန် မာနိုင်ငံနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ပြန် လည်စဉ်းစား သုံးသပ်ရန် အချက်၊ အပိုဒ်ခွဲ (ဃ) ဖြစ်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂ ညီလာခံနှင့် ECOSOC အစည်းအဝေး၌ ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် အချက်၊ အပိုဒ်ခွဲ(င) ဖြစ်သော မြန်မာ နိုင်ငံက စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင် ရွက်မှုများအား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ အစီရင်ခံရန် အချက်တို့ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။ အပိုဒ်ခွဲ (ခ) ဖြစ်သော မြန်မာ နိုင်ငံနှင့် ဆက်ဆံရေးတွင် လိုအပ်သော သုံးသပ်မှုများ ပြုလုပ်ရန် တားမြစ် ကန့်သတ်ချက်ကို တစ်နှစ်ဆိုင်းငံ့ရန် (suspend) ဆုံးဖြတ်ခဲ့ပါသည်။ ထို့အပြင် အပိုဒ်ခွဲ (က) အရ ဆောင်ရွက်သော အထူးအစည်းအဝေး (Special Sitting) ကို ယခုကဲ့သို့ အဓမ်မစေခိုင်းမှု ပပျောက်ရေး လုပ်ငန်း များ ကြိုးပမ်း ဆောင်ရွက်နေသမျှ ရပ်စဲထားရန် ဖြစ်ကြောင်း (Selection Committee) အစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားပါသည်၊
(ဂ) လျင်မြန်စွာ ပြောင်းလဲနေသော မြန်မာနိုင်ငံအတွက် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးမှု မရှိစေရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့က မြန်မာနိုင်ငံအပေါ် နည်းပညာ အကူအညီများ ဦးစားပေး ဆောင် ရွက် ပေးသွားရန်နှင့် လိုအပ်သော ဘဏ္ဍာငွေ အရင်းအမြစ်များကို အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ အစည်းများက ထည့်ဝင်ကြရန်၊
(ဃ) နိုင်ငံတော် အစိုးရသည် သတ်မှတ်ထားသော ရည်မှန်းချက်ကာလ ထက်စော၍ အဓမ္မ စေခိုင်းမှု ပပျောက်စေရန် ပူးတွဲ မဟာဗျူဟာကို အလျင် အမြန် အကောင်အထည်ဖော်ရန်၊
 ၄။ တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်း၊ ပယ်ဖျက်၊ ဆိုင်းငံ့ခြင်း တို့ကြောင့် မြန်မာပြည်သူ ပြည်သားများ၏ အကျိုးစီးပွားအတွက် EU နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အထူး အကျိုးခံစားခွင့်များ ရရှိလာနိုင်ပါသည်။
၅။ (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ သို့ ပြည်ထောင်စု သမ်မတမြန်မာ နိုင်ငံတော်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်တို့ ဦးဆောင်၍ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်စဉ်တွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင် စု ရှေ့နေချုပ်တို့မှ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ အလုပ်ရှင် အဖွဲ့ အစည်းများနှင့် အလုပ်သမား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို တွဆေုံ့ပြီး မြန်မာနိုင်ငံ၏ တိုးတက် ဖြစ်ပေါ်မှုနှင့် အကောင်အ ထည်ဖော် ဆောင်ရွက်နေမှုများအား ပြည့်စုံပီပြင်စွာ ဆွေးနွေးရှင်းလင်းခဲ့ သဖြင့် မြန်မာပြည်သူ ပြည်သားများ၏ ကောင်းကျိုးအတွက် အကျိုး ရလဒ်ကောင်းများ ဆောင်ကြဉ်း ပေးနိုင်ခြင်း ဖြစ်ပါကြောင်း ဖော်ပြအပ် ပါသည်။
 အလုပ်သမား ၀န်ကြီးဌာန
၂ဝ၁၂ ခုနှစ်၊ ဇွန်လ (၁၃) ရက်

ILO ဆန်ရှင် ရုပ်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လိုပတ်သက်သလဲ


ဒီမေးခွန်းဟာ စိတ်ဝင်စားစရာ မကောင်းသေးဘူး။ ကောင်းလာတော့မှာ သေချာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ILO မှာ မိန့်ခွန်းပြောတော့မှာမလို့ ဖြစ်တယ်။ အခု မပြောသေးဘုးနော်။ မိန့်ခွန်းပြောတာနဲ့ ရုပ်သိမ်းတဲ့သတင်း ရောထွက်လာတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပဲ ILO ဆန်ရှင် ရုပ်သိမ်းသွားသလိုလို အမြတ်ထုတ်မှာ ကြိုမြင်နေလို့ အခုလို ရေးလိုက်တာပဲ။
 ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာမှ မဆိုင်ဘူး။
ဒီလင့်မှာ ကြည့် ။ ILO ကလည်း ဒဲ့ကို ရေးထားတယ်။
 “The decision, taken by the International Labour Conference during its annual meeting in Geneva, comes a day before Daw Aung San Suu Kyi, the Chairperson of the National League for Democracy (NLD) and Member of Parliament in Myanmar, addresses the Conference’s plenary on Thursday 14 June.”
 အဲဒါက မြန်မာအစိုးရသစ်ကြောင့်ပဲ။ ဘယ်သူ့ကြောင့် ရုပ်သလဲ။ မြန်မာအစိုးရသစ်ကြောင့် ရုပ်တယ်။ အဖြေက ဒါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်နေသူတွေ ၀ိုင်းပြီး အမွှမ်းတင်မှာ ကြိုသိနေလို့ သူ မိန့်ခွန်းမပြောခင် ကြိုပြီးရေးလိုက်တာပဲ ဖြစ်တယ်။ ဒါတွေဟာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ စွမ်းဆောင်ချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဘူး။ ရှင်းအောင် ဒီမှာ ထပ်ရှင်းပြမယ်-
 ဇွန်လ ၇ ရက်နေ့ ILO အစည်းအဝေးမှာ မြန်မာနိုင်ငံက ၀န်ကြီးဦးအောင်ကြည်နဲ့အတူ အလုပ်ရှင်၊ အလုပ် သမား ကိုယ်စားလှယ်တွေ တက်တယ်။ အဲဒီမှာ ဆန်ရှင်ကြောင့် ဘယ်လိုထိခိုက်နစ်နာနေရတယ် ဆိုတာကို အလုပ်ရှင်ကိုယ်စားလှယ်က တင်ပြတယ်။ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းပြီး ဘယ်လိုတိုးတက်မှုတွေ ရှိလာပြီဆိုတာကို အလုပ်သမား ကိုယ်စားလှယ်က ရှင်းတယ်။
ဦးအောင်ကြည်ရဲ့ ရှင်းလင်းချက်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ လုပ်ဆောင်နေတယ်။ အစိုးရသစ် လ်ကထက်မှာ ဘယ်လိုမျိုးတွေ ဆောင်ရွက်နေတယ ဆိုတာကို တစ်ချက်ချင်း ရှင်းထားတယ်။ ILO နဲ့ မြန်မာနိုင်ငံအကြားမှာ ထားရှိခဲ့တဲ့ ကတိက၀တ်တွေ၊ ကွန်ဗင်းရှင်းတွေအပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လောက်အလေးထားပြီး ဆောင်ရွက်ခဲ့တယ် ဆိုတာကို ရှင်းပြတယ်။ ဒါတွေက တစ်ကယ်လုပ်မှ ရှင်းနိုင်တာ။ တစ်ကယ်မလုပ်ရင် ILO ကလည်း သိနေတာပဲ မဟုတ်လား။ ပြီးတော့ ဦးအောင်ကြည်က တားမြစ်ချက်တွေ ရုပ်သိမ်းပေးဖို့ အချိန်တန်နေပြီ ဖြစ်ကြောင်း တောင်းဆိုခဲ့တယ်။ ဒါကို ဇွန်လ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားတာကို တွေ့ရှိနိုင်ပါတယ်။
အဲဒီနောက် ၂၀၁၂ ခုနှစ် ၁၀၁ ကြိမ်မြောက် ညီလာခံမှာ ILO ရဲ့ Resolution concerning the measures on the subject of Myanmar adopted under article 33 of the ILO Constitution မှာ မြန်မာနိုင်ငံအပေါ် ILO က ပိတ်ဆို့တားမြစ်ထားတဲ့ ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးလိုက်တယ်။ ဒါကိုလည်း ILO က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာမှမဆိုင်ကြောင်း သိသာ ထင်ရှားအောင် သတင်းထုတ် တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မပြောခင် (၁)ရက်အလို ဆိုပြီး ဒဲ့ကြီးကို ထည့်သွင်းဖော်ပြ ထားတာ တွေ့ရှိရတယ်။
ဒါဆိုရင် ရှင်းမယ် ထင်ပါတယ်။ ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပဲ ရုပ်သလိုလို ရောကြိမ်ပြီး ကျိန်းသေ အမှတ်ယူတော့မှာ ကြိုသိနေတဲ့အတွက် ရှင်းလင်းအောင် ကြိုပြီး အသိပေးထားတာနော်။ ကြိုပြောထားရဲ့သားနဲ့ အသားယူလာရင်၊ ဦးသိန်းစိန် လုပ်တာ သူပဲလုပ်သလိုလို အချောင်နှိုက်လာရင် ပိုးစက်ပက်စက် ပြောလိုက်မယ် ဆိုတာ ကြိုပြီး ကြေညာလိုက်တာပဲ ဖြစ်တယ်။
“အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက် အများစုကို ရုပ်သိမ်း”
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
 “အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)မှ မြန်မာနိုင်ငံ အပေါ်တားမြစ် ကန့်သတ်ချက် အများစုကို ရုပ်သိမ်းခြင်း”
 ၁။ မြန်မာနိုင်ငံမှ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ် (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံနှင့် ၂ဝဝဝ ပြည့်နှစ် (၈၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတို့မှ မြန်မာနိုင်ငံအပေါ် တားမြစ် ကန့်သတ်သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်ချက်များကို (ILO) အုပ်ချုပ်ရေး အဖွဲ့ဝင် အစိုးရ၊ အလုပ်သမားနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ ပါဝင်သော ဆုံးဖြတ် ချက် မူကြမ်း ရေးဆွဲရေး ကော်မတီ (Selection Committee) သည် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ အသေးစိတ် လေ့လာ သုံးသပ် ဆွေးနွေးခဲ့ကြပြီးနောက် ဆုံးဖြတ်ချက် မူကြမ်းကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ စုံညီ အစည်းအဝေးသို့ တင်သွင်းခဲ့ပါသည်။
၂။ ညီလာခံတွင် (Selection Committee) မှ တင်သွင်းခဲ့သည့် ဆုံးဖြတ် ချက် မူကြမ်းကို တက်ရောက် လာကြသော အစိုးရ ကိုယ်စားလှယ်များ၊ အလုပ်သမား အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်ရှင် အဖွဲ့အစည်း ကိုယ်စားလှယ်များက တညီတညွတ်တည်း တစ်ခဲနက် ထောက်ခံ ခဲ့ကြသောကြောင့် ဆုံးဖြတ်ချက်သည် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁ဝ မိနစ်(မြန်မာစံတော်ချိန် ည ၁ဝ နာရီ မိနစ် ၄ဝ)တွင် အတည် ဖြစ်ခဲ့ပါသည်။

၃။ (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ က အတည်ပြုခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မှ လိုရင်း အချက်များမှာ-
(က) ၁၉၉၉ ခုနှစ် (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာ ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက် အားလုံးကို ရုပ်သိမ်းရန်၊
(ခ) ၂ဝဝဝပြည့်နှစ် (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက် ငါးချက် ရှိခဲ့ပါသည်။ ယင်းငါးချက်အနက် ကန့်သတ်ချက် အပိုဒ်ခွဲ (ဂ) ဖြစ်သော မြန် မာနိုင်ငံနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ပြန် လည်စဉ်းစား သုံးသပ်ရန် အချက်၊ အပိုဒ်ခွဲ (ဃ) ဖြစ်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂ ညီလာခံနှင့် ECOSOC အစည်းအဝေး၌ ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် အချက်၊ အပိုဒ်ခွဲ(င) ဖြစ်သော မြန်မာ နိုင်ငံက စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင် ရွက်မှုများအား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ အစီရင်ခံရန် အချက်တို့ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။ အပိုဒ်ခွဲ (ခ) ဖြစ်သော မြန်မာ နိုင်ငံနှင့် ဆက်ဆံရေးတွင် လိုအပ်သော သုံးသပ်မှုများ ပြုလုပ်ရန် တားမြစ် ကန့်သတ်ချက်ကို တစ်နှစ်ဆိုင်းငံ့ရန် (suspend) ဆုံးဖြတ်ခဲ့ပါသည်။ ထို့အပြင် အပိုဒ်ခွဲ (က) အရ ဆောင်ရွက်သော အထူးအစည်းအဝေး (Special Sitting) ကို ယခုကဲ့သို့ အဓမ်မစေခိုင်းမှု ပပျောက်ရေး လုပ်ငန်း များ ကြိုးပမ်း ဆောင်ရွက်နေသမျှ ရပ်စဲထားရန် ဖြစ်ကြောင်း (Selection Committee) အစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားပါသည်၊
(ဂ) လျင်မြန်စွာ ပြောင်းလဲနေသော မြန်မာနိုင်ငံအတွက် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးမှု မရှိစေရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့က မြန်မာနိုင်ငံအပေါ် နည်းပညာ အကူအညီများ ဦးစားပေး ဆောင် ရွက် ပေးသွားရန်နှင့် လိုအပ်သော ဘဏ္ဍာငွေ အရင်းအမြစ်များကို အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ အစည်းများက ထည့်ဝင်ကြရန်၊
(ဃ) နိုင်ငံတော် အစိုးရသည် သတ်မှတ်ထားသော ရည်မှန်းချက်ကာလ ထက်စော၍ အဓမ္မ စေခိုင်းမှု ပပျောက်စေရန် ပူးတွဲ မဟာဗျူဟာကို အလျင် အမြန် အကောင်အထည်ဖော်ရန်၊

၎။ တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်း၊ ပယ်ဖျက်၊ ဆိုင်းငံ့ခြင်း တို့ကြောင့် မြန်မာပြည်သူ ပြည်သားများ၏ အကျိုးစီးပွားအတွက် EU နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အထူး အကျိုးခံစားခွင့်များ ရရှိလာနိုင်ပါသည်။

၅။ (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ သို့ ပြည်ထောင်စု သမ်မတမြန်မာ နိုင်ငံတော်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်တို့ ဦးဆောင်၍ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်စဉ်တွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင် စု ရှေ့နေချုပ်တို့မှ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ အလုပ်ရှင် အဖွဲ့ အစည်းများနှင့် အလုပ်သမား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို တွဆေုံ့ပြီး မြန်မာနိုင်ငံ၏ တိုးတက် ဖြစ်ပေါ်မှုနှင့် အကောင်အ ထည်ဖော် ဆောင်ရွက်နေမှုများအား ပြည့်စုံပီပြင်စွာ ဆွေးနွေးရှင်းလင်းခဲ့ သဖြင့် မြန်မာပြည်သူ ပြည်သားများ၏ ကောင်းကျိုးအတွက် အကျိုး ရလဒ်ကောင်းများ ဆောင်ကြဉ်း ပေးနိုင်ခြင်း ဖြစ်ပါကြောင်း ဖော်ပြအပ် ပါသည်။

အလုပ်သမား ၀န်ကြီးဌာန
၂ဝ၁၂ ခုနှစ်၊ ဇွန်လ (၁၃) ရက်
ILO lifts restrictions on Myanmar
www.ilo.org

Tuesday, 12 June 2012

အမေ့ထက်သားတစ်လကြီး


ကျွန်တော်ဟာ (၈၈) အရေးအခင်းကာလ ဒီမိုကရေစီလှုပ်ရှားမှုကနေစပြီး ဒီနေ့အထိ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်မှုများမှာ နောက်လိုက်ကောင်းတစ်ယောက်အနေနဲ့ ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ ဘက်တော် သားတစ်ယောက်ပါ။ ဒါကြောင့်လည်း ဒီမိုကရေစီအတွက် ယုံကြည်ချက်အပြည့်နဲ့ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲ ၀င်ခဲ့ကြတဲ့ လူထုခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေကိုကြည့်ပြီး အားကျမိပါတယ်။ သူတို့ရဲ့ ဆောင်ရွက်ချက်တွေ၊ ပြောကြားချက်တွေကို နှစ်ခြိုက်အားပေးထောက်ခံရင်း နိုင်ငံရေးသင်ခန်းစာများကို လေ့လာသင်ယူခဲ့သူပါ။ သူတို့ရဲ့အောင်မြင်မှုတွေကို လက်ခုပ်တီးအားပေးရင်း ကျရာကဏ္ဍကနေပြီး ပါဝင် နေသူဆိုရင်လည်း မမှားပါဘူး။ 
        
ဒါကြောင့်လည်း စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက ကြံ့ကြံ့ခံပြီး ဒီမိုကရေစီအတွက် တိုက်ပွဲ ၀င်နေတဲ့ အမေစုဟာ ကျွန်တော်တို့လူငယ်တွေရဲ့ လမ်းပြမီးအိမ်ပါပဲ။ အမေစုရဲ့ ရဲရဲတောက်မိန့်ခွန်း တွေဟာကျွန်တော်တို့လူငယ်တွေအတွက် အားမာန်တွေ ဖြစ်ခဲ့သလို လိုက်နာဆောင်ရွက်ရမဲ့ မှာကြားချက် တွေလို့ခံယူလိုက်နာခဲ့ပါတယ်။ အမေစုရဲ့ပြောကြားချက်တိုင်းလိုလိုမှာ တရားဥပဒေစိုးမိုးဖို့၊ ပွင့်လင်းမြင်သာ မှုရှိဖို့နဲ့ ပြည်သူလူထုကို ဦးထိပ်ထားဆောင်ရွက်ဖို့ဆိုတာတွေ အမြဲပါရှိတတ်တာကို သတိပြုမိပါတယ်။ ဒါကြောင့်လည်း နဂိုက စည်းနဲ့ကမ်းနဲ့ မနေတတ်တဲ့ကျွန်တော်ဟာ တစ်ကိုယ်ရေ စည်းကမ်းတကျ နေတတ်/ပြောတတ်ဖို့ နေထိုင်ရင်း ဥပဒေဘောင်အတွင်းမှာ နေတတ်လာပါတယ်။ (၈၈)တုန်းကဆို ဒီက ကောင်ဘယ်ရလိမ့်မလဲ ခေါင်းထဲမှာစွဲနေတာက “ရရင်ရ မရရင်ချ၊ ရရ မရရ ချ” ဆိုတဲ့အသိပဲ ရှိခဲ့တယ် ဆိုတာ ၀န်ခံပါတယ်။ ခုတော့အမေစုရဲ့ဒီမိုကရေစီသင်ခန်းစာနဲ့သဘောတရားတွေပေါ်မှာ သက်ဝင်ယုံကြည် လာပြီး ဒီမိုကရေစီရေချိန်မမြင့်တောင် ဒီမိုကရေစီလိမ္မာရေးခြားတော့ ရှိခဲ့ပါပြီ။
          ဒီလိုနဲ့အထိမ်းသိမ်းခံဘ၀ကအမေစုလွတ်ခဲ့ပါတယ်။ဒီနောက်အမေစုနဲ့ NLD ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ် နဲ့ တိုက်ပွဲဝင်မှုအရ ယုံကြည်ချက်ကြောင့် အကျည်းကျခံနေရတဲ့ ရဲဘော်ရဲဘက်တွေလွတ်မြောက်လာသလို၊ NLD ဟာ ရွေးကောက်ပွဲဝင်ခွင့်ရရှိခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမေစုနဲ့ NLD ကိုပြည်သူက ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်။ ဒါတွေဟာ အမေစုရဲ့ အောင်ပွဲ၊ NLD အောင်ပွဲနဲ့ ကျွန်တော်တို့ရဲ့ အောင်ပွဲလို့ခံယူပါတယ်။ (ကျွန်တော့်ရဲ့ခံယူချက်ပါပဲ)။
ဒါကြောင့် အမေစုဟာ တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ ပြည်သူ့ ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပါတယ်။ အမေစုရဲ့ အပြော အဆို၊ အနေအထိုင်၊ ၀တ်စားဆင်ယင်မှု၊ ကိုယ်ကျင့်တရား၊ ဆုံးဖြတ်လုပ်ကိုင်ပုံနဲ့ ယုံကြည်ချက်၊ ခံယူချက် တွေဟာ မြန်မာနိုင်ငံသားတွေရဲ့စံ၊ မြန်မာအမျိုးသမီးထုရဲ့စံတစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည် သလို အမေစုလည်း ခံစားသိရှိမယ်ဆိုတာ ယုံကြည်ပါတယ်။
          ကျွန်တော်ပြောခဲ့သလို အမေစုအပေါ် အများကြီးယုံကြည်မျှော်လင့်ထားခဲ့တာပါ။ ဒါကိုဂျာနယ် တစ်စောင်မှာ “ငါ့သမီး တော်လှတော်လှ ယောင်းမမြင်းစီးထွက်ဖို့” ရေးသားချက်ကို ဖတ်ရတော့ ဘယ်သူ့ ကို ရည်ညွှန်းတယ်ဆိုတာ သိတာပေါ့။ ကျွန်တော်တို့ လူငယ်တွေ တော်တော်ခံပြင်းမိတယ်။ ရေးသားတဲ့ ဖိုးဖိုး ကိုလည်း တော်တော်ဒေါသထွက်ပြီး အထင်သေးခဲ့မိတယ်။ ဘာမှမပြောသာလို့သာ နေခဲ့ရတယ်။ စိတ်ထဲကတော့ “နေနှင့်ဦးပေါ့ အဖိုးရာ” လို့တော့ မှတ်ထားခဲ့မိပါတယ်။
          ဒီလိုနဲ့ လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသားပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမေစုအပါအ၀င် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ဘူးလို့ လုပ်ခဲ့ကြတယ်။ ဒီမှာ ကျွန်တော်တို့ လူငယ်တွေ သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးဖြစ်ကြတာ အစုံပါပဲ။ နောက်ဆုံးမှာ ရရှိတဲ့အမြင်က အနိုင်ရပြီးသားရလဒ်ကို ဘာလို့အဆုံးရှုံးခံမှာလဲ၊ ပြည်သူတွေက အမေစုနဲ့ NLD ကို လူထုကိုယ်စားလှယ်အဖြစ် သဘောထားပြီး လွှတ်တော်ထဲလွှတ်တာကို လူထု မျက်နှာဘာလို့ မကြည့်တာလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရာ ရောက်ရဲ့လား ဆိုတာ တွေပါပဲ။
          နောက်တော့ လွှတ်တော်တက်မယ်လို့ ဆုံးဖြတ်ကြောင်း သိရမှ စိုးရိမ်နေတဲ့ ရင်ထဲက အလုံးကြီး ကျသွားတော့တယ်။ ဒါပေမဲ့ ခေါင်းထဲမှာ ဥပဒေကို လေးစားလိုက်နာဖို့၊ တရားဥပဒေစိုးမိုးဖို့ ပြောလေ့ရှိတဲ့ အမေစုဘယ်လိုဖြစ်ပြီး ဥပဒေအပေါ်တက်ချင်နေပါလိမ့်ဆိုတဲ့ အတွေးရယ်၊ ယောင်းမမြင်းစီးမထွက်ဖို့ ဖိုးဖိုး ရဲ့ သတိပေးစကားတွေက ကျွန်တော်တို့လူငယ်တွေရဲ့ ခေါင်းကိုနောက်ကျိစေခဲ့ရပါတယ်။
          ခေါင်းနောက်နေတုန်းမှာပဲ “ဒို့အမေစု ဘန်ကောက်မှာလုပ်မဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ပြီး ပြောမယ်ကွ” ဆိုပြီးသူငယ်ချင်းတွေကပြောတော့ ထပြီးလက်ခမောင်းခတ်မိတယ်။ ဒါမှအစိုးရကို မယုံသေး လို့ မလာကြသေးတဲ့ ပြည်ပကုမ္မဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဒို့အမေစုခေါ်လာမှာ၊ သူ ခေါ်လာမှ တို့တွေ ကြုံတွေ့နေရတဲ့ စီးပွားရေးမပြေလည်မှုတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေ ပြေလည် သွားမှာလို့ ၀မ်းသာအားရ ဖြစ်မိသလို အစိုးရမလုပ်နိုင်တာကို အမေစုက လုပ်နိုင်တယ်လို့ ဂုဏ်ယူဖို့ ပြင်ထားခဲ့ပါတယ်။
          အမေစု မိန့်ခွန်းပြောမဲ့ (၁-၆-၂၀၁၂)ရက်လဲရောက်ရော မျှော်လင့်တကြီးနဲ့ Internet နဲ့ သတင်း ဌာနအသီးသီးက သတင်းထုတ်ပြန်မှုတွေကို စောင့်ပြီး နားထောင်မိသလို မိန့်ခွန်းအပြည့်အစုံနဲ့ ဘိုသံပီသ လှတဲ့ အမေစုရဲ့ အသံအပြည့်အစုံကို ကြားနိုင်ဖို့ CNN,VOA,BBC,Channel News Asia တွေမှာ မျှော်လင့်ချက်ကြီးစွာနဲ့ နားထောင်ခဲ့ပါတယ်။
          အမေစုရဲ့ ကျွမ်းကျင်ပိုင်နိုင်လှတဲ့အပြောမှာ ကျွန်တော်တို့လိုပဲ ဖိုရမ်တက်လာတဲ့ ပရိတ်သတ်ကြီး ကစီးမျောလိုက်ပါပြီး နားထောင်နေကြမယ်လို့ ယုံကြည်မိခဲ့ပါတယ်။ ဒါပေမဲ့ မိန့်ခွန်းပြောမှု ခရီး ရောက်လာ တာနဲ့အမျှ ကျွန်တော်တို့လူငယ်တွေ အားယုတ်စပြုလာပါပြီ။ ဖိုရမ်တက်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ မျက်လုံး တွေကလည်း စိုးရိမ်စပြုလာတာကို တွေ့မြင်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအပေါ် မဆင်မခြင်သဘော အကောင်းမမြင်ဖို့နဲ့ သန့်ရှင်းသော၊ လွပ်လပ်သော၊ တရားစီရင်ရေး စနစ်မရှိတဲ့အကြောင်း၊ ရင်းနှီးမြှပ်နှံသူများကို သတိပေးပြောဆိုသွားခဲ့တာကြောင့် ဖြစ်ပါတယ်။ ကျွန်တော် စိတ်အထင် အမေစုဟာ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းတွေ အလွန်များနေတယ်လို့ ပြောနေပြီဆိုတော့ ဒီအလုပ်လက်မဲ့တွေ အလုပ်ရသွားအောင် ရင်းနှီးမြှပ်နှံသူတွေကို ခေါ်တော့မယ်လို့ ရင်ခုန်မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့လည်း အမေစုက ကျွန်တော်တို့ ထင်သလို ပြည်ပစီးပွားရေးကုမ္မဏီတွေ၊ ရင်းနှီးမြှပ်နှံသူတွေကို သွား ခေါ်တာမဟုတ်ပဲ၊ မလာဖို့ သွားတားနေပါလားဆိုတာ သိလိုက်ရပါတယ်။ လာချင်နေတဲ့ ရင်းနှီးမြှပ်နှံသူ တွေတောင် လာဖို့တွန့်သွားမယ် ထင်တယ်။ ကျွန်တော်တို့ မျှော်လင့်တောင့်တတဲ့ ၀င်ငွေဖြောင့်ဖြူးမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း အိပ်မက်တွေ ပျက်လွင့်ကုန်ပါပေါ့ဗျာ။
          ဒီထက်ဆိုးတာက မိန့်ခွန်းပြောကြားမှုနဲ့ အမေးအဖြေကဏ္ဍတစ်လျှောက်လုံးမှာ မြန်မာကို Burma လို့ သုံးနှုန်းသွားတာကြားလိုက်ရတာပါပဲ။ အမေစုမိန့်ခွန်းမှာ ထည့်ပြောသလို မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးစုတွေအားလုံး စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်လို့ မြန်မာလို့ခေါ်ရမှာ မဟုတ်ဘူးလား။ အမေစုခေါ်တဲ့ Burma က အဓိကဗမာလူမျိုးကိုပဲ ကိုယ်စားပြုတာမဟုတ်လား။ နိုင်ငံရဲ့အမည်ကို  ဥပဒေနဲ့အညီ တရားဝင် ပြဌာန်းပြီး ဒါအမေစုသတိလက်လွတ်များဖြစ်သွားတာလား။ နိုင်ငံအမည်ပြောင်းတာ ဘာများဆန်းလို့ပါလဲ၊ နိုင်ငံတကာမှာလည်းသီဟိုကို သီရိလင်္ကာ၊ ပီကင်းကို ဘေဂျင်းလို့ ပြောင်းခဲ့ကြတာပဲလေ။ ယခုလို ပြောင်းလိုက်ခြင်းကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပိုမိုရရှိစေတယ်လို့ ယုံကြည်ပါတယ်။ ဘန်ကောက်ခရီးစဉ်အပြီးမှာတော့ အမေစုက ခရီးစဉ် အောင်မြင်တယ်လို့ဆိုတယ်။ ကျွန်တော်တို့မှာတော့ မျှော်လင့်ချက်ရောင်ခြည်တွေ လွင့်ပျယ်ကုန်တဲ့အပြင် တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေလေးစား လိုက်နာ ရေးလို့ စံပြုလောက်အောင် ပြောတတ်တဲ့အမေစု ခုတစ်ကြိမ်လဲ Burma လို့ပြောပြီး တရားဥပဒေအပေါ်ကို တက်ဖို့ကြိုးစားပြန်ပြီလားဆိုတာရယ်၊ ယောင်းမမြင်းစီးပြန်ပြီလားလို့ ၀မ်းနည်းစွာတွေးမိပါတယ်။ ဒီလိုသာ မြင်းခဏခဏစီးပြနေရင် လူထုအရိုအသေတန်လာမှာ စိုးရိမ်မိပါတယ်။ မြန်မာလူမျိုးတွေ ဒီမိုကရေစီ သက်တမ်းနုသေးပေမယ့် အမှားအမှန် ချင့်ချိန်ဝေဖန်ပိုင်းခြားတတ်တဲ့ လူမျိုးဖြစ်လို့ စိုးရိမ်မိတယ် အမေစု ရယ်။ မကြာခင်မှာလည်း ပြည်ပခရီးကို သွားအုံးမယ်တဲ့။ ဒါကြောင့် အမေ့ထက် သားတစ်လကြီးတယ်ပဲ ဆိုဆို အမေ့ကိုအဖိုးပြောသလို “ ယောင်းမမြင်းစီးမထွက်ပါနဲ့တော့လို့” သတိပေးလိုက်ပါရစေ အမေစုရယ်။
         
             အညာသား

Monday, 11 June 2012

စိုးရိမ်မိပါတယ်

          ဆိုဗီယက် ပြည်ထောင်စုမှာ သမ္မတချာနင်ကို ကွယ်လွန်ပြီးနောက် ၁၉၈၅ ခုနှစ်တွင် မီးခေးဂေါ်ဘာချော့ဗ် သမ္မတ ဖြစ်လာခဲ့ပြီး ပွင့်လင်းတက်ကြွစွာ အနောက်အုပ်စုနှင့် နွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှစတင်ပြီး ပွင့်လင်းမှု၊ ပြုပြင်တည်ဆောက်မှုနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုစတဲ့ လှုပ်ရှားမှုသုံးရပ်စလုံးမှာ ဆိုဗီယက် လူမှုနိုင်ငံရေး အခြေအနေကို ပြောင်းလဲရန်အတွက် ပေါ်ပေါက်ခဲ့သော အခြေခံမူများ ဖြစ်သော်လည်း ပဲရက်စထရိုက်ကာ ခေါ် ''ပြုပြင် တည်ဆောက်မှု''မှာစီးပွားရေးနှင့်သက်ဆိုင်သောကိစ္စရပ်များဖြစ်တဲ့အတွက်ဆိုဗီယက်ရဲ့ပြုပြင်ပြောင်းလဲရေး တွင်အဓိကကျသော အချက်တစ်ချက်ဖြစ်လာခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုများ အောင်မြင်ရန်အတွက်  စီးပွားရေးပြုပြင်ပြောင်းလဲမှု အောင်မြင်ရေးနှင့်အမျိုးသားစည်းလုံးညီညွတ်ရေးရရှိရေးသည် အရေးကြီးသော အချက်နှစ်ချက် ဖြစ်လာခဲ့တာ ကို တွေ့ရှိခဲ့ရပါတယ်။


          ဂိုဘာချော့ဗ်ဟာ ပဲရက်စထရိုက်ကာ လမ်းစဉ်ကို ချမှတ်ကာ ဆိုဗီယက်စီးပွားရေးတစ်ခုလုံးအား ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးက အထူးစောင့်ကြည့် စိတ်ဝင်စားခဲ့ပါတယ်။ ဘရက်ဇညက် သမ္မတလက်ထက်ကတည်းက စီးပွားရေးဆုတ်ယုတ်ခဲ့တဲ့အတွက် ဂိုဘာချော့ဗ်ရဲ့ ပဲရက်စထရိုက်ကာ ပြောင်းလဲရေး အကောင်အထည်ဖော် ဆောင်ရွက်မှုတွေမှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံများမှ ထောက်ပံ့မှုများ၊ ချေးငွေများပေးခဲ့ပါတယ်။ စီးပွားရေးလမ်းစဉ်ကိုပြောင်းလဲခဲ့ရုံသာမက အုပ်ချုပ်ရေးလမ်းစဉ် ကိုလည်း ကွန်မြူနစ်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့စစ်တွေမြို့ မြင်ကွင်းများနှင့် လုံခြုံရေးယူပေးနေသော တပ်မတော်သားများ








ဘင်္ဂလီတွေ မြန်မာပြည်ထဲတောင်မကဘူး... လွတ်တော်ထဲတောင် ဝင်ရောက် နေရာယူနေကြပြီ...

သို့


ဥက္ကဌပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နေပြည်တော်



ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊မတ်လ(၁၄)ရက်


အကြောင်းအရာ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆(က) (၄)ပါ ပြဌာန်းချက်များနှင့် ငြိစွန်းသည် လွှတ်တော်ကိုယ်စားလှယ်များ အား တာဝန်များမှ ပြန်လည် ရုပ်သိမ်းပေးပါရန် ပုဒ်မ ၃၉၆ (ခ)ပါ ပြဌာန်းချက် အရ တင်ပြလျှောက်ထားခြင်း။


မောင်တောမြို့နယ် မဲဆန္ဒရှင် စုစုပေါင်း (၂၅၇၄၄၁)၏ ၁%ရာခိုင်နှုန်းကျော်ဖြစ်သော ပူးတွဲစာရင်း၌ လက်မှတ်ရေးထိုးထားသည့် ပုဂ္ဂိုလ်များက အောက်ပါအတိုင်း လေးစားစွာ တင်ပြလျှောက်ထားအပ်ပါသည်။


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၂၀(ခ)၊ ပုဒ်မ-၁၅၂(ခ)နှင့် ပုဒ်မ-၁၆၉ (က)တို့တွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့် ပတ်သက်၍ ‘‘နိုင်ငံသားမိဘ နှစ်ပါး မှ မွေးဖွါးသော နိုင်ငံသားဖြစ်သူ’’ ဖြစ်ရမည်ဟု ပြဌာန်းထားပါသည်။ သို့ရာတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၁၀ (င)၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀(င)၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၀(င)တို့တွင်‘‘မွေးဖွါးစဉ်ကနိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ နှစ်ပါးစလုံးမှ ဖြစ်စေ မွေးဖွါးသည့် နိုင်ငံသား’’ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ကန့်သတ်ထားပါသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲကျင်းပချိန်တွင် ရွေးကောက်ခံသူသည်နှင့် ၎င်း၏မိဘနှစ်ပါးစလုံး သည် တနည်းနည်းဖြင့် နိုင်ငံသားများအဖြစ် ရရှိနေစေကာမူရွေးကောက်ခံသူမွေးဖွါးသည့်အချိန်ကရွေးကောက်ခံသူ ၏ မိဘတစ်ပါးပါးသည်နိုင်ငံသားအဖြစ်သို့မရောက်သေးပါကရွေးကောက်ခံပိုင်ခွင့်မရှိကြောင်းပြဌာန်းထားခြင်းဖြစ်ပါသည်။


၂။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၃တွင် အောက်ပါအတိုင်းပြဌာန်းထားပါသည်။ ‘‘နိုင်ငံတော် တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅-ခုနှစ် ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ကရင်၊ ချင်း၊ဗမာ၊ မွန်၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်။’’


အထက်ပါပြဌာန်းချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၀န်ကြီးအဖွဲ့ မှ (၂၀-၉-၁၉၈၃)ရက်စွဲပါ အမိန့်ကြော်ငြာစာ ၁၃/၈၃အရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်း (နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း)အပိုဒ်(၄)တွင် ‘‘၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွါးခဲ့ပါသည်။ထိုကာလနောက်ပိုင်းတွင်နိုင်ငံခြားသားအများအပြားနိုင်ငံတော်အတွင်းသို့ ၀င်ရောက်နေထိုင်လာခဲ့ ကြသည်။ထို့ကြောင့်မြန်မာသက္ကရာဇ်၁၁၈၅-ခုနှစ်၊ခရစ်သက္ကရာဇ်၁၈၂၃ခုနှစ်မတိုင်မီကာလကိုပိုင်းခြား သတ်မှတ်ခြင်း ဖြစ်သည် ’’ ဟုထပ်ဆင့် ရှင်းလင်းထားပါသည်။ ထိုဥပဒေပုဒ်မ - ၅ အရတိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွါးသူတိုင်းသည် လည်းကောင်း မွေးရာပါ နိုင်ငံသားများဖြစ်ကြပါသည်။

နားလည်လွဲနေသူများ ... ယုန်ထင်ကြောင်ထင်ရေးနေသူများ သို့  သိစေရန် ရှင်းလင်းခြင်း ...

သမ္မတကြီးထုတ်ပြန်တဲ့ ပုဒ်မ ၄၁၃ အပိုဒ်(က) ကိုနားလည်ရန်အတွက် ပုဒ်မ ၄၁၂ ကို ပထမဦးစွာ သိရှိရမှာဖြစ်ပါတယ် ။

ပုဒ်မ ၄၁၂ (က)ဟာ ပြည်သူအိုးအိမ်စည်းစိမ်ကို အန္တရာယ် ရှိသည် နှင့် သမ္မတဟာအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ကာ အရေးပေါ် အခြေအနေကို ကြေငြာခြင်းဖြစ်ပါတယ် ။
အပိုဒ် (ခ) ကတော့ သမ္မတဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိုနိုင်းရာမှာ အဖွဲ့ဝင်တွေစုံလင်စွာတတ်ရောက်နိုင်ခြင်းမရှိပါက ကာချူပ် ၊ ဒု-ကာချုပ် ၊ ကာကွယ်ရေးဌာန ဝန်ကြီး နှင့် ပြည်ထဲရေး ဝန်ကြီး တို့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကို အချိန်မှီ ထုတ်ပြန်ကြေငြာနိုင်ပါတယ်။ အဲဒီ အတည်ပြုဆုံးဖြတ်ချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ အမြန်ဆုံးတင်ပြ အတည်ပြုချက်ရယူရမှာဖြစ်ပါတယ် ။

အခုထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၄၁၃ အပိုဒ်(က) ကတော့ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေကြေငြာတဲ့ကိစ္စ နဲ့ ပတ်သတ်ပါတယ် ။ ကဲ ကြည့်ကြရအောင် ။
************************************************************************
ပုဒ်မ ၄၁၃ (က) ။ အရေးပေါ်အခြေအနေ ကြေငြာချက် အကျိုးသက်ရောက်သည့်နယ်မြေ ဒေသအတွင်းမူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်
ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် အဖွဲ့အစည်း ဝင်များ ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်းများ နှင့် အဖွဲ့ဝင်များ ကတည်ဆဲ ဥပဒေများနှင့် အညီတာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှူရှိစေရန်တပ်မတော်၏ အကုအညီကို ရယူဆောင်ရွက်နိုင်သည် ။
************************************************************************
ဆိုလိုတာကတော့ စစ်တပ်က နယ်ဘက်ဝန်ထမ်းတွေ နဲ့ ဒေသအာဏာပိုင်တွေရဲ့ လုပ်ငန်းဆောင်တာ အဝဝကို ဝင်ရောက် ကူညီရမယ် ။ အကယ်၍ ထိုသူများကို နှောင့်ယှက်သူများ အား စစ်တပ်မှ စစ်တပ် အလုပ် လုပ်ပြရပါလိမ့်မယ် ။
ဒါကြောင့်လည်း အခုချိန်မှာ ဒေသအာဏာပိုင်တွေ ပြည်သူ့ရဲတွေနောက်မှာ တပ်မတော်က ဝင်ရောက်အားဖြည့်ကူညီနေခြင်းဖြစ်ပါတယ်။ဒေသ ပြန်လည်တည်ဆောက်ရေးမှာလည်း ပါဝင် ကူညီပြီး fatigue လုပ်ပေးရပါလိမ့်မယ် ။

တကယ်လို့သာ ဒီထက်ဆိုးဝါးလာပါက ပုဒ်မ ၄၁၃ အပိုဒ်( ခ) က တော့ တော်တော် ပြင်းထန်ပါတယ် ။
ပုဒ်မ (ခ) မှာတော့ သမ္မတရဲ့ အမိန့်နဲ့ အဆိုပါနယ်မြေကို စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပေးပါလိမ့်မယ်။
အဲလိုဆိုရင် သမ္မတရဲ့ အမိန့်နဲ့ အဆိုပါနယ်မြေ ရဲ့ တာဝန်ကိစ္စ အရပ်ရပ်ကို ဦးစီးဆောင်ရွက်ရပါ့မယ် ။ကာချုပ်ကြီးကိုယ်တိုင် မလုပ်လျှင်လည်း အခြား စစ်ဘက် အဆင့်မြင့် အရာရှိတစ်ဦးဦးကို ထပ်ဆင့် လွဲအပ်နိုင်ပါတယ် ။
ဟာ...ဒါဆို စစ်တပ်အာဏာသိမ်းတာလား ...ဆိုကြမယ်။ အဲလိုဆိုရင် မှားပါလိမ့်မယ် ။ ပုဒ်မ (ခ) အရ စစ်
တပ်ဟာ အဆိုပါနယ်မြေကို နယ်ဘက်အုပ်ချုပ်ရေးနဲ့ မနိုင်တော့လို့ စစ်ဘက်အုပ်ချုပ်ရေးတာဝန်ကို သမ္မတ
ရဲ့ အမိန့်နဲ့သာ ဆောင်ရွက်ရတာပါ ။ အဲလို အုပ်ချုပ်ခဲ့တာကို တိကျသေချာနိုင်ဖို့ နောက်ထပ် ပုဒ်မ ၄၁၄ အပိုဒ် (က) ကို ဆက်ကြည့်ရအောင် ။
ပုဒ်မ ၄၁၄ မှာတော့ သမ္မတဟာ ဥပဒေကဲ့သို့ အာဏာတည့်တဲ့ အမိန့်ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေကြေငြာတဲ့အခါမှာ -
အပိုဒ် (က) - အမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေ ဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြရမည် လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ နံပါတ် (၄) မှာ ဤအမိန့်သည် ယနေ့မှစ၍ နောက်ထပ် အမိန့်တစုံတရာ ထုတ်ပြန်မှူ မရှိမခြင်း အတည်ဖြစ်သည် လို့ပါရှိရခြင်းဖြစ်ပါတယ် ။

အခုဆိုရင် ရခိုင်ဒေသကို ပုဒ်မ ၄၁၃ ပုဒ်မ (က) အရ တပ်မတော်မှ ဝင်ရောက်ကူညီနေတဲ့ အဆင့်သာဖြစ်ပါတယ် ။ပုဒ်မ (က) အရ အုပ်ချုပ်ခြင်းမှ မနိုင်တော့မှသာလျှင် ပုဒ်မ (ခ) အရ ပြည်သူများ
ပြောဆိုနေတဲ့ စစ်တပ်က ကုလားများကို စစ်ပွဲအသွင် တိုက်ထုတ်မှာဖြစ်ပါတယ် ခင်ဗျား ။

                                                                                                   (မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ)

Sunday, 10 June 2012

သမ္မတကြီး ဦးသိန်းစိန်၏ ကုလား ရခိုင် အဓိကရုဏ်း မိန့်ခွန်း နှင့် ပုဒ်မ ၁၄၄ အမိန့် ကြေညာခြင်း (ရုပ်သံ)

                                                                                                                                                                                                      From : MEG

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂

၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀
အရေးပေါ်အခြေအနေကြေငြာခြင်း

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။

သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို အမြန်ဆုံးပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေငြာလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။
ဤအမိန့်သည် ယနေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။
ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။


                                                                                                                                                    (ပုံ)
                                                                                                                                                သိန်းစိန်
                                                                                                                                         နိုင်ငံတော်သမ္မတ

ဇွန်လ ၁၀ ရက်နေ့တွင် နိုင်ငံတော်အစိုးပိုင် မီဒီယာများမှ ပြည်ထောင်စုသမ္မတနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်၏ ရခိုင်အရေး မိန့်ခွန်း အပြည့်အစုံ


အစိုးရအနေဖြင့် Rule of Law ဖော်ဆောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်

မိတ်တွေများခင်ဗျား-

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ဖြစ်စဉ်များမှာ မင်းမဲ့စရိုက် ဆန်ဆန် ဆူပူအုံကြွမှုများ ဖြစ်ပါသည်။
လက်ရှိ နိုင်ငံတော်မှ ဆောင်ရွက်နေသည်မှာ အရာရာ Rule of Law အတိုင်း ဖြစ်စေရန်သာ ဖြစ်ပါသည်။ Rule of Law ခိုင်မာကောင်းမွန်ရေး သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ အဓိကတာဝန် ဖြစ်သည်မှာ မှန်ပါသည်။

သို့သော် ပြည်သူများအပေါ် ဦးဆောင်မှုပေးနိုင်သော နိုင်ငံရေးပါတီများ၊ ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်များ၊ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးတွင် အဓိကကျသော Civil Society များ၊ ပြည်သူများ၏ အသိအမြင်ကို မျက်စေ့ဖွင့်ပေးသော စတုတ္ထမဏ္ဍိုင် မီဒီယာများ စသည်တို့အားလုံးကလည်း ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးမှသာ ခိုင်မာသော Rule of Law ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း အခြေအနေများနှင့်ပတ်သက်၍ မီဒီယာအမျိုးမျိုးတွင် သတင်းအဖုံဖုံ ပေါ်ထွက်နေသော်လည်း ကောလဟာလနှင့် သတင်းမှန်များ ခွဲခြားသိမြင်နိုင်ရန်လည်း အရေးကြီးပါသည်။ အဆိုပါ ဒေသအတွင်း နိုင်ငံတော် အုပ်ချုပ်ရေးဘက်မှ Rule of Law အတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မည်သည့်ဘက်မှဖြစ်စေ ဥပဒေချိုးဖောက် ကျော်လွန်လာသော မင်းမဲ့စရိုက်ကို ကိုယ်စားပြုသော ဆူပူ အကြမ်းဘက်မှုများ ဆောင်ရွက်လာပါက ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

လက်ရှိအချိန်အခါတွင် နိုင်ငံတကာ သတင်းမီဒီယာများ၌ မိမိတို့နိုင်ငံ၏ အခြေအနေများကို ဖော်ပြရာတွင် တစ်နိုင်ငံလုံး ပွက်ပွက်ဆူတော့မည့် အလားအလာများ ထည့်သွင်း ဖော်ပြနေကြသည်များလည်း တွေ့ရှိရပါသည်။

လူနည်းစု၏ အမှားလုပ်ဆောင်ချက်များမှသည် လူများစု၏ အမှားလုပ်ဆောင် ချက်များ အဖြစ်သို့ ကူးပြောင်းရောက်ရှိ မသွားစေရန် သတိရှိကြရန် လိုပါသည်။

မိမိတို့နှင့် နီးစပ်ရာ နီးစပ်ရာ အသိုင်းအ၀ိုင်းများအတွင်း လက်စားချေခြင်း ကင်းသော၊ ဥပဒေနှင့်အညီ ဖြစ်စေသော ပံ့ပိုးကူညီမှုများဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါသည်။

သို့ပါ၍ ညီအစ်ကို၊ မောင်နှမများအနေဖြင့် အချင်းချင်း အပြန်အလှန် နားလည်မှုရှိစွာဖြင့် Rule of Law ကို ၀ိုင်းဝန်းဖော်ဆောင်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ အစိုးရအနေဖြင့် Rule of Law ဖော်ဆောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
                                                                                                                                From : Hmuu.zaw

တပ်မတော်သည် အစ္စလာမ် ဘာသာဝင်များအား အကြောင့်မဲ့တိုက်ခိုက်နေခြင်းမဟုတ်၊ ဘင်္ဂါလီစစ်သွေးကြွ အစွန်းရောက်လူတစ်စုကြောင့် ပြည်သူလူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးနေခြင်းသာဖြစ်

မနေ့ညက နိုင်ငံခြားသတင်းထောက် တစ်ယောက်ကဆက်သွယ်လာပါတယ်။ သူက ရခိုင်ပြည်နုယ်မှာ တပ်မတော်က မူဆလင်ဘာသာဝင်တွေကို ထိုးစစ်ဆင်နေတယ်ဆိုတဲ့ သတင်း မှန် မမှန်မေးပါတယ်။ ဒါ့ကြောင့် အခုလိုဖြေကြားခဲ့ပါတယ်။

၁။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊မောင်တော ဒေသမှာရှိတဲ့ တိုင်းရင်းသား ရခိုင်လူမျိုးများရဲ့ အသက်အန္တရာယ်နဲ့ နေအိမ်များကို ကာကွယ်နိုင်ဖို့အတွက် လုံခြုံမှုစစ်ဆင်ရေး Security Operation ကိုသာဆောင်ရွက်နေတာဖြစ်တယ်။

၂။ မောင်တောဒေသမှာ ဘင်္ဂါလီလူမျိုးများက တောင်ကုတ်ဖြစ်စဉ်ကို အကြောင်းပြုပြီး အကြမ်းဖက် မှုတွေကျူးလွန်နေတာဖြစ်တယ်။ ဒီဖြစ်စဉ်ဟာ ရိုဟင်ဂျာခွဲထွက်ရေးလှုပ်ရှားမှုသမားတွေ၊ အစွန်း ရောက်သမားတွေက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတဲ့ကိစ္စဖြစ်တယ်။ ဒါကို သာမန် ဘာသာရေး ပဋိပက္ခ သက်သက်လို့ မြင်လို့မရဘူး။

၃။ မြန်မာနိုင်ငံအတွင်းက ကျန်တဲ့ဒေသတွေမှာ ဘာသာရေးအဓိကရုဏ်းတွေမဖြစ်ဖို့၊ အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် နေတယ်။

၎။ ဘူသီးတောင်၊မောင်တောဒေသမှာ ၁၉၅၀ ပြည့်နှစ်များတ၀ိုက်မှာ မူဂျာဟစ်ဒင် ခွဲထွက်ရေး သူပုန်တွေက ရခိုင်လူမျိုးများကို အစုအလိုက်သတ်ဖြတ်၊ မောင်းထုတ်၊ ရွာမီးရှို့တောတွေလုပ် ခဲ့ တယ်။ ဒါ့ကြောင့် တပ်မတော်က မြန်မာ-အရှေ့ပါကစ္စတန် ( ဘင်္ဂလားဒေ့ရှ်) နယ်စပ်က မူဂျာ ဟစ်ဒင်သူပုန်တွေကို စစ်ဆင်ရေးလုပ်ပြီး နှိမ်နင်းခဲ့ရတယ်။

၅။ အခုလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂါလီများက အဲဒီပုံစံအကြမ်းဖက်မှုတွေပြန်လုပ်လာလို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ကာကွယ်ပေးနေရတာဖြစ်တယ်။ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူး။ သူတို့ဟာ ထိုင်းတောင်ပိုင်းက ခွဲထွက်ရေးလှုပ်ရှားမှုလိုမျိုး အစွန်းရောက် အကြမ်းဖက် ၀ါဒကို ဆောင်ရွက်နေသူများသာဖြစ်တယ်။

၆။ တောင်ကုတ်ဖြစ်စဉ်ဟာ ဒီအကြမ်းဖက်မှုတွေကို လုပ်ဖို့တွက် အကြောင်းပြချက်သက်သက်သာ ဖြစ်တယ်။ ဒီနောက်ကွယ်မှာ ရည်ရွယ်ချက်ကြီးမားတဲ့ ခွဲထွက် ရေးလှုပ်ရှားမှုရှိနေတယ်။ နိုင်ငံတကာက ဒီအခြေအနေကိုနားလည်ဖို့ လိုတယ်။

ဒါပေမယ့် ခါတိုင်း ကျွန်တော်ဖြေကြားချက်များကို အသုံးပြုလေ့ရှိတဲ့ အဲဒီသတင်းထောက်ဟာ အခု သူရေးတဲ့သတင်းမှာ ဒီဖြေကြားချက်ကို မသုံးဘဲ ချန်လှပ်ထားခဲ့ပါတယ်။ အစိုးရက ရိုဟင်ဂျာ လူနည်းစုတွေကို နှိပ်ကွပ်နေတယ်ဆိုတဲ့ ပုံစံဖြစ်အောင် သွယ်ဝိုက်ရေးသွားပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာမီဒီယာများအနေနဲ့ အတိုင်းအတာတစ်ခုထိ ဘက်လိုက်လိုတဲ့ သဘော များ ရှိလာနိုင်တယ်လို့ ထင်ပါတယ်။ ဒါကိုကျော်လွှားနိုင်ဖို့အတွက် ပြည်တွင်းမီဒီယာများ၊ လူမှုကွန်ယက် ပေါ်က ပြည်သူတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုမပါဘဲ ရိုဟင်ဂျာ ခွဲထွက်ရေးလှုပ်ရှားမှု၊ ဟိုတုံးက ကုလားဆိုးသူပုန်တွေ ရဲ့ လှုပ်ရှားမှုများကို နိုင်ငံတကာက သိအောင် ပြောကြဖို့တိုက်တွန်းလိုပါတယ်။

တစ်ဖက်ကလည်း ပြည်တွင်းက ကျန်ဒေသများမှာ ဘာသာဝင်အားလုံးအတွင်း ချစ်ချစ်ခင်ခင်နေနိုင်အောင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အစိုးရ ဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများရဲ့ အကြမ်းဖက်မှုများကို ဥပဒေနဲ့အညီ ကာကွယ်တားဆီးနေ ခြင်း သာဖြစ်တယ်၊ အစ္စလမ်ဘာသာဝင်များအားလုံးကို ဦးတည်တိုက်ခိုက် နေတာမဟုတ်ဘူးဆိုတာ နိုင်ငံတကာကို သက်သေပြကြပါလို့ တိုက်တွန်းလို ပါတယ်။
                                                                                                                              From : Ye Htut.

နောက်ဆုံးရ သတင်း

ဇွန်လ ၁၀ ရက်နေ့ ၁၅း၁၅ နာရီချိန်မှစ၍ စစ်တွေလေယာဉ်ကွင်း၊ စစ်တွေရထားလမ်း (၂၀)မိုင် တောက်လျှောက်အား တပ်မတော်မှ တပ်ရင်းများနှင့် လုံခြုံရေး ဆောင်ရွက်နေ ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်များနှင့် (အစ္စလာမ်ဘာသာကို အကြောင်းပြု၍) အကြမ်းဖက်မှုများ လုပ်ဆောင်နေသော ဘင်္ဂါလီများ ခွဲခြားပြီး ကြည့်မြင်ကြရန် လိုအပ်ပါသည်။
ပြည်သူများအတွင်း မသင်္ကာစရာများ တွေ့ရှိရပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အကြောင်းကြရန် လိုအပ်ပါသည်။
 ဘင်္ဂါလီ ရိုဟင်ဂျာ သုံးဦးမှာ အမျိုးသမီး ဟန်ဆောင်ပြီး ဘူးသီးတောင် မြို့အတွင်းသို့ မောင်တောမြို့ ထွက်ပေါက်မှတစ်ဆင့် ၀င်ရောက်လာသဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးထားကြောင်း သိရပါသည်။
                                                                                                                              From : Hmuu.zaw

စစ်တွေမြို့တွင်ပါ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီဖြစ်