Tuesday 26 May 2015

နေတိုးနှင့် နောဒစ်နိုင်ငံများ အာတိတ်သမုဒ္ဒရာအောက်ပိုင်းတွင် စစ်ရေးလေ့ကျင့်

နောဒစ်နိုင်ငံများ၏ လေတပ်များသည် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်ကို အတုယူလျက် အာတိတ်သမုဒ္ဒရာအောက် ဖက်တွင် မေ ၂၅ က စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း ဆွီဒင်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများတွင် နိုင်ငံပေါင်းကိုးနိုင်ငံမှ တိုက်လေယာဉ် ၁၁၅စီး၊တပ်ဖွဲ့ဝင် ၃,၆၀၀ ပါဝင်ပြီး ဘက်မလိုက် ဆွီဒင်၊ ဖင်လန်နှင့် ၄င်းတို့၏ နေတိုး အိမ်နီး ချင်း နော်ဝေတို့ကြား နောဒစ်စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအရ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေခြင်းဖြစ်သည်။

နောဒစ်နိုင်ငံများနှင့် ပေါင်းစည်းမှုတွင် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ပြင်သစ်နှင့် နယ်သာလန်တို့အပြင် နေတိုးအဖွဲ့ဝင် မဟုတ်သောနိုင်ငံများ၊ ကြားနေဆွစ်ဇာလန် တို့မှ တပ်ဖွဲ့ဝင်များနှင့် လေယာဉ်များပါဝင်ခဲ့ကြပြီး ဆွီဒင်၊နော်ဝေနှင့် ဖင်လန်တို့၏ မြောက်ဖက်စွန်းရှိ အခြေစိုက်စခန်းများကို အသုံးပြုကြသည်။

"အနာဂတ်စိန်ခေါ်မှုတွေနဲ့ မစ်ရှင်တွေအတွက် ဆွီဒင်နဲ့ ဥရောပရဲ့ လေတပ်တွေကို ကြိုတင်ပြင်ဆင်တဲ့ လေ့ကျင့်မှုတွေဖြစ်မယ်လို့ မျှော်လင့်နေပါတယ်"ဟု ဆွီဒင်၏ မြောက်ပိုင်းလေတပ်လေယာဉ်အုပ် အကြီးအကဲ ဗိုလ်မှူးကြီး ကားလ်ဂျိုဟန်အက်ဒ်စထရိုအဲမ်က ပြောသည်။ အာတိတ်စိန်ခေါ်မှုလေ့ကျင့်ခန်း (ACE) ၏အစ ကျေညာချက်တစ်ခုတွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ရဲ့လုံခြုံရေးကို တခြားသူတွေနဲ့ အတူဖွဲ့စည်းပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ လေ့ကျင့်ဖို့လိုပါတယ်"ဟု ၄င်းကထပ်မံပြောကြားခဲ့သည်။

၂၀၁၃ခုနှစ်က အလားတူလေ့ကျင့်မှုမျိုးပြုလုပ်ခဲ့သော်လည်း ယခုလောက်မကြီးမားခဲ့ပေ။ ၄င်းတို့၏ နယ်စပ်များအနီး ရုရှား၏ လေတပ်လှုပ်ရှား မှုများမြင့်မား လာ သည်ဟု နောဒစ်နိုင်ငံများက အစီအရင်ခံစဉ် ဒေသတွင်းတင်းမာမှုများမြင့်တက်ချိန် ယခုစစ်ရေးလေ့ကျင့်မှုပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုများကို ဇွန် ၄ အထိပြုလုပ်မည်ဖြစ်ကာ ဇွန် ၅ တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ တပ်ဖွဲ့ဝင် ၄,၅၀၀ ပါဝင်မည့် နေတိုး၏ နှစ်ပတ်လည် Baltic Operation စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment