‘‘ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံ့
မှုနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနရဲ့ စီိမံကိန်းတွေအားလုံးမှာ
ငွေကြေးသုံးစွဲမှုတွေကို သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ
ဆောင်ရွက်နိုင်ဖို့အတွက် အခုလို ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကျွမ်းကျင်သူ
တစ်ဦးကို စောင့်ကြည်လေ့လာမှုပြုလုပ်နိုင်ဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှု
လက်ရှိတွင်
ပြည်တွင်းမှ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ကျွမ်းကျင်သူတစ်ဦးကို အကြံပေးအနေဖြင့်
လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ထားပြီး စိတ်ဝင်စားသူများ ဒီဇင်ဘာ ၎
ရက်နောက်ဆုံးထား၍ လျှောက်ထားရန်လိုကြောင်း ဆက်သွယ်ရေးဝန်ကြီး ဌာန၏
ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
လက်ရှိတွင်
ဆက်သွယ်ရေး ကော်မရှင်ဥပဒေကို ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် သြစတြေးလျနိုင်ငံ
အခြေစိုက်နည်းပညာအကြံပေး အဖွဲ့အစည်းတစ်ခုဖြစ်သော Incyde အဖွဲ့အား
ငှားရမ်းကာ ရေးဆွဲလျက်ရှိပြီး မကြာမီကာလအတွင်း ဥပဒေမူကြမ်းကို
ထုတ်ပြန်နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်
ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများမှာ E-Government
Master Plan နှင့် Web Portal တည်ဆောက်ခြင်း၊ တယ်လီကွန်း Master
Planရေးဆွဲခြင်း၊ ဆက်သွယ်ရေးကော်မရှင် ဥပဒေရေးဆွဲခြင်း၊ စာတိုက်ဥပဒေအား
ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းစသည့် လုပ်ငန်းများကို
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
7Day Daily
No comments:
Post a Comment