Thursday 28 May 2015

၈၈မျိုးဆက်(ငြိမ်း/ပွင့်)ပါတီ မတည်ထောင်ဟုဆို၊ တစ်ဦးချင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက NLD ပါတီနှင့် ညှိနှိုင်းဆောင်ရွက်မည့် အနေအထားရှိကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်များပြောကြား

၈၈မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် နိုင်ငံရေးပါတီအဖြစ်တည် ထောင်ကာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ဘဲ တစ်ဦးချင်း အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆို ပါက NLD နှင့် ညှိနှိုင်းဆောင်ရွက် သွားမည့်အနေအထားရှိကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်များက ထုတ်ဖော် ပြောကြားလိုက်သည်။

မေ၂ရရက်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင်ကျင်းပသော နိုင်ငံရေးပူးတွဲကြေ ညာစာတမ်း သတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက် (ငြိမ်း/ပွင့်)အနေ ဖြင့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် အစီအစဉ်ရှိပါသလားဟု ပြည်တွင်းမီဒီယာများ၏မေးမြန်းမှုကို ပြန် လည်ဖြေကြားခဲ့ကြ ခြင်းဖြစ်သည်။

၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ''ကျွန်တော်တို့က ၈၈အဖွဲ့အစည်း အနေနဲ့ ပါတီတစ်ခုထောင် ပြီးတော့ ရွေး ကောက်ပွဲဝင်ဖို့လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့တစ်ချက်တော့ ကျွန်တော်တို့ စဉ်းစားတယ်။ ကျွန်တော်တို့ ဘယ်လိုပဲ ဆုံးဖြတ်ချက်ချထား တိုင်းပြည်မှာ အင်အားတွေ ဆုံးရှုံးသွားတာမျိုး လူတွေ ရဲ့စိတ်မှာ အင်အားတွေဆုံးရှုံးသွား တာမျိုးမဖြစ်အောင် အင်အားကအ ပေါင်းလက္ခဏာ ဆောင်တယ်ဆိုတာ မျိုးရှိနေရမယ်ဆိုတာမျိုး စဉ်းစားတယ်။ လွှတ်တော်ထဲကိုဝင်ရမှ ကျွန်တော် တို့နဲ့ ခေတ်ပြိုင်တွေက လွှတ်တော် ထဲမှာရှိသင့်တယ်။ ထပ်ပြီးတော့အား ဖြည့်တယ်လို့ ဆုံးဖြတ် တဲ့ အခါဆိုရင် အဲဒီထဲကိုဝင်ပြီးတော့ အလုပ်လုပ် မယ့်သူတွေကို ကျွန်တော်တို့ကအားပေးရ လိမ့်မယ်။ အဲဒီတော့ သူတို့ဝင် ရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မဟာ မိတ်များ၊ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ထိပ်တိုက်တွေ့ရမယ့် အနေအထားမျိုးမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းပြီးတော့သွားရမယ့် အနေအထားမျိုးဖြစ်အောင် သွားကြမှာပါ''ဟု ပြောသည်။

NLD နှင့် ၈၈ မျိုးဆက် (ငြိမ်း/ ပွင့်)သည် ယနေ့တွင် ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတို့နှင့် ပတ်သက်သည့် သဘောထားများ၊ ယင်းကိစ္စရပ် များအတွက် ချမှတ်ထားသောရှေ့လုပ်ငန်း စဉ်များပါဝင်သည့် နိုင်ငံရေးပူးတွဲ ကြေညာစာတမ်းကို ထုတ်ပြန် ခဲ့ပြီး ယင်းနှင့်ပတ်သက်၍လည်း သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ဦးကိုကို ကြီးက ''ကျွန်တော်ကတော့ ပွင့်ပွင့် လင်းလင်းပြောပြီးပါပြီ။ လွှတ်တော် နိုင်ငံရေးလုပ်မယ်လို့။ သို့သော်ရွေး ကောက်ပွဲ ဘယ်အချိန်မှာဝင်မယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ ဝင်မယ် ဆိုတာက ကျွန်တော်မပြောနိုင်သေးပါ ဘူး။ အခုလဲရွေးကောက် ပွဲနဲ့ပတ်သက် တဲ့အခင်းအကျင်း တစ်ခုလုံး ကို ကျွန် တော်တို့ ဆွေးနွေး ကြတာရှိတယ်။ ဒါပေမဲ့ အသေးစိတ်ဖြစ်တဲ့ ၈၈ခေါင်း ဆောင်တွေထဲက ဘယ်သူရွေးကောက် ပွဲဝင်မယ်။ NLD နဲ့ ဘယ်လိုနားလည် မှုယူမယ်ဆိုတာ ကျွန်တော်တို့အသေးစိတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကိုလဲ ကျွန်တော်တို့ဆုံးဖြတ်ပြီးတဲ့ အခါကျမှအသိပေးပါမယ်''ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

SYMZ
‎Democracytoday‬

No comments:

Post a Comment