Saturday, 25 April 2015
အကျပ်အတည်းနိုင်ငံရေးနှင့် ညွန့်ပေါင်းအစိုးရ
လက်ငင်း မြန်မာ့အခြေအ နေကို နိုင်ငံရေး အကျပ်အတည်း ကာလဟု သတ်မှတ်မည်ဆိုလျှင် ညွန့် ပေါင်းအစိုးရသည် သော့ချက်ကျ သော စဉ်းစားမှုတစ်ခု ဖြစ်နိုင် သည်။ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ ယုံကြည်မှု တည် ဆောက်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးတို့ကို ပွင့်လင်းမြင်သာ စွာ တည်ဆောက်မည်ဆိုလျှင်၊ နိုင်ငံရေး အကျပ်အတည်းကို ဖြတ်ကျော်မည်ဆိုလျှင် ညွန့်ပေါင်းအစိုးရသည် အစွမ်းထက် ကုထုံးဖြစ်နိုင်သည်။ လှည့်စားမှုဟု ဆိုနိုင်သော လူထုကို အကျိုးမပြု၊ လူတစ်စုကိုသာ အကျိုးပြုသော ညွန့်ပေါင်းအစိုးရဖြစ်လာမည်ကို မျက်စိဖွင့်၊ နားစွင့်စောင့်ကြည့်ရမည် ဖြစ်သည်။
၂၀၁၅ နိုဝင်ဘာ ပထမရက် သတ္တပတ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဆိုလျှင်၂၀၁၆ မတ်လ ၃၁ ရက် နောက်ဆုံးထား ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ လာ မည့် ရွေးကောက်ပွဲ အလွန်ကာလတွင် ညွန့်ပေါင်းအစိုးရပေါ်ကောင်းပေါ်လာနိုင်သော်လည်း အဆိုပါ အစိုးရကို ခေါင်းဆောင်မည့် ပါတီ၊ ပုဂ္ဂိုလ်၊ အစိုးရဖွဲ့စည်းမှုပုံစံတို့ကို စောင့်ကြည့်လေ့လာရမည် ဖြစ်သည်။ ၂၀၁၆ နှစ်ဦးပိုင်းမတိုင်မီ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုအာဏာတို့ကို နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများနှင့် တပ်မတော်အကြား တန်းတူရည်တူ ထိထိရောက်ရောက် ခွဲဝေကျင့်သုံးနိုင်မည့် သဘောတူညီချက်တစ်ရပ်ကိုအခြေပြုလျက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်မည်ဆိုလျှင် ပြည်သူလူထုကို မျက်နှာမူသော နိုင်ငံရေးစင်္ကြံလမ်း ဖြစ်ကောင်း ဖြစ်လာနိုင်သည်။
ညွန့်ပေါင်းအစိုးရသည် အ ထွေထွေရွေးကောက်ပွဲတွင် နိုင်ငံ ရေးပါတီများအနေဖြင့် အစိုးရ ဖွဲ့ နိုင်မည့် ကိုယ်စားလှယ်အရေအ တွက်ကို အနိုင်မရရှိသည့်အခါ ပါတီများအကြား ဆွေးနွေးညှိနှိုင်း သဘောတူညီချက်ယူလျက် ဖွဲ့ စည်းလေ့ရှိသော ပါလီမန်ဒီမိုက ရေစီစနစ်၏ အစိုးရပုံစံတစ်ခု ဖြစ် သည်။ အချိုးကျကိုယ်စားပြုရွေး ကောက်ပွဲစနစ်တွင် ညွန့်ပေါင်းအ စိုးရ ပေါ်ပေါက်လေ့ရှိပြီး အား ကောင်းသော အစိုးရများဖြစ်ခဲ သည်။ ရွေးကောက်ပွဲအလွန် အ များစုအနိုင်ရပါတီများအကြား အပေးအယူလုပ် ဖွဲ့စည်းရသည့် အစိုးရဖြစ်သည့် အားလျော်စွာ၊ ညွန့်ပေါင်းအစိုးရများသည် လျော့ရဲပျော့ပြဲတတ်ကြသည်။ ၁၉၅၈ မှ ၂၀၀၈ ခုနှစ်အထိ ပါတီကြီး လေးပါတီအကြား ညွန့်ပေါင်း အစိုးရဖွဲ့စည်းလျက် အုပ်ချုပ်ခဲ့ သော ဆွစ်ဇာလန်နိုင်ငံ နိုင်ငံရေး သမိုင်းသည် စိတ်ဝင်စားဖွယ်ဖြစ် သည်။
နိုင်ငံရေး အကျပ်အတည်း (သို့မဟုတ်) အမျိုးသားရေး အ ကျပ်အတည်းမြင့်မားသော ကာ လတွင်လည်း ညွန့်ပေါင်းအစိုးရ (သို့မဟုတ်) အမျိုးသားညွန့်ပေါင်း အစိုးရများသည် အရေးပါလာ တတ်သည်။ လက်ငင်းမြန်မာ့နိုင်ငံ ရေးတွင် အကျပ်အတည်းများ၊ စိန်ခေါ်မှုများ၊ ပြဿနာများ၊ အား ပြိုင်သူများ မြင့်မားနေသည့်အ လျောက် ညွန်ပေါင်းအစိုးရပုံစံ သည် ရှေ့တန်းရောက်လာနိုင်ခြေ ရှိသည်။ သို့ရာတွင် ညွန့်ပေါင်း အစိုးရ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များကို သော့ချက်အဖွဲ့များအကြား သူနိုင် ကိုယ်နိုင်ခွဲဝေ ပုံဖော်နိုင်မှသာ ရေရှည်တည်တံ့သော အပြောင်းအလဲကို ဦးတည်နိုင်မည် ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၀ အရ ပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော် သမ္မတ၊ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စု လွှတ်တော်သည် ပုဒ်မ ၆၀ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်သည်။ သမ္မတသည် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့ကို ခန့်အပ်တာဝန်ပေးနိုင်သည့်တစ်ဦးတည်း သော့ချက်ပုဂ္ဂိုလ်ဖြစ်သဖြင့် ညွန့်ပေါင်းအစိုးရ ပီပြင်ရေးတွင် သမ္မတ၏နိုင်ငံရေး အတိုးအဆုတ်သည် သော့ချက်ကျမည် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် သမ္မတအဖြစ် ရွေး ကောက်တင်မြှောက်နိုင်ရန် လို အပ်သော ကိုယ်စားလှယ်ဦးရေ ကို သတ်မှတ်ထားခြင်း မရှိပေ။ ပြည်ထောင်စုလွှတ်တော်တွင် ဆန္ဒမဲအများဆုံး ရရှိသည့် ဒုတိယ သမ္မတသည် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရမည် ဖြစ်သည်။
ဆန္ဒမဲ အများဆုံး ရရှိနိုင်ရေး တွင် တစ်ပါတီထက်မကသော ပါတီများ၏ ထောက်ခံမှုသည် ပဓာနကျနိုင်သည့် နည်းတူ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်လေးပုံတစ်ပုံ၏ ထောက်ခံမှုသည်လည်း အရေးကြီးသည်။ ပြည်သူ့လွှတ်တော်မှ ရွေးကောက်တင်မြှောက်သော ဒုတိယသမ္မတသည် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို ထပ်မံရရှိ မည်ဆိုပါက သမ္မတဖြစ်ရန် အလားအလာ မြင့်မားမည်ဖြစ်သည်။
အကယ်၍ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက်ပါတီ များသည် ရွေးကောက်ခံကိုယ်စား လှယ်စုစုပေါင်း၏ သုံးပုံနှစ်ပုံကို အနိုင်ရရှိခဲ့မည်ဆိုလျှင် ဒီချုပ်နှင့် မိတ်ဖက်ပါတီများ၏ ထောက်ခံ မှုကို ရရှိသူသည် သမ္မတဖြစ်လာ ရန် ကျိန်းသေမည် ဖြစ်သည်။ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံး သော အခြားနိုင်ငံများနှင့် နှိုင်း ယှဉ်လျှင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်း၊ ထိပ်တန်းစစ်အရာရှိဟောင်း ကြီးများ၏ အာဏာရပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကို ခေါင်းဆောင်မှု၊ စစ်အရာရှိ ကြီးများနှင့် စစ်အရာရှိကြီး အ ငြိမ်းစားများအကြား ၀ိဝါဒကွဲပြား မှု မရှိသလောက် နည်းပါးခြင်းတို့ သည် ထူးခြားသော ၀ိသေသများ ဖြစ်သည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် သမ္မတအုပ်ချုပ်ရေးစနစ်ကို ဦးတည်ပြီး သမ္မတထံအပ်နှင်းထားသော တာဝန်များနှင့်လုပ်ပိုင်ခွင့်များသည် အလွန်ကျယ်ပြန့်သည့်အလျောက် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ခြေကို လျော့ပါးစေနိုင်သည်ဟုလည်း သုံးသပ်နိုင်သည်။ ပုဒ်မ ၂၃၂ အရ သမ္မတသည် လွှတ်တော်ကိုယ်စားလှယ်ကို ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူကိုဖြစ်စေ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်သည်။ ပုဒ်မ ၂၃၂ (ဃ)အရ၊ပြည်ထောင် စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်အနေဖြင့်ကန့်ကွက်နိုင်မည် မဟုတ်ပေ။ သမ္မတစိတ်ကြိုက် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခွင့်ရှိသဖြင့် ညွန့်ပေါင်း အစိုးရပေါ်ပေါက်ရေးသည် သမ္မတနှင့် သမ္မတကို ရွေးချယ်မည့်နိုင်ငံရေးပါတီအပေါ်တွင် မူတည်မည်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲ အ လွန် အစိုးရဖွဲ့စည်းရေး ညှိနှိုင်း ဆွေးနွေးရာတွင် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားများနှင့် တပ်မ တော်တို့သည် ဟန်ချက်ညီညီ သူ နိုင်ကိုယ်နိုင် တည်ဆောက်နိုင်ရန် ရည်မှန်းချက်ထားရှိနိုင်ရေး အရေးကြီးမည် ဖြစ်သည်။ သမ္မတနှင့် သမ္မတကို ကိုယ်စားပြုသော နိုင်ငံရေးပါတီအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် သော့ချက်ကျသော ၀န်ကြီးနေရာများ အားလုံးကိုရယူပြီး အခြားပါတီများနှင့် တိုင်းရင်းသားများကို သာမန်ဝန်ကြီးနေရာများသာ ခွဲဝေနိုင်မည်ဆိုလျှင် ညွန့်ပေါင်း အစိုးရ၏ နိုင်ငံရေးသရုပ်ကို ဖော်ဆောင်နိုင်မည် မဟုတ်ပေ။သမ္မတသည် အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်များကို အပြည့်အ၀ ကျင့်သုံးလျက် မိမိလူရင်းများကို ၀န်ကြီးနှင့် ဒုတိယ၀န်ကြီးနေရာများတွင် တာဝန်ပေး ခန့်အပ်လာမည်ဆိုလျှင် ညွန့်ပေါင်းအစိုးရ သမားစဉ်သည် ကျိုးပျက်မည် ဖြစ်သည်။
အချုပ်အားဖြင့် ဆိုသော် မြန်မာ့နိုင်ငံရေးတွင် ညွန့်ပေါင်း အစိုးရသည် ခြောက်ပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေးရေးနှင့် အလားတူ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပုံ ဖော်လာမည့် နိုင်ငံရေးသဘော တူညီချက်နှင့် နိုင်ငံရေး ကတိက၀တ် များနှင့် များစွာဆက်စပ်နေမည် ဖြစ်သည်။ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများနှင့် တပ်မတော် တို့အနေဖြင့် သူနိုင်ကိုယ်နိုင်ထုံး ကို နှလုံးမူလျက် တိုင်းပြည်နှင့် ပြည်သူလူထုကို မျက်နှာမူကာနိုင်ငံရေးပြုပြင်ပြောင်းလဲလိုသော ဆန္ဒအာသီသကို အမြင့်မားဆုံးမြှင့်တင်ပြီး အထွေထွေရွေးကောက် ပွဲ အကြိုကာလနှင့် အလွန်ကာလများကို မဖြစ်မနေ ဖြတ်သန်းသင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းဆော်သြ လိုက်ရပါသည်။ ။
7 day
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment