Friday 20 March 2015

သုံးဦးဖွဲ့ လိင်ပျော်ပါးရန် ကျောင်းသူတစ်ဦးကို မန်ယူကစားသမား ပီရိုင်းရာ ကမ်းလှမ်း

အသက် ၁၉ နှစ်အရွယ် မန်ယူလူငယ် ကွင်းလယ်ကစားသမား အန်ဒရေးစ်ပီရိုင်းရာသည် ကယ်လီမက် ကင်နေး အမည်ရ ကျောင်းသူတစ်ဦးကို သုံးဦးဖွဲ့ လိင်ဆက်ဆံပျော်ပါးရန် ပေါင်တစ်သောင်း ပမာဏရှိ ငွေကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ဖူးကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၁၉ နှစ်အရွယ်ရှိ မက်ကင်နေးသည် ခရစ္စမတ်ပါတီ အခမ်းအနားတွင် မန်ယူအသင်း ကစားသမား များနှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်ကာ ပါတီပွဲအပြီးတွင် ပီရိုင်းရာက မက်ကင်နေးကို ၎င်းအပါအဝင် ၎င်း၏ အသင်းဖော် နောက်ခံလူ မက်နိုင်းယားနှင့် သုံးဦးဖွဲ့ လိင်ဆက်ဆံ ပျော်ပါးပေးမည် ဆိုပါက ယင်းသို့ ငွေကြေးတစ်ရပ် ပေးမည်ဟု ဖုန်းကတစ်ဆင့် စာတိုပေးပို့ကာ ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

စပါးနှင့် ပွဲစဉ်တွင် မန်ယူအတွက် ပွဲထွက်လာခဲ့သော ဘယ်လ်ဂျီယံနွယ်ဖွား ဘရာဇီးနိုင်ငံသား ပီရိုင်းရာ သည် အဆိုပါပွဲစဉ် မတိုင်မီတွင်လည်း ၎င်းအပါအဝင် အခြားအသင်းဖော် နှစ်ဦးနှင့်အတူ စုပေါင်း လိင်ပျော်ပါးရန် ၎င်း၏နေအိမ်သို့ ကယ်လီကို ဖိတ်ခေါ်ခဲ့သေးကာ ပီရိုင်းရာ၏ စာတိုပေးပို့မှုကို ရရှိလိုက်ချိန် တွင် သူမမှာ လဲကျလုမတတ် ဖြစ်သွားခဲ့ကြောင်း မက်ကင်နေးက ဖွင့်ဟပြောဆိုသွားခဲ့သည်။

ပီရိုင်းရာ၏ အေးဂျင့်ဖြစ်သူ လီယိုရှိန့်ခ်မန်းကမူ ၎င်း၏ ကစားသမားဘက်က အပြည့်အဝ ကာကွယ် ပေးသွားခဲ့ပြီး ပီရိုင်းရာမှာ လူပျိုလူလွတ်တစ်ဦး ဖြစ်သည့်အတွက် အလိုရှိရာ မည်သူနှင့်မဆို လိင်မှုရေးရာ ပျော်ပါးနိုင်ကြောင်း၊ ယင်းအတွက် တောင်းပန်စကား ပြောဆိုရန် လိုအပ်မည်ဟုလည်း မယူဆမိကြောင်း ၎င်းက ဖွင့်ဟပြောဆိုသွားခဲ့သည်။

ပီရိုင်းရာသည် လက်ရှိ ဘောလုံးရာသီ ပြီးဆုံးချိန်တွင် မန်ယူနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ကာ ၎င်းကို မန်ယူတာဝန်ရှိသူများက သက်တမ်းတိုးရန် ကြိုးပမ်းနေသကဲ့သို့ စီးရီးအေကလပ် ဂျူဗင်တပ် နှင့် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီတို့ကလည်း ကမ်းလှမ်းဆက်သွယ်မှုများ ရှိနေသည်။ မန်ယူသည် စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ပါက ပီရိုင်းရာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ် လိုက်ရလိမ့်မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment