Wednesday 28 January 2015

အမျိုးသမီးများ သာမန်အချိန်ထက် စိတ်ခံစားမှု လွန်လွန်ကျူးကျူးဖြစ်ပေါ် ခြင်းသည် ဓမ္မတာလာခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေ

အမျိုးသမီး များ သာမန်အချိန်ထက်အကြောင်း အရာတစ်ခုအပေါ်တွင် စိတ်ခံစားမှု လွန်လွန်ကျူးကျူးဖြစ် ပေါ် ခြင်းသည် ဓမ္မတာ လာခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း သိရသည်။

အမျိုးသမီးအများစုသည် ဓမ္မ တာမလာမီနှင့် ဓမ္မတာလာချိန်အ တွင်း ကိုယ်ခန္ဓာပိုင်းဆိုင်ရာတင်း ကျပ်မှု၊ နာကျင်ကိုက်ခဲမှုများ အပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် ပြင်းထန်သောစိတ်ခံစားမှုများဖြစ် ပေါ်ပြီး၊ စိတ်ထိန်းချုပ်ရခက်ခဲတတ်ကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှသားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုး လွင်က ပြောသည်။

''ကိုယ်တိုင်ကတော့ ဘယ်သု တေသနလုပ်နိုင်ပါ့မလဲ။ ဒါပေမဲ့ နိုင်ငံခြားတွေမှာ အကျဉ်းထောင် ထဲက အမျိုး သမီးတွေကို လိုက်လေ့ လာထားတာမှာတော့ အကျဉ်း ထောင်ထဲက အမျိုးသမီးအများစု ကရာသီ မလာခင်နဲ့ ရာသီလာချိန် မှာ ခံစားရတဲ့ စိတ်ခံစားချက်တွေကို ထိန်းမရဘဲ မှုခင်းတွေဖြစ်ပြီးရောက် လာတာများ တယ်လို့ဖတ်ရတယ်။

အဲဒီလိုအချိန်တွေမှာလူသတ်ချင် စိတ်တွေ၊ အကြမ်းဖက်ချင်စိတ်တွေ ပိုဖြစ်တတ်တယ်။ ရာခိုင်နှုန်းအရ အတိအကျမသိပေမယ့် အများဆုံး လို့တော့သိရတယ်''ဟုဒေါက်တာစိုး လွင်က ပြောသည်။

အမျိုးသမီးများဓမ္မတာလာခါ နီးအချိန်များတွင် ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မောပန်းအား နည်းခြင်း၊ အဆစ်နာကြွက်သား နာ ခြင်း၊ ရင်သားများ နာကျင်ခြင်း၊ မူးဝေပျို့အန်ခြင်းနှင့် ကိုယ်ခန္ဓာ တင်းကျပ်နေခြင်း များ အပြင်၊ စိတ် ပိုင်းဆိုင်ရာအရ တင်းကျပ်နေခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ ပူပန်စိတ် များခြင်း၊ ငိုချင်ခြင်း၊ ယုံကြည်ချက်ပျောက်ဆုံးခြင်း၊ အိပ် မပျော်ခြင်း၊ လိင်စိတ်နည်းခြင်း၊ စိတ် ကယောက် ကယက်ဖြစ်ခြင်း၊ အထီး ကျန်အဖော်မဲ့ခြင်း၊ အကြမ်းဖက်လူ သတ်ချင်ခြင်း တို့ ဖြစ်ပေါ်တတ်ပြီး ယင်းအချိန် အခါတွင် အထူးဂရုစိုက် နေထိုင်သင့်ကြောင်း သိရသည်။

''စိတ်တိုတာတွေ၊ လူတွေနဲ့ စကားပြောရတာ အဆင်မပြေတာ တွေ၊ အလိုလိုနေရင်း ငိုချင်တယ်။ကိုယ့်ကို လူတွေဂရုမစိုက် သလိုခံ စားရတာတွေတော့ကြုံဖူးတယ်။ 

ဒါ ပေမဲ့ နေမြဲတိုင်းနေနေတော့ ဒီဟာ နဲ့ဆိုင်တယ်လို့မသိဘူး။ တစ်ခါတလေ ဆိုဘာကို ကြောက်လို့ ကြောက် နေ မှန်းမသိသလို မျိုးတောင်ဖြစ်တယ်'' ဟု အသက်နှစ်ဆယ်အရွယ် အမျိုး သမီးတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ခံစားနေ ရသော အမျိုးသမီးများအား နှစ်သိမ့်ဆွေး နွေးပေးခြင်း၊ အားပေးစကား ပြော ခြင်း၊ဖိစီးမှုလျှော့ချခြင်း၊ ဖြေလျှော့ခြင်း၊ ဗီတာမင်ဘီပါသောအစားအ သောက်တို့ကိုသောက်သုံးခြင်း၊ လေ့ ကျင့်ခန်းလုပ်ခြင်းနှင့် Eposoft ကဲ့သို့ ဆေးဝါးတစ်မျိုးမျိုး ကိုသောက် သုံးသင့်ကြောင်းဒေါက်တာစိုးလွင် က အကြံပေးပြောကြားလိုက်သည်။

''စိတ်ကို ဖြေလျှော့ပြီးတော့ နေသင့်တယ်။ ပြီးတော့ခေါင်းမလျှော် ရ၊ရေမချိုးရ၊ ဒါမျိုးတွေကိုလဲ ရှောင် နေကြတာတွေကလဲ မှားတယ်။ ရာ သီလာတဲ့အချိန်ဆိုရင် စိတ်တွေ တင်းကျပ်တတ်တာကြောင့် စိတ်လန်း ကိုယ်လန်းဖြစ်အောင် တစ်ကိုယ်ရေ သန့်ရှင်းဖို့ လိုတယ်။ တက်တက် ကြွကြွနေမြဲတိုင်းနေရမယ်'' ဟု ယင်း က ထပ်မံပြောသည်။

Democracytoday‬

No comments:

Post a Comment