Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Wednesday, 15 August 2012

ပြည်သူချစ်သော အမေ သို့ သမီးတစ်ယောက်ရဲ့ ဆန်ရေ



အမေရေ …..


အခုတလော အမေ့ကိုတွေ့ရတာ ညှိုးနွမ်းနေလို့ သမီးတစ်ယောက် အနေနဲ့ ရင်ထဲမှာ မချမ်းမြေ့ လိုက်တာ အမေရယ်။ အမေရဲ့ ကျက်သရေ ရှိတဲ့အပြုံး၊ ထက်မြက်တဲ့ အတွေးအခေါ်တွေကြောင့် အမေ့ကို လေးစား အားကျလို့ အမေ့လိုဖြစ်ချင်၊ အမေ့အနားမှာ နေချင်ခဲ့ပေမယ့် မနေနိုင်ခဲ့ဘူး။  ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူ့စည်းရုံးရေး ခရီးစဉ်တွေမှာ ပြုံးနေတဲ့ အမေ့ရဲ့မျက်နှာ နဲ့ ပည်သူတွေ အပေါ်ထားတဲ့ အမေ့ရဲ့ စေတနာတွေကြောင့် အမေဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲကျက်သရေ ရှိပြီး လှပနေခဲ့တာပါ။ 

Wednesday, 28 March 2012

ပြည်သူတစ်ယောက် (အိမ်ရှင်မတစ်ယောက်) ရင်ထဲမှာ ခံစားမိသည်များ ရင်ဖွင့်သံ (ပေးစာ- ၁၀)


ကျွန်မကတော့ ဘယ်လူကြီးပဲ သမ္မတဖြစ်ဖြစ် ကျွန်မတို့တိုင်းပြည် အေးအေးချမ်းချမ်းနေနေရရင် စိတ်ချမ်းသာတဲ့ မိန်းမတစ်ယောက်ပါ။ လူဆိုတာ အတ္တမရှိတဲ့လူမရှိကြပါဘူး။ ကျွန်မကတော့ ဘာနိုင်ငံရေးမှ မလုပ်ပါဘူး။ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစားစေချင်တာ လူတိုင်းပါပဲ။ ဘယ်အစိုးရပဲတက်တက် အတ္တဆိုတာ အနည်းနဲ့ အများတော့ ရှိကြမှာပါ။ လူ့သဘာဝမို့ မပြောချင်ပါဘူး။ ကျွန်မတော့ ဘယ်သူ့ဘက်ကမှ မလိုက်ဘူး၊ ဘယ်သူ့က ပိုကောင်းတာ၊ ပိုတော်တာလို့လဲ မြှောက်ပင့်ပြီး မပြောဘူး၊  အချိန်ကြာလာတာနဲ့အမျှ လူတိုင်းသိကြမှာပါပဲလေ။ ဖားရားပြီးလည်းမပြောဘူး၊ အမှန်တိုင်းပဲပြောချင်တာပါ။ ဒီလူကြီးတက်ရင် သူ့အမျိုးအဆွေတွေ ကောင်းစားမယ်၊ ရာထူးရမယ်ဆိုတာတွေက အတ္တတွေပါပဲ၊ ဘယ်သူပဲတက်တက် အဲ့ဒီအတ္တတွေဆိုတာရှိမှာပါ။ ဒါကိုတော့ လူတိုင်းလက်ခံကြမယ်လို့ ထင်ပါတယ်။
ကိုယ့်နိုင်ငံကို အုပ်ချုပ်မဲ့သူဟာ အဖက်ဖက်ကကြည့်ရင် အရာရာမှာ အပြစ်မရှိတဲ့ လူဆိုတာနည်းပါတယ်။ အပြစ်အနာအဆာဆိုတာ လူတိုင်းရှိကြပါတယ်။ အဲ့ဒီထဲက ပိုကောင်းတဲ့ တော်တဲ့ အရာရာကိုဝေဖန်ပိုင်းခြားနိုင်တဲ့ လူဆိုရင် ပိုကောင်းပါတယ်။ နိုင်ငံကို အုပ်ချုပ်ချင်တဲ့သူတွေထဲမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားမတတ်တဲ့ သူတွေကို တွေ့မြင်ကြားသိနေရတာတွေဟာ တော်တော်လေးကို ရင်နာစရာကောင်းပါတယ်။ ဟိုလူကလည်း အာဏာယူချင် ဒီလူကလည်း ဒီအာဏာယူချင်ဖြစ်နေတာဟာ ကောင်းလား၊ မကောင်းဘူးလားဆိုတာ ကိုယ့်ကိုယ်ကို ချင့်ချိန်စဉ်းစားစေချင်တယ်။ ကိုယ်နဲ့ ဒီအာဏာနဲ့ကော ထိုက်တန်လားဆိုတာ မိမိကိုယ်ကိုယ်သိယုံ တင်မကဘူး ဘေးပတ်ဝန်းကျင်က စဉ်းစားချင့်ချိန်တတ်တဲ့ လူတွေတောင်သိပါတယ်။ ဒါကိုမှ အရှက်မရှိ ပြောဆိုလုပ်နေကြတာဟာ တရားကျဖို့ကောင်းပါတယ်။
လူရယ်လို့ဖြစ်လာကြရင် ကိုယ်ပိုင်ယုံကြည်မှုဆိုတာ တစ်ယောက်တစ်မျိုးရှိကြတယ်။ နိုင်ငံကိုအုပ်ချုပ် မယ့်သူက ဟိုဘာသာလိုလို၊ ဒီဘာသာလိုလိုနဲ့ ဖြစ်နေတာတွေတွေ့ရတာဟာလည်း စိတ်ပျက်စရာကောင်းပါတယ်။ ဘယ်ဘာသာပဲကိုးကွယ် တစ်သမတ်ထဲ တစ်ဘာသာပဲရှိသင့်ပါတယ်။ လူပြောများမှ ပုတ်ခတ်ဝေဖန်မှုတွေ များပြီးမှ ပုဝါခြုံပြီး ဘုရားကျောင်းတက်တာတွေဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ ကိုယ်ဘယ်ဘာသာကို ကိုးကွယ်လည်းဆိုတာ တောင် ထုတ်ဖော်ပြသဖို့ ကြောက်နေတဲ့စိတ်ဓာတ်ကြီးနဲ့ ဘယ်လိုလုပ်အုပ်ချုပ်ချင်တာလည်းလို့ မေးချင်လာမိ တယ်။ နိုင်ငံကို အုပ်ချုပ်ချင်တဲ့သူဟာ စကားပြောဆိုတဲ့အခါမှာလည်း လိမ္မာပါးနပ်စွာပြောဆိုတတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ အရင်က ဒီလိုတွေပြောပြီး နောက်ကျတော့တစ်မျိုးပြောတာတွေ မဖြစ်သင့်ပါဘူး။ အရင်က တပ်မတော်ကို အသေအလဲမုန်းတီးနေပြီး မဲရချင်တော့မှ တပ်မတော်သားတွေကို မဲဆွယ်ဟောပြောတာတွေဟာ ဘာအဓိပ္ပါယ်သက်ရောက်လည်းဆိုတာ ကိုယ်ကိုတိုင်မှသိရလား? သိရဲ့သားနဲ့ တမင်သက်သက်လုပ်တာလား ဆိုတာကိုတော့ ပြောတဲ့သူပဲ သိမယ်လို့ထင်ပါတယ်။
အခုပြောဆိုနေတာတွေက တပ်မတော်ဘက်ကပါပြီး ပြောဆိုနေတာမဟုတ်ဘဲ ပြည်သူတစ်ယောက် အနေနဲ့(အိမ်ရှင်မတစ်ယောက်) ရင်ထဲမှာ ခံစားမိတာတွေကို ရင်ဖွင့်နေတာပါ။ ကျွန်မတို့ အဖိုးအဖွားတွေ လက်ထက်ထဲကစပြီး မြန်မာ့တပ်မတော်ဆိုတာ ရှိနေတာ အခုထိပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် တပ်မတော်ကို ပုံချပြောဆို ဝေဖန်နေတာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ နောက်ပြီး ကိုယ်လုပ်မဲ့ကိစ္စကို ပြီးမြောက်အောင်မြင်အောင် မလုပ်ဘဲ ဘေးကပါတီတွေ ကို ပုတ်ခတ်ပြောဆိုနေတာတွေဟာ လူကြီးလူကောင်းတွေရဲ့ လုပ်ရပ်မဖြစ်သင့်ပါဘူး။ ကိုယ့်နိုင်ငံကြီး တိုးတက်ကောင်းစားဖို့လုပ်သင့်တာလုပ်နေတာကို ဟိုလူကို ဝေဖန်လိုက် ဒီလူကို ပြောဆိုလိုက် မလုပ်ဘဲ နိုင်ငံကောင်းစားဖို့ လုပ်သင့်နေပါပြီ။ ကိုယ်မဲရဖို့ ဟိုလူမကောင်းကြောင်း၊ ဒီလူမကောင်းကြောင်း အင်တာနက်မှာတင်ပြီး ပုတ်ခတ်နေတာတွေက ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ကိုယ့်ပါတီမဲနိုင်နေရာရဖို့အတွက် ကိုယ့်ဖာသာကောင်းကောင်း လုပ်ဆောင်သင့်ပါတယ်။  အုပ်ချုပ်မဲ့သူတွေဟာ -
()     မိမိကိုယ်ကို မကြည့်ဘဲ ပြည်သူလူထုတွေအတွက်ကြည့်တဲ့သူဖြစ်ချင်ပါတယ်။
()     ကိုယ်ကျင့်တရားကောင်းမယ့်သူဖြစ်သင့်ပါတယ်။
() ကိုယ်ယုံကြည်တဲ့ ဘာသာတရားတစ်ခုကိုလည်း ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်တဲ့သူဖြစ် စေချင်ပါတယ်။
()     အောက်ကမြှောက်ပေးတိုင်း လုပ်တဲ့သူမဖြစ် စေချင်ပါဘူး။
()     မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပြီး တိုင်းတစ်ပါးသွေးမရောတဲ့ သွေးသန့်တဲ့လူမျိုးကို လိုချင်ပါတယ်။
()     ပြည်သူလူထုက ချစ်ခင်တင်မြှောက်ထားတဲ့သူဖြစ်ဖို့လည်း လိုပါတယ်။
()     ကိုယ့်နိုင်ငံကို ရောင်းစားကျွန်ပြုမယ့်သူ မဖြစ်သင့်ပါဘူး။
()     နာမည်ပျက်ရှိတဲ့သူကို နိုင်ငံမအုပ်ချုပ်စေချင်တာလည်း ပြည်သူတွေရဲ့ စိတ်ထားပါပဲ။
()     ပြည်သူကို ပါးစပ်ကချစ်ပြီး ရင်ထဲကအနှစ်သာရမရှိတဲ့ စကားတွေပြောနေသူလည်း မဖြစ်သင့်ပါ ဘူး။
(၁၀)    ကိုယ့်မြန်မာနိုင်ငံကြီး ကျွန်ပြုဖျက်ဆီးပြီး တိုင်းတစ်ပါးအလိုကျ ကပြ အသုံးတော်ခံမယ့် သူကို လုံးဝလက်မခံနိုင်ပါဘူး။
ဒီလောက်ဆိုရင် ကျွန်မတို့လို ဘာပါတီ၊ ဘာနိုင်ငံရေးမှ မလုပ်တဲ့သူတွေရဲ့ စိတ်ထားတွေကို သိလောက်ပြီလို့ထင်ပါတယ်။ တပ်မတော်ကို ထောက်ခံတဲ့သူ၊ ပါတီတွေကို ထောက်ခံတဲ့လူတွေရှိသလို ကျွန်မတို့ လို ကြားနေလူတွေအများကြီး ရှိတယ်ဆိုတာလည်း မချန်ထားနဲ့ပါအုံးလို့ ပြောချင်ပါတယ်။
ဘယ်သူ့ကိုမှ ပုတ်ခတ်ဝေဖန်မပြေဘဲ လက်တွေ့ကြကြဖြစ်နိုင်၊ လုပ်နိုင်တဲ့ ဒီမိုကရေစီကို လုပ်ကြဖို့ တိုက်တွန်းပါတယ်။ ကိုယ်လုပ်မဲ့အလုပ်ဟာ မှားလား မှန်လားဝေဖန်မဆုံးဖြတ်တတ်တဲ့သူတွေ အုပ်ချုပ်မယ်ဆိုရင် လုံးဝလက်မခံနိုင်ပါဘူး။ အုပ်ချုပ်ချင်တဲ့သူတွေကကော ဘယ်လောက်တော် ဘယ်လောက်တတ်သလဲဆိုတာ စဉ်းစားသင့်ပြီး မလုပ်သင့်က ဆက်မလုပ်ဖို့ ဆုံးဖြတ်ကြပါ။

Monday, 26 March 2012

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၂ )

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၁ ) မှ အဆက်

အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်၏ ရပ်တည်ချက်ကို လက်မခံခြင်း



`` တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ´´ ဆိုတဲ့ ဆောင်ပုဒ်ဟာ နိုင်ငံရေးနှင့် ပတ်သက် လာရင် တပ်မတော်ရဲ့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတစ်ခုဖြစ်ပါ တယ်။ မျက်မှန်စိမ်း အတပ်ခံ ထားရသူတွေ နားလည်အောင် ထပ်မံ ရှင်းပြရရင် တပ်မတော်က ထမ်းဆောင်နေတဲ့ အမျိုးသားရေး ဆိုတာ နိုင်ငံတော်အတွက် ထာဝရ မှန်ကန်နေမည့် မူဝါဒများဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး(၃)ပါးဖြစ်ပါတယ်။ အမျိုးသားရေး မူဝါဒအပေါ် အခြေခံပြီး နိုင်ငံတော် ရဲ့ အမျိုးသား ရည်မှန်းချက်ဖြစ်တဲ့..

- အေးချမ်းသာယာရေးနှင့် နယ်စပ်ဒေသမကျန် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး
- စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာရေး
- နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ၏ အကျိုး စီးပွားကို ဖော်ဆောင် ကာ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက် သည့် နိုင်ငံတော်သစ် တစ်ရပ် တည်ဆောက်ရေး တို့ကို တပ်မတော်က တာဝန် သိသိသစ္စာရှိရှိ အကာင်အထည်ဖော်လျက် ရှိပါတယ်။


နိုင်ငံတော်အတွက် ထာဝရ မှန်ကန်နေတဲ့ တို့တာဝန် အရေး(၃)ပါးကို တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည် အဖေ (ဗိုလ်ချုပ်အောင်ဆန်း) မရှိတော့တဲ့ အချိန်ကစပြီး တစိုက်စိုက်မတ်မတ် တာဝန်ယူခဲ့တယ် ဆိုတာ သိနားလည် စေချင်ပါတယ်။ မျက်မှောက်ခေတ်မှာ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာဟာ ဗိုလ်ချုပ် အောင်ဆန်းတို့ ခေတ်ကလို စစ်အင်အား အသုံးပြုပြီး တိုက်ခိုက် သိမ်းပိုက်ခံရမှ ဆုံးရှုံးတာ မဟုတ်ပါဘူး။ ခေတ်သစ် နယ်ချဲ့ ၀ါဒီတွေဟာ သူတို့ လိုလားတဲ့သူ၊ သူတို့ ကြိုးကိုင်လို့ ရတဲ့ သူကိုတင်ပြီး သြဇာခံနိုင်ငံ အဖြစ် သွပ်သွင်းလေ့ ရှိတယ်ဆိုတာ နိုင်ငံတကာဖြစ်စဉ်များ အရ လွယ်ကူစွာ ပဲလေ့လာနိုင်ပါတယ်။

အထူးသဖြင့် ကျွန်တော်တို့နိုင်ငံဟာ ပထ၀ီနိုင်ငံရေး(Geopolitics)အရ အချက် အချာကျပြီး ရုပ်ဝထ္ထု အင်အား နည်းတဲ့အတွက် ပိုပြီး သတိပြုရမှာဖြစ်ပါတယ်။ မျိုးချစ်စိတ်ဓါတ် အခြေခံမကောင်းရင် ဇာတိဂုဏ်၊ အမျိုးဂုဏ် ထိန်းသိမ်းမှု အားနည်းရင် အလွယ် တကူပဲ အချုပ်အခြာ အာဏာ ဆုံးရှုံးသွားနိုင်ပါတယ်။ နိုင်ငံရေး အရ ပါလီမာန် ဒီမိုကရေစီခေတ်၊ တစ်ပါတီ မဆလခေတ်၊ စစ်အစိုးရခေတ် ဘယ်ခေတ်မှာ ဘယ်သူဘဲ အုပ်ချုပ်အုပ်ချုပ် လွတ်လပ်ရေးနှင့် အတူဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှု ကို ရင်ဆိုင်ခဲ့ပြီး ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ မဆုံးရှုံးရေးအတွက် အသက်သွေးချွေး ပေးဆပ်စွန့်လွှတ်နိုင်သူ များဟာ တပ်မတော် သားများ ဖြစ်တယ် ဆိုတာ လက်ခံ ကြရမှာဖြစ်ပါတယ်။ တပ်မတော်သားဖြစ်လို့ တပ်မတော်ရဲ့ အရေးပါမှုကို ပုံကြီးချဲ့တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်း စုကြည် သိပြီးသားဖြစ်ပေမဲ့ မသိသေးသူတွေသိအောင် အကျဉ်းချုပ် ထောက်ပြရရင်-

- ၁၉၄၈ - ၁၉၄၉ ခုနှစ်များမှာ တိုင်းပြည်ကနုနု မုန်တိုင်းကထန်နေတဲ့ ပြည်တွင်း သောင်းကျန်းမှု များ နိုင်ငံ အနှံအပြား ထကြွနေတဲ့ အချိန်ကာလ။
- ၁၉၅၈ - ၁၉၅၉ အာဏာရ ဖဆပလ အဖွဲ့ချုပ်အတွင်း အစိတ်အစိတ် အမြွှာမြွှာကွဲကြပြီး အာဏာလု၊ လက်နက်စုကြဖြင့် တိုင်းပြည် ပြိုကွဲတော့မယ့် အန္တရာယ်ကာလ။
- ၁၉၆၂ ခုနှစ်က ရှမ်းပြည်နယ် ဖက်ဒရယ်မူ လှုပ်ရှားမှုအဖြစ် ပြည်ထောင်စုမှ ခွဲထွက်ပြီး ပြည်ထောင်စုကြီး ပြိုကွဲလု ဆဲဆဲ အချိန်။
- ၁၉၈၈ ခုနှစ် တိုင်းဆူပြည်ဖျက် ဆူပူမှုဖြင့် မင်းမဲ့စရိုက် ကြီးစိုးပြီး ပြည်ပ အင်အားကြီး နိုင်ငံတစ်ခုမှ ရေတပ် စစ်သင်္ဘော(၅)စင်း မြန်မာ ရေပိုင်နက် အတွင်း ကျူးကျော် ရောက်ရှိလာတဲ့ အထိ အချုပ်အခြာ အာဏာ လက်လွတ် ဆုံးရှုံးလု ဆဲဆဲကာလ။

Sunday, 25 March 2012

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် အပိုင်း(၁)


 From : တပ်မတော်သားတစ်ဦး

ခေါင်းစဉ်ကိုက ရှင်းရှင်းလေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ပြုမူလှုပ်ရှားပြောဆို လုပ်ကိုင်မှုတွေ အပေါ်  တပ်မတော်သားတစ်ဦးရဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အမြင်တွေကို ထုတ်ဖော် သွားမှာ ဖြစ်ပါတယ်။
  
တပ်မတော်သားတစ်ဦးဆိုတဲ့အတွက် တပ်မတော်ရဲ့ သဘောထားလို့ တထစ်ချပြောလို့မရပေမဲ့ တပ်မတော် သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှ ဒီလိုအမြင်၊ ဒီလိုသဘောထားတွေရှိနေတယ်ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။

 
လတ်တလောကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေး ကောက်ပွဲအတွက် နယ်လှည့်ခရီးစဉ် ဟောပြောချက်တွေ၊ ရုပ်မြင်သံကြား ကတစ်ဆင့် ပါတီမူဝါဒဆိုင်ရာထုတ်လွှင့်လျက်တွေအရ ဒေါ်အောင်ဆန်း စုကြည် ရဲ့ တပ်မတော်အပေါ်ထားရှိတဲ့ စိတ်ရင်းအမှန်ကို မြင်တွေ့နေရသလို၊ စကား ထဲကဇာတိပြလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မညီတဲ့စကားလုံး များကိုလည်း စိတ်မကောင်းစွာ ကြားသိနေရပါတယ်။

Saturday, 18 February 2012

ငြိမ်းချမ်းရေးအားရှောင်လွှဲကာ လက်နက်ကိုင်အာဏာယစ်မူးနေကြသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ( KIA ) ခေါင်းဆောင်ကြီးများ (ပေးစာ-၉)


ကေအိုင်အေအဖွဲ့၏ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၅)နှင့် ဘွန်ဆင်(န်) BumSen စခန်းမှ စတင်ကာ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာအစိုးရတပ်များနှင့် KIA အဖွဲ့များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက်   (၁၆-၆-၂၀၁၁) ရက်နေ့တွင် လိုင်ဇာမြို့၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများအား တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ စာဖြင့်အပြန်အလှန်ဆက်သွယ်ပေးပို့ ခြင်း (၂၁) ကြိမ်ကျော် ပြုလုပ်ခဲ့ကြရာ နိုင်ငံတော်အစိုးရအနေဖြင့် KIOအဖွဲ့(ညှိနှိုင်းရေးအဖွဲ့)၏ တောင်းဆိုချက် များအား အတတ်နိုင်ဆုံးလိုက်လျောပေးခဲ့သော်လည်း KIO အဖွဲ့အနေဖြင့် ပြင်ဆင်ချက်များ ထပ်မံပြုလုပ်ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ထပ်မံဖြည့်စွက်ပြောင်းလဲ အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွှဲ လာခဲ့ကြပါသည်။
ယခုအချိန်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ကောင်းစားရေးအား အစိုးရနှင့်လက်တွဲပြုလုပ်ရန် အကောင်း ဆုံးအချိန်ပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုများပြုလုပ်ကာ ဆွေးနွေးပွဲများဖြင့် အနှစ်(၆၀)ကျော် လက်နက်ကိုင်တော်လှန်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ပြီးခဲ့သော ဇန်န၀ါရီလ(၁၂)ရက်နေ့တွင်၎င်း ၊ ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA(s)) အဖွဲ့တို့နှင့် သဘောတူလက်မှတ်ရေးထိုးကာ ဇန်န၀ါရီလ(၆)ရက်နေ့ တွင် (CNF) ချင်းအမျိုးသားတပ်ဦးနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။
 (ALP) ရခိုင်လွတ်မြောက်ရေးပါတီအား ဇန်န၀ါရီလ ၊ (၂၃)ရက်နေ့တွင် အစိုးရဘက်မှ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး ရခိုင်လွတ်မြောက်ရေးပါတီဘက်မှလည်း ကြိုဆိုကြောင်းနှင့် မကြာခင်ငြိမ်းချမ်းရေး အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ PNLO(ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်)သည်လည်း အစိုးရနှင့်ဆွေးနွေးရန် အဖွဲ့ဝင်(၅)ဦးပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ အတိအလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် ဖေဖော်ဝါရီလထဲတွင် ဆွေးနွေးနိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံသဘောတူညီမှုများကို လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ ပါသည်။
ကျန်အဖွဲ့(၅)ဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုးမှုများ ပြုလုပ်နေချိန်တွင် ကျွန်တော်တို့ ကချင်ဒေသခံပြည်သူများအတွက် ကချင်ပြည်နယ်အားကိုယ်စားပြုကာ တိုက်ပွဲ ၀င်နေသည်ဟု ကြွေးကြော်နေသော KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရပ်စဲဆုတ်ယုတ်နေသည်များအား မသိကျိုးကျွံပြုကာ ငြိမ်းချမ်းရေး   ဆွေးနွေးမှုများအား ရှောင်လွဲမှုအကြိမ်ကြိမ် ပြုလုပ်နေခဲ့ပါသည်။ ယခုနောက်ဆုံးအကြိမ် လိုင်ဇာမြို့၌ ဇန်န၀ါရီ (၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို အဆုံးအဖြတ် ပေးနိုင်သော KIA ခေါင်းဆောင်ကြီးများမပါဝင်ဘဲ မြန်မာစစ်တပ်များ၏ ထိုးစစ်ဆင်မှုများအား ခေတ္တရပ်တန့်စေလိုသော ရည်ရွယ်ချက်ဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဟန်ပြလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
လိုင်ဇာမြို့၌ ဇန်န၀ါရီ(၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်

ပြည်သူ့ထံသို့ပေးပို့သော သ၀ဏ်လွှာ ကြောငြာချက်အမှတ်(၁/၂၀၁၂) (ပေးစာ-၈)


ပြည်သူလူထုအပေါင်းတို့ခင်ဗျား-
          ယနေ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် အတိုက်အခံအင်အားစုတို့၏ စိန်ခေါ်မှုများကို ကျွန်တော်တို့မှ အောက်ပါအတိုင်း ရှုမြင်ပါသည်။
          ဒီမိုကရေစီအသွင်ကူးပြောင်းရေး တပ်မတော်အစိုးရမှသည် ဒီမိုကရေစီကူးပြောင်းရေးသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အခြေခံဥပေဒေပေါ်ပေါက်ရေး အမျိုးသားညီလာခံတစ်ရပ် ခေါ်ယူကျင်းပကာ လမ်းပြမြေပုံ(၇)ရပ် အကောင်အထည်ဖော်၍ (၂၀၁၀)ရွေးကောက်ပွဲခေါ်ယူကျင်းပပြီးသည့်နောက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကို အရှိန်အဟုန်မြှင့်ကာ နှစ်ပေါင်း(၆၀)ကျော် သမိုင်းတစ်ခေတ်ကို ကူးပြောင်းစေခဲ့ပါသည်။ သို့သော် အသွင်ကူးပြောင်းရေးမူအရ အတိုက်အခံအင်အားစုအဖြစ် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် (၂၀၁၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီထူထောင်ခွင့်လျှောက် ထား၍ လစ်လပ်သော (၄၈)နေရာတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီစည်းရုံးရေးများ၊ မဲဆွယ်ရေးများတို့ကို လမ်းပေါ်ထွက် နိုင်ငံရေးအသွင်သဏ္ဍာန်ဖြင့် စိန်ခေါ်ပွဲစတင်နေကြောင်း တွေ့ရှိရပါသည်။ အသွင်ကူးပြောင်း ရေးသည် ပြည်သူ့လွှတ်တော်၌ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင် (၃)ရပ်အပေါ် NLD ၏ လွှတ်တော်အတွင်းဝင်ရောက်ရေးတွင် စိန်ခေါ်မှုများဖြစ်ပေါ်လာနိုင်မည်ဟု သုံးသပ်ရပါသည်။
၁။       ရင်ကြားစေ့ရေးလမ်းစဉ်
        NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့တွေ့ဆုံခြင်းသည် ပြည်သူများ၏ရင်တွင်း၌ မဖြစ်နိုင်သော အသွင်တစ်ခုအား ဖြစ်ပေါ်လာခဲ့သဖြင့် အထူးအံ့သြတုန်လှုပ်ခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေး ရေးအသွင်တစ်ရပ်အား ဦးသိန်းစိန် အစိုးရလက်ထက် NLD ၏ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးခဲ့ သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ နိုင်ငံတကာမှ ပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းသွားစေရန် သမ္မတကြီးနှင့် လွှတ်တော်နှစ်ရပ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော်လည်း နိုင်ငံကြီးတစ်ချို့မှ စောင့်ကြည့်နေဆဲကာလဖြစ်သဖြင့် နိုင်ငံတော်အစိုးရသစ်နှင့် NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်တို့ အားပြိုင်မှုကို ပါတီစည်းရုံးရေးခရီးစဉ်၌ စတင်အားပြိုင်မှု ပေါ်ပေါက်လာခဲ့သည့် အတွက် ရင်ကြားစေ့ရေး အဖြေလမ်းကြောင်းစောင့်ကြည့်ရပေမည်။ ပြည်သူလူထုအပေါင်းတို့ ခင်ဗျား-
၂။       NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေး
          (၂၀၁၂)ခုနှစ်တွင် NLD ပါတီအနေဖြင့် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်၍ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခြင်းသည် ပြည်သူတို့အတွက် အထူးအံ့သြရပါသည်။ NLD ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ စိန်ခေါ်မှုအရ (၂၀၁၀)ရွေးကောက်ပွဲအား ဘွိုင်းကောက်လုပ်၍ NO ဟု ကြွေးကြော်ခဲ့ပါသည်။ (၂၀၀၈)အခြေခံဥပဒေအားကန့်ကွက်ခြင်း၊ မဲမပေးရေး၊ မဲရုံသို့မသွားရေး စည်းရုံး လှုံ့ဆော်ခဲ့ပါသည်။ NLD ဗဟိုအလုပ်အမှုဆောင်များ CRPP မှလည်း လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်များမှာလည်း ရွေးကောက်ပွဲအား ဆန့်ကျင်ခဲ့ကြပါသည်။
၃။       လွှတ်တော်ပြင်ပနှင့် လွှတ်တော်တွင်းအခြေအနေ
          NLD ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ (၄၈)နေရာအားလုံး ပါဝင်ယှဉ်ပြိုင်မည်ဟု ကြွေးကြော်ခဲ့ပြီးနောက် NLD ဗဟိုအဖွဲ့မှ  ကိုယ်စားလှယ်အမည်စာရင်း အပြည့်အ၀ မတင်ထားခဲ့ပါ။ ၎င်း အပြည့်အ၀မတင်ထားခဲ့ခြင်းသည် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်မြောက်လာမည့်နေ့အား စောင့်ဆိုင်း၍ ချန်လှပ်ထားခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံတော်သမ္မတကြီးမှ လွတ်ငြိမ်း ချမ်းသာခွင့်ပြုပြီးနောက် ထပ်မံတိုးချဲ့၍ အသက်(၄၈)အောက်လူငယ်များ၊ ပညာရှင်များ အစားထိုးရွေးချယ် ကြေငြာခဲ့ပြန်ပါသည်။ (၈၈)မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့်အဖွဲ့တို့သည် ၎င်းရွေးကောက်ပွဲအား မလိုလားကြပါ။ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကြောင့် မပြောသာလက်ခံခဲ့ကြသော်လည်း ပါဝင်ယှဉ်ပြိုင် ခြင်းမရှိကြပါ။ သို့သော် လွှတ်တော်ပြင်ပ နိုင်ငံရေးဗျူဟာအရ အတိုက်အခံအင်အားစုတစ်ရပ်အဖြစ် ရပ်တည်၍ လွှတ်တော်အတွင်း ၀င်ရောက်သွားသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော်သပိတ် (ပါလီမန်သပိတ်) ဆင်နွဲရန် ပြင်ဆင်ကူးပြောင်း ရပ်တည်ခြင်းဟု သုံးသပ်ရပါသည်။

Wednesday, 15 February 2012

ဖောက်ခွဲဖျက်ဆီးရေးသမားများအတွက် (ပေးစာ-၇)


   တောင်းဆိုးပလုံးဆိုးကိုသာစွန့်ပစ်ရိုးထုံးစံရှိတယ်၊ သားဆိုးသမီးဆိုးကို ဘယ်မိဘမှ စွန့်ပစ်ရိုးထုံးစံမရှိဘူးတဲ့။ ဒီလို ပါဘဲ နိုင်ငံတော်သမ္မတကြီးကလည်း အကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာနိုင်ငံတော်ကနေ ထွက်ခွာသွားတဲ့ သွေးချင်း တွေကို လက်ကမ်းလို့ကြိုနေပါတယ်။ ပြည်တော်ပြန်အဖွဲ့တွေလည်း ၀မ်းသာလို့၊ ပျော်ရွှင်လို့နဲ့ အပြုံးမျက်နှာတွေနဲ့ တွေ့လိုက်ရတော့ ဘယ်လောက်များပီတိဖြစ်ဖို့ ကောင်းလိုက်သလဲဗျာ။
          ပြည်တော်ပြန်အဖွဲ့တွေကလည်း နိုင်ငံတော်တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲတဲ့နေရာမှာ တက်နိုင်တဲ့ဘက်ကနေ အင်ဖြည့် အားဖြည့်နဲ့ တစ်တပ်တစ်အား ဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်သမ္မတကြီးနဲ့ တာဝန်ရှိသူအဆင့်ဆင့် ကိုရော၊ ပြည်တော်ပြန်တွေအားလုံးကိုရော လေးစားချစ်ခင်စိတ်က အထွတ်အထိပ်ထိ ရောက်ရှိခဲ့ပါတယ်။
          ဒါပေယ့်ပေါ့ဗျာ… အင်တာနက်မှာ ABSDF အဖွဲ့ဝင် အောင်သူငြိမ်း၊ အောင်နိုင်ဦးနဲ့ မင်းဇော်ဦးတို့ ပြည်ပြန်ဝင်မယ် ဆိုတော့ ကျွန်တော်လည်း နည်းနည်းတွေဝေသွားတယ်ခင်ဗျာ။
          ဘာလို့လဲဆိုတော့ သူတို့ရဲ့လုပ်ရပ်က အပြုသဘောနဲ့ ဘုတောရုံလောက်ဆိုဘာမှ မဖြစ်ပါဘူး။ ဘုတောာ မဟုတ်ဘဲ အတည်သဘောနဲ့ လက်နက်ကိုင်တောခိုခဲ့တာဗျ။ ဒါတင်ပဲလားဆိုတော့ ဘယ်ကလာဟုတ်ရမှာလဲ။ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့တယ်၊ လုပ်ဆောင်နေတယ်ဗျာ။ ဖော်ရွေပျူငှာပြီး သဘောထားဖြူစင်မှုရှိတဲ့ မြန်မာလူမျိုး တွေရဲ့ စိတ်ဓါတ်နဲ့ကတော့ ဘယ်လိုမှ စဉ်းစားလို့မရတဲ့ လုပ်ဆောင်မှုလို့ပဲ ပြောချင်တယ်။
          ဟိုယခင်ကတော့ ဖောက်ခွဲဖျက်ဆီးရေးလုပ်လို့ ပြည်သူတွေ သေကြဒဏ်ရာရတယ်။ မျက်ရည်ပေါက်ကြီးငယ် ကျကြ ရတယ်ဆိုတာ တစ်ခြားတိုင်းပြည်နိုင်ငံတွေမှာပါ။ ကျုပ်တို့ မြန်မာနိုင်ငံမှာ မရှိပါဘူး။ ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာလိမ့်မယ်လို့ လည်း နည်းနည်းလေးမှ မတွေးမိပါဘူး။ အခုတော့ဗျာ အပြစ်မဲ့ပြည်သူတွေ သေကြဒဏ်ရာရတာ လက်တွေ့ခံစားနေကြရပြီ။ ရင်နာစရာဘယ်လောက်ကောင်းလိုက်လဲ။
          ဒါကြောင့် မောင်နာကျင်တစ်ယောက် နာကျင်မယ်ဆိုလည်း နာကျင်နိုင်စရာတွေချည်းပဲကိုး…။ မောင်နာကျင်  ရေးထားမှ ကျုပ်သိရတာတစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ မြန်မာ့ရိုးရာသင်္ကြန်မှာ လူမဆန်စွာ ဖောက်ခွဲဖျက်ဆီးရေးလုပ် ခဲ့တာ ABSDF ရဲက စနက်မကင်းဘူးဆိုတာပါဘဲ။ ဒါလည်း နာကျင်စရာတစ်ခုပေါ့ဗျာ။
          သင်္ကြန်ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်သလို ကောင်းမှုကုသိုလ်တွေပြုကြ၊ အလှူဒါန တွေလုပ်ကြနဲ့ စိတ်ချမ်းမြေ့စရာတွေအပြည့်နဲ့ပွဲပါ။ အခုတော့ဗျာ မဏ္ဍပ်တိုင်းမှာ ဖောက်ခွဲဖျက်ဆီးမှုတွေ ထပ်မံဖြစ်ပေါ်စေဖို့ လုံခြုံရေးတွေလည်းလုပ်ရ၊ စစ်ရ၊ ဆေးရနဲ့ လုပ်နေရပြီ။ သွားလာတဲ့သူတွေကလည်း လူစည်ကားရင် မသွားရဲ၊ မလာရဲနဲ့ ဘယ်လိုလုပ် အပြည့်အ၀ ပျော်ရွှင်လွတ်လပ်တော့မလဲဗျာ။ အဲ့ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ?
        ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဗုဒဘာသာကို အထွဋ်အမြတ်ထားတဲ့နိုင်ငံ၊ ရွှေရောင်ဘုရားတွေ တ၀င်းဝင်းနဲ့ ကမ္ဘာ မှာ မြန်မာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဆိုတာ အားလုံးသိကြတယ်။ အခုလည်းကြည့်လေ တရုတ်ကပင့်ဆောင်လာတဲ့ ဗုဒစွယ်တော် မြန်မာနိုင်ငံကို ကြွလာတော့ ယခင်ကလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး အများပြည်သူ ထိခိုက်သေကြေဒဏ်ရာရမှု မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတွေ တိုးချဲ့ပြီးလုပ်ရ၊ စစ်ရ၊ ဆေးရနဲ့ ကုသိုလ်တောင် အပြည့်အ၀ မယူနိုင်ဘူး ဖြစ်နေ ပြန်တယ်။ ဒါတွေကလည်း ဘယ်သူ့ကြောင့်လဲ?
        ရှင်းရှင်းလေးပါအဲဗျာ။ ဖောက်ခွဲဖျက်ဆီးရေးသမားတွေကြောင့် မသွားရဲ၊ မလာရဲ၊ မလုပ်ရဲမကိုင်ရဲနဲ့ ဖြစ်နေတော့ လွတ်လပ်မှုဆိုတာ ဘယ်လိုလုပ်ရှိတော့မှာလဲ?
          ဒါတောင်သူတို့က အသံကောင်းဟစ်ပြီး ဒီမိုကရေစီအတွက် လုပ်နေတာတဲ့!
          စဉ်းစဉ်းစားစားလည်း ပြောကြပါဗျာ။ ကျုပ်တို့ပြည်သူတွေက အဲဒီလောက်အထိမညံ့ပါဘူး။ စဉ်းစားဆုံးဖြတ် သုံးသပ်နိုင်မှု/ဦးနှောက်မရှိဘူးလို့ မင်းတို့က ထင်နေတာလား။ ဒါကြောင့်လည်း မောင်နာကျင်က နာနာကျင်ကျင်နဲ့ ခံစားချက် ကို ဖွင့်ဟလိုက်တာပေါ့။ ကျုပ်မောင်ရင်နာကလည်း ရင်နာနာနဲ့ဘဲ ခံစားချက်ကို ရင်ထဲမှာသိမ်းမထားဘဲ မောင်နာကျင် ကို ထောက်ခံပါတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်လိုက်တာပါ။
          ABSDF အဖွဲ့ဝင်တွေအပြင် ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်နေတဲ့/အားပေးနေတဲ့သူတွေကို ကျုပ်မေးကြည့်ချင် တာလေးတွေရှိတယ်။ ဘာလဲဆိုတော့ -
-       မင်းတို့တိုင်းပြည်ကို ဘာကြောင့်ပြန်လာချင်ရတာလဲ? (ပြည်ပကနေ ဖောက်ခွဲဖျက်ဆီးရေးတွေ လုပ်ပြီး တိုက်ခိုက်နေတာ ထိခိုက်၊ သေကြေ၊ ဒဏ်ရာရတဲ့ ပြည်သူလူထုအရေအတွက် နည်းနေသေးလို့လား)
-       ဘာလိုချင်လို့လဲ/ဘာတောင်းဆိုချင်လို့လဲ?
-       အဖျက်လုပ်ငန်းတွေနဲ့ ပြည်သူတွေ သေကြေ ဒဏ်ရာရအောင်လုပ်ပြီးမှ အခုမှဘာလို့ ပြန်ဝင်ချင်ရတာလဲ?
-       တိုင်းပြည်ကို တစ်ကယ်ရောချစ်ရဲ့လား?
ဘယ်လိုလဲ… ပြည်ပြန်ဝင်ချင်တဲ့အဖျက်သမားတွေ ! ပြည်သူတွေကိုယ်စားကျုပ်မေးထားတဲ့ မေးခွန်း ၄ ခုကို အရင် ဖြေကြည့်ပါအုံး။ မင်းတို့ဘယ်လိုဘဲဖြေဖြေ နိုင်ငံတော် သမ္မတကြီးက မိဘသဖွယ် စိတ်ရင်းစေတနာအပြည့်နဲ့ ပြည်ပြန်ဝင် ခွင့်ပြုမှာပါ။ ဒါပေမဲ့ ကျုပ်တို့ မောင်နှမသားချင်းတွေဖြစ်တဲ့ ပြည်သူလူထုကတော့…………….။ မင်းတို့ ဒီလောက်ဆို သဘော ပေါက်ပေါ့ကွာ။
အေး… နောက်ဆုံးစကားတစ်ခွန်းတော့ ပြောချင်တယ်။ သားဆိုးသမီးဆိုးကို ဘယ်မိဘကမှ မစွန့်လွှတ်ပေမယ့် ဘယ် ညီအစ်ကိုမောင်နှမတွေကမှ ခွင့်လွှတ်ပြီး လက်ခံထားမှာ မဟုတ်ဘူးဆိုတာဘဲ။

မောင်ရင်နာ