Monday, 24 October 2011

ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးစော်ကားနေသူများ၏ လုပ်ရပ်များ

KIA အဖွဲ့ ရမ်းကားမှုများ
၂၀-၁၀-၂၀၁၁ ရက်နေ့တွင် KIA အဖွဲ့ဟု ယူဆရသော အဖွဲ့မှ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲအတွင်းရှိ တုံအော် ကျေးရွာအုပ်စုနှင့် မန်ကန် (တိုနား) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၂)ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါသည်။ တုံအော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဂမ်ဂျီ၏ အလောင်းကို နောက်တစ်နေ့တွင် ရှာဖွေတွေ့ရှိ ရသော်လည်း မန်ကန်(ဟိုနား) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိန်းတီးမှာ ယနေ့ထိ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရပါသည်။
မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
၂၁-၁၀-၂၀၁၁ရက်နေ့ နံနက် (၅)နာရီခွဲက မူဆယ်မြို့နယ်၊ ပန်ဆိုင်းကြူကုတ် မြို့နယ်ခွဲ၊ မူဆယ်-ပန်ဆိုင်း၊ လမ်းအကြား နမ့်တောင် ကျေးရွာရှိ နမ်းကွက်တာတံတားတွင် မိုင်း (၁)လုံး ပေါက်ကွဲခဲ့ပြီး အခြား ထောင်ထားသော မိုင်း (၄)လုံးအား မူဆယ်ဘီအီးတပ်မှ ရှာဖွေနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တံတားမှာ မိုင်တိုင် အမှတ် (၄၅/၄၆)တွင်ရှိပြီး တံတားအရှည် (၁၅)ပေ၊ အကျယ် (၂၀)ပေ ရှိကြောင်းနှင့် မိုင်းပေါက်ကွဲ မှုကြောင့် တံတားအခန်း(၁)ခန်း ကြမ်းပြင်ပျက်စီးသွားကြောင်း သိရှိရပါသည်။ မိုင်း ပေါက်ကွဲမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။
မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
၂၄-၁၀-၂၀၁၁ ရက်နေ့ နံနက် ၈း၃၀ အချိန်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီး ပေါ်တွင် ရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးအဝင်ဝ ယာဘက်ခြမ်း ကပ်လျက်တွင်ရှိသော မောင်သိန်း (၄၅)နှစ် (ဘ) ဦးမောင်ဘအေး၏ ဘကြီးဖြိုး ကွမ်းယာဆိုင် ဘေးတွင် ရပ်ထားသော ပိုင်ရှင်မဲ့ ကလေးစီး စက်ဘီး တစ်စီးမှ အသံမြည် မိုင်း(၁)လုံး ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုတွင် စက်ဘီးနောက်ဘီး ကြေမွပျက်စီးခြင်း၊ ယမ်းထုတ်ထား သည်ဟု ယူဆရသော (၂)လက်မ ပတ်လည်ခန့်ရှိ ပလပ်စတစ် (၃)စနှင့် (၂)လက်မ ပတ်လည်ရှိသော ပတ္တူ(၂)စ အား တွေ့ရှိရပြီး အခြား တစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာရ ပျက်စီးမှု မရှိကြောင်း သိရသည်။
အခင်း ဖြစ်ပွားစဉ် အချိန်က ကွမ်းယာဆိုင် ပိုင်ရှင်မှာ ၎င်း၏ ကလေးငယ်အား အနီးတွင် ရှိသော လက်ဘက်ရည် ဆိုင်တွင် အိပ်ရန် သွားရောက် အပ်နှံပြီး ပြန်လာစဉ် အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့် တပ်မတော်မှ တာဝန်ရှိ သူများမှ သွားရောက် ကြည့်ရှုခဲ့ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

သဘာဝ အဖိုးတန် ရတနာများအား အစဉ်ကာကွယ်ကြမည်…

ကမ္ဘာတွင် သက်ရှင်နေထိုင် ကြသူများအတွက် အခြေခံ အကျဆုံးအရာမှာ စားနပ်ရိက္ခာ ဖူလုံပြည့်စုံ စေရေးပင် ဖြစ်သည်။ စားနပ်ရိက္ခာ အခက်အခဲကြောင့် ဖြစ်ပေါ်လာရသည့် ဆင်းရဲငတ်မွတ်မှု အကျိုးဆက် များဖြစ်သော ကျန်းမာရေး ချို့တဲ့မှု၊ လူ့သက်တမ်း တိုတောင်းမှု၊ အလုပ်စွမ်းရည် ကျဆင်းမှု၊ ပညာသင်ယူနိုင်မှုစွမ်းရည် ကျဆင်းမှုတို့သည် လတ်တလော ဘ၀များကိုသာမက နောင်လာမည့် မျိုးဆက်များ တိုင်အောင် ထိခိုက်နစ်နာ စေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ အရင်းအမြစ် များဖြစ်သည့် ရေအရင်းအမြစ်၊ မြေအရင်းအမြစ်များစွာ ဖြစ်တည် ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အဆိုပါ သဘာဝ သယံဇာတ အရင်းအမြစ်များကို အရင်းပြု၍ စားနပ်ရိက္ခများ ပြည့်စုံကြွယ်ဝစွာ ထုတ်လုပ် ပေးနိုင်ခဲ့ပါသည်။ အလားတူ ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း လယ်ယာ စိုက်ပျိုးရေးကို အခြေခံကာ လုပ်ဆောင် ပေးနေပါသည်။ စိုက်ပျိုးရေး ကောင်းမွန်ရေးအတွက် ရာသီဥတု ကောင်းမွန်မှုသည်လည်း များစွာ အရေးပါသည်ဖြစ်ရာ ဥတုရာသီ၊ တောကိုမှီဟူသည့် ဆိုရိုးအတိုင်း သစ်တောသစ်ပင်များ ပြုန်းတီးမှု မရှိစေရေးအတွက် သဘာဝသစ်တော အရင်းအမြစ်များကို ထိမ်းသိမ်းကာ ဆောင်ရွက် လျက်ရှိပါသည်။ သစ်တောများ ပြုန်းတီးမှု မရှိစေရေး၊ သစ်တောများ ထာဝစဉ် တည်တံစေရေးအတွက် ပြုန်းတီး သစ်တော နေရာများတွင် သစ်တောစိုက်ခင်း အသစ်များကို အစားထိုးကာ လုပ်ဆောင်ပေး လျက်ရှိပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သစ်တော ပြုန်းတီးမှုကို ကာကွယ် နိုင်ရုံသာမက ကာဗွန်ထုတ်လုပ်မှု လျှော့ချသည့် နည်းစနစ်ကိုပါ ဖြစ်ပေါ် စေနိုင်ပါသည်။ အလားတူ သစ်တောဆိုင်ရာ အစိမ်းရောင် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေမှာလည်း ဖြစ်ပါသည်။

စစ်တပ် ဆိုတာ

စစ်တပ် က အပြစ်မဲ့အရပ်သားတွေ ပစ်ပြန်ပြီ..
စစ်တပ်က မုဒိန်းကျင့်ပြန်ပြီ...
စစ်တပ်က ပေါ်တာဆွဲပြန်ပြီ...
စစ်တပ် က မိုင်းထောင်ပြန်ပြီ..
ငါလခွမ်းမှတဲ့..နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင် တပ်မတော် ကြီး က အဲဒီအပြောတွေနဲ့  မသိရင်ပဲ
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကင်ပေတိုင်တွေ ရောက်လာနေတဲ့အတိုင်းပဲ..
မနေ့တစ်နေ့ကမှ တွေ့ရာသေနတ်ကောက်ဆွဲ သစ်ခိုးထုတ်ပြီး M-16/A-1/A2နဲ့ AK 47 / AK 74 /RPG/RPK တွေကိုမှောင်ခိုဈေးနဲ့ မီိးကျိုးမောင်းပျက် ဝယ်နဲ့ 
ထိုင်းဈေးထဲက တွေ့ကရာ ပြောက်ကျားဝတ်စုံ ဆင်ပေးထားတဲ့ အဖွဲ့ တွေလိုများအောင့်မေ့နေလားမသိဘူး..

စစ်တပ်ဆိုတာ မိုက်မိုက်ရိုင်းရိုင်းပြောရရင် "မ.တစ်ထောင်သားတွေ" ကို တစ်သွေးထဲတသံတည်း ဖြစ်အောင်
အမိန့် ရယ် ဥပဒေရယ်နဲ့  ထိန်းချူပ်ထားတာ...။စစ်သားတွေလည်းလူတွေပဲ...။ဘယ်သူမှ ခေတ်လွန်ဇာတ်ကားတွေလို လူသားစက်ရုပ် တွေမပါဘူး...။တခါတလေတော့ လူဆိုတာ အမှားနဲ့တော့မကင်းဘူး...။စစ်မြေပြင်ဆိုတာ ဘယ်ကောင်ကမှ ပန်းနဲ့ခင်းပြီးမကြိုဘူး...။အရာရာကို သကာင်္မကင်းစိတ်နဲ့  ကြည့်နေရတာ...။ ၂၄ နာရီလုံးလုံး သတိ ဆိုတာကို ခေါင်းထဲမှာထည့်နေရတာ...။
တကယ့်ကိုခေတ်မီပါတယ်ဆိုတဲ့  ခင်ဗျားတို့ အထင်ကြီးပါတဲ့ USတပ်တွေ ညမှာတောင် နေ့ခင်းလိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ ကိရိယာတွေတပ်ဆင်ထားတဲ့ တပ်တွေတောင် မှားယွင်းပစ်ခတ်မှု ဆိုတာ
စစ်ဆင်ရေးတခါပြီးတိုင်း တတ်လာတဲ့တင်ပြချက်ဇယားတွေမှာ နံပါတ်စဉ် ၃ နဲ့ ၄ ကြားမှာ ရှိတယ်။ဒါတောင်ဖုံးထားတာတွေရှိရင်ရှိအုံးမှာ...။
မြန်မာနိုင်ငံ စစ်ဆင်ရေးနယ်မြေအရ စစ်တပ်ကို ပြန်တိုက်နေတဲ့ အဖွဲ့အစည်းပေါင်းစုံ လုပ်နေကြပုံလေး ပြောပြအုံးမယ်...။မြန်မာနိုင်ငံလို၇ ရက်သားသမီးများ က နားယောင်တာတော့ ဘယ်နိုင်ငံမှာမှ မရှိဘူး...။
ဒါကြောင့်ပြောပြရအုံးမယ်...။
အဲဒီသောင်းကျန်သူတွေက အင်တာနက်ပေါ်တတ်ချင်ရင် ယူနီဖောင်းအပြည့်အစုံဝတ်တယ်...။စစ်ရေးပြလေးလျှောက်ပြီး စည်းကမ်းရှိချင်ယောင်ဆောင်တယ်...။
တကယ်တမ်းကျတော့ ရွှာသားတွေလို သူလိုငါလို ၀တ်တယ်...။ရွှာထဲမှာ နေတယ်...။ဒီကစစ်တပ်ဆိုတာ
ယူနီဖောင်းဆင်တူနဲ့  သေနတ်ကို series အလိုက် ကိုင်လာတာ...။ဒင်းတို့ က ရွာသားတွေလိုပဲ လမ်းလေးလျှောက်လိုက် ပျိုးလေးနှုတ်လိုက်နဲ့  အခွင့်သာရင် ဖွက်ထားတဲ့ သေနတ်နဲ့ ပစ်ပြီး ရွာသားတွေနဲ့ ရောပြေးရော...။ကဲ...စစ်တပ်က ပြန်ပစ်ရင် ရွာသားကိုပစ်ပါတယ် ပြောရော...ငါလခွမ်းမှတဲ့...။
တခါတလေများ စခန်းနားလာပြီး မျှစ်ချိုးသလိုလို ဝါးခုတ်သလိုလိုနဲ့  မိုင်းထောင်သွားတာတို့  ချောင်းပစ်သွားတာတို့ နဲ့ ခင်ဗျ...။ပထမတစ်ခါလောက် စစ်တပ်ကခံလိုက်ရရင်မှတ်သွားပြီလေ...။နောက်တခေါက်လာရင် ဒီကကောင်တွေကထပ်အနာမခံတော့ဘူး..။ပစ်ပြီလေ..အဲ---အဲလိုဖြစ်ရော...အပြစ်မဲ့ရွှာသားတဲ့လေ...။
တခါတခါကျတော့လည်း တကယ့်ရွာသားတွေ ဖြစ်နေတတ်တယ်..ဒါကလည်း အပေါ်မှာကျနော် ပြောခဲ့သလိုပဲ...အဲဒီသောင်းကျန်သူ က ရွှာသားတွေလိုဝတ်ပြီး ရွှာသားတွေလို အလုပ်လုပ်ချင်ယောင်ဆောင်ပြီး ပစ်-ပြေး လုပ်တတ်လွန်းလို့ ...။ အဲလိုလေးတွေ အမှား ရှိတတ်တာတော့ ဝန်ခံပါတယ်...။ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ပေါ့ဗျာ...။အဲဒါမျိုးမှန်နေရင် တကယ်လည်းကြေကွဲရပါတယ်..။
အဲလိုလုပ်မိတဲ့ စစ်သည်တွေအတွက် ဥပဒေ ရှိပါတယ်...။စစ်ဘက်ဆိုင်ရာ ဥပဒေ နဲ့ အညီ အရေးယူပါတယ်..။

ဇာဂနာ လွတ်မြောက်လာမှုအပေါ် စိုးရိမ်မိကြောင်း ဗြိတိန်လွှတ်တော်အမတ် ပြောဆို

မြစ်ကြီးနား အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ဝေဖန်ရေးလုပ်ဆောင်သူ ဇာဂနာ ရဲ့ တစ်ရက်နှစ်ရက်အတွင်း စည်းမဲ့ကမ်းမဲ့နဲ့ ကရားရေလွှတ်ပြောနေတဲ့ စကားတွေအတွက် အလွန်အင်မတန် စိုးရိမ်မိကြောင်း ဗြိတိန်နိုင်ငံမှ အမည်မဖော်လိုတဲ့ လွှတ်တော်အမတ်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇာဂနာ ကဲ့သို့ လက်လွှတ်စပယ် ပြောတတ်တဲ့ အစိုးရအတိုက်အခံကို ဘယ်နိုင်ငံမှာမှ မတွေ့ဖူးကြောင်းနဲ့ သူ့ရဲ့ အပြောအဆိုအတွက် ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ အရင်တုန်းက ဇာဂနာကို အလွန် အထင်ကြီးခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဇာဂနာဟာ အိုင်ကျူ ၅၀ ရှိသူတွေကို လွှတ်တော်ထဲမှာ ဘာဆွေးနွေးခဲ့လဲဆိုပြီး မိန်းမဆန်စွာ ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။ ဇာဂနာရဲ့ ပြောဆိုချက်က တစ်ကမ္ဘာလုံးမှ ရှိသမျှ လွှတ်တော်အမတ်တွေ အားလုံးကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဝါရှင်တန်မှ ဥပဒေ ပညာရှင်တစ်ဦးက ပြောပါတယ်။

"ဇာဂနာ ပြောတာတွေနဲ့ပတ်သက်ပြီး အရမ်းစိတ်ပျက်မိပါတယ်... လက်ရှိလွှတ်တော်အမတ်တွေဖြစ်တဲ့ ဂျွန်မက်ကိန်း တို့လည်း ဇာဂနာကို စိတ်ပျက်နေကြတယ်... ဇာဂနာရဲ့ ပရမ်းပတာ စကားတွေအတွက် အလွန်စိုးရိမ်မိပါတယ်" လို့ ပြောပါတယ်။

Saturday, 22 October 2011

အတိုက်အခံဆိုတာ ထွေးပိုက် အားပေးရမယ့်အရာ

(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။)
ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေး စနစ် ဖြစ်တယ်ဗျာ။ ပြည်သူလူထု ဆိုတာ အားလုံး သိကြတဲ့ အတိုင်း လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာပေါင်းစုံ၊ ယုံကြည်ချက် ခံယူချက်ပေါင်းစုံ၊ ရည်ရွယ်ချက် မျှော်မှန်းချက် ပေါင်းစုံ၊ နောက်ခံ ကားပေါင်းစုံ ရှိကြတဲ့ လူတွေ ပါဝင်တယ်ဗျ။ အဲဒီလို လူပေါင်းစုံကို ကိုယ်စားပြု နိုင်ဖို့ ရည်ရွယ်တဲ့ ဒီမိုကရေစီစနစ်မှာ အဓိက ထားရှိရမယ့် စိတ်အခြေခံ (Mindset) ကတော့ စိတ်ရှည်သည်းခံမှု (Tolerance) ပဲ ဖြစ်တယ်ဗျ။ မိမိနဲ့ လူမျိုးချင်း၊ အယူဝါဒချင်း၊ ဘာသာ စကားချင်း၊ ယုံကြည်မှုချင်း မတူတဲ့ အခြားသူတွေ အပေါ် စိတ်ရှည် သည်းခံမှု မရှိဘူးဆိုရင် အဲဒီလိုလူမျိုးဟာ ဒီမိုကရေစီကို မြတ်နိုးပါတယ်လို့ ပါးစပ်က ဘယ်လောက်ပဲ ကျယ်ကျယ် လောင်လောင် အော်ဟစ် နေပါစေ။ ဒီမိုကရေစီရဲ့ ဆူးညှောင့် ခလုတ် အမှိုက် သရိုက်သာ ဖြစ်ပါတယ်ဗျာ။
တစ်ရောင်တည်းခြယ်မဟုတ်
သမိုင်း အဆက်ဆက် ပန်းချီ ဆရာကျော်ကြီးတွေရဲ့ သမိုင်း တင်လောက်တဲ့ ဘယ်ပန်းချီကားမှ ဆေးရောင် တစ်ရောင်တည်းနဲ့ ရေးဆွဲထားတာ မဟုတ်ဘူးဗျာ။ ထွေပြားစုံလင်တဲ့ ဆေးရောင်တွေကို အဖိအဖေါ့ အထူအပါး မှန်ကန်စွာ နေရာတကျ ထည့်သွင်းပေါင်းစပ် ဖွဲ့စည်းရေးဆွဲ ထားတာချည်း ဖြစ်တယ်ဗျ။ အဲသလိုပဲ ဒီမိုကရေစီ ဆိုတာလည်း 'မတူကွဲပြား ခြားနားမှုများရဲ့ ပေါင်းစည်းညီညွတ်မှု' (Unity of Diversities) ဖြစ်တယ်ဗျ။ 'ငါနဲ့မတူ ငါ့ရန်သူ' အတွေးအခေါ်ဟာ ဒီမိုကရေစီကို အခြေက တူးဖြို လှိုက်စားပစ်မယ့် အန္တရာယ် ဖြစ်ပါတယ်ဗျာ။ 'ပန်းပေါင်းတစ်ရာ ပွင့်ကြပါစေ။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ဆွေးနွေး ငြင်းခုံကြပါစေ' ဆိုတဲ့ အတွေးအခေါ်သာ ဒီမိုကရေစီနဲ့ ကိုက်ညီ ဆီလျော်တဲ့ အတွေးအခေါ် ဖြစ်တယ်ဗျ။

Friday, 21 October 2011

ရယ်ဒီကယ်တွေကို မေ့လိုက်တော့

ဒဂုံသား
အခုတစ်လော နိုင်ငံရေး အပြောင်း အလဲတွေက မြန်လွန်း လှသဖြင့် ဒဂုံသားတို့ ဘာမှ မရေးနိုင် ဖြစ်ခဲ့ရသည်။ ဖြစ်နေသမျှ သတင်းတွေကို လိုက်ဖတ်ရလို့ပင် မလောက်။ ဘာပဲဖြစ်ဖြစ် အခု အခြေအနေ အားလုံးကို သုံးသပ် လိုက်လျှင် အခြေခံဥပဒေ ဘောင်ထဲကနေ အလုပ်လုပ်လို့ ရနိုင်သည်ဟု သုံးသပ်ပြီး ရွေးကောက်ပွဲ င်ခဲ့သည့် ပါတီများ၊ ထိုကဲ့သို ရွေးကောက်ပွဲ ၀င်ရန် ထောက်ခံ ရေးသား အားပေးခဲ့သူများ မှန်သည် ဆိုတာတော့ ထင်ရှားလာပြီ ဖြစ်သည်။ ဟိုအချိန်တုန်း ကတော့ ဒီလူတွေကို စစ်တပ်နဲ့ ပေးစားခဲ့ကြပြီး အမျိုးသား သစ္စာဖောက် စာရင်းတောင် သွင်းခဲ့ကြသည်။ သားအရွယ် လောက် လူများက အဖိုး အရွယ်လောက် နိုင်ငံရေး သမားကြီးများကို အင်တာနက်ပေါ်မှာ ရစရာ မရှိအောင် ဖဲ့ခဲ့ကြသည်။ ကွန်ပြူတာ တစ်လုံးနဲ့ တော်လှန်ရေး လုပ်နေသူများက ရွေးကောက်ပွဲ ပျက်အောင် လက်နက်ကိုင် တိုက်ပွဲ ဆင်ကြစို့ဟု လှုံ့ဆော်ရင်း တပ်ပေါင်းစု ရန်ပုံငွေ ကောက်ခဲ့တာလည်း မှတ်မိသေးသည်။ အခုတော့ အဲဒီ တပ်ပေါင်းစု အသံလည်း မကြားရတော့၊ ငွေတွေလည်း ပလုံ ဖြစ်ကုန်ပြီ ထင်သည်။
မတ်လ ၃၀ ရက်နေ့ အစိုးရသစ် ပေါ်လာပြီးနောက် အပြောင်းအလဲ တွေက အားလုံးသိပြီး ဖြစ်၍ ပြန်မပြော ပြတော့ပါ။ သို့သော် ဒီအပြောင်း အလဲတွေက ရလာသည့် လွတ်လပ်မှုတွေကို ပြည်တွင်းမှာ ပျော်ပျော်ကြီး အသုံးချ နေသူများ ထဲတွင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး၊ စစ်ကျွန်ဘဲ ဆက်ဖြစ်နေမှာဟု ပြောဆိုခဲ့သူတွေက ရှေ့ဆုံးက ပါနေတာကို တွေ့ရတာလည်း တရားကျဖို့ ကောင်းသည်။ တစ်ခါတစ်ခါ ကျတော့လည်း ဒီလူတွေကပင် ဒီအစိုးရ လက်ထက်မှာ တိုးတက်မှု နှေးတယ်၊ အားမရဘူး ဆိုပြီး ပြောတာ တွေလည်း ကြားရသည်။ သို့သော် သူတို့ အဲဒီလို ပြောတာတွေကို ဂျာနယ်တွေပေါ်မှာ ဖော်ပြခွင့်ရ တာ၊ ပြည်ပ မီဒီယာတွေ အပေါ်မှာ ပြောလို့ ဘာမှအရေးယူမခံရတာတွေသည်ပင်လျှင် တိုးတက်မှု ဖြစ်သည် ကိုတော့ မြင်ပုံ မရကြပါ။ အစိုးရနှင့် စကားပြောနေသူ ဒေါ်အောင်ဆန်းစုကြည် ကိုပင် မသိမသာ ပုတ်ခတ် ပြောဆိုသည် အထိ လုပ်တာ၊ ဒေါ်အောင်ဆန်း စုကြည်က လေပြည် ထိုးနေချိန်မှာ နောက်က ဗိန်းဗောင်း တီးတာတွေ လုပ်နေတာလည်း တွေ့ရသည်။

Thursday, 20 October 2011

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မထိုက်တန်တဲ့ ကိုဇာဂနာ

သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)မှာ အကျဉ်းသားပေါင်း (၆၃၅၉)ယောက်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲဒီလို လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့ အထဲမှာ တည်ဆဲ ဥပဒေကို ချိုးဖောက်တဲ့ အတွက် အကျဉ်းကျ နေသူတွေထဲက နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်မှု မရှိဘူးလို့ ယူဆရတဲ့သူ၊ တစ်နည်းအားဖြင့်တော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေ၊ အသက်အရွယ် ကြီးရင့်သူတွေလည်း အများအပြား ပါဝင်ခဲ့ပါတယ်။
အဲဒီအထဲက လူပျက် ဇာဂနာလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကိုဇာဂနာဟာ နိုင်ငံတော်က ပေးလိုက်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာလို့ နိုင်ငံတော်ကို ကျေးဇူးတင် စကားပြောလိမ့်မယ်လို့ ထင်ရင် မှားပါလိမ့်မည်။ မြန်မာ အစိုးရသစ်ရဲ့ အပြုသဘော ခြေလှမ်းတွေကို နိုင်ငံတကာကတောင် တအံ့တသြ ဖြစ်နေရတဲ့ အချိန်မှာ လူပျက် ဇာဂနာ ကတော့ အကျဉ်းထောင်က လွတ်လွတ်ခြင်းပဲ စောင့်ကြည့်ကြပါအုံး၊ သိပ်မယုံကြည်ဘူး၊ အကျဉ်းသားတွေကို အကုန် လွှတ်ပေးလိုက်ပါလား၊ ကိုယ့်အိပ်ကပ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ၊ ဖမ်းထားတဲ့သူတွေက သမ္မတဦးသိန်းစိန် လက်ထက်မှာ ဖမ်းထားတဲ့သူတွေ မဟုတ်ဘူး စတဲ့ စကားလုံးတွေနဲ့ မြန်မာအစိုးရသစ်နဲ့ ပြည်သူတွေu လက်နဲ့ရေးနေ တာကို ခြေနဲ့ဖျက် လုပ်လာတာ တွေ့ရပါတယ်။

KIA က အယ်ဂျားဇီးယားသတင်းဌာနနှင့်ပူးပေါင်း၍ လုပ်ကြံသတင်းများထုတ်လွှင့်ရန်စီစဉ်နေဟုဆို

  သတင်းထောက် Abderrahim Foukara
အယ်ဂျားဇီးယားသတင်းဌာနမှ သတင်းထောက် Gabriel Elizondo နှင့် Abderrahim Foukara တို့ဟာ ရွှေလီမြို့ မှတစ်ဆင့် KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ရောက်ရှိနေကြောင်း ကချင်နေ့စဉ်သတင်း ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားချက်အရသိရှိရပါသည် ။

 သတင်းထောက် Gabriel Elizondo

 
 မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ KIA  ဖြစ်နေသော တိုက်ပွဲများကြောင့် ကချင်လူထုမှာ တော်တော်လေး ဒုက္ခရောက်နေတဲ့အကြောင်းနဲ့ လက်ရှိတိုက်ပွဲများကြောင့် တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ ပုံစုံမျိုးဖန်တီးရိုက်ကူးပြီး အယ်ဂျားဇီးယားသတင်းဌာနမှာ ထုတ်လွှင့်သွားမမှာဖြစိကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားပါတယ် ။

ဇာဂနာဆေးစစ်ဖို့ လိုနေပြီလား (သို့) ဇာဂနာအပေါ် မေးချင်သော မေးခွန်းများ


သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်ကနေ သူများထက်စောပြီး လွတ်လာတဲ့ လူပျက်ဇာဂနာ တစ်ယောက်ဟာ SSA ကဗိုလ်ချုပ်ဆေထင်လို လွတ်လွတ်ချင်း ကျန်းမာရေး ဆေးစစ်ချက် ခံယူသင့်ပါတယ်။ ဇာဂနာအနေနဲ့ ဆေးစစ်သင့်တာကတော့ သူရဲ့ စိတ်ရောဂါ ကျန်းမာရေးကိုပါပဲ။ ဘာလို့လဲ ဆိုတော့ ထောင်ကထွက်လာလာချင်း သူ့ကိုလွှတ်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးကို ကျေးဇူးတင် စကားမပြောဘဲ အဖွဲ့အစည်းပေါင်းစုံက မေးသမျှ ဟာတွေကို စိတ်လွတ်ကိုယ်လွတ် ပေါက်ကရ လျှောက်ပြောခဲ့လို့ပါပဲ။

အောက်က မေးခွန်းလေးတွေနဲ့ ပုံတွေကို ကြည့်ကြည့်ရင် ရှေ့နောက် အပြောမညီစွာနဲ့ စိတ်လွတ် ကိုယ်လွတ်ဖြစ်နေတဲ့ ဇာဂနာရဲ့ စိတ်အခြေအနေကို သိရှိနိုင်ပါလိမ့်မယ်။
 

Wednesday, 19 October 2011

ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ဆတက်ထမ်းပိုး တိုးတက် အောင်မြင်ပါစေ

မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး လူအများက စိတ်ဝင်စားနေကြ သလို မီဒီယာတိုင်းကလည်း ဒီကိစ္စကို ပုံစံအမျိုးမျိုးနဲ့ ဝေဖန်သုံးသပ် ရေးသား ထုတ်လွှင့်လျက် ရှိကြပါတယ်။ ဒီစီမံ ကိန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကြီးက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ပြီး နောက်ပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံ ဘက်မှာရော၊ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ မီဒီယာတွေက သူ့သဘောသူ ဆောင်ပြီး အမျိုးမျိုး ရေးသားဝေဖန် နေကြပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး ထိုးနှက်မှုတွေ ရှိနေတာကိုလည်း တွေ့ ရှိရပါတယ်။
မြစ်ဆုံဆည် စီမံကိန်းကို ၂ဝဝ၆ ခုနှစ်က တရုတ် China Power Investment Corporation(CPI) နဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနတို့ စာချုပ်ချုပ်ဆိုပြီး စတင်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ဒေါ်လာ သန်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံ စီမံကိန်းအပါအဝင် မေခ၊ မလိခ မြစ်ပေါ်ရှိ ရေအားလျှပ်စစ်ဆည် ခုနစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝ လောက် ရှိတယ်လို့ ဆိုပါတယ်။ သို့သော် မြန်မာပြည်သူတွေ ဘက်ကလည်း ဒီမြစ်ဆုံဆည် စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးသွားမှာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး နောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုတွေ ခံစားရမှာ စတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီစိုးရိမ် ပူပန်မှုတွေ ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်၊ ထဲထဲဝင်ဝင် ဖြစ်လာတဲ့အချိန်မှာ နိုင်ငံတော် အစိုးရအနေနဲ့လည်း ပြည်သူများရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးထား ဖြေရှင်း ဆောင်ရွက်ပေးဖို့ တာဝန်ရှိလာ ပါတယ်။ ဒါကြောင့် လက်ရှိအစိုးရ လက်ထက်မှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီးက လွှတ်တော်ကတစ်ဆင့် ပြည်သူကို အသိပေး ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ ပီပီ ပြည်သူများရဲ့ဆန္ဒကို အလေးထား ဦးထိပ်ပန်ဆင်ပြီး ဆုံးဖြတ်ဆောင် ရွက်လိုက်ခြင်း ဖြစ်တဲ့အတွက် အားလုံးက ကြိုဆိုရမယ့် ဆောင်ရွက်မှု တစ်ရပ်သာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတအကြံပေးပုဂ္ဂိုလ် ဦးကိုကိုလွင်နှင့် ဧရာဝတီတို့ အင်တာဗျူး

မေး။ ။ ကျနော်တို့ ကြားရတဲ့ Swedish ရေဒီယိုမှာ ဦးကိုကိုလှိုင်ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသား မြန်မာပြည်မှာ ၆၀၀ ပဲရှိတယ်လို့ ပြောတယ်ဆိုပြီးတော့ ကျနော်တို့ သတင်း တခုကြားရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ Confirm လိုချင်လို့ပါ။

ဖြေ။ ။ ကျနော်တို့ကတော့ အတိအကျစာရင်းတော့ မရှိဘူးပေါ့။ အတိအကျ စာရင်းလိုချင်ရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနကို တောင်း နိုင်ပါတယ်။ သူတို့လုပ်ထားတာ ဆိုတော့။

မေး။ ။ ကုလသမဂ္ဂ အပါအ၀င် တခြား လူ့အခွင့်ရေးစောင့်ကြည့်ရေး အဖွဲ့တွေကနေပြီးတော့ ၂၀၀၀ လို့ ပြောနေတာ ဆိုတော့ ဒီလို မျိုး ကွာခြားချက် နှစ်ခုဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ဦးကိုကိုလှိုင်အနေနဲ့ ဘာများမှတ်ချက်ပေးနိုင်မလဲ။

ဖြေ။ ။ အပြင်ဘက်က စာရင်းကတော့ ဖြစ်နိုင်တာပေါ့နော်။ သူတို့အနေနဲ့ အတိအကျကောက်ခံဖို့ အခွင့်အလမ်း တော်တော်နည်း တာပေါ့ အပြင်ကကောက်ရတာကိုး။ အပြင်ကကောက်ရတဲ့အခါကြတော့ စာရင်းတွေကအတိအကျရနိုင်မယ်လို့ မထင်ဘူးပေါ့နော်။ အဲဒီအခါ သူတို့လည်းပဲ စိတ်မှန်းတဲ့ အထဲကပဲ ရှိကောင်းလည်း ရှိလိမ့်မယ်။ တချို့လည်း လွတ်သွားတာ မသိလိုက်တာလည်း ဖြစ် ကောင်းလည်း ဖြစ်မှာပေါ့နော်။ ဒီဘက်မှာကြတော့ သူတို့ကတော့ သေချာစရင်းဇယားနဲ့ ကိုင်ပြီးတော့ တွက်တာကြတော့ ပိုပြီး တိ ကျနိုင်တာပေါ့။ ဒါပေမယ့်လည်း ကျနော်ထင်တယ်၊ တချို့ဟာလည်း ဒါ ယုံကြည်ချက်ကြောင့် ကျတဲ့အကျဉ်းသားလား၊ ရိုးရိုးအကျဉ်းသားလား ဆိုတာ Definition သတ်မှတ်ချက်ပေါ်မှာလည်း ကွဲလွဲချက်ရှိရင်လည်း ရှိမှာပေါ့။ အဲဒါတော့ ကျနော် အသေအချာ မသိဘူး။ မသိဘူးဆိုတာ အဲဒီစာရင်းဇယား အတိအကျတော့ ကျနော်တို့ဆီမှာ မရှိဘူးပေါ့နော်။

မေး။ ။ ဒီကြားထဲမှာလည်း ထပ်လွှတ်ပေးမယ်ဆိုပြီးတော့ ကြားနေရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဦးကိုကိုလှိုင် အနေနဲ့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ အဲဒါတော့လည်း ကျနော်တို့က သေချာမသိဘူးပေါ့နော်။ သို့သော်ငြားလည်း တာဝန်ရှိတဲ့သူတွေ ပြောနေကြတာတော့ နောက်ထပ် လွှတ်ပေးလိမ့်မယ်လိုတော့ ပြောနေကြတာပဲ။ ကျနော်တို့ကတော့ အကြံပေးဆိုတော့ အဲဒီလိုမျိုးအင်မတန် တိကျတဲ့ သတင်းမျိုးတွေကတော့ ကျနော်တို့က ပြောနိုင်ဖို့ တော်တော်ခက်ပါတယ်။

Tuesday, 18 October 2011

ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်မှာ ဆန္ဒပြလျှင် ရဲက ငရုတ်ကောင်ရည်နဲ့ မျက်လုံးကို ပက်ဖျန်း သည်ဟုသိရ

အမေရိကန် ဘဏ္ဍာရေး နှင့် ငွေကြေး ဈေး ကွက် ဖြစ်သည့် ဝေါလ်ထရိတ် လမ်းရှိ မသမာ သည့် အရင်း ရှင် များ ကို အကြမ်းမဖက်သောနည်းဖြင့် ယုံကြည်ချက်ကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ဆန့် ကျင် ဆန္ဒ ပြ နေ သည့် Occupy Wall Street လှုပ် ရှား မှု အဖွဲ့  ၀င်များ ကို အမေရိကန်ရဲများ က ငရုတ် ကောင်း မှုန့် များ ထည့် ထား သည့် မှုတ် ဆေး ဗူးများဖြင့် ပက် ဖျန်း ခံ တယ်လို့ သတင်းစာများမှာ ရေးသားထားတာ တွေ့ရပါတယ်။



သမ္မတအိုဘားမား တက်လာပြီးကတည်း စီးပွားရေး ချွတ်ခြုံကျခဲ့တဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသားတွေက စိတ်မရှည်နိုင်တော့ပဲ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာ ဒါနဲ့ဆို ခဏခဏ ရှိနေပြီ ဖြစ်ပါတယ်။ ၀ါရှင်တန် ဒီစီ ရှိ ဆန္ဒပြ သူများက ဝေါလ်စထရိ ၊ H လမ်းမ နဲ့ နေရာ အတော်များများမှာ စုဝေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

နယူးယောက် တွင် လည်း ထောင် နှင့် ချီ သည့် ဆန္ဒပြ သူ များ သည် ၎င်း တို့  ၂၂ ရက်ကြာ စခန်း ချရာ ဇာကိုတီ ပန်းခြံ မှ အောက် မက်ဟတ်တန် ရှိ ၀ါရှင်တန် ရင်ပြင် သို့  ချီတက်ကြ ရာ လူထောင် ပေါင်း များ စွာ ပါဝင် ခဲ့ သည်။

ကော်လိုယာဒို ပြည်နယ် ဒင်ဗာ မြို့  မှာလည်း လူ ၇၀၀ ခန့် က ဗဟို ဘဏ် ရှေ့  တွင် စု ရုံး ပြီး ဆန္ဒပြ ကြသည်။

OWS လှုပ်ရှား မှု များ ကို အမေရိကန် မြို့  ပေါင်း ၁၀၀၀ ကျော် နှင့် နိုင်ငံ တကာ ရှိ မြို့  ပေါင်း ၁၀၀ ခန့် တွင် ကျင်း ပ နိုင်ခဲ့ သည် ။

မင်းကိုနိုင်အတွက် မွေးနေ့ဆုတောင်း အိပ်ဖွင့်ပေးစာ

ကိုမင်းကိုနိုင်ရေ... ဒီနေ့ဆိုရင် ခင်များလည်း ၄၉ နှစ်ပြည့်ပြီ... ၄၉ နှစ်ဆိုတာ မိုက်မဲမှုမှာ ကျေနပ်နေရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာ သတိရဖို့လိုပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ၈၈ မှာ လမ်းကြုံလို့ မြန်မာ့နိုင်ငံရေးလောကထဲ ပါလာသူလို့ ပြောကြတယ်.. တကယ်တော့ အဲလိုမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ၈၈ ကျောင်းသား အားလုံးက လမ်းကြုံလို့ မြန်မာ့နိုင်ငံရေးလောကမှာ ပါလာတာပါ။


၈၈ တုန်းက ကျောင်းသားတွေက အရင်တုန်းက နိုင်ငံရေးဆိုတာလည်း စိတ်မဝင်စားဘူး၊ နိုင်ငံရေးဗဟုသုတလည်း မရှိကြဘူးဆိုတာ ကိုမင်းကိုနိုင်တို့ ကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်။ နိုင်ငံရေး အတွေးအခေါ်ဆိုတာ အဝေးကြီးပါ၊ နိုင်ငံ့သမိုင်းတောင်း ကောင်းကောင်းသိကြတဲ့ ကျောင်းသားအရေအတွက်တောင် အရမ်းနည်းခဲ့ပါတယ်။

၈၈ တုန်းက ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေထဲမှာ အမှတ်ကောင်းပြီး ထူးချွန်တဲ့ ဆေးတက္ကသိုလ်က ကျောင်းသားတွေက အနည်းဆုံးဖြစ်ပြီး၊ ဒုတိယ အနည်းဆုံးက ဥပဒေ သမားတွေနဲ့ သမိုင်း မေဂျာတွေ ဆိုတာကို ကိုမင်းကိုနိုင်တို့ မှတ်မိအုံးမယ်ထင်ပါတယ်။

စာဖတ်အားကောင်းပြီး ထူးချွန်တဲ့ ဆေးကျောင်းက ကျောင်းသားတွေက ကိုမင်းကိုနိုင်တို့ လို ဆန္ဒ မပြလို့ဆိုပြီး ကိုမင်းကိုနိုင် ကိုယ်တိုင် ဆေးကျောင်းသားတွေ ဆီကို ထမီထုတ်တွေ သွားပစ်ခိုင်းခဲ့တယ်လေ။

ခုပြန်စဉ်းစားကြည့်ရင်တော့ လူကြီးလူကောင်းမဆန်ပဲ လုပ်ခဲ့တာတွေအတွက် စိတ်ပျက်မိတယ်ဗျာ။

စာဖတ်အားကောင်းပြီး ထူးချွန်တဲ့ ဆောင်းကျောင်းသားတွေမပါ၊ ဥပဒေ ကျောင်းသားနဲ့ သမိုင်း ကျောင်းသားတွေ မရှိတဲ့ ကျောင်းသား အဖွဲ့တွေက နိုင်ငံရေးလုပ်မယ်ဆိုတော့ အချင်းချင်း မယုံမကြည်စိတ်တွေ ဖြစ်ခဲ့ကြတာကို မမေ့လောက်သေးဘူးထင်ပါတယ်။

ဒါတွေ ထားလိုက်ပါတော့။ နောက်ကြောင်းတွေကို ပြန်မပြောတော့ပါဘူး။ နိုင်ငံရေးမှာ ၈၈ ကျောင်းသားတွေ ပါလာတယ်ဆိုတာ ၈၈ ကျောင်းသားတွေက နိုင်ငံတော်နဲ့ လူထုအတွက် ဘာတွေလုပ်ခဲ့လို့လဲ၊ ဘာဥပဒေတွေ ပြဌာန်းနိုင်ခဲ့လို့လဲ၊ နိုင်ငံတော်ရဲ့ ဘယ်တာဝန်တွေ ယူခဲ့ရလို့လည်းလို့ ဒီနေ့လူငယ်တွေက မေးရင် ဖြေစရာမရှိဘူးဖြစ်နေတယ်။ ဘာလုပ်ခဲ့လို့လည်းဆိုတော့ ဘာမှမှမလုပ်ခဲ့တာပဲ။

လမ်းပေါ်ထွက် ဆန္ဒပြတာက နိုင်ငံရေး လုပ်တာလို့ ဒီနေ့အထိ အသက် ၅၀ ဝန်းကျင် ကျောင်းသားဟောင်းတွေ ထင်နေကြတာ စိတ်မကောင်းဖြစ်မိပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြဖို့ ၈၈ ကျောင်းသားမှ မဟုတ်ဘူး လူတိုင်းလုပ်နိုင်ပါတယ်။ ဘာဥပဒေမှ နားမလည်၊ ဘာသမိုင်းကြောင်းမှ မသိတဲ့ ၈၈ ကျောင်းသားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြလို့ အဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ကိုမင်းကိုနိုင်လည်း အသိပါ။

အဲဒီနေ့က လက်ဘက်ရည်ဆိုင်ထဲကို ကိုမင်းကိုနိုင် ထမင်းထုတ်တွေ လက်နှစ်ဖက်က ဆွဲပြီး လွယ်အိပ်တစ်လုံးနဲ့ ဝင်ခဲ့တယ်။ ပြီးတော့ အလုပ်မရှိလို့ ထိုင်နေတဲ့ ဆိုက်ကားသမားတွေနဲ့ အထမ်းသမားတွေကို ထမင်းထုတ်တစ်ယောက်တစ်ထုတ်ဆီပေး၊ ပိုက်ဆံ ၁၅၀ ဆီ ပေးပြီး ဆန္ဒပြဖို့ ကိုမင်းကိုနိုင် လာခေါ်တယ်လေ။

နောက်တော့ ဆန္ဒပြရုံတင်မကတော့ဘူး ဓာတ်တိုင်တွေ ဖျက်ဆီး၊ မီးပွိုင့်တွေ ရိုက်ခွဲ၊ ဂိုဒေါင်တွေ မီးရှို့ တွေပါ လုပ်လာကြပြန်တယ်။ ၈၈ ကျောင်းသားတွေ နိုင်ငံရေး လုပ်တယ်ဆိုတာ ဒါတွေပါပဲ။

နောက်ဆုံးတော့ ကိုမင်းကိုနိုင်လည်း အပြစ်တွေ ဆေးကြောဖို့ အဖမ်းခံရတယ်၊ ကျန်တဲ့ ကျောင်းသားတချို့လဲ ဖမ်းမှာ ကြောက်ပြီး ခွေးပြေးဝက်ပြေးနဲ့ နယ်စပ်ကို ပြေးကြတယ်။ ခုတော့ ကောင်းစားနေကြပါပြီ။ ၁၉၈၈ ဆိုတာ မြန်မာ့ နိုင်ငံရေးအတွက် အချိန်းအပြောင်း ဟုတ်မဟုတ် တော့ မသိဘူး။ ၈၈ ကျောင်းသားတွေ ဘဝ ကိုတော့ တကယ် ချိန်းပြောင်းပေးခဲ့တာ အမှန်ပါပဲ။ အခုဆိုရင် အမေရိကား၊ နော်ဝေ၊ အင်္ဂလန်၊ ဂျပန်၊ သြောစတြေးလျ နိုင်ငံဆုံမှာ ၈၈ ကျောင်းသားဟောင်းတွေ ကြွယ်ဝချမ်းသာပြီး ကောင်းစားနေကြပါပြီ။

ကိုမင်းကိုနိုင်တို့ကိုလည်း " ပြေးလို့ရတာ မပြေးပဲ... -င်ယားပြီး အဖမ်းခံတဲ့ကောင်တွေ နည်းတောင်နည်းသေတယ်" လို့ ကျိန်ဆဲ နေကြသူတွေ အများကြီး ရှိကုန်ပြီ။ လက်ရှိအစိုးရဲ့ သဘောထားပျော့ပြောင်းမှု ကြောင့် ကိုမင်းကိုနိုင်လည်း မကြာခင်မှာ လွတ်လာနိုင်ပါတယ်။ အသက် ၄၉ နှစ်ဆိုတာ ငယ်တော့တဲ့ အရွယ်မဟုတ်ပါဘူး။ လိမ်လိမ်မာမာနေပြီး ရိုးရိုးသားသား လုပ်စားရင် နောက်မကျသေးပါဘူး။

နိုဘယ်ဆုကြီးလည်းရ၊ တခြား ဆုတွေကလည်း တစ်လကို နှစ်ဆုလောက် အလိုလိုနေရင် ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် "မတာရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုတာ ကနေ "အသုံးချခံရရင်လည်း ကျေနပ်တယ်" ဆိုတဲ့ လေသံပြောင်း လိုက်ရတဲ့ အချိန် ဖြစ်နေတာကို သတိပြုပါ။ ထောင်ကထွက်လာရင် ဘာကြီးဖြစ်မယ် ညာကြီးဖြစ်မယ်လို့တော့ ကြိုပြီး မျှော်လင့်မထားပါနဲ့။ နိုင်ငံတကာနဲ့ အဆင်ပြေပါတယ်၊ ဆုတွေ တစ်အိမ်လုံး ပြည့်နေပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် ဘာမှ မဖြစ်တာ အားလုံးအသိပါ။ လွှတ်တော်တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွေနဲ့ အလုပ်လုပ်နေတဲ့ ဒီနေ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်မှာ ၈၈ တုန်းက လမ်းပေါ် ထွက် ဆန္ဒပြဖူးရုံလောက်ကို ဒီခေတ်ကြီးမှာ နိုင်ငံရေးသမားလို့ ခေါ်လို့မရတော့ဘူး။

နိဂုံးချုပ်ပြောရရင်တော့ ထောင်ထဲမှာ လိမ်လိမ်မာမာနေပါဗျာ။ အလုပ်မရှိရင်လည်း ကိုဇာဂနာလို ကြောင်ရေချိုးပေးပါ။ ကိုဇာကနာကတော့ ထောင်ထဲမှာ တရားထိုင်တာ၊ အသိပညာရမယ့် စာတွေ ဖတ်တာ မလုပ်ပဲ ကြောင်တစ်ကောင်မွေးပြီး အလုပ်မရှိ ကြောင်ရေချိုးပေးခဲ့တယ်ပြောပါတယ်။ တချို့တွေကတော့ အချုပ်ကထွက်မှ ဘုန်းကြီးကျောင်း ခဏခဏ သွားဖြစ်ကြတယ်။ ကိုမင်းကိုနိုင်လည်း တစ်ခုခုကို အာယုံစိုက်ပါ။ ဟင်းတွေ ယူမလာနဲ့ လို့ အော်နေပြီး ၉၆ ပါး ရောဂါ ဖြစ်ပြနေပြန်ရင်လည်း မကောင်းပါဘူး။ ပြည်သူ့အတွက် လုပ်တာ ခံရဲတယ် ဆိုတဲ့ စိတ်မျိုး မွေးပြီး ထောင်ဝင်စာလည်း မတွေ့ခိုင်းပဲ၊ ဘာမှလည်း မမျှော်လင့်ပဲနေနိုင်အောင်နေပါ။ ယုတ်စွအဆုံး အစိုးရက လွတ်ရက်မစေ့ပဲ လွှတ်ရင်တောင် အစိုးရကို ဆန့်ကျင်သောအားဖြင့် ထောင်ကမထွက်ဘဲ ဆက်နေပါ။

ခေါင်းဆောင်ကောင်း ဥပဒိရုပ် မဟုတ်


မွေးနေ့မှာ အဓိကဆုတောင်းပေးချင်တာကတော့ ကိုမင်းကိုနိုင်ရဲ့ ရှေးဘဝက အကုသိုလ်တွေ များခဲ့လို့ ဒီဘဝမှာ ထောင်ချခံနေရတဲ့အတွက် အဲဒီ အကုသိုလ်တွေ အမြန်ကျေပါစေလို့ စုတောင်းပေးပါတယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာလည်း ကိုမင်းကိုနိုင် ကြားဖူးမှာပါ။ အခု ဖမ်းဆီးချုပ်နှောင် ခံနေရတာဟာ အရင်ဘဝတွေက၊ ဒါမှ မဟုတ် ငယ်ငယ်တုန်းက သူတပါးကို ချုပ်နှောင်ဖို့၊ အဖော်မဲ့အောင် လုပ်ဖို့နဲ့ အခြား စိတ်ပုတ်စိတ်ယုတ် တွေ ထားခဲ့၊ လုပ်ခဲ့လို့ ခုချိန်မှာ ပြန်ခံရတာပါ။ ကိုမင်းကိုနိုင်လည်း ဘာသာရေး အားနည်းသူမဟုတ်တော့ ဒီသဘောတရားကို နားလည်မယ် ထင်ပါတယ်။ ဒါကြောင့် အခုချိန်က စ ပြီး စိတ်ကောင်းကောင်းလေးထားပါ။ ၈၈ တုန်းက လမ်းပေါ်ထွက် ကြ သူချင်းအချင်းချင်း မိုးသီးဇွန်း တို့ကတော့ သက်တောင့်သက်သာ ချမ်းသာနေပြီး၊ ကိုမင်းကိုနိုင်ကျတော့ သံတိုင်ကြားမှာ ရောက်နေရတာဟာ ကိုမင်းကိုနိုင်လုပ်ခဲ့တဲ့ အကုသိုလ်တွေ သိပ်များနေလို့ ဖြစ်ရတာပါ။ ကိုမင်းကိုနိုင် အပါအဝင် တခြား ထောင်ကျနေသူတွေအားလုံးရဲ့ အကုသိုလ်တွေ အမြန်ကျေဖို့ ဆုတောင်းပွဲတွေ လုပ်ပေးပါအုံးမယ်။


ဒေါက်တာလှိုင်မြင့် (မုံရွာ) 

                                           Myanmarexpress ဘလော့ခ် )   မှကူးယူဖော်ပြပါကြောင်း ။

အကျဉ်းသားများ လွတ်ပေးခြင်းကို ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ သြစတြေးလျ၊ အိန္ဒိယ နှင့် ဒိန်းမတ် တို့ ကြိုဆို


အကျဉ်းသားများ လွတ်ပေးခြင်းကို ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ သြစတြေးလျ၊ အိန္ဒိယ နှင့် ဒိန်းမတ် တို့ ကြိုဆို
မြန်မာနိုင်ငံ၌ အကျဉ်းသား ၆,၃၅၉ ဦးလွှတ်ပေးခြင်းသည် ကုလသမဂ္ဂ၊ ဥ ရောပသမဂ္ဂ၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဒိန်းမတ် အပါအ၀င် ပြည်ပနိုင်ငံများက၀မ်း မြောက်ဝမ်းသာကြိုဆိုလိုက်သည်။
အကျဉ်းသားများ လွှတ်ပေးခြင်းသည် သိသာ ထင်ရှားသည့် ပြောင်းလဲမှု ရလဒ် တစ်ခုကိုဖော်ဆောင်ရန် အရေးပါ သည့် ခြေလှမ်း တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြား သည်။ အကျဉ်းသား ၆,၃၅၉ ဦးကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးလိုက်သည့် မြန်မာအစိုးရ ၏ဆုံးဖြတ်ချက်ကို ကြိုဆို ကြောင်း အကျဉ်းသား အားလုံး လွှတ်ပေး ခြင်းကြောင့် မစ္စတာဘန်ကီမွန်းကပြော ကြားသည်။

ပြည်သူချစ်သော အနုပညာသည်များနှင့် နိုင်ငံရေးအရ မှန်ကန်မှု (Political Correctness)

မြန်မာသံတော်ဆင့်
(လူရွှင်တော် ဇာဂနာက လွှတ်တော် အမတ်များကို အိုင်ကျူ ၅၀% ပဲ ရှိတယ်ဆိုပြီး ပျက်လုံး ထုတ်ခဲ့တဲ့ အပေါ် မြန်မာ သံတော်ဆင့်ရဲ့ အမြင်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ တစ်ယောက် ယောက်ကများ ဇာတ်သဘင် ပညာရှင်တွေဟာ ဖက်ခွက်စားဖြစ်လို့ ဉာဏ်ရည် ၄၀% ပဲရှိတယ်လို့ ပျက်လုံး ထုတ်ခဲ့ရင် ဇာဂနာ ဘာပြောမလဲလို့ပဲ စဉ်းစားမိပါတယ်။ ပျက်လုံး ထုတ်တဲ့ နေရာမှာလည်း လိုက်နာရမယ့် စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ ရှိတယ် ထင်တာ ပါတယ်။)
စစ်အာဏာရှင် စနစ်အောက်က မြန်မာပြည်တွင် အောင်ဆန်းစုကြည်ပြီးလျှင် ဒုတိယမြောက် တိုင်းပြည် အသည်းစွဲ ပုဂ္ဂိုလ်သည် ယခင်အပါတ်က ထောင်က လွတ်လာသူ လူရွှင်တော် ဇာဂနာ ဖြစ်သည်။ အခြား နာမည်ကြီး တစ်ဦးဖြစ်သူ မင်းကိုနိုင်မှာ ကျောင်းသား အသိုင်းအ၀ိုင်းတွင်သာ ပိုလူကြိုက်များ၍ တစ်ပြည်လုံး အနေတွင် တတိယ နေရာ လောက်မှာသာ ရှိသည်။
လူရွှင်တော် ဇာဂနာကို တိုင်းပြည်က အသဲစွဲကြခြင်းမှာ သူတို့ကိုယ်စား အာဏာရှင် စနစ်ကြီးကို ရဲရဲတောက် တိုက်ယုံမက တိုက်စွမ်းရည်လည်း ထက်မြက်သူ ဖြစ်နေ၍ ဖြစ်သည်။ ခေတ်စံနစ်ကို သရော် လှောင်ပြောင်သော သူ့ပြက်လုံးများသည် နောင်ဆယ်စုနှစ်များစွာ အထိ လူတွေ ပါးစပ်ဖျားတွင် ပြောစမှတ် ပြုနေဦးမည်မှာ သေချာသည်။
ဇာဂနာသည် အလုပ်အားဖြင့် လူရွှင်တော်/ ဖျော်ဖြေရေးသမား (Comedian/ public entertainer) အသွင် ယူထားသော်လည်း သူ၏ တကယ့် အနှစ်သာရမှာ နိုင်ငံရေး ဝေဖန်သူ (critics) ဖြစ်လေသည်။

မြန်မာ့နွေဦး ရောက်ပြီလား

(Foreign Policy မဂ္ဂဇင်း အောက်တိုဘာ ၁၃ ရက်နေ့ အင်တာနက် စာမျက်နှာမှာ တင်ထားတဲ့ JIM DELLA-GIACOMA ရဲ့ Burma Spring ကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။)
အခုအချိန် ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် နှစ်ပေါင်းများစွာ စောင့်မျှော်လာခဲ့ သူတွေအတွက် စိတ်လှုပ်ရှားစရာ နေ့တွေပါပဲ။ စစ်ဗိုလ်တွေ အရပ်ဝတ် လဲပြီး အာဏာ ဆက်ယူထားဖို့ လုပ်ခဲ့တာလို့ စွတ်စွဲခံရတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရဟာ ရည်မှန်းချက် ကြီးမားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ် တစ်ခုကို ချပြခဲ့ပြီး အဲဒီအတိုင်း လုပ်နိုင်အောင် ကြိုးစားနေတာကို တွေ့နေရပါတယ်။ 
 
နှစ်နှစ်ဆယ်ကျော် လွှတ်တော်မရှိ၊ ဒီမိုကရေစီ ကျင့်စဉ်မရှိဘဲ ဖြစ်နေခဲ့ ပြီးတဲ့နောက် အစိုးရသစ်ဟာ လက်ရှိ အခြေအနေ ကနေ ပြောင်းလဲနိုင်ဖို့၊ အုပ်ချုပ်ပုံ နည်းလမ်းတွေကို ပြောင်းလဲနိုင်ဖို့ အံအားသင့်စရာ ကောင်းလောက်အောင် ကြိုးစား လာနေပါတယ်။ အစိုးရသစ်က ထောင်ထဲမှာ ရှိနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်ဟာ သဘောထား ကွဲပြားနေတဲ့ နိုင်ငံအတွင်းမှာ အမျိုးသား ရင်ကြားစေ့ရေး အတွက် ကြိုးပမ်း လုပ်ဆောင်ချက် ဖြစ်ပါတယ်။ လွှတ်တော်က သမိုင်းတွင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် ဆိုင်ရာ အဆိုကို အတည်ပြု ခဲ့ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့မှာ အစိုးရက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အဖြစ် အကျဉ်းသား ၆၃၅၉ ဦးကို ပြန်လွှတ် ပေးခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါတယ် ဆိုတာ အတိအကျ မသိရ သေးပေမယ့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကတော့ အနည်းဆုံး ၁၂၀ လောက် ပါတယ်လို့ ခန့်မှန်း ထားပါတယ်။

အတိုက်အခံများနှင့်လက်နက်ကိုင်တိုင်းရင်းသားများအောင်မြင်မှုရရှိ သွားသောအခါ

၂၁ ရာစု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အသွင်



နိုင်ငံပေါင်းစု၏ သမိုင်း

တစ်ချိန်အခါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟူရ်ျ အထက်ပါပုံကဲ့သို့ဝင့်ထည်စွာတည်ရှိခဲ့ဖူးလေသည်။
ထိုနိုင်ငံတွင် အစိုးရအား ရဲရဲဝံ့ဝံ့ ဖြင့် ၁ ဦးတည်းရှိစေကာမူ နာမည်အကြီးကြီးပေးကာ အတိုက်အခံဟုခေါ်သော အစိုးရအား လက်နက်ကိုင်ရ်ျသဖွယ် လက်သီးပုန်းပြရ်ျတနည်း လေလှိုင်းမှ အာကျယ်ရ်ျတဖုံ တိုက်ခိုက်ကြသော အတိုက်အခံ များနှင့် လက်နက်ကိုင်(လောက်လေးခွကိုင်ရ်ျ A4စာရွက်တွင်ကြေငြာချက်ဟုရေးသားထုတ်ပြန်တတ်သောအဖွဲ့သည်လည်း လက်နက်ကိုင်ဟု ခံယူလိုက်တတ်သေး၏)အဖွဲ့ အစည်းများက (ပုံပြင်များ-တရုတ်ရှေးသိုင်းကားများထဲကလို)မည်သို့ မည်ပုံတိုက်လိုက်လေသည်မသိ-အစိုးရ ပြုတ်ကျသွားပြီး
အောက်ဖော်ပြပါပုံအတိုင်း ဆိုင်ရာဆိုင်ရာနိုင်ငံများအဖြစ် ရပ်တည်လိုက်လေကြသတည်း။




ဓလေ့စရိုက်များ
ထိုနိုင်ငံရှိ ကမ္ဘာပေါ်တွင် ဒုတိယဆိုဗီယက် ဟူရ်ျ ဂုဏ်ယူဝင့်ကြွားကာ ပြောတတ်ကြသေးသည်။
၎င်းကဲ့သို့ နိုင်ငံများကွဲပြားနေသော်လည်း ဗိုလ်ချူပ်ဟူသော ပုဂ္ဂိုလ်တစ်ဥင်္ီး၏ ပုံကြီးအား ကွဲပြားသွားသော
နိုင်ငံတိုင်းတွင်ချိတ်ဆွဲလက်ညှိုးထိုး ဂုဏ်ယူကြလေသည်။ထိုဗိုလ်ချူပ်ဆိုသူ၏ နောက်ဆုံး မျိုးဆက်(ရေတစ်ဝက် တိတိရောထားသော မျိုးမဆစ်) အမျိုးသမီးဆိုသူကား နိုင်ငံတိုင်းတွင် လှည့်လည်လျှက် ကန်တော့ပွဲများ ၊ မင်္ဂလာဆောင်များ ၊အသုဘ များ ၊ဖွင့်ပွဲများ တွင်လည်း အထူးဖိတ်ကြား
ဝါးတီးဖွင့်လျှက်ရှိသေးသည်။
နိုင်ငံတိုင်းအရေးကြူံလျှင် ထိုအမျိုးသမီးအား ဖိတ်ကြားကာ အကြံဥာဏ်တောင်းပြီး ဟန်ရေးပြကာ
နောက်ဆုံး ထိုအမျိုးသမီး၏ စကားလုံးများအား အမှိုက်တောင်းတွင်း ထည့်ကာ မိမိထင်ရာသာ လုပ်ကြသော
ချစ်ဖွယ်ကောင်းသော ဓလေ့လည်းရှိ၏။သူ့မအားကွယ်ရာတွင် ဒုတိယမြောက် ဂိုဘာချော့ ဟုတသွယ်
ဂျူနီယာ ဂိုဘာချော့ ဟုတနည်း ချီးမြင့်ပြောဆိုလေသည်။အဘယ့်ကြောင့်ဆိုသော် ယခုကဲ့သို့ နိုင်ငံများကွဲရခြင်းမှာ သူမ၏ စနက်လည်းမကင်းသောကြောင့်ဖြစ်သည်။

Sunday, 16 October 2011

ထို့ကြောင့်…… ဤသို့ တပ်မတော်ကို ပြည်သူတို့က ကျေးဇူးတင်နေကြပါသည်


၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တိုင်းဆူ ပြည်ဖျက် ဆူပူမှု၊ ပြည်ပ အင်အားကြီး နိုင်ငံတစ်ခုမှ ရေတပ်ကြီးက မြန်မာ့ပင်လယ် ရေပိုင်နက် အတွင်း ကျူးကျော် ဝင်ရောက်ကာ မြန်မာ့ အချုပ်အခြာ အာဏာနှင့် ပြည်ထောင်စု နိုင်ငံတော်ကြီး၏ လုံခြုံရေးကို ခြိမ်းခြောက်လာမှု၊ နိုင်ငံရေး တောကြောင်များက ကိုယ်ကျိုးအတွက် အချုပ်အခြာ အာဏာကို လုယက်ယူရန် ကြံစည်မှု၊ ဖောက်သည် တောကြောင်များက ပြည်သူပိုင်၊ နိုင်ငံပိုင်၊ အများပိုင်၊ ပုဂ္ဂလိကပိုင် ဂိုဒေါင်များဖောက်၊ သိုလှောင်ခန်းများ ဖွင့်ပြီး ပစ္စည်းဥစ္စာ မှန်သမျှ လုယက် သယ်ယူမှု၊ မြန်မာအချင်းချင်း ခေါင်းဖြတ်သတ်မှု၊ သင်္ချိုင်းများမှ အုတ်ဂူများမကျန် ဖြိုဖျက်ပြီး ဂူသင်္ချိုင်းမှ အုတ်များခွာယူရောင်းစားမှု စသည့် အနိဋ္ဌာရုံများ၊ နိုင်ငံတော် တစ်ဝန်း ထိန်းမနိုင် သိမ်းမရ မင်းမဲ့ တိုင်းပြည်ပမာ ဖြစ်လာမှု တို့ကြောင့် ပြည်သူတို့ ကျီးလန့်စာစား ဖြစ်ရသဖြင့် တပ်မတော်က နိုင်ငံတော်ကို မလွှဲမရှောင်သာ ဝင်ထိန်း ပေးခဲ့ရသည်။ ပြည်တွင်း ပြည်ပမှ ရရှိသည့် သပိတ် ရန်ပုံငွေ များဖြင့် သပိတ်ခေါင်းဆောင်များ ပျော်တပြုံးပြုံး မော်မဆုံး၊ စားလိုက်၊ သောက်လိုက်၊ ဆူပူမှု တိုးချဲ့လိုက်၊ အစိုးရ ဝန်ထမ်းများ သပိတ် မမှောက် မှောက်အောင် ဝိုင်းညှပ် ဖိအားပေးလိုက်ဖြင့် အစိုးရ ယန္တရားများလည်း ရပ်တန့် သွားခဲ့သည်။ ပြည်သူတို့ အိမ်ထဲမှ အိမ်ပြင် မထွက်ဝံ့၊ ဆူပူရာ၌ အကြောင်း အမျိုးမျိုးဖြင့် ပါဝင်သူများသာ အိမ်ပြင်ထွက်၊ လမ်းပေါ် တက်နိုင်ကြသည်။ ကျန်ပြည်သူများကား အိမ်ထဲမှာပင် စိတ်ဆင်းရဲစွာ ကုပ်နေ ခဲ့ကြရသည်။ နောက်ဆုံးတွင် မြို့ပေါင်း များစွာ၌ သပိတ်ခေါင်းဆောင် ဆိုသူများ၏ တရားမဲ့ ပြုကျင့်မှုကို မခံနိုင်သည့် ပြည်သူများနှင့် ထိပ်တိုက် တွေ့နေကြသည့် အဆင့် ရောက်ခဲ့ လေသောကြောင့် တပ်မတော်က ဝင်ထိန်း ပေးခဲ့ရသည်ကို မြန်မာ စစ်စစ်တို့က သဘော ပေါက်ကြသည်။

ချစ်နည်းမှန်ဖို့ တော့လိုလာပြီ... ညီအကိုမောင်နှမတို့

ကဲ----ကျွန်တော်တို့ နိုင်ငံတော်ကြီးကို တကယ်ရောချစ်တတ်နေပြီလား...။ဘယ်လိုစိတ်ထားတွေနဲံချစ်နေကြပါသလဲ...။
ဒို့တိုင်းရင်းသားတွေ တကယ်ရော ညီရင်းအကို မောင်နှမ စိတ်တွေရှိပါသေးလား..။
ကျွန်တော်တို့ ဟာ အမိမြေတနေရောတည်းက တအူထုံဆင်းတွေပါ...။
ကျွန်တော်တို့ ရဲ့ အမိမြေဟာ ကျွန်တော်တို့ လူသားမိခင်တွေလို သေမျိုးမဟုတ်ရပါဘူး...။
ကမ္ဘာတည်သရွှေ့  ရှိနေမဲ့ အမိမြေ ပါ...။
ဘာကြောင့် ဘယ်တော့မှ မသေတဲ့ အမိမြေ ကို ထာဝရ အသက်ရှင်နေပါလျှက်ကယ်နဲ့ အမွေခွဲနေကြတာလဲဗျာ 
အိမ်တစ်အိမ်မှာပေါ့ဗျာ...အဖေတွေအမေတွေ သက်ရှိထင်ရှားကြီးရှိနေပါလျှက် နဲံ သားသမီးတွေက
ထ ရန်သတ်ပြီး အမွေခွဲကြမယ်ဟေ့ ဆိုလိုက်ကြရင်ဖြင့် အမေတွေအဖေတွေ ဘယ်လိုခံစားရမလဲ...။
ဒါ သေမျိုးဖြစ်တဲံလူခံစားချက်ကိုပြောတာနော်...။
ကျွန်တော်တို့ ဧရာဝတီကို ချစ်ပြတာကရော အမွေလိုချင်လို့ မိဘကို ပြန်ဖော်လံဖား ကြတာလားခင်ဗျာ...။
 ကျွန်တော်တို့ရဲ့ ချစ်သော အမိမြန်မာနိုင်ငံကြီးဟာ ထာဝရတည်တံ့နေမဲ့ မိဘပါ...။
ဘာလို့ အမွေတွေခွဲနေကြတာလဲ...။ဒီအိမ်လေးတစ်လုံးကို စုပေါင်းဆောက်တည်ပြီး ခိုင်ခိုင်ခံခံ ညီညီညွတ်ညွတ် နေထိုင်ကြရအောင်လားဗျာ...။ရှိတာမှအိမ်လေးတစ်လုံးတည်း...။
ဒါကို ညီအကိုမောင်နှမ ၁၃၇ ယောက် နဲံတူတူမ တွေ များစွာ က ဝိုင်းပြီးအမွေခွဲကြစတမ်းဟေ့ ဆိုရင်တော့
ကျွန်တော်တို့ အိမ်လေးဟာ ထင်းပုံဖြစ်သွားပါလိမ့်မယ်..။

စတုတ္ထမဏ္ဍိုင်ကို အားကိုးပါ၊ သို့သော် လက်သရမ်းတတ်သည် သတိထားပါ


မြန်မာနိုင်ငံမှာ အစိုးရရဲ့ သတင်းလွတ်လပ်ခွင့်တွေ ပေးမှုကြောင့် သတင်း တွေ၊ ဂျာနယ်တွေထဲမှာ အရင်တုန်းက မမြင်ဖူးတာတွေ မြင်လာရတာကြောင့် ပြောင်းလဲခြင်းတွေကို လူအများက အသိအမှတ်ပြုလာကြပါတယ်။ ဂျာနယ်တွေကဆိုရင် ဘယ်လောက်များသလဲ မမေးနဲ့ နေ့စဉ်ထုတ်နေရုံမကဘူး။ တစ်နေ့ ၃ လေးစောင် ထွက်နေလို့ ဘာဖတ်ရမှန်းတောင် မသိတော့ဘူး။ ဒါတောင် နေ့စဉ် သတင်းစာ ထပ်ထုတ်ချင်ကြသေးတယ်။ ပြည်သူအတွက် ရပ်တည်မယ့် စတုတ္ထမဏ္ဍိုင် တွေက ပြည်သူတွေကို တစ်ပတ်တစ်ခါ သတင်းရောင်းစားလို့ အားမရသေးဘူး။ နေ့စဉ် အမြတ်ထုတ်ချင်ကြသေးတယ်။ စီးပွားရေးတွေ သောင်းကျန်းကြလွန်းတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က မြန်မာအစိုးရမှ သမ္မတအမိန့်နဲ့ အကျဉ်းသားပေါင်း ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသားခွင့် ပေးခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်ကထွက်လာမယ့် ထောင်ဘူးဝ မှာ ဂျာနယ်၊ မဂ္ဂဇင်းပေါင်းဆုံမှ သတင်းထောက်တွေ စုပြုံတိုးဝေ့ပြီး စောင့်နေခဲ့ကြပါတယ်။ ပြည်သူလူထုက စိုးရိမ်တကြီးဖြင့် ၎င်းတို့ရဲ့ ဆွေမျိုးသားချင်းတွေကို စောင့်မျှော်နေချိန်မှာ သတင်းထောက်တွေက ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်လိုက် နောက်လိုက်ပြောင်လိုက် လုပ်နေကြကြောင်း အင်စိန်ထောင်ရှေ့မှ စောင့်နေခဲ့သူ တစ်ဦးက ပြောပါတယ်။