Thursday 2 October 2014

ရန်ကုန်မြို့တော်စည်ပင် ရာထူးအဆင့်ဆင့် မြူနီစီပယ် ရွေးကောက်ပွဲ ကျင်းပမည်

ပြည်သူများ ပါဝင်မဲပေးကာ ဝင်ရောက်ရွေးချယ်ခံနိုင် မည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အဆင့် ဆင့် ရွေးကောက်တင်မြှောက်ပွဲ များ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ယင်းရွေးကောက်ပွဲတွင် အ သက်(၁၈)နှစ်ပြည့်ပြီးသူ မည်သူ မဆို ပါဝင်မဲပေး နိုင်ပြီး ဒီဇင်ဘာ နောက်ဆုံး ပတ်၌ ကျင်းပသွား မည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက အောက် တိုဘာ ၁ ရက်တွင် သတင်းထုတ် ပြန်သည်။

ရန်ကုန်မြို့တော် ကော်မတီ ရွေးကောက်ပွဲ၌ ရန်ကုန်မြို့တော် ကော်မတီဝင် လေးဦး၊ ခရိုင်လေး ခုမှ ကိုယ်စားလှယ် သုံးဦးစီ၊ မြို့ နယ်ပေါင်း (၃၃) မြို့နယ်မှ မြို့ နယ်တစ်ခုလျှင် ကိုယ်စားလှယ် သုံးဦးစီဖြင့် စုစုပေါင်း ၁၁၅ ဦး တို့ကို သြဂုတ် ၁ ရက်တွင် ထုတ် ပြန်သော နည်းဥပဒေများနှင့် အညီ ရွေးချယ်သွားမည် ဖြစ် သည်။

ယခုကဲ့သို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲအတွက် ထုတ်ပြန် ထားသော နည်းဥပဒေမှာ တစ်ဖက်သတ် ထုတ်ပြန်ထားခြင်း၊ ပြည်သူလူထု  အခြေခံထားသည့်အချက်များ မပါဝင်ခြင်း တို့ ကြောင့် လာမည့် လွှတ်တော်တွင်း ၌ ကန့်ကွက်သွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ် ဒေါ်ညိုညိုသင်းက ဆို သည်။

‘‘နည်းဥပဒေအရ ဖွဲ့စည်းပြီး တဲ့ ကော်မတီအစစ်ကသာ နည်း ဥပဒေထုတ်လို့ရတယ်။ ကော်မတီအဟောင်း ကို ထုတ်ခွင့်မပေးထား ဘူး။ ပြီးတော့ ဒီနည်းဥပဒေထဲမှာ ပြည်သူလူထုကို ဦးတည်ထားတာမျိုး မတွေ့ ရဘူး။ ပြည်သူလူထု ပါဝင်နိုင်တဲ့ မြူနီစီပယ်ရွေးကောက် ပွဲမဟုတ်လို့ ထပ်ကန့်ကွက်သွား မယ်’’ဟု ၎င်းက ဆိုသည်။

ယခင်က ကော်မတီဝင်များ အချင်းချင်းသာ ရွေးကောက်တင် မြှောက်သော စနစ်မှ ယခုကဲ့သို့ ပွင့်လင်း မြင်သာမှုရှိပြီး ပြည်သူ များမှ ရွေးကောက် တင်မြှောက် သော စနစ်ကို ယခုအစိုးရလက် ထက်တွင် ပြန်လည်ကျင့်သုံးခြင်း ဖြစ်ကြောင်း ယင်းကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ ထိုကဲ့သို့ ကျင်းပနိုင်ရေးအ တွက် မြို့တော်ကော်မရှင်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် စိစစ်ရွေးချယ်ရေး အဖွဲ့များကို စက်တင်ဘာ ၃၀ ရက်က ဖွဲ့စည်းခဲ့သည်။ ပြည်သူလူထုမှ ရွေးချယ်ရမည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များနှင့် ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးရုံးများတွင် ကြေညာ ထားမည်ဖြစ်သည်။

ထို့အပြင် မည်သူမဆို သတ် မှတ်အရည်အချင်းများနှင့် ပြည့်စုံ သူများမှ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ရွေးချယ်ခံနိုင်ကာ သတ်မှတ်အရည်အချင်းများ ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးများ နှင့် ရပ်ကွက်၊ ကျေး ရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမည်ဖြစ်ပြီး ကိုယ် စားလှယ်လောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်လိုသော နိုင်ငံသားများ သည် ရန်ကုန်မြို့တော်ခန်းမရှိ ကော်မရှင်ရုံးသို့ အောက်တိုဘာ၆ ရက်မှ ၁၉ ရက်အထိ စာရင်းပေးသွင်းနိုင်သည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အဆင့် ဆင့် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ နည်း ဥပဒေ များကို ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်က ထုတ်ပြန် ကြေညာခဲ့ရာ အဆိုပါနည်းဥပဒေ နှင့် ပတ်သက်၍ စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သော ရန်ကုန် တိုင်းဒေသကြီး နဝမပုံမှန် လွှတ် တော်အစည်းအဝေး၌ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းမှ ကန့်ကွက်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment