Friday 20 March 2015

ကျောင်းသားသပိတ်ဖြိုခွင်းမှု ဆန့်ကျင်လှုပ်ရှားမှု စစ်ကိုင်းတွင် စတင်ပြုလုပ်


စတစ်ကာများ ဝေငှနေစဉ်
လက်ပံတန်းကျောင်း သားသပိတ်အကြမ်းဖက်ဖြိုခွင်းမှု ကို ဆန့်ကျင်သည့်စတစ်ကာလှုပ် ရှားမှုတစ်ခုကို စစ်ကိုင်းတိုင်းဒေ သကြီးတွင်စတင်ခဲ့ပြီး တက္ကသိုလ် ၀င်တန်းဖြေဆိုနေသောကျောင်း သားများကိုပါ စတစ်ကာ များ ပထမဆုံး စတင်ဝေငှခဲ့ကြောင်း သ တင်းရရှိသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းအထ ကကျောင်းတွင် တက္ကသိုလ်ဝင် တန်းဖြေဆိုပြီး ပြန်လာသော ကျောင်းသားများကို ‘‘ပညာရေး ကို မြှင့်တင်ပြီး မြန်မာပြည်ကြီးကို ကယ်တင်ပါ’’စာတန်းပါ စတစ် ကာများဝေငှခဲ့ခြင်းဖြစ်သည်။

အဆိုပါစတစ်ကာဝေငှခြင်းမှာ သပိတ်မှောက်ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းမှုနှင့် ကျောင်းသား များ တောင်းဆိုနေ သည့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ခြင်းကို ထောက်ခံသည့် အနေဖြင့် ဝေခဲ့ခြင်း ဖြစ်ကြောင်း မေတ္တာ Campaign လှုပ်ရှားမှုအဖွဲ့မှ ဒေါက်တာကျော်သူဟန် ထွန်းကပြောသည်။

‘‘ကျောင်းသားတွေလိုလိုချင် ချင်တောင်းလို့ စတစ်ကာ ၂၅၀ ကျော်ဝေငှခဲ့ပါတယ်။ ကျန်တဲ့ စတစ်ကာတွေ ကိုတော့ စာသင်ဝိုင်း တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ လိုက်ကပ်ပါမယ်’’ဟု ၎င်းကပြော သည်။ အမျိုးသား ပညာရေးဥပဒေကြမ်းကို သပိတ်မှောက်ခဲ့ကြ သည့် ကျောင်းသားများအား လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အပေါ် ရှုတ်ချသည့်အနေဖြင့် တမူးမြို့၌ ဆန္ဒထုတ်ဖော်ပွဲတစ်ခုပြု လုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို မတ်လ ၂၁ ရက်တွင် တမူးဒေ သခံပြည်သူ ၁၅၀ ခန့်ဖြင့် နံနက် ၉ နာရီမှ နေ့လယ် ၁၂နာရီအထိ စီ တန်းလှည့်လည်မည်ဖြစ်ကြောင်း တမူးလူငယ်ကွန်ရက်မှ ကိုယဉ်ကို ဦးက ပြောသည်။

ဆန္ဒပြပွဲတွင် တရားဥပဒေ စိုးမိုးရေး၊ ရန်ကုန် လက်ပံတန်း ကျောင်းသားသပိတ်အကြမ်းဖက် မှု တရားခံ အမြန်ဆုံးဖော်ထုတ်ပေးရေး၊ ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားများ ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ ဖမ်းဆီးခံကျောင်းသားများ ဥပဒေ အကာအကွယ်ရရှိရေး၊ အင်အားသုံးအကြမ်းဖက် ကျောင်းသား သပိတ်ဖြိုခွင်းမှု အလိုမရှိဟူသည့်အချက်ငါးချက်ကို ကြွေးကြော် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်းနေသော မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အ ချို့၏ ကျောင်သားများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုပုံစံသည် နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေကြောင်း တမူးလူငယ်ကွန်ရက် မှ လူငယ်များကပြောသည်။

7Daပ DAILY 

No comments:

Post a Comment