မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကြောင်း စစ်ဆေးကြည့်ရှုနေတဲ့ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ် ရေးဝန်ကြီးကို ကေအိုင်အေအဖွဲ့က ခေတ္တထိန်းသိမ်းပြီး အနီးကပ် လုံခြုံရေး လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မနေ့က ဖားကန့်မြို့နယ် ဟွေလုံကျေးရွာအနီးမှာ ကေအိုင်အေတပ်ဖွဲ့ဝင် ၂၅ ဦးလောက်က ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့ အဖွဲ့ကို လမ်းပိတ်ဆို့ တားဆီး စစ်ဆေးခဲ့ပြီး သူရဲ့  လုံခြုံရေးအတွက် လိုက်ပါသွားတဲ့ ဒုရဲအုပ်အပါအ၀င် ရဲ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  ပြန်ကြားရေး ၀န်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့ဝင် ၃ ဦး အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် မြစ်ကြီးနားမြိုက ပဋိပက္ခ ဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့နဲ့ ကေအိုင်အေနည်းပညာဆိုင်ရာအကြံပေးအဖွဲတို့ကို ဆက်သွယ်ထားပြီး ကေအိုင်အေအဖွဲ့ ကို နယ်မြေခံ တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်း နေတယ်ဆိုတဲ့ အကြောင်းလည်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment